《Amiss Prayer (Zawgyi&Unicode) [Completed]》Part-14 (ကျွန်တော့်နှလုံးသား)
Advertisement
For Unicode
ကျွန်တော့်နှလုံးသား
သခင်လေးပြောလိုက်သည့် စကားသည်နားထဲမှ မထွက်သေး..။ ပြန်လည်ကြားယောင်တိုင်းတွင် စိတ်ထဲ၌ အလွန်ကြည်နူးနေမိသည်။ တန်ဖိုးရှိကျွန် ဟုသဘောထားရုံထက် မိမိကိုအဆုံးရှုံးအပျက်စီးမခံနိုင်ကြောင်းဆိုလာခဲ့သည်လေ..။ သခင်လေးသည် မိမိအားတန်ဖိုးထားကြောင်း သိရရုံမျှနှင့် အလိုလိုပျော်ရွှင်ကြည်နူးလာရသည်။ မိမိ၏ပျော်ရွှင်မှုမှာ သခင်တစ်ယောက်မှ ကျွန်တစ်ယောက်ကို ချီးကျူးစကားပြောဆိုသည်ကြောင့် ဂုဏ်ယူနေသောအပျော်မျိုးမဟုတ်။
မိမိတန်ဖိုးထားသူက မိမိအားပြန်လည်တန်ဖိုးထားသည်ကို သိလိုက်ရသောကြောင့် ပျော်နေသည့်အပျော်မျိုးပင်။ မိမိမြတ်နိုးသူက မိမိကိုပြန်လည်မြတ်နိုးသောကြောင့် ပျော်နေသည့်အပျော်မျိုးဖြစ်သည်။
မြတ်နိုးသူလို့ ကျွန်တော်သုံးနှုန်းလိုက်လေသလား..။ တကယ်ရော ကိုယ်ကမြတ်နိုးနေတာလား.. မြတ်နိုးဖို့ရော အခွင့်အရေးရှိပါ့မလား။
သူသည် မိမိ၏သခင်တစ်ပါး..။ မိမိသည် သူ၏အစေခံကျွန်တစ်ယောက်။ အဆင့်အတန်းကွာခြားသည့် မိမိတို့နှစ်ဦးကြား ချစ်ခြင်းမေတ္တာသည် အကျုံးဝင်နိုင်မည်လော။ ပို၍ခက်ခဲသည်မှာ မိမိတို့သည် အမျိုးသားများသာဖြစ်သည်။ အမျိုးသားနှစ်ဦးကြား ချစ်ကြိုးသွယ်ခြင်းမှာ ဖြစ်နိုင်မည်လော။
ကျွန်တော့်စိတ်တွေ တကယ်ဖောက်ပြားနေပြီပဲ။ ကျွန်တစ်ယောက်အနေနဲ့ မမျှော်လင့်သင့်တာကို မျှော်လင့်ခဲ့မိသလား။ အမျိုးသားတစ်ဦးအနေနဲ့ မမျှော်လင့်သင့်တာကို မျှော်လင့်ခဲ့မိသလား။
မဖြစ်ဘူး.. ကျွန်တော့်စိတ်တွေဖောက်ပြားနေတာကို သခင်လေးသိရင် သဘောတွေ့မှာမဟုတ်ဘူး။ အမျက်ဒေါသသာ လောင်ကျွမ်းလိမ့်မယ်။ ကျွန်တော့်စိတ်ကိုကျွန်တော်တားဆီးမှ သင့်တော်လိမ့်မယ်။
ရိုးသားစွာချစ်ခြင်းအား အမျိုးသားနှစ်ဦးဟူသောသတ်မှတ်ချက်ကြောင့် ဖွင့်ဟ၍မရ။ ဝန်ခံ၍မဝံ့မရဲသော ထိုခေတ်ကာလတွင် နန္ဒတစ်ယောက်.. အတော်ကိုပင်အခက်တွေ့ရသည်။
သခင်လေးအနားယူနေသောကြောင့် သခင်လေးအပါးထံတွင်မခစားရသေး..။ ထို့ကြောင့်ခြံထဲတွင်အဘ အလုပ်လုပ်နေသည်ကို ဝိုင်းလုပ်ပေးခဲ့သည်။
ထိုစဉ် ရှင်မေဆိုသော အလုပ်သမ တစ်ဦးသည်လက်ထဲတွင် မုန့်အချိုပန်းကန်ကိုကိုင်ဆောင်ကာ နန္ဒတို့သားအဖအား စကားလာပြောသည်။
“ ကိုနန္ဒ... "
“ ဟုတ်ကဲ့ မရှင်မေ.. ဘာများအလိုရှိလို့လဲ.. "
“ အလိုရှိတာကနောက်မှပါ အခုတော့ ဒါလေးတွေ စားလိုက်ပါဦး...။ မနက်ကဈေးသွားတုန်း.. ဦးသစ္စာနဲ့ကိုနန္ဒကိုစားစေချင်လို့ကျွန်မဝယ်လာတာ "
နန္ဒမှာမူ ရှင်မေပေးသည့် မုန့်ပန်းကန်အားမယူရဲ။ ထိုကြောင့် ဦးသစ္စာမှာ မုန့်ပန်းကန်ကိုယူကာ စကားပြောခဲ့သည်။
“ သြော်.. သမီးရယ် အားနာစရာကွယ်။ အဘတို့အတွက် သက်သက်ကြီးဝယ်လာရတယ်လို့ "
“ ရပါတယ်ဦးသစ္စာရယ်.. ဦးသစ္စာတို့ကိုတမင်စားစေချင်လို့ ဝယ်လာတာပါ.. ဘာလဲ မကြိုက်လို့များလား "
“ မဟုတ်ပါဘူးကွယ်.. သမီးကပင်ပင်ပန်းပန်းအလုပ်လုပ်လို့ရတဲ့ငွေကြေးနဲ့ အဘတို့ဝယ်ကျွေးတော့ အဘက အားနာတာပါ "
“ ဒီလူနဲ့ဒီလူ အားနာစရာလား ဦးသစ္စာရယ်။ ကျွန်မတို့တွေအကူအညီလိုလည်း ဦးသစ္စာတို့ကိုပဲ အကူအညီတောင်းရတာ။ အခုလည်း ကျွန်မဝယ်လာတာကို စားလိုက်ပါနော် "
ထိုနောက်ရှင်မေသည် ရှက်ပြုံးလေးတစ်ခုဖန်တီးကာ နန္ဒအား လက်ထဲတွင်ပါလာသော သတင်းစာနှင့် ထုတ်ထားသည့် အထုပ်လေးကိုပေးလိုက်သည်။
“ ဒါက ကိုနန္ဒအတွက်ပါ "
“ ဗျာ "
“ ဟိုလေ.. ကိုနန္ဒအတွက် အပေါ်ထပ်အင်္ကျီလေးပါ။ ယူလိုက်ပါနော် "
“ အားနာစရာကြီး "
“ အို.. ဒီသားအဖနှယ်.. တယ်လည်း အားနာတတ်နေပါရော။ အားနာနေရင်လည်း အပြန်အလှန်သဘောနဲ့ကျွန်မကို တစ်ခုလောက်ကူညီ "
“ ဟုတ်ကဲ့.. ပြောပါ.. ဘာကူညီရမလဲ "
“ မနက်က ငါးကိုင်နေရင်း ဓားရိုးကျွတ်သွားလို့ အဲဒါလိုက်တတ်ပေးနော့်။ ကိုနန္ဒကအားနာပေမဲ့ ကျွန်မတော့ အားမနာဘူးနော်။ အကူညီလိုတိုင်း အကူညီတောင်းမှာပဲ "
“ ဟုတ်ကဲ့ဗျာ.. ကူညီပါ့မယ် "
ရှင်မေကိုကူညီရန် အိမ်တော်ထဲသို့ဝင်မည်အပြု အိမ်အပေါ်ထက်သို့ လှမ်းကြည့်မိသောအခါ ပြတင်းပေါက်တွင် တပ်ဆင်ထားသည် လိုက်ကာစလေးလှုပ်သွားသည်ကို နန္ဒတွေ့လိုက်သည်။ မည်သည့်အကြောင်းကြောင့် လှုပ်သွားရသည်ကို နန္ဒမသိ။
ခြံထဲတွင် အပြုံးဝေဆာလျက် စကားပြောနေသည့်ထိုလူသားသုံးဦးကို အိမ်တော်အပေါ်ထပ်မှကြည့်နေသူမှာ စိုင်းထွဋ်ခေါင်ပင်ဖြစ်သည်။ ထိုလူသားသုံးဦးကိုကြည့်ကာ အလိုမကျမှုများက တားမရဆီးမရဖြစ်နေသည်။
ငါ့အပါးတွင်ခစားနေတဲ့ မျက်နှာသေနဲ့လူသားက ပြုံးနေလို့ပါလား။ အတော်ကိုပျော်နေပုံရတယ်။
တခြားသောကိစ္စများကြောင့် ပြုံးပျော်နေခြင်းကို မိမိအနေနှင့်မကန့်သတ်လို။ ယခုတွင်မူ တခြားသောမိန်းမတစ်ယောက်ရှေ့တွင် တောက်ပစွာပြုံးနေသည့် ထိုလူသားကို မိမိသဘောမကျ။ ထိုလူသား၏ တောက်ပသောအပြုံးတို့ကို သူ၏သခင်ဖြစ်သောမိမိသာ မူပိုင်ရလိုသည်။
“ ကိုနန္ဒ.. ကိုနန္ဒကို သခင်လေးခေါ်နေတယ်"
အပြေးအလွှားရောက်လာသော ဆယ်နှစ်သားအရွယ်ရှိ လှထွန်းလေးသည် သခင်လေးမှ နန္ဒကိုအလိုရှိကြောင်းပြောပြီးသည်နှင့်တစ်ပြိုင်နက် နန္ဒသည်လည်း သခင်လေးနားသို့အပြေးအလွှားခစားရသည်။
“ သခင်လေး.. ကျွန်တော်ရောက်ပါပြီ.. "
“ အေး.. ဝင်ခဲ့.. "
အခန်းထဲဝင်လာပြီးနောက် သခင်လေး၏မျက်နှာကိုကြည့်သောအခါ မျက်နှာသာသည် သိပ်၍မသာယာ။
“ သခင်လေး.. ဘာများအလိုရှိလို့လဲ "
“ မင်းမှာ အချိန်တွေသိပ်ပေါနေသလား "
“ ဗျာ "
“ ခြံထဲမှာပျော်နေရတဲ့အထိ မင်းမှာအချိန်တွေပိုနေတယ်ထင်ပါ့ "
စောစောက စကားပြောနေတာကို သခင်လေး မြင်လိုက်တာလား။ အဲဒါကိုအလိုမကျတာလား။
“ မင်းမှာအချိန်တွေသိပ်ပေါနေရင် ငါ့ရဲ့အဝတ်အစားတွေကိုပါလျှော်နေ မင်းလက်နဲ့ကိုယ်တိုင်လျှော်နော်။ ခဝါသည်ကိုပေးစရာမလိုဘူး "
“ အမိန့်အတိုင်းပါ "
“ နောက်ပြီး အိမ်တော်ထဲမှာ ရှုပ်ရှုပ်ယှက်ယှက်အသံတွေငါမကြားချင်ဘူး..။ မင်းအနေအထိုင်ဆင်ခြင်ပါ။ သူများပေးကမ်းတိုင်းယူနေရအောင် အဲဒီလောက်ထိ မွဲတေပြာကျနေသလား.. ဟမ်..။ မင်းတို့ကို အိမ်တော်က အခကြေးငွေပေးထားတာ အလကားမဟုတ်ဘူး.. နားလည်ရဲ့လား.. "
ဤသို့စွပ်စွဲလေသည်မှာ တရားလွန်နေပြီဟာ မိမိထင်သည်။
Advertisement
“ သခင်လေး... ကျွန်တော်က ရှုပ်ရှုပ်ယှက်ယှက်လည်း မလုပ်သလို ပေးတိုင်းလည်းယူနေတာမဟုတ်ပါဘူး..။ တစ်ဦးကမေတ္တာ တစ်ဦးကစေတနာ ဆိုတဲ့တိုင်း.. "
“ မင်းငါ့ကိုအာခံနေတာလား နန္ဒ "
နန္ဒ၏စကားမဆုံးမီတွင် စိုင်းထွဋ်ခေါင်သည် ဒေါသမီးများတောက်လောင်လျက် အော်လိုက်သည်။ စိုင်းထွဋ်ခေါင်၏ အသံတွင်ဒေါသများအပြည့်ဖုံးလွှမ်းနေသည်။ မျက်နှာမှာလည်း တင်းထန်မာကျောနေသည်။
“ မင်းကငါ့ကျွန်.. ငါထားရာနေ စေရာသွားရမယ့်လူ။ ဒါကိုတောင် မင်းကငါ့ကိုအာခံဝံ့သလား "
“ မဟုတ်ပါဘူး သခင်လေး "
“ နောက်ဒါမျိုးထက်လုပ်ရင်.. ငါ့အဆိုးမဆိုနဲ့ "
မိမိကိုယ်ကိုလည်း မည်သည်ကြောင့် ဤမျှစိတ်တိုနေကြောင်းမသိ သူနှင့်အမျိုးသမီးတစ်ဦး စကားပြောရုံ၊ ပြုံးရုံမျှနှင့် မိမိကအဘယ်ကြောင့် ဤမျှစိတ်မသက်မသာ ဖြစ်နေရပါသနည်း။ ထိုအဖြေအား တိကျစွာရှာ၍မရ..။
မိမိ၏စိတ်တွင် သိနေသည်က တစ်ခုပင်ရှိသည်။ ထိုအသိမှာ နန္ဒအားမည်သူနှင့်မျှ မပတ်သက်စေလို။ သူ၏တောက်ပသောအပြုံးများကိုလည်း မည်သူ့ကိုမျှမမြင်စေလို..။ သူသည် မိမိအပိုင်လူသား..။ မိမိသည်သာ သူ့အပြုံးများ.. သူ့အသံများကို မြင်ပိုင် ကြားပိုင်ခွင့်ရှိသည်ဟု သတ်မှတ်ထားသည်..။
စိုင်းထွဋ်ခေါင်အဖို့ရာ အဖြေရှာ၍မရသော မေးခွန်းများရှိနေသကဲ့သို့ပင် နန္ဒ၏စိတ်ထဲတွင်လည်း အဖြေရှာ၍မရသော မေးခွန်းများရှိနေခဲ့သည်..။
ရှင်မေနဲ့စကားပြောရုံနဲ့ သခင်လေးက ဘာလို့အဲဒီလောက်ထိဒေါသထွက်နေရတာလဲ။ ငါလည်းအမှားမလုပ်မိဘဲ.. ဘာလို့ငါ့ကိုအော်ရတာလဲ။ ငါကအချောင်ယူတဲ့သူလည်း မဟုတ်ဘူး။ အဲဒါကို ဘာလို့ငါ့ကိုအချောင်ယူတဲ့သူလို စွပ်စွဲရတာလဲ။
စင်စစ် နန္ဒသည် သခင်လေးကိုဒေါသထွက်နေခြင်းမျိုးမဟုတ်။ စိတ်ဆိုးနေခြင်းမျိုးလည်းမဟုတ်..။ သခင်လေး၏ စွပ်စွဲချက်များကို စိတ်မကောင်းဖြစ်နေရုံသာ။
ထိုနေ့၌ အိမ်တော်တွက် စည်းကမ်းအသစ်တစ်ခု ထပ်တိုးလာသည်..။ ထိုစည်းကမ်းမှာ အိမ်တော်ရှိ ကျွန်ယောက်ျားနှင့်ကျွန်မိန်းမတို့သည် အိမ်တော်၏ အရေးအရာကိစ္စမှအပ.. ကျန်သောအရေးအကြောင်းများကြောင့် စကားပြောခြင်းမပြုရ.. ဟူ၍သာ။
ထိုနေ့ည၌ စိုင်းထွဋ်ခေါင်သည် နန္ဒတို့သားဖနေသောအလုပ်သမားတန်းသို့ သွားခဲ့သည်။ ထိုသားဖအခန်းဝသို့ရောက်နေစဉ် နန္ဒနှင့်ဦးသစ္စာပြောသော စကားအချို့ကို စိုင်းထွဋ်ခေါင်ကြားခဲ့သည်။
“ လူလေး.. ဒါက ရှင်မေပေးတဲ့ အင်္ကျီလေးလား "
“ ဟုတ်တယ်အဘ "
“ ငါ့သားနဲ့လိုက်နေရောကွယ်.. ရှင်မေက ရွေးတတ်သားပဲ "
တောက်! ညနေကဆူထားတာကို မမှတ်သေးဘူးထင်တယ်။ ဒင်းက ရှင်မေပေးတဲ့ အင်္ကျီကိုပါဝတ်ထားသေးတယ်ပေါ့..။
စိုင်းထွဋ်ခေါင်ရောက်နေသည်ကို ထိုသားအဖမသိ။ စိုင်းထွဋ်ခေါင် ရောက်နေသည်ကို သိသောသူမှာ လှထွန်းပင်...။ လှထွန်းကို စိုင်းထွဋ်ခေါင်မှ မြင်သွားပြီးနောက် နန္ဒအား လှထွန်းမှတစ်ဆင့် ခေါ်စေခဲ့သည်။
“ နန္ဒကို ငါခေါ်နေတယ်လို့ပြောလိုက် "
ထို့နောက် စိုင်းထွဋ်ခေါင်သည် လက်ထဲတွင်ကိုင်ထားသော အထုပ်လေးတစ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း အလုပ်သမားတန်းမှ ပြန်ထွက်လာခဲ့သည်။ လှထွန်းသည် စိုင်းထွဋ်ခေါင်က နန္ဒကိုခေါ်နေကြောင်းပြောသောအခါ နန္ဒသည်လည်း စိုင်းထွဋ်ခေါင်ရှိရာအခန်းထဲသို့လာခဲ့သည်။ နန္ဒသည် အခန်းထဲသို့ဝင်လိုက်သောအခါ စိုင်းထွဋ်ခေါင်ကမူ သူ၏အနားကိုလာရန်နန္ဒအား ပြောလိုက်သည်။ နန္ဒသည်လည်း စိုင်းထွဋ်ခေါင်၏ အနားသို့ရောက်သောအခါ စာကြည့်စားပွဲပေါ်မှ မင်အိုးကိုကိုင်ကာ နန္ဒ၏အင်္ကျီပေါ်သို့ မင်များဖြင့်လောင်းလိုက်သည်။ စိုင်းထွဋ်ခေါင်၏လုပ်ရက်အား နန္ဒသည် နားမလည်ခြင်းပေါင်းများစွာဖြင့် ကြည့်နေခဲ့ရသည်။
“ သခင်လေး.. ဒါ "
“ ဘာလဲ.. ငါလုပ်တာကိုမကျေနပ်လို့လား "
သူထားရာနေ စေရာသွားရမည့်သူတစ်ယောက်အနေနှင့် မကျေနပ်ကြောင်းပြောရန်လည်းမဖြစ်ပြန်။
“ မဟုတ်ပါဘူး.. "
“ ကောင်းပြီ.. အဲဒါဆို.. မင်းရဲ့ မင်ပေသွားတဲ့အင်္ကျီကိုချွတ်လိုက်.. တစ်လက်စတည်း.. ကြမ်းပြင်ပေါ်မှာပေနေတဲ့ မင်တွေကိုလည်း မင်းရဲ့အင်္ကျီနဲ့သုတ်ပြီးလွှင့်ပစ်လိုက်..။ ပြီးရင်ခုတင်ပေါ်မှာတင်ထားတဲ့.. အထုပ်ထဲက ဂျာကင်အင်္ကျီကိုဝတ်သွားလိုက်.. "
“ သခင်လေး ခိုင်းတာကိုလုပ်ပါ့မယ်..။ ဒါပေမဲ့ ပေးတာကိုတော့မယူပါရစေနဲ့ "
“ မင်းငါ့ကိုအာခံနေတာ ဒီတစ်နေ့တည်းကိုပဲ နှစ်ခါရှိပြီနော်.. "
“ အာခံတာမဟုတ်ပါဘူး.. သခင်လေးအဝတ်အစားတွေက တန်ဖိုးကြီးတော့.. "
“ ငါမဝတ်ရသေးတဲ့အတွက် ငါ့အဝတ်အစားမဟုတ်ဘူး။ တန်ဖိုးကြီးတာတော့ဟုတ်တယ်.. ဒါပေမဲ့ ငါ့အမိန့်ကိုနာခံတဲ့အနေနဲ့ အခုဝတ်သွားရမယ်.. "
“ အမိန့်တိုင်းပါသခင်လေး.. "
မင်များကိုသန့်ရှင်းပြီးနောက်.. သခင်လေးပေးသည်အင်္ကျီကိုဝတ်ဆင်နေခိုက်တွင် သခင်လေးသည်မိမိ၏အနီးနားသို့ရောက်လာကာ ဂျာကင်အင်္ကျီမှ ကြယ်သီးများကို ကိုယ်တိုင်တပ်ဆင်ပေးခဲ့သည်..။
“ သခင်လေး.. ကျွန်တော့်ဘာသာတပ်လိုက်ပါမယ်.. "
“ ငြိမ်ငြိမ်နေ နန္ဒ.. ငါက ငါပေးတဲ့ ပစ္စည်းကို တန်ဖိုးထားမှကြိုက်တာနော် "
“ ဟုတ်ကဲ့.. ကျွန်တော်တန်ဖိုးထားပါ့မယ်.. "
“ အင်း.. မင်းနားလို့ရပြီ "
အေးချမ်းတဲ့ရာသီဥတုမှာ ငါ့ရင်ခွင်နဲ့မင်းကို နွေးထွေးမှုပေးခွင့်မရှိဘူး..။ မင်းနဲ့ငါနဲ့ကြားမှာ သတ်မှတ်ချက်တွေ စည်းတွေများလွန်းနေတယ်။ အဲဒါကြောင့် ဒီဂျာကင်လေးက ငါ့အစား မင်းကိုနွေးထွေးမှုပေးနိုင်မယ်ထင်တယ် နန္ဒ..။
For Zawgyi
ကြၽန္ေတာ့္ႏွလုံးသား
သခင္ေလးေျပာလိုက္သည့္ စကားသည္နားထဲမွ မထြက္ေသး..။ ျပန္လည္ၾကားေယာင္တိုင္းတြင္ စိတ္ထဲ၌ အလြန္ၾကည္ႏူးေနမိသည္။ တန္ဖိုးရွိကြၽန္ ဟုသေဘာထား႐ုံထက္ မိမိကိုအဆုံးရႈံးအပ်က္စီးမခံႏိုင္ေၾကာင္းဆိုလာခဲ့သည္ေလ..။ သခင္ေလးသည္ မိမိအားတန္ဖိုးထားေၾကာင္း သိရ႐ုံမွ်ႏွင့္ အလိုလိုေပ်ာ္႐ႊင္ၾကည္ႏူးလာရသည္။ မိမိ၏ေပ်ာ္႐ႊင္မႈမွာ သခင္တစ္ေယာက္မွ ကြၽန္တစ္ေယာက္ကို ခ်ီးက်ဴးစကားေျပာဆိုသည္ေၾကာင့္ ဂုဏ္ယူေနေသာအေပ်ာ္မ်ိဳးမဟုတ္။
Advertisement
မိမိတန္ဖိုးထားသူက မိမိအားျပန္လည္တန္ဖိုးထားသည္ကို သိလိုက္ရေသာေၾကာင့္ ေပ်ာ္ေနသည့္အေပ်ာ္မ်ိဳးပင္။ မိမိျမတ္ႏိုးသူက မိမိကိုျပန္လည္ျမတ္ႏိုးေသာေၾကာင့္ ေပ်ာ္ေနသည့္အေပ်ာ္မ်ိဳးျဖစ္သည္။
ျမတ္ႏိုးသူလို႔ ကြၽန္ေတာ္သုံးႏႈန္းလိုက္ေလသလား..။ တကယ္ေရာ ကိုယ္ကျမတ္ႏိုးေနတာလား.. ျမတ္ႏိုးဖို႔ေရာ အခြင့္အေရးရွိပါ့မလား။
သူသည္ မိမိ၏သခင္တစ္ပါး..။ မိမိသည္ သူ၏အေစခံကြၽန္တစ္ေယာက္။ အဆင့္အတန္းကြာျခားသည့္ မိမိတို႔ႏွစ္ဦးၾကား ခ်စ္ျခင္းေမတၱာသည္ အက်ဳံးဝင္ႏိုင္မည္ေလာ။ ပို၍ခက္ခဲသည္မွာ မိမိတို႔သည္ အမ်ိဳးသားမ်ားသာျဖစ္သည္။ အမ်ိဳးသားႏွစ္ဦးၾကား ခ်စ္ႀကိဳးသြယ္ျခင္းမွာ ျဖစ္ႏိုင္မည္ေလာ။
ကြၽန္ေတာ့္စိတ္ေတြ တကယ္ေဖာက္ျပားေနၿပီပဲ။ ကြၽန္တစ္ေယာက္အေနနဲ႔ မေမွ်ာ္လင့္သင့္တာကို ေမွ်ာ္လင့္ခဲ့မိသလား။ အမ်ိဳးသားတစ္ဦးအေနနဲ႔ မေမွ်ာ္လင့္သင့္တာကို ေမွ်ာ္လင့္ခဲ့မိသလား။
မျဖစ္ဘူး.. ကြၽန္ေတာ့္စိတ္ေတြေဖာက္ျပားေနတာကို သခင္ေလးသိရင္ သေဘာေတြ႕မွာမဟုတ္ဘူး။ အမ်က္ေဒါသသာ ေလာင္ကြၽမ္းလိမ့္မယ္။ ကြၽန္ေတာ့္စိတ္ကိုကြၽန္ေတာ္တားဆီးမွ သင့္ေတာ္လိမ့္မယ္။
႐ိုးသားစြာခ်စ္ျခင္းအား အမ်ိဳးသားႏွစ္ဦးဟူေသာသတ္မွတ္ခ်က္ေၾကာင့္ ဖြင့္ဟ၍မရ။ ဝန္ခံ၍မဝံ့မရဲေသာ ထိုေခတ္ကာလတြင္ နႏၵတစ္ေယာက္.. အေတာ္ကိုပင္အခက္ေတြ႕ရသည္။
သခင္ေလးအနားယူေနေသာေၾကာင့္ သခင္ေလးအပါးထံတြင္မခစားရေသး..။ ထို႔ေၾကာင့္ၿခံထဲတြင္အဘ အလုပ္လုပ္ေနသည္ကို ဝိုင္းလုပ္ေပးခဲ့သည္။
ထိုစဥ္ ရွင္ေမဆိုေသာ အလုပ္သမ တစ္ဦးသည္လက္ထဲတြင္ မုန႔္အခ်ိဳပန္းကန္ကိုကိုင္ေဆာင္ကာ နႏၵတို႔သားအဖအား စကားလာေျပာသည္။
“ ကိုနႏၵ... "
“ ဟုတ္ကဲ့ မရွင္ေမ.. ဘာမ်ားအလိုရွိလို႔လဲ.. "
“ အလိုရွိတာကေနာက္မွပါ အခုေတာ့ ဒါေလးေတြ စားလိုက္ပါဦး...။ မနက္ကေဈးသြားတုန္း.. ဦးသစၥာနဲ႔ကိုနႏၵကိုစားေစခ်င္လို႔ကြၽန္မဝယ္လာတာ "
နႏၵမွာမူ ရွင္ေမေပးသည့္ မုန႔္ပန္းကန္အားမယူရဲ။ ထိုေၾကာင့္ ဦးသစၥာမွာ မုန႔္ပန္းကန္ကိုယူကာ စကားေျပာခဲ့သည္။
“ ေၾသာ္.. သမီးရယ္ အားနာစရာကြယ္။ အဘတို႔အတြက္ သက္သက္ႀကီးဝယ္လာရတယ္လို႔ "
“ ရပါတယ္ဦးသစၥာရယ္.. ဦးသစၥာတို႔ကိုတမင္စားေစခ်င္လို႔ ဝယ္လာတာပါ.. ဘာလဲ မႀကိဳက္လို႔မ်ားလား "
“ မဟုတ္ပါဘူးကြယ္.. သမီးကပင္ပင္ပန္းပန္းအလုပ္လုပ္လို႔ရတဲ့ေငြေၾကးနဲ႔ အဘတို႔ဝယ္ေကြၽးေတာ့ အဘက အားနာတာပါ "
“ ဒီလူနဲ႔ဒီလူ အားနာစရာလား ဦးသစၥာရယ္။ ကြၽန္မတို႔ေတြအကူအညီလိုလည္း ဦးသစၥာတို႔ကိုပဲ အကူအညီေတာင္းရတာ။ အခုလည္း ကြၽန္မဝယ္လာတာကို စားလိုက္ပါေနာ္ "
ထိုေနာက္ရွင္ေမသည္ ရွက္ၿပဳံးေလးတစ္ခုဖန္တီးကာ နႏၵအား လက္ထဲတြင္ပါလာေသာ သတင္းစာႏွင့္ ထုတ္ထားသည့္ အထုပ္ေလးကိုေပးလိုက္သည္။
“ ဒါက ကိုနႏၵအတြက္ပါ "
“ ဗ်ာ "
“ ဟိုေလ.. ကိုနႏၵအတြက္ အေပၚထပ္အက်ႌေလးပါ။ ယူလိုက္ပါေနာ္ "
“ အားနာစရာႀကီး "
“ အို.. ဒီသားအဖႏွယ္.. တယ္လည္း အားနာတတ္ေနပါေရာ။ အားနာေနရင္လည္း အျပန္အလွန္သေဘာနဲ႔ကြၽန္မကို တစ္ခုေလာက္ကူညီ "
“ ဟုတ္ကဲ့.. ေျပာပါ.. ဘာကူညီရမလဲ "
“ မနက္က ငါးကိုင္ေနရင္း ဓား႐ိုးကြၽတ္သြားလို႔ အဲဒါလိုက္တတ္ေပးေနာ့္။ ကိုနႏၵကအားနာေပမဲ့ ကြၽန္မေတာ့ အားမနာဘူးေနာ္။ အကူညီလိုတိုင္း အကူညီေတာင္းမွာပဲ "
“ ဟုတ္ကဲ့ဗ်ာ.. ကူညီပါ့မယ္ "
ရွင္ေမကိုကူညီရန္ အိမ္ေတာ္ထဲသို႔ဝင္မည္အျပဳ အိမ္အေပၚထက္သို႔ လွမ္းၾကည့္မိေသာအခါ ျပတင္းေပါက္တြင္ တပ္ဆင္ထားသည္ လိုက္ကာစေလးလႈပ္သြားသည္ကို နႏၵေတြ႕လိုက္သည္။ မည္သည့္အေၾကာင္းေၾကာင့္ လႈပ္သြားရသည္ကို နႏၵမသိ။
ၿခံထဲတြင္ အၿပဳံးေဝဆာလ်က္ စကားေျပာေနသည့္ထိုလူသားသုံးဦးကို အိမ္ေတာ္အေပၚထပ္မွၾကည့္ေနသူမွာ စိုင္းထြဋ္ေခါင္ပင္ျဖစ္သည္။ ထိုလူသားသုံးဦးကိုၾကည့္ကာ အလိုမက်မႈမ်ားက တားမရဆီးမရျဖစ္ေနသည္။
ငါ့အပါးတြင္ခစားေနတဲ့ မ်က္ႏွာေသနဲ႔လူသားက ၿပဳံးေနလို႔ပါလား။ အေတာ္ကိုေပ်ာ္ေနပုံရတယ္။
တျခားေသာကိစၥမ်ားေၾကာင့္ ၿပဳံးေပ်ာ္ေနျခင္းကို မိမိအေနႏွင့္မကန႔္သတ္လို။ ယခုတြင္မူ တျခားေသာမိန္းမတစ္ေယာက္ေရွ႕တြင္ ေတာက္ပစြာၿပဳံးေနသည့္ ထိုလူသားကို မိမိသေဘာမက်။ ထိုလူသား၏ ေတာက္ပေသာအၿပဳံးတို႔ကို သူ၏သခင္ျဖစ္ေသာမိမိသာ မူပိုင္ရလိုသည္။
“ ကိုနႏၵ.. ကိုနႏၵကို သခင္ေလးေခၚေနတယ္"
အေျပးအလႊားေရာက္လာေသာ ဆယ္ႏွစ္သားအ႐ြယ္ရွိ လွထြန္းေလးသည္ သခင္ေလးမွ နႏၵကိုအလိုရွိေၾကာင္းေျပာၿပီးသည္ႏွင့္တစ္ၿပိဳင္နက္ နႏၵသည္လည္း သခင္ေလးနားသို႔အေျပးအလႊားခစားရသည္။
“ သခင္ေလး.. ကြၽန္ေတာ္ေရာက္ပါၿပီ.. "
“ ေအး.. ဝင္ခဲ့.. "
အခန္းထဲဝင္လာၿပီးေနာက္ သခင္ေလး၏မ်က္ႏွာကိုၾကည့္ေသာအခါ မ်က္ႏွာသာသည္ သိပ္၍မသာယာ။
“ သခင္ေလး.. ဘာမ်ားအလိုရွိလို႔လဲ "
“ မင္းမွာ အခ်ိန္ေတြသိပ္ေပါေနသလား "
“ ဗ်ာ "
“ ၿခံထဲမွာေပ်ာ္ေနရတဲ့အထိ မင္းမွာအခ်ိန္ေတြပိုေနတယ္ထင္ပါ့ "
ေစာေစာက စကားေျပာေနတာကို သခင္ေလး ျမင္လိုက္တာလား။ အဲဒါကိုအလိုမက်တာလား။
“ မင္းမွာအခ်ိန္ေတြသိပ္ေပါေနရင္ ငါ့ရဲ႕အဝတ္အစားေတြကိုပါေလွ်ာ္ေန မင္းလက္နဲ႔ကိုယ္တိုင္ေလွ်ာ္ေနာ္။ ခဝါသည္ကိုေပးစရာမလိုဘူး "
“ အမိန႔္အတိုင္းပါ "
“ ေနာက္ၿပီး အိမ္ေတာ္ထဲမွာ ရႈပ္ရႈပ္ယွက္ယွက္အသံေတြငါမၾကားခ်င္ဘူး..။ မင္းအေနအထိုင္ဆင္ျခင္ပါ။ သူမ်ားေပးကမ္းတိုင္းယူေနရေအာင္ အဲဒီေလာက္ထိ မြဲေတျပာက်ေနသလား.. ဟမ္..။ မင္းတို႔ကို အိမ္ေတာ္က အခေၾကးေငြေပးထားတာ အလကားမဟုတ္ဘူး.. နားလည္ရဲ႕လား.. "
ဤသို႔စြပ္စြဲေလသည္မွာ တရားလြန္ေနၿပီဟာ မိမိထင္သည္။
“ သခင္ေလး... ကြၽန္ေတာ္က ရႈပ္ရႈပ္ယွက္ယွက္လည္း မလုပ္သလို ေပးတိုင္းလည္းယူေနတာမဟုတ္ပါဘူး..။ တစ္ဦးကေမတၱာ တစ္ဦးကေစတနာ ဆိုတဲ့တိုင္း.. "
“ မင္းငါ့ကိုအာခံေနတာလား နႏၵ "
နႏၵ၏စကားမဆုံးမီတြင္ စိုင္းထြဋ္ေခါင္သည္ ေဒါသမီးမ်ားေတာက္ေလာင္လ်က္ ေအာ္လိုက္သည္။ စိုင္းထြဋ္ေခါင္၏ အသံတြင္ေဒါသမ်ားအျပည့္ဖုံးလႊမ္းေနသည္။ မ်က္ႏွာမွာလည္း တင္းထန္မာေက်ာေနသည္။
“ မင္းကငါ့ကြၽန္.. ငါထားရာေန ေစရာသြားရမယ့္လူ။ ဒါကိုေတာင္ မင္းကငါ့ကိုအာခံဝံ့သလား "
“ မဟုတ္ပါဘူး သခင္ေလး "
“ ေနာက္ဒါမ်ိဳးထက္လုပ္ရင္.. ငါ့အဆိုးမဆိုနဲ႔ "
မိမိကိုယ္ကိုလည္း မည္သည္ေၾကာင့္ ဤမွ်စိတ္တိုေနေၾကာင္းမသိ သူႏွင့္အမ်ိဳးသမီးတစ္ဦး စကားေျပာ႐ုံ၊ ၿပဳံး႐ုံမွ်ႏွင့္ မိမိကအဘယ္ေၾကာင့္ ဤမွ်စိတ္မသက္မသာ ျဖစ္ေနရပါသနည္း။ ထိုအေျဖအား တိက်စြာရွာ၍မရ..။
မိမိ၏စိတ္တြင္ သိေနသည္က တစ္ခုပင္ရွိသည္။ ထိုအသိမွာ နႏၵအားမည္သူႏွင့္မွ် မပတ္သက္ေစလို။ သူ၏ေတာက္ပေသာအၿပဳံးမ်ားကိုလည္း မည္သူ႔ကိုမွ်မျမင္ေစလို..။ သူသည္ မိမိအပိုင္လူသား..။ မိမိသည္သာ သူ႔အၿပဳံးမ်ား.. သူ႔အသံမ်ားကို ျမင္ပိုင္ ၾကားပိုင္ခြင့္ရွိသည္ဟု သတ္မွတ္ထားသည္..။
စိုင္းထြဋ္ေခါင္အဖို႔ရာ အေျဖရွာ၍မရေသာ ေမးခြန္းမ်ားရွိေနသကဲ့သို႔ပင္ နႏၵ၏စိတ္ထဲတြင္လည္း အေျဖရွာ၍မရေသာ ေမးခြန္းမ်ားရွိေနခဲ့သည္..။
ရွင္ေမနဲ႔စကားေျပာ႐ုံနဲ႔ သခင္ေလးက ဘာလို႔အဲဒီေလာက္ထိေဒါသထြက္ေနရတာလဲ။ ငါလည္းအမွားမလုပ္မိဘဲ.. ဘာလို႔ငါ့ကိုေအာ္ရတာလဲ။ ငါကအေခ်ာင္ယူတဲ့သူလည္း မဟုတ္ဘူး။ အဲဒါကို ဘာလို႔ငါ့ကိုအေခ်ာင္ယူတဲ့သူလို စြပ္စြဲရတာလဲ။
စင္စစ္ နႏၵသည္ သခင္ေလးကိုေဒါသထြက္ေနျခင္းမ်ိဳးမဟုတ္။ စိတ္ဆိုးေနျခင္းမ်ိဳးလည္းမဟုတ္..။ သခင္ေလး၏ စြပ္စြဲခ်က္မ်ားကို စိတ္မေကာင္းျဖစ္ေန႐ုံသာ။
ထိုေန႔၌ အိမ္ေတာ္တြက္ စည္းကမ္းအသစ္တစ္ခု ထပ္တိုးလာသည္..။ ထိုစည္းကမ္းမွာ အိမ္ေတာ္ရွိ ကြၽန္ေယာက္်ားႏွင့္ကြၽန္မိန္းမတို႔သည္ အိမ္ေတာ္၏ အေရးအရာကိစၥမွအပ.. က်န္ေသာအေရးအေၾကာင္းမ်ားေၾကာင့္ စကားေျပာျခင္းမျပဳရ.. ဟူ၍သာ။
ထိုေန႔ည၌ စိုင္းထြဋ္ေခါင္သည္ နႏၵတို႔သားဖေနေသာအလုပ္သမားတန္းသို႔ သြားခဲ့သည္။ ထိုသားဖအခန္းဝသို႔ေရာက္ေနစဥ္ နႏၵႏွင့္ဦးသစၥာေျပာေသာ စကားအခ်ိဳ႕ကို စိုင္းထြဋ္ေခါင္ၾကားခဲ့သည္။
“ လူေလး.. ဒါက ရွင္ေမေပးတဲ့ အက်ႌေလးလား "
“ ဟုတ္တယ္အဘ "
“ ငါ့သားနဲ႔လိုက္ေနေရာကြယ္.. ရွင္ေမက ေ႐ြးတတ္သားပဲ "
ေတာက္! ညေနကဆူထားတာကို မမွတ္ေသးဘူးထင္တယ္။ ဒင္းက ရွင္ေမေပးတဲ့ အက်ႌကိုပါဝတ္ထားေသးတယ္ေပါ့..။
စိုင္းထြဋ္ေခါင္ေရာက္ေနသည္ကို ထိုသားအဖမသိ။ စိုင္းထြဋ္ေခါင္ ေရာက္ေနသည္ကို သိေသာသူမွာ လွထြန္းပင္...။ လွထြန္းကို စိုင္းထြဋ္ေခါင္မွ ျမင္သြားၿပီးေနာက္ နႏၵအား လွထြန္းမွတစ္ဆင့္ ေခၚေစခဲ့သည္။
“ နႏၵကို ငါေခၚေနတယ္လို႔ေျပာလိုက္ "
ထို႔ေနာက္ စိုင္းထြဋ္ေခါင္သည္ လက္ထဲတြင္ကိုင္ထားေသာ အထုပ္ေလးတစ္ကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ရင္း အလုပ္သမားတန္းမွ ျပန္ထြက္လာခဲ့သည္။ လွထြန္းသည္ စိုင္းထြဋ္ေခါင္က နႏၵကိုေခၚေနေၾကာင္းေျပာေသာအခါ နႏၵသည္လည္း စိုင္းထြဋ္ေခါင္ရွိရာအခန္းထဲသို႔လာခဲ့သည္။ နႏၵသည္ အခန္းထဲသို႔ဝင္လိုက္ေသာအခါ စိုင္းထြဋ္ေခါင္ကမူ သူ၏အနားကိုလာရန္နႏၵအား ေျပာလိုက္သည္။ နႏၵသည္လည္း စိုင္းထြဋ္ေခါင္၏ အနားသို႔ေရာက္ေသာအခါ စာၾကည့္စားပြဲေပၚမွ မင္အိုးကိုကိုင္ကာ နႏၵ၏အက်ႌေပၚသို႔ မင္မ်ားျဖင့္ေလာင္းလိုက္သည္။ စိုင္းထြဋ္ေခါင္၏လုပ္ရက္အား နႏၵသည္ နားမလည္ျခင္းေပါင္းမ်ားစြာျဖင့္ ၾကည့္ေနခဲ့ရသည္။
“ သခင္ေလး.. ဒါ "
“ ဘာလဲ.. ငါလုပ္တာကိုမေက်နပ္လို႔လား "
သူထားရာေန ေစရာသြားရမည့္သူတစ္ေယာက္အေနႏွင့္ မေက်နပ္ေၾကာင္းေျပာရန္လည္းမျဖစ္ျပန္။
“ မဟုတ္ပါဘူး.. "
“ ေကာင္းၿပီ.. အဲဒါဆို.. မင္းရဲ႕ မင္ေပသြားတဲ့အက်ႌကိုခြၽတ္လိုက္.. တစ္လက္စတည္း.. ၾကမ္းျပင္ေပၚမွာေပေနတဲ့ မင္ေတြကိုလည္း မင္းရဲ႕အက်ႌနဲ႔သုတ္ၿပီးလႊင့္ပစ္လိုက္..။ ၿပီးရင္ ခုတင္ေပၚမွာတင္ထားတဲ့.. အထုပ္ထဲက ဂ်ာကင္အက်ႌကိုဝတ္သြားလိုက္.. "
“ သခင္ေလး ခိုင္းတာကိုလုပ္ပါ့မယ္..။ ဒါေပမဲ့ ေပးတာကိုေတာ့မယူပါရေစနဲ႔ "
“ မင္းငါ့ကိုအာခံေနတာ ဒီတစ္ေန႔တည္းကိုပဲ ႏွစ္ခါရွိၿပီေနာ္.. "
“ အာခံတာမဟုတ္ပါဘူး.. သခင္ေလးအဝတ္အစားေတြက တန္ဖိုးႀကီးေတာ့.. "
“ ငါမဝတ္ရေသးတဲ့အတြက္ ငါ့အဝတ္အစားမဟုတ္ဘူး။ တန္ဖိုးႀကီးတာေတာ့ဟုတ္တယ္.. ဒါေပမဲ့ ငါ့အမိန႔္ကိုနာခံတဲ့အေနနဲ႔ အခုဝတ္သြားရမယ္.. "
“ အမိန႔္တိုင္းပါသခင္ေလး.. "
မင္မ်ားကိုသန႔္ရွင္းၿပီးေနာက္.. သခင္ေလးေပးသည္အက်ႌကိုဝတ္ဆင္ေနခိုက္တြင္ သခင္ေလးသည္မိမိ၏အနီးနားသို႔ေရာက္လာကာ ဂ်ာကင္အက်ႌမွ ၾကယ္သီးမ်ားကို ကိုယ္တိုင္တပ္ဆင္ေပးခဲ့သည္..။
“ သခင္ေလး.. ကြၽန္ေတာ့္ဘာသာတပ္လိုက္ပါမယ္.. "
“ ၿငိမ္ၿငိမ္ေန နႏၵ.. ငါက ငါေပးတဲ့ ပစၥည္းကို တန္ဖိုးထားမွႀကိဳက္တာေနာ္ "
“ ဟုတ္ကဲ့.. ကြၽန္ေတာ္တန္ဖိုးထားပါ့မယ္.. "
“ အင္း.. မင္းနားလို႔ရၿပီ "
ေအးခ်မ္းတဲ့ရာသီဥတုမွာ ငါ့ရင္ခြင္နဲ႔မင္းကို ေႏြးေထြးမႈေပးခြင့္မရွိဘူး..။ မင္းနဲ႔ငါနဲ႔ၾကားမွာ သတ္မွတ္ခ်က္ေတြ စည္းေတြမ်ားလြန္းေနတယ္။ အဲဒါေၾကာင့္ ဒီဂ်ာကင္ေလးက ငါ့အစား မင္းကိုေႏြးေထြးမႈေပးႏိုင္မယ္ထင္တယ္ နႏၵ..။
Advertisement
- In Serial58 Chapters
An Idol is my Sasaeng?! | Min Yoongi
After visiting a fansign event of BTS your whole life has changed. Since that day someone started to stalk you, but you had no idea who it was..."If you don't want to listen, find out the hard way."________________________________________________Warning: May contain strong language and mature content________________________________________________Yandere x reader _Highest rankings:.#01 fansign#01 stalker#01 sasaeng#01 yoongixreader #01 sugaxreader#01 agustd #01 stalking#01 yanderexreader#02 yoongi#07 bangtan#08 kpop#01 yandere#01 english#01 kpopidols#10 bts#04 reader#20 fanfiction
8 215 - In Serial14 Chapters
The Unknown Stalker [Yandere X Female Reader]
Living a normal life, (Y/N) is popular girl around her high school. (Y/N)'s beauty, intelligence and kindness has everyone swooning all over her. But there's one boy who's different, he wants you bad and will do whatever it takes to get you. The stalker is into you, and he'll cherish every bit of you and your body until the end of time. Will you escape him? Or fall?(Will include lemon/smut later on. Will include violence)Highest ranking on: #2 Nudity
8 155 - In Serial29 Chapters
HIGH //Abhishek Sharma Fanfiction//
"He's gone and I gotta stay high, all the time, to keep him off my mind." >**"She's the kind of high, only a deep soul can get attached to." >
8 211 - In Serial78 Chapters
The Emperor's Rose
Aiko is an extremely poor girl. She has less than nothing. She lives in the Empire of Shintokanai, in a world where men rule. She is forced to work day and night for her Uncle and Sisters. Until one day, she gets kicked out. Without power, money or status, Aiko's fleeting moment of joy withers into despair and gloom as she realizes she is doomed to die, hungry and cold on the streets. She will luckily be saved by Eriko, the head maid of the Emperor's palace. Aiko will be forced to become a maid. What other choices does she have? Starve or serve. She has just started and she already hates her job. But what happens, when she catches the Emperor's cold and brutal eye? The Emperor is known for his cruel ways. Deaths are common in the palace, and they stain every corner. He is a horrible man. He is loves spilling blood. Life in the palace is not easy. It is like a never ending maze. Whatever path you will take, can elevate you, or destroy you completely and thoroughly. Finding a honest person in the mess is hard. What will Aiko find in the Emperor's soul?
8 138 - In Serial58 Chapters
Finally
(Thank you to all who have taken a chance and read Finally. However, I wrote this book years ago and there are many, many errors. Editing will hopefully happen soon and make improvements to the story.)Lisa Grey's life has never been easy with an abusive, alcoholic father, and bullied by classmates with friends. Her life has been very hollow and lifeless but it's all about to change when she meets Aiden Knight. A man you who has everything at his fingertips from money to women to his father's company. But their lives are about to entwine, never being able to go back to normal. A story about love, forgiveness, and revenge.
8 265 - In Serial30 Chapters
His Mistake
officer marq makes a mistake by sleeping with one of his inmates
8 231

