《Amiss Prayer (Zawgyi&Unicode) [Completed]》Part-9(မဆုံစည်းသည်အထိ)
Advertisement
For Unicode
မဆုံစည်းသည်အထိ
ခြားနားသောဘဝကိုယ်စီဖြင့်ရှိကြသော သူနှင့်မိမိသည် တစ်ဦးနင့်တစ်ဦးမေတ္တာရှိကြသည်။ မိမိတို့၏ မေတ္တာကြိုးလေးနှစ်ချောင်းသည် သွယ်ယှက်၍မရနိုင်။ သို့သော် သွယ်ယှက်စေရန်ကြိုးစားနေသည်မှာ ထိုနှစ်ဦးသားပင်။ မဖြစ်နိုင်ကြောင်းသိလျက် ရှေ့ဆက်တိုးမိသည်။ မရနိုင်ကြောင်းသိလျက် မျှော်လင့်နေမိသည်။
မရနိုင်မှန်း.. မဖြစ်မှန်းသိသိနဲ့ နောက်ဆုတ်ဖို့ မစဉ်းစားမိဘူးလား။
စဉ်းစားဖူးပါသည်။ နောက်ဆုတ်ရန်လည်းကြိုးစားဖူးပါသည်။ သို့သော်... မွန်းကျပ်ရုံမှအပ ပို၍ထူးခြားမလာခဲ့။ ပြတ်တောက်ရမည့်သံယောဇဉ်အစား ရှိနေသောသံယောဇဉ်ကြိုးကလေးသည် ပို၍ပင်ခိုင်မာလာသည်။ သူ့ကိုကြောက်ရမည့်အစား ပို၍ပင်နှစ်သက်မိသည်။ အဆုံးသတ်၌နောင်တရမှာကိုသိသိနှင့် ထိုနောင်တအား ခေတ္တလျစ်လျူရှုထားမိသည်။
ခင်းဗျားကို ကျွန်တော်ချစ်သည်။ ခင်ဗျားကိုချစ်မိ၍ ရမည့်နောင်တကို ကျွန်တော် ပျော်ပျော်ကြီးစောင့်နေဦးမည်။ ကျွန်တော်သည် လူသားတစ်ဦးဖြစ်သည်။ အချိန်တန်လျှင် သေရမည်ကိုသိသည်။ မသေခင်အချိန်အတွင်း ခေတ္တမျှပင် ဖြစ်ပါစေ အပျော်ရွှင်ရဆုံးအချိန်ကာလလေး တစ်ခုအားကျွန်တော်ဖန်တီးချင်သည်။ မိဘစကားအား မြေဝယ်မကျနားထောင်လာသည့် ကျွန်တော်သည် မိဘများကိုစိတ်ချမ်းသာစေရန် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ မိဘစကားကိုနားထောင်သောကြောင့် ကျွန်တော့်မိဘများလည်းစိတ်ချမ်းသာသကဲ့သို့ ကျွန်တော့်အဖို့ရာလည်း ကောင်းကျိုးများသာရခဲ့သည်။
တစ်သက်လုံးမိဘအလိုကျနေခဲ့တဲ့ ကျွန်တော်က တစ်ခါလောက် မိဘစကားကိုဆန့်ကျင်ရုံ၊ မိုက်ရူးရဲဆန်ရုံနဲ့ အပြစ်မကြီးလောက်ပါဘူးနော်။ ကျွန်တော်လိမ္မာခဲ့တာတွေကို ထောက်ရှုပြီး ကျွန်တော်တစ်ခါမှားတာကိုခွင့်လွှတ်ပေးနိုင်မလား မေမေ။
တောင်းပန်ပါတယ် မေမေ။ ဘဝမှာတခါလောက် အပျော်ရွှင်ရဆုံးဆိုတဲ့ ခံစားချက်ကို ခံစားဖူးချင်လို့ မေမေစကားကို နားမထောင်သလိုဖြစ်သွားတဲ့အတွက် သားတောင်းပန်ပါတယ်မေမေ။
မွေးဖွားခဲ့သည့်အချိန်မှစကာ စည်းနှင့်ဘောင်ထဲတွင် နေလာသောမိမိသည် တစ်ခါတလေဘောင်အပြင်ကိုထွက်ကြည့်ချင်သည်။ လောကနိယာမကိုတစ်သက်လုံးလိုက်နာခဲ့သောမိမိသည် တစ်ခါတလေ လောကနိယာမများကိုဆန့်ကျင်ကြည့်ချင်သည်။ လိမ္မာခဲ့သောမိမိသည် တစ်ခါတလေတော့မိုက်ရူးရဲဆန်ကြည့်ချင်သည်။ ထိုသို့ မိုက်ရူးရဲဆန်စွာ လောကနိယာမများကိုဆန့်ကျင်လျက် ဘောင်အပြင်သို့ထွက်ကြည့်ချင်သည့်မိမိသည် မည်သို့အကျိုးရလာဒ်များကို ရနိုင်မည်နည်း။ သိချင်စမ်းလှပါသည်။ ဦးနှောက်နှင့်သာအရာရာကိုဆုံးဖြတ်ခဲ့သည်။ ယခုတစ်ခါတော့နှလုံးသားလေးကို အလိုလိုက်ပါရစေ။ တစ်သက်တာညအလုပ်လုပ်ခဲ့သည့် မိမိ၏ဦးနှောက်လေးကို ခေတ္တအနားပေးပါဦးမည်။ တစ်သက်တာတွင် ဦးနှောက်၏စေခိုင်းရာကိုသာ လုပ်ဆောင်မိ၍ နှလုံးသားအားလျစ်လျူရှုထားခဲ့သည်မှာ ကြာခဲ့ပြီ။ ထိုအခြင်းအရာသည် မိမိ၏နှလုံးသားအဖို့ရာ မတရားရာရောက်နေသည်။
သူလည်းခံစားချင်ဦးမှာပေါ့..။ ဒီတစ်ခါတော့သူလေးကိုခံစားချက်တွေ ပေးဦးမှပေါ့။
ထိုခံစားချက်သည် နာကျင်မှုများမဖြစ်စေလို။ သာယာပျော်ရွှင်မှုသာဖြစ်ပါစေ။
ထိုသို့အတွေးကမ္ဘာထဲသို့ အလည်သွားခိုက် မိမိ၏နောက်ကျောမှ အေးစက်သောအငွေ့သက်များကို ခံစားရသည်။ သူရောက်မှန်းကျွန်တော်သိခဲ့သည်။ ထို့ကြောင့် အတွေးကမ္ဘာလေးမှ ရုန်းထွက်လိုက်သည်..
“ ခင်ဗျားရောက်နေပြီလား... “
ပုံမှန်မဟုတ်သောသူ၏အသံသည် မိမိအား စိုးရိမ်စိတ်တို့ကိုဖြစ်ပေါ်စေသည်။ အရင်နေ့များကကဲ့သို့ ပျော်ရွှင်စွာနှုတ်ဆက်ခြင်းမျိုး မဟုတ်။ မိမိရောက်လာတိုင်း တုန်လှုပ်သွားတတ်သည့် ကောင်လေးက ယနေ့တွင် တည်ငြိမ်လွန်းနေသည်။
တည်ငြိမ်နေသောသူ့ကိုကြည့်ကာ လွန်ခဲ့သောနှစ်ပေါင်းများစွာက မိမိမြင်ခဲ့ဖူးသောသူသည် မိမိရှေ့သို့ယခုပင်ချက်ချင်း ပြန်ရောက်လာလေသလားဟု ထင်မိသည်။
မိနစ်အနည်းငယ်ကြာသည်အထိ ကျွန်တော်တို့နှစ်ဦးသားသည် တိတ်ဆိတ်နေသည်။ ထို့နောက် ၎င်းတိတ်ဆိတ်မှုကို သူမှစတင်ကာဖြိုခွဲလိုက်သည်။
“ အရင်နေ့တွေက.. ခင်ဗျားမေးတာမှန်သမျှကို ကျွန်တော်ဖြေခဲ့ပြီးပြီနော်..။ ဒီနေ့တော့ ကျွန်တော်မေးတာမှန်သမျှကို ခင်ဗျားဖြေပေးပါလား “
ယခင်နေ့များစွာတွင် မိမိကြောင့် သူတုန်လှုပ်ခဲ့သည်။ ယနေ့တွင်မူ သူ့ကြောင့်နှင့် မိမိတုန်လှုပ်ရတော့သည်။
“ ဒီနေ့တော့ ကျွန်တော်အခန်းမီးဖွင့်ထားမယ်နော်။ ခင်ဗျားအဆင်ပြေပါ့မလား “
“ မြတ်သူသဘောပါ.. ကိုယ်အဆင်ပြေပါတယ် “
“ ခိုင်းတယ်လို့တော့မထင်ပါနဲ့နော် ဟိုနားလေးက မှန်အသေးလေယူပေးပါလား.. “
“ အင်း “
မှန်ကိုယူလာပြီးပေးပြီးသည့်တိုင်အောင် သူသည် မထိုင်ပဲရက်နေသည်။
“ ခင်ဗျား.. ဒီတိုင်းကြီးရပ်နေတော့မလို့လား ခုတင်ပေါ်မှာသွားထိုင်နေလေ.. ကျွန်တော်လာခဲ့မယ်။ အခုတော့ ကျွန်တော်ကော်ဖီသွားဖျော်လိုက်ဦးမယ်.. “
ပုံမှန်ညများတွင်သူသည် ကော်ဖီမသောက်တတ်။ ယနေ့မှထူးဆန်းနေသည်။
သူဘာတွေစိတ်ရူပ်စရာတွေရှိနေတာလဲ...
သတိထားမိတယ်။ သူ့မှန်တင်ခုံပေါ်က မှန်ကို ပိတ်စအမည်းနဲ့ ဖုံးထားတာအတော်ကြာပြီ။ ဘာလို့များလဲ။ အမှောင်ကြောက်ပါတယ်ပြောတဲ့ ကောင်လေးက ကျွန်တော်ရောက်လာတိုင်းလိုလို သူအခန်းကမှောင်နေတယ်။ ဘာလို့များလဲ။
ထို့နောက် မြတ်သူသည် အခန်းထဲသို့ကော်ဖီခွက်လေးနှစ်ခွက်ကိုင်ကာပြန်ဝင်လာသည်။ ထိုကော်ဖီခွက်နှစ်ခွက်မှ တစ်ခွက်ကို မိမိအားကမ်းပေးကာ ခုတင်ပေါ်တွင် မိမိနှင့်မျက်နှာချင်ဆိုင်လိုက်သည်။
“ သုံးဆောင်လိုက်ပါဦးဧည့်သည် “
“ ကိုယ်က မင်းအတွက်ဧည့်သည်လား “
“ ဒါပေါ့... “
“ အင်းပါ... “
“ ဘာလဲ.. ခင်ဗျားကဧည့်သည်မဟုတ်ဘူးလား။ ဒါမှမဟုတ်.. အိမ်ရှင်လား “
‘ အိမ်ရှင်.. ဟုတ်တယ်.. ကိုယ်ကအိမ်ရှင်ပါ..။ ကိုယ်အိမ်ရှင်ဖြစ်ခဲ့တာက လွန်းခဲ့တဲ့နှစ်ငါးဆယ်ကျော်ကပါ’ ဟုသာ ပြောလိုက်ချင်သည်။ သို့သော် ထိုစကားကို မပြောမိ။
ဟန်ဆောင်ကောင်းနေသော စိုင်းထွဋ်ခေါင်ကိုကြည့်ကာ မြတ်သူသည် သက်ပြင်းချလိုက်သည်။
“ ဟူး... အိပ်ချင်ယောင်ဆောင်နေတဲ့သူများ တကယ်လည်းနှိုးရခက်ပါလား။ ထားပါလေ..။ ခင်ဗျားက အိမ်ရှင်ပဲဖြစ်ဖြစ်.. ဧည့်သည်ပဲဖြစ်ဖြစ် ကျွန်တော်သိတာက.. အခုလောလောဆယ်.. ခင်ဗျားကတော့ ကျွန်တော့်ရဲ့ဧည့်သည်ပဲ..။ ဘာလို့လဲဆိုတော့..ဒီအိမ်က ကျွန်တော်တို့အပိုင်မို့လို့...”
ထို့နောက်မြတ်သူသည် ကော်ဖီကိုတစ်ငုံသောက်လိုက်ကာ တစ်ခုခုကိုသတိရလေဟန်ဖြင့်။
“ သြော်.. နောက်ပြီး ကျွန်တော်သိတာရှိသေးတယ်။ အဲဒါက.. ဒီအိမ်ကို ကျွန်တော်မရောက်ခင်ကတည်းက ခင်ဗျားက ကြိုရှိနှင့်နေပြီးသား ဧည့်သည်တစ်ယောက် ဟုတ်တယ်မဟုတ်လား... “
တစ်ယောက်သောသူ၏ မေးခွန်းများကို ကျွန်တော်မဖြေမိ။ သူဆိုလိုနေသည်ကို ကျွန်တော်သိပါသည်။ သို့သော် အဖြစ်မှန်အားဝန်ခံရန် ခက်ခဲနေသေးသည်။
ထို့နောက်မြတ်သူသည် မီးရောင်အောက်တွင် ပေါ်နေသည့် သူ၏အရိပ်ကိုလက်ညှိုးထိုးပြကာ ဆိုလာသည့်စကားသည် စိုင်းထွဋ်ခေါင်အဖို့ရာ ဝမ်းနည်းစေမည်မှာ အမှန်ပင်။
“ ဒီမှာထိုင်နေတာ နှစ်ယောက်နော်..။ ဘာလို့အရိပ်ကတစ်ခုပဲပေါ်နေတာလဲ “
Advertisement
ထို့နောက် သူ၏လက်တွင်ကိုင်ထားသော မှန်လေးကို မိမိရှေ့သို့ထုတ်ပြသည်။
“ ဒီမှန်မှာ ခင်ဗျားပုံရိပ်ပေါ်လား “
မှန်ပေါ်တွင် ပုံရိပ်မပေါ်သောမိမိအနေအထားအား သူ့ကိုမည်ကဲ့သို့ ပြောပြရမည်နည်း။ ဝမ်းနည်းမိပါသည်။ ယခင်နေ့များစွာတွင် မိမိမေးသမျှကို။ သူဖြေသည်။ ယနေ့တွင်မူ သူမေးသမျှကို မိမိမဖြေနိုင်ပါ။
ထို့နောက်မြတ်သူသည် သူမေးသမျှအား မဖြေနိုင်သောစိုင်းထွဋ်ခေါင်ကို အားမလိုအားအရဖြစ်ကာ စိုင်းထွဋ်ခေါင်၏ လက်ကိုဆွဲ၍ မှန်တင်ခုံရှေ့သို့ ဆွဲခေါ်သွားသည်။ မှန်ကိုကွယ်ထားသော လိုက်ကာစ အမည်းလေးကိုဖယ်လိုက်ကာ နှစ်ဦးသားယှဉ်ရပ်လျက် မှန်ကိုကြည့်စေသည်။
“ ဟိုမှန်လေးကသေးလို့ ခင်ဗျားပုံရိပ်မပေါ်ဘူးပဲထားပါ..။ ဒီမှန်ကြီးမှာရော.. ဘာလို့မပေါ် ပြန်တာလဲ.. “
သူသိနေပြီပေါ့။ သိနေတဲ့နောက်တော့..။ ကိုယ်ကဖြေစရာများလိုသေးလား။
“ ခင်ဗျားဘယ်သူလဲ... အမှန်တိုင်းဖြေပေးပါလား “
အမှန်တိုင်း.. အမှန်တိုင်းတဲ့လား..။ အမှန်တိုင်းသိရင် သူမုန်းသွားမှာမဟုတ်လား။ မပြောပါရစေနဲ့လားကောင်လေးရယ်။ တောင်းပန်ပါတယ်။ ကောင်လေးမုန်းသွားမှာထက်။ ကောင်လေးနာကျင်ရမှာကို ပိုကြောက်မိလို့ပါ။
အတိတ်ကာလများစွာတွင် သူနာကျင်နေတာကို မြင်ရရုံဖြင့် မိမိလည်း ရင်ကွဲခဲ့ဖူးပါသည်။ အခုတွင်လည်း သူအနားတွင်နေချင်သောငြား.. မိမိကိုယ်တိုင်သည် သူ့ကိုနာကျင်စေမည့် လက်ကိုင်အရိုးမပါသည့် ဓားတစ်ချောင်း ဖြစ်နေမည်ကိုစိုးရိမ်မိပါသည်။ ထိုဓားအား သူမြတ်နိုး၍ဆုပ်ကိုင်မိသည့်အခါ သူ့ထံတွင်သာပြတ်ရှဒဏ်ရာများကျန်ခဲ့မည်။ သူသာနာကျင်ရမည်ဖြစ်သည်။ ထိုအဖြစ်မျိုးကိုမိမိမလိုချင်ပါ။ အဘယ်ကြောင့်ဆိုသော် အတိတ်နေ့ရက်များတွင် မိမိကိုယ်တိုင်ကပင် သူ့ကိုနာကျင်စေမိသောကြောင့်သာ။
သူနာကျင်ရမည်ကို ထပ်၍ကြည့်နေရဲသည်အထိ မိမိနှလုံးသားသည် ကျောက်သားနှင့်ထုထားသည်မဟုတ်။ ကျောက်သားများကဲ့သို့ မမာကျောပေ။ အတ္တမာနများကြောင့် သူပေးခဲ့သည့်စိတ်ဒဏ်ရာများအား ပြန်၍သာမှတ်မိခဲ့လျှင် သူမိမိကိုလက်ခံနိုင်မည်မဟုတ်။
ထို့ကြောင့် အဖြစ်မှန်အား ပြောပြချင်။ မပြောပြချင်သည့်အဆုံး.. သူ့ရှေ့မှပျောက်ကွယ်သွားလိုက်သည်။ ပျောက်ကွယ်သွားသော မိမိမှာလည်းနာကျင်မှုအတိ။ ကျန်ရစ်ခဲ့သော သူ့ထံတွင်လည်း ဝမ်းနည်းမှုအတိ..။
For Zawgyi
မဆုံစည္းသည္အထိ
ျခားနားေသာဘဝကိုယ္စီျဖင့္ရွိၾကေသာ သူႏွင့္မိမိသည္ တစ္ဦးနင့္တစ္ဦးေမတၱာရွိၾကသည္။ မိမိတို႔၏ ေမတၱာႀကိဳးေလးႏွစ္ေခ်ာင္းသည္ သြယ္ယွက္၍မရႏိုင္။ သို႔ေသာ္ သြယ္ယွက္ေစရန္ႀကိဳးစားေနသည္မွာ ထိုႏွစ္ဦးသားပင္။ မျဖစ္ႏိုင္ေၾကာင္းသိလ်က္ ေရွ႕ဆက္တိုးမိသည္။ မရႏိုင္ေၾကာင္းသိလ်က္ ေမွ်ာ္လင့္ေနမိသည္။
မရႏိုင္မွန္း.. မျဖစ္မွန္းသိသိနဲ႔ ေနာက္ဆုတ္ဖို႔ မစဥ္းစားမိဘူးလား။
စဥ္းစားဖူးပါသည္။ ေနာက္ဆုတ္ရန္လည္းႀကိဳးစားဖူးပါသည္။ သို႔ေသာ္... မြန္းက်ပ္႐ုံမွအပ ပို၍ထူးျခားမလာခဲ့။ ျပတ္ေတာက္ရမည့္သံေယာဇဥ္အစား ရွိေနေသာသံေယာဇဥ္ႀကိဳးကေလးသည္ ပို၍ပင္ခိုင္မာလာသည္။ သူ႔ကိုေၾကာက္ရမည့္အစား ပို၍ပင္ႏွစ္သက္မိသည္။ အဆုံးသတ္၌ေနာင္တရမွာကိုသိသိႏွင့္ ထိုေနာင္တအား ေခတၱလ်စ္လ်ဴရႈထားမိသည္။
ခင္းဗ်ားကို ကြၽန္ေတာ္ခ်စ္သည္။ ခင္ဗ်ားကိုခ်စ္မိ၍ ရမည့္ေနာင္တကို ကြၽန္ေတာ္ ေပ်ာ္ေပ်ာ္ႀကီးေစာင့္ေနဦးမည္။ ကြၽန္ေတာ္သည္ လူသားတစ္ဦးျဖစ္သည္။ အခ်ိန္တန္လွ်င္ ေသရမည္ကိုသိသည္။ မေသခင္အခ်ိန္အတြင္း ေခတၱမွ်ပင္ ျဖစ္ပါေစ အေပ်ာ္႐ႊင္ရဆုံးအခ်ိန္ကာလေလး တစ္ခုအားကြၽန္ေတာ္ဖန္တီးခ်င္သည္။ မိဘစကားအား ေျမဝယ္မက်နားေထာင္လာသည့္ ကြၽန္ေတာ္သည္ မိဘမ်ားကိုစိတ္ခ်မ္းသာေစရန္ ေဆာင္႐ြက္ေပးႏိုင္ခဲ့သည္။ မိဘစကားကိုနားေထာင္ေသာေၾကာင့္ ကြၽန္ေတာ့္မိဘမ်ားလည္းစိတ္ခ်မ္းသာသကဲ့သို႔ ကြၽန္ေတာ့္အဖို႔ရာလည္း ေကာင္းက်ိဳးမ်ားသာရခဲ့သည္။
တစ္သက္လုံးမိဘအလိုက်ေနခဲ့တဲ့ ကြၽန္ေတာ္က တစ္ခါေလာက္ မိဘစကားကိုဆန႔္က်င္႐ုံ၊ မိုက္႐ူးရဲဆန္႐ုံနဲ႔ အျပစ္မႀကီးေလာက္ပါဘူးေနာ္။ ကြၽန္ေတာ္လိမၼာခဲ့တာေတြကို ေထာက္ရႈၿပီး ကြၽန္ေတာ္တစ္ခါမွားတာကိုခြင့္လႊတ္ေပးႏိုင္မလား ေမေမ။
ေတာင္းပန္ပါတယ္ ေမေမ။ ဘဝမွာတခါေလာက္ အေပ်ာ္႐ႊင္ရဆုံးဆိုတဲ့ ခံစားခ်က္ကို ခံစားဖူးခ်င္လို႔ ေမေမစကားကို နားမေထာင္သလိုျဖစ္သြားတဲ့အတြက္ သားေတာင္းပန္ပါတယ္ေမေမ။
ေမြးဖြားခဲ့သည့္အခ်ိန္မွစကာ စည္းႏွင့္ေဘာင္ထဲတြင္ ေနလာေသာမိမိသည္ တစ္ခါတေလေဘာင္အျပင္ကိုထြက္ၾကည့္ခ်င္သည္။ ေလာကနိယာမကိုတစ္သက္လုံးလိုက္နာခဲ့ေသာမိမိသည္ တစ္ခါတေလ ေလာကနိယာမမ်ားကိုဆန႔္က်င္ၾကည့္ခ်င္သည္။ လိမၼာခဲ့ေသာမိမိသည္ တစ္ခါတေလေတာ့မိုက္႐ူးရဲဆန္ၾကည့္ခ်င္သည္။ ထိုသို႔ မိုက္႐ူးရဲဆန္စြာ ေလာကနိယာမမ်ားကိုဆန႔္က်င္လ်က္ ေဘာင္အျပင္သို႔ထြက္ၾကည့္ခ်င္သည့္မိမိသည္ မည္သို႔အက်ိဳးရလာဒ္မ်ားကို ရႏိုင္မည္နည္း။ သိခ်င္စမ္းလွပါသည္။ ဦးေႏွာက္ႏွင့္သာအရာရာကိုဆုံးျဖတ္ခဲ့သည္။ ယခုတစ္ခါေတာ့ႏွလုံးသားေလးကို အလိုလိုက္ပါရေစ။ တစ္သက္တာညအလုပ္လုပ္ခဲ့သည့္ မိမိ၏ဦးေႏွာက္ေလးကို ေခတၱအနားေပးပါဦးမည္။ တစ္သက္တာတြင္ ဦးေႏွာက္၏ေစခိုင္းရာကိုသာ လုပ္ေဆာင္မိ၍ ႏွလုံးသားအားလ်စ္လ်ဴရႈထားခဲ့သည္မွာ ၾကာခဲ့ၿပီ။ ထိုအျခင္းအရာသည္ မိမိ၏ႏွလုံးသားအဖို႔ရာ မတရားရာေရာက္ေနသည္။
သူလည္းခံစားခ်င္ဦးမွာေပါ့..။ ဒီတစ္ခါေတာ့သူေလးကိုခံစားခ်က္ေတြ ေပးဦးမွေပါ့။
ထိုခံစားခ်က္သည္ နာက်င္မႈမ်ားမျဖစ္ေစလို။ သာယာေပ်ာ္႐ႊင္မႈသာျဖစ္ပါေစ။
ထိုသို႔အေတြးကမာၻထဲသို႔ အလည္သြားခိုက္ မိမိ၏ေနာက္ေက်ာမွ ေအးစက္ေသာအေငြ႕သက္မ်ားကို ခံစားရသည္။ သူေရာက္မွန္းကြၽန္ေတာ္သိခဲ့သည္။ ထို႔ေၾကာင့္ အေတြးကမာၻေလးမွ ႐ုန္းထြက္လိုက္သည္..
“ ခင္ဗ်ားေရာက္ေနၿပီလား... “
ပုံမွန္မဟုတ္ေသာသူ၏အသံသည္ မိမိအား စိုးရိမ္စိတ္တို႔ကိုျဖစ္ေပၚေစသည္။ အရင္ေန႔မ်ားကကဲ့သို႔ ေပ်ာ္႐ႊင္စြာႏႈတ္ဆက္ျခင္းမ်ိဳး မဟုတ္။ မိမိေရာက္လာတိုင္း တုန္လႈပ္သြားတတ္သည့္ ေကာင္ေလးက ယေန႔တြင္ တည္ၿငိမ္လြန္းေနသည္။
တည္ၿငိမ္ေနေသာသူ႔ကိုၾကည့္ကာ လြန္ခဲ့ေသာႏွစ္ေပါင္းမ်ားစြာက မိမိျမင္ခဲ့ဖူးေသာသူသည္ မိမိေရွ႕သို႔ယခုပင္ခ်က္ခ်င္း ျပန္ေရာက္လာေလသလားဟု ထင္မိသည္။
မိနစ္အနည္းငယ္ၾကာသည္အထိ ကြၽန္ေတာ္တို႔ႏွစ္ဦးသားသည္ တိတ္ဆိတ္ေနသည္။ ထို႔ေနာက္ ၎တိတ္ဆိတ္မႈကို သူမွစတင္ကာၿဖိဳခြဲလိုက္သည္။
“ အရင္ေန႔ေတြက.. ခင္ဗ်ားေမးတာမွန္သမွ်ကို ကြၽန္ေတာ္ေျဖခဲ့ၿပီးၿပီေနာ္..။ ဒီေန႔ေတာ့ ကြၽန္ေတာ္ေမးတာမွန္သမွ်ကို ခင္ဗ်ားေျဖေပးပါလား “
ယခင္ေန႔မ်ားစြာတြင္ မိမိေၾကာင့္ သူတုန္လႈပ္ခဲ့သည္။ ယေန႔တြင္မူ သူ႔ေၾကာင့္ႏွင့္ မိမိတုန္လႈပ္ရေတာ့သည္။
“ ဒီေန႔ေတာ့ ကြၽန္ေတာ္အခန္းမီးဖြင့္ထားမယ္ေနာ္။ ခင္ဗ်ားအဆင္ေျပပါ့မလား “
“ ျမတ္သူသေဘာပါ.. ကိုယ္အဆင္ေျပပါတယ္ “
“ ခိုင္းတယ္လို႔ေတာ့မထင္ပါနဲ႔ေနာ္ ဟိုနားေလးက မွန္အေသးေလယူေပးပါလား.. “
“ အင္း “
မွန္ကိုယူလာၿပီးေပးၿပီးသည့္တိုင္ေအာင္ သူသည္ မထိုင္ပဲရက္ေနသည္။
“ ခင္ဗ်ား.. ဒီတိုင္းႀကီးရပ္ေနေတာ့မလို႔လား ခုတင္ေပၚမွာသြားထိုင္ေနေလ.. ကြၽန္ေတာ္လာခဲ့မယ္။ အခုေတာ့ ကြၽန္ေတာ္ေကာ္ဖီသြားေဖ်ာ္လိုက္ဦးမယ္.. “
ပုံမွန္ညမ်ားတြင္သူသည္ ေကာ္ဖီမေသာက္တတ္။ ယေန႔မွထူးဆန္းေနသည္။
သူဘာေတြစိတ္႐ူပ္စရာေတြရွိေနတာလဲ...
သတိထားမိတယ္။ သူ႔မွန္တင္ခုံေပၚက မွန္ကို ပိတ္စအမည္းနဲ႔ ဖုံးထားတာအေတာ္ၾကာၿပီ။ ဘာလို႔မ်ားလဲ။ အေမွာင္ေၾကာက္ပါတယ္ေျပာတဲ့ ေကာင္ေလးက ကြၽန္ေတာ္ေရာက္လာတိုင္းလိုလို သူအခန္းကေမွာင္ေနတယ္။ ဘာလို႔မ်ားလဲ။
Advertisement
ထို႔ေနာက္ ျမတ္သူသည္ အခန္းထဲသို႔ေကာ္ဖီခြက္ေလးႏွစ္ခြက္ကိုင္ကာျပန္ဝင္လာသည္။ ထိုေကာ္ဖီခြက္ႏွစ္ခြက္မွ တစ္ခြက္ကို မိမိအားကမ္းေပးကာ ခုတင္ေပၚတြင္ မိမိႏွင့္မ်က္ႏွာခ်င္ဆိုင္လိုက္သည္။
“ သုံးေဆာင္လိုက္ပါဦးဧည့္သည္ “
“ ကိုယ္က မင္းအတြက္ဧည့္သည္လား “
“ ဒါေပါ့... “
“ အင္းပါ... “
“ ဘာလဲ.. ခင္ဗ်ားကဧည့္သည္မဟုတ္ဘူးလား။ ဒါမွမဟုတ္.. အိမ္ရွင္လား “
‘ အိမ္ရွင္.. ဟုတ္တယ္.. ကိုယ္ကအိမ္ရွင္ပါ..။ ကိုယ္အိမ္ရွင္ျဖစ္ခဲ့တာက လြန္းခဲ့တဲ့ႏွစ္ငါးဆယ္ေက်ာ္ကပါ’ ဟုသာ ေျပာလိုက္ခ်င္သည္။ သို႔ေသာ္ ထိုစကားကို မေျပာမိ။
ဟန္ေဆာင္ေကာင္းေနေသာ စိုင္းထြဋ္ေခါင္ကိုၾကည့္ကာ ျမတ္သူသည္ သက္ျပင္းခ်လိုက္သည္။
“ ဟူး... အိပ္ခ်င္ေယာင္ေဆာင္ေနတဲ့သူမ်ား တကယ္လည္းႏႈိးရခက္ပါလား။ ထားပါေလ..။ ခင္ဗ်ားက အိမ္ရွင္ပဲျဖစ္ျဖစ္.. ဧည့္သည္ပဲျဖစ္ျဖစ္ ကြၽန္ေတာ္သိတာက.. အခုေလာေလာဆယ္.. ခင္ဗ်ားကေတာ့ ကြၽန္ေတာ့္ရဲ႕ဧည့္သည္ပဲ..။ ဘာလို႔လဲဆိုေတာ့..ဒီအိမ္က ကြၽန္ေတာ္တို႔အပိုင္မို႔လို႔...”
ထို႔ေနာက္ျမတ္သူသည္ ေကာ္ဖီကိုတစ္ငုံေသာက္လိုက္ကာ တစ္ခုခုကိုသတိရေလဟန္ျဖင့္။
“ ေၾသာ္.. ေနာက္ၿပီး ကြၽန္ေတာ္သိတာရွိေသးတယ္။ အဲဒါက.. ဒီအိမ္ကို ကြၽန္ေတာ္မေရာက္ခင္ကတည္းက ခင္ဗ်ားက ႀကိဳရွိႏွင့္ေနၿပီးသား ဧည့္သည္တစ္ေယာက္ ဟုတ္တယ္မဟုတ္လား... “
တစ္ေယာက္ေသာသူ၏ ေမးခြန္းမ်ားကို ကြၽန္ေတာ္မေျဖမိ။ သူဆိုလိုေနသည္ကို ကြၽန္ေတာ္သိပါသည္။ သို႔ေသာ္ အျဖစ္မွန္အားဝန္ခံရန္ ခက္ခဲေနေသးသည္။
ထို႔ေနာက္ျမတ္သူသည္ မီးေရာင္ေအာက္တြင္ ေပၚေနသည့္ သူ၏အရိပ္ကိုလက္ညႇိဳးထိုးျပကာ ဆိုလာသည့္စကားသည္ စိုင္းထြဋ္ေခါင္အဖို႔ရာ ဝမ္းနည္းေစမည္မွာ အမွန္ပင္။
“ ဒီမွာထိုင္ေနတာ ႏွစ္ေယာက္ေနာ္..။ ဘာလို႔အရိပ္ကတစ္ခုပဲေပၚေနတာလဲ “
ထို႔ေနာက္ သူ၏လက္တြင္ကိုင္ထားေသာ မွန္ေလးကို မိမိေရွ႕သို႔ထုတ္ျပသည္။
“ ဒီမွန္မွာ ခင္ဗ်ားပုံရိပ္ေပၚလား “
မွန္ေပၚတြင္ ပုံရိပ္မေပၚေသာမိမိအေနအထားအား သူ႔ကိုမည္ကဲ့သို႔ ေျပာျပရမည္နည္း။ ဝမ္းနည္းမိပါသည္။ ယခင္ေန႔မ်ားစြာတြင္ မိမိေမးသမွ်ကို။ သူေျဖသည္။ ယေန႔တြင္မူ သူေမးသမွ်ကို မိမိမေျဖႏိုင္ပါ။
ထို႔ေနာက္ျမတ္သူသည္ သူေမးသမွ်အား မေျဖႏိုင္ေသာစိုင္းထြဋ္ေခါင္ကို အားမလိုအားအရျဖစ္ကာ စိုင္းထြဋ္ေခါင္၏ လက္ကိုဆြဲ၍ မွန္တင္ခုံေရွ႕သို႔ ဆြဲေခၚသြားသည္။ မွန္ကိုကြယ္ထားေသာ လိုက္ကာစ အမည္းေလးကိုဖယ္လိုက္ကာ ႏွစ္ဦးသားယွဥ္ရပ္လ်က္ မွန္ကိုၾကည့္ေစသည္။
“ ဟိုမွန္ေလးကေသးလို႔ ခင္ဗ်ားပုံရိပ္မေပၚဘူးပဲထားပါ..။ ဒီမွန္ႀကီးမွာေရာ.. ဘာလို႔မေပၚ ျပန္တာလဲ.. “
သူသိေနၿပီေပါ့။ သိေနတဲ့ေနာက္ေတာ့..။ ကိုယ္ကေျဖစရာမ်ားလိုေသးလား။
“ ခင္ဗ်ားဘယ္သူလဲ... အမွန္တိုင္းေျဖေပးပါလား “
အမွန္တိုင္း.. အမွန္တိုင္းတဲ့လား..။ အမွန္တိုင္းသိရင္ သူမုန္းသြားမွာမဟုတ္လား။ မေျပာပါရေစနဲ႔လားေကာင္ေလးရယ္။ ေတာင္းပန္ပါတယ္။ ေကာင္ေလးမုန္းသြားမွာထက္။ ေကာင္ေလးနာက်င္ရမွာကို ပိုေၾကာက္မိလို႔ပါ။
အတိတ္ကာလမ်ားစြာတြင္ သူနာက်င္ေနတာကို ျမင္ရ႐ုံျဖင့္ မိမိလည္း ရင္ကြဲခဲ့ဖူးပါသည္။ အခုတြင္လည္း သူအနားတြင္ေနခ်င္ေသာျငား.. မိမိကိုယ္တိုင္သည္ သူ႔ကိုနာက်င္ေစမည့္ လက္ကိုင္အ႐ိုးမပါသည့္ ဓားတစ္ေခ်ာင္း ျဖစ္ေနမည္ကိုစိုးရိမ္မိပါသည္။ ထိုဓားအား သူျမတ္ႏိုး၍ဆုပ္ကိုင္မိသည့္အခါ သူ႔ထံတြင္သာျပတ္ရွဒဏ္ရာမ်ားက်န္ခဲ့မည္။ သူသာနာက်င္ရမည္ျဖစ္သည္။ ထိုအျဖစ္မ်ိဳးကိုမိမိမလိုခ်င္ပါ။ အဘယ္ေၾကာင့္ဆိုေသာ္ အတိတ္ေန႔ရက္မ်ားတြင္ မိမိကိုယ္တိုင္ကပင္ သူ႔ကိုနာက်င္ေစမိေသာေၾကာင့္သာ။
သူနာက်င္ရမည္ကို ထပ္၍ၾကည့္ေနရဲသည္အထိ မိမိႏွလုံးသားသည္ ေက်ာက္သားႏွင့္ထုထားသည္မဟုတ္။ ေက်ာက္သားမ်ားကဲ့သို႔ မမာေက်ာေပ။ အတၱမာနမ်ားေၾကာင့္ သူေပးခဲ့သည့္စိတ္ဒဏ္ရာမ်ားအား ျပန္၍သာမွတ္မိခဲ့လွ်င္ သူမိမိကိုလက္ခံႏိုင္မည္မဟုတ္။
ထို႔ေၾကာင့္ အျဖစ္မွန္အား ေျပာျပခ်င္။ မေျပာျပခ်င္သည့္အဆုံး.. သူ႔ေရွ႕မွေပ်ာက္ကြယ္သြားလိုက္သည္။ ေပ်ာက္ကြယ္သြားေသာ မိမိမွာလည္းနာက်င္မႈအတိ။ က်န္ရစ္ခဲ့ေသာ သူ႔ထံတြင္လည္း ဝမ္းနည္းမႈအတိ..။
Advertisement
- In Serial37 Chapters
VOWS THAT BIND US ✔️
Nov, 09, 2020 : #1 in romanceMay, 14, 2021 : #1in respectMay, 14, 2021 : #4 in lovestory"Don't try and act all nice to me. I know girls like you. I don't know what spell you casted on my parents but I won't ever fall for it. And get one thing straight & clear, I don't want anyone to know about this marriage. We will act like a couple only infront of my parents. Don't expect anything more from me and neither do you knock at my door unless it's important." He spoke menacingly and turned to leave but the moment those words left his mouth, I felt as if someone dumped freezing water over my head.If he hates me so much, then why did he marry me and what does he mean by.. "What do you mean by 'girls like me' ?" I asked.He turned around and walked even closer, all my confidence began to fade. He leaned in, I could feel his breath on my ears. His closeness was doing things to me I have never felt before.I was on the verge of losing my senses, until he spoke.."A gold digging, desperate brat." His words pierced my heart, moreover his tone, his words reminded me of people I have been fighting all my life.ZACH KNIGHT FUTURE HIER OF THE KNIGHT'S CORPORATION.HOTSHOT BILLIONAIRE, A LOVING SON WORKAHOLIC, SLIGHTLY ARROGANT. CONFIDENT & ENTHUSIASTIC.CURRENTLY IN A RELATIONSHIP !! AVA ANDERSONCO-OWNER OF THE RAE CORPORATIONBEAUTIFUL, LOVING, CARING, INNOCENT, CONFIDENT, ALSO WORKAHOLIC AND ENTHUSIASTIC NEVER BEEN IN A RELATIONSHIP.WHAT HAPPENS WHEN ZACH IS FORCED TO MARRY AN OBLIVIOUS AVA.MOREOVER, WHAT HAPPENS WHEN HE REALISES THAT THERE IS MORE TO HER THAN SHE SHOWS.WILL THEY BE ABLE TO FIND LOVE OR FALL APART ? READ TO KNOW !!
8 199 - In Serial42 Chapters
The Pain You Bring
True love is something in dreams. The happy couple live in a giant castle, rule over the kingdom, and live happily ever after. For Amanda Ivy, life was never a fairytale. When Mandy is swept off her feet, she begins to think twice about the choices she has made that brought her face-to-face with Carter Osteen. Charming, wealthy, and respectful, he is exactly the distraction Mandy doesn't need. Carter will stop at nothing to get her attention while Mandy doesn't know if she can handle the undeniable spark between them.But Mandy is going to find out there's more to Carter than what his money can buy. That the perfect exterior is only the cover of who he truly is... and how he truly makes her feel. Maybe he's been through just as much as she has. Maybe, their pain can bring them together. Just maybe. #1 in BIGCITY#1 in Relatable#1 CollegeRomance
8 179 - In Serial42 Chapters
The Mafia Stalker (Crazy Mafia series Book 3)
"Do you have any idea how dangerous I am?" The old white haired man sneered at me with his yellowish teeth quite on display.Eww, Colgate should take him for the experiment!"I don't. How it is even related to what we are talking about? Being dangerous is another of your secret?" I wondered loudly, trying the best of my ability to understand what exactly is the old man's problem."F**king hell, where did you idiots get her from?" He yelled out loudly at the men surrounding me.Bambina Fae Black is an amazingly lucky person you could ever meet. She is lively yet silly, crazy and has love for challenges and extreme sports. How will the young twenty two year old meet the hero of her life who is nothing but dangerous and cruel?Faustino Ale Diaz is the Mafia leader of the greatest known Spanish organization. He is cruel, dangerous, arrogant, conceited and most importantly, damn handsome. How will his life take absurd turns when a troublemaker like Bambina crashes in?Follow the journey of Bambina and Faustino and see what twists can make the formidable Mafia bend how Bambina wants.~*~*~*~*~*~
8 169 - In Serial59 Chapters
Saving Gracie | ✓
[ Highest Rank: #1 in Teen Fiction ]!! USED TO BE 'THE PLAYER STOPPED ME FROM JUMPING' !!!! NOW PUBLISHED ON AMAZON !!__________Grace Parkinson doesn't know what it feels like to be happy. Living in a world where people aren't nice, where people aren't like the people in the movies, it makes her think that there is no such thing as happiness. Having no friends and not being able to talk to her mum about her problems since she has cancer doesn't even help her situation just a little bit at all.One day though, a certain player with blonde hair and blue eyes finds Grace leaning against the lockers, crying her problems away, and decides to help her.Since that day, you would expect things to go better but things don't get better, they get worse and when Grace finds herself about to jump off of the school building, thinking that the solution to her problems is death, the blonde player finds himself helping the lost girl again.The only question is:What will happen next?
8 839 - In Serial5 Chapters
Karan Monami FS- Party Time
Moran in a bar
8 119 - In Serial29 Chapters
Trouble meets Trouble
|| highest rank - #1 in BeYourself #1 in Fiction (Nov '19) #1 in Ireland ( Feb '20) ||Leah is set on leaving the old version of herself behind by starting fresh in a whole new area, in a new school with new and 'different' friends and a whole new persona, but what happens when she catches the attention of the schools infamous 'bad boy' Flynn?Will she stand strong under the pressure of her new persona or will she crumble? Will her new friends have her back and what will she do about the gorgeous Flynn? This is a story of accepting oneself for who you are flaws and all! Needs editing but still thank you all so so much for reading! Much love T. xxxx
8 107

