《Amiss Prayer (Zawgyi&Unicode) [Completed]》Part-8(သူနှင့်)
Advertisement
For Unicode
သူနှင့်
မနေ့ညက သူပြောသွားတဲ့စကား..။ တကယ်ပဲ စချင်တာလား၊ အတည်ပဲပြောနေတာလား..။
သူ့ဘက်မှသေချာမှုမရှိ ပြောသွားခြင်းအား မိမိသည်ကအဘယ်၍ကြောင့် ဤမျှရင်ခုန်နေရပါသနည်း..။ တစ်နေ့တာလုံးတွင်လည်း မည်သည်အလုပ်ကိုပင် လုပ်နေသည်ဖြစ်စေ သူပြောခဲ့သည့် အသံကိုပင် ကြားနေရသည်။ သူ့မျက်နှာကိုသာ မြင်နေရသည်။
ခင်ဗျားဟာလေ ကျွန်တော့်ကိုအမျိုးမျိုးပြုစားနိုင်လွန်းတယ်.. ။
ထို့နောက်မြတ်သူတစ်ယောက် အလုပ်ရှာရန်သတင်းစာဖတ်နေခိုက် ပြတင်းပေါက်မှခေါ်သံတစ်ခုသည် ထွက်ပေါ်လာသည်။ ရုတ်တရက်မို့ မြတ်သူသည် ကိုယ်လေးတုန်းသွားကာ မွှေးညှင်းလေးများပင်ထောင်သွားသည်ဟုထင်ရသည်။
“ ခင်ဗျားအသံကြီးကလည်း ကြောက်စရာကောင်းလိုက်တာ “
“ ကိုယ့်ပုံစံကရော ကြောက်စရာမကောင်းဘူးလား “
“ ပုံစံလား.. ရုပ်ကတော့ချောပါရဲ့။ ဒါပေမဲ့... ဒီဝတ်စုံကြီးနဲ့ကျတော့တစ်မျိုးပဲ..။ အမြဲတမ်းအဲဒီရှမ်းဝတ်စုံကြီးပဲဝတ်တာလား..”
“ အင်း.. ကိုယ်နဲ့မလိုက်လို့လား “
“ မလိုက်တာလည်း မဟုတ်ပါဘူး...။ ကျွန်တော့်လိုဝတ်လိုက်ရင်တော့ ပိုချောသွားမှာ “
သူ့လိုဝတ်ရမယ်တဲ့လား..။
သူ့ကိုကြည့်မိတော့ နက်ပြာရောင်အနွေးထည်ကြီးကြောင့် သူ့၏သေးငယ်သော ကိုယ်လေးသည် ပျောက်တော့မည့်အလား။
“ ဘာလို့အဲဒီလိုကြီးတွေပဲဝတ်တာလဲ ကြိုက်လို့လား.. “
“ အင်း.. တစ်သက်လုံးဒါပဲဝတ်လာတာဆိုတော့.. ဒါနဲ့ပဲနေသားကျနေတာပါ “
“ ဟွန်... လူဖြစ်ရကျိုးမနပ်လိုက်တာ..။ နည်းနည်းပါးပါးလေးပြောင်းလဲပါဦး...။ အခုလို ပုံတုံးကြီးနဲ့သေတဲ့အထိနေမလို့လား “
“ အင်း “
ရွဲ့လို့ရွဲ့မှန်းမသိတဲ့ဒီလူကြီးက တကယ်ပဲတုံးတာလား.. ရိုးသားတာလား...
“ ဒါနဲ့.. မနေ့ညက ကိုယ်ပြောခဲ့တာကိုစဉ်စားပြီးပြီလား.. “
ဘယ်လိုလူလဲ.. ဒီလူတကယ်ပဲမှတ်မိနေတာလား..။ ငါ့ကိုသက်သက်များစနေတာလား။
“ ခင်ဗျား မစနဲ့ဗျာ.. အဲဒါကြီးက စလို့ကောင်းတဲ့အရာမဟုတ်ဘူးဗျ..”
“ စနေတာမဟုတ်ဘူးလို့ ပြောခဲ့သားပဲ “
“ ဘာလို့ကျွန်တော့်ကိုမှလဲ။ သီပေါသူလေးတွေက ပိုချော ပိုလှတာပဲ..။ သူတို့ကို သဘောမကျဘူးလား..”
“ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ကိုယ့်နှလုံးသားရဲ့အရှင်သခင်က မင်းပဲမို့လို့ သီပေါသူလေးတွေ ဘယ်လောက်ချောချော ဒီရင်ထဲကိုမတိုးဘူးရယ်။ ဘယ်မဟေသီတွေဘယ်လောက်လှလှ ကိုယ်ကဒီဘုရင်လေးကိုပဲ ကိုယ့်ရင်ခွင်နန်းတော်မှာ မင်းမူစေချင်နေတာ..။ ဘယ်လိုလုပ်ရပါ့မလဲ...”
သူ့၏စကားကို ကျွန်တော်သိပ်နားမလည်။ ‘လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက’ ဟူသည် မည်သည်ကို ဆိုလိုကြောင်း ကျွန်တော်မသိခဲ့။ သို့သော် ထိုသူ၏စကားသည် သီပေါမြို့၏အအေးဓာတ်ကို အံ့တုစေနိုင်သည့်နွေးထွေးမှုမျိုးအား မိမိကိုပေးစွမ်းခဲ့သည်..။ သို့သော် မယုံချင်သေးပေ။
“ ခင်ဗျားဘာဖြစ်နေတာလဲ “
“ မင်းကိုချစ်နေတာလေ “
ဘယ်လက်မှတ်ကိုပဲဖြတ်ဖြတ် သူ့ရဲ့စကားရထားက နောက်ဆုံး ထိုဘူတာကိုပင် ဆိုက်ရောက်နေသည်ဖြစ်၍ ရှောင်လွှဲ၍မရ...။ ရှောင်လွှဲ၍မရသော ဘူတာကို မည်သည့်စကားနှင့် ရှေ့ဆက်ရမည်နည်း။ ဤသို့စဉ်းစားနေခိုက် ရုတ်တရက် သူပြောလာသည့်စကားသည် မိမိအားအတွေးနယ်တို့မှ ရုန်းထွက်စေခဲ့သည်။
“ မင်းရင်ထဲမှာတခြားလူရှိနေလို့ ကိုယ်မေးတာကိုပြန်မဖြေချင်တာလား... “
“ မရှိပါဘူး “
“ အဲဒါဆို.. ကိုယ့်ကိုချစ်လား “
“ ခင်ဗျား.. ဘာဖြစ်နေတာလဲ...နည်းနည်းပါးပါး စဉ်းစားပါရစေဦးဗျ “
“ အင်းပါ... ဟုတ်ပါပြီ.. အဲဒါဆိုလည်း မင်းကိုစဉ်းစားချိန်တစ်ရက်ပေးမယ်.. “
ကျွန်တော့်စကားကြောင့် သူ၏မျက်စောင်းလေးသည် မိမိထံသို့ ဒိုင်းခနဲရောက်လာသည်။
“ ပြန်လိုက်တော့ခင်ဗျား... “
သူ၏ချစ်စဖွယ်အမူအရာလေးနှင့် ကြင်ကြင်နာနာစကားကြီးသည်လည်း မိမိကိုသဘောကျစေပြန်သည်။
ချစ်မိတော့လည်း ဘာလုပ်လုပ်သဘောကျနေတာပေါ့
“ ဟားဟား.. ကိုယ်ကစတာပါကွာ။ မြတ်သူသဘော စဉ်းစားချင်သလောက်စဉ်းစား.. ဟုတ်ပြီလား။ ဒါနဲ့အခု.. မြတ်သူကဘာတွေဖတ်နေပြန်ပြီလဲ “
“ အခုက... သတင်းစာဖတ်နေတာ.. ခင်ဗျားကိုနေ့တိုင်းကျွန်တော်ကကြီးပဲ ဝတ္ထုစာအုပ်အကြောင်းတွေပြောပြနေရတာ မောနေပြီ။ အဲဒါကြောင့်... ဒီနေ့ သတင်းစာပြောင်းဖတ်နေတာ ခင်ဗျားကိုမပြောပြချင်လို့ “
သူပြောမှသတိထားမိသည်။ ဟုတ်ပါသည်။ ညတိုင်းလိုလို သူကပင် မိမိအားစာအုပ်အကြောင်းသာ ပြောပြနေရသည်။ သူ.. ငြီးငွေ့နေမည်ထင်သည်။ သူသည် မိမိအားငြီးငွေ့နေပြီဟူသော အသိနှင့်ပင် မိမိရင်ထဲ၌ ဘလောင်ဆူနေသည်။ နှလုံးသားထဲမှ ခံစားမှုသည် မျက်နှာပေါ်တွင်ထင်ဟပ်လာသောအခါ ကောင်လေးသည် သတိထားမိခဲ့သည်..။
“ ဟိုလေ.. ကျွန်တော်ကစလိုက်တာပါ။ အမှန်တိုင်းပြောရရင်တော့ အလုပ်ရှာနေတာ။ အလုပ်မရှိဘဲ အိမ်မှာနေရတာပျင်းနေပြီ “
“ မြတ်သူမပျင်းအောင်.. ကိုယ်က ညတိုင်းလာပေးတယ်လေ.. “
“ အဲဒါက ညလေ.. နေ့ဘက်ကျတော့ပျင်းနေတာပေါ့..။ ဒါနဲ့.. မေးစရာရှိတယ်.. ခင်ဗျားကဘာလို့ညဘက်မှ ရောက်ရောက်လာတာလဲ...။ နေ့ခင်းတွေမှာ ခင်ဗျားကို မမြင်ရဘူး.။ ဘာလို့လဲ...။ နောက်ပြီး.. ခင်ဗျားကအဘနဲ့ ဘာတော်တာလဲ.. မိဘတွေကရော ဘယ်မှာနေတာလဲ “
မိမိတွေးနေသည့်အတိုင်းပင် သူမေးလာပါသည်။ မည်သို့ပြန်ဖြေရမှန်းမသိ။ သူ၏ထိုမေးခွန်းကိုဖြေရန် အဖြေရှာမရသေးသည်မို့ အရင်နေ့များစွာက သူ့ထံသို့ ရောက်မလာသော်လည်း သူညတိုင်းအပြင်ထွက်နေလျှင်ထိခိုက်မည်အား စိုးရိမ်သောကြောင့် ဤကဲ့သို့ လာမှ အမေးခံရပြီ..။ အဖြစ်မှန်တိုင်းကို ပြောပြလိုက်လျှင် သူ.. လက်ခံနိုင်မည်လော။ သူသိပ်ကြောက်သွားမည်လော။ သူကြောက်သွားခဲ့သည်ရှိသော် သူနှင့်မိမိအကြား ယခုကဲ့သို့အခွင့်အရေးမျိုး ရနိုင်တော့မည်မဟုတ်။ မည်သို့ဖြေရမည်နည်း။
Advertisement
မဖြစ်ဘူး.. အဲဒီလိုလုပ်လို့မဖြစ်ဘူး..။ သူ့အနားမှာနေချင်သေးတယ်..။ ကွဲကွာခဲ့တုန်းက လွမ်းမြေ့ခဲ့တာတွေအတွက် ဖြေသိမ့်ချင်သေးတယ်...။
ထိုသို့သောအတွေးများသည် မိမိအားစိုးမိုးသွားခိုက် အမြင်အာရုံတို့၌ တဖြည်းဖြည်းမြင်လာသည်က အတိတ်၏အရိပ်မဲအချို့..။ သူ၏သွေးများစွန်းထင်ခဲ့သည့် မိမိ၏လက်တစ်စုံ..။ နာကျင်နေသည့် သူ၏မျက်ဝန်းများ...။
၎င်းပုံရိပ်များမြင်ယောင်ခိုက် မိမိ၏စိတ်တို့သည် ဝမ်းနည်းမှုအတိ..။ နှလုံးသားသည်လည်း စူးနစ်မှုအတိ..။ မျက်ရည်စတို့သည်လည်း မျက်ဝန်းထဲတွင် နေရာယူလာသည်။
“ ဒီမှာ.. ဒီမှာ.. ခင်ဗျားဘာဖြစ်နေတာလဲ.. “
စိုင်းထွဋ်ခေါင်၏ ဝမ်းနည်းသည့်ပုံရိပ်များကိုမြင်ရသည်မို့ မြတ်သူ၏ စိတ်များသည်လည်း အစိုးမရ..။
မိမိမေးခွန်းများကမှားနေသလား.. သူ့ကိုနာကျင်စေမိသလား..။ မိမိမေးလိုက်သည့် မေးခွန်းများမှာလည်း သာမန်မေးခွန်းမျိုးပင်။ ဖြေရခက်သည့် အမေးမျိုးမဟုတ်။ ထိုသာမန်မေးခွန်းတို့သည်သူ့အား မည်သည့်အတွက်ကြောင့် ခက်ခဲစေပါသနည်း။
“ ကိုစိုင်းထွဋ်ခေါင်.. “
“ ဟမ်...”
မြတ်သူသည် စိုင်းထွဋ်ခေါင်၏ကိုယ်ကိုလှုပ်ရမ်းကာ ခေါ်သည့်အခါမှသာ အတွေးနယ်ကျွံသွားသော စိုင်းထွဋ်ခေါင်သည် ကြောင်အမ်းအမ်းဖြင့် ပြန်ထူးခဲ့သည်။
“ ဘာဖြစ်သွားတာလဲ “
“ ဘာမှ.. ဘာမှမဖြစ်ပါဘူး..။ ကိုယ်.. ကိုယ်ပြန်တော့မယ်နော် “
တုန်ယင်စွာဆိုလာသည့် သူ၏စကားသည် မိမိအထင်များ မှန်ကန်ကြောင်းကိုသက်သေပြနေသည်။
ထို့နောက် မြတ်သူသည် နှုတ်ခမ်းလေးကို တစ်ခြမ်းကွေးရုံမျှပြုံးလိုက်သည်။ မြတ်သူက စာဖတ်ဝါသနာပါသောသူဖြစ်သည်။ စာပေမှပေးသောအသိအမြင်သည် သူ့ထံတွင်ရှိသည်။
စာပေလိုက်စားသောသူသည် တုံးအသည် ဆိုသည်မှာ ဖြစ်နိုင်မည်မဟုတ်။ ပတ်ဝန်းကျင်၏ အနေအထားမမှန်ကန်မှုကို သူမသိခြင်းသည် ဖြစ်နိုင်မည်မဟုတ်။
မသိသည်မဟုတ်ပါ။ ကျွန်တော်သိပါသည်..။
စကားပုံကြားဖူးတယ်မဟုတ်လား..။ အိပ်ချင်ယောင်ဆောင်နေတဲ့သူက ပိုနှိုးရခက်တယ်ဆိုတာ...။ သိရဲ့နဲ့မသိချင်ယောင်ဆောင်နေခဲ့တာပါ..။ သူ.. ဘယ်သူလဲဆိုတာ ရေရေရာရာမသိဘူး။ သူပြောသလောက်သာသိထားပေမဲ့ သူ.. ဘာလဲဆိုတာတော့ ကျွန်တော်သိတယ်လေ။
စင်စစ်..သူသည်..ကျွန်တော်တို့နှင့်ဘဝချင်းခြားနေသူဖြစ်သည်..။
‘ သိရဲ့သားနဲ့ ဘာလို့မကြောက်တာလဲ’ ဟုမေးဖွယ်ရာရှိမည်။
ရှင်းရှင်းလေးပါ..။ သူကျွန်တော့်ကို အန္တရာယ်မပြုလို့လေ။
သူသည် မိမိအားထိခိုက်ပျက်စီးစေလို၍လာသောဧည့်သည်မဟုတ်..။ သူ့ထံတွင်သာ မိမိအား ထိခိုက်စေလိုခြင်းရှိခဲ့လျှင် သူသည်မိမိနှင့်ဦးစွာ တွေ့ဆုံကတည်းကပင် အန္တရာယ်ပြုနိုင်ခွင့် အပြည့်အဝရှိနေသည်။ သူ၏သဘောအတိုင်းသာ မိမိအသက်ကိုခြယ်လှယ်လိုက်နိုင်သည်..။
မိမိအသက်ကိုလည်း အန္တရာယ်မပြုလိုဘဲ အဘယ်ကြောင့်ချဉ်းကပ်ခဲ့ပါသနည်း..။ ထိုမေးခွန်းအား မိမိကိုယ်တိုင်လည်း အဖြေရှာ၍မရသေးပေ။ သေချာစွာသိနေသည်က သူသည် မိမိတို့ဤအိမ်သို့ မရောက်ခင်ကတည်းကပင် ကြိုတင်ရောက်နှင့်နေသော ဧည့်သည်ဖြစ်သည်။
ဧည့်သည်..။ သူ့အား... သရဲ၊ တစ္ဆေ၊ ဘီလူး စသည့် ဂယက်အနက်ပြင်းထန်လွန်းသော စကားများနှင့် အမည်မပေးချင်သောကြောင့် ဧည့်သည်ဟုသာ အမည်တွင်စေသည်။
အဘယ်ကြောင့် နူးညံ့စွာသုံးနှုန်းရပါသနည်း။
ရှင်းပါတယ်..။ ကျွန်တော်သူ့ကိုချစ်မိလို့..။
ထပ်၍မေးဖွယ်ရာရှိနိုင်ဦးမည်..။
လူမဟုတ်ကြောင်း သိပါလျက် အဘယ်ကြောင့်ချစ်ရပါသနည်း..။
ထိုမေးခွန်ကို ဖြေဖို့ရာ ကျွန်တော့်တွင် အခက်အခဲနည်းနည်းရှိပါသည်။ အစတွင်မူ မိမိကိုယ်ကိုမိမိ ထိုမေးခွန်းမျိုးမေးဖူးပါသည်။ သိပ်၍စဉ်းစားရခက်သည်နှင့် ရှေးရေစက်ကိုသာ အပြစ်လွှဲချမိပါသည်။ မည်သည့် ရေစက်ကြောင့်မှန်းမသိသောလည်း သူ့ကို မိမိရင်ခုန်သည်..။ သူဝမ်းနည်းလျှင် မိမိဝမ်းနည်းသည်။
ထပ်၍ မေးဖွယ်ရာရှိဦးမည်..။
‘ ဘဝချင်းမတူတာကိုတောင် ချစ်ရဲတဲ့အထိ မိုက်ရူးရဲဆန်သလား။ စာပေကပေးတဲ့အသိတွေ ဘယ်ရောက်သွားပြီလဲ’ ဟုအပြစ်တင်နိုင်သည်..။
စာပေကပေးတဲ့အသိ....။
သူနဲ့မတွေ့ခင်အထိ ကျွန်တော့်မှာအဲဒီအသိရှိနေသေးတယ်။ သူနဲ့တွေ့ပြီးနောက်ပိုင်း အဲဒီအသိတွေ ဘယ်ရောက်သွားပြီလဲ..။ ကျွန်တော်လည်း ရှာမရခဲ့ဘူး။ နှလုံးသားက ဦးနှောက်ကိုစိုးမိုးသွားလို့ပျောက်ကုန်တာလား။ သူနဲ့ပတ်သက်ပြီးမှ စာပေကပေးတဲ့အသိတွေ ပျောက်ကုန်လို့ စာပေပညာရှင်များ ကိုတကယ်အားနာမိပါရဲ့။ ဒါပေမဲ့ ပျောက်သွားအသိကတစ်ခုတည်းပါ။ အဲဒါက.. ဘဝချင်းမတူတဲ့သူ၊ ကမ္ဘာချင်းခြားနေတဲ့သူကို မေတ္တာမမျှသင့်ကြောင်းပါ။
ဘာလို့ အဲဒီအသိကြီး ပျောက်သွားတာလဲ။
ဒါလဲရှင်းပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က သူ့ကိုမေတ္တာရှိနေလို့လေ။ ကျန်တဲ့စာပေကပေးတဲ့အသိလေးတော့ရှိနေပါသေးတယ်။
သူကကျွန်တော်တို့နဲ့ မတူမှန်းစသိခဲ့တာကြာပါပြီ..။
ညရောက်မှပေါ်လာတဲ့သူ.. ပုံမှန်းမဟုတ်ဘူးလေ။
တွယ်တတ်ဖို့မလွယ်ကူတဲ့ အိမ်အနောက်ဘက်ချမ်းက နံရံပြောင်ချောကို လှေကားမပါ၊ ကြိုးမပါ၊ တခြားသူရဲ့ အကူအညီမပါဘဲ အလွယ်တကူ ကျွန်တော့်အခန်းထဲကို ဝင်ရောက်လာတဲ့သူက ပုံမှန်မဟုတ်ဘူးလေ...။
အချိန်တိုင်းအေးစက်နေတဲ့ သူ့ရဲ့အသားအရေက ပုံမှန်မဟုတ်ဘူးလေ...။
မှန်ပေါ်မှာ ပုံရိပ်မပေါတဲ့သူက ပုံမှန်မဟုတ်ဘူးလေ..။
မီးရောင်အောက်မှာ အရိပ်မထင်တဲ့သူက ပုံမှန်မဟုတ်ဘူးလေ...။
သူ့ရဲ့ပုံမှန်မဟုတ်တဲ့ အနေအထားအားလုံးကိုကျွန်တော်လျစ်လျူရှုခဲ့တယ်..။ သူ့ကိုအပြစ်မမြင်ခဲ့ဖူးပါ..။
မှန်တွင်ပုံရိပ်မပေါ်သောသူက အဘယ့်ကြောင့် မိမိအား ချဉ်းကပ်ခဲ့သနည်း ဟုအပြစ်တင်ရမည့်အစား သူ၏ပုံရိပ်မပေါ်သောမှန်ကိုသာအပြစ်တင်လျက် ထိုမှန်အား လိုက်ကာအမည်းလေးနှင့် ဖုံးထားမိသည်..။
မီးရောင်အောက်တွင် အရိပ်မပေါ်သောသူက အဘယ့်ကြောင့် မိမိအားချဉ်းကပ်ခဲ့သနည်း ဟုအပြစ်တင်မည့်အစား သူ၏အရိပ်မပေါ်သော ညမီးရောင်ကိုသာအပြစ်တင်လျက် သူရောက်လာသောအခါတွင် မီးမှိတ်ထားလေ့ရှိသည်..။
သူ၏ အသားအရေအေးစက်စက်နှင့် အဘယ်ကြောင့် မိမိအားထွေးပွေ့ချင်ပါသနည်းဟု အပြစ်တင်မည့်အစား သီပေါရာသီဥတုကိုသာအပြစ်လိုက်သည်..။
လူသားမဟုတ်ကြောင်းသိလျက်ပင် စိုင်းထွဋ်ခေါင်အား ဤမျှချစ်ခဲ့သည်ကို ကြည့်ခြင်းဖြင့် မြတ်သူ၏ချစ်ခြင်းမေတ္တာသည် မည်မျှကြီးမားနေကြောင်းခန့်မှန်းနိုင်ပါသည်။
Advertisement
For Zawgyi
သူႏွင့္
မေန႔ညက သူေျပာသြားတဲ့စကား..။ တကယ္ပဲ စခ်င္တာလား၊ အတည္ပဲေျပာေနတာလား..။
သူ႔ဘက္မွေသခ်ာမႈမရွိ ေျပာသြားျခင္းအား မိမိသည္ကအဘယ္၍ေၾကာင့္ ဤမွ်ရင္ခုန္ေနရပါသနည္း..။ တစ္ေန႔တာလုံးတြင္လည္း မည္သည္အလုပ္ကိုပင္ လုပ္ေနသည္ျဖစ္ေစ သူေျပာခဲ့သည့္ အသံကိုပင္ ၾကားေနရသည္။ သူ႔မ်က္ႏွာကိုသာ ျမင္ေနရသည္။
ခင္ဗ်ားဟာေလ ကြၽန္ေတာ့္ကိုအမ်ိဳးမ်ိဳးျပဳစားႏိုင္လြန္းတယ္.. ။
ထို႔ေနာက္ျမတ္သူတစ္ေယာက္ အလုပ္ရွာရန္သတင္းစာဖတ္ေနခိုက္ ျပတင္းေပါက္မွေခၚသံတစ္ခုသည္ ထြက္ေပၚလာသည္။ ႐ုတ္တရက္မို႔ ျမတ္သူသည္ ကိုယ္ေလးတုန္းသြားကာ ေမႊးညႇင္းေလးမ်ားပင္ေထာင္သြားသည္ဟုထင္ရသည္။
“ ခင္ဗ်ားအသံႀကီးကလည္း ေၾကာက္စရာေကာင္းလိုက္တာ “
“ ကိုယ့္ပုံစံကေရာ ေၾကာက္စရာမေကာင္းဘူးလား “
“ ပုံစံလား.. ႐ုပ္ကေတာ့ေခ်ာပါရဲ႕။ ဒါေပမဲ့... ဒီဝတ္စုံႀကီးနဲ႔က်ေတာ့တစ္မ်ိဳးပဲ..။ အၿမဲတမ္းအဲဒီရွမ္းဝတ္စုံႀကီးပဲဝတ္တာလား..”
“ အင္း.. ကိုယ္နဲ႔မလိုက္လို႔လား “
“ မလိုက္တာလည္း မဟုတ္ပါဘူး...။ ကြၽန္ေတာ့္လိုဝတ္လိုက္ရင္ေတာ့ ပိုေခ်ာသြားမွာ “
သူ႔လိုဝတ္ရမယ္တဲ့လား..။
သူ႔ကိုၾကည့္မိေတာ့ နက္ျပာေရာင္အေႏြးထည္ႀကီးေၾကာင့္ သူ႔၏ေသးငယ္ေသာ ကိုယ္ေလးသည္ ေပ်ာက္ေတာ့မည့္အလား။
“ ဘာလို႔အဲဒီလိုႀကီးေတြပဲဝတ္တာလဲ ႀကိဳက္လို႔လား.. “
“ အင္း.. တစ္သက္လုံးဒါပဲဝတ္လာတာဆိုေတာ့.. ဒါနဲ႔ပဲေနသားက်ေနတာပါ “
“ ဟြန္... လူျဖစ္ရက်ိဳးမနပ္လိုက္တာ..။ နည္းနည္းပါးပါးေလးေျပာင္းလဲပါဦး...။ အခုလို ပုံတုံးႀကီးနဲ႔ေသတဲ့အထိေနမလို႔လား “
“ အင္း “
႐ြဲ႕လို႔႐ြဲ႕မွန္းမသိတဲ့ဒီလူႀကီးက တကယ္ပဲတုံးတာလား.. ႐ိုးသားတာလား...
“ ဒါနဲ႔.. မေန႔ညက ကိုယ္ေျပာခဲ့တာကိုစဥ္စားၿပီးၿပီလား.. “
ဘယ္လိုလူလဲ.. ဒီလူတကယ္ပဲမွတ္မိေနတာလား..။ ငါ့ကိုသက္သက္မ်ားစေနတာလား။
“ ခင္ဗ်ား မစနဲ႔ဗ်ာ.. အဲဒါႀကီးက စလို႔ေကာင္းတဲ့အရာမဟုတ္ဘူးဗ်..”
“ စေနတာမဟုတ္ဘူးလို႔ ေျပာခဲ့သားပဲ “
“ ဘာလို႔ကြၽန္ေတာ့္ကိုမွလဲ။ သီေပါသူေလးေတြက ပိုေခ်ာ ပိုလွတာပဲ..။ သူတို႔ကို သေဘာမက်ဘူးလား..”
“ လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာကတည္းက ကိုယ့္ႏွလုံးသားရဲ႕အရွင္သခင္က မင္းပဲမို႔လို႔ သီေပါသူေလးေတြ ဘယ္ေလာက္ေခ်ာေခ်ာ ဒီရင္ထဲကိုမတိုးဘူးရယ္။ ဘယ္မေဟသီေတြဘယ္ေလာက္လွလွ ကိုယ္ကဒီဘုရင္ေလးကိုပဲ ကိုယ့္ရင္ခြင္နန္းေတာ္မွာ မင္းမူေစခ်င္ေနတာ..။ ဘယ္လိုလုပ္ရပါ့မလဲ...”
သူ႔၏စကားကို ကြၽန္ေတာ္သိပ္နားမလည္။ ‘လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာကတည္းက’ ဟူသည္ မည္သည္ကို ဆိုလိုေၾကာင္း ကြၽန္ေတာ္မသိခဲ့။ သို႔ေသာ္ ထိုသူ၏စကားသည္ သီေပါၿမိဳ႕၏အေအးဓာတ္ကို အံ့တုေစႏိုင္သည့္ေႏြးေထြးမႈမ်ိဳးအား မိမိကိုေပးစြမ္းခဲ့သည္..။ သို႔ေသာ္ မယုံခ်င္ေသးေပ။
“ ခင္ဗ်ားဘာျဖစ္ေနတာလဲ “
“ မင္းကိုခ်စ္ေနတာေလ “
ဘယ္လက္မွတ္ကိုပဲျဖတ္ျဖတ္ သူ႔ရဲ႕စကားရထားက ေနာက္ဆုံး ထိုဘူတာကိုပင္ ဆိုက္ေရာက္ေနသည္ျဖစ္၍ ေရွာင္လႊဲ၍မရ...။ ေရွာင္လႊဲ၍မရေသာ ဘူတာကို မည္သည့္စကားႏွင့္ ေရွ႕ဆက္ရမည္နည္း။ ဤသို႔စဥ္းစားေနခိုက္ ႐ုတ္တရက္ သူေျပာလာသည့္စကားသည္ မိမိအားအေတြးနယ္တို႔မွ ႐ုန္းထြက္ေစခဲ့သည္။
“ မင္းရင္ထဲမွာတျခားလူရွိေနလို႔ ကိုယ္ေမးတာကိုျပန္မေျဖခ်င္တာလား... “
“ မရွိပါဘူး “
“ အဲဒါဆို.. ကိုယ့္ကိုခ်စ္လား “
“ ခင္ဗ်ား.. ဘာျဖစ္ေနတာလဲ...နည္းနည္းပါးပါး စဥ္းစားပါရေစဦးဗ် “
“ အင္းပါ... ဟုတ္ပါၿပီ.. အဲဒါဆိုလည္း မင္းကိုစဥ္းစားခ်ိန္တစ္ရက္ေပးမယ္.. “
ကြၽန္ေတာ့္စကားေၾကာင့္ သူ၏မ်က္ေစာင္းေလးသည္ မိမိထံသို႔ ဒိုင္းခနဲေရာက္လာသည္။
“ ျပန္လိုက္ေတာ့ခင္ဗ်ား... “
သူ၏ခ်စ္စဖြယ္အမူအရာေလးႏွင့္ ၾကင္ၾကင္နာနာစကားႀကီးသည္လည္း မိမိကိုသေဘာက်ေစျပန္သည္။
ခ်စ္မိေတာ့လည္း ဘာလုပ္လုပ္သေဘာက်ေနတာေပါ့
“ ဟားဟား.. ကိုယ္ကစတာပါကြာ။ ျမတ္သူသေဘာ စဥ္းစားခ်င္သေလာက္စဥ္းစား.. ဟုတ္ၿပီလား။ ဒါနဲ႔အခု.. ျမတ္သူကဘာေတြဖတ္ေနျပန္ၿပီလဲ “
“ အခုက... သတင္းစာဖတ္ေနတာ.. ခင္ဗ်ားကိုေန႔တိုင္းကြၽန္ေတာ္ကႀကီးပဲ ဝတၳဳစာအုပ္အေၾကာင္းေတြေျပာျပေနရတာ ေမာေနၿပီ။ အဲဒါေၾကာင့္... ဒီေန႔ သတင္းစာေျပာင္းဖတ္ေနတာ ခင္ဗ်ားကိုမေျပာျပခ်င္လို႔ “
သူေျပာမွသတိထားမိသည္။ ဟုတ္ပါသည္။ ညတိုင္းလိုလို သူကပင္ မိမိအားစာအုပ္အေၾကာင္းသာ ေျပာျပေနရသည္။ သူ.. ၿငီးေငြ႕ေနမည္ထင္သည္။ သူသည္ မိမိအားၿငီးေငြ႕ေနၿပီဟူေသာ အသိႏွင့္ပင္ မိမိရင္ထဲ၌ ဘေလာင္ဆူေနသည္။ ႏွလုံးသားထဲမွ ခံစားမႈသည္ မ်က္ႏွာေပၚတြင္ထင္ဟပ္လာေသာအခါ ေကာင္ေလးသည္ သတိထားမိခဲ့သည္..။
“ ဟိုေလ.. ကြၽန္ေတာ္ကစလိုက္တာပါ။ အမွန္တိုင္းေျပာရရင္ေတာ့ အလုပ္ရွာေနတာ။ အလုပ္မရွိဘဲ အိမ္မွာေနရတာပ်င္းေနၿပီ “
“ ျမတ္သူမပ်င္းေအာင္.. ကိုယ္က ညတိုင္းလာေပးတယ္ေလ.. “
“ အဲဒါက ညေလ.. ေန႔ဘက္က်ေတာ့ပ်င္းေနတာေပါ့..။ ဒါနဲ႔.. ေမးစရာရွိတယ္.. ခင္ဗ်ားကဘာလို႔ညဘက္မွ ေရာက္ေရာက္လာတာလဲ...။ ေန႔ခင္းေတြမွာ ခင္ဗ်ားကို မျမင္ရဘူး.။ ဘာလို႔လဲ...။ ေနာက္ၿပီး.. ခင္ဗ်ားကအဘနဲ႔ ဘာေတာ္တာလဲ.. မိဘေတြကေရာ ဘယ္မွာေနတာလဲ “
မိမိေတြးေနသည့္အတိုင္းပင္ သူေမးလာပါသည္။ မည္သို႔ျပန္ေျဖရမွန္းမသိ။ သူ၏ထိုေမးခြန္းကိုေျဖရန္ အေျဖရွာမရေသးသည္မို႔ အရင္ေန႔မ်ားစြာက သူ႔ထံသို႔ ေရာက္မလာေသာ္လည္း သူညတိုင္းအျပင္ထြက္ေနလွ်င္ထိခိုက္မည္အား စိုးရိမ္ေသာေၾကာင့္ ဤကဲ့သို႔ လာမွ အေမးခံရၿပီ..။ အျဖစ္မွန္တိုင္းကို ေျပာျပလိုက္လွ်င္ သူ.. လက္ခံႏိုင္မည္ေလာ။ သူသိပ္ေၾကာက္သြားမည္ေလာ။ သူေၾကာက္သြားခဲ့သည္ရွိေသာ္ သူႏွင့္မိမိအၾကား ယခုကဲ့သို႔အခြင့္အေရးမ်ိဳး ရႏိုင္ေတာ့မည္မဟုတ္။ မည္သို႔ေျဖရမည္နည္း။
မျဖစ္ဘူး.. အဲဒီလိုလုပ္လို႔မျဖစ္ဘူး..။ သူ႔အနားမွာေနခ်င္ေသးတယ္..။ ကြဲကြာခဲ့တုန္းက လြမ္းေျမ့ခဲ့တာေတြအတြက္ ေျဖသိမ့္ခ်င္ေသးတယ္...။
ထိုသို႔ေသာအေတြးမ်ားသည္ မိမိအားစိုးမိုးသြားခိုက္ အျမင္အာ႐ုံတို႔၌ တျဖည္းျဖည္းျမင္လာသည္က အတိတ္၏အရိပ္မဲအခ်ိဳ႕..။ သူ၏ေသြးမ်ားစြန္းထင္ခဲ့သည့္ မိမိ၏လက္တစ္စုံ..။ နာက်င္ေနသည့္ သူ၏မ်က္ဝန္းမ်ား...။
၎ပုံရိပ္မ်ားျမင္ေယာင္ခိုက္ မိမိ၏စိတ္တို႔သည္ ဝမ္းနည္းမႈအတိ..။ ႏွလုံးသားသည္လည္း စူးနစ္မႈအတိ..။ မ်က္ရည္စတို႔သည္လည္း မ်က္ဝန္းထဲတြင္ ေနရာယူလာသည္။
“ ဒီမွာ.. ဒီမွာ.. ခင္ဗ်ားဘာျဖစ္ေနတာလဲ.. “
စိုင္းထြဋ္ေခါင္၏ ဝမ္းနည္းသည့္ပုံရိပ္မ်ားကိုျမင္ရသည္မို႔ ျမတ္သူ၏ စိတ္မ်ားသည္လည္း အစိုးမရ..။
မိမိေမးခြန္းမ်ားကမွားေနသလား.. သူ႔ကိုနာက်င္ေစမိသလား..။ မိမိေမးလိုက္သည့္ ေမးခြန္းမ်ားမွာလည္း သာမန္ေမးခြန္းမ်ိဳးပင္။ ေျဖရခက္သည့္ အေမးမ်ိဳးမဟုတ္။ ထိုသာမန္ေမးခြန္းတို႔သည္သူ႔အား မည္သည့္အတြက္ေၾကာင့္ ခက္ခဲေစပါသနည္း။
“ ကိုစိုင္းထြဋ္ေခါင္.. “
“ ဟမ္...”
ျမတ္သူသည္ စိုင္းထြဋ္ေခါင္၏ကိုယ္ကိုလႈပ္ရမ္းကာ ေခၚသည့္အခါမွသာ အေတြးနယ္ကြၽံသြားေသာ စိုင္းထြဋ္ေခါင္သည္ ေၾကာင္အမ္းအမ္းျဖင့္ ျပန္ထူးခဲ့သည္။
“ ဘာျဖစ္သြားတာလဲ “
“ ဘာမွ.. ဘာမွမျဖစ္ပါဘူး..။ ကိုယ္.. ကိုယ္ျပန္ေတာ့မယ္ေနာ္ “
တုန္ယင္စြာဆိုလာသည့္ သူ၏စကားသည္ မိမိအထင္မ်ား မွန္ကန္ေၾကာင္းကိုသက္ေသျပေနသည္။
ထို႔ေနာက္ ျမတ္သူသည္ ႏႈတ္ခမ္းေလးကို တစ္ျခမ္းေကြး႐ုံမွ်ၿပဳံးလိုက္သည္။ ျမတ္သူက စာဖတ္ဝါသနာပါေသာသူျဖစ္သည္။ စာေပမွေပးေသာအသိအျမင္သည္ သူ႔ထံတြင္ရွိသည္။
စာေပလိုက္စားေသာသူသည္ တုံးအသည္ ဆိုသည္မွာ ျဖစ္ႏိုင္မည္မဟုတ္။ ပတ္ဝန္းက်င္၏ အေနအထားမမွန္ကန္မႈကို သူမသိျခင္းသည္ ျဖစ္ႏိုင္မည္မဟုတ္။
မသိသည္မဟုတ္ပါ။ ကြၽန္ေတာ္သိပါသည္..။
စကားပုံၾကားဖူးတယ္မဟုတ္လား..။ အိပ္ခ်င္ေယာင္ေဆာင္ေနတဲ့သူက ပိုႏႈိးရခက္တယ္ဆိုတာ...။ သိရဲ႕နဲ႔မသိခ်င္ေယာင္ေဆာင္ေနခဲ့တာပါ..။ သူ.. ဘယ္သူလဲဆိုတာ ေရေရရာရာမသိဘူး။ သူေျပာသေလာက္သာသိထားေပမဲ့ သူ.. ဘာလဲဆိုတာေတာ့ ကြၽန္ေတာ္သိတယ္ေလ။
စင္စစ္..သူသည္..ကြၽန္ေတာ္တို႔ႏွင့္ဘဝခ်င္းျခားေနသူျဖစ္သည္..။
‘ သိရဲ႕သားနဲ႔ ဘာလို႔မေၾကာက္တာလဲ’ ဟုေမးဖြယ္ရာရွိမည္။
ရွင္းရွင္းေလးပါ..။ သူကြၽန္ေတာ့္ကို အႏၲရာယ္မျပဳလို႔ေလ။
သူသည္ မိမိအားထိခိုက္ပ်က္စီးေစလို၍လာေသာဧည့္သည္မဟုတ္..။ သူ႔ထံတြင္သာ မိမိအား ထိခိုက္ေစလိုျခင္းရွိခဲ့လွ်င္ သူသည္မိမိႏွင့္ဦးစြာ ေတြ႕ဆုံကတည္းကပင္ အႏၲရာယ္ျပဳႏိုင္ခြင့္ အျပည့္အဝရွိေနသည္။ သူ၏သေဘာအတိုင္းသာ မိမိအသက္ကိုျခယ္လွယ္လိုက္ႏိုင္သည္..။
မိမိအသက္ကိုလည္း အႏၲရာယ္မျပဳလိုဘဲ အဘယ္ေၾကာင့္ခ်ဥ္းကပ္ခဲ့ပါသနည္း..။ ထိုေမးခြန္းအား မိမိကိုယ္တိုင္လည္း အေျဖရွာ၍မရေသးေပ။ ေသခ်ာစြာသိေနသည္က သူသည္ မိမိတို႔ဤအိမ္သို႔ မေရာက္ခင္ကတည္းကပင္ ႀကိဳတင္ေရာက္ႏွင့္ေနေသာ ဧည့္သည္ျဖစ္သည္။
ဧည့္သည္..။ သူ႔အား... သရဲ၊ တေစၦ၊ ဘီလူး စသည့္ ဂယက္အနက္ျပင္းထန္လြန္းေသာ စကားမ်ားႏွင့္ အမည္မေပးခ်င္ေသာေၾကာင့္ ဧည့္သည္ဟုသာ အမည္တြင္ေစသည္။
အဘယ္ေၾကာင့္ ႏူးညံ့စြာသုံးႏႈန္းရပါသနည္း။
ရွင္းပါတယ္..။ ကြၽန္ေတာ္သူ႔ကိုခ်စ္မိလို႔..။
ထပ္၍ေမးဖြယ္ရာရွိႏိုင္ဦးမည္..။
လူမဟုတ္ေၾကာင္း သိပါလ်က္ အဘယ္ေၾကာင့္ခ်စ္ရပါသနည္း..။
ထိုေမးခြန္ကို ေျဖဖို႔ရာ ကြၽန္ေတာ့္တြင္ အခက္အခဲနည္းနည္းရွိပါသည္။ အစတြင္မူ မိမိကိုယ္ကိုမိမိ ထိုေမးခြန္းမ်ိဳးေမးဖူးပါသည္။ သိပ္၍စဥ္းစားရခက္သည္ႏွင့္ ေရွးေရစက္ကိုသာ အျပစ္လႊဲခ်မိပါသည္။ မည္သည့္ ေရစက္ေၾကာင့္မွန္းမသိေသာလည္း သူ႔ကို မိမိရင္ခုန္သည္..။ သူဝမ္းနည္းလွ်င္ မိမိဝမ္းနည္းသည္။
ထပ္၍ ေမးဖြယ္ရာရွိဦးမည္..။
‘ ဘဝခ်င္းမတူတာကိုေတာင္ ခ်စ္ရဲတဲ့အထိ မိုက္႐ူးရဲဆန္သလား။ စာေပကေပးတဲ့အသိေတြ ဘယ္ေရာက္သြားၿပီလဲ’ ဟုအျပစ္တင္ႏိုင္သည္..။
စာေပကေပးတဲ့အသိ....။
သူနဲ႔မေတြ႕ခင္အထိ ကြၽန္ေတာ့္မွာအဲဒီအသိရွိေနေသးတယ္။ သူနဲ႔ေတြ႕ၿပီးေနာက္ပိုင္း အဲဒီအသိေတြ ဘယ္ေရာက္သြားၿပီလဲ..။ ကြၽန္ေတာ္လည္း ရွာမရခဲ့ဘူး။ ႏွလုံးသားက ဦးေႏွာက္ကိုစိုးမိုးသြားလို႔ေပ်ာက္ကုန္တာလား။ သူနဲ႔ပတ္သက္ၿပီးမွ စာေပကေပးတဲ့အသိေတြ ေပ်ာက္ကုန္လို႔ စာေပပညာရွင္မ်ား ကိုတကယ္အားနာမိပါရဲ႕။ ဒါေပမဲ့ ေပ်ာက္သြားအသိကတစ္ခုတည္းပါ။ အဲဒါက.. ဘဝခ်င္းမတူတဲ့သူ၊ ကမာၻခ်င္းျခားေနတဲ့သူကို ေမတၱာမမွ်သင့္ေၾကာင္းပါ။
ဘာလို႔ အဲဒီအသိႀကီး ေပ်ာက္သြားတာလဲ။
ဒါလဲရွင္းပါတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္က သူ႔ကိုေမတၱာရွိေနလို႔ေလ။ က်န္တဲ့စာေပကေပးတဲ့အသိေလးေတာ့ရွိေနပါေသးတယ္။
သူကကြၽန္ေတာ္တို႔နဲ႔ မတူမွန္းစသိခဲ့တာၾကာပါၿပီ..။
ညေရာက္မွေပၚလာတဲ့သူ.. ပုံမွန္းမဟုတ္ဘူးေလ။
တြယ္တတ္ဖို႔မလြယ္ကူတဲ့ အိမ္အေနာက္ဘက္ခ်မ္းက နံရံေျပာင္ေခ်ာကို ေလွကားမပါ၊ ႀကိဳးမပါ၊ တျခားသူရဲ႕ အကူအညီမပါဘဲ အလြယ္တကူ ကြၽန္ေတာ့္အခန္းထဲကို ဝင္ေရာက္လာတဲ့သူက ပုံမွန္မဟုတ္ဘူးေလ...။
အခ်ိန္တိုင္းေအးစက္ေနတဲ့ သူ႔ရဲ႕အသားအေရက ပုံမွန္မဟုတ္ဘူးေလ...။
မွန္ေပၚမွာ ပုံရိပ္မေပါတဲ့သူက ပုံမွန္မဟုတ္ဘူးေလ..။
မီးေရာင္ေအာက္မွာ အရိပ္မထင္တဲ့သူက ပုံမွန္မဟုတ္ဘူးေလ...။
သူ႔ရဲ႕ပုံမွန္မဟုတ္တဲ့ အေနအထားအားလုံးကိုကြၽန္ေတာ္လ်စ္လ်ဴရႈခဲ့တယ္..။ သူ႔ကိုအျပစ္မျမင္ခဲ့ဖူးပါ..။
မွန္တြင္ပုံရိပ္မေပၚေသာသူက အဘယ့္ေၾကာင့္ မိမိအား ခ်ဥ္းကပ္ခဲ့သနည္း ဟုအျပစ္တင္ရမည့္အစား သူ၏ပုံရိပ္မေပၚေသာမွန္ကိုသာအျပစ္တင္လ်က္ ထိုမွန္အား လိုက္ကာအမည္းေလးႏွင့္ ဖုံးထားမိသည္..။
မီးေရာင္ေအာက္တြင္ အရိပ္မေပၚေသာသူက အဘယ့္ေၾကာင့္ မိမိအားခ်ဥ္းကပ္ခဲ့သနည္း ဟုအျပစ္တင္မည့္အစား သူ၏အရိပ္မေပၚေသာ ညမီးေရာင္ကိုသာအျပစ္တင္လ်က္ သူေရာက္လာေသာအခါတြင္ မီးမွိတ္ထားေလ့ရွိသည္..။
သူ၏ အသားအေရေအးစက္စက္ႏွင့္ အဘယ္ေၾကာင့္ မိမိအားေထြးေပြ႕ခ်င္ပါသနည္းဟု အျပစ္တင္မည့္အစား သီေပါရာသီဥတုကိုသာအျပစ္လိုက္သည္..။
လူသားမဟုတ္ေၾကာင္းသိလ်က္ပင္ စိုင္းထြဋ္ေခါင္အား ဤမွ်ခ်စ္ခဲ့သည္ကို ၾကည့္ျခင္းျဖင့္ ျမတ္သူ၏ခ်စ္ျခင္းေမတၱာသည္ မည္မွ်ႀကီးမားေနေၾကာင္းခန႔္မွန္းႏိုင္ပါသည္။
Advertisement
- In Serial38 Chapters
The Love Game
Ravina Dobs is bold, artistic, and somewhat terrifying. Theo Kim on the other-hand is popular, wealthy, and confusing... What do these two high school seniors have in common? Nothing. Except The Love Game.
8 292 - In Serial28 Chapters
Lydia | ✔️
"Did you punch him in the face?""No!" She laughed. "That's not the Lydia I know," Carter shook his head, staring up at the grey clouds with a reminiscent expression. "The Lydia I know punched me in the face the first time we interacted.""We were five." She deadpanned but felt a little enthralled that he remembered. "Yeah, so you should be able to hit harder now." Copyright ©️Cover and graphics made by the one and only @Ashely_Mariex
8 242 - In Serial21 Chapters
(Over)Thinking About You
A girl like Verona often gets overlooked by her peers and she wouldn't have it any other way. She prefers to blend into the background and disappear. However, when an awkward situation forces her to interact, she ends up blossoming more than she could ever imagine. That is, until her overthinking ruins everything.Warning ⚠️: There will be language, alcohol and drug use, as well as strong sexual content. Please read at your own risk. This story deals with depression and anxiety, specifically social anxiety.
8 174 - In Serial16 Chapters
[ TOXIC ] completed
-Сасэн фэн , алдартан хоёр хамт байх тавилангүй улс. Би чиний дурлаад байдаг төрлийн хүн байж болох ч чи миний хувьд зүгээр л нэг солиотой жаал.
8 190 - In Serial10 Chapters
Bully Turned Bottom ✔️
💦SMUTTY EPILOGUE UNLOCKED💦A smut comedy about a lanky nerd [Parker] who's bullied by his super popular and super straight, next door neighbor [Brett] up until he happens upon footage that could land him in prison.With the bully's future in his hands, it's time for some payback.Is payback all it'll ever be? Hold on to your d*** and find out, but keep the tissues close. Or socks, if that's your thing.And ladies, keep your bean flicking finger strong!☝️ Written entirely on WattPad: October 2022#69 - sexscenes on 10/23/22No other ranking matters.Excerpts:---=====---Parker takes a bite and hands the sandwich back. Brett's first bite is slow, but the next is much more generous. He even lets out a satisfied moan.Parker turns up his palms. "So?"Brett nods, holding up the sandwich as if raising a glass, then takes another bite.After he devours it, Parker says, "I'm really glad you liked it. It'll make the next part so much easier on both of us."Brett looks at him in confusion, so he explains. "I came in the mayo and you're going to watch me make your lunch from now on." He doesn't say, "You might even help out."---=====---It takes Brett forever but, he says, "I wouldn't, you know, mind doing the, uh... what you did earlier.""Which part?" Parker asks."Either."Parker flashes a sly grin behind his back. "I will," he squeaks, "if you're bad or whenever you've earned it, of course.""Of course."---=====---"Do you actually expect me to let you finish?""Please, Master," Brett begs."That's enough jokes," Parker says, "Close your eyes and accept your punishment. Let me know when you're ready."Original Cover. Do not use without permission. Unless for sexual gratification.
8 141 - In Serial51 Chapters
A Sundered Soul (MXM)
Jason Brooks is an eighteen-year-old teenager and second born alpha to the Broken Hills Pack, goes from unwanted son to an unwilling sacrifice.When the news hit the pack that the Elders had declared the next alpha, Jason's older brother mateless, the pack fell into chaos. However, when Jason finds his mate, his father does the unthinkable to him for the sake of the pack, but also his for firstborn son, Quinton.Broken and discarded, Jason is sent away to live in amongst the humans, only to fall prey to a fate worse than the death. A death he prayed for when he lost the most important things to a werewolf-his wolf and mate.After the vampire lord, Alaric Mourningveil, turns him into a harbinger of death; Jason seeks the courage and determination to escape Alaric's clutches before the vampire's nefarious ambitions consume him.Highest Rankings:1# LGBTQ+1# ManxMan
8 193

