《Amiss Prayer (Zawgyi&Unicode) [Completed]》Part-7(သတိမမူ)
Advertisement
For Unicode
သတိမမူ
ယခင်နေ့များတွင် စောစောနိုးတက်သော ကလေးသည် အခုတစ်လောအိပ်ရာထနောက်ကျနေသည်။
သားလေးများဖျားနေတာလား...။ ညဘက်တွေဆိုသူ့အခန်းက တော်တော်နဲ့မီးမမှိတ်တာကိုသတိထားမိတယ်။ ဒီကလေး စာတွေအရမ်းဖတ်နေပြန်ပြီထင်တယ်။ စာဖတ်တာကောင်းပေမဲ့ သူ့ကျန်းမာရေး ထိခိုက်မှာစိုးရိမ်မိတယ်။ နဂိုရောဂါအခံလည်းရှိတော့.. ပိုစိုးရိမ်ရတယ်။
ဤသို့ဖြင့်အတွေးနယ် ကျယ်ပြန့်နေစဉ် ဒေါ်မြတ်ကေသီ၏နောက်ကျောမှ လက်တစ်စုံသွယ်ယှက်လာသည်။
" မေမေ.."
" သားလေး.. အိပ်ရာထနောက်ကျတယ်နော်။ ညဘက်တွေမအိပ်ဘူးလား.. "
" ဟုတ်.. ဟိုလေ.. စာအုပ်ဖတ်နေတာ နည်းနည်း ညနက်သွားတယ်.."
" သား.. မေမေ့ပြောစကားနားထောင်နော်။ သားအကြောင်း သားသိတယ်မဟုတ်လား..။ အရမ်းအိပ်ရေးပျက်မခံနဲ့..။ စာဖတ်ချင်ရင် နေ့လယ်တို့မနက်တို့ဖတ်။ ကြားလား.."
" ဟုတ်ကဲ့မေမေ "
အသံချိုချိုလေးနှင့် ကြောင်ပေါက်လေးသဖွယ် ကပ်ချွဲနေသော သားငယ်လေးကို ပို၍အချစ်ပိုရပါသည်။
" အင်း.. လုပ်ချင်တာလေးလုပ်လိုက်.. ပြီးရင်အဲဒီလိုလေးကပ်ချွဲလိုက်... အတော်လည်တဲ့ကလေး "
" အဲဒီကလေးကို မေမေကမချစ်ဘူးလား "
" ချစ်ပါ့တော်.. ချစ်ပါ့ "
" ဟီးဟီး "
ကျွန်တော့်အားအချစ်ပိုသော မေမေသည် ကျွန်တော့်၏ကမ္ဘာ..။ လူတိုင်းသည် တစ်နေ့၌ရှောင်လွှဲ၍မရသောသေခြင်းတရားနှင့် သေချာပေါက် ရင်ဆိုင်ရမည်ဖြစ်သည်။ မိမိလည်းသိပါသည်။ သို့သော် ထိုကမ္ဘာများသာ မိမိကိုထားခဲ့ပြီးထွက်သွားခဲ့လျှင် မိမိရူးသွားမည်ဟုထင်သည်..။ ထို့ကြောင့် မိမိတန်ဖိုးထားရသူများကို မိမိကသာအရင်ထားခဲ့ချင်ပါသည်..။
ကျွန်တော့်အတွက် မိသားစုဟာနံပါတ်တစ်ပါ။ ပြီးရင် သူငယ်ချင်းကနံပါတ်သုံးပေါ့။ နံပါတ်နှစ်နေရာကတော့ လစ်လပ်နေသေးတယ်..။ ဘာလို့လဲဆိုတော့ ချစ်သူမရှိသေးဘူးလေ။
မိမိအတွက် ချစ်ရမည့်သူမရှိ သေး၍ လစ်လပ်နေသောထိုနေရာ၏ ပိုင်ရှင်သည် မည်သူများဖြစ်မည်နည်း..။ သိချင်လှပါသည်..။
ယနေ့တွင်စာမဖတ်ဘဲ မေမေ၏အထည်ဆိုင်ဖွင့်မည့်ကိစ္စများဝိုင်းလုပ်ပေးခဲ့သည်။ မေမေမကြိုက်သည်ကို လုပ်ထားမိသည်ဖြစ်၍ မေမေကိုချွဲရဦးမည်လေ..။
တစ်နေ့တာလုံးတွင် မေမေ့တာဝန်များကိုကူပြီး၍ ညသို့ရောက်သောအခါ ဘွားဘွား၏တာဝန်က တစ်ဖန်ကျလာသည်။ ဘွားဘွားကိုနှိပ်ပေးပြီးနောက် မိမိအခန်းထဲသို့လာသောအခါ တံခါးဖွင့်ဖွင့်ချင်းမြင်လိုက်ရသော မြင်ကွင်းကြောင့် လန့်၍အော်မိခဲ့သည်။
" အမေ့..."
ထိုမြင်ကွင်းမှာ စိုင်းထွဋ်ခေါင်သည်မိမိကြိုက်လှပါသည်ဆိုသော ' သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်' ဟူသော စာအုပ်လေးကိုဖြဲနေခြင်းပင်..။
ဘုရားသခင်..။ ဒီလူကဘယ်လိုလဲ..။ ဘာလို့သူများမြတ်နိုးတဲ့အရာကို ဖျက်ဆီးနေရတာလဲ..။ တကယ်ဒေါသထွက်မိတယ်..။ အကျယ်ကြီးအော်လို့ကလည်းမဖြစ်ဘူး။ မေမေနဲ့ဘွားဘွားကြားရင် အားလုံးရှုပ်ကုန်လိမ့်မယ်။
ထို့ကြောင့် အံကိုသာကြိတ်ထားရသည်..
" ခင်ဗျား.. အဲဒါဘာလုပ်တာလဲ..။ ဘာလိုအဲဒီစာအုပ်ကို ဖျက်ဆီးနေတာလဲ..။ စာအုပ်က ခင်ဗျားကို ဘာလုပ်နေလို့လဲ"
" ကိုယ့်ကိုတော့ ဘာမှမလုပ်ပေမယ့် မင်းကိုတော့ ဝမ်းနည်းအောင်လုပ်တယ်လေ "
" ဘာဆိုင်လို့လဲ.. သူ့ဘာသာသူနေတဲ့စာအုပ်ကိုဗျာ.. "
" သူ့ဘာသာသူမနေဘဲ.. မင်းကိုဝမ်းနည်းစေတာသူ့အပြစ်။ အဲဒါကြောင့်အပြစ်ပေးတာ "
" ခင်ဗျားရူးနေလား "
" အင်း.. ရူးနေတာ "
ဘာကြောင့်ရူးလဲ ပြောပြရမလား။ မင်းကြောင့်..။ မင်းကို အသေးအမွှားလေးကအစဂရုစိုက်နေမိလို့။ အခုလိုတွေဖြစ်နေတာ မသိဘူးမဟုတ်လား။ ကိုယ့်တို့ရဲ့အတိတ်ကဒဏ်ရာတွေက သိပ်ကိုနာကျင်စရာကောင်းတယ်။ အဲဒီဒဏ်ရာတွေကြောင့် မင်းကိုနည်းနည်းလေးမှထိခိုက်မခံနိုင်ဘူး။
ထိုသို့သောရင်တွင်းစကားကို မြတ်သူမကြားခဲ့ပေ...။
" ခင်ဗျားကို ကျွန်တော်တကယ်စိတ်ဆိုးတယ်.. "
စိတ်ဆိုးတယ်ပြောလိုက်သောကြောင့် ငြိမ်ကျသွားသောသူသည် အပြစ်မလုပ်ထားသည့်ပုံစံနှင့်။ မိမိကပင် သူ့ကိုအနိုင်ကျင့်ထားသကဲ့သို့ပင်..။
" ခင်ဗျားဘာဖြစ်နေတာလဲ "
ငုံ့သွားသောခေါင်းသည် ပြန်မထူလာသဖြင့် ထိုသို့မေး၍ သူ့မျက်နှာကိုကြည့်မိသောအခါ မျက်ရည်များနှင့် သူမျက်နှာသည်မလိုက်ဖက်စွာ။
ဘာကြောင့်လဲ..။ ဘာလို့ သူကဒီလောက်ခံစားလွယ်နေတာလဲ။ တကယ်ပဲရူးနေလား။
ထို့နောက် တိုးလျစွာထွက်လာသည့်သူ့စကားသည်..
" တောင်းပန်ပါတယ် "
နာကျင်မိပါသည်။ အတိတ်ကာလများတွင် မိမိမှ မည်သို့သော်အပြစ်ပင် ကျူးလွန်ခဲ့သည်ဖြစ်စေ သူသည် အပြစ်မတင်ခဲ့။ ယခုတွင်မူ သူသည် မိမိအားအပြစ်နေသည်။ သူသည်မိမိအား မုန်းနေမည်လော ဟူသောအတွေးနှင့်ပင် မွန်းကျပ်ရပါသည်။
" မဟုတ်သေးဘူးလေ... မငိုပါနဲ့လေဗျာ "
တောင့်တောင့်ကြီးထိုင်ပြီး မျက်ရည်တွေကျနေတာတော့ မဟုတ်သေးပါဘူး..။ ယောက်ျားလေးဖြစ်ပြီး ဒီလောက်ခံစားလွယ်ရလား..။
ဒီအတိုင်းသာပြောလိုက်မိလို့ ပို၍ငိုသွားမှဖြင့် ဒုက္ခများရချီရဲ့။ ဒီလူကဘယ်လိုလဲဗျာ။ နားကိုမလည်နိုင်ဘူး။
" မင်းကို... မင်းကိုနည်းနည်းလေးမှ အထိခိုက်မခံနိုင်လို့.. မင်းဝမ်းနည်းနေတာကိုလည်း မလိုချင်လို့.. အခုလိုလုပ်မိတာပါ "
မီးပုံကိုရေနှင့် ငြှိမ်းလိုက်သကဲ့သို့ပင် သူ၏စကားသည် မိမိ၏ဒေါသတို့ကိုရှဲခနဲ ငြိမ်းသွားစေသည်..။ သူ့ကိုနားမလည်သကဲ့သို့ မိမိကိုယ်ကိုလည်း နားမလည်ခဲ့ပေ။
" ကဲပါကဲပါ... ထားတော့.. ကျွန်တော်စိတ်မဆိုးဘူး။ ရပြီလား..။ မျက်ရည်တွေနဲ့.. ကလေးကျနေတာပဲ "
သူ၏မျက်ရည်များကိုသုတ်ပေးရင်း သူ့ပါးပြင်ကိုထိမိသောအခါ သူ၏အသားတို့သည် အေးစက်နေသည်။
" ခင်ဗျားကိုယ်ကြီးကအေးစက်နေတာပဲ.. ချမ်းနေတာလား။ ခဏနေဦးနော်.. ကျွန်တော်ကော်ဖီသွားဖျော်ပေးမယ်.. "
" မသွားပါနဲ့ "
တားဆီးမိသည့် လက်တစ်စုံသည် သူကိုထွေးပွေ့ထားလျက်...။ မိမိအနေနှင့် သူကိုစောင့်မျှော်နေခဲ့ရသော အချိန်တို့သည် နှစ်ပေါင်းများစွာကြာနေပြီဖြစ်သည်။ သူနှင့်ပတ်သက်သမျှ စိုးရိမ်လွန်နေမိသည့်အထဲ ယနေ့တွင်မူ စိတ်ဆိုးကြောင်းပြောလာသောအခါ သူမုန်းသွားမည်ကို ပိုကြောက်မိပါသည်။ ထို့ကြောင့်သာ သူ့ကိုထွက်မသွားစေရန် ဖက်၍ တားဆီးမိသည်။ ဤအပြုအမူမျိုးကြောင့် မိမိအား ပျော့ညံ့သောသူ တစ်ယောက်ဟု သူမြင်ကောင်းမြင်လိမ့်မည်။
Advertisement
ဟုတ်တယ်.. ကျွန်တော်ပျော့ညံ့တယ်။ သူ့ကြောင့်နဲ့ ကျွန်တော်ပျော့ညံ့တယ်..။ ဘာလို့လဲသိလား..။ အတိတ်က ကျွန်တော့်ရဲ့ တင်းမာတဲ့ မာနတွေကြောင့် ချစ်ရသူကို စွန့်လွှတ်ခဲ့ရဖူးတယ်လေ..။ အခုတော့ သူ့အတွက်နဲ့ ကျွန်တော့်ရဲ့အတ္တ မာနတွေကိုခဝါချထားသည်။
" ကိုယ်ပြန်တော့မယ် "
ထိုစကားပြောပြီးနောက် ချက်ချင်းဆိုသလို ပြတင်းပေါက်မှ ထွက်သွားသော သူကိုပင်မကြည့်မိ။ မိမိသည်ကလည်း လှုပ်ရှားခြင်းမရှိ။ ထိုနေရာတွင်သာ ရပ်နေမိသည်..။
သူဖက်ထားတုန်းက ဘာလို့မရုန်းမိတာလဲ..။ ဘာလို့ငြိမ်သက်နေမိတာလဲ..။ အေးစက်နေတဲ့ သူ့အငွေ့အသက်ကို ဘာလို့သဘောကျနေတာလဲ..။
ခင်ဗျားဟာလေ ကျွန်တော့်ကိုအမျိုးမျိုးပြုစားနိုင်လွန်းတယ်။
ထို့နေ့ည၌တွေ့ဆုံပြီးနောက် သုံးရက်မြောက်သည်အထိ သူ့ကိုအရိပ်ယောင်ပင် မတွေ့ရ။
စိတ်များဆိုးသွားတာလား..။ ငါလည်း ဘာမှမလုပ်မိပါဘူး။ အမှန်ဆို သူကငါ့စာအုပ်ကိုဖြဲသွားတာလေ။ ငါက စိတ်ဆိုးရမှာမဟုတ်ဘူးလား။ အခု ငါကစိတ်မဆိုးတဲ့အပြင် သူ့ကိုပါမျှော်နေသေးတာလား။ ဟာကွာ.. ရူးတော့မှာပဲ။ ဒီလူကြီးနဲ့တော့..။
စိတ်ရှုပ်ရှုပ်နှင့် ခေါင်းကိုသာခပ်နာနာကုတ်မိသည်။ ထိုစဉ်.. မိမိနောက်ကျောမှကြားရသည် အသံ..။ ထိုအသံပိုင်မှာမူ မိမိမျှော်လင့်နေသောသူသာဖြစ်သည်။
" ဘာလို့ အရမ်းကုတ်နေတာလဲ.. နာကုန်ဦးမယ်.. "
" ဟမ်.. ခင်ဗျား... ခင်ဗျားဘယ်တုန်းကရောက်တာလဲ "
" အခုပဲ.."
" ခင်ဗျား ကျွန်တော့်ကိုစိတ်ဆိုးနေတာ မဟုတ်ဘူးလား "
နားမလည်သော မျက်ဝန်းလေးများနှင့် မေးလာသူ၏အနားသို့ တဖြည်းဖြည်းလျှောက်လှမ်းမိခဲ့သည်။ အနားသို့ရောက်သောအခါ မျက်မှန်အောက်မှ မြင်နေရသော သူမျက်ဝန်းလှလှလေးကိုစိုက်ကြည့််နေမိသည်။
" ကိုယ်က.. ဘာကိုစိတ်ဆိုးရမှာလဲ.. "
" စိတ်မဆိုးဘူးဆို ဘာလို့သုံးရက်တောင်မလာတာလဲ "
မျက်မှောင်ကြုတ်ကာ စကားပြောနေပုံအရ သူ..ကျွန်တော့်ကိုစိတ်ခုနေဟန်တူသည်။
" မင်း.. စိတ်ဆိုးနေသေးတယ်ထင်လို့ပါ.. "
" စိတ်ဆိုးတဲ့သူကိုပြစ်ထားရမယ်လို့ ခင်ဗျားကိုဘယ်သူသင်ပေးထားလဲ "
အကြောင်းပြချက်မရှိဘဲ ပြစ်ထားခဲ့ပြီး အခုမှ လူလိမ္မာလေးလာလုပ်လို့ရမယ်ထင်လား။
" သူ့ဘာသာသူလျှောက်ထင်နေပြီ မလာတာကို ကျွန်တော့်အပြစ်က ဖြစ်ရသေးတယ်။ ခင်ဗျားကသာ ပြစ်လုပ်ထားပြီး မလာရဲတာလေ။ ကျွန်တော်ကခင်ဗျားကို သတိရနေ... အယ်.. "
သေလိုက်ပါတော့..။ အရှက်တွေကွဲပါပြီ..။ ဘာလို့အခုမှ ပွင့်လင်းနေရတာလဲလို့။ ဒီပါးစပ်နဲ့နေတာ့ခက်ပြီကွာ။
" ဟက်.. ကိုယ့်ကိုသတိရနေတာလား "
" ဘာလဲ.. လူကိုမလှောင်နဲ့နော်.. "
" မလှောင်ပါဘူး... "
" အဲဒါဆိုဘာလို့ ဟက်.. ဆိုပြီးရယ်လိုက်တာလဲ.. "
" သဘောကျလို့... မင်းပြောတာလေးကိုသဘောကျလို့။ ကိုယ်လည်းမင်းကိုသတိရပါတယ်.."
" ဘယ်သူကမေးနေလို့လဲ "
" မမေးလည်း ဖြေရမှာပဲလေ။ ဒါနဲ့နေပါဦး.. အခုကဘာစာအုပ်ဖတ်နေတာလဲ "
" သရဲအကြောင်းရေးထားတဲ့ စာအုပ်လေ "
" ဟုတ်လား.. အဲဒီစာအုပ်ကဘယ်လိုလဲ.. ကောင်းလား.."
" အင်း.. ကောင်းတယ်.. ကြောက်ဖို့ကောင်းတယ်.."
" အဲဒီစာအုပ်ကမင်းကို ကြောက်အောင်ခြောက်တာလား.."
သူ့မေးခွန်းအဆုံး၌ ဖြတ်ခနဲသတိရသွားသည်က ခိုင်.. စာအုပ်လေးကိုသူဖြဲလိုက်ခြင်းပင်။ ထိုသတိရမှုအဆုံး၌ ထိုစာအုပ်သည် သူ၏လက်ထဲသို့ ရောက်နေပြီဖြစ်သည်။
" မဖြဲနဲ့နော်... ဟိတ်လူ.. ပြန်ပေး... ပေးဆိုနေ..."
သူ့အရပ်ကလန်ကလားအား အားနာခြင်းမရှိ။ ခြေဖျားထောက်၍ လက်တစ်ဖက်ကစာအုပ်ကို မြှောက်ထားသည်ဖြစ်၍ လှမ်းယူ၍မရ..။ ထို့အပြင် သူ၏ခြေလှမ်းသည် အနောက်သို့ ဆုတ်သွားသေးသည်။ နောက်ဆုတ်နေရင်းပင် မိမိခုတင်သည် သူ၏အနောက်တွင် ရှိနေသည်ကိုသတိထားမိဟန်မတူ။ မိမိကလည်း စာအုပ်ကိုခုန်ယူလိုက်သောအခါ သူရောမိမိပါ ခုတင်ပေါ်သို့လဲကျသွားသည်။ အနေအထားအရ မိမိက သူ၏ပေါ်တွင်..။ ထို့နောက် သူ့လက်များသည် မိမိ၏ခါးကိုဖက်ထားသည်။
" အခုပုံစံကြီးက.. မသိရင်.. သမီးရည်းစားတွေချိန်းတွေ့နေရသလိုကြီးနော်"
မြတ်သူတစ်ယောက် စိုင်းထွဋ်ခေါင်၏ ခန္ဓာကိုယ်ပေါ်တွင် မျက်လုံးဖွင့်ကာအိပ်နေသည်ဟု ထင်ရသည်အထိ မလှုပ်မယှက်ဘဲနေနေသည်..။
" မင်း.. အခုလိုမျိုး ချိန်းတွေ့ဖူးလား "
ခေါင်းလေးခါပြသော မြတ်သူကြောင့် စိုင်းထွဋ်ခေါင်သိလိုက်ရသည်က..
ဒီကောင်လေးအိပ်နေတာမဟုတ်ဘူးပဲ...
" အဲဒါဆို... ကိုယ်တို့ ချိန်းတွေ့ကြမလား.."
" ဟမ်..."
ခဏ.. သူအဲဒီလိုပြောတာနဲ့ ကျွန်တော့်နှလုံးသားက ဘာလို့ခုန်ပေါက်နေတာလဲ..။ စိတ်ထိန်းစမ်းမြတ်သူ.. စိတ်ထိန်း...။
" ဖယ်ဗျာ.. မစနဲ့ "
အတင်းရုန်းကာ ထသွားသော သူ့ကို အလျှင်အမြန်ဆွဲချလိုက်မိသောအခါ အနေအထားသည် ယခင်အနေအထားထက်ပင် ပို၍ဆိုးသွားသည်။ အကြောင်းမှာ သူသည်အရှန်မထိန်းနိုင်ဖြစ်ကာ မိမိကိုယ်ပေါ်သို့ ပစ်စလက်ခက်ကျလာ၍ တစ်ဦးမှရှူထုတ်လိုက်သောလေသည် တစ်ဦးမျက်နှာသူ့ ရိုက်ခက်နေသည်အထိ နီးကပ်လွန်းနေ၍ဖြစ်သည်။
" စတာမဟုတ်ဘူး.. တကယ်ပြောနေတာဆိုရင်ရော "
" ဟာဗျာ.. မသိဘူး.. ဖယ်တော့... ကျွန်တော်အိပ်ချင်နေပြီ ပြန်တော့..."
အတင်းနှင်လွှတ်ကာ ပြတင်းပေါက်နားထိ တွန်းနေသောသူသည် မည်မျှရှက်နေကြောင်းခန့်မှန်းနိုင်ပါသည်..။
စိုင်းထွဋ်ခေါင်ထွက်သွားပြီးနောက် မြတ်သူသည် သူ၏ရင်ခုန်သံကိုဆန်းစစ်လျက် ရင်ဘတ်ကိုဖိကာ...
Advertisement
" ဘယ်လောက်အတိုင်းအတာထိတောင် ပြုစားဖို့အစီအစဥ်ရှိနေလဲ..။ ခင်ဗျား ဘယ်လောက်ပြုစားမလဲ မသိပေမဲ့ ကျွန်တော်ကတော့ ရင်ခုန်ရလွန်းလို့ရူးတော့မယ်.."
For Zawgyi
သတိမမူ
" မေမေ.."
" ဟုတ်ကဲ့မေမေ "
" ချစ်ပါ့တော်.. ချစ်ပါ့ "
" ဟီးဟီး "
" အမေ့..."
" ခင်ဗျားရူးနေလား "
" အင်း.. ရူးနေတာ "
" ခင်ဗျားဘာဖြစ်နေတာလဲ "
" တောင်းပန်ပါတယ် "
" မသွားပါနဲ့ "
" ကိုယ်ပြန်တော့မယ် "
" အခုပဲ.."
" မလှောင်ပါဘူး... "
" ဘယ်သူကမေးနေလို့လဲ "
" ဟမ်..."
" ဖယ်ဗျာ.. မစနဲ့ "
Advertisement
- In Serial6 Chapters
Vampire Hearts & Werewolf Eyes
Meredith is reminiscing about the immortals, and how they are believed to be extinct. When her estrange grandmother shows up for her birthday secrets are learned. One being the last female vampire of ...
8 124 - In Serial16 Chapters
Bear
Bear is 6ft5.Bear is built big.Bear is of alpha blood.Bear is 30.Bear is as submissive as they come.**"Don't you get it? I'm not small. I'm not the preferred twink sized submissive that most dominant men crave for. I am huge, I'm built like a bear-" "And you're mine." I groaned as Titus pulled me into his arms and kissed me."You're my big bear. And I love you."**An omegaverse and chosen mate short story.**
8 207 - In Serial46 Chapters
What I Want ✔
*****CURRENTLY EDITING*****Aubrey Evans is married to the love of her life,Haden Vanderbilt. However, Haden loathes Aubrey because he is in love with Ivory, his previous girlfriend. He cannot divorce Aubrey because the contract states that they have to be married for atleast three years before they can divorce.What will happen when Ivory suddenly shows up and claims she is pregnant. How will Aubrey feel when Haden decides to spend time with Ivory?But Ivory has a dark secret of her own. Will she tell Haden the truth?Will Haden ever see Aubrey differently and love her?~Aubrey is a kind, helpful,sweet girl. She is 22 years of age. She has black hair that reaches midback and beautiful grey eyes with hues of smokey blue and green. She has pink plump lips and freckles on her nose. Haden is arrogant and cold, mostly towards Aubrey. He is 24 years of age.He has dark brown hair and piercing green eyes. He has toned abs and looks like a Greek God or a model. Girls are captivated by his amazing looks and are desperate for him. He is cocky and not to mention he is a billionaire. Who wouldn't want him?Embark on this story and see if Aubrey will get what she wants or will she forever be heartbroken.'What I Want' is the story of a woman who struggles to find love and with that struggle she becomes stronger.*******Disclaimer: This is my original story and it can only be found on Wattpad!
8 224 - In Serial6 Chapters
Darko
After a sudden breakup with his ex-girlfriend, Damien meets a fiery vixen named Serena who happens to be a vampire. Damien, however, is not disturbed by her supernatural presence and decides to get into a bloodlust relationship through drugs, sex, and violence to numb his pain. But when things start to become erratic, Damien must decide whether to become the very monster society fears or kill the demon he falsely loves.
8 112 - In Serial75 Chapters
Fated Love (BWWM)
"Wherever your soul was before, mine was there too." - HiraHe's Jackson. But he's also:Daniel.Theodore.Nathan.Nicholas.Zachary.She's Aaliyah. But she's also:Grace.Kathryn.Jessica.Amaya.Eve.It's the same story every time. They meet, they fall in love, they get ripped apart. Will Jackson and Aaliyah be the ones to end up together? Or will the cycle of love, death and reincarnation continue?
8 130 - In Serial32 Chapters
Worth The Risk
Part 2**DO NOT read if you're not interested in or don't like the Caregiver/little dynamic**
8 145