《Amiss Prayer (Zawgyi&Unicode) [Completed]》Part-4(နှလုံးသား)
Advertisement
For Unicode
နှလုံးသား
“ သားလေး နေမကောင်းဘူးလား... "
“ ကောင်းပါတယ်မေမေရဲ့.. ဘာလို့လဲ...."
“ သားကြည့်ရတာ အေးတိအေးစက်နဲ့.... "
“ စစရောက်ခါစဆိုတော့ အပေါင်းသင်းလည်းမရှိသေးဘူးလေ။ အလုပ်လုပ်ကလည်း ရှာတုန်းဆိုတော့ စာအုပ်ဖတ်လိုက် အိပ်လိုက်နဲ့။ အဲဒါကြောင့်အေးတိအေးစက်ဖြစ်နေတယ်လို့ မေမေထင်တာပါ.."
“ အေးပါ.. သားလေးနေကောင်းရင်ပြီးရောလေ.."
“ ဒါနဲ့မေမေ.. ကိုကိုနဲ့ရောဖုန်းပြောဖြစ်သေးလား..."
“ ဟိုနေ့ကတော့ ပြောဖြစ်တယ်"
“ ကိုကိုရော နေကောင်းရဲ့လား.."
“ ကောင်းပါတယ်သားရဲ့ "
“ ဟိုလေ..ပိုက်ဆံရောပို့ရဲ့လား "
“ ပို့ပါတယ်.. ဘာလဲ.. သားအသုံးလိုတာရှိလို့လား မေမေပေးမယ်လေ.."
“ မလိုပါဘူး.. သားကအခု အလုပ်မရသေးတော့ မေမေတို့ငွေရေးကြေးရေး အဆင်မပြေမှာစိုးလို့ပါ.."
“ မေမေတို့ အဆင်ပြေပါတယ်သားရဲ့..။ သားကလိုအပ်တာရှိရင် မေမေ့ကိုပြောနော်.."
“ ဟုတ်..."
မွေးထားသောသားနှစ်ယောက်လုံးသည် ဒေါ်မြတ်ကေသီကို အလွန်အကျိုးပေးပါသည်။ လိမ္မာသည်။ မိဘကိုလည်းသိတတ်သည်။ ဤကဲ့သို့ အဖိုးတန်သားလေးများ ရထားသည်မှာ အမှန်ပင်ကံကောင်းပါသည်။
“ မေမေ.. သားခြံထဲကိုလမ်းလျှောက်ဆင်းလိုက်ဦးမယ်နော်"
“ အေးအေး.."
မေမေကိုပြောပြီးနောက် ခြံထဲသို့ လမ်းလျှောက်ဆင်းလာသောအခါ ခြံစောင့်အဘကိုတွေ့သည်။ မိမိကစတင်ကာ နှုတ်ဆက်လိုက်သည်။
“ အဘ.. ဘာတွေလုပ်နေတာလဲ.."
“ သြော်.. ကောင်လေးပါလား အဘကအမှိုက်ရှင်းနေတာပါ "
“ သား ဝိုင်းလုပ်ပေးမယ်လေ.."
“ နေပါစေကွယ်.. အဘ ကိုယ့်ဘာသာကိုယ် လုပ်ပါ့မယ်...။ တော်ကြာ.. ကောင်လေးကိုအလုပ်ခိုင်းလို့ သခင်လေးစိတ်ဆိုးနေဦးမယ်..."
“ ဟမ်.. ဘယ်က.. ဘယ်ကသခင်လေးလဲ.."
သြော်.. ငါ့နှယ့်.. အသက်ကြီးတော့မေ့တတ်ပါ့။ ကောင်လေးက သခင်လေးကိုဘယ်သိဦးမလဲ။
“ အဘမှားပြောတာပါ.. ကောင်လေးအမေကိုပြောချင်တာပါ..။ သခင်တွေ သခင်မတွေကိုခေါ်ရတာများတော့ နှုတ်ကျိုးပြီးမှားသွားတာပါ.. "
“ ဪ... ဟုတ်ကဲ့"
“ ဒါနဲ့.. မောင်နန္ဒက.. အခုလမ်းလျှောက်ဆင်းလာတာမဟုတ်လား.. လမ်းလျှောက်ချင်ရင်လျှောက်လေ.."
“ ဟုတ်.. ကျွန်တော်လမ်းလျှောက်မှာပါ။ ဒါနဲ့လေ.. ကျွန်တော့်နာမည်က နန္ဒမဟုတ်ဘူး.. မြတ်သူပါ..."
“ သြော်.. အဘမှားခေါ်မိတာပါကွယ်။ စိတ်မရှိနဲ့နော့်.."
“ အဘနာမည်ကရော.."
“ အဘနာမည်က ဦးလှထွန်းပါ..။ ကောင်လေး မသိဘူးလား..."
“ ဟုတ်ကဲ့... အဘ "
အင်း... ဟုတ်ပါတယ်လေ..။ အသက်ကြီးတော့ အမှတ်မှားတာနေမှာပါ။ ဒါနဲ့... နန္ဒက ဘယ်သူလဲ။ ဘာလို့.. ဒီနာမည်ကြားလိုက်ရတာကို ဝမ်းနည်းသလို ခံစားနေရတာလဲ။ ထားပါလေ..ကိုယ်နဲ့လည်းမဆိုင်ပါဘူး။
အဘနှင့် စကားပြောပြီးနောက် ခြံထဲတွင် လမ်းလျှောက်နေခဲ့သည်။ အချိန်အားဖြင့် ခြောက်နာရီထိုးပြီဖြစ်သည်။ ည၏အမှောင်ထုသည်လည်း တဖြည်းဖြည်းနှင့် အင်အားကြီးမားလာသည်။ ရာသီဥတုသည် မိုးရာသီဖြစ်သော်လည်း ထိုညကမိုးမရွာ။ အေးအေးစိမ့်စိမ်းနှင့် လမ်းလျှောက်ရာတွင် အဆင်ပြေပါသည်..။
လမ်းလျှောက်ရင်းပင် မိုးရာသီ၏ မြေသင်းနံ့လေးကို အင်အားအပြည့်နှင့် ရှူရှိုက်ရန် မျက်လုံးမှိတ်လိုက်စဉ်တွင် အနည်းငယ်ကြီးသည့် ကျောက်တုံးကိုခလုတ်တိုက်မိကာ ရှူနေသောလေသည် တစ်ဝက်တွင်ရပ်သွားသည်။
ခလုတ်တိုက်မှုသည် အနည်းငယ်အရှိန်ပြင်းသည်မို့ မြေကြီးနှင့် ပစ်စလက်ခတ်မိတ်ဆက်ပြီဟု ထင်မိသော်လည်း ထင်ထားတဲ့အတိုင်းဖြစ်မလာ။ လဲကျသွားသည်က ဟုတ်ပါသည်။ သို့သော်..မြေကြီးပေါ်မဟုတ်။ အေးစက်စက်နှင့် ကျယ်ပြန့်သောရင်ခွင်တစ်ခုထံသို့...။ လဲ လဲချင်းတွင်ထင်ထားသကဲ့သို့ ဖြစ်မလာတာသည်တစ်ကြောင်း အေးစက်မှုကြီးကတစ်ကြောင်းနှင့် ယောင်မှားမိသည်။
“ ဘုရားသခင်... "
ယောင်လို့အပြီး... သူ့ကိုမော့ကြည့်လိုက်တော့..
“ ဘုရားသခင်.."
ထပ်၍ စွံ့အ ပြီးရင်း စွံ့အ ရပါသည်။ အဘယ်ကြောင့်ဆ်ိုသော် ထိုသူသည် အလွန်ကိုပင် ခန့်ညားချောမောနေသောကြောင့်ဖြစ်သည်။ နှင်းကဲ့သိုဖြူဖွေးနေသော မျက်မှာပေါ်တွင် ခပ်ပါးပါးနှင့် နီမြန်းနေသောနှုတ်ခမ်းတစ်စုံ၊ နှာတံစင်းစင်းနှင့် မျက်လုံးမှာအနည်းငယ်မှေးသယောင်ရှိသော်လည်း ဆွဲဆောင်မှုရှိလှသည်။ အမည်းရောင်ဖဲသား ရှမ်းအမျိုးသာရိုးရာဝတ်စုံကို ဝတ်ဆင်ထားပြီး ထိုဝတ်စုံနှင့် သူ၏အသားအရည်တို့သည် အလွန်တရာ လိုက်ဖက်လွန်းလှသည်။
အဲဒီလောက်ချောနေတာ သူက.. လူရောဟုတ်ရဲ့လား။နတ်သားလား။
မိမိက သူ့ကိုစိုက်ကြည့်နေသကဲ့သို့ သူကလည်း မိမိကို စိုက်ကြည့်နေပြန်သည်။ သူကတော့ မည်သို့ခံစားနေရကြောင်းမသိ။ သူနှင့်မိမိ အကြည့်ချင်းဆုံနေသည်မှာ ကြာနေပြီမို့ မိမိမှာမနေတတ်။ ရုတ်တရက်ဆိုသလို မြန်ဆန်လာသော ရင်ခုန်သံကြောင့် မိမိကိုယ်ကို အံ့သြရပါသည်။
မြတ်သူ.. မြတ်သူ... တစ်သက်လုံးတည်ငြိမ်လာတာ အခုမှ ဘာလို့ရင်ခုန်သံတွေက အိန္ဒြေမရဖြစ်နေရတာလဲ။ ဘယ်သူလာပြောပြော ရင်မခုန်ဘူးဆိုတဲ့စကားလုံးနဲ့ အကာအကွယ်လုပ်ထားတာ.. အခုတော့ အဲဒီအကာအကွယ်ကြီးက ချက်ချင်းကြီး ကျိုးသွားပါလား။ သူရဲ့ ဆွဲဆောင်မှုအားက တော်တော်ပြင်းပါလား။
ဒီတိုင်းစိုက်ကြည့်နေလို့လည်း မဖြစ်တာနဲ့ မိမိကပင် စကားစပြောလိုက်မိသည်။
“ sorryနော်.. ကျွန်တော်ခလုတ်တိုတ်သွားလို့.."
မိမိသည်သာ ပြောနေရပါသည်။ သူသည်က ယခုထိမိမိကိုကြည့်နေတုန်းပင်။
Advertisement
အခုမှတွေ့တာကို အဲဒီလောက်ကြည့်စရာလား..
“ ဒီကပဲလား.."
ယခုအချိန်ထိ သူ၏အသံကို မကြားသေးပေ။ အသံတိတ်နည်းဖြင့် ခေါင်းသာညိတ်ပြပါသည်..။
“ သြော်.. အဘရဲ့မိသားစုဝင်ထင်တယ်..."
ကျွန်တော်တစ်ယောက်တည်းသာ ပြောနေတုန်းတွင် မေမေခေါ်သည်မို့ သူ့ရှေ့မှထွက်လာခဲ့မိသည်။ မိမိထွက်လာတဲ့အထိ သူသည်ထိုနေရာတွင် ရပ်နေဆဲပင်။ မည်သည့်စကားမျှလည်းမပြော။
နည်းနည်းများရူးနေသလား..။ သူရူးတာ မရူးတာတော့မသိပေမဲ့ သူ့အရှေ့မှာ ကြာကြာဆက်နေရင် ကိုယ်ကရူးတော့မှာ။
အဘယ်ကြောင့်ဆိုသော် သူ့ကိုကြည့်နေရင်းပင် မိမိရင်ထဲတွင် အမျိုးအမည်မသိသောဝမ်းနည်းမှုကဖြစ်တည်လာသည်..။ အဘယ်ကြောင့်မှန်းလဲမသိ။
ပထမတွင် စိုက်ကြည့်နေရင်း ရင်ခုန်လာသည်။ ဒုတိယတွင် သူ့ကိုကြည့်နေရင်း ဝမ်းနည်လာသည်။ စစတွေ့ဆုံခြင်းမှာပင် ခံစားမှုနှစ်မျိုးကိုပေးစွမ်းနိုင်သည့် ထိုသူသည် မိမိအဖို့ရာ ဆန်းကြယ်မှုတစ်ခု ဖြစ်စေခဲ့သည်။
မြတ်သူ၏ရင်ထဲတွင်လည်း ဆန်းကြယ်မှုနှင့်။ ထိုသူ၏ရင်ထဲတွင်လည်း လွမ်းဆွတ်မှုနှင့်။
အရမ်းလွမ်းခဲ့တာ.. အရမ်းသတိရခဲ့တာ..။ ဘာလို့များ အခုမှပေါ်လာတာလဲကောင်လေးရယ်။ ကိုယ့်ကိုများ.. စိတ်နာသွားလို့လား။ တမင်များနှိပ်စက်ချင်လို့ ပစ်ထားတာလား..။ နှိပ်စက်ချင်လည်း သဘောပါ။ ကောင်လေးကျေနပ်မယ်ဆိုရင်.. အကုန်ဖြည့်ဆည်းပေးမှာပါ။
ထို့နောက်သူသည် သူ၏အရှေ့တွေရှိနေသော ကျောက်တုံးကိုစူးစိုက်ကြည့်ကာ..
“ သက်ရှိတွေပဲ အပြစ်လုပ်လို့ရတယ်ထင်တာ.. လက်စသက်တော့ သက်မဲ့တွေလည်း အပြစ်လုပ်တတ်တာပဲ..။ သူ့ခြေထောက်နာသွားအောင်လုပ်တာ မြေကြီးပေါ်မှာ မလှုပ်ဘဲနေနေတဲ့မင်းရဲ့အပြစ်။ သူ့ကိုနာကျင်စေတဲ့အရာတိုင်းကိုမုန်းတာမို့လို့ မင်းကိုလည်းမုန်းတယ်။ မင်းကဒီမှာရှိမနေသင့်ဘူး.."
ခေတ္တမျှအကြာတွင် ထိုကျောက်တုံးသည် အစိတ်စိတ်အမွှာမွှာကွဲကြေကာ ကျောက်သားပဲ့များသည်လည်း တစ်နေရာစီ။ ကျောက်တုံး၏ ဖြစ်တည်မှုသည် သနားစရာ။
ထိုနေ့ညတွင် ရင်ခုန်မှုကိုတားဆီးသည့်သဘောနှင့် တစ်ညလုံးစာအုပ်ဖတ်နေကာ အိပ်မပျော်သောကောင်လေးတစ်ယောက်ရှိနေသကဲ့သို့ သစ်ပင်ပေါ်တွင်ထိုင်၍ ခြေထောက်ကိုတွဲလောင်းချထားကာ လှုပ်နေလျက် ပျော်နေသော သူတစ်ဦးလည်းရှိခဲ့သည်။ ထိုသူနှစ်ဦးသားသည် အပြုံးကိုယ်စီနှင့်။
နောက်တစ်နေ့မနက်တွင် မေမေသည် ကျွန်တော်ကြိုက်သော တို့ဟူးနွေးလုပ်ထားပေးသည်။ စားခါနီးတွင် ကျွန်တော်သတိရသည်က ခြံစောင့်အဘကိုပင်။ သူ့ကိုလည်းစားစေချင်သည်မို့ ချိုင့်လေးတစ်ခုထဲတွင် တိုဟူးနွေးများထည့်ကာ အဘနေသော အိမ်လေးသို့လာမိခဲ့သည်။ အဘအိမ်လေး၏ အရှေ့သို့ရောက်သောအခါ အဘသည် တံမြတ်စည်းနှင့် ပေါက်တူးကိုယူကာ တစ်နေရာရာသို့သွားရန် ပြင်ဆင်နေသည်ကို တွေ့ရသည်။
“ အဘ ဘယ်သွားမလို့လဲ။ ဒီမှာကျွန်တော်က အဘအတွက် တို့ဟူးနွေးလာပို့တာ"
“ ဪ... အေးအေး.. လာလေကွယ်။ အဘက လုပ်စရာလေးရှိလို့ အပြင်သွားမလို့ပါ.."
“ အဲဒါဆိုလည်း ဒါလေးစားပြီးမှသွားလိုက်ပါလား.."
“ အေးပါ အေးပါ.. ကောင်လေးသဘော.."
ကျွန်တော်ပေးသော ချိုင့်လေးကိုယူကာ အိမ်ထဲဝင်သွားသည့်အဘသည် ကျွန်တော့်ကိုပါသူ့အိမ်ထဲဝင်ခိုင်းသည်..။
“ ခဏစောင့်နော်.. အဘချိုင့်လှယ်လိုက်ဦးမယ်.."
“ ဟုတ်.. အဘ "
အဘကိုစောင့်နေရာမှ သူ၏အိမ်လေးထဲကိုကြည့်မိသောအခါ ပိတ်အမည်းရောင်နှင့် ဖုံးအုပ်ထားသော ပစ္စည်းနှစ်ခုကိုတွေ့သည်။
တည်ရှိနေတသောနေရာများမှာ တစ်ခုသည် ဗီရိုအနိမ့်လေးပေါ်တွင်ရှိသည်။ တစ်ခုသည် ဗီရို၏ အနောက်တွင်ရှိသော ထရံတွင်ချိတ်ဆွဲထားသည်။ ဗီရိုပေါ်မှပစ္စည်းကိုသေချာမသိသောလည်း ထရံတွင်ချိတ်ထားသည့်ပစ္စည်းကိုမူ ခန့်မှန်း၍ရနိုင်ပါသည်...။ ခန့်မှန်းကြည့်မိသည်က ထရံတွင်ချိတ်ထားသောပစ္စည်းသည် ဓာတ်ပုံတစ် သို့မဟုတ် ပန်းချီကားတစ်ခုဖြစ်နိုင်သည်..။ မည်သို့သောအကြောင်းကြောင့် ပိတ်အမည်းကြီးနဲ့ဖုံးထားသနည်း။ စပ်စုချင်သော်လည်း ယခုမှဤအိမ်သို့ရောက်တဲ့သူသည် ဤမျှလောက်စပ်စုရန်မသင့်တော်ပေ။ သို့သော်...သိချင်စိတ်များသည်က တဖွားဖွားပင်...။
“ ကျေးဇူးပဲ ကောင်လေးရေ.. အဘစားလိုက်ပါ့မယ်.. "
“ ဟုတ်ကဲ့အဘ.. "
ထိုပစ္စည်းနှစ်ခုကိုစူးစမ်းလိုသောလည်း အဘက ချိုင့်လာပေးသည်မို့ မစူးစမ်းဘဲ ထွက်လာခဲ့သည်။ ထိုနောက် အဘလှထွန်းသည် မြတ်သူပေးခဲ့သော တို့ဟူးနွေးကိုစားပြီးနောက် တစ်ပတ်တစ်ခါပြုလုပ်လေ့ရှ်ိသော တာဝန်ကိုပြုလုပ်ရန် ထွက်လာခဲ့သည်..။ သူထွက်လာခဲ့သည့်နေရာသည် တောအုပ်တစ်ခုဖြစ်သည်။
တောအုပ်ထဲသို့ ဝင်သွားပြီးနောက် မြေစာပုံလေးနှစ်ခုသို့ရောက်သောအခါ သူသည်ပြုံး၍ ပြောလိုက်သည့်စကားသည် ထူးဆန်းလှသည်။
“ သူတို့ကပြန်ရောက်လာပြီဆိုပေမဲ့ ကိုယ်ကတော့ ကိုယ့်တာဝန်ကို လျစ်လျှူရှုလို့မရဘူးလေ "
ထိုသို့ပြောပြီးနောက် ၎င်းမြေစာပုံနှစ်ခုပေါ်တွင်ရှိနေသောသစ်ရွက်ခြောက်၊ သစ်ကိုင်းခြောက်များကိုရှင်းလင်းပေးခဲ့သည်...။
နှလုံးသားလှသူတို့ အတွက်ပေါ့ ...။
For Zawgyi
ႏွလုံးသား
“ သားေလး ေနမေကာင္းဘူးလား... "
“ ေကာင္းပါတယ္ေမေမရဲ႕.. ဘာလို႔လဲ...."
“ သားၾကည့္ရတာ ေအးတိေအးစက္နဲ႔.... "
“ စစေရာက္ခါစဆိုေတာ့ အေပါင္းသင္းလည္းမရွိေသးဘူးေလ။ အလုပ္လုပ္ကလည္း ရွာတုန္းဆိုေတာ့ စာအုပ္ဖတ္လိုက္ အိပ္လိုက္နဲ႔။ အဲဒါေၾကာင့္ေအးတိေအးစက္ျဖစ္ေနတယ္လို႔ ေမေမထင္တာပါ.."
“ ေအးပါ.. သားေလးေနေကာင္းရင္ၿပီးေရာေလ.."
“ ဒါနဲ႔ေမေမ.. ကိုကိုနဲ႔ေရာဖုန္းေျပာျဖစ္ေသးလား..."
“ ဟိုေန႔ကေတာ့ ေျပာျဖစ္တယ္"
“ ကိုကိုေရာ ေနေကာင္းရဲ႕လား.."
“ ေကာင္းပါတယ္သားရဲ႕ "
“ ဟိုေလ..ပိုက္ဆံေရာပို႔ရဲ႕လား "
“ ပို႔ပါတယ္.. ဘာလဲ.. သားအသုံးလိုတာရွိလို႔လား ေမေမေပးမယ္ေလ.."
“ မလိုပါဘူး.. သားကအခု အလုပ္မရေသးေတာ့ ေမေမတို႔ေငြေရးေၾကးေရး အဆင္မေျပမွာစိုးလို႔ပါ.."
“ ေမေမတို႔ အဆင္ေျပပါတယ္သားရဲ႕..။ သားကလိုအပ္တာရွိရင္ ေမေမ့ကိုေျပာေနာ္.."
“ ဟုတ္..."
Advertisement
ေမြးထားေသာသားႏွစ္ေယာက္လုံးသည္ ေဒၚျမတ္ေကသီကို အလြန္အက်ိဳးေပးပါသည္။ လိမၼာသည္။ မိဘကိုလည္းသိတတ္သည္။ ဤကဲ့သို႔ အဖိုးတန္သားေလးမ်ား ရထားသည္မွာ အမွန္ပင္ကံေကာင္းပါသည္။
“ ေမေမ.. သားၿခံထဲကိုလမ္းေလွ်ာက္ဆင္းလိုက္ဦးမယ္ေနာ္"
“ ေအးေအး.."
ေမေမကိုေျပာၿပီးေနာက္ ၿခံထဲသို႔ လမ္းေလွ်ာက္ဆင္းလာေသာအခါ ၿခံေစာင့္အဘကိုေတြ႕သည္။ မိမိကစတင္ကာ ႏႈတ္ဆက္လိုက္သည္။
“ အဘ.. ဘာေတြလုပ္ေနတာလဲ.."
“ ေၾသာ္.. ေကာင္ေလးပါလား အဘကအမႈိက္ရွင္းေနတာပါ "
“ သား ဝိုင္းလုပ္ေပးမယ္ေလ.."
“ ေနပါေစကြယ္.. အဘ ကိုယ့္ဘာသာကိုယ္ လုပ္ပါ့မယ္...။ ေတာ္ၾကာ.. ေကာင္ေလးကိုအလုပ္ခိုင္းလို႔ သခင္ေလးစိတ္ဆိုးေနဦးမယ္..."
“ ဟမ္.. ဘယ္က.. ဘယ္ကသခင္ေလးလဲ.."
ေၾသာ္.. ငါ့ႏွယ့္.. အသက္ႀကီးေတာ့ေမ့တတ္ပါ့။ ေကာင္ေလးက သခင္ေလးကိုဘယ္သိဦးမလဲ။
“ အဘမွားေျပာတာပါ.. ေကာင္ေလးအေမကိုေျပာခ်င္တာပါ..။ သခင္ေတြ သခင္မေတြကိုေခၚရတာမ်ားေတာ့ ႏႈတ္က်ိဳးၿပီးမွားသြားတာပါ.. "
“ ဪ... ဟုတ္ကဲ့"
“ ဒါနဲ႔.. ေမာင္နႏၵက.. အခုလမ္းေလွ်ာက္ဆင္းလာတာမဟုတ္လား.. လမ္းေလွ်ာက္ခ်င္ရင္ေလွ်ာက္ေလ.."
“ ဟုတ္.. ကြၽန္ေတာ္လမ္းေလွ်ာက္မွာပါ။ ဒါနဲ႔ေလ.. ကြၽန္ေတာ့္နာမည္က နႏၵမဟုတ္ဘူး.. ျမတ္သူပါ..."
“ ေၾသာ္.. အဘမွားေခၚမိတာပါကြယ္။ စိတ္မရွိနဲ႔ေနာ့္.."
“ အဘနာမည္ကေရာ.."
“ အဘနာမည္က ဦးလွထြန္းပါ..။ ေကာင္ေလး မသိဘူးလား..."
“ ဟုတ္ကဲ့... အဘ "
အင္း... ဟုတ္ပါတယ္ေလ..။ အသက္ႀကီးေတာ့ အမွတ္မွားတာေနမွာပါ။ ဒါနဲ႔... နႏၵက ဘယ္သူလဲ။ ဘာလို႔.. ဒီနာမည္ၾကားလိုက္ရတာကို ဝမ္းနည္းသလို ခံစားေနရတာလဲ။ ထားပါေလ..ကိုယ္နဲ႔လည္းမဆိုင္ပါဘူး။
အဘႏွင့္ စကားေျပာၿပီးေနာက္ ၿခံထဲတြင္ လမ္းေလွ်ာက္ေနခဲ့သည္။ အခ်ိန္အားျဖင့္ ေျခာက္နာရီထိုးၿပီျဖစ္သည္။ ည၏အေမွာင္ထုသည္လည္း တျဖည္းျဖည္းႏွင့္ အင္အားႀကီးမားလာသည္။ ရာသီဥတုသည္ မိုးရာသီျဖစ္ေသာ္လည္း ထိုညကမိုးမ႐ြာ။ ေအးေအးစိမ့္စိမ္းႏွင့္ လမ္းေလွ်ာက္ရာတြင္ အဆင္ေျပပါသည္..။
လမ္းေလွ်ာက္ရင္းပင္ မိုးရာသီ၏ ေျမသင္းနံ႔ေလးကို အင္အားအျပည့္ႏွင့္ ရွဴရႈိက္ရန္ မ်က္လုံးမွိတ္လိုက္စဥ္တြင္ အနည္းငယ္ႀကီးသည့္ ေက်ာက္တုံးကိုခလုတ္တိုက္မိကာ ရွဴေနေသာေလသည္ တစ္ဝက္တြင္ရပ္သြားသည္။
ခလုတ္တိုက္မႈသည္ အနည္းငယ္အရွိန္ျပင္းသည္မို႔ ေျမႀကီးႏွင့္ ပစ္စလက္ခတ္မိတ္ဆက္ၿပီဟု ထင္မိေသာ္လည္း ထင္ထားတဲ့အတိုင္းျဖစ္မလာ။ လဲက်သြားသည္က ဟုတ္ပါသည္။ သို႔ေသာ္..ေျမႀကီးေပၚမဟုတ္။ ေအးစက္စက္ႏွင့္ က်ယ္ျပန႔္ေသာရင္ခြင္တစ္ခုထံသို႔...။ လဲ လဲခ်င္းတြင္ထင္ထားသကဲ့သို႔ ျဖစ္မလာတာသည္တစ္ေၾကာင္း ေအးစက္မႈႀကီးကတစ္ေၾကာင္းႏွင့္ ေယာင္မွားမိသည္။
“ ဘုရားသခင္... "
ေယာင္လို႔အၿပီး... သူ႔ကိုေမာ့ၾကည့္လိုက္ေတာ့..
“ ဘုရားသခင္.."
ထပ္၍ စြံ႕အ ၿပီးရင္း စြံ႕အ ရပါသည္။ အဘယ္ေၾကာင့္ဆ္ိုေသာ္ ထိုသူသည္ အလြန္ကိုပင္ ခန႔္ညားေခ်ာေမာေနေသာေၾကာင့္ျဖစ္သည္။ ႏွင္းကဲ့သိုျဖဴေဖြးေနေသာ မ်က္မွာေပၚတြင္ ခပ္ပါးပါးႏွင့္ နီျမန္းေနေသာႏႈတ္ခမ္းတစ္စုံ၊ ႏွာတံစင္းစင္းႏွင့္ မ်က္လုံးမွာအနည္းငယ္ေမွးသေယာင္ရွိေသာ္လည္း ဆြဲေဆာင္မႈရွိလွသည္။ အမည္းေရာင္ဖဲသား ရွမ္းအမ်ိဳးသာ႐ိုးရာဝတ္စုံကို ဝတ္ဆင္ထားၿပီး ထိုဝတ္စုံႏွင့္ သူ၏အသားအရည္တို႔သည္ အလြန္တရာ လိုက္ဖက္လြန္းလွသည္။
အဲဒီေလာက္ေခ်ာေနတာ သူက.. လူေရာဟုတ္ရဲ႕လား။နတ္သားလား။
မိမိက သူ႔ကိုစိုက္ၾကည့္ေနသကဲ့သို႔ သူကလည္း မိမိကို စိုက္ၾကည့္ေနျပန္သည္။ သူကေတာ့ မည္သို႔ခံစားေနရေၾကာင္းမသိ။ သူႏွင့္မိမိ အၾကည့္ခ်င္းဆုံေနသည္မွာ ၾကာေနၿပီမို႔ မိမိမွာမေနတတ္။ ႐ုတ္တရက္ဆိုသလို ျမန္ဆန္လာေသာ ရင္ခုန္သံေၾကာင့္ မိမိကိုယ္ကို အံ့ၾသရပါသည္။
ျမတ္သူ.. ျမတ္သူ... တစ္သက္လုံးတည္ၿငိမ္လာတာ အခုမွ ဘာလို႔ရင္ခုန္သံေတြက အိေျႏၵမရျဖစ္ေနရတာလဲ။ ဘယ္သူလာေျပာေျပာ ရင္မခုန္ဘူးဆိုတဲ့စကားလုံးနဲ႔ အကာအကြယ္လုပ္ထားတာ.. အခုေတာ့ အဲဒီအကာအကြယ္ႀကီးက ခ်က္ခ်င္းႀကီး က်ိဳးသြားပါလား။ သူရဲ႕ ဆြဲေဆာင္မႈအားက ေတာ္ေတာ္ျပင္းပါလား။
ဒီတိုင္းစိုက္ၾကည့္ေနလို႔လည္း မျဖစ္တာနဲ႔ မိမိကပင္ စကားစေျပာလိုက္မိသည္။
“ sorryေနာ္.. ကြၽန္ေတာ္ခလုတ္တိုတ္သြားလို႔.."
မိမိသည္သာ ေျပာေနရပါသည္။ သူသည္က ယခုထိမိမိကိုၾကည့္ေနတုန္းပင္။
အခုမွေတြ႕တာကို အဲဒီေလာက္ၾကည့္စရာလား..
“ ဒီကပဲလား.."
ယခုအခ်ိန္ထိ သူ၏အသံကို မၾကားေသးေပ။ အသံတိတ္နည္းျဖင့္ ေခါင္းသာညိတ္ျပပါသည္..။
“ ေၾသာ္.. အဘရဲ႕မိသားစုဝင္ထင္တယ္..."
ကြၽန္ေတာ္တစ္ေယာက္တည္းသာ ေျပာေနတုန္းတြင္ ေမေမေခၚသည္မို႔ သူ႔ေရွ႕မွထြက္လာခဲ့မိသည္။ မိမိထြက္လာတဲ့အထိ သူသည္ထိုေနရာတြင္ ရပ္ေနဆဲပင္။ မည္သည့္စကားမွ်လည္းမေျပာ။
နည္းနည္းမ်ား႐ူးေနသလား..။ သူ႐ူးတာ မ႐ူးတာေတာ့မသိေပမဲ့ သူ႔အေရွ႕မွာ ၾကာၾကာဆက္ေနရင္ ကိုယ္က႐ူးေတာ့မွာ။
အဘယ္ေၾကာင့္ဆိုေသာ္ သူ႔ကိုၾကည့္ေနရင္းပင္ မိမိရင္ထဲတြင္ အမ်ိဳးအမည္မသိေသာဝမ္းနည္းမႈကျဖစ္တည္လာသည္..။ အဘယ္ေၾကာင့္မွန္းလဲမသိ။
ပထမတြင္ စိုက္ၾကည့္ေနရင္း ရင္ခုန္လာသည္။ ဒုတိယတြင္ သူ႔ကိုၾကည့္ေနရင္း ဝမ္းနည္လာသည္။ စစေတြ႕ဆုံျခင္းမွာပင္ ခံစားမႈႏွစ္မ်ိဳးကိုေပးစြမ္းႏိုင္သည့္ ထိုသူသည္ မိမိအဖို႔ရာ ဆန္းၾကယ္မႈတစ္ခု ျဖစ္ေစခဲ့သည္။
ျမတ္သူ၏ရင္ထဲတြင္လည္း ဆန္းၾကယ္မႈႏွင့္။ ထိုသူ၏ရင္ထဲတြင္လည္း လြမ္းဆြတ္မႈႏွင့္။
အရမ္းလြမ္းခဲ့တာ.. အရမ္းသတိရခဲ့တာ..။ ဘာလို႔မ်ား အခုမွေပၚလာတာလဲေကာင္ေလးရယ္။ ကိုယ့္ကိုမ်ား.. စိတ္နာသြားလို႔လား။ တမင္မ်ားႏွိပ္စက္ခ်င္လို႔ ပစ္ထားတာလား..။ ႏွိပ္စက္ခ်င္လည္း သေဘာပါ။ ေကာင္ေလးေက်နပ္မယ္ဆိုရင္.. အကုန္ျဖည့္ဆည္းေပးမွာပါ။
ထို႔ေနာက္သူသည္ သူ၏အေရွ႕ေတြရွိေနေသာ ေက်ာက္တုံးကိုစူးစိုက္ၾကည့္ကာ..
“ သက္ရွိေတြပဲ အျပစ္လုပ္လို႔ရတယ္ထင္တာ.. လက္စသက္ေတာ့ သက္မဲ့ေတြလည္း အျပစ္လုပ္တတ္တာပဲ..။ သူ႔ေျခေထာက္နာသြားေအာင္လုပ္တာ ေျမႀကီးေပၚမွာ မလႈပ္ဘဲေနေနတဲ့မင္းရဲ႕အျပစ္။ သူ႔ကိုနာက်င္ေစတဲ့အရာတိုင္းကိုမုန္းတာမို႔လို႔ မင္းကိုလည္းမုန္းတယ္။ မင္းကဒီမွာရွိမေနသင့္ဘူး.."
ေခတၱမွ်အၾကာတြင္ ထိုေက်ာက္တုံးသည္ အစိတ္စိတ္အမႊာမႊာကြဲေၾကကာ ေက်ာက္သားပဲ့မ်ားသည္လည္း တစ္ေနရာစီ။ ေက်ာက္တုံး၏ ျဖစ္တည္မႈသည္ သနားစရာ။
ထိုေန႔ညတြင္ ရင္ခုန္မႈကိုတားဆီးသည့္သေဘာႏွင့္ တစ္ညလုံးစာအုပ္ဖတ္ေနကာ အိပ္မေပ်ာ္ေသာေကာင္ေလးတစ္ေယာက္ရွိေနသကဲ့သို႔ သစ္ပင္ေပၚတြင္ထိုင္၍ ေျခေထာက္ကိုတြဲေလာင္းခ်ထားကာ လႈပ္ေနလ်က္ ေပ်ာ္ေနေသာ သူတစ္ဦးလည္းရွိခဲ့သည္။ ထိုသူႏွစ္ဦးသားသည္ အၿပဳံးကိုယ္စီႏွင့္။
ေနာက္တစ္ေန႔မနက္တြင္ ေမေမသည္ ကြၽန္ေတာ္ႀကိဳက္ေသာ တို႔ဟူးေႏြးလုပ္ထားေပးသည္။ စားခါနီးတြင္ ကြၽန္ေတာ္သတိရသည္က ၿခံေစာင့္အဘကိုပင္။ သူ႔ကိုလည္းစားေစခ်င္သည္မို႔ ခ်ိဳင့္ေလးတစ္ခုထဲတြင္ တိုဟူးေႏြးမ်ားထည့္ကာ အဘေနေသာ အိမ္ေလးသို႔လာမိခဲ့သည္။ အဘအိမ္ေလး၏ အေရွ႕သို႔ေရာက္ေသာအခါ အဘသည္ တံျမတ္စည္းႏွင့္ ေပါက္တူးကိုယူကာ တစ္ေနရာရာသို႔သြားရန္ ျပင္ဆင္ေနသည္ကို ေတြ႕ရသည္။
“ အဘ ဘယ္သြားမလို႔လဲ။ ဒီမွာကြၽန္ေတာ္က အဘအတြက္ တို႔ဟူးေႏြးလာပို႔တာ"
“ ဪ... ေအးေအး.. လာေလကြယ္။ အဘက လုပ္စရာေလးရွိလို႔ အျပင္သြားမလို႔ပါ.."
“ အဲဒါဆိုလည္း ဒါေလးစားၿပီးမွသြားလိုက္ပါလား.."
“ ေအးပါ ေအးပါ.. ေကာင္ေလးသေဘာ.."
ကြၽန္ေတာ္ေပးေသာ ခ်ိဳင့္ေလးကိုယူကာ အိမ္ထဲဝင္သြားသည့္အဘသည္ ကြၽန္ေတာ့္ကိုပါသူ႔အိမ္ထဲဝင္ခိုင္းသည္..။
“ ခဏေစာင့္ေနာ္.. အဘခ်ိဳင့္လွယ္လိုက္ဦးမယ္.."
“ ဟုတ္.. အဘ "
အဘကိုေစာင့္ေနရာမွ သူ၏အိမ္ေလးထဲကိုၾကည့္မိေသာအခါ ပိတ္အမည္းေရာင္ႏွင့္ ဖုံးအုပ္ထားေသာ ပစၥည္းႏွစ္ခုကိုေတြ႕သည္။
တည္ရွိေနတေသာေနရာမ်ားမွာ တစ္ခုသည္ ဗီ႐ိုအနိမ့္ေလးေပၚတြင္ရွိသည္။ တစ္ခုသည္ ဗီ႐ို၏ အေနာက္တြင္ရွိေသာ ထရံတြင္ခ်ိတ္ဆြဲထားသည္။ ဗီ႐ိုေပၚမွပစၥည္းကိုေသခ်ာမသိေသာလည္း ထရံတြင္ခ်ိတ္ထားသည့္ပစၥည္းကိုမူ ခန႔္မွန္း၍ရႏိုင္ပါသည္...။ ခန႔္မွန္းၾကည့္မိသည္က ထရံတြင္ခ်ိတ္ထားေသာပစၥည္းသည္ ဓာတ္ပုံတစ္ သို႔မဟုတ္ ပန္းခ်ီကားတစ္ခုျဖစ္ႏိုင္သည္..။ မည္သို႔ေသာအေၾကာင္းေၾကာင့္ ပိတ္အမည္းႀကီးနဲ႔ဖုံးထားသနည္း။ စပ္စုခ်င္ေသာ္လည္း ယခုမွဤအိမ္သို႔ေရာက္တဲ့သူသည္ ဤမွ်ေလာက္စပ္စုရန္မသင့္ေတာ္ေပ။ သို႔ေသာ္...သိခ်င္စိတ္မ်ားသည္က တဖြားဖြားပင္...။
“ ေက်းဇူးပဲ ေကာင္ေလးေရ.. အဘစားလိုက္ပါ့မယ္.. "
“ ဟုတ္ကဲ့အဘ.. "
ထိုပစၥည္းႏွစ္ခုကိုစူးစမ္းလိုေသာလည္း အဘက ခ်ိဳင့္လာေပးသည္မို႔ မစူးစမ္းဘဲ ထြက္လာခဲ့သည္။ ထိုေနာက္ အဘလွထြန္းသည္ ျမတ္သူေပးခဲ့ေသာ တို႔ဟူးေႏြးကိုစားၿပီးေနာက္ တစ္ပတ္တစ္ခါျပဳလုပ္ေလ့ရွ္ိေသာ တာဝန္ကိုျပဳလုပ္ရန္ ထြက္လာခဲ့သည္..။ သူထြက္လာခဲ့သည့္ေနရာသည္ ေတာအုပ္တစ္ခုျဖစ္သည္။
ေတာအုပ္ထဲသို႔ ဝင္သြားၿပီးေနာက္ ေျမစာပုံေလးႏွစ္ခုသို႔ေရာက္ေသာအခါ သူသည္ၿပဳံး၍ ေျပာလိုက္သည့္စကားသည္ ထူးဆန္းလွသည္။
“ သူတို႔ကျပန္ေရာက္လာၿပီဆိုေပမဲ့ ကိုယ္ကေတာ့ ကိုယ့္တာဝန္ကို လ်စ္လွ်ဴရႈလို႔မရဘူးေလ "
ထိုသို႔ေျပာၿပီးေနာက္ ၎ေျမစာပုံႏွစ္ခုေပၚတြင္ရွိေနေသာသစ္႐ြက္ေျခာက္၊ သစ္ကိုင္းေျခာက္မ်ားကိုရွင္းလင္းေပးခဲ့သည္...။
ႏွလုံးသားလွသူတို႔ အတြက္ေပါ့ ...။
Advertisement
- In Serial22 Chapters
A Portrait Of A Witch
How Would A Person See the World Filled With no Faces? Would God Even Hear the wish of poor man's Soul? One And Many Wears Mask More Than Few Are Used. And Yet Here I Am Your Lost little Lamb Not Knowing Where to Go? As one of the many that haven't seen the Worlds of the Cruel. But I, Your little lamb you can't even love. I A person Who wished to be loved. I Who Desire's To be Loved I Who wished for your Grace. Yet Even The Near of My Death why Can't you shine your Radiant Light. I Cursed you and World I Once Love You the Once I Trust yet the Anger and Wrath That Shrouded my Hearth. And Yet I Who Prays For You yet Again. I who wish to be Loved I Who wished to be blessed with your light I who begs For Your Grace why Can't My Love Reach You're Heart.
8 119 - In Serial31 Chapters
Taming My Husband
Book 1 (Taming series)COMPLETED'Say it''Say what''Say that you love me. I know you do'With that Aditya turns his face away from me. 'I am going to make you say it Adi. I promise I will', says Noor determined to get her husband to confess his love for her.Aditya is a stubborn, dominating, hard headed man with trust issues.Noor is a free soul with a bit of sarcasm and craziness. She has been waiting for the love of her life to sweep her off her feet only to realise that her man doesn't believe in love. But she is determined to win his heart like he has won hers.Will she succeed? Or will she end up with a broken heart?30,000 words approximately.Completed on 31.12.16# 2 in Indian (21.09.2018)# 50 in short story (7.07.2018)# 275 in romance (1.10.2016)
8 323 - In Serial6 Chapters
Haven In Your Arms (ON-GOING)
-Lily Stevenson and Mickel Martinez Love Story-***Lily Stevenson is just a simple girl with a simple life live in Castile, New York. She owns a small café in Castile. Life was never been easy for her. She felt unsafe all the time whenever she remembers the day her parents have been killed in front of her. But thanks to the criminal psychologist who help her, justice has been served to her parents.She live peacefully in Castile until one day she found out that she has Chronic Lymphocytic Leukemia. She thought, she's all alone now. No one would mind if she die. So she didn't think of treating herself.On the way of giving up with her life she met a man in her café named Mickel Martinez. Her decision starts to crumbled. Her heart is in chaos, whenever he's around it can't stop beating so fast. That's when it hit her. She wants to live more now to be with him. Mickel gives her comfort and whenever he's around she felt safe. He made her happy and loves her so deeply.She loves Mickel so much that she decided to spend her remaining days together with him. And she can't help but pray that maybe... just maybe some miracle will happen.Started: May 27, 2020Ended:
8 185 - In Serial13 Chapters
Myungjin - I Fell For You~
CEO Park Jinwoo|Graphic Designer Kim Myungjun|This is a Myungjin FanficEnough is said~
8 58 - In Serial62 Chapters
Their Human
"I haven't made a promise in over a hundred years but I'm promising you this, if you harm one hair on her head, I will end you all and I will do so smiling while I bathe in your blood."__✧__✧__✧__✧__✧__✧__✧__THEIR HUMAN IS UP ON GOODNOVEL AND LIBRIAfter the government captured the most wanted man in the world, Akielia Rutherford, a scientist that has been waiting for an opportunity like this her whole career gets chosen to be the researcher and caretaker of the man.But what if he's not the only one behind all of those murders and what if he's not a man but something else?And what happens when Akielia learns that her soul is linked with theirs and has to go back with them to their own homeland where supernatural creatures are a normal thing and where humans are seen as nothing but enemies? Will she run back to her normal life and ignore the bond or will she fall deep into the pit of love for the twins while fighting for her right to be the ruler of the whole supernatural realm alongside them?©All rights reservedIf you try to copy any part of this book and I find out, we'll meet in court.
8 384 - In Serial4 Chapters
tearjerker(completed)
Love is a Universal language:we all want to love and be loved because that's a human thing to do.Before we can share our lives to someone we all need to take a risks.Sometimes,risk pays off,and you end up with Mr. or Ms. Right.Unfortunately,it's not always the case for everybody else.#First Story
8 154

