《Amiss Prayer (Zawgyi&Unicode) [Completed]》Part-2(နာကျင်မှုမရှိသော)
Advertisement
For Unicode
နာကျင်မှုမရှိသော
“ မြတ်သူ..ဒီနေ့ရုံးပြန်ရင် အကို့ကိုပြောနော်..."
“ ဗျာ... ဘာလို့လဲကိုထက်.. "
“ အတူတူပြန်မယ်လေ...ကိုယ်လိုက်ပို့မယ်.. "
“ ကိုထက်နဲ့ကျွန်တော်က ပြန်တဲ့လမ်းမတူဘူးလေ.."
“ ဪ... ဟုတ်သားပဲ..။ မြတ်သူကိုပြောပြဖို့မေ့နေတ။ ကိုယ်တို့ကအခု အိမ်အသစ်ပြောင်းထားတယ်။အခုကိုယ်ပြန်ရမယ့်နေရာက မြတ်သူတို့နဲ့တစ်လမ်းကျော်လေ။ အဲဒါကြောင့်လမ်းတူတော့လိုက်ပို့မယ်ပြောတာ "
“ နေပါစေ.. ရပါတယ် ကျွန်တော့်ဘာသာပြန်ပါ့မယ် "
“ ဘာလို့ငြင်းနေတာလဲ မြတ်သူ.."
“ အားနာလို့ပါ.... "
“ ဒီလူနဲ့ဒီလူအားနာစရာလားကွာ... သူစိမ်းဆန်လိုက်တာ။ ကိုယ့်ကိုမခင်ဘူးလား... "
“ ခင်ပါတယ် "
“ ခင်ရင်အားမနာနဲ့တော့။ ကိုယ်နဲ့အတူတူပြန်ရမယ်.. "
“ အင်းပါ... "
အားနာနာနဲ့ပြန်ဖြေလိုက်တဲ့အဖြေက သူလိုချင်နေတဲ့အဖြေမို့လို့ ပြုံးပြီးထွက်သွားလေရဲ့။ ရုံးဆင်းချိန်ရောက်တော့ ကိုယ့်ပစ္စည်းတွေကိုကူသိမ်း ပေးပြီးစောင့်နေလေရဲ့။
ဒီလူကြီးက တကယ်ပါပဲ.. ဘာလို့အဲလောက်လူကိုလိုက်ကပ်နေတာလဲ။ တစ်ဆိတ်ရှိခင်တာနဲ့ပဲ ကိုင်ပေါက်နေတာ။ သူခင်တာကလည်း သူများတွေနဲ့မတူ တစ်မူကိုထူးခြားနေတာ။ အောင်ပိုင်ပြောသလို.. သူငါ့ကိုတကယ်များကြိုက်နေတာလား...။ ဟာ..မဖြစ်နိုင်တာ သူကငါ့ကထက်ရာထူးကြီးလို့လက်အောက်ငယ်သားကို ဂရုစိုက်တာနေမှာပါ..။ အင်း...ဟုတ်တယ်..ဂရုစိုက်တာ..ဟုတ်တယ်..။
ကိုယ်ကမေးလိုက်ကိုယ်ကဖြေလိုက်နဲ့ အတွေးလွန်နေတဲ့မြတ်သူကို ကိုထက်ကခေါ်လိုက်သောအခါ...
“ မြတ်သူ..."
“ အင်း.. ဟုတ်တယ်.. အယ်.."
မြတ်သူရဲ့အလွဲအချော်ပြန်ဖြေတဲ့စကားကြောင့် မြတ်သူအတွေးလွန်နေကြောင်း ကိုထက်နားလည်သည်..။
“ ဟမ်... ဒီကောင်လေး ဘာတွေအတွေးလွန်နေတာလဲ.."
“ မတွေးပါဘူး..."
“ စိတ်ညစ်စရာကိစ္စတွေကို တစ်ယောက်တည်း တွေးမနေနဲ့နော်.. ကိုယ့်ကိုတိုင်ပင်လို့ရတယ်..."
“ ဟုတ်ကဲ့.."
“ ကိုယ့်က သူများကိစ္စတွေကိုစပ်စုတယ်မထင်နဲ့နော်..။ ကိုယ်က မြတ်သူစိတ်ညစ်နေတာမှာကိုမကြည့်ရက်လို့.."
“ ဘာလို့..."
“ ချစ်လို့လေ..."
“ ဗျာ.."
ကိုထက်ရဲ့သွက်လက်သော အဖြေကြောင့် မြတ်သူတစ်ယောက် အောက်မေးပြုတ်ရသည်...။ မျက်လုံးအစုံသည်လည်း ကျွတ်ထွက်မတက် ကိုထက်ကိုပြူးကြည့်နေမိသည်။
ဒါ... ဒီလူကြီး.. သက်သက် အခွင့်ကောင်းယူတာ။ လူကို အိမ်တစ်ခါလောက်လိုက်ပို့ရုံနဲ့ ရည်းစားစကားပြောလိုက်တာ မလွန်လွန်းဘူးလား။ မေးမိတဲ့ကိုယ့်ပါးစပ်ကိုဖြတ်ရိုက်ချင်လာပြီ။ ဒါဆို.. တကယ်ပဲ.. အောင်ပိုင်ပြောသလို ဒီလူကြီးက ကျွန်တော့်ကို သဘောကျနေတာလား။
“ ဘာလို့ကိုယ့်ကို အဲဒီလောက်ပြူးကြည့်နေတာလဲ.. အံ့သြသွားလို့လား.."
ဟုတ်တယ်လေ တုံးတိကြီးပြောလိုက်တော့ မအံ့သြပဲနေမလား။
“ ချစ်ဖို့ကောင်းလိုက်တာ..."
အစကတည်းက သူဘာလုပ်လုပ်သဘောကျနေတော့ အခုပြူးတူးတူးလေးနဲ့ ကြည့်နေတဲ့ပုံလေးကလည်း ချစ်ဖို့ကောင်းလို့ ဟန်မဆောင်နိုင်ဘဲ ဖွင့်ဟလာသည့်စကားတစ်ခွန်းက သူ့ကိုနေရခက်စေမလား။
“ ကိုယ်ချစ်နေတာကြာပါပြီ။ မင်းလေးစိတ်ဆိုးမှာစိုးလို့ ဖွင့်မပြောဖြစ်တာ..။ အစက ကိုယ်တကယ်ရူးနေပြီထင်တာ။ ယောက်ျားလေးချင်းသဘောကျရလား ဆိုပြီးတော့လေ..။ လောကကြီးရဲ့နိယာမတွေကိုမဆန့်ကျင်သင့်ဘူးထင်ပြီး ကိုယ့်စိတ်ကိုပြင်ဆင်ခဲ့ပါသေးတယ်..။ ဒါပေမဲ့ မင်းကိုချစ်တဲ့စိတ်က မပြောင်းလဲသွားဘူးဖြစ်နေတယ်။ မင်းကိုသဘောမိလို့ ၁၉၉၀ခုနှစ်အတွက် ကိုယ်ကအထူးဆန်းဆုံးလူသားများဖြစ်နေမလား..။ နောက်ပြီးကိုယ်မင်းကိုသဘောကျနေတာ မင်းသူငယ်ချင်းသိပါတယ်..မင်းလေးသာမသိတာ..'
ပြောချင်တာက ငါ့ကိုတုံးတယ်လို့ပြောချင်လား။ ဒီလူကြီးကတော့...
“ အခုရော....စိတ်ဆိုးသွားပြီလား.. "
ဘယ်လိုပြန်ဖြေရမလဲ။ စိတ်မဆိုးဘူးပြောရင်လည်း သူ့ကိုသဘောကျတယ်လို့ ထင်နေဦးမယ်။ စိတ်ဆိုးတယ်ပြောရင်လည်း အခုအခြေအရ ကိုယ်ကသူ့ကားပေါ်မှာ...။ ကိုယ်ကမချစ်ဘူးငြင်းလိုက်လို့ဒေါသထွက်ပြီး ကားနဲ့ဓာတ်တိုင်ကိုမိတ်ဆက်လိုက်မှ ကိုယ်ပါအသက်ပျောက်နေဦးမယ်။ မဖြစ်ဘူး.. မဖြစ်ဘူး.. ငါ့အသက်ကငယ်ငယ်လေးရှိသေးတာ.. သေလို့မဖြစ်ဘူး။
“ မြတ်သူ..."
“ ဗျာ..."
“ ကိုယ့်ကိုဘယ်လိုသဘောထားလဲ.. "
ဒုက္ခအကယ်ဒမီကို ထပ်ဆင့်ရပါသည်။ ဘာဖြစ်လို့ထပ်မေးရတာလဲ။ ပထမမေးခွန်းတောင်မဖြေနိုင်သေးတာ ဘာလို့ဒုတိယမေးခွန်းပါထပ်တိုးလာရတာလဲ။
“ မသိဘူး "
ကဲ..မှတ်ပြီလား။ ဘူးတစ်လုံးဆောင် အိုတောင်မဆင်းရဲတဲ့..။ ရပြီ..အခုကစပြီးဘာမေးမသိဘူးပဲ။ မြတ်သူကွ..
“ ဘာကိုမသိတာလဲမြတ်သူ..."
“ ဟင့်အင်း..မသိဘူး..."
ကိုယ်မေးတာတခြား ဖြေတာတခြားပါလား..။ အင်းလေ ကိုယ်ကလည်း ချက်ချင်းကြီးထမေးလိုက်တော့ သူဖြေရခက်နေမှာပေါ့။
“ အင်းပါ.. ကိုယ်နားလည်ပါတယ်။ ကိုယ်ကချက်ချင်းကြီးပြောလိုက်တော့ မြတ်သူဖြေရတာခက်နေမှာပေါ့။ အခုတော့မဖြေလည်းနေပါ။ ဒါပေမဲ့.. ကိုယ့်ကိုစဉ်းစားပေးပါနော် "
ရော.. ခက်ပါလား..။ ဇွတ်ကိုစဉ်းစားခိုင်းနေတာပဲ။ ကိုယ်ကလည်း တွေးတောစဉ်းစားရတာလောက် ပျင်းတာမရှိဘူး။ အိမ်ကိုသာမြန်မြန်ရောက်ပါစေတော့။ မြန်မြန်သာပြန်မရောက်ရင်။ ဒီလူကြီးဘာတွေထက်မေးဦးမလဲမသိဘူး။
အိမ်မြန်မြန်ရောက်သွားလို့ရော ဘာထူးမှာလဲ။ မနက်ဖြန်ရုံးတတ်ရင် အဲဒီမျက်နှာကြီးကိုတွေ့ရဦးမှာလေ။ ဟူး...စိတ်ရှုပ်လိုက်တာ။
စိတ်ရှုပ်ခြင်းအဖြာဖြာနှင့် ထိုတစ်နေ့တာ ကုန်ဆုံးပြီး နောက်တစ်နေ့တာသို့ ရောက်သောအခါ...
“ မြတ်သူ..မနေ့က မင်း ကိုထက်နဲ့အတူပြန်တယ်ဆို..."
“ အင်း... "
ထို့နောက် အောင်ပိုင်က တစ်ခုခုကိုစူးစမ်းလိုဟန်ဖြင့် မိမိအနားသို့ကပ်လာကာ မေးလိုက်သည့်စကားသည် သွေးထွက်အောင်မှန်နေသည်။
Advertisement
“ မင်းကို ကိုထက်ရည်းစားစကားပြောလိုက်သေးလား.."
ဟမ်..ဒီကောင်ဘယ်လိုသိတာလဲ။ ဘယ်သူပြောပြလိုက်တာလဲ။ ကိုထက်ပြောပြလိုက်တာလား။
စိတ်ထဲတွင်ပြောနေသောစကားသည် စိတ်ထဲမှာပင်မနေ...နှုတ်ခမ်းမှတစ်ဆင့် အပြင်သို့ထွက်လာမိသည်။
“ မင်းဘယ်လိုသိ... "
“ အောင်ပိုင်ပါကွာ.. တွေးကြည့်တာပြေးကြည့်တာထက်မြန်တယ်..သိလား..။ငါပြောသားပဲ..မင်းကို ကိုထက်က သဘောကျနေတာပါလို့..."
“ မင်းဗေဒင်ဟောစားပါလား... "
“ အင်း.. ငါဗေဒင်ဟောရင် အခုလက်ရှိဗေဒင်ဆရာတွေ ထမင်းအိုးပျောက်ကုန်မှာစိုးလို့...။ အဲဒါထားတော့..။ ငါသိချင်တာက မင်းကရော ကိုထက်ကို ဘာပြန်ပြောလိုက်လဲ... "
“ မသိဘူး..လို့ပြောလိုက်တယ်... "
“ ဟာ... မင်းအဖြေကြီးကလည်း ရင်ခုန်စရာမကောင်းလိုက်တာ။ ငါမေးမယ်... မင်းကရော ကိုထက်ကိုဘယ်လိုသဘောထားလဲ.. "
“ ရော.. မင်းကလည်း တကယ်တုံးတာပဲ။ မသိလို့ မသိဘူးဖြေလိုက်လေ။ မသိဘူးဆိုမှ..မသိဘူးပေါ့ဟ... ကဲ.. နှစ်ခါတောင် ထပ်ပြောပြီးပြီနော် "
“ မသိဘူး..နှစ်လုံးတည်းဖြေလို့ မင်းကိစ္စကြီးကပြီးသွားမှာလား..."
“ သုံးလုံးပါကွာ.. "
“ အေးပါကွာ...မင်းပြောတဲ့နှစ်ခါနဲ့ ရောသွားလို့ပါ။ မင်းကိုထက်ကိုမချစ်ဘူးလား..."
“ ငါ..ငါစဉ်းစားလို့မရဘူး..တကယ်ပြောတာ.. "
“ ဟမ်...ဘယ်လို... "
“ ဒီလိုကွာ.. အဲဒီလူကြီး ငါ့ကိုဂရုစိုက်တာတော့ သဘောကျတယ်..။ သူကငါ့အပေါ်နွေးထွေးတာကိုလည်းငါသိတယ်..။ ဒါပေမဲ့...ငါသူ့ကိုရင်မခုန်ဘူး...'
“ ရင်မခုန်ဘူးဆိုတော့.. မချစ်ဘူးပေါ့.."
“ အင်း..ဆိုပါတော့..."
“ ဒါနဲ့.. နေပါဦး.. ငါမင်းကိုမေးစရာရှိသေးတယ်။ မင်းရင်ကြီးက ဘယ်တော့မှခုန်မှာလဲ...။ တက္ကသိုလ်မှာတုန်းကလည်း ဘယ်သူမှရင်မခုန်ဘူး။အခုလည်း ရင်မခုန်သေးဘူးဆိုတော့.. မင်းဟာက ဟုတ်တော့မဟုတ်သေးဘူး..'
သူပြောတာလည်းဟုတ်ပါရဲ့။ ကိုယ့်ရဲ့ရင်ခုန်သံကို နှိုးထစေနိုင်တဲ့သူမရှိသေးဘူး။
ဘာကြောင့်လဲ... ဘာအတွက်လဲ။ မိမိ ကိုယ်တိုင်မူမမှန်တာလား။ မဖြစ်နိုင်တာ..။ကိုယ့်စိတ်အားလုံးက ပုံမှန်ဖြစ်ပါတယ်။ နေ့စဉ်လှုပ်ရှားမှုကလည်းပုံမှန်ပါပဲ။ ငါကငယ်ငယ်လေးရှိသေးတာ..မရူးနိုင်ဘူးနော်...
“ မင်္ဂလာနံနက်ခင်းပါ မြတ်သူ "
လာပါပြီ..ကိုထက်..။ မြင်ယောင်သေးတယ်။ ဒီနေ့တစ်နေ့လုံး အောင်ပိုင် စတာခံရတော့မယ်ဆိုတာ။ သူစလည်း စချင်စရာပဲလေ..။ မနက်ရုံးရောက်ပြီးလို့ စနှုတ်ဆက်ပြီးကတည်းက ဘယ်လောက်ဂရုစိုက်ကြောင်း ဘယ်လိုချစ်ခဲ့ရကြောင်းတွေကိုတောက်လျှောက် ပြောနေတာပါ။ ဂရုစိုက်ခံရတာကြိုက်ပေမဲ့ နားပူတာများလာတော့လည်း စိတ်တိုတာက ထိန်းချုပ်မရတော့ဘူးလေ
ထိုနားငြီးမှုကြီးကသက်သာလိုသက်သာငြား သန့်စင်ခန်းသုံးရန်သွားမည်အပြု ကြားလိုက်ရသည့် ကိုထက်၏စကားကြောင့် စိတ်မကြည်မှုက ပို၍ကြီးထွားလာသည်။
“ မြတ်သူ..ဘယ်သွားမလို့လဲ.. "
“ အိမ်သာသွားမို့.. ဘာလဲအီးလိုက်ညှစ်ပေးဦးမလို့လား.."
စိတ်ပေါက်ပေါက်နဲ့ပြောချင်တာပြောပြီး ထွက်လာခဲ့လိုက်တယ်...။ ဟူး..ဘယ်တော့ဒီဝဋ်ကကျွတ်မှာလဲကွာ။
ရုံးကစိတ်ရှုပ်တာကတစ်မျိုး။ အိမ်ရောက်တော့ ပိုပြီးစိတ်ရှုပ်စရာစကားကို ကြားရပြန်ပြီ။
“ သား..မေမေတို့..အိမ်ပြောင်းရမယ်.."
“ ဟမ်...ဘယ်ကို.. "
“ သီပေါမြို့ကို.. "
ရန်ကုန်မှာနေတဲ့သူကသီပေါမြို့ကိုပြောင်းတယ် မနီးလွန်းဘူးလား။ မြစ်ကြီးနားထိသွားလိုက် ပါတော့လားဟင်...။
“ အဲဒီသီပေါမြို့က အိမ်ကိုမေမေဘယ်လိုရှာတွေ့လဲ.. "
“ ဖာသာကြောင့်.. မင်းဘွားဘွားက ခြံနဲ့ဝန်းနဲ့ အေးအေးဆေးဆေးနေချင်တာလေ..။ အခုလိုတိုက်ခန်းတွေကမွန်းကြပ်တယ်တဲ့.. "
“ အင်း.. ပြီးတော့ရော.."
“ အဲဒါကို ဖာသာကသိထားတယ်လေ.. အဲဒီတော့ဖာသာက သူ့အသိဖာသာတစ်ဦးစီက အိမ်အကြောင်းပြောပြတော့ မင်းအဘွားကနေချင်တယ်တဲ့။ အဲဒါနဲ့ပဲအဲဒီအိမ်ကိုဝယ်မယ်တဲ့.. "
“ အဲဒီအိမ်က ဖာသာပိုင်တာလား.. "
“ ဘယ်လိုပြောရမလဲ.. အရင်ကတော့ ဖာသာပိုင်တာမဟုတ်ဘူး..။ လူတစ်ယောက်ကမသေခင်လှူ သွားတာတဲ့..။ အခုဖာသာအတွက် အဲဒီအိမ်ကြီးကအသုံးမဝင်ဘူးလေ။ အဲဒီတော့မိဘမဲ့ဂေဟာအတွက်.. အဲဒီအိမ်ကိုရောင်းမှာ..."
အေးလေ ဘာတတ်နိုင်မှာလဲ ပြောင်းဆိုတော့လည်း ပြောင်းရုံပေါ့။ အလုပ်ကတော့ရှုပ်ဦးမယ်။ အရင်ဆုံးအလုပ်ထွက်ရမယ်။ ပြီးရင်ပြောင်းဖို့ရွှေ့ဖို့လုပ်ရဦးမယ်။ ဘွားဘွားလည်း အဲဒီအိမ်ကိုမှ ဘာလို့နေချင်ရတာလဲ။ ရန်ကုန်မှာလည်း အိမ်တွေပေါရဲ့သားနဲ့။ သီပေါမြို့ကိုရောက်ရင်ရော အဆင်ပြေပါ့မလား..။ နေရာအသစ်ကြီးမှာအလုပ်အသစ်ကိုလည်း လုပ်ရဦးမယ်။ ဒီအလုပ်လေးက ကိုထက်နဲ့ကလွဲရင်အကုန်အဆင်ပြေနေတာကို။ ဘယ်တတ်နိုင်မလဲ..။မေမေနဲ့ဘွားဘွားရဲ့ဆန္ဒဆိုတော့လည်း ငြင်းလို့မှမရတာ..။
For Zawgyi
နာက်င္မႈမရွိေသာ
“ ျမတ္သူ..ဒီေန႔႐ုံးျပန္ရင္ အကို႔ကိုေျပာေနာ္..."
“ ဗ်ာ... ဘာလို႔လဲကိုထက္.. "
“ အတူတူျပန္မယ္ေလ...ကိုယ္လိုက္ပို႔မယ္.. "
“ ကိုထက္နဲ႔ကြၽန္ေတာ္က ျပန္တဲ့လမ္းမတူဘူးေလ.."
“ ဪ... ဟုတ္သားပဲ..။ ျမတ္သူကိုေျပာျပဖို႔ေမ့ေနတ။ ကိုယ္တို႔ကအခု အိမ္အသစ္ေျပာင္းထားတယ္။အခုကိုယ္ျပန္ရမယ့္ေနရာက ျမတ္သူတို႔နဲ႔တစ္လမ္းေက်ာ္ေလ။ အဲဒါေၾကာင့္လမ္းတူေတာ့လိုက္ပို႔မယ္ေျပာတာ "
“ ေနပါေစ.. ရပါတယ္ ကြၽန္ေတာ့္ဘာသာျပန္ပါ့မယ္ "
“ ဘာလို႔ျငင္းေနတာလဲ ျမတ္သူ.."
“ အားနာလို႔ပါ.... "
Advertisement
“ ဒီလူနဲ႔ဒီလူအားနာစရာလားကြာ... သူစိမ္းဆန္လိုက္တာ။ ကိုယ့္ကိုမခင္ဘူးလား... "
“ ခင္ပါတယ္ "
“ ခင္ရင္အားမနာနဲ႔ေတာ့။ ကိုယ္နဲ႔အတူတူျပန္ရမယ္.. "
“ အင္းပါ... "
အားနာနာနဲ႔ျပန္ေျဖလိုက္တဲ့အေျဖက သူလိုခ်င္ေနတဲ့အေျဖမို႔လို႔ ၿပဳံးၿပီးထြက္သြားေလရဲ႕။ ႐ုံးဆင္းခ်ိန္ေရာက္ေတာ့ ကိုယ့္ပစၥည္းေတြကိုကူသိမ္း ေပးၿပီးေစာင့္ေနေလရဲ႕။
ဒီလူႀကီးက တကယ္ပါပဲ.. ဘာလို႔အဲေလာက္လူကိုလိုက္ကပ္ေနတာလဲ။ တစ္ဆိတ္ရွိခင္တာနဲ႔ပဲ ကိုင္ေပါက္ေနတာ။ သူခင္တာကလည္း သူမ်ားေတြနဲ႔မတူ တစ္မူကိုထူးျခားေနတာ။ ေအာင္ပိုင္ေျပာသလို.. သူငါ့ကိုတကယ္မ်ားႀကိဳက္ေနတာလား...။ ဟာ..မျဖစ္ႏိုင္တာ သူကငါ့ကထက္ရာထူးႀကီးလို႔လက္ေအာက္ငယ္သားကို ဂ႐ုစိုက္တာေနမွာပါ..။ အင္း...ဟုတ္တယ္..ဂ႐ုစိုက္တာ..ဟုတ္တယ္..။
ကိုယ္ကေမးလိုက္ကိုယ္ကေျဖလိုက္နဲ႔ အေတြးလြန္ေနတဲ့ျမတ္သူကို ကိုထက္ကေခၚလိုက္ေသာအခါ...
“ ျမတ္သူ..."
“ အင္း.. ဟုတ္တယ္.. အယ္.."
ျမတ္သူရဲ႕အလြဲအေခ်ာ္ျပန္ေျဖတဲ့စကားေၾကာင့္ ျမတ္သူအေတြးလြန္ေနေၾကာင္း ကိုထက္နားလည္သည္..။
“ ဟမ္... ဒီေကာင္ေလး ဘာေတြအေတြးလြန္ေနတာလဲ.."
“ မေတြးပါဘူး..."
“ စိတ္ညစ္စရာကိစၥေတြကို တစ္ေယာက္တည္း ေတြးမေနနဲ႔ေနာ္.. ကိုယ့္ကိုတိုင္ပင္လို႔ရတယ္..."
“ ဟုတ္ကဲ့.."
“ ကိုယ့္က သူမ်ားကိစၥေတြကိုစပ္စုတယ္မထင္နဲ႔ေနာ္..။ ကိုယ္က ျမတ္သူစိတ္ညစ္ေနတာမွာကိုမၾကည့္ရက္လို႔.."
“ ဘာလို႔..."
“ ခ်စ္လို႔ေလ..."
“ ဗ်ာ.."
ကိုထက္ရဲ႕သြက္လက္ေသာ အေျဖေၾကာင့္ ျမတ္သူတစ္ေယာက္ ေအာက္ေမးျပဳတ္ရသည္...။ မ်က္လုံးအစုံသည္လည္း ကြၽတ္ထြက္မတက္ ကိုထက္ကိုျပဴးၾကည့္ေနမိသည္။
ဒါ... ဒီလူႀကီး.. သက္သက္ အခြင့္ေကာင္းယူတာ။ လူကို အိမ္တစ္ခါေလာက္လိုက္ပို႔႐ုံနဲ႔ ရည္းစားစကားေျပာလိုက္တာ မလြန္လြန္းဘူးလား။ ေမးမိတဲ့ကိုယ့္ပါးစပ္ကိုျဖတ္႐ိုက္ခ်င္လာၿပီ။ ဒါဆို.. တကယ္ပဲ.. ေအာင္ပိုင္ေျပာသလို ဒီလူႀကီးက ကြၽန္ေတာ့္ကို သေဘာက်ေနတာလား။
“ ဘာလို႔ကိုယ့္ကို အဲဒီေလာက္ျပဴးၾကည့္ေနတာလဲ.. အံ့ၾသသြားလို႔လား.."
ဟုတ္တယ္ေလ တုံးတိႀကီးေျပာလိုက္ေတာ့ မအံ့ၾသပဲေနမလား။
“ ခ်စ္ဖို႔ေကာင္းလိုက္တာ..."
အစကတည္းက သူဘာလုပ္လုပ္သေဘာက်ေနေတာ့ အခုျပဴးတူးတူးေလးနဲ႔ ၾကည့္ေနတဲ့ပုံေလးကလည္း ခ်စ္ဖို႔ေကာင္းလို႔ ဟန္မေဆာင္ႏိုင္ဘဲ ဖြင့္ဟလာသည့္စကားတစ္ခြန္းက သူ႔ကိုေနရခက္ေစမလား။
“ ကိုယ္ခ်စ္ေနတာၾကာပါၿပီ။ မင္းေလးစိတ္ဆိုးမွာစိုးလို႔ ဖြင့္မေျပာျဖစ္တာ..။ အစက ကိုယ္တကယ္႐ူးေနၿပီထင္တာ။ ေယာက္်ားေလးခ်င္းသေဘာက်ရလား ဆိုၿပီးေတာ့ေလ..။ ေလာကႀကီးရဲ႕နိယာမေတြကိုမဆန႔္က်င္သင့္ဘူးထင္ၿပီး ကိုယ့္စိတ္ကိုျပင္ဆင္ခဲ့ပါေသးတယ္..။ ဒါေပမဲ့ မင္းကိုခ်စ္တဲ့စိတ္က မေျပာင္းလဲသြားဘူးျဖစ္ေနတယ္။ မင္းကိုသေဘာမိလို႔ ၁၉၉၀ခုႏွစ္အတြက္ ကိုယ္ကအထူးဆန္းဆုံးလူသားမ်ားျဖစ္ေနမလား..။ ေနာက္ၿပီးကိုယ္မင္းကိုသေဘာက်ေနတာ မင္းသူငယ္ခ်င္းသိပါတယ္..မင္းေလးသာမသိတာ..'
ေျပာခ်င္တာက ငါ့ကိုတုံးတယ္လို႔ေျပာခ်င္လား။ ဒီလူႀကီးကေတာ့...
“ အခုေရာ....စိတ္ဆိုးသြားၿပီလား.. "
ဘယ္လိုျပန္ေျဖရမလဲ။ စိတ္မဆိုးဘူးေျပာရင္လည္း သူ႔ကိုသေဘာက်တယ္လို႔ ထင္ေနဦးမယ္။ စိတ္ဆိုးတယ္ေျပာရင္လည္း အခုအေျခအရ ကိုယ္ကသူ႔ကားေပၚမွာ...။ ကိုယ္ကမခ်စ္ဘူးျငင္းလိုက္လို႔ေဒါသထြက္ၿပီး ကားနဲ႔ဓာတ္တိုင္ကိုမိတ္ဆက္လိုက္မွ ကိုယ္ပါအသက္ေပ်ာက္ေနဦးမယ္။ မျဖစ္ဘူး.. မျဖစ္ဘူး.. ငါ့အသက္ကငယ္ငယ္ေလးရွိေသးတာ.. ေသလို႔မျဖစ္ဘူး။
“ ျမတ္သူ..."
“ ဗ်ာ..."
“ ကိုယ့္ကိုဘယ္လိုသေဘာထားလဲ.. "
ဒုကၡအကယ္ဒမီကို ထပ္ဆင့္ရပါသည္။ ဘာျဖစ္လို႔ထပ္ေမးရတာလဲ။ ပထမေမးခြန္းေတာင္မေျဖႏိုင္ေသးတာ ဘာလို႔ဒုတိယေမးခြန္းပါထပ္တိုးလာရတာလဲ။
“ မသိဘူး "
ကဲ..မွတ္ၿပီလား။ ဘူးတစ္လုံးေဆာင္ အိုေတာင္မဆင္းရဲတဲ့..။ ရၿပီ..အခုကစၿပီးဘာေမးမသိဘူးပဲ။ ျမတ္သူကြ..
“ ဘာကိုမသိတာလဲျမတ္သူ..."
“ ဟင့္အင္း..မသိဘူး..."
ကိုယ္ေမးတာတျခား ေျဖတာတျခားပါလား..။ အင္းေလ ကိုယ္ကလည္း ခ်က္ခ်င္းႀကီးထေမးလိုက္ေတာ့ သူေျဖရခက္ေနမွာေပါ့။
“ အင္းပါ.. ကိုယ္နားလည္ပါတယ္။ ကိုယ္ကခ်က္ခ်င္းႀကီးေျပာလိုက္ေတာ့ ျမတ္သူေျဖရတာခက္ေနမွာေပါ့။ အခုေတာ့မေျဖလည္းေနပါ။ ဒါေပမဲ့.. ကိုယ့္ကိုစဥ္းစားေပးပါေနာ္ "
ေရာ.. ခက္ပါလား..။ ဇြတ္ကိုစဥ္းစားခိုင္းေနတာပဲ။ ကိုယ္ကလည္း ေတြးေတာစဥ္းစားရတာေလာက္ ပ်င္းတာမရွိဘူး။ အိမ္ကိုသာျမန္ျမန္ေရာက္ပါေစေတာ့။ ျမန္ျမန္သာျပန္မေရာက္ရင္။ ဒီလူႀကီးဘာေတြထက္ေမးဦးမလဲမသိဘူး။
အိမ္ျမန္ျမန္ေရာက္သြားလို႔ေရာ ဘာထူးမွာလဲ။ မနက္ျဖန္႐ုံးတတ္ရင္ အဲဒီမ်က္ႏွာႀကီးကိုေတြ႕ရဦးမွာေလ။ ဟူး...စိတ္ရႈပ္လိုက္တာ။
စိတ္ရႈပ္ျခင္းအျဖာျဖာႏွင့္ ထိုတစ္ေန႔တာ ကုန္ဆုံးၿပီး ေနာက္တစ္ေန႔တာသို႔ ေရာက္ေသာအခါ...
“ ျမတ္သူ..မေန႔က မင္း ကိုထက္နဲ႔အတူျပန္တယ္ဆို..."
“ အင္း... "
ထို႔ေနာက္ ေအာင္ပိုင္က တစ္ခုခုကိုစူးစမ္းလိုဟန္ျဖင့္ မိမိအနားသို႔ကပ္လာကာ ေမးလိုက္သည့္စကားသည္ ေသြးထြက္ေအာင္မွန္ေနသည္။
“ မင္းကို ကိုထက္ရည္းစားစကားေျပာလိုက္ေသးလား.."
ဟမ္..ဒီေကာင္ဘယ္လိုသိတာလဲ။ ဘယ္သူေျပာျပလိုက္တာလဲ။ ကိုထက္ေျပာျပလိုက္တာလား။
စိတ္ထဲတြင္ေျပာေနေသာစကားသည္ စိတ္ထဲမွာပင္မေန...ႏႈတ္ခမ္းမွတစ္ဆင့္ အျပင္သို႔ထြက္လာမိသည္။
“ မင္းဘယ္လိုသိ... "
“ ေအာင္ပိုင္ပါကြာ.. ေတြးၾကည့္တာေျပးၾကည့္တာထက္ျမန္တယ္..သိလား..။ငါေျပာသားပဲ..မင္းကို ကိုထက္က သေဘာက်ေနတာပါလို႔..."
“ မင္းေဗဒင္ေဟာစားပါလား... "
“ အင္း.. ငါေဗဒင္ေဟာရင္ အခုလက္ရွိေဗဒင္ဆရာေတြ ထမင္းအိုးေပ်ာက္ကုန္မွာစိုးလို႔...။ အဲဒါထားေတာ့..။ ငါသိခ်င္တာက မင္းကေရာ ကိုထက္ကို ဘာျပန္ေျပာလိုက္လဲ... "
“ မသိဘူး..လို႔ေျပာလိုက္တယ္... "
“ ဟာ... မင္းအေျဖႀကီးကလည္း ရင္ခုန္စရာမေကာင္းလိုက္တာ။ ငါေမးမယ္... မင္းကေရာ ကိုထက္ကိုဘယ္လိုသေဘာထားလဲ.. "
“ ေရာ.. မင္းကလည္း တကယ္တုံးတာပဲ။ မသိလို႔ မသိဘူးေျဖလိုက္ေလ။ မသိဘူးဆိုမွ..မသိဘူးေပါ့ဟ... ကဲ.. ႏွစ္ခါေတာင္ ထပ္ေျပာၿပီးၿပီေနာ္ "
“ မသိဘူး..ႏွစ္လုံးတည္းေျဖလို႔ မင္းကိစၥႀကီးကၿပီးသြားမွာလား..."
“ သုံးလုံးပါကြာ.. "
“ ေအးပါကြာ...မင္းေျပာတဲ့ႏွစ္ခါနဲ႔ ေရာသြားလို႔ပါ။ မင္းကိုထက္ကိုမခ်စ္ဘူးလား..."
“ ငါ..ငါစဥ္းစားလို႔မရဘူး..တကယ္ေျပာတာ.. "
“ ဟမ္...ဘယ္လို... "
“ ဒီလိုကြာ.. အဲဒီလူႀကီး ငါ့ကိုဂ႐ုစိုက္တာေတာ့ သေဘာက်တယ္..။ သူကငါ့အေပၚေႏြးေထြးတာကိုလည္းငါသိတယ္..။ ဒါေပမဲ့...ငါသူ႔ကိုရင္မခုန္ဘူး...'
“ ရင္မခုန္ဘူးဆိုေတာ့.. မခ်စ္ဘူးေပါ့.."
“ အင္း..ဆိုပါေတာ့..."
“ ဒါနဲ႔.. ေနပါဦး.. ငါမင္းကိုေမးစရာရွိေသးတယ္။ မင္းရင္ႀကီးက ဘယ္ေတာ့မွခုန္မွာလဲ...။ တကၠသိုလ္မွာတုန္းကလည္း ဘယ္သူမွရင္မခုန္ဘူး။အခုလည္း ရင္မခုန္ေသးဘူးဆိုေတာ့.. မင္းဟာက ဟုတ္ေတာ့မဟုတ္ေသးဘူး..'
သူေျပာတာလည္းဟုတ္ပါရဲ႕။ ကိုယ့္ရဲ႕ရင္ခုန္သံကို ႏႈိးထေစႏိုင္တဲ့သူမရွိေသးဘူး။
ဘာေၾကာင့္လဲ... ဘာအတြက္လဲ။ မိမိ ကိုယ္တိုင္မူမမွန္တာလား။ မျဖစ္ႏိုင္တာ..။ကိုယ့္စိတ္အားလုံးက ပုံမွန္ျဖစ္ပါတယ္။ ေန႔စဥ္လႈပ္ရွားမႈကလည္းပုံမွန္ပါပဲ။ ငါကငယ္ငယ္ေလးရွိေသးတာ..မ႐ူးႏိုင္ဘူးေနာ္...
“ မဂၤလာနံနက္ခင္းပါ ျမတ္သူ "
လာပါၿပီ..ကိုထက္..။ ျမင္ေယာင္ေသးတယ္။ ဒီေန႔တစ္ေန႔လုံး ေအာင္ပိုင္ စတာခံရေတာ့မယ္ဆိုတာ။ သူစလည္း စခ်င္စရာပဲေလ..။ မနက္႐ုံးေရာက္ၿပီးလို႔ စႏႈတ္ဆက္ၿပီးကတည္းက ဘယ္ေလာက္ဂ႐ုစိုက္ေၾကာင္း ဘယ္လိုခ်စ္ခဲ့ရေၾကာင္းေတြကိုေတာက္ေလွ်ာက္ ေျပာေနတာပါ။ ဂ႐ုစိုက္ခံရတာႀကိဳက္ေပမဲ့ နားပူတာမ်ားလာေတာ့လည္း စိတ္တိုတာက ထိန္းခ်ဳပ္မရေတာ့ဘူးေလ
ထိုနားၿငီးမႈႀကီးကသက္သာလိုသက္သာျငား သန႔္စင္ခန္းသုံးရန္သြားမည္အျပဳ ၾကားလိုက္ရသည့္ ကိုထက္၏စကားေၾကာင့္ စိတ္မၾကည္မႈက ပို၍ႀကီးထြားလာသည္။
“ ျမတ္သူ..ဘယ္သြားမလို႔လဲ.. "
“ အိမ္သာသြားမို႔.. ဘာလဲအီးလိုက္ညႇစ္ေပးဦးမလို႔လား.."
စိတ္ေပါက္ေပါက္နဲ႔ေျပာခ်င္တာေျပာၿပီး ထြက္လာခဲ့လိုက္တယ္...။ ဟူး..ဘယ္ေတာ့ဒီဝဋ္ကကြၽတ္မွာလဲကြာ။
႐ုံးကစိတ္ရႈပ္တာကတစ္မ်ိဳး။ အိမ္ေရာက္ေတာ့ ပိုၿပီးစိတ္ရႈပ္စရာစကားကို ၾကားရျပန္ၿပီ။
“ သား..ေမေမတို႔..အိမ္ေျပာင္းရမယ္.."
“ ဟမ္...ဘယ္ကို.. "
“ သီေပါၿမိဳ႕ကို.. "
ရန္ကုန္မွာေနတဲ့သူကသီေပါၿမိဳ႕ကိုေျပာင္းတယ္ မနီးလြန္းဘူးလား။ ျမစ္ႀကီးနားထိသြားလိုက္ ပါေတာ့လားဟင္...။
“ အဲဒီသီေပါၿမိဳ႕က အိမ္ကိုေမေမဘယ္လိုရွာေတြ႕လဲ.. "
“ ဖာသာေၾကာင့္.. မင္းဘြားဘြားက ၿခံနဲ႔ဝန္းနဲ႔ ေအးေအးေဆးေဆးေနခ်င္တာေလ..။ အခုလိုတိုက္ခန္းေတြကမြန္းၾကပ္တယ္တဲ့.. "
“ အင္း.. ၿပီးေတာ့ေရာ.."
“ အဲဒါကို ဖာသာကသိထားတယ္ေလ.. အဲဒီေတာ့ဖာသာက သူ႔အသိဖာသာတစ္ဦးစီက အိမ္အေၾကာင္းေျပာျပေတာ့ မင္းအဘြားကေနခ်င္တယ္တဲ့။ အဲဒါနဲ႔ပဲအဲဒီအိမ္ကိုဝယ္မယ္တဲ့.. "
“ အဲဒီအိမ္က ဖာသာပိုင္တာလား.. "
“ ဘယ္လိုေျပာရမလဲ.. အရင္ကေတာ့ ဖာသာပိုင္တာမဟုတ္ဘူး..။ လူတစ္ေယာက္ကမေသခင္လႉ သြားတာတဲ့..။ အခုဖာသာအတြက္ အဲဒီအိမ္ႀကီးကအသုံးမဝင္ဘူးေလ။ အဲဒီေတာ့မိဘမဲ့ေဂဟာအတြက္.. အဲဒီအိမ္ကိုေရာင္းမွာ..."
ေအးေလ ဘာတတ္ႏိုင္မွာလဲ ေျပာင္းဆိုေတာ့လည္း ေျပာင္း႐ုံေပါ့။ အလုပ္ကေတာ့ရႈပ္ဦးမယ္။ အရင္ဆုံးအလုပ္ထြက္ရမယ္။ ၿပီးရင္ေျပာင္းဖို႔ေ႐ႊ႕ဖို႔လုပ္ရဦးမယ္။ ဘြားဘြားလည္း အဲဒီအိမ္ကိုမွ ဘာလို႔ေနခ်င္ရတာလဲ။ ရန္ကုန္မွာလည္း အိမ္ေတြေပါရဲ႕သားနဲ႔။ သီေပါၿမိဳ႕ကိုေရာက္ရင္ေရာ အဆင္ေျပပါ့မလား..။ ေနရာအသစ္ႀကီးမွာအလုပ္အသစ္ကိုလည္း လုပ္ရဦးမယ္။ ဒီအလုပ္ေလးက ကိုထက္နဲ႔ကလြဲရင္အကုန္အဆင္ေျပေနတာကို။ ဘယ္တတ္ႏိုင္မလဲ..။ေမေမနဲ႔ဘြားဘြားရဲ႕ဆႏၵဆိုေတာ့လည္း ျငင္းလို႔မွမရတာ..။
Advertisement
- In Serial48 Chapters
The Fortune of Rebirth: The Counterattack of the Princess
The previous life is nothing but a joke. Being used completely then abandoned mercilessly. How can I be this stupid to not even notice such an obvious scam? Fortunately, I can have a second chance with my rebirth. Sister, Brother Yi and whoever mistreated me in my previous life, are you ready for my revenge and the counterattack of a princess? Read all the latest chapters on Flying Lines.
8 126 - In Serial30 Chapters
L♡VE On Speed Dial ✓
When Damien Sparrow, the most popular playboy of Timberlake High, calls the school's love hotline, to set him up with a girl he likes, he never would have thought that he would fall hopelessly in love with the girl in the hot-seat, Auburn Adams. "What is so important that you woke me up at 3 a.m. in the freaking morning ?!" "Can you fall in love over phone ?" "What ?!" "I mean, can you fall in love with someone you have never met ?" "I guess..why ?" "Then I guess I am in love.." "OMG ! You are like hopelessly in love !" "Yes, but I am mostly whipped as hell.." "Who is it ?! Tell me !" "Little Miss Hotline Girl. "Fourth book in the One Last Call series..
8 198 - In Serial63 Chapters
Besides Being Werewolves, They're Weird, Rude, Confusing, and Clingy
Alicia Lindros just wanted to make it through her Junior year, but never expected a Group--rather Pack--of boys to change her life completely until a twisted story and plan comes into play, affecting more than just their own fate...
8 197 - In Serial51 Chapters
Me or sum|Nardo wick
"She not my main thing but on the weekends she lovin my crew lovin my crew "
8 144 - In Serial34 Chapters
Blood Queen || COMPLETED
**Featured on Wattpad Werewolf profile. Female Alpha category**Hush now, lock your doors.When the lights go out Hear us roarAll through the nightOur enemies shocked with frightAs they hear the thunder that our flames ignite.~~~~I was purposely vague in the description lmao but yes this is a werewolf story and a pretty kickass one if I do say so myself. So if you like badass characters, intense fight scenes, and the odd steamy sex scenes then this is the book for you. Come on now, don't be shy. We won't bite... Much.
8 195 - In Serial19 Chapters
Missing
Jasmine went missing at the age of 8. Her family, her friends, her mate looked everywhere. They couldn't find her. When she returns? Will she be the same?
8 277

