《Amiss Prayer (Zawgyi&Unicode) [Completed]》Part-1(သာမန်ဘ၀လေး)
Advertisement
For Unicode
သာမာန်ဘဝလေး
အမှောင်အတိ ဖုံးလွှမ်းနေသော တောအုပ်ကြီးတစ်ခု..။ မီးတိုင်ကိုင်ထားသော အမျိုးသားနှစ်ဦးနှင့် ကြောက်စဖွယ်ကောင်းစွာ လှပသည့်အမျိုးသမီးတစ်ဦး...။
မီးတိုင်ကိုင်ထားသောအမျိုးသာနှစ်ဦးဟာ ထိုမီးတိုင်များနှင့် မိမိ၏ကျောသို့ရိုက်ခက်နေသေးသည်။ နာကျင်မှုကြောင့် အော်ဟစ်ချင်သောလည်း အော်ခွင့်မရ။
ထို့နောက် အမျိုးသားတစ်ဦးထပ်ရောက်လာပြီး ရွှေရောင်ဓားအိမ်ထဲမှဓားကိုထုတ်ကာ မိမိလည်ပင်းအား ဖြတ်တော့မည့်ဟန်နှင့်တင်ထားသည်..။
ထိုလူသားသည် မိမိအားစကားအချို့ပြောနေတာကိုသိသည်။ သို့သော်..မကြားရ။ သွေးများသည် မျက်လုံးထဲသို့ယိုစီးလာသောကြောင့် ထိုလူသားတို့၏မျက်နှာကိုသဲကွဲစွာမမြင်ရ။ ထို့နောက်မိမိဝမ်းဗိုက်ထဲကိုနာကျင်စွာတိုးဝင်လာသော ထိုလူသားကိုင်ထားသည့်ဓား....။
“ အား.. “
ချွေးများစိုနင့်လျက် မောဟိုက်စွာလန့်နိုးလာခဲ့သည်။
ဘယ်လိုအိပ်မက်မျိုးလဲ။ ဘယ်လောက်တောင်ကြောက်ဖို့ကောင်းလိုက်သလဲ။
ထိုအိပ်မက်ကနိုးထလာတိုင်း လူကအားအင်မရှိတော့သည်နှယ်။ အလွန်ပင်ပန်းလှသည်။
မိမိသတိထားမိသည်က ထိုအိပ်မက်အား တစ်နှစ်တစ်ခါ မက်မြင်ရသည်ပင်။ မြင်မက်သည့်ရက်တိုင်းကလည်း ကိုးလပိုင်းကိုးရက်နေ့။ ထူးဆန်းလှသည်။
အဲဒီအိပ်မက်ကိုပဲ တစ်နှစ်မှာတစ်ခါမက်မြင်နေရတာ ကျွန်တော့်အတွက်တော့ထူးဆန်းတယ်။ တခြားအိပ်မက်များကို မေ့သွားပေမဲ့ ဒီအိပ်မက်ဆိုးကြီးကိုမေ့မရဘူး။ ပြန်တွေးတိုင်းလည်း မွန်းကျပ်တယ်။ မေမေနဲ့ဘွားဘွားကိုပြောပြတော့လည်း ကယောင်ချောက်ချားဖြစ်တာနေမှာပါတဲ့။ အဲဒီကယောင်ချောက်ချား တစ်နှစ်မှာတစ်ခါဖြစ်တာလား။
ဟူး... စိတ်ရှုပ်လိုက်တာ....။
တော်တော်ကြောက်စရာကောင်းတဲ့အဲဒီအိပ်မက်ကြီး မက်မြင်ပြီးလူက တစ်ညလုံးအိပ်မရ...
မနက်မိုးလင်းတော့...
“သား... မြတ်သူ... သားအဘွားခေါ်နေပြီ...ဆင်းခဲ့တော့”
“ ဟုတ်မေမေ... “
ထမင်းစားခန်းထဲဝင်သို့သွားသောအခါ မေမေက စားစရာများကိုပြင်ဆင်နေသည်။ ဘွားဘွားသည်က လှလှပပနှင့်ထိုင်နေသည်။ ကျွန်တော့်အချစ်ရဆုံးမိသားစုဝင်ကိုစတင်နှုတ်ဆက်လိုက်သည်။
“ မင်္ဂလာနံနက်ခင်းပါ မေမေ.. မင်္ဂလာနံနက်ခင်း ဘွားဘွား.. “
“ မင်္ဂလာန့နက်ခင်းပါ မြေး “
ဘွားဘွားက ကျွန်တော့်ကိုပြန်နှုတ်ဆက်ပြီးကျွန်တော့်မျက်နှာကိုသေချာကြည့်ကာ..
“ ဟဲ့.. မြေးလေး.. မင်း မျက်ကွင်းတွေညိုနေပါလား... “
“ဟုတ်တယ်ဘွားဘွား..ညကအိပ်မရလို့လေ...”
“မြေး..နေရောကောင်းရဲ့လား...”
“ကောင်းပါတယ်ဘွားဘွားရဲ့...”
“ မျက်နာက မလန်းမဆန်းနဲ့ကွယ်.. ဘုရားကျောင်းသွားလို့ဖြစ်ပါ့မလား..”
“ ဖြစ်ပါတယ်ဘွားဘွားရဲ့....ပြန်လာမှအိပ်လိုက်မယ်.. “
“ အေးအေး...”
ဘုရားကျောင်းသွားသော လမ်းတစ်လျှောက်လုံးတွင်လည်းအမြင်မကြည်။ အကြောင်းမှာ ညတွင်အိပ်မရ၍ ယခုတွင်ငိုက်နေခြင်းကြောင့်ဖြစ်သည်။
အိမ်ပြန်ရောက်သောအခါတွင်လည်း အိပ်ရာပေါ်ပြစ်လှဲလိုက်သည်..။
“ ငါအိပ်ရမယ်... ငါအိပ်ရမယ်.. မနက်ဖြန် အလုပ်ကလည်း သွားရဦးမှာ...။ ရုံးရောက်ရင်အလုပ်က ရှုပ်ဦးမှာ..။ လူကြီးတွေကလည်းခိုင်းဦးမှာ အဲဒီဒဏ်တွေကိုခံနိုင်ရည်ရှိအောင် ကြိုတင်အားဖြည့်ထားမှ...”
အားဖြည့်သည့်သဘောနှင့် အိပ်လိုက်ရာ ညနေလေးနာရီရောက်မှသာနိုးတော့သည်။
နိုးပြီးနောက် ကိုယ်လက်သန့်စင်ကာ မနေ့ညမှ ဖတ်လက်စ စာအုပ်လေးကိုဖက်ကာ ထိုနေ့တစ်နေ့တာကို ကုန်ဆုံးလိုက်သည်။
အိပ်ရေးဝဝနှင့် နိုးထားသည့် နောက်တစ်နေ့၏မနက်ခင်းတွင် စိတ်သည်လည်း ကြည်လင်လျက်။
ကြည်လင်မှာပေါ့။ ဘာအိပ်မက်ဆိုးမှမက်ဘူးလေ။ထုံးစံတိုင်း မေမေနဲ့ ဘွားဘွားကိုနှုတ်ဆက်၊ မနက်စာစား၊ ထမင်းဘူးလေးဆွဲပြီး အလုပ်သွားမိတယ်။ ဝင်ဝင်ချင်းမှာ ကြားလိုက်ရတဲ့ကြက်သီးထဖွယ်အသံတစ်ခုရယ် အဲဒီအသံနဲ့အတူခါးပေါ်သို့ရောက်လာသောလက်တစ်စုံရယ်ရှိတယ်။
“ မင်္ဂလာနံနက်ခင်းပါ ချစ်သူ..”
“ ဟာ..ဖယ်စမ်းပါကွာ.. မနက်စောစောစီးစီး မဆဲချင်ဘူးနော်အောင်ပိုင်..”
“ချစ်သူကလည်း နှစ်ရက်တောင်မတွေ့ရတာ လွမ်းလို့ကို.. “
“ အင်း.. သေလိုက်လေ... နံရံနဲ့ခေါင်းနဲ့ဆောင့်ပြီးသေလိုက် ဖယ်စမ်းပါကွာ။ မင်းအဲဒီလိုပွတ်သီးပွတ်သပ်လုပ်လို့ ငါကောင်မလေးမရတာ “
“ ကောင်လေးတွေတော့ မင်းကိုကြိုက်ပါတယ်ကွာ “
“ မကြိုက်ပါဘူးကွာ “
“ ဘာကိုမကြိုက်ရမှာလဲ... ကျောင်းတုန်းကလည်းဘကြိုက်တဲ့ကောင်တွေမှအပုံကြီး။ အခုရုံးမှာလည်းတစ်ယောက်က ရှိသေးတယ် “
“ဟာ.. ပုံချင်တာပုံကွာ.. ဖယ်တော့.. စိတ်ရှုပ်လာပြီ...”
ရုံးရောက်တိုင်းမြတ်သူကိုစတာ အောင်ပိုင်ရဲ့အလုပ်တစ်ခု။ စလိုက်လို့တစ်တောင်လောက်ထော်သွားတဲ့ နှုတ်ခမ်းကို သွားသွားဆွဲရတာလည်း အောင်ပိုင်ပါပဲ။ မြတ်သူစိတ်ရှုပ်နေချိန်သွားစလို့ စိတ်ကောက်သွားရင်လိုက်ချော့ရတာလည်း သူပါပဲ။
မြတ်သူနဲ့အောင်ပိုင်နှင့် ကြားရှိဆက်ဆံရေးကို အများက အထင်လွဲချင်ကောင်းလွဲလိမ့်မည်။ အရောင်ဆိုးချင်ကောင်း ဆိုးကြလိမ့်မည်။ သို့သော် ကာယကံနှစ်ဦးလုံး၏စိတ်ထဲတွင် သူငယ်ချင်းကောင်းဟူသောအဆင့်မှမကျော်ပေ...။
ထိုလူသားနှစ်ဦးတွင် တူညီသောအကျင့်တစ်ခုရှိသည်။ ၎င်းမှာ ကိစ္စတစ်ခုအား နှစ်ခါထက်ပို၍မရှင်းပြတတ်ခြင်းပင်။
ကိုယ်အထင်ကိုယ် အမှန်ကြီးမှတ်နေတဲ့ လူတွေကိုနားလည်အောင်ရှင်းပြရတာ အပင်ပန်းဆုံးအလုပ်တစ်ခုလို့ ကျွန်တော်သတ်မှတ်ထားတယ်လေ။
သူတို့ရဲ့ဆက်ဆံကို အထင်လွဲလို့ လာမေးခဲ့လျှင် ပထမတစ်ခါ ရှင်းပြလိမ့်မည်။ ဒုတိယတစ်ခါလည်းရှင်းပြလိမ့်မည်။ တတိယတစ်ခါဆိုရင်တော့..‘ထင်ခြင်သလိုထင်..’လို့သာပြောလိမ့်မည်။ ပိုဆိုးသည်က အောင်ပိုင်သည် အရွဲ့တိုက်တဲ့နေရာတွင် ဆရာကြီးပင်..
“ မနက်စောစောစီးစီး အချစ်ငှက်လေးတွေက သာယာနေပါလားနော် “
“ ကျွန်တော်ရဲ့ဆဲသံဆိုသံတွေသာယာစရာ ကောင်းလို့လား.. “
“ အစ်မအတွက်တော့မသိပေမဲ့ မြတ်သူရဲ့ဆဲသံက အောင်ပိုင့်နားထဲမှာ ဆည်းလည်းသံဖြစ်နေမှာ..”
ကျွန်တော်နဲ့မရွှေစင် စကားပြောတုန်းဝင်ဖြေလိုက်သူက အောင်ပိုင်ပင်။ ဖြေခြင်းဟူသည်ထက် ရွဲ့ခြင်း ဟုဆိုလျှင်ပိုမှန်မည်။
“ အင်း ဟုတ်တယ်။ ကျွန်တော့အတွက်တော့ သူ့အသံတိုင်းက ဆည်းလည်းသံ ပဲ..”
အောင်ပိုင်ရဲ့ အဲဒီလိုမျိုးအဖြေမျိုးကြောင့်အထင်လွဲသူများတွေ ပိုပိုများလာတာ။
“ မင်းအဲဒီလိုခဏခဏပြော သိလား..။ နောက်ဆို တစ်ရုံးလုံးက မင်းနဲ့ငါ့ကိုတွဲနေတယ်ထင်တော့မယ်..”
မြတ်သူနဲ့အောင်ပိုင်စကားပြောစဉ် ထက်မြက်ဆိုသူက ရောက်လာသည်။
“ မင်္ဂလာနံနက်ခင်းပါ မြတ်သူ “
“ ဟုတ်.. မင်္ဂလာနံနက်ခင်းပါ ကိုထက် “
Advertisement
ရုံးခန်းထဲတွင်မြတ်သူ၊ အောင်ပိုင်၊ ရွှေစင်.. သုံးယောက်ရှိပါလျက် မြတ်သူကိုသာ ရွေး၍နှုတ်ဆက်လာသော ထက်မြက်သည် မြတ်သူကိုစိတ်ဝင်စားနေမှန်း သိသာလွန်းပါသည်။
“ ကိုထက်က မကောင်းဘူးဗျာ။ ဒီမှာ ကျွန်တော်လည်းရှိနေတာကို။ ကျွန်တော့်ကိုတော့မနှုတ်ဆက်ဘူး။ ရုံးခန်းထဲကလူတွေထဲမှာ မြတ်သူတစ်ယောက်တည်းကိုပဲ မြင်တာလား...”
“ အင်း...”
ခပ်ပြတ်ပြတ်စကားတစ်ခွန်းကြောင့် အောင်ပိုင်အခဲမကျေဖြစ်သွားသည်။
မြတ်သူကိုသာအရေးလုပ်ကာ ကျန်သောသူများကို ရှိသည်ဟုမထင်သည်မို့ အစာမကြေထားသည်လေ။ အခုတွင်မူ ပိုပိုကြည့်မရတော့ပေ။
“ ဒီလူကြီးက တကယ်အပိုတွေ။ မင်းကိုပဲသက်ရှိလို့ထင်နေတာသိလား။ ငါတို့ကိုကျတော့ အသေကောင်လိုလို စက်ရုပ်လိုလိုနဲ့ အရေးမလုပ်ဘူး။ ခိုင်းရာရှိမှစကားပြောတာ...”
“မင်းကလည်းကွာ ကြားသွားလို့စိတ်ဆိုးနေဦးမယ်။ စိတ်ဆိုးတာအရေးမကြီးဘူးနော်။ သူကစိတ်ဆိုးတဲ့လူကို အလုပ်ပိုခိုင်းတာ သိတယ်မဟုတ်လား.. “
“ အေးကွ..အဲဒီဒါတော့ဟုတ်တယ်..။ ငါပြောမယ်နော်မြတ်သူမင်း..အဲဒီလူကြီးနဲ့လုံးဝမတွဲရဘူး..ဒါပဲ...”
“ အဲဒါငါ့သဘောပါကွာ.. မင်းနဲ့ဆိုင်လို့လား..”
“ ဆိုင်တယ် မင်းကငါ့သူငယ်ချင်းလေ “
“ သူငယ်ချင်းက အဖေမဟုတ်ဘူး..မဆိုင်ဘူး “
အခုလို ရန်ကျိတ်ဖြစ်ရတာက မြတ်သူနဲ့ကျွန်တော်ရဲ့ထုံးစံ။ မြတ်သူကို စေတနာလွန်ပြီး ဂရုစိုက်ရတာလည်း ကိုထက်ရဲ့ထုံးစံ။
ထမင်းစားချိန်တိုင်း မြတ်သူအနားရောက်လာကာ
“ဒါလေးက မြတ်သူကြိုက်တယ်ဆိုလို့ထည့်လာတာ”
“ဒါလေးစားနော်..မြတ်သူအားရှိအောင်...”
စသည့် ထမင်းနင်ဖွယ်စကားများပြောပြီး သူ့ထမင်းဘူးထဲမှ ဟင်းများခတ်ထည့်ပေးသည်။
ဒါတင်ပဲလား ဆိုတော့... မဟုတ်သေးဘူး..။ မြတ်သူထမင်းလေးများအစားနည်းရင် နေမကောင်းလို့လားဆိုပြီး မေးရတာလဲရှိသေးတယ်..။
မပြီးသေးဘူးနော်..။ ထမင်းစားပြီးပြီရင်လည်း ကော်ဖီဖျော်ပေးရတာလည်းတာဝန်တစ်ခု။
အစကတော့ ကိုထက် ဂရုစိုက်တာကိုမြတ်သူငြင်းပါသေးတယ်။ နောက်ပိုင်းကျတော့ ငြင်းရတဲ့သူက အားနာလာလို့ လက်ခံလိုက်ရတဲ့အထိ။
အခုလို သည်းသည်းလှုပ်တာမဆန်းပါဘူးလေ။ မြတ်သူက ယောကျာ်းလေးဖြစ်ပြီး လှချင်တိုင်းလှနေတာကို။ နှုတ်ခမ်းနီဆိုးစရာမလိုပဲ နဂိုရဲနေတဲ့ နှုတ်ခမ်းလေးက ရုံးက နှုတ်ခမ်းနီမမတွေထက်တောင်သာသေးတယ်။ အားကစားလိုက်စားတဲ့သူပီပီ ကျစ်လစ်တဲ့ကိုယ်နဲ့ ခါးသိမ်သိမ်လေးက တစ်မျိုးဆွဲဆောင်နေပြန်ရော။ အဲဒါတွေကြောင့် ဒင်းဘေးနားမှာနေရတာ ကိုယ်ပါမထင်မပေါ် ဖြစ်တယ်။
အစကတော့ သူ့ကိုယောက်ျားလေးတွေသဘောကျတာကို အထူးအဆန်းလို့ထင်ဖူးတယ်။ ယောက်ျားလေးချင်း ဘာလို့သဘောကျတာလဲ။
ဒါက ထူးဆန်းတဲ့ကိစ္စမဟုတ်ဘူးလား။ ကိုယ့်သူငယ်ချင်းက မိန်းကလေးလည်းမဟုတ်ပဲ ဘာလို့ယောက်ျားလေးတွေကသဘောကျတာလဲ။
သူ့အား ယောကျာ်းလေးများက သဘောကျရခြင်းအကြောင်းကို ယျထာဘုတာကျကျ မတွေးတတ်ပေ။ ထို့ကြောင့်သာ သိပ်၍မတွေးတော့။ မိမိအမြင်အတိုင်းသာသတ်မှတ်လိုက်သည်။ သူသည် စိတ်ထားကောင်းသည်။ လှသည်။ ထို့ကြောင့် သဘောကျသူများနေသည်။
မြတ်သူအား သဘောကျသူများရခြင်း၏ အဓိကအချက်သည်.. အခုနှစ်ဆယ့်တစ်နှစ်ရွယ်ထိ ရည်းစားမထားဖူးသေးခြင်းပင်..။
သူပြောနေကျစကားရှိတယ်...အဲဒါက
“ ငါကတစ်ဘဝမှာ တစ်ယောက်တည်းကိုပဲချစ်မယ်။ အဲဒီတစ်ယောက်တည်းကိုပဲ ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်မှာမို့လို့ ငါအတွက်ကချစ်သူထားတဲ့အခါ အချိန်ယူပြီးစဉ်းစားဖို့လိုတယ် “
တစ်ဘဝမှာတစ်ယောက်တည်းကိုပဲချစ်မှာတဲ့လား။ အဲဒီသူ ချစ်တဲ့သူမရှိတော့ရင်ရော သူ..ဘယ်သူ့ကိုမှမချစ်တော့ဘူးလား။
သူလည်းသူ့ခံယူချက်နဲ့သူပေါ့..။ ဘယ်အရာမဆို လေးလေးနက်နက်စဉ်းစားတတ်တဲ့သူက မဖြစ်နိုင်တဲ့အရာတစ်ခုအပေါ် လေးလေးနက်နက် စဉ်းစားအလေးထားမိပြီး ဒုက္ခဖြစ်မှာလည်းစိုးရိမ်မိတယ်..။
15.5.2020
For Zawgyi
သာမာန္ဘဝေလး
အေမွာင္အတိ ဖုံးလႊမ္းေနေသာ ေတာအုပ္ႀကီးတစ္ခု..။ မီးတိုင္ကိုင္ထားေသာ အမ်ိဳးသားႏွစ္ဦးႏွင့္ ေၾကာက္စဖြယ္ေကာင္းစြာ လွပသည့္အမ်ိဳးသမီးတစ္ဦး...။
မီးတိုင္ကိုင္ထားေသာအမ်ိဳးသာႏွစ္ဦးဟာ ထိုမီးတိုင္မ်ားႏွင့္ မိမိ၏ေက်ာသို႔႐ိုက္ခက္ေနေသးသည္။ နာက်င္မႈေၾကာင့္ ေအာ္ဟစ္ခ်င္ေသာလည္း ေအာ္ခြင့္မရ။
ထို႔ေနာက္ အမ်ိဳးသားတစ္ဦးထပ္ေရာက္လာၿပီး ေ႐ႊေရာင္ဓားအိမ္ထဲမွဓားကိုထုတ္ကာ မိမိလည္ပင္းအား ျဖတ္ေတာ့မည့္ဟန္ႏွင့္တင္ထားသည္..။
ထိုလူသားသည္ မိမိအားစကားအခ်ိဳ႕ေျပာေနတာကိုသိသည္။ သို႔ေသာ္..မၾကားရ။ ေသြးမ်ားသည္ မ်က္လုံးထဲသို႔ယိုစီးလာေသာေၾကာင့္ ထိုလူသားတို႔၏မ်က္ႏွာကိုသဲကြဲစြာမျမင္ရ။ ထို႔ေနာက္မိမိဝမ္းဗိုက္ထဲကိုနာက်င္စြာတိုးဝင္လာေသာ ထိုလူသားကိုင္ထားသည့္ဓား....။
“ အား.. “
ေခြၽးမ်ားစိုနင့္လ်က္ ေမာဟိုက္စြာလန႔္ႏိုးလာခဲ့သည္။
ဘယ္လိုအိပ္မက္မ်ိဳးလဲ။ ဘယ္ေလာက္ေတာင္ေၾကာက္ဖို႔ေကာင္းလိုက္သလဲ။
ထိုအိပ္မက္ကႏိုးထလာတိုင္း လူကအားအင္မရွိေတာ့သည္ႏွယ္။ အလြန္ပင္ပန္းလွသည္။
မိမိသတိထားမိသည္က ထိုအိပ္မက္အား တစ္ႏွစ္တစ္ခါ မက္ျမင္ရသည္ပင္။ ျမင္မက္သည့္ရက္တိုင္းကလည္း ကိုးလပိုင္းကိုးရက္ေန႔။ ထူးဆန္းလွသည္။
အဲဒီအိပ္မက္ကိုပဲ တစ္ႏွစ္မွာတစ္ခါမက္ျမင္ေနရတာ ကြၽန္ေတာ့္အတြက္ေတာ့ထူးဆန္းတယ္။ တျခားအိပ္မက္မ်ားကို ေမ့သြားေပမဲ့ ဒီအိပ္မက္ဆိုးႀကီးကိုေမ့မရဘူး။ ျပန္ေတြးတိုင္းလည္း မြန္းက်ပ္တယ္။ ေမေမနဲ႔ဘြားဘြားကိုေျပာျပေတာ့လည္း ကေယာင္ေခ်ာက္ခ်ားျဖစ္တာေနမွာပါတဲ့။ အဲဒီကေယာင္ေခ်ာက္ခ်ား တစ္ႏွစ္မွာတစ္ခါျဖစ္တာလား။
ဟူး... စိတ္ရႈပ္လိုက္တာ....။
ေတာ္ေတာ္ေၾကာက္စရာေကာင္းတဲ့အဲဒီအိပ္မက္ႀကီး မက္ျမင္ၿပီးလူက တစ္ညလုံးအိပ္မရ...
မနက္မိုးလင္းေတာ့...
“သား... ျမတ္သူ... သားအဘြားေခၚေနၿပီ...ဆင္းခဲ့ေတာ့”
“ ဟုတ္ေမေမ... “
ထမင္းစားခန္းထဲဝင္သို႔သြားေသာအခါ ေမေမက စားစရာမ်ားကိုျပင္ဆင္ေနသည္။ ဘြားဘြားသည္က လွလွပပႏွင့္ထိုင္ေနသည္။ ကြၽန္ေတာ့္အခ်စ္ရဆုံးမိသားစုဝင္ကိုစတင္ႏႈတ္ဆက္လိုက္သည္။
“ မဂၤလာနံနက္ခင္းပါ ေမေမ.. မဂၤလာနံနက္ခင္း ဘြားဘြား.. “
“ မဂၤလာန႔နက္ခင္းပါ ေျမး “
ဘြားဘြားက ကြၽန္ေတာ့္ကိုျပန္ႏႈတ္ဆက္ၿပီးကြၽန္ေတာ့္မ်က္ႏွာကိုေသခ်ာၾကည့္ကာ..
“ ဟဲ့.. ေျမးေလး.. မင္း မ်က္ကြင္းေတြညိဳေနပါလား... “
“ဟုတ္တယ္ဘြားဘြား..ညကအိပ္မရလို႔ေလ...”
“ေျမး..ေနေရာေကာင္းရဲ႕လား...”
“ေကာင္းပါတယ္ဘြားဘြားရဲ႕...”
“ မ်က္နာက မလန္းမဆန္းနဲ႔ကြယ္.. ဘုရားေက်ာင္းသြားလို႔ျဖစ္ပါ့မလား..”
“ ျဖစ္ပါတယ္ဘြားဘြားရဲ႕....ျပန္လာမွအိပ္လိုက္မယ္.. “
“ ေအးေအး...”
Advertisement
ဘုရားေက်ာင္းသြားေသာ လမ္းတစ္ေလွ်ာက္လုံးတြင္လည္းအျမင္မၾကည္။ အေၾကာင္းမွာ ညတြင္အိပ္မရ၍ ယခုတြင္ငိုက္ေနျခင္းေၾကာင့္ျဖစ္သည္။
အိမ္ျပန္ေရာက္ေသာအခါတြင္လည္း အိပ္ရာေပၚျပစ္လွဲလိုက္သည္..။
“ ငါအိပ္ရမယ္... ငါအိပ္ရမယ္.. မနက္ျဖန္ အလုပ္ကလည္း သြားရဦးမွာ...။ ႐ုံးေရာက္ရင္အလုပ္က ရႈပ္ဦးမွာ..။ လူႀကီးေတြကလည္းခိုင္းဦးမွာ အဲဒီဒဏ္ေတြကိုခံႏိုင္ရည္ရွိေအာင္ ႀကိဳတင္အားျဖည့္ထားမွ...”
အားျဖည့္သည့္သေဘာႏွင့္ အိပ္လိုက္ရာ ညေနေလးနာရီေရာက္မွသာႏိုးေတာ့သည္။
ႏိုးၿပီးေနာက္ ကိုယ္လက္သန႔္စင္ကာ မေန႔ညမွ ဖတ္လက္စ စာအုပ္ေလးကိုဖက္ကာ ထိုေန႔တစ္ေန႔တာကို ကုန္ဆုံးလိုက္သည္။
အိပ္ေရးဝဝႏွင့္ ႏိုးထားသည့္ ေနာက္တစ္ေန႔၏မနက္ခင္းတြင္ စိတ္သည္လည္း ၾကည္လင္လ်က္။
ၾကည္လင္မွာေပါ့။ ဘာအိပ္မက္ဆိုးမွမက္ဘူးေလ။ထုံးစံတိုင္း ေမေမနဲ႔ ဘြားဘြားကိုႏႈတ္ဆက္၊ မနက္စာစား၊ ထမင္းဘူးေလးဆြဲၿပီး အလုပ္သြားမိတယ္။ ဝင္ဝင္ခ်င္းမွာ ၾကားလိုက္ရတဲ့ၾကက္သီးထဖြယ္အသံတစ္ခုရယ္ အဲဒီအသံနဲ႔အတူခါးေပၚသို႔ေရာက္လာေသာလက္တစ္စုံရယ္ရွိတယ္။
“ မဂၤလာနံနက္ခင္းပါ ခ်စ္သူ..”
“ ဟာ..ဖယ္စမ္းပါကြာ.. မနက္ေစာေစာစီးစီး မဆဲခ်င္ဘူးေနာ္ေအာင္ပိုင္..”
“ခ်စ္သူကလည္း ႏွစ္ရက္ေတာင္မေတြ႕ရတာ လြမ္းလို႔ကို.. “
“ အင္း.. ေသလိုက္ေလ... နံရံနဲ႔ေခါင္းနဲ႔ေဆာင့္ၿပီးေသလိုက္ ဖယ္စမ္းပါကြာ။ မင္းအဲဒီလိုပြတ္သီးပြတ္သပ္လုပ္လို႔ ငါေကာင္မေလးမရတာ “
“ ေကာင္ေလးေတြေတာ့ မင္းကိုႀကိဳက္ပါတယ္ကြာ “
“ မႀကိဳက္ပါဘူးကြာ “
“ ဘာကိုမႀကိဳက္ရမွာလဲ... ေက်ာင္းတုန္းကလည္းဘႀကိဳက္တဲ့ေကာင္ေတြမွအပုံႀကီး။ အခု႐ုံးမွာလည္းတစ္ေယာက္က ရွိေသးတယ္ “
“ဟာ.. ပုံခ်င္တာပုံကြာ.. ဖယ္ေတာ့.. စိတ္ရႈပ္လာၿပီ...”
႐ုံးေရာက္တိုင္းျမတ္သူကိုစတာ ေအာင္ပိုင္ရဲ႕အလုပ္တစ္ခု။ စလိုက္လို႔တစ္ေတာင္ေလာက္ေထာ္သြားတဲ့ ႏႈတ္ခမ္းကို သြားသြားဆြဲရတာလည္း ေအာင္ပိုင္ပါပဲ။ ျမတ္သူစိတ္ရႈပ္ေနခ်ိန္သြားစလို႔ စိတ္ေကာက္သြားရင္လိုက္ေခ်ာ့ရတာလည္း သူပါပဲ။
ျမတ္သူနဲ႔ေအာင္ပိုင္ႏွင့္ ၾကားရွိဆက္ဆံေရးကို အမ်ားက အထင္လြဲခ်င္ေကာင္းလြဲလိမ့္မည္။ အေရာင္ဆိုးခ်င္ေကာင္း ဆိုးၾကလိမ့္မည္။ သို႔ေသာ္ ကာယကံႏွစ္ဦးလုံး၏စိတ္ထဲတြင္ သူငယ္ခ်င္းေကာင္းဟူေသာအဆင့္မွမေက်ာ္ေပ...။
ထိုလူသားႏွစ္ဦးတြင္ တူညီေသာအက်င့္တစ္ခုရွိသည္။ ၎မွာ ကိစၥတစ္ခုအား ႏွစ္ခါထက္ပို၍မရွင္းျပတတ္ျခင္းပင္။
ကိုယ္အထင္ကိုယ္ အမွန္ႀကီးမွတ္ေနတဲ့ လူေတြကိုနားလည္ေအာင္ရွင္းျပရတာ အပင္ပန္းဆုံးအလုပ္တစ္ခုလို႔ ကြၽန္ေတာ္သတ္မွတ္ထားတယ္ေလ။
သူတို႔ရဲ႕ဆက္ဆံကို အထင္လြဲလို႔ လာေမးခဲ့လွ်င္ ပထမတစ္ခါ ရွင္းျပလိမ့္မည္။ ဒုတိယတစ္ခါလည္းရွင္းျပလိမ့္မည္။ တတိယတစ္ခါဆိုရင္ေတာ့..‘ထင္ျခင္သလိုထင္..’လို႔သာေျပာလိမ့္မည္။ ပိုဆိုးသည္က ေအာင္ပိုင္သည္ အ႐ြဲ႕တိုက္တဲ့ေနရာတြင္ ဆရာႀကီးပင္..
“ မနက္ေစာေစာစီးစီး အခ်စ္ငွက္ေလးေတြက သာယာေနပါလားေနာ္ “
“ ကြၽန္ေတာ္ရဲ႕ဆဲသံဆိုသံေတြသာယာစရာ ေကာင္းလို႔လား.. “
“ အစ္မအတြက္ေတာ့မသိေပမဲ့ ျမတ္သူရဲ႕ဆဲသံက ေအာင္ပိုင့္နားထဲမွာ ဆည္းလည္းသံျဖစ္ေနမွာ..”
ကြၽန္ေတာ္နဲ႔မေ႐ႊစင္ စကားေျပာတုန္းဝင္ေျဖလိုက္သူက ေအာင္ပိုင္ပင္။ ေျဖျခင္းဟူသည္ထက္ ႐ြဲ႕ျခင္း ဟုဆိုလွ်င္ပိုမွန္မည္။
“ အင္း ဟုတ္တယ္။ ကြၽန္ေတာ့အတြက္ေတာ့ သူ႔အသံတိုင္းက ဆည္းလည္းသံ ပဲ..”
ေအာင္ပိုင္ရဲ႕ အဲဒီလိုမ်ိဳးအေျဖမ်ိဳးေၾကာင့္အထင္လြဲသူမ်ားေတြ ပိုပိုမ်ားလာတာ။
“ မင္းအဲဒီလိုခဏခဏေျပာ သိလား..။ ေနာက္ဆို တစ္႐ုံးလုံးက မင္းနဲ႔ငါ့ကိုတြဲေနတယ္ထင္ေတာ့မယ္..”
ျမတ္သူနဲ႔ေအာင္ပိုင္စကားေျပာစဥ္ ထက္ျမက္ဆိုသူက ေရာက္လာသည္။
“ မဂၤလာနံနက္ခင္းပါ ျမတ္သူ “
“ ဟုတ္.. မဂၤလာနံနက္ခင္းပါ ကိုထက္ “
႐ုံးခန္းထဲတြင္ျမတ္သူ၊ ေအာင္ပိုင္၊ ေ႐ႊစင္.. သုံးေယာက္ရွိပါလ်က္ ျမတ္သူကိုသာ ေ႐ြး၍ႏႈတ္ဆက္လာေသာ ထက္ျမက္သည္ ျမတ္သူကိုစိတ္ဝင္စားေနမွန္း သိသာလြန္းပါသည္။
“ ကိုထက္က မေကာင္းဘူးဗ်ာ။ ဒီမွာ ကြၽန္ေတာ္လည္းရွိေနတာကို။ ကြၽန္ေတာ့္ကိုေတာ့မႏႈတ္ဆက္ဘူး။ ႐ုံးခန္းထဲကလူေတြထဲမွာ ျမတ္သူတစ္ေယာက္တည္းကိုပဲ ျမင္တာလား...”
“ အင္း...”
ခပ္ျပတ္ျပတ္စကားတစ္ခြန္းေၾကာင့္ ေအာင္ပိုင္အခဲမေက်ျဖစ္သြားသည္။
ျမတ္သူကိုသာအေရးလုပ္ကာ က်န္ေသာသူမ်ားကို ရွိသည္ဟုမထင္သည္မို႔ အစာမေၾကထားသည္ေလ။ အခုတြင္မူ ပိုပိုၾကည့္မရေတာ့ေပ။
“ ဒီလူႀကီးက တကယ္အပိုေတြ။ မင္းကိုပဲသက္ရွိလို႔ထင္ေနတာသိလား။ ငါတို႔ကိုက်ေတာ့ အေသေကာင္လိုလို စက္႐ုပ္လိုလိုနဲ႔ အေရးမလုပ္ဘူး။ ခိုင္းရာရွိမွစကားေျပာတာ...”
“မင္းကလည္းကြာ ၾကားသြားလို႔စိတ္ဆိုးေနဦးမယ္။ စိတ္ဆိုးတာအေရးမႀကီးဘူးေနာ္။ သူကစိတ္ဆိုးတဲ့လူကို အလုပ္ပိုခိုင္းတာ သိတယ္မဟုတ္လား.. “
“ ေအးကြ..အဲဒီဒါေတာ့ဟုတ္တယ္..။ ငါေျပာမယ္ေနာ္ျမတ္သူမင္း..အဲဒီလူႀကီးနဲ႔လုံးဝမတြဲရဘူး..ဒါပဲ...”
“ အဲဒါငါ့သေဘာပါကြာ.. မင္းနဲ႔ဆိုင္လို႔လား..”
“ ဆိုင္တယ္ မင္းကငါ့သူငယ္ခ်င္းေလ “
“ သူငယ္ခ်င္းက အေဖမဟုတ္ဘူး..မဆိုင္ဘူး “
အခုလို ရန္က်ိတ္ျဖစ္ရတာက ျမတ္သူနဲ႔ကြၽန္ေတာ္ရဲ႕ထုံးစံ။ ျမတ္သူကို ေစတနာလြန္ၿပီး ဂ႐ုစိုက္ရတာလည္း ကိုထက္ရဲ႕ထုံးစံ။
ထမင္းစားခ်ိန္တိုင္း ျမတ္သူအနားေရာက္လာကာ
“ဒါေလးက ျမတ္သူႀကိဳက္တယ္ဆိုလို႔ထည့္လာတာ”
“ဒါေလးစားေနာ္..ျမတ္သူအားရွိေအာင္...”
စသည့္ ထမင္းနင္ဖြယ္စကားမ်ားေျပာၿပီး သူ႔ထမင္းဘူးထဲမွ ဟင္းမ်ားခတ္ထည့္ေပးသည္။
ဒါတင္ပဲလား ဆိုေတာ့... မဟုတ္ေသးဘူး..။ ျမတ္သူထမင္းေလးမ်ားအစားနည္းရင္ ေနမေကာင္းလို႔လားဆိုၿပီး ေမးရတာလဲရွိေသးတယ္..။
မၿပီးေသးဘူးေနာ္..။ ထမင္းစားၿပီးၿပီရင္လည္း ေကာ္ဖီေဖ်ာ္ေပးရတာလည္းတာဝန္တစ္ခု။
အစကေတာ့ ကိုထက္ ဂ႐ုစိုက္တာကိုျမတ္သူျငင္းပါေသးတယ္။ ေနာက္ပိုင္းက်ေတာ့ ျငင္းရတဲ့သူက အားနာလာလို႔ လက္ခံလိုက္ရတဲ့အထိ။
အခုလို သည္းသည္းလႈပ္တာမဆန္းပါဘူးေလ။ ျမတ္သူက ေယာက်ာ္းေလးျဖစ္ၿပီး လွခ်င္တိုင္းလွေနတာကို။ ႏႈတ္ခမ္းနီဆိုးစရာမလိုပဲ နဂိုရဲေနတဲ့ ႏႈတ္ခမ္းေလးက ႐ုံးက ႏႈတ္ခမ္းနီမမေတြထက္ေတာင္သာေသးတယ္။ အားကစားလိုက္စားတဲ့သူပီပီ က်စ္လစ္တဲ့ကိုယ္နဲ႔ ခါးသိမ္သိမ္ေလးက တစ္မ်ိဳးဆြဲေဆာင္ေနျပန္ေရာ။ အဲဒါေတြေၾကာင့္ ဒင္းေဘးနားမွာေနရတာ ကိုယ္ပါမထင္မေပၚ ျဖစ္တယ္။
အစကေတာ့ သူ႔ကိုေယာက္်ားေလးေတြသေဘာက်တာကို အထူးအဆန္းလို႔ထင္ဖူးတယ္။ ေယာက္်ားေလးခ်င္း ဘာလို႔သေဘာက်တာလဲ။
ဒါက ထူးဆန္းတဲ့ကိစၥမဟုတ္ဘူးလား။ ကိုယ့္သူငယ္ခ်င္းက မိန္းကေလးလည္းမဟုတ္ပဲ ဘာလို႔ေယာက္်ားေလးေတြကသေဘာက်တာလဲ။
သူ႔အား ေယာက်ာ္းေလးမ်ားက သေဘာက်ရျခင္းအေၾကာင္းကို ယ်ထာဘုတာက်က် မေတြးတတ္ေပ။ ထို႔ေၾကာင့္သာ သိပ္၍မေတြးေတာ့။ မိမိအျမင္အတိုင္းသာသတ္မွတ္လိုက္သည္။ သူသည္ စိတ္ထားေကာင္းသည္။ လွသည္။ ထို႔ေၾကာင့္ သေဘာက်သူမ်ားေနသည္။
ျမတ္သူအား သေဘာက်သူမ်ားရျခင္း၏ အဓိကအခ်က္သည္.. အခုႏွစ္ဆယ့္တစ္ႏွစ္႐ြယ္ထိ ရည္းစားမထားဖူးေသးျခင္းပင္..။
သူေျပာေနက်စကားရွိတယ္...အဲဒါက
“ ငါကတစ္ဘဝမွာ တစ္ေယာက္တည္းကိုပဲခ်စ္မယ္။ အဲဒီတစ္ေယာက္တည္းကိုပဲ ဘဝလက္တြဲေဖာ္အျဖစ္ ေ႐ြးခ်ယ္မွာမို႔လို႔ ငါအတြက္ကခ်စ္သူထားတဲ့အခါ အခ်ိန္ယူၿပီးစဥ္းစားဖို႔လိုတယ္ “
တစ္ဘဝမွာတစ္ေယာက္တည္းကိုပဲခ်စ္မွာတဲ့လား။ အဲဒီသူ ခ်စ္တဲ့သူမရွိေတာ့ရင္ေရာ သူ..ဘယ္သူ႔ကိုမွမခ်စ္ေတာ့ဘူးလား။
သူလည္းသူ႔ခံယူခ်က္နဲ႔သူေပါ့..။ ဘယ္အရာမဆို ေလးေလးနက္နက္စဥ္းစားတတ္တဲ့သူက မျဖစ္ႏိုင္တဲ့အရာတစ္ခုအေပၚ ေလးေလးနက္နက္ စဥ္းစားအေလးထားမိၿပီး ဒုကၡျဖစ္မွာလည္းစိုးရိမ္မိတယ္..။
15.5.2020
Advertisement
- In Serial87 Chapters
Integration
Lan, forced on his own to a world he can't comprehend is confronted with Saya, his loud, brash neighbor. He wants nothing more than to be left alone, and she sees him as a project to be solved - to start.. But his wounds may run deeper than she's ready to deal with. -- Tues/Thurs - According to one review this is bad, you probably shouldn't read it.
8 301 - In Serial31 Chapters
The Bodyguard
When a rebellious daughter raised in a gangsters family run away from home, she is transported back in time to ages of Prince and Kings somehow. Hiding in the world run by men, she opts for the only position that fate allots her, Prince's Personal Bodyguard. But the handsome , casanova yet intelligent Prince doesn't know that his new bodyguard is a girl. And it doesn't help when he can't even see her face..... Girl is fearless while the Prince is a constant target for danger, for once it's the girl that becomes the protector.
8 309 - In Serial102 Chapters
❣️ PRIDE AND PREJUDICE ❣️(Completed)
© @kabeerhumera ..Don't try to C*py my workAs I already took c*pyright ©️ protectionThis is my pure imaginationEverything is fictional...He is going to hate her ..Hurt her...taunt.her...He thinks she is uneducated..Suddenly table turns...He started to love her like mad And search her every were...But but but...She is going to hate him..Hurt him...taunt him..Whatever he gives She is going to give him back...But they both have love for eachother....Published on : 10/7/2021Completed on : 17/11/2021All rights reserved.....Mat*re conte*t a head.....
8 237 - In Serial33 Chapters
Forevermore | Hailee Steinfeld
Jayden Carter, a 25 year old pro athlete for the WNBA, is a shy and reserved woman due to her upbringing. Raised as a boy until her teenage years when she began to develop upper female anatomy, she was outcasted by many her age. Jayden used basketball as her escape from the reality of her broken family and life, working day and night until she was drafted by the Los Angeles Sparks at 21 years old. Although not fond of parties, Jayden gets invited to her best friends birthday, a party she can't miss. But when she takes a step outside to get some fresh air on the balcony, she finds a certain girl with long brown hair and green brown eyes doing just the same. #1 in haileesteinfeld #1 in steinfeld#2 in gxg#1 in gp#1 in lizzieolsen#1 in wnba#1 in lgbtfictionHailee Steinfeld x Original Character(G!P OC)
8 212 - In Serial34 Chapters
The Buddhist & The Billionaire Lesbian Story
Hello Reader! This book will rotate on a 12-month schedule becoming available to read for FREE here for one month out of the year. The first chapters of the draft will remain up until the book rotates on in November. See Chapter 1 for details.Zola wanted for nothing. She enjoyed the life of a young, beautiful socialite in the trendy city of Austin, Texas. She spent most of her days and nights moving from one party to the next. But slowly, she was coming to realize that her life was beginning to spin out of control and she knew it. When a compassionate woman comes to her rescue, Zola realizes that perhaps there is something that she wants, desperately.Cora's work at the UT hospital was challenging but also fulfilling in a way that many people didn't understand. Patients often found Cora's unique perspective on the world was profoundly comforting and sometimes perplexing. Cora is comfortable and confident in her world but two chance meetings with a beautiful stranger leaves her spinning in the best possible ways.
8 200 - In Serial30 Chapters
Floating Like a Lilo ── Itadori Yuuji (✓)
there is no stopping when it comes to god © parhkers / 2020ITADORI YUUJI / READER . COMPLETED (✓)
8 159

