《Rain On Me (KookV/Completed)》VIII. Falling in Taehyung
Advertisement
#Unicode -
ဒီနေ့တော့ မထင်ရင်မထင်သလို ရုတ်တရက်ရွာချတတ်တဲ့ ဆောင်းဦးပေါက်ရာသီရဲ့ မိုးစက်တွေကြား ကျွန်တော်နဲ့အစ်ကိုထယ်ယောင်း ထီးလေးတစ်ချောင်းကို အတူဆောင်းရင်း ကျောင်းကပြန်လာခဲ့ကြတယ်။ မိုးက ထင်တာထက် ပိုသည်းနေခဲ့တာမို့ ထီးလေးတစ်ချောင်းက ကျွန်တော်တို့နှစ်ယောက်လုံးကို မိုးလုံအောင် မစွမ်းဆောင်နိုင်ခဲ့ဘူး။
အနီးအနားမှာ မိုးခိုစရာနေရာလည်း ရှာမရတာမို့ ကျွန်တော်လည်း အစ်ကိုထယ့်ကို အနီးကပ်ဆုံးအထိ ပခုံးကဆွဲဖက်ထားလိုက်ပြီး ထီးကိုမလုံတလုံ ဆက်ဆောင်းလာခဲ့ကြတယ်။ နှစ်ယောက်သား ပိုနီးကပ်သွားတာတောင် မိုးရေလာစင်တဲ့ဒဏ်က ခံနေရတုန်းပါ။
" ထီးကို အစ်ကိုပဲဆောင်းပြီး အိမ်ပြန်လိုက်ပါတော့လား။ ကျွန်တော် ကားမှတ်တိုင်ဆီရောက်အောင် မိုးရေထဲပြေးသွားလိုက်မယ် "
ကျွန်တော် အစ်ကို့ဘက်ကိုစောင်းကြည့်ရင်း ဒီလိုပြောလိုက်မိတော့ ကျွန်တော့်စကားကို ပြန်တုန့်ပြန်ဖို့ လှည့်ကြည့်လာတဲ့ အစ်ကိုထယ်နဲ့ မျက်နှာချင်းဆိုင်သွားတယ်။ လူချင်းကလည်း အနီးကပ်ဆုံးမို့ အစ်ကို့နှုတ်ခမ်းရဲရဲတွေဟာလည်း ကျွန်တော့်နှုတ်ခမ်းသားနဲ့ တစ်လက်မတောင် မဝေးတော့တဲ့အထိ နီးကပ်သွားခဲ့ပြီ။
" ဟင့်အင်း ငါမင်းကို မိုးမမိစေချင်ဘူး "
ကရုဏာအငွေ့အသက်တွေ လွှမ်းခြုံနေတဲ့ အစ်ကို့ရဲ့ ကွဲအက်အက် အသံသြသြလေးက နားကတစ်ဆင့် ကျွန်တော့်နှလုံးသားထဲအထိ ထိုးဖောက်စိမ့်ဝင်လာတယ်။ ကရုဏာအကြည့်တွေနဲ့ မျက်ဝန်းညိုတွေကလည်း ကျွန်တော့်စိတ်ဝိညာဥ်ကို ဖမ်းစားယူငင်ပြီး ရင်ခုန်သံကို မြန်ဆန်လာစေတယ်။
ဒီအခိုက်အတန့်လေးမှာပဲ ကျွန်တော့်နှလုံးသားဆီက တဒုတ်ဒုတ်ရင်ခုန်သံဟာ ကျွန်တော့်တစ်ကိုယ်လုံးကို ပူနွေးပြင်းရှတဲ့ ခံစားချက်မျိုး လွှမ်းခြုံသွားစေတယ်။ အနီးကပ်မြင်နေရတဲ့ အစ်ကို့မျက်ဝန်းလှလှတွေဟာလည်း ကျွန်တော့်ခြေလှမ်းတွေရပ်ပြီး ငေးနေမိစေတဲ့အထိ ညှို့ပြီးရင်း ညှို့ယူနေခဲ့တယ်။
အစ်ကိုထယ်ကလည်း ကျွန်တော်နဲ့အတူ ခြေလှမ်းတွေရပ်လိုက်ပြီး တစ်စုံတရာ ပြောပြချင်နေပုံရတဲ့ မှုိင်းညို့ညို့မျက်ဝန်းတွနဲ့ ကျွန်တော့်ကို တွေဝေစွာငေးကြည့်နေခဲ့တယ်။ လူသွားပလက်ဖောင်းပေါ်မှာ ကောင်လေးနှစ်ယောက် မတ်တပ်ကြီးရပ်ပြီး အကြည့်ချင်းဆုံနေတာ အခြားသူတွေ ဘယ်လိုထင်မလဲ ဂရုမစိုက်နိုင်တော့တဲ့အထိပဲ။
မိုးပိုသည်းလာပြီး မိုးရေစက်တွေ ထပ်စင်လာပြန်တော့ ပူနွေးနွေးရင်ခုန်သံကြောင့် ခန္ဓာကိုယ်ကလည်း ချမ်းဖို့တောင် သတိမရနိုင်တော့..။ မျက်ဝန်းလှလှတွေနဲ့ ရွှန်းစိုစိုနှုတ်ခမ်းလွှာတွေဆီမှာ ညှို့ယူဖမ်းစားခံနေရပြီမို့ ကမ္ဘာလောကကြီးတောင် ရပ်တန့်နေသလိုပဲ။
" မင်းဆန္ဒရှိရင် မင်းစိတ်ထဲအလိုရှိသလို ငါ့ကို အသုံးချလိုက်ပါ။ ငါက မင်းကို သိပ်ချစ်နေရတာဆိုတော့ မင်းအခု ဘာပဲလုပ်လုပ် ငါခွင့်ပြုနိုင်တယ် ဂျောင်ဂု..."
သူ့သိက္ခာကိုတောင် ထည့်မတွက်နိုင်ဘဲ အညှို့ခံနေရတဲ့ ကျွန်တော့်ကို အလိုလိုက်ရှာတဲ့ အစ်ကို့ကြောင့် မြိုသိပ်ထားသမျှ ခံစားချက်တွေက အတားအဆီးမဲ့ ပေါက်ကွဲထွက်လာတယ်။ အစ်ကိုထယ်ကိုယ်တိုင် ခွင့်ပြုပေးတာကြောင့်လည်း ကျွန်တော်သိပ်စွဲလမ်းသွားတဲ့ အစ်ကို့နှုတ်ခမ်းတွေကို ဖြည်းဖြည်းချင်း အပိုင်သိမ်းယူလိုက်တယ်။
ကျောရိုးထဲအထိ ပူရှိန်းတက်လာသလို ခံစားချက်ဟာ နှုတ်ခမ်းနှစ်လွှာ ထိတွေ့ချိန်ကစပြီး တဖြည်းဖြည်း အရှိန်ပြင်းလာတယ်။ နူးညံ့အိစက်လွန်းတဲ့ အစ်ကို့နှုတ်ခမ်းတွေဟာ သောက်မဝတဲ့ နှစ်ချို့ဝိုင်တွေလိုမျိုး ကျွန်တော့်ကို အဆုံးစွန်ထိ ယစ်မူးသွားစေပြီး ရပ်တန့်မရအောင်ဖြစ်စေတယ်။
အသိစိတ်လွတ်သည်အထိ ယစ်မူးသွားခဲ့တာမို့ လက်ထဲကထီးလည်း ဘယ်ရောက်သွားပြီလဲ မသိနိုင်တော့တဲ့အထိ။ ကျွန်တော်အနမ်းတွေနောက်ကို အလိုက်သင့်လိုက်ပါပေးနေတဲ့ အစ်ကို့နှုတ်ခမ်းတွေကြောင့်လည်း အနမ်းဟာ ထင်ထာထက်ကို ပိုကြာရှည်ခဲ့တယ်။ ဒါဟာ လူမြင်ကွင်းမှာ နမ်းတဲ့ အနမ်းတွေထဲ အကြာဆုံးလို့တောင် ဆိုနိုင်လေမလား။
မိနစ်အနည်းငယ်ကြာ အနမ်းဖလှယ်အပြီးမှာတော့ ကျွန်တော်တို့နှစ်ယောက်လုံး မိုးရေတွေရွှဲစိုနေခဲ့ပါပြီ။ ဒီအချိန်မှာပဲ မိုးရေကြောင့် မျက်နှာရေစိုနေတာကို အကာအကွယ်ယူပြီး မျက်ရည်တွေသွန်ချလာတဲ့ အစ်ကိုထယ်ကြောင့် ကျွန်တော့်ရင်ထဲ ထိတ်ခနဲဖြစ်ရပြန်တယ်။
" အစ်ကို ဘာလို့ငိုနေတာလဲ။ ကျွန်တော် ဘာမှားသွားလို့လဲ "
ကျွန်တော့်မေးခွန်းကြားတော့ အစ်ကိုထယ်က မျက်ရည်ဝိုင်းနေတဲ့ သူ့မျက်ဝန်းတွေနဲ့ ကျွန်တော့်ကို တွေတွေကြီးငေးစိုက်ကြည့်လာတယ်။ ကြည့်နေရင်းမှာပဲ မျက်ရည်တွေထပ်ပြီးကျလာပြန်တာမို့ မိုးရေတွေနဲ့ရောပြီး မျက်နှာပေါ် မြစ်တစ်စင်းပေါ်လာတော့မယ့်အတိုင်း။
" မင်းမမှားပါဘူး...အစ်ကိုပဲ မှားသွားတာ။ ကိုယ်ချစ်နေရတဲ့သူကိုမှ အခုလိုမျိုး အပေါစားဆန်ဆန် အမူအကျင့်မျိုး ဖော်ပြလိုက်မိတယ်။ ကိုယ့်ချစ်သူမဖြစ်သေးတဲ့ လူတစ်ယောက်ကို ေပးနမ်းတဲ့အထိ အစ်ကိုစျေးပေါသွားတယ်။ အခု မင်းအစ်ကို့ကို အပေါစားဆန်တယ်လို့ တွေးမိသွားမှာ အစ်ကိုသိပ်ကြောက်နေပြီ ဂျောင်ဂု "
အစ်ကိုက စကားပြောနေရင်းနဲ့ပဲ သူ့ခန္ဓာကိုယ်လေး တုန်လာတဲ့အထိ ခေါင်းလေးငုံပြီး ဆက်ငိုနေခဲ့တာ။ အစ်ကိုငိုနေတာမြင်ရတော့ တစ်စတစ်စ ကွဲအက်လာခဲ့တဲ့ ကျွန်တော့်နှလုံးသားဟာလည်း နာကျင်မှုအပြည့်နဲ့။
" ဟင့်အင်း အစ်ကို အဲ့လိုမတွေးပါနဲ့ဗျာ။ အစ်ကိုက ကျွန်တော့်ကိုသိပ်ချစ်လို့ ခွင့်ပြုပေးခဲ့တဲ့အနမ်းကို ကျွန်တော်ကိုယ်တိုင်ကလည်း လိုလိုလားလားရှိခဲ့တာပါ။ အစ်ကို့ကို တကယ်မြတ်နိုးလွန်းလို့ အစ်ကို့နှုတ်ခမ်းတွေကို ကျွန်တော် သိမ်းပိုက်ယူခဲ့တာ။ ကိုယ့်ကိုယ်ကို အပြစ်တင်နေမယ့်အစား ချစ်တယ်မပြောရသေးဘဲ အခွင့်အရေးယူမိတဲ့ ကျွန်တော့်ကိုသာ အပြစ်တင်လိုက်ပါတော့လားဗျာ "
အစ်ကို့ကြောင့် နာကျင်နေရတဲ့ ကျွန်တော့်နှလုံးသားဟာ နာကျင်မှုကို မျက်ရည်အဖြစ်ပြောင်းလဲရင်း ကျွန်တော့်မျက်ဝန်းအိမ်ကတစ်ဆင့် ပါးပြင်ပေါ်စီးဆင်းစေတယ်။ ငိုထားတဲ့အရှိန်ကြောင့်ရယ် မိုးရေတွေကြောင့်ရယ်...အစ်ကို့ခန္ဓာကိုယ်လေးက အဆက်မပြတ်တုန်ရီလာခဲ့တယ်။
" ငါမင်းကို ဘယ်လိုအပြစ်တင်ရက်မှာလဲ ဂျောင်ဂု။ ငါက မင်းဘာပဲလုပ်လုပ် ချစ်တဲ့စိတ်တစ်ခုလေးနဲ့ ခွင့်လွှတ်ပေးနိုင်ပြီးသားလေ "
ဒါက...ကျွန်တော့်ကို အချစ်မှာကျရှုံးစေဖို့ အကောင်းဆုံးစကားလုံးပဲ။ ကျွန်တော် ဘာပဲလုပ်လုပ် အစ်ကိုခွင့်လွှတ်နိုင်မယ်ဆိုရင် ကျွန်တော် ဖုံးကွယ်ထားသမျှကို အမှန်အတိုင်းရှင်းပြပြီး အစ်ကို့ကို စိတ်သန့်သန့်နဲ့ ချစ်နိုင်တော့မယ်။ ဒါပေမယ့် အစ်ကိုက ကျွန်တော်ရှင်းပြတာကို နားလည်ပေးနိင်မှာတဲ့လား။
" အစ်ကိုတကယ်ပဲ ကျွန်တော့်ကို နားလည်ပေးနိုင်မယ်ဆိုရင် ကျွန်တော်ကလည်း အစ်ကို့ကိုချစ်ဖို့ အဆင်သင့်ပါပဲ။ အစ်ကို့ဘက်က တစ်ခုလေးပဲလုပ်ပေး...."
Advertisement
ကျွန်တော် အစ်ကို့ပခုံးနှစ်ဖက်ကို ခပ်ဖွဖွဆုပ်ကိုင်ရင်း အစ်ကို့မျက်ဝန်းလှလှတွေနဲ့ အကြည့်ချင်းထပ်ဆုံလိုက်တယ်။ ကျွန်တော့်စကားထဲမှာ အစ်ကို့ကို ချစ်ပေးဖို့ အဆင်သင့်ဖြစ်နေကြောင်း ပါလာခဲ့ပြန်တော့ မျက်ရည်စတွေနဲ့ အစ်ကို့မျက်ဝန်းဟာ မျှော်လင့်ချက်တွေနဲ့ လင်းလက်လာတယ်။
" ဘာများလဲ ဂျောင်ဂု...ငါတတ်နိုင်တာဆိုရင် ငါမင်းကို လိုက်လျောပေးပါ့မယ် "
သူ့စကားဆုံးတော့ အစ်ကိုထယ်က တစ်စုံတစ်ခုကိုတွေးမိပြီး မျှော်လင့်ချက်နဲ့ တောက်ပနေတဲ့မျက်ဝန်းတွေဟာ အရောင်ပြန်မှိန်သွားခဲ့တယ်။ ကျွန်တော် တောင်းဆိုတဲ့အရာကို သူမလိုက်လျောနိုင်မှာ သိပ်စိုးရိမ်နေပုံပဲ။
" အစ်ကိုလုပ်ပေးရမှာက ကျွန်တော့်အတိတ်အကြောင်း အစ်ကို့ကို အမှန်အတိုင်း ရှင်းပြတဲ့အခါ အစ်ကို့ဘက်က အစအဆုံး နားထောင်ပေးရင်ရပါပြီ။ ကျွန်တော်ပြောမယ့် အမှန်တရားက ဘာပဲဖြစ်နေနေ အစ်ကို့အနေနဲ့ စကားဝိုင်းကထထွက်မသွားဘဲ ဆက်နားထောင်ပေးပါ။ ကျွန်တော် စိတ်အဆင်သင့်ဖြစ်တဲ့အခါ အစ်ကို့ကို အရာအားလုံး ပြောပြပါ့မယ် "
ကျွန်တော် ဒီတစ်ကြိမ်လည်း အစ်ကို့မျက်ဝန်းတွေဆီစိုက်ကြည့်ပြီး အလေးအနက်ပြောဖြစ်ခဲ့တယ်။ ကျွန်တော်နဲ့ပတ်သက်လာရင် အချစ်သိပ်ကြီးလွန်းတဲ့ အစ်ကိုထယ်က ကျွန်တော့်မျက်ဝန်းတွေဆီ တွေတွေကြီးငေးစိုက်ကြည့်ရင်း မဆိုင်းမတွဘဲ ခေါင်းညိမ့်သဘောတူလာတာမို့ အစ်ကို့ကို ချစ်နိုင်ဖို့ ကျွန်တော် တိုက်ပွဲဝင်ရတော့မယ်။
" ငါလည်း မင်းပြောသမျှကို နားထောင်ဖို့ အသင့်ပြင်ထားမယ်။ တကယ်လို့ ငါတို့တွဲဖြစ်တဲ့အခါကျရင်လည်း မင်းကြိုက်တဲ့နေရာကို တောင်းဆိုခွင့်ပေးပါ့မယ်။ ငါ့အတွက်က မင်းကို ချစ်နေခွင့်ရရင် ကျေနပ်ပြီ "
ကျွန်တော်ကလည်း အစ်ကို့ကိုချစ်နေရရင် ကျေနပ်နေခဲ့တာပဲ။ ဖွင့်ဟဝန်ခံဖို့ အတားအဆီးတွေရှိနေခဲ့လို့သာ...။
အစ်ကို့ဆီက ပထမဆုံးအနမ်းကို သိမ်းယူပြီးတဲ့နောက်မှာတော့ ကျွန်တော့်ဟာ ကျွန်တော့်အချစ်ကို ဝန်ခံဖွင့်ပြဖို့ မဖြစ်မနေလိုအပ်လာခဲ့ပြီ။ ကျွန်တော်သာ အစ်ကို့ကို အချိန်မှီဖွင့်မပြောနိုင်ခဲ့ရင် အစ်ကိုထယ်က သူ့ကိုယ်သူရှက်ရွံ့စိတ်နဲ့ ကျွန်တော့်မျက်နှာမြင်တိုင်း ဝမ်းနည်းနေလိမ့်မယ်။
ကျွန်တော့်ဘက်က အစ်ကို့ကို အထင်အမြင်မသေးခဲ့ဘူးဆိုရင်တောင် အစ်ကိုက သူ့ကိုယ်သူ အပေါစားဆန်တဲ့လုပ်ရပ် လုပ်မိခဲ့ပြီဆိုပြီး အကြိမ်ကြိမ်နောင်တရနေမှာ။ ဒီလိုဆိုတော့ အစ်ကို့ကို ဝမ်းမနည်းစေချင်တဲ့ ကျွန်တော်ဟာ အစ်ကိုထယ့်ကို သူ့လုပ်ရပ်မှန်ကန်ကြောင်း ကျွန်တော့်အချစ်တွေနဲ့ သက်သေပြပေးဖို့လိုလာခဲ့ပြီ။
အချစ်နဲ့တွေ့တဲ့အခါ လူသားတွေက သတ္တိပိုရှိလာတတ်တယ်ဆိုတာ ကျွန်တော် လက်တွေ့ခံစားမိလာတယ်။ ကျွန်တော်ကလည်း အစ်ကို့ကိုချစ်မိသွားခဲ့ပြီမို့ မချစ်မိအောင် တားဆီးထားသမျှကို ရင်ဆိုင်ဖို့ဆုံးဖြတ်မိတဲ့အထိ သတ္တိတွေရှိလာခဲ့တယ်။
" ကျွန်တော်တို့ တက္ကစီငှားပြန်ရအောင် အစ်ကို။ ဒီည ကျွန်တော် အစ်ကို့အိမ်မှာ အိပ်မယ် "
ကျွန်တော့်စကားကို အစ်ကိုထယ်က မငြင်းရှာပါဘူး။ တစ်ကိုယ်လုံး ချမ်းတုန်နေပြီဖြစ်တာကြောင့် ခေါင်းလေးညိမ့်ပြပြီး သဘောတူလိုက်တယ်။ ကားရေစိုမှာကြောက်ပြီး ရပ်မပေးတာများလို့ တက္ကစီရတဲ့အထိ နည်းနည်းလောက်ထပ်စောင့်လိုက်ရသေးတယ်။
နောက်ဆုံးတော့ သားသမီးချင်းစာနာတတ်တဲ့ ဦးလေးကြီးတစ်ယောက်ရဲ့ တက္ကစီကို ကျွန်တော်တို့ငှားစီးနိုင်ခဲ့တယ်။ ကားပေါ်ရောက်တော့ မိုးရေတွေစိုပြီး လေးလံသွားတဲ့ ကုတ်အင်္ကျီတွေကို ချွတ်ပစ်လိုက်ကြပြီး အစ်ကိုထယ်က ကျွန်တော့်ပခုံးထက် ခေါင်းလေးမှီရင်း တစ်လမ်းလုံးလိုက်ပါလာတယ်။
အချမ်းဓာတ်ကြောင့် ပြာနှမ်းစပြုလာတဲ့ အစ်ကို့နှုတ်ခမ်းတွေမြင်ရချိန် ကျွန်တော် အစ်ကို့ကို တင်းတင်းကျပ်ကျပ်ဖက်ထားပေးပြီး အနွေးဓာတ်ပေးလိုက်တယ်။ ချမ်းနေတဲ့အချိိ်န် ပွေ့ဖက်တာမျိုးက သာမန်လောက်ပဲဆိုတော့ ကားဆရာကြီးလည်း သံသယဝင်ပုံမရပါဘူး။
" အစ်ကို အရမ်းချမ်းနေလား။ ခဏလောက်ဖြစ်ဖြစ် သည်းခံပေးထားပါဦးနော်။ အစ်ကို့အိမ်ရောက်တဲ့အထိ ကျွန်တော် ေပွ့ဖက်ထားပေးမယ် "
နှစ်ကိုယ်ကြားအသံနဲ့ ကျွန်တော် အစ်ကို့နားထဲကပ်ပြောတော့ အစ်ကိုက ကျွန်တော့်ကို ကြည်ကြည်နူးနူးပြုံးပြပြီး နှစ်ကိုယ်ကြား ပြန်ပြောလာတာက -
" ကျေးဇူးတင်ပါတယ် ဂျောင်ဂု...မင်းရင်ခွင်က ငါ့အတွက် သိပ်ကိုနွေးထွေးတာပဲ "
အစ်ကို့စကားဆုံးတော့ ကားဆရာဦးလေးကြီး အလစ်ကိုစောင့်ပြီး ကျွန်တော့်နှုတ်ခမ်းတွေကို အစ်ကို့နဖူးပြင်ပေါ်ဖိကပ်ရင်း ကြင်ကြင်နာနာ အနမ်းလေးခြွေလိုက်တယ်။ အစ်ကိုထယ်ကလည်း ကျွန်တော့်အနမ်းကို သဘောကျနေပုံရပြီး ရွှင်ရွှင်လန်းလန်းပြုံးပြလို့။
နောက်ဆုံးတော့လည်း ကျွန်တော့်နှလုံးသားဟာ အစ်ကို့အချစ်တွေအောက် ကျရှုံးသွားခဲ့ရတာပါပဲ။
~~~~~xxxxx~~~~~
ညဆယ်နာရီ။ အအေးမိပြီး ဖျားမလိုဖြစ်နေတဲ့ အစ်ကိုထယ့်ကို အိပ်ဆေးပါရောတိုက်ထားတာကြောင့် အစ်ကိုက အိပ်ရာပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေတယ်။ အစ်ကို့ကို မသိစေချင်တဲ့ ကျွန်တော်နဲ့ အစ်ကို့မိဘတွေကြားက ပတ်သက်မှုကို ဒီနည်းလမ်းနဲ့ ခဏတာဖုံးကွယ်ထားရမယ်လေ။
ွအစ်ကိုအိပ်ပျော်သွားတာနဲ့ ကျွန်တော်လည်း အစ်ကို့မိဘတွေနဲ့တွေ့ဖို့ ဧည့်ခန်းဆီလာခဲ့တယ်။ ကျွန်တော် ကြိုချိန်းထားတာကြောင့် အစ်ကို့မိဘတွေက ကျွန်တော့်ကို အဆင်သင့်ထိုင်စောင့်နေကြတယ်။
" မင်းရောက်လာပြီပဲ။ ဒါဆို မင်းပြောစရာရှိတဲ့ကိစ္စ ပြောတော့လေ။ ကိစ္စက အတော့်ကို အရေးကြီးတာလား "
ကျွန်တော် အစ်ကို့မိဘတွေရှေ့က ထိုင်ခုံမှာ တွန့်ဆုတ်တွန့်ဆုတ်ဝင်ထိုင်ရင်း ပြောရမယ့်စကားတွေအတွက် အားမွေးနေလိုက်တယ်။ လက်သီးကိုတင်းတင်းဆုပ် အသက်ကိုဝဝရှူရင်း အဆင်သင့်ပြင်လိုက်ပြီးတဲ့အခါ ကျွန်တော့်မျက်ဝန်းတွေဟာ အစ်ကို့မိဘတွေဆီ သတ္တိရှိရှိရင်ဆိုင်ကြည့်လိုက်ပြီး စကားစလိုက်တယ်။
" အရေးကြီးတယ် ဦးလေးတို့။ ကျွန်တော် အခုပြောမယ့်စကားကို သေချာ အလေးအနက်နားထောင်ပေးကြပါ။ အခုကစပြီး ကျွန်တော် ဦးလေးတို့ပေးတဲ့ငွေကို လက်မခံနိုင်တော့ဘူး။ တစ်လစာ ကြိုပေးထားတဲ့ ပိုက်ဆံကိုလည်း ပြန်ပေးပါ့မယ် "
ကျွန်တော့်စကားကြောင့် အစ်ကို့မိဘနှစ်ပါးမှာ မျက်လုံးအပြူးသားဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့အကြည့်နဲ့ မျက်နှာချင်းဆိုင်သွားကြတယ်။ ပြီးမှ ယောက်ျားသားဖြစ်တဲ့ အစ်ကို့အဖေက ကျွန်တော့်ကို အလေးအနက်စိုက်ကြည့်ရင်း-
" အကြောင်းပြချက်က ဘာများလဲ။ မင်းပြောတော့ ဦးလေးတို့ကို ကူညီပေးမယ်ဆို။ အခု ဘယ်လိုဖြစ်ရပြန်တာလဲ။ မင်း ပိုက်ဆံထပ်လိုချင်ရင် ဦးလေးတို့ထပ်ပေးပါ့မယ်။ သားလေးကိုတာ့ စိတ်ဒဏ်ရာထပ်ရအောင် မလုပ်ပါနဲ့။ မင်းသာ သူ့နားက ထပ်ထွက်သွားမယ်ဆို သားလေး သူ့ကိုယ်သူတောင် သတ်သေသွားမလား မပြောနိုင်ဘူး။ ကျေးဇူးပြုပြီး ဦးလေးတို့ကို ဆက်ကူညီပေးပါကွာ "
Advertisement
လူကြီးမာနကိုလျှော့ပြီး ကျွန်တော့်ကို ခခယယတောင်းဆိုနေတဲ့ အစ်ကို့အဖေဟာ သူ့သားအပေါ် ဘယ်လောက်ထိချစ်သလဲ ကျွန်တော် ခံစားမိပါတယ်။ ပြီးတော့ ကျွန်တော် ငွေလက်မခံဘူးဆိုတာက သူတို့ကို ဆက်မကူညီတော့ဘူးလို့ ပြောတာမဟုတ်ကြောင်းလည်း သူတို့သိဖို့လိုတယ်။
" ကျွန်တော် ဦးလေးတို့ကို ဆက်မကူညီတော့ဘူးလို့ မပြောပါဘူး။ ဒါပေမယ့် ဦးလေးတို့ဆီက ပိုက်ဆံရလို့မဟုတ်ဘဲ ကျွန်တော့်စိတ်ရင်းနဲ့ အစ်ကိုထယ့်ကို ကူညီချင်နေတာ။ ဦးလေးတို့ လောင်းရိပ်နဲ့ကင်းပြီး ကျွန်တော့်နှလုံးသားက အစ်ကို့ကို လွတ်လွတ်လပ်လပ် ချစ်ချင်နေမိလို့ ငွေဆက်မယူဖို့ ဆုံးဖြတ်ခဲ့တာပါ "
ကျွန်တော့်စကားဆုံးတော့ အစ်ကို့မိဘတွေက တစ်ယောက်မျက်နှာတစ်ယောက် ထပ်ကြည့်ပြီး လေးလေးပင်ပင် သက်ပြင်းချနေကြတယ်။ ကျွန်တော့်ရှေ့မှာတင် တိုးတိုးတိတ်တိတ်တိုင်ပင်နေပေမယ့် စိတ်လှုပ်ရှားလွန်းနေတဲ့ ကျွန်တော်ဟာ သူတို့တိုင်ပင်သံကို မကြားနိုင်ခဲ့ပါဘူး။
" ဒါဆို မင်းက ငါတို့သားလေးကို တကယ်ချစ်မိသွားလို့ အခုလိုလုပ်နေတာပေါ့။ မင်း ငါတို့ဆီက ပိုက်ဆံယူထားတာ သားလေးသိသွားရင် မင်းကိုအထင်လွဲပြီး မုန်းသွားမှာ မင်းကြောက်တာမဟုတ်လား "
ဦးလေးစကားက တကယ်မှန်နေတာမို့ ကျွန်တော် ဟုတ်မှန်ကြောင်း ခေါင်းညိမ့်ပြရင်း-
" ဟုတ်ပါတယ် ဦးလေး... ကျွန်တော့်ကို အစ်ကို အထင်လွဲပြီးမုန်းသွားမှာ ကျွန်တော် သိပ်ကြောက်နေမိတယ်။ ပြီးတော့ ဦးလေးတို့ ကျွန်တော်နဲ့အစ်ကို့ကို အပြင်းအထန် ကန့်ကွက်လာမှာ စိုးရိမ်မိသေးတယ် "
ဦးလေးကင်က သက်ပြင်းရှည်ကြီး ထပ်ချလိုက်ပြန်တယ်။ ခုနက တိုးတိုးတိတ်တိတ် တိုင်ပင်ထားကြတာကြောင့် တိကျတဲ့အဖြေတစ်ခုလည်း သူတို့မှာရှိနေလောက်ပြီ။
" ဒါဆို ငါတို့ငွေမယူဘဲ ဆိုးလ်မှာ မင်းဘယ်လို ကျောင်းဆက်တက်မှာလဲ။ မင်းအဖေကလည်း မင်းကို ပိုက်ဆံမပေးမှာ သိနေရက်နဲ့လေ "
ကျွန်တော့်မှာ ဖြေစရာမရှိပါဘူး။ အစ်ကို့ကို လွတ်လွတ်လပ်လပ် ချစ်ခွင့်ရဖို့ပဲ စိတ်အားထက်သန်နေတာကြောင့် ဒီအချက်ကို မစဥ်းစားခဲ့မိဘူး။ တစ်ခါတလေတော့ လူကြီးတွေက ကျွန်တော်တို့ထက် ဒီလိုကိစ္စတွေမှာ ပိုတည်တည်ငြိမ်ငြိမ် ေတွးခေါ်တတ်ကြတယ်။
" မင်းကို ဦးလေးပဲ အကောင်းဆုံးအကြံပေးတော့မယ်။ ဦးလေးတို့ပေးတဲ့ငွေနဲ့ ပတ်သက်ပြီး မင်းနဲ့ဦးလေးသားကြား အထင်လွဲစရာတွေ ရှိလာခဲ့ရင် ဦးလေးတို့ရှင်းပေးမှာမို့ ဒီအတိုင်း ပိုက်ဆံကို ဆက်ပြီးလက်ခံပေး။ မင်း အသည်းမကွဲရဖို့ ဦးလေး တာဝန်ယူတယ် "
အစ်ကို့အဖေဆီက မထင်မှတ်ထားတဲ့စကားကြောင့် ကျွန်တော့်မှာ အံ့သြလွန်းလို့ ရှော့ခ်ရမတတ် ဖြစ်သွားရပါပြီ။ ဒီစကားရဲ့ အဓိပ္ပါယ်အရဆို...
" ဒါဆို ဦးလေးဆိုလိုတာက..."
ကျွန်တော့်မေးခွန်း မဆုံးသေးခင်မှာပဲ ဦးလေးက ခေါင်းတစ်ချက်ညိမ့်ပြရင်း အတည်ပြုလိုက်တယ်။
" အင်း..မင်းထင်တဲ့ အတိုင်းပဲ။ ဦးလေးတို့အတွက် သားလေးပျော်ရွှင်နေတာ မြင်ရရင် ကျေနပ်ပါပြီ။ သားလေးအပေါ် အလွန်အကျွံ ချုပ်ခြယ်မိခဲ့သမျှအတွက် သူပျော်ရွှင်အောင် ဖန်တီးပေးပြီး ပြန်ပေးဆပ်ရမှာပေါ့ "
ကျွန်တော် အစ်ကို့မိဘတွေကို ကျေးဇူးတင်လွန်းလို့ ထိုင်ရာကထပြီး ကိုယ်ကိုကိုင်းညွတ် အရိုအသေပေးလိုက်တယ်။ နောက်ဆုံးတော့ အကျဥ်းကျနေတဲ့ ကျွန်တော့်နှလုံးသားဟာ အတန်အသင့် လွတ်လပ်ခွင့်ရသွားပါပြီ။
ဖြတ်ကျော်ရမယ့် အတားအဆီးတစ်ခု ကျန်သေးသေးတယ် ဆိုပေမယ့်ပေါ့...။
To be continued...
#Zawgyi -
ဒီေန႔ေတာ့ မထင္ရင္မထင္သလို ႐ုတ္တရက္႐ြာခ်တတ္တဲ့ ေဆာင္းဦးေပါက္ရာသီရဲ႕ မိုးစက္ေတြၾကား ကြၽန္ေတာ္နဲ႔အစ္ကိုထယ္ေယာင္း ထီးေလးတစ္ေခ်ာင္းကို အတူေဆာင္းရင္း ေက်ာင္းကျပန္လာခဲ့ၾကတယ္။ မိုးက ထင္တာထက္ ပိုသည္းေနခဲ့တာမို႔ ထီးေလးတစ္ေခ်ာင္းက ကြၽန္ေတာ္တို႔ႏွစ္ေယာက္လုံးကို မိုးလုံေအာင္ မစြမ္းေဆာင္ႏိုင္ခဲ့ဘူး။
အနီးအနားမွာ မိုးခိုစရာေနရာလည္း ႐ွာမရတာမို႔ ကြၽန္ေတာ္လည္း အစ္ကိုထယ့္ကို အနီးကပ္ဆုံးအထိ ပခုံးကဆြဲဖက္ထားလိုက္ၿပီး ထီးကိုမလုံတလုံ ဆက္ေဆာင္းလာခဲ့ၾကတယ္။ ႏွစ္ေယာက္သား ပိုနီးကပ္သြားတာေတာင္ မိုးေရလာစင္တဲ့ဒဏ္က ခံေနရတုန္းပါ။
" ထီးကို အစ္ကိုပဲေဆာင္းၿပီး အိမ္ျပန္လိုက္ပါေတာ့လား။ ကြၽန္ေတာ္ ကားမွတ္တိုင္ဆီေရာက္ေအာင္ မိုးေရထဲေျပးသြားလိုက္မယ္ "
ကြၽန္ေတာ္ အစ္ကို႔ဘက္ကိုေစာင္းၾကည့္ရင္း ဒီလိုေျပာလိုက္မိေတာ့ ကြၽန္ေတာ္႕စကားကို ျပန္တုန္႔ျပန္ဖို႔ လွည့္ၾကည့္လာတဲ့ အစ္ကိုထယ္နဲ႔ မ်က္ႏွာခ်င္းဆိုင္သြားတယ္။ လူခ်င္းကလည္း အနီးကပ္ဆုံးမို႔ အစ္ကို႔ႏႈတ္ခမ္းရဲရဲေတြဟာလည္း ကြၽန္ေတာ္႕ႏႈတ္ခမ္းသားနဲ႔ တစ္လက္မေတာင္ မေဝးေတာ့တဲ့အထိ နီးကပ္သြားခဲ့ၿပီ။
" ဟင့္အင္း ငါမင္းကို မိုးမမိေစခ်င္ဘူး "
က႐ုဏာအေငြ႕အသက္ေတြ လႊမ္းျခဳံေနတဲ့ အစ္ကို႔ရဲ႕ ကြဲအက္အက္ အသံၾသၾသေလးက နားကတစ္ဆင့္ ကြၽန္ေတာ္႕ႏွလုံးသားထဲအထိ ထိုးေဖာက္စိမ့္ဝင္လာတယ္။ က႐ုဏာအၾကည့္ေတြနဲ႔ မ်က္ဝန္းညိဳေတြကလည္း ကြၽန္ေတာ္႕စိတ္ဝိညာဥ္ကို ဖမ္းစားယူငင္ၿပီး ရင္ခုန္သံကို ျမန္ဆန္လာေစတယ္။
ဒီအခိုက္အတန္႔ေလးမွာပဲ ကြၽန္ေတာ္႕ႏွလုံးသားဆီက တဒုတ္ဒုတ္ရင္ခုန္သံဟာ ကြၽန္ေတာ္႕တစ္ကိုယ္လုံးကို ပူေႏြးျပင္း႐ွတဲ့ ခံစားခ်က္မ်ိဳး လႊမ္းျခဳံသြားေစတယ္။ အနီးကပ္ျမင္ေနရတဲ့ အစ္ကို႔မ်က္ဝန္းလွလွေတြဟာလည္း ကြၽန္ေတာ္႕ေျခလွမ္းေတြရပ္ၿပီး ေငးေနမိေစတဲ့အထိ ညိႇဳ႕ၿပီးရင္း ညိႇဳ႕ယူေနခဲ့တယ္။
အစ္ကိုထယ္ကလည္း ကြၽန္ေတာ္နဲ႔အတူ ေျခလွမ္းေတြရပ္လိုက္ၿပီး တစ္စုံတရာ ေျပာျပခ်င္ေနပုံရတဲ့ မႈိင္းညိဳ႕ညိဳ႕မ်က္ဝန္းတြနဲ႔ ကြၽန္ေတာ္႕ကို ေတြေဝစြာေငးၾကည့္ေနခဲ့တယ္။ လူသြားပလက္ေဖာင္းေပၚမွာ ေကာင္ေလးႏွစ္ေယာက္ မတ္တပ္ႀကီးရပ္ၿပီး အၾကည့္ခ်င္းဆုံေနတာ အျခားသူေတြ ဘယ္လိုထင္မလဲ ဂ႐ုမစိုက္ႏိုင္ေတာ့တဲ့အထိပဲ။
မိုးပိုသည္းလာၿပီး မိုးေရစက္ေတြ ထပ္စင္လာျပန္ေတာ့ ပူေႏြးေႏြးရင္ခုန္သံေၾကာင့္ ခႏၶာကိုယ္ကလည္း ခ်မ္းဖို႔ေတာင္ သတိမရႏိုင္ေတာ့..။ မ်က္ဝန္းလွလွေတြနဲ႔ ႐ႊန္းစိုစိုႏႈတ္ခမ္းလႊာေတြဆီမွာ ညိႇဳ႕ယူဖမ္းစားခံေနရၿပီမို႔ ကမ႓ာေလာကႀကီးေတာင္ ရပ္တန္႔ေနသလိုပဲ။
" မင္းဆႏၵ႐ွိရင္ မင္းစိတ္ထဲအလို႐ွိသလို ငါ့ကို အသုံးခ်လိုက္ပါ။ ငါက မင္းကို သိပ္ခ်စ္ေနရတာဆိုေတာ့ မင္းအခု ဘာပဲလုပ္လုပ္ ငါခြင့္ျပဳႏိုင္တယ္ ေဂ်ာင္ဂု..."
သူ႕သိကၡာကိုေတာင္ ထည့္မတြက္ႏိုင္ဘဲ အညိႇဳ႕ခံေနရတဲ့ ကြၽန္ေတာ္႕ကို အလိုလိုက္႐ွာတဲ့ အစ္ကို႔ေၾကာင့္ ၿမိဳသိပ္ထားသမွ် ခံစားခ်က္ေတြက အတားအဆီးမဲ့ ေပါက္ကြဲထြက္လာတယ္။ အစ္ကိုထယ္ကိုယ္တိုင္ ခြင့္ျပဳေပးတာေၾကာင့္လည္း ကြၽန္ေတာ္သိပ္စြဲလမ္းသြားတဲ့ အစ္ကို႔ႏႈတ္ခမ္းေတြကို ျဖည္းျဖည္းခ်င္း အပိုင္သိမ္းယူလိုက္တယ္။
ေက်ာ႐ိုးထဲအထိ ပူ႐ွိန္းတက္လာသလို ခံစားခ်က္ဟာ ႏႈတ္ခမ္းႏွစ္လႊာ ထိေတြ႕ခ်ိန္ကစၿပီး တျဖည္းျဖည္း အ႐ွိန္ျပင္းလာတယ္။ ႏူးညံ့အိစက္လြန္းတဲ့ အစ္ကို႔ႏႈတ္ခမ္းေတြဟာ ေသာက္မဝတဲ့ ႏွစ္ခ်ိဳ႕ဝိုင္ေတြလိုမ်ိဳး ကြၽန္ေတာ္႕ကို အဆုံးစြန္ထိ ယစ္မူးသြားေစၿပီး ရပ္တန္႔မရေအာင္ျဖစ္ေစတယ္။
အသိစိတ္လြတ္သည္အထိ ယစ္မူးသြားခဲ့တာမို႔ လက္ထဲကထီးလည္း ဘယ္ေရာက္သြားၿပီလဲ မသိႏိုင္ေတာ့တဲ့အထိ။ ကြၽန္ေတာ္အနမ္းေတြေနာက္ကို အလိုက္သင့္လိုက္ပါေပးေနတဲ့ အစ္ကို႔ႏႈတ္ခမ္းေတြေၾကာင့္လည္း အနမ္းဟာ ထင္ထာထက္ကို ပိုၾကာ႐ွည္ခဲ့တယ္။ ဒါဟာ လူျမင္ကြင္းမွာ နမ္းတဲ့ အနမ္းေတြထဲ အၾကာဆုံးလို႔ေတာင္ ဆိုႏိုင္ေလမလား။
မိနစ္အနည္းငယ္ၾကာ အနမ္းဖလွယ္အၿပီးမွာေတာ့ ကြၽန္ေတာ္တို႔ႏွစ္ေယာက္လုံး မိုးေရေတြ႐ႊဲစိုေနခဲ့ပါၿပီ။ ဒီအခ်ိန္မွာပဲ မိုးေရေၾကာင့္ မ်က္ႏွာေရစိုေနတာကို အကာအကြယ္ယူၿပီး မ်က္ရည္ေတြသြန္ခ်လာတဲ့ အစ္ကိုထယ္ေၾကာင့္ ကြၽန္ေတာ္႕ရင္ထဲ ထိတ္ခနဲျဖစ္ရျပန္တယ္။
" အစ္ကို ဘာလို႔ငိုေနတာလဲ။ ကြၽန္ေတာ္ ဘာမွားသြားလို႔လဲ "
ကြၽန္ေတာ္႕ေမးခြန္းၾကားေတာ့ အစ္ကိုထယ္က မ်က္ရည္ဝိုင္းေနတဲ့ သူ႕မ်က္ဝန္းေတြနဲ႔ ကြၽန္ေတာ္႕ကို ေတြေတြႀကီးေငးစိုက္ၾကည့္လာတယ္။ ၾကည့္ေနရင္းမွာပဲ မ်က္ရည္ေတြထပ္ၿပီးက်လာျပန္တာမို႔ မိုးေရေတြနဲ႔ေရာၿပီး မ်က္ႏွာေပၚ ျမစ္တစ္စင္းေပၚလာေတာ့မယ့္အတိုင္း။
" မင္းမမွားပါဘူး...အစ္ကိုပဲ မွားသြားတာ။ ကိုယ္ခ်စ္ေနရတဲ့သူကိုမွ အခုလိုမ်ိဳး အေပါစားဆန္ဆန္ အမူအက်င့္မ်ိဳး ေဖာ္ျပလိုက္မိတယ္။ ကိုယ့္ခ်စ္သူမျဖစ္ေသးတဲ့ လူတစ္ေယာက္ကို ေပးနမ္းတဲ့အထိ အစ္ကိုေစ်းေပါသြားတယ္။ အခု မင္းအစ္ကို႔ကို အေပါစားဆန္တယ္လို႔ ေတြးမိသြားမွာ အစ္ကိုသိပ္ေၾကာက္ေနၿပီ ေဂ်ာင္ဂု "
အစ္ကိုက စကားေျပာေနရင္းနဲ႔ပဲ သူ႕ခႏၶာကိုယ္ေလး တုန္လာတဲ့အထိ ေခါင္းေလးငုံၿပီး ဆက္ငိုေနခဲ့တာ။ အစ္ကိုငိုေနတာျမင္ရေတာ့ တစ္စတစ္စ ကြဲအက္လာခဲ့တဲ့ ကြၽန္ေတာ္႕ႏွလုံးသားဟာလည္း နာက်င္မႈအျပည့္နဲ႔။
" ဟင့္အင္း အစ္ကို အဲ့လိုမေတြးပါနဲ႔ဗ်ာ။ အစ္ကိုက ကြၽန္ေတာ္႕ကိုသိပ္ခ်စ္လို႔ ခြင့္ျပဳေပးခဲ့တဲ့အနမ္းကို ကြၽန္ေတာ္ကိုယ္တိုင္ကလည္း လိုလိုလားလား႐ွိခဲ့တာပါ။ အစ္ကို႔ကို တကယ္ျမတ္ႏိုးလြန္းလို႔ အစ္ကို႔ႏႈတ္ခမ္းေတြကို ကြၽန္ေတာ္ သိမ္းပိုက္ယူခဲ့တာ။ ကိုယ့္ကိုယ္ကို အျပစ္တင္ေနမယ့္အစား ခ်စ္တယ္မေျပာရေသးဘဲ အခြင့္အေရးယူမိတဲ့ ကြၽန္ေတာ္႕ကိုသာ အျပစ္တင္လိုက္ပါေတာ့လားဗ်ာ "
အစ္ကို႔ေၾကာင့္ နာက်င္ေနရတဲ့ ကြၽန္ေတာ္႕ႏွလုံးသားဟာ နာက်င္မႈကို မ်က္ရည္အျဖစ္ေျပာင္းလဲရင္း ကြၽန္ေတာ္႕မ်က္ဝန္းအိမ္ကတစ္ဆင့္ ပါးျပင္ေပၚစီးဆင္းေစတယ္။ ငိုထားတဲ့အ႐ွိန္ေၾကာင့္ရယ္ မိုးေရေတြေၾကာင့္ရယ္...အစ္ကို႔ခႏၶာကိုယ္ေလးက အဆက္မျပတ္တုန္ရီလာခဲ့တယ္။
" ငါမင္းကို ဘယ္လိုအျပစ္တင္ရက္မွာလဲ ေဂ်ာင္ဂု။ ငါက မင္းဘာပဲလုပ္လုပ္ ခ်စ္တဲ့စိတ္တစ္ခုေလးနဲ႔ ခြင့္လႊတ္ေပးႏိုင္ၿပီးသားေလ "
ဒါက...ကြၽန္ေတာ္႕ကို အခ်စ္မွာက်႐ႈံးေစဖို႔ အေကာင္းဆုံးစကားလုံးပဲ။ ကြၽန္ေတာ္ ဘာပဲလုပ္လုပ္ အစ္ကိုခြင့္လႊတ္ႏိုင္မယ္ဆိုရင္ ကြၽန္ေတာ္ ဖုံးကြယ္ထားသမွ်ကို အမွန္အတိုင္း႐ွင္းျပၿပီး အစ္ကို႔ကို စိတ္သန္႔သန္႔နဲ႔ ခ်စ္ႏိုင္ေတာ့မယ္။ ဒါေပမယ့္ အစ္ကိုက ကြၽန္ေတာ္႐ွင္းျပတာကို နားလည္ေပးနိင္မွာတဲ့လား။
" အစ္ကိုတကယ္ပဲ ကြၽန္ေတာ္႕ကို နားလည္ေပးႏိုင္မယ္ဆိုရင္ ကြၽန္ေတာ္ကလည္း အစ္ကို႔ကိုခ်စ္ဖို႔ အဆင္သင့္ပါပဲ။ အစ္ကို႔ဘက္က တစ္ခုေလးပဲလုပ္ေပး...."
ကြၽန္ေတာ္ အစ္ကို႔ပခုံးႏွစ္ဖက္ကို ခပ္ဖြဖြဆုပ္ကိုင္ရင္း အစ္ကို႔မ်က္ဝန္းလွလွေတြနဲ႔ အၾကည့္ခ်င္းထပ္ဆုံလိုက္တယ္။ ကြၽန္ေတာ္႕စကားထဲမွာ အစ္ကို႔ကို ခ်စ္ေပးဖို႔ အဆင္သင့္ျဖစ္ေနေၾကာင္း ပါလာခဲ့ျပန္ေတာ့ မ်က္ရည္စေတြနဲ႔ အစ္ကို႔မ်က္ဝန္းဟာ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ လင္းလက္လာတယ္။
" ဘာမ်ားလဲ ေဂ်ာင္ဂု...ငါတတ္ႏိုင္တာဆိုရင္ ငါမင္းကို လိုက္ေလ်ာေပးပါ့မယ္ "
သူ႕စကားဆုံးေတာ့ အစ္ကိုထယ္က တစ္စုံတစ္ခုကိုေတြးမိၿပီး ေမွ်ာ္လင့္ခ်က္နဲ႔ ေတာက္ပေနတဲ့မ်က္ဝန္းေတြဟာ အေရာင္ျပန္မွိန္သြားခဲ့တယ္။ ကြၽန္ေတာ္ ေတာင္းဆိုတဲ့အရာကို သူမလိုက္ေလ်ာႏိုင္မွာ သိပ္စိုးရိမ္ေနပုံပဲ။
" အစ္ကိုလုပ္ေပးရမွာက ကြၽန္ေတာ္႕အတိတ္အေၾကာင္း အစ္ကို႔ကို အမွန္အတိုင္း ႐ွင္းျပတဲ့အခါ အစ္ကို႔ဘက္က အစအဆုံး နားေထာင္ေပးရင္ရပါၿပီ။ ကြၽန္ေတာ္ေျပာမယ့္ အမွန္တရားက ဘာပဲျဖစ္ေနေန အစ္ကို႔အေနနဲ႔ စကားဝိုင္းကထထြက္မသြားဘဲ ဆက္နားေထာင္ေပးပါ။ ကြၽန္ေတာ္ စိတ္အဆင္သင့္ျဖစ္တဲ့အခါ အစ္ကို႔ကို အရာအားလုံး ေျပာျပပါ့မယ္ "
ကြၽန္ေတာ္ ဒီတစ္ႀကိမ္လည္း အစ္ကို႔မ်က္ဝန္းေတြဆီစိုက္ၾကည့္ၿပီး အေလးအနက္ေျပာျဖစ္ခဲ့တယ္။ ကြၽန္ေတာ္နဲ႔ပတ္သက္လာရင္ အခ်စ္သိပ္ႀကီးလြန္းတဲ့ အစ္ကိုထယ္က ကြၽန္ေတာ္႕မ်က္ဝန္းေတြဆီ ေတြေတြႀကီးေငးစိုက္ၾကည့္ရင္း မဆိုင္းမတြဘဲ ေခါင္းညိမ့္သေဘာတူလာတာမို႔ အစ္ကို႔ကို ခ်စ္ႏိုင္ဖို႔ ကြၽန္ေတာ္ တိုက္ပြဲဝင္ရေတာ့မယ္။
" ငါလည္း မင္းေျပာသမွ်ကို နားေထာင္ဖို႔ အသင့္ျပင္ထားမယ္။ တကယ္လို႔ ငါတို႔တြဲျဖစ္တဲ့အခါက်ရင္လည္း မင္းႀကိဳက္တဲ့ေနရာကို ေတာင္းဆိုခြင့္ေပးပါ့မယ္။ ငါ့အတြက္က မင္းကို ခ်စ္ေနခြင့္ရရင္ ေက်နပ္ၿပီ "
ကြၽန္ေတာ္ကလည္း အစ္ကို႔ကိုခ်စ္ေနရရင္ ေက်နပ္ေနခဲ့တာပဲ။ ဖြင့္ဟဝန္ခံဖို႔ အတားအဆီးေတြ႐ွိေနခဲ့လို႔သာ...။
Advertisement
- In Serial41 Chapters
Fire Heart
Born into a world of darkness and fear, can this lone dragon weather the storm and escape with his warm heart still in tact? Or will the darkness consume him and leave nothing but cold ashes in it's wake? Find out in this thrilling game-lite, Fantasy Romance webnovel-Fire Heart!
8 258 - In Serial46 Chapters
Re:Shard - Due to RL issuse uploading is very slow, but still undergoing and not yet dead
An abusive bastard of a father and a mother who never cared. A life in crime, used as a human shield and an assassin and what not. Our main charter’s life is not the best. But he doesn’t complain, he has seen worse after all the is the one to deliver it to others. So his death doesn't come as a surprise, but what comes after does!Cast into a world of magic and monsters, how will he fare in his new life?Cover: [The Ice Barrier] by Horriso.NOTE: This story is for MATURE readers only meaning 18+ (Or what counts as mature in your country!), It is NOT a story for the faint of heart.It contains violence, gore, evil, sexual content + rape - might put them as spoilers, for thoses who want to semi skip them. Utterly brutal and vile. Murder, Slavery etc.2th Note: This is my first posted fantasy story. English is not my first langue. So there will be grammar poops along the way. Will try my very best not to get to much of it in. Will try to get at least one chapter in each week hopefully more.
8 355 - In Serial61 Chapters
Heir of Wilberforce
A prisoner of war escapes. To find him, the creators of the world turns the six lower worlds into a labyrinthine ticking bomb. They didn’t hide it, and yet, none of the five million mages living on the lower worlds noticed. Armad has to find the escaper to save his mom. But just as he sets out to look for him, his soul is accidentally broken, and a part is sent out of the labyrinth. *** Disclaimer: cover picture is not mine. My target is a daily release one chapter up to the end of the first book.
8 235 - In Serial16 Chapters
Real Time Reality
Erik was just an ordinary teenager until one faithful camping trip. He was thrusted into a world full of monsters with powers that could only come from comic books. Armed with the power derived from one of his favorited gaming genre, could he stop the hidden mastermind behind this game of life and death, all before the demon devoured his soul from within?
8 131 - In Serial17 Chapters
Im Hell Of A Nightmare // L.S
In which innocent Louis find himself getting into an arranged marriage with a murderer called Harry Styles.Warning:(MATURE CONTENT)
8 217 - In Serial11 Chapters
Dipcifica One-shots
One shots of dipcifica
8 194

