《Rain On Me (KookV/Completed)》VI. What's Wrong with Jungkook
Advertisement
Unicode#
မိုးထဲရေထဲ ဂျောင်ဂုကို ပွေ့ဖက်ထားခဲ့သော ထယ်ယောင်းမှာ အလွမ်းစိတ်တို့ မည်မျှကြီးမားသည်မသိ။ လွတ်ထွက်သွားတော့မည့်အလား တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားမိသည်က ဆယ်မိနစ်နီးပါးခန့်ပင် ကြာသွားခဲ့ပြီ။
" အစ်ကို ကျွန်တော့်ကို ပြောစရာရှိတယ်ဆိုရင် ဒီလိုမျိုး အကြာကြီး ဖက်မထားပါနဲ့လား။ ဒီလိုနဲ့ပဲ ကျွန်တော်တို့နှစ်ယောက်လုံး အအေးမိပြီး ဖျားတော့မယ် "
ဂျောင်ဂု သတိပေးလာမှ ထယ်ယောင်း သတိပြန်ဝင်ကာ ဖက်ထားသည်ကိုပြန်လွှတ်ပေးရင်း အားတုံ့အားနာဖြစ်ဟန်ဖြင့်ကြည့်မိသည်။ အခုမှ ပထမဆုံးတွေ့ဖူးသည့် လူတစ်ယောက်က သူ့ကိုအကြာကြီး လာဖက်ထားခဲ့တာ ဂျောင်ဂုအတွက် စိတ်မသက်မသာဖြစ်လိမ့်မည်။
" ငါ တောင်းပန်ပါတယ် ဂျောင်ဂု။ ငါကမင်းကို သိနေပေမယ့် မင်းက ငါ့ကို မသိဘူးဆိုတော့ ငါ့လုပ်ရပ်ကြောင့် မင်း စိတ်အနှောင့်အယှက်ဖြစ်သွားမှာပဲ။ မင်း အဝတ်အစားတွေလည်း စိုသွားပြီဆိုတော့ ငါ့အိမ်လိုက်ခဲ့ပြီး အဝတ်လိုက်လဲပါလား။ မင်းကို ငါပြောချင်တာတွေလည်း တစ်ဝကြီးပြောချင်သေးတယ်။ ငါက တကယ် လူကောင်းလေးပါ။ မင်း ယုံယုံကြည်ကြည်နဲ့ ငါ့အိမ်ကို လိုက်ခဲ့လို့ရတယ် "
ထယ်ယောင်းစကားကြောင့် ဂျောင်ဂုက သူ့ကိုသေချာစိုက်ကြည့်လာခဲ့ပြီး တစ်စုံတရာကို အလေးအနက် စဥ်းစားဟန်ပြုသည်။ ဆံနွယ်ထက်မှ တတောက်တောက်စီးကျလာသော ရေစက်များက သူ့မျက်စိရှေ့က ထယ်ယောင်းကို သည်းသည်းကွဲကွဲမြင်နိုင်ဖို့အရေး အနှောင့်အယှက်ပေးနေပြန်သည်။
" အင်းပါ မင်းငါ့ကို မယုံကြည်ရင်လည်း ငါမင်းကို အပြစ်မမြင်ပါဘူး။ လူရိုးဆိုတာ သုဿာန်မှာတောင် တွေ့ရဖို့ မသေချာတော့တဲ့ခေတ်မှာ အခုမှတွေ့ဖူးတဲ့ ငါ့ကို မင်းယုံကြည်ဖို့ ခက်ခဲနေမှာပေါ့ "
သူ့အကြောင်းနှင့်သူ စဥ်းစားခန်းဝင်နေခိုက် မျက်နှာငယ်လေးဖြစ်ကာ ညည်းညူသံပါပါ စကားဆိုလာသော ထယ်ယောင်းကို ဂျောင်ဂု ထိတ်ထိတ်ပျာပျာဖြင့် လက်ကာပြလိုက်သည်။ သူ့အတွက်က ထယ်ယောင်းကို မယုံကြည်၍မဟုတ်...ထယ်ယောင်းအိမ်လိုက်သွား၍ ဖြစ်လာမည့် အကျိုးဆက်ကိုသာ စိုးထိတ်နေမိခြင်းပေ။
" မဟုတ်ဘူး...အဲ့လိုမဟုတ်ဘူး အစ်ကို။ ကျွန်တော် စဥ်းစားနေတာက အစ်ကို့ကို သံသယဝင်ပြီး လျှောက်တွေးနေတာမျိုး မဟုတ်ဘူး။ ကျွန်တော့်မှာ အခြားအကြောင်းတွေ ရှိနေသေးလို့သာ ခဏ စဥ်းစားနေရတာ။ ဘာပဲဖြစ်ဖြစ်ပါ ကျွန်တော့်တစ်ကိုယ်လုံးလည်း မိုးရေတွေစိုသွားပြီဆိုတော့ အစ်ကို့အိမ်လိုက်ပြီး အဝတ်အစား လိုက်လဲရတော့မှာပေါ့။ ဒါဆို ကျွန်တော်တို့ သွားကြရအောင် "
ဂျောင်ဂုက သူ့အိမ်လိုက်ခဲ့မည်ဆိုလာတော့ ထယ်ယောင်းရင်ထဲ ပျော်ရွှင်ရသည်က အတိုင်းအဆမရှိ။ သူ့အခန်းထဲက ဂျောင်ဂုပုံတူလေးကိုပါ ပြလိုက်နိုင်တော့မည်ဖြစ်၍ ဂျောင်ဂု သူ့အပေါ် ပိုနားလည်သွားနိုင်တော့မည်။ ထိုသို့သော အတွေးမျိုးဖြင့် စိတ်နှလုံးကြည်နူးနေခဲ့သည်မို့ မျက်နှာပေါ်မှာ ပီတိအပြုံးများက တားမရဆီးမရ ဖြာဝေလျှက်။
" စိတ်ချပါ မင်း ငါ့အိမ်လိုက်ခဲ့တာ လုံးဝ အကျိုးမယုတ်စေရဘူး။ အနည်းဆုံးတော့ ဒီကမ္ဘာမှာ မင်းကိုစွဲလမ်းခဲ့ရတဲ့သူတစ်ယောက် ရှိသေးတယ်ဆိုတာ မင်းသိသွားရင် မင်းခံစားရမယ့် ခံစားချက်က အရာရာထပ်ပိုပြီး ထူးခြားမယ်ဆိုတာ ကျိန်းသေပြောရဲတယ် "
နားလည်ရခက်သော ထယ်ယောင်းစကားကြောင့် ဂျောင်ဂု တစ်စုံတရာ ခွန်းတုံ့မပြန်ဘဲ နှုတ်ဆိတ်၍သာနေသည်။ လမ်းလျှောက်ရင်း မိုးရေထဲ လက်ဝါးလေးဖြန့်ခံလျှက် ကလေးတစ်ယောက်လို ဆော့ကစားနေသော ထယ်ယောင်းပုံရိပ်သည် ဂျောင်ဂု မျက်ဝန်းအကြည့်ကို စွမ်းအင်တစ်မျိုးဖြင့် ဖမ်းစားညှို့ယူသည်။
ထယ်ယောင်းက ဂျောင်ဂုဘက်ကို အမြဲတမ်းကြည့်မနေ၍သာ ဂျောင်ဂု မျက်ဝန်းအကြည့်ကို သတိမထားမိခြင်းဖြစ်သည်။ အကယ်၍ သတိထားပြီး ကြည့်မိခဲ့ပါလျှင် ဂျောင်ဂုထံမှ တစ်စုံတရာ လွမ်းမောနေဟန် မှုိင်းညို့ညို့မျက်ဝန်းအကြည့်တို့ကို မြင်နိုင်ပေလိမ့်မည်။
မိုးရေစက်လေးတွေလို တည်ငြိမ်လွန်းတဲ့ အလှတရားတွေက ခင်ဗျားဆီမှာ ရှာလေတွေ့လေပါပဲလား။ အောက်မျက်ခမ်းနားက မှဲ့နက်ကလေးရယ် မျက်တောင်စင်းစင်းလေးတွေနဲ့ သိပ်လှတဲ့ မျက်ဝန်းနက်လေးတွေရယ်၊ ဖြောင့်စင်းတဲ့နှာတံလေးရယ်၊ ပြုံးလိုက်ရင် ပေါ်လာတတ်တဲ့ သိပ်လှတဲ့ ပါးချိုင့်လေးတွေရယ်..ဒီအရာတွေက ခင်ဗျားကို ပြီးပြည့်စုံတဲ့ အလှတရားပိုင်ရှင်ဖြစ်အောင် ပံ့ပိုးပေးထားတာပဲ။ ပြီးတော့ ခင်ဗျားအပြုံးက ကျွန်တော်မြင်ဖူးသမျှထဲမှာ အလှဆုံးပဲ။
ထယ်ယောင်း၏ အလှတရားတို့ကို တစ်ဝကြီးခံစားနေရင်း စိတ်အနှောင့်အယှက်ဖြစ်ဖွယ်သော အတွေးတစ်ခုက ဂျောင်ဂု၏ သာယာကြည်နူးနေမှုကို ဖျက်ဆီးလာသည်။ မလုပ်ခဲ့မိရင် အကောင်းသားဟူသော အတွေးမျိုးပေါ်လာမိသော်လည်း သူ့အတွက်က နောက်ဆုတ်မရနိုင်တော့သော အခြေအနေဖြစ်နေခဲ့သည်မို့...။
ဘာလို့များ မသေချာနိုင်တဲ့ ကတိတစ်ခုကို ငါပေးခဲ့မိပါလိမ့်။ ငါသူ့ကို တကယ်ချစ်မိလာရင် ငါလုပ်ခဲ့မိတဲ့အရာတွေက ငါ့နှလုံးသားကိစ္စကို အနှောင့်အယှက်ဖြစ်စေမှာလား။ ဒါမှမဟုတ် ငါကပဲ သူ့ကိုမချစ်မိအောင် ကြိုးစားရတော့မှာလား။ သိပ်လှတဲ့ ခင်ဗျားလေးကို မချစ်ဘဲနေနိုင်ရအောင်လည်း ကျွန်တော့်နှလုံးသားက ကျောက်တုံးမဟုတ်တာ ခက်သားလား...။
" ဂျောင်ဂု မင်းဘာတွေတွေးနေပြန်တာလဲ။ ငါ့ကို အခုထိ ယုံကြည်လို့မရသေးဘူးလား "
သူ့မျက်နှာကို ဂျောင်ဂုခိုးကြည့်နေတာ ရိပ်မိတော့ ထယ်ယောင်းနှုတ်ဖျားက ပွင့်ပွင့်လင်းလင်း ထုတ်မေးမိသည်။ သို့သော် ဂျောင်ဂု မျက်ဝန်းတွေက သူ့ကို သံသယဖြင့်ကြည့်ခြင်းမဟုတ်ကြောင်း ထယ်ယောင်း ခံစားမိနေသည်။ ဤသို့ဆိုလျှင် ဂျောင်ဂု သူ့မျက်နှာကို ငေးကြည့်နေခြင်းအကြောင်းက...။
" မဟုတ်ပါဘူး အစ်ကိုရာ။ ကျွန်တော် အမှန်အတိုင်းပြောမယ်။ တကယ်တော့ အစ်ကိုက ကျွန်တော့်မျက်ဝန်းထဲ သိပ်လှလွန်းနေလို့ ကျွန်တော် ခဏငေးမိသွားတာပါ။ အကြောင်းအရင်းကို ကျွန်တော် ရှင်းမပြတတ်ပေမယ့် ကျွန်တော် အစ်ကို့ကိုငေးနေတာ ဝန်ခံပါတယ် "
ပွင့်လင်းလွန်းလှသော ဂျောင်ဂုကြောင့် ထယ်ယောင်းမျက်နှာလေး ရဲတက်လာကာ ရှက်ပြုံးကလေးဖြာလျှက်။ ရုတ်တရက် ဒိတ်ခနဲခုန်သွားသော သူ့နှလုံးသားကလည်း ဂျောင်ဂုစကားလုံးတို့အောက် နှစ်သက်ပျော်ဝင်သွားလေသည့်အလား...။
Advertisement
" မင်းက သိပ်ပွင့်လင်းလွန်းတာပဲ ဂျောင်ဂု "
ထယ်ယောင်း ထိုမျှသာ စကားတုန့်ပြန်ရင်း မျက်နှာလေးကိုဆက်ပြုံးထားဆဲ။ ဂျောင်ဂု မျက်ဝန်းများကလည်း ရေစိုနေသော ထယ်ယောင်းအလှတို့ဆီ အကြည့်မခွာရက်နိုင်။ ထယ်ယောင်းခန္ဓာကိုယ်ပေါ်မှ အဖြူရောင်တီရှပ်လက်ရှည်လေးက မိုးရေစိုသည်နှင့် ဝင်းမွတ်ဖြူစင်သော သူ့အသားနှင့် တစ်သားတည်းနီးပါး ကပ်နေသည်မို့ ခါးကျဥ်ကျဥ်လေးရှိသော ထယ်ယောင်းခန္ဓာကိုယ်အလှက ဖုံးမရဖိမရ မြင်နိုင်နေသည်ပင်။
ကျွန်တော် ဒီလိုကြည့်ပိုင်ခွင့်ရှိပါ့မလား သေချာမသိပေမယ့် လှရက်နိုင်လွန်းလို့ ကြည့်မိနေတာ အပြစ်ဖြစ်သွားလေမလား။ ကျွန်တော့် စိတ်ကူးမိခဲ့တာထက်ပိုပြီးတောင် အစ်ကိုက လှရက်လွန်းနေခဲ့တယ်။ ဒါပေမယ့် ကျွန်တော် အစ်ကို့ကိုကြိုက်မိသွားမှာ ကြောက်နေတုန်းပဲ။ ကျွန်တော်သာ အစ်ကို့ကို တကယ်ချစ်မိသွားရင် အကျိုးဆက်က မလှပနိုင်လောက်ဘူး။
ဂျောင်ဂု အတွေးဖြင့် စကားပြောနေခိုက် ထယ်ယောင်းမှာတော့ ဂျောင်ဂုအကြည့်တွေကြောင့် ရင်တဒိတ်ဒိတ်ခုန်ရကာ ဟန်မပျက်အောင် ကြိုးစားနေရသည်။ အနှစ်နှစ်အလလ စွဲလမ်းခဲ့ရပါသော ထိုလူသားဆီက ဤကဲ့သို့ အမြတ်တနိုးငေးကြည့်ခံရသည်မို့ သူ့ရင်တွင်းမှာ ဘယ်အရာနဲ့မှ လဲမရသော ကြည်နူးခြင်းတို့ဖြင့်..။
မင်းဆီက အခုလို ငေးကြည့်ခံရတာ ငါသိပ်ကျေနပ်တာပဲ ဂျောင်ဂုရယ်။ မင်းလည်း ငါ့ကို ငါမင်းကိုချစ်ခဲ့သလို ပြန်ချစ်လာခဲ့ရင် သိပ်ကောင်းမှာပဲ။ မျက်ဝန်းတွေကနေတစ်ဆင့် ငါ့အချစ်ကို မင်းမြင်နိုင်မယ်ဆိုရင် ငါ့နှလုံးသားကိုလည်း မင်း ဘာသာပြန်နိုင်လိမ့်မယ်။
~~~~~xxxxx~~~~~
" ကဲ ငါ့အိမ်ရောက်ပြီ။ အိမ်ထဲ ရဲရဲသာဝင်ခဲ့။ မင်းကို ဘယ်သူမှ ကိုက်မစားဘူး "
ထယ်ယောင်းဆီက အရွှန်းဖောက်စကားကြောင့် ဂျောင်ဂု သဘောကျစွာပြုံးရင်း အိမ်ထဲဝင်လိုက်လာသည်။ ခန္ဓာကိုယ်ပေါ်မှ တတောက်တောက်ကျနေသော ရေစက်အချို့ကြောင့် အိမ်ထဲဝင်ရန် အားနာမိသော်လည်း မတတ်သာသောအခြေအနေမို့ အားနာနာဖြင့် ထယ်ယောင်းနောက်က လိုက်လာခဲ့ရသည်။
ထယ်ယောင်းအခန်းထဲရောက်တော့ အိပ်ရာဘေးမှ သူ့ပုံတူပန်းချီကားလေးကြောင့် ဂျောင်ဂု အံ့သြမဆုံးဖြစ်ကာ ပါးစပ်အဟောင်းသားဖြင့်...။ စိတ်နှစ်ပြီး ရေးဆွဲထားမှန်း သိသာစွာ အသက်ဝင်ပီပြင်လွန်းနေသော ထိုပန်းချီကား၏ ဖန်တီးရှင်က ထယ်ယောင်းပေလောဟုပင် သူအတွေးရောက်မိသည်။
" မင်းနဲ့ငါက အရွယ်တူလောက်ပဲဆိုတော့ ငါ့အဝတ်အစားတွေက မင်းနဲ့တော်လောက်မှာပါ။ ဒါပေမယ့် မင်းက..."
ဂျောင်ဂုအတွက် အဝတ်အစားရွေးနေရင်း ထယ်ယောင်းမျက်ဝန်းများက ဂျောင်ဂု ခန္ဓာကိုယ်အချိုးအစားကို တစ်ချက်အကဲခတ်ကြည့်မိသည်။ သင့်တော်မည့်အင်္ကျီရွေးနိုင်ရန် ကြည့်မိခြင်းဖြစ်သော်လည်း ရေစိုပြီးအသားကပ်နေသော အင်္ကျီအောက်မှ ဖုထစ်နေသော ကြွက်သားစိုင်များကိုသာ သူမြင်လိုက်ရသည်။
" အင်း...မင်းက...ငါ့ထက် ခန္ဓာကိုယ်နည်းနည်းတောင့်တော့ ဒီအင်္ကျီအပွလေးနဲ့ အဆင်ပြေမယ်။ ဘောင်းဘီကတော့ သားရေကြိုးနဲ့ဟာ ပေးမှာဆိုတော့ ခါးဆိုဒ်က ပြဿနာမရှိလောက်ဘူး "
ထယ်ယောင်းလည်း ဂျောင်ဂု ခန္ဓာကိုယ်ကိုမြင်ပြီး ရှက်နေသည့်မျက်နှာကို မသိသာအောင်ဖုံးကွယ်ရင်း ဂျောင်ဂုလက်ထဲ လဲဝတ်ရမည့် အဝတ်တစ်စုံထည့်ပေးလိုက်သည်။ သူကိုယ်တိုင်အတွက်လည်း အဝတ်အစားတစ်စုံရွေးယူကာ ရေချိုးခန်းထဲ အဝတ်လဲဖို့ထွက်လာခဲ့သည်။
" မင်း ငါ့အခန်းထဲ လွတ်လွတ်လပ်လပ် အဝတ်လဲနော်။ ငါက ရေချိုးခန်းထဲ သွားလဲလိုက်မယ်။ မင်းလဲလို့ပြီးရင် ငါ့ကိုလှမ်းခေါ်လိုက် "
ရှက်ရွံ့ဟန်ဖြင့် ရေချိုးခန်းထဲဝင်သွားသော ထယ်ယောင်းကိုကြည့်ကာ ဂျောင်ဂု သဘောအကျကြီးကျကာ ရယ်နေမိသည်။ မလိမ်မညာတမ်းဆိုရလျှင် ထိုလူသား၏ ရှက်ရွံနေသောပုံရိပ်လေးပင်လျှင် သူ့မျက်ဝန်းထဲ သိပ်လှလွန်းနေသည်။
အစ်ကိုက တကယ့်ကို အလှလေးဆိုတာ ငြင်းမရတော့ဘူး။ မသိသာအောင် ဖုံးကွယ်ထားပေမယ့် ပွင့်သစ်စချယ်ရီပန်းလေးလို ပန်းနုရောင်သမ်းနေတဲ့ မျက်နှာလေးက အစ်ကိုရှက်နေတာကို သက်သေပြနေတယ်။ အစ်ကို့ကို မချစ်မိအောင် နေပါ့မယ်ဆိုကာမှ အစ်ကိုက ကျွန်တော့်နှလုံးသားကို ခဏခဏ လာခလုတ်တိုက်နေသလိုပဲ။
ထယ်ယောင်းအလှကို စိတ်ထဲကချီးကျူးလိုက်ပြီး သူ့အတွက် ထယ်ယောင်းထုတ်ပေးခဲ့သော အဝတ်အစားတစ်စုံကို ပြုံးပြုံးကြီးကြည့်မိသည်။ ရေချိုးခန်းထဲမှာ ထယ်ယောင်းကို အကြာကြီးမစောင့်စေလို၍ အဝတ်အစားကို အမြန်လဲဝတ်လိုက်ပြီး ထယ်ယောင်းဆီ အသံပြုလိုက်၏။
" အစ်ကိုရေ ကျွန်တော် အဝတ်အစားလဲလို့ ပြီးပြီနော် "
ဂျောင်ဂု အသံလှမ်းပြုပြီး သိပ်မကြာခင်မှာပင် ထယ်ယောင်းက အဝတ်အစားလဲပြီး ရေချိုးခန်းထဲမှ ပြန်ထွက်လာသည်။ သူရွေးပေးခဲ့သော အင်္ကျီမှာ ဂျောင်ဂုနှင့် ကွက်တိကျနေသည်မို့ ထယ်ယောင်းမျက်နှာက ကျေနပ်နေသော အပြုံးမျိုးဖြင့်။
" ငါရွေးပေးတာ မင်းနဲ့ကွက်တိကျနေတာပဲ။ ဒါနဲ့ မတ်တပ်ကြီးရပ်မနေဘဲ အဆင်ပြေမယ့်နေရာမှာ ဝင်ထိုင်နေလေ။ ငါမင်းအတွက် ကော်ဖီသွားယူဦးမယ်။ ကော်ဖီလေးသောက်ရင်း ငါမင်းကို ပြောရမယ့်စကားတွေ အများကြီးပြောချင်တယ် "
သူ့ဆီက စကားပြန်လာသည်ကို မစောင့်ဘဲ ပြောလိုရာပြောပြီး ကော်ဖီသွားဖျော်နေသော ထယ်ယောင်းကို ဂျောင်ဂု ပြုံး၍သာကြည့်နေနိုင်တော့သည်။ ထယ်ယောင်းတစ်ယောက် သူနဲ့ပြန်ဆုံရသည်ကို အလွန်အမင်းပျော်ရွှင်နေပုံရပြီး ယခုကဲ့သို့ အစစအရာရာ တက်ကြွပြနေပုံက ဂျောင်ဂုနှလုံးသားကို ယိုင်နဲ့အောင် စေစားခြင်းတစ်မျိုးလား။
" ကဲ..ေဟာဒီမှာ ကော်ဖီပူပူလေးရပြီ။ ဒါနဲ့ မင်းဆံပင်တွေကိုရော ရေခြောက်အောင်သုတ်ရဲ့လား။ ငါမင်းအတွက် တဘက်ထုတ်ပေးခဲ့ဖို့ မေ့သွားတယ် "
အငွေ့တထောင်းထောင်းထနေသော ကော်ဖီနှစ်ခွက်နှင့် ပြန်ရောက်လာခဲ့သော ထယ်ယောင်းက ဂျောင်ဂုဆံပင်တွေကို အကြည့်ဖြင့်အကဲခတ်ကာ စိုးရိမ်သလို မေးလာခဲ့တော့ သူ့အပေါ်ထားသည့် ထယ်ယောင်း၏ မြတ်နိုးမှုတစ်စိတ်တစ်ပိုင်းကို ဂျောင်ဂု ခံစားမိလိုက်သည်။
" ကျွန်တော် အဆင်ပြေပါတယ် အစ်ကိုရယ်။ အစ်ကို တဘက်မပေးသွားပေမယ့် ကျွန်တော် ကိုယ့်ဘာသာ သဘက်ရှာယူပြီး ဆံပင်တွေရေသုတ်လိုက်တယ်လေ။ ဒါနဲ့ အစ်ကိုရော ဆံပင်တွေ ရေခြောက်အောင် သုတ်ခဲ့ရဲ့လား "
Advertisement
ဂျောင်ဂုဆီက စိုးရိမ်သောအကြည့်ဖြင့် ပြန်မေးလာခဲ့သော ထိုမေးခွန်း...။ ဝါကျတစ်ကြောင်းလေးသာဖြစ်သော်လည်း ထယ်ယောင်းအတွက်တော့ အတိုင်းအဆမရှိသော ပျော်ရွှင်ခြင်းကို ခံစားရစေသည်။
" အင်း ငါလည်း ဆံပင်တွေရေခြောက်အောင် သေချာလေးသုတ်ခဲ့တယ်။ ဒါနဲ ့ ငါဖျော်လာတဲ့ ကော်ဖီလေး သောက်လိုက်ပါဦး။ မိုးမိထားတာ ချမ်းနေရောပေါ့ "
အကြင်နာအပြည့်ဖြင့် ထိုစကားသံလေးကြောင့် ဂျောင်ဂုလည်း ပီတိဖြင့်ပြုံးရင်း ကော်ဖီတစ်ငုံမော့သောက်လိုက်သည်။ ကော်ဖီဖျော်ပေးခဲ့သော ထိုလူသား၏ ပီတိအပြုံးကလည်း သူကော်ဖီသောက်နေခိုက်တွင် တစ်ချိန်တည်းဖြစ်တည်၏။
" ကျွန်တော် ကော်ဖီတော့သောက်လိုက်ပြီ။ အစ်ကို ကျွန်တော့်ကို ပြောပြချင်တယ်ဆိုတာတွေ အခုပြောလို့ရပြီနော်။ ကျွန်တော် ကော်ဖီတစ်ငုံချင်းသောက်ရင်း နားထောင်ပေးမယ် "
ဂျောင်ဂုဘက်က တောင်းဆိုလာခဲ့တော့ ထယ်ယောင်းက ခေါင်းတစ်ချက်ညိမ့်ပြရင်း မျက်ဝန်းတို့က အတိတ်ဆီပြန်လွမ်းမောဟန်ဖြင့် မှုိင်းညို့ရီဝေလာသည်။ အနှစ်နှစ်အလလ သိမ်းဆည်းခဲ့ရသော စကားလုံးတို့ကို ဖွင့်ဟပြောရတော့မည်မို့ ရင်ထဲတလှပ်လှပ်တုန်ကာ စိတ်လှုပ်ရှားနေပြန်၏။
" အင်း..ဒါဆို ငါစပြီး ပြောပြတော့မယ်။ ဒီအကြောင်းတွေက မင်းယုံချင်မှလည်း ယုံလိမ့်မယ်။ ဒါပေမယ့် ငါတကယ် ခံစားခဲ့ရတာတွေ မင်းကို သိစေချင်တယ်။ အဖြစ်အပျက်က ဒီလိုစတယ်..."
ထိုမှအစချီကာ ဖြစ်ပျက်ခဲ့သမျှ အလုံးစုံကို ဇာတ်ကြောင်းပြန်ပြောလာခဲ့တော့ ဂျောင်ဂုမျက်နှာက ထပ်တူခံစားရဟန်ဖြင့် မှုိင်တွေငေးငိုင်လျှက်။ ကော်ဖီခွက်ကို လက်ကကိုင်ထားသော်လည်း တစ်ငုံမျှကိုပင် မော့သောက်ဖို့ မေ့လျော့သည်အထိ ထပ်တူစီးမျောသွားခဲ့သည်။
" ဟောဒီက ပန်းချီကားလေးက ငါ့မှတ်ညဏ်ထဲက မင်းကို ရုပ်ပုံအဖြစ် ပြန်ပုံဖော်ထားခဲ့တာ။ ငါမင်းကို ပြန်မတွေ့ခဲ့ရင်တောင် ဒီပုံတူပန်းချီလေးကိုကြည့်ရင်း အလွမ်းဖြေသွားမယ်လို့ ငါဆုံးဖြတ်ထားခဲ့တယ်။ မမျှော်လင့်ဘဲ မင်းကို ပြန်တွေ့လိုက်ရတော့ ငါ့မှာ ဝမ်းသာလွန်းလို့ မင်းဆီအပြေးလာမိတဲ့အထိပဲ။ မင်းဘက်က ငါ့အပေါ် ဘယ်လိုမြင်မလဲ မသိပေမယ့် ငါပြောပြခဲ့သမျှက အမှန်တွေချည်းပါပဲ "
ရင်ထဲသိမ်းထားသမျှ ထုတ်ပြောလိုက်ရပြီမို့ ထယ်ယောင်းလည်း ရင်ထဲရှင်းလင်းသွားကာ စိတ်လွတ်ကိုယ်လွတ် ငိုချမိသည်အထိ။ ဂျောင်ဂုမှာတော့ ထယ်ယောင်း၏စွဲလမ်းစိတ်မှ ဖြစ်တည်လာခဲ့သော ပုံတူပန်းချီကားကိုလည်းကောင်း ရင်ထဲသိမ်းထားသမျှ ထုတ်ပြောလိုက်ရ၍ ဝမ်းသာစွာငိုကြွေးနေသော ထယ်ယောင်းကိုလည်းကောင်း တစ်လှည့်စီငေးကြည့်ကာ အတွေးများနေမိသည်။
သိပြီးသား အကြောင်းအရာဆိုပေမယ့် အစ်ကိုကိုယ်တိုင်ပြောပြတာ နားထောင်ရတော့ ကျွန်တော့်ရင်ထဲ တစ်မျိုးကြီးပဲ။ ပန်းချီကားကိ္စ္စရယ် အစ်ကို့ရဲ့ စိတ်ကူးယဥ်ဇာတ်လမ်းထဲမှာ ကျွန်တော်က အစ်ကို့ချစ်သူဖြစ်ခဲ့တယ်ဆိုတာရယ်...ဒီနှစ်ခုကတော့ အခုမှ သိရတဲ့ကိ္စ္စဆိုတော့ ကျွန်တော့်အတွက် တကယ်ရှော့ခ်ရစရာပဲ အစ်ကိုရယ်။
" အစ်ကို့အဖြစ်က တကယ့်ကို ရှာမှရှားပါပဲ။ ဒါပေမယ့် အစ်ကိုပြောတာ နားထောင်ပြီး ကျွန်တော် အစ်ကို့ကို တကယ်သနားပြီး စာနာမိတယ်။ တစ်ယောက်တည်း ဘယ်လောက်တောင် မွန်းကြပ်ခဲ့မလဲ၊ ဘယ်လောက်တောင် အထီးကျန်ခဲ့လိမ့်မလဲဆိုတာ တွေးကြည့်လေ ပိုကရုဏာဖြစ်လေပါပဲ။ အစ်ကို ကျွန်တော့်ကို အစ်ကို့အနားမှာရှိနေဖို့ ဆန္ဒရှိနေတာလား "
ထယ်ယောင်းက မျှော်လင့်ချက်မထားဟန်ဖြင့် လေးတွဲ့စွာ ခေါင်းညိမ့်ပြလာသည်။ ဂျောင်ဂု သူ့အပေါ် နားလည်ပေးပြီး သူ့အနားနေပေးဖို့ ဆန္ဒရှိနေသော်လည်း အများကြီး မမျှော်လင့်မိဖို့ သူ့ကိုယ်သူ သတိပေးထားရသည်။
" ဟုတ်ပြီလေ ဒါဆို ကျွန်တော် ဒီနေ့ကစပြီး အစ်ကို့ သူငယ်ချင်းဖြစ်ပေးမယ်။ ဒါနဲ့ ကျွန်တော့်ကို ရိုင်းတယ်မထင်ပါနဲ့။ ကျွန်တော် အစ်ကို့ကို အမှန်အတိုင်း မေးစရာလေးရှိလို့။ အစ်ကိုလေ... အစ်ကို့စိတ်တွေ ပုံမှန်ပြန်ဖြစ်သွားတဲ့နောက်ပိုင်းကနေ အခုအချိန်ထိ ကျွန်တော့်ကို ဆက်ချစ်နေတုန်းပဲလား "
မေးခွန်းမေးပြီးသည်နှင့် ဂျောင်ဂုက ထယ်ယောင်းမျက်ဝန်းတွေဆီ အလေးအနက်စိုက်ကြည့်လာသည်။ ရုတ်တရက်မို့ ဖြေရခက်သွားသော ထယ်ယောင်းမှာလည်း ဂျောင်ဂုကို မျက်လုံးအဝိုင်းသားဖြင့်ပြန်ကြည့်လျှက်။ အဖြေက ထာဝရမပြောင်းလဲသော်လည်း နှုတ်ဖျားက ဝန်ခံဖို့ကို ဝန်လေးမိပြန်၏။
" ငါ...ငါ..အမှန်အတိုင်း ပြောပြရင်..မင်းအပေါ် အခုထိ ခံစားချက်တွေ မပြောင်းလဲသေးဘူး ဂျောင်ဂု။ မင်းဘက်က ငါ့ကို သူငယ်ချင်းလို့ သဘောထားမယ်ဆိုလည်း ငါအဆင်ပြေပါတယ်။ အနည်းဆုံးတော့ မင်းကို ငါနဲ့အနီးဆုံးမှာ ခေါ်ထားနိုင်တာ ငါကျေနပ်ပြီ "
အရဲစွန့်ပြီး ပြောလိုက်ရသော်လည်း ဂျောင်ဂုဘက်က မည်သို့တုန့်ပြန်မည်ကို ေတွးပူကာ ရင်ထိတ်ရပြန်သည်။ သို့သော် ဂျောင်ဂုဆီက ကရုဏာသက်ဟန် မျက်ဝန်းအအအကြည့်၊ ခပ်ပါးပါးအပြုံးလေးဖြင့် သဘောတူကြည်ဖြူဟန် ခေါင်းညိမ့်ပြလာသော အမူအရာတို့ကြောင့် ထယ်ယောင်း အနည်းငယ် စိတ်အေးသွားရ၏။
" ကျွန်တော်အခု အစ်ကို့အပေါ် ဘယ်လိုခံစားနေရလဲ ဝေခွဲမပြနိုင်ပေမယ့် အစ်ကို့အနားမှာ အြမဲရှိနေပေးဖို့ ကတိပေးနိုင်တယ်။ ဘာလို့ဆို ကျွန်တော်လည်း အစ်ကိုတို့ကျောင်းကို ပြောင်းလာတော့မှာလေ။ ကျွန်တော်တို့ ကျောင်းမှာ နေ့တိုင်းတွေ့လို့ရပြီ "
ဂျောင်ဂု စကားကြောင့် ထယ်ယောင်းက အားရဝမ်းသာဖြစ်ကာ ပီတိဖြင့်ထပ်ငိုမိသည်။ သူငယ်ချင်းဟူသော ပတ်သက်မှုရှိပြီဖြစ်၍ ဂျောင်ဂုလည်း ရဲရဲတင်းတင်းဖြင့် ထယ်ယောင်းပခုံးလေးကို ခပ်ဖွဖွပုတ်ရင်း နှစ်သိမ့်ပေးနေခဲ့သည်။
အစ်ကိုသိရဲ့လား...ခံစားချက်အမှန်ကို ကြိုးစားဖုံးဖိရတာ ဘယ်လောက်ထိပင်ပန်းလဲဆိုတာ..။ တမလွန်မှာ အပြစ်ခံရမှ ငရဲမဟုတ်ဘူး၊ ချစ်ချင်လျက်နဲ့ မချစ်ရတာကလည်း ငရဲတစ်ခုလိုပဲ။ တရားဝင် တားမြစ်ထားတာမျိုး မဟုတ်ပေမယ့်လည်း ကျွန်တော် အစ်ကို့ကို ချစ်မိလို့မဖြစ်သေးဘူး။
To be continued...
#သင်တန်းတစ်ဖက်နဲ့ ဖြစ်သွားပြီမို့ Update ကြာကောင်းကြာနိုင်ပါတယ်
မိုးထဲေရထဲ ေဂ်ာင္ဂုကို ေပြ႕ဖက္ထားခဲ့ေသာ ထယ္ေယာင္းမွာ အလြမ္းစိတ္တို႔ မည္မွ်ႀကီးမားသည္မသိ။ လြတ္ထြက္သြားေတာ့မည့္အလား တင္းတင္းက်ပ္က်ပ္ ေပြ႕ဖက္ထားမိသည္က ဆယ္မိနစ္နီးပါးခန္႔ပင္ ၾကာသြားခဲ့ၿပီ။
" အစ္ကို ကြၽန္ေတာ္႕ကို ေျပာစရာ႐ွိတယ္ဆိုရင္ ဒီလိုမ်ိဳး အၾကာႀကီး ဖက္မထားပါနဲ႔လား။ ဒီလိုနဲ႔ပဲ ကြၽန္ေတာ္တို႔ႏွစ္ေယာက္လုံး အေအးမိၿပီး ဖ်ားေတာ့မယ္ "
ေဂ်ာင္ဂု သတိေပးလာမွ ထယ္ေယာင္း သတိျပန္ဝင္ကာ ဖက္ထားသည္ကိုျပန္လႊတ္ေပးရင္း အားတုံ႔အားနာျဖစ္ဟန္ျဖင့္ၾကည့္မိသည္။ အခုမွ ပထမဆုံးေတြ႕ဖူးသည့္ လူတစ္ေယာက္က သူ႕ကိုအၾကာႀကီး လာဖက္ထားခဲ့တာ ေဂ်ာင္ဂုအတြက္ စိတ္မသက္မသာျဖစ္လိမ့္မည္။
" ငါ ေတာင္းပန္ပါတယ္ ေဂ်ာင္ဂု။ ငါကမင္းကို သိေနေပမယ့္ မင္းက ငါ့ကို မသိဘူးဆိုေတာ့ ငါ့လုပ္ရပ္ေၾကာင့္ မင္း စိတ္အေႏွာင့္အယွက္ျဖစ္သြားမွာပဲ။ မင္း အဝတ္အစားေတြလည္း စိုသြားၿပီဆိုေတာ့ ငါ့အိမ္လိုက္ခဲ့ၿပီး အဝတ္လိုက္လဲပါလား။ မင္းကို ငါေျပာခ်င္တာေတြလည္း တစ္ဝႀကီးေျပာခ်င္ေသးတယ္။ ငါက တကယ္ လူေကာင္းေလးပါ။ မင္း ယုံယုံၾကည္ၾကည္နဲ႔ ငါ့အိမ္ကို လိုက္ခဲ့လို႔ရတယ္ "
ထယ္ေယာင္းစကားေၾကာင့္ ေဂ်ာင္ဂုက သူ႕ကိုေသခ်ာစိုက္ၾကည့္လာခဲ့ၿပီး တစ္စုံတရာကို အေလးအနက္ စဥ္းစားဟန္ျပဳသည္။ ဆံႏြယ္ထက္မွ တေတာက္ေတာက္စီးက်လာေသာ ေရစက္မ်ားက သူ႕မ်က္စိေ႐ွ႕က ထယ္ေယာင္းကို သည္းသည္းကြဲကြဲျမင္ႏိုင္ဖို႔အေရး အေႏွာင့္အယွက္ေပးေနျပန္သည္။
" အင္းပါ မင္းငါ့ကို မယုံၾကည္ရင္လည္း ငါမင္းကို အျပစ္မျမင္ပါဘူး။ လူ႐ိုးဆိုတာ သုႆာန္မွာေတာင္ ေတြ႕ရဖို႔ မေသခ်ာေတာ့တဲ့ေခတ္မွာ အခုမွေတြ႕ဖူးတဲ့ ငါ့ကို မင္းယုံၾကည္ဖို႔ ခက္ခဲေနမွာေပါ့ "
သူ႕အေၾကာင္းႏွင့္သူ စဥ္းစားခန္းဝင္ေနခိုက္ မ်က္ႏွာငယ္ေလးျဖစ္ကာ ညည္းညဴသံပါပါ စကားဆိုလာေသာ ထယ္ေယာင္းကို ေဂ်ာင္ဂု ထိတ္ထိတ္ပ်ာပ်ာျဖင့္ လက္ကာျပလိုက္သည္။ သူ႕အတြက္က ထယ္ေယာင္းကို မယုံၾကည္၍မဟုတ္...ထယ္ေယာင္းအိမ္လိုက္သြား၍ ျဖစ္လာမည့္ အက်ိဳးဆက္ကိုသာ စိုးထိတ္ေနမိျခင္းေပ။
" မဟုတ္ဘူး...အဲ့လိုမဟုတ္ဘူး အစ္ကို။ ကြၽန္ေတာ္ စဥ္းစားေနတာက အစ္ကို႔ကို သံသယဝင္ၿပီး ေလွ်ာက္ေတြးေနတာမ်ိဳး မဟုတ္ဘူး။ ကြၽန္ေတာ္႕မွာ အျခားအေၾကာင္းေတြ ႐ွိေနေသးလို႔သာ ခဏ စဥ္းစားေနရတာ။ ဘာပဲျဖစ္ျဖစ္ပါ ကြၽန္ေတာ္႕တစ္ကိုယ္လုံးလည္း မိုးေရေတြစိုသြားၿပီဆိုေတာ့ အစ္ကို႔အိမ္လိုက္ၿပီး အဝတ္အစား လိုက္လဲရေတာ့မွာေပါ့။ ဒါဆို ကြၽန္ေတာ္တို႔ သြားၾကရေအာင္ "
ေဂ်ာင္ဂုက သူ႕အိမ္လိုက္ခဲ့မည္ဆိုလာေတာ့ ထယ္ေယာင္းရင္ထဲ ေပ်ာ္႐ႊင္ရသည္က အတိုင္းအဆမ႐ွိ။ သူ႕အခန္းထဲက ေဂ်ာင္ဂုပုံတူေလးကိုပါ ျပလိုက္ႏိုင္ေတာ့မည္ျဖစ္၍ ေဂ်ာင္ဂု သူ႕အေပၚ ပိုနားလည္သြားႏိုင္ေတာ့မည္။ ထိုသို႔ေသာ အေတြးမ်ိဳးျဖင့္ စိတ္ႏွလုံးၾကည္ႏူးေနခဲ့သည္မို႔ မ်က္ႏွာေပၚမွာ ပီတိအျပဳံးမ်ားက တားမရဆီးမရ ျဖာေဝလွ်က္။
" စိတ္ခ်ပါ မင္း ငါ့အိမ္လိုက္ခဲ့တာ လုံးဝ အက်ိဳးမယုတ္ေစရဘူး။ အနည္းဆုံးေတာ့ ဒီကမ႓ာမွာ မင္းကိုစြဲလမ္းခဲ့ရတဲ့သူတစ္ေယာက္ ႐ွိေသးတယ္ဆိုတာ မင္းသိသြားရင္ မင္းခံစားရမယ့္ ခံစားခ်က္က အရာရာထပ္ပိုၿပီး ထူးျခားမယ္ဆိုတာ က်ိန္းေသေျပာရဲတယ္ "
နားလည္ရခက္ေသာ ထယ္ေယာင္းစကားေၾကာင့္ ေဂ်ာင္ဂု တစ္စုံတရာ ခြန္းတုံ႔မျပန္ဘဲ ႏႈတ္ဆိတ္၍သာေနသည္။ လမ္းေလွ်ာက္ရင္း မိုးေရထဲ လက္ဝါးေလးျဖန္႔ခံလွ်က္ ကေလးတစ္ေယာက္လို ေဆာ့ကစားေနေသာ ထယ္ေယာင္းပုံရိပ္သည္ ေဂ်ာင္ဂု မ်က္ဝန္းအၾကည့္ကို စြမ္းအင္တစ္မ်ိဳးျဖင့္ ဖမ္းစားညိႇဳ႕ယူသည္။
ထယ္ေယာင္းက ေဂ်ာင္ဂုဘက္ကို အၿမဲတမ္းၾကည့္မေန၍သာ ေဂ်ာင္ဂု မ်က္ဝန္းအၾကည့္ကို သတိမထားမိျခင္းျဖစ္သည္။ အကယ္၍ သတိထားၿပီး ၾကည့္မိခဲ့ပါလွ်င္ ေဂ်ာင္ဂုထံမွ တစ္စုံတရာ လြမ္းေမာေနဟန္ မႈိင္းညိဳ႕ညိဳ႕မ်က္ဝန္းအၾကည့္တို႔ကို ျမင္ႏိုင္ေပလိမ့္မည္။
မိုးေရစက္ေလးေတြလို တည္ၿငိမ္လြန္းတဲ့ အလွတရားေတြက ခင္ဗ်ားဆီမွာ ႐ွာေလေတြ႕ေလပါပဲလား။ ေအာက္မ်က္ခမ္းနားက မွဲ႔နက္ကေလးရယ္ မ်က္ေတာင္စင္းစင္းေလးေတြနဲ႔ သိပ္လွတဲ့ မ်က္ဝန္းနက္ေလးေတြရယ္၊ ေျဖာင့္စင္းတဲ့ႏွာတံေလးရယ္၊ ျပဳံးလိုက္ရင္ ေပၚလာတတ္တဲ့ သိပ္လွတဲ့ ပါးခ်ိဳင့္ေလးေတြရယ္..ဒီအရာေတြက ခင္ဗ်ားကို ၿပီးျပည့္စုံတဲ့ အလွတရားပိုင္႐ွင္ျဖစ္ေအာင္ ပံ့ပိုးေပးထားတာပဲ။ ၿပီးေတာ့ ခင္ဗ်ားအျပဳံးက ကြၽန္ေတာ္ျမင္ဖူးသမွ်ထဲမွာ အလွဆုံးပဲ။
ထယ္ေယာင္း၏ အလွတရားတို႔ကို တစ္ဝႀကီးခံစားေနရင္း စိတ္အေႏွာင့္အယွက္ျဖစ္ဖြယ္ေသာ အေတြးတစ္ခုက ေဂ်ာင္ဂု၏ သာယာၾကည္ႏူးေနမႈကို ဖ်က္ဆီးလာသည္။ မလုပ္ခဲ့မိရင္ အေကာင္းသားဟူေသာ အေတြးမ်ိဳးေပၚလာမိေသာ္လည္း သူ႕အတြက္က ေနာက္ဆုတ္မရႏိုင္ေတာ့ေသာ အေျခအေနျဖစ္ေနခဲ့သည္မို႔...။
ဘာလို႔မ်ား မေသခ်ာႏိုင္တဲ့ ကတိတစ္ခုကို ငါေပးခဲ့မိပါလိမ့္။ ငါသူ႕ကို တကယ္ခ်စ္မိလာရင္ ငါလုပ္ခဲ့မိတဲ့အရာေတြက ငါ့ႏွလုံးသားကိစၥကို အေႏွာင့္အယွက္ျဖစ္ေစမွာလား။ ဒါမွမဟုတ္ ငါကပဲ သူ႕ကိုမခ်စ္မိေအာင္ ႀကိဳးစားရေတာ့မွာလား။ သိပ္လွတဲ့ ခင္ဗ်ားေလးကို မခ်စ္ဘဲေနႏိုင္ရေအာင္လည္း ကြၽန္ေတာ္႕ႏွလုံးသားက ေက်ာက္တုံးမဟုတ္တာ ခက္သားလား...။
" ေဂ်ာင္ဂု မင္းဘာေတြေတြးေနျပန္တာလဲ။ ငါ့ကို အခုထိ ယုံၾကည္လို႔မရေသးဘူးလား "
သူ႕မ်က္ႏွာကို ေဂ်ာင္ဂုခိုးၾကည့္ေနတာ ရိပ္မိေတာ့ ထယ္ေယာင္းႏႈတ္ဖ်ားက ပြင့္ပြင့္လင္းလင္း ထုတ္ေမးမိသည္။ သို႔ေသာ္ ေဂ်ာင္ဂု မ်က္ဝန္းေတြက သူ႕ကို သံသယျဖင့္ၾကည့္ျခင္းမဟုတ္ေၾကာင္း ထယ္ေယာင္း ခံစားမိေနသည္။ ဤသို႔ဆိုလွ်င္ ေဂ်ာင္ဂု သူ႕မ်က္ႏွာကို ေငးၾကည့္ေနျခင္းအေၾကာင္းက...။
" မဟုတ္ပါဘူး အစ္ကိုရာ။ ကြၽန္ေတာ္ အမွန္အတိုင္းေျပာမယ္။ တကယ္ေတာ့ အစ္ကိုက ကြၽန္ေတာ္႕မ်က္ဝန္းထဲ သိပ္လွလြန္းေနလို႔ ကြၽန္ေတာ္ ခဏေငးမိသြားတာပါ။ အေၾကာင္းအရင္းကို ကြၽန္ေတာ္ ႐ွင္းမျပတတ္ေပမယ့္ ကြၽန္ေတာ္ အစ္ကို႔ကိုေငးေနတာ ဝန္ခံပါတယ္ "
ပြင့္လင္းလြန္းလွေသာ ေဂ်ာင္ဂုေၾကာင့္ ထယ္ေယာင္းမ်က္ႏွာေလး ရဲတက္လာကာ ႐ွက္ျပဳံးကေလးျဖာလွ်က္။ ႐ုတ္တရက္ ဒိတ္ခနဲခုန္သြားေသာ သူ႕ႏွလုံးသားကလည္း ေဂ်ာင္ဂုစကားလုံးတို႔ေအာက္ ႏွစ္သက္ေပ်ာ္ဝင္သြားေလသည့္အလား...။
" မင္းက သိပ္ပြင့္လင္းလြန္းတာပဲ ေဂ်ာင္ဂု "
ထယ္ေယာင္း ထိုမွ်သာ စကားတုန္႔ျပန္ရင္း မ်က္ႏွာေလးကိုဆက္ျပဳံးထားဆဲ။ ေဂ်ာင္ဂု မ်က္ဝန္းမ်ားကလည္း ေရစိုေနေသာ ထယ္ေယာင္းအလွတို႔ဆီ အၾကည့္မခြာရက္ႏိုင္။ ထယ္ေယာင္းခႏၶာကိုယ္ေပၚမွ အျဖဴေရာင္တီ႐ွပ္လက္႐ွည္ေလးက မိုးေရစိုသည္ႏွင့္ ဝင္းမြတ္ျဖဴစင္ေသာ သူ႕အသားႏွင့္ တစ္သားတည္းနီးပါး ကပ္ေနသည္မို႔ ခါးက်ဥ္က်ဥ္ေလး႐ွိေသာ ထယ္ေယာင္းခႏၶာကိုယ္အလွက ဖုံးမရဖိမရ ျမင္ႏိုင္ေနသည္ပင္။
ကြၽန္ေတာ္ ဒီလိုၾကည့္ပိုင္ခြင့္႐ွိပါ့မလား ေသခ်ာမသိေပမယ့္ လွရက္ႏိုင္လြန္းလို႔ ၾကည့္မိေနတာ အျပစ္ျဖစ္သြားေလမလား။ ကြၽန္ေတာ္႕ စိတ္ကူးမိခဲ့တာထက္ပိုၿပီးေတာင္ အစ္ကိုက လွရက္လြန္းေနခဲ့တယ္။ ဒါေပမယ့္ ကြၽန္ေတာ္ အစ္ကို႔ကိုႀကိဳက္မိသြားမွာ ေၾကာက္ေနတုန္းပဲ။ ကြၽန္ေတာ္သာ အစ္ကို႔ကို တကယ္ခ်စ္မိသြားရင္ အက်ိဳးဆက္က မလွပႏိုင္ေလာက္ဘူး။
ေဂ်ာင္ဂု အေတြးျဖင့္ စကားေျပာေနခိုက္ ထယ္ေယာင္းမွာေတာ့ ေဂ်ာင္ဂုအၾကည့္ေတြေၾကာင့္ ရင္တဒိတ္ဒိတ္ခုန္ရကာ ဟန္မပ်က္ေအာင္ ႀကိဳးစားေနရသည္။ အႏွစ္ႏွစ္အလလ စြဲလမ္းခဲ့ရပါေသာ ထိုလူသားဆီက ဤကဲ့သို႔ အျမတ္တႏိုးေငးၾကည့္ခံရသည္မို႔ သူ႕ရင္တြင္းမွာ ဘယ္အရာနဲ႔မွ လဲမရေသာ ၾကည္ႏူးျခင္းတို႔ျဖင့္..။
Advertisement
- In Serial29 Chapters
This Game World is rigged against Mobs!!!
I suddenly got my past life memory back, what to do (asking for a friend...)? *Real synopsis: Alean Steelight, son of Baron Steelight, 4th generation of frontier knights, is somehow a mage? And mages can only be supports? In the frontier where dangerous beasts and monsters stalk the land, mages who can't pull their own weight in combat are considered trash. After being dumped by his parents at the Royal Academy, Allean must somehow survive the most heinous place known to mankind, high school. Now if only he didn't suddenly remember that this world is going to end, it would have been much easier on his mind at least. =====================================================*Disclaimer: This is my 1st novel, and English is my 2nd language, so expect some spelling or grammar mistakes. Also plot holes, and generally bad planning and such. Feel free to point out mistakes so I can grow as a writer. Update whenever I have time and inspiration. If you think the name is familiar, I do take inspiration from " The world of Otome Games is Tough for Mobs" and other academy-type novels. *Warning: This novel features references to self-harm, depression, suicide, etc. Viewer discretion is advised If you are uncomfortable with LGBT+ elements in a story in any way, then this novel might not be for you, sorry. The main character is straight/bi-curious, so yeah... Yay teenage hormones and confusion.
8 132 - In Serial13 Chapters
Ragnarok Chronicles
A remastered story series based off the popular Korean MMORPG, Ragnarok Online. The Kafra Corporation has revealed a brand new event known as the Emperium Frontier, where the strongest of guilds compete for fame and glory. Thiji Higuri and Raien Kotetsu, brothers from another world, team up with others to form the White Trinity guild to take on the Frontier and its myriad obstacles.
8 202 - In Serial23 Chapters
Alone Until You: Laurenzside x Smajor1995 Fanfiction
Bobby had just up and left Lauren, and what can her friends do to help? And how can one show he cares about her the most?
8 198 - In Serial10 Chapters
Your The One That I Want | Grease Movie
Kayra Walker moves to Rydell from New York City and the day she moves there she makes some new friends and meets a potential lover.
8 119 - In Serial53 Chapters
straight line//Dolan Twins
DONT READ THIS, undergoing editing!!Dustin was just your average nerd, she get bullied from Ethan & Grayson Dolan. She leave for a few mouths & comes back with a told makeover.Published 1-28-15Completed 1-18-16Cover creds to me!All rights reserved unless credited!(UNDER GOING EDITING) (REWRITING IN PROGRESS)
8 88 - In Serial151 Chapters
ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။
Decription: MMtrans-8. Villainess Wants To Turn Over A New LeafPaid- Complete.
8 129

