《Rain On Me (KookV/Completed)》IV. Lost in Rain
Advertisement
Unicode -
" ယောင်းလေး သားဒီနေ့လည်း အပြင်ထွက်ဦးမှာလား "
လူတစ်ယောက်လုံး အိမ်အဝရောက်နေသည်ကို မြင်နေပါရက်နှင့်အပြင်ထွက်ဦးမှာလားဟု မေးနေသေးသော မိခင်ကြောင့် ထယ်ယောင်း ဖြေရခက်သွားသည်။ ဂျောင်ဂုနှင့်သူ့ကို ခွင့်ပြုထားသော မျက်နှာရှိသေး၍ ဖြေရခက်လည်း လွယ်အောင်ဖြေရမည်။
" ဟုတ်တယ်လေ အမေရဲ့။ သား ဂျောင်ဂုနဲ့တွေ့ဖို့ ချိန်းထားတယ် "
သားဖြစ်သူနှုတ်ဖျားက ဂျောင်ဂုဟူသော နာမည်ကြောင့် မိခင်ဖြစ်သူမှာ မျက်နှာအနည်းငယ် ပျက်ယွင်းသွားသည်။ သို့သော် ထယ်ယောင်း မရိပ်မိသေးခင် သူ့မျက်နှာအမူအရာကို ချက်ချင်းပြင်လိုက်ကာ ပြုံးရွှင်သောမျက်နှာထားဖြင့် သားဖြစ်သူဆီ ချဥ်းကပ်လာခဲ့သည်။
" သားမသွားခင် လက်မှာ ဒါလေးပတ်သွားလိုက်ဦး။ အမေတို့ငယ်ငယ်က အချစ်ရေးကံကောင်းအောင် ပတ်လေ့ရှိတဲ့ အဆောင်လက်ဖွဲ့ကြိုးမျိုးပဲ။ သားရည်းစားရရင် ပေးလို့ရအောင်ဆိုပြီး အမေနဲ့ရင်းနှီးတဲ့ နတ်ဆရာမတစ်ယောက်ဆီမှာ သွားလုပ်ထားတာလေ။ အခု ဒါလေး ပတ်သွားလိုက်နော် "
မိခင်ဖြစ်သူ၏စကားက ရှေ့နောက်မညီသော်လည်း သာမာန်လက်ပတ်ကြိုးသာဖြစ်၍ မိခင်စိတ်ကျေနပ်အောင် ထယ်ယောင်း သူ့လက်မှာ လက်ပတ်ကြိုးလေး ချည်လိုက်သည်။ ဤသို့တိုင် မိခင်ဖြစ်သူမှာ ပေးစရာမကုန်သေး။
" ပြီးရင် လည်ပင်းမှာ ဒါလေးဆွဲသွားလိုက်ဦး။ ဒါက အချစ်ရေးအတွက် အနှောင့်အယှက်တွေ ဖယ်ရှားပေးလိမ့်မယ် "
လက်ဝါးကပ်တိုင် အမှတ်အသားလေးပါသော ဆွဲကြိုးလေးကိုမြှောက်ပြရင်း ခေါင်းငုံ့ခိုင်းလာသော မိခင်ကြောင့် စိတ်ကျေနပ်ရင်ပြီးရောဟု သဘောပိုက်ကာ ထယ်ယောင်း ခေါင်းငုံ့ပေးလိုက်သည်။ ဆွဲကြိုးလေးဝတ်ပေးပြီးတော့မှ မိခင်ဖြစ်သူက ထယ်ယောင်းကို ကျေကျေနပ်နပ်ကြည့်ရင်း အပြင်ထွက်ခွင့်ပြုလိုက်၏။
" ကဲ ဒီလောက်ဆို ပြီးပြည့်စုံသွားပြီ။ ငါ့သားလေး အနှောင့်အယှက်ကင်းကင်း ရည်းစားနဲ့ချိန်းတွေ့နိုင်ပါစေ။ မိုးလည်း သိပ်မချုပ်စေနဲ့နော် "
" ပေးတဲ့ဆုနဲ့ ပြည့်မှာပါ အမေရယ်။ သားတို့က တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတာဆိုတော့ ဘာအနှောင့်အယှက်မှ ဝင်နိုင်မှာမဟုတ်ဘူး "
ထယ်ယောင်း ထိုမျှသာပြန်ပြောပြီး အိမ်ထဲက စတင်ထွက်ခွာလာခဲ့သည်။ ဆယ့်ငါးမိနစ်ခန့် လမ်းလျှောက်အပြီးမှာတော့ ဂျောင်ဂုနှင့်ဆုံနေကျ ကားမှတ်တိုင်နေရာလေးဆီ ရောက်လာခဲ့သည်။ တိုက်ဆိုင်ခြင်းပေလား မသိ။ ထယ်ယောင်းကို ခိုးခိုးကြည့်ရင်း စကားတိုးတိုးဖြင့် အတင်းပြောဖူးသော ကလေးမနှစ်ယောက်ကို မှတ်တိုင်မှာ ပြန်တွေ့ရသည်။
သူတို့နှစ်ယောက်ကို ထယ်ယောင်း မြင်မြင်ချင်း မှတ်မိသွားသော်လည်း မသိချင်ယောင်ဆောင်ကာ ခုံတန်းရှည်လေးမှာ ဝင်ထိုင်လိုက်သည်။ ဒီနေ့ကျတော့ ကလေးမလေးနှစ်ယောက်က ငြိမ်ချက်သားကောင်းကာ အသံတိတ်နေသည်။
ထင်ပါတယ် ဒီကလေးမလေးတွေ ပထမတစ်ကြိမ်တုန်းကလောက် သူ့ကို စိတ်ဝင်စားမှု မရှိလောက်တော့ဘူးဆိုတာ။ ဧကန္တတော့ သူ့ထက်ချောသည့် စီနီယာအစ်ကိုကြီး ထပ်တွေ့ထား၍ ဤကလေးမနှစ်ယောက် ငြိမ်နေခြင်းဖြစ်လိမ့်မည်။
ထိုအခိုက် ဘက်စ်ကားတစ်စီး ထိုးရပ်လာသဖြင့် ကလေးမလေးနှစ်ယောက် ခုံတန်းရှည်မှထသွားခဲ့သည်။ ကားပေါ်မတက်ခင် နှစ်ယောက်စလုံးက သူ့ကို ကရုဏာသက်သလို ကြည့်သွားကြသေးသည်။ ထယ်ယောင်းအမြင်မှာတော့ ကလေးမနှစ်ယောက် ပက်ပက်စက်စက်ရှသွား၍ စိတ်မကောင်းဖြစ်နေသည် ဟူ၍သာ။
" Hyung! ကျွန်တော် ရောက်ပါပြီ "
ကလေးမလေးနှစ်ယောက် ကားပေါ်တက်သွားပြီး သိပ်မကြာခင်မှာပင် ဂျောင်ဂုတစ်ယောက် အသံပြုရင်း ထယ်ယောင်းရှေ့လာရပ်သည်။ အထက်တန်းကျောင်းသားဝတ်စုံဖြင့် ခံ့ညားနေသော ဂျောင်ဂုသည် ထယ်ယောင်းမျက်ဝန်းထဲ ပြန်မထွက်စတမ်း စွဲထင်နေရာယူသည်။ ကုတ်အင်္ကျီရင်ဘတ်မှ ရွှေရောင်အောက်ခံပေါ် အနက်ဖြင့်ထိုးထားသည့် ဂျွန်ဂျောင်ဂုဆိုသော ရင်ထိုးစာတန်းလေးသည် စတွေ့ချိန်ကလို အရောင်တောက်နေဆဲဖြစ်သည်။
" ဂျောင်ဂု ရောက်လာပြီလား။ ဒါဆို ဒီနေ့ တို့နှစ်ယောက် ဘယ်သွားရင်ကောင်းမလဲ "
ထယ်ယောင်းမျက်နှာကို တစ်ဖန်ပြန်ငေးကြည့်နေသော ဂျောင်ဂုသည် ထယ်ယောင်းမျက်နှာလှလှပေါ် သူ့မျက်လုံးများ ပြေးကပ်တော့မလို ရွှန်းရွှန်းစားစား စိုက်ကြည့်နေဆဲ။ ထယ်ယောင်း မေးလိုက်သည်ကို သူကြားသော်လည်း မျက်နှာလေးကို ကြည့်မဝသေး၍ ဘာမှပြန်မဖြေဘဲ နှုတ်ဆိတ်နေလိုက်သည်။
ဂျောင်ဂု ပြန်ဖြေမည့်ပုံမပေါ်သဖြင့် ထယ်ယောင်းလည်း ထိုင်ရာမှထလာကာ ဂျောင်ဂုလက်ဖဝါးကို ဆုပ်ကိုင်လိုက်သည်။ သွားစရာနေရာ မရွေးရသေးသည်မို့ သူတို့သွားနေကျ ကော်ဖီဆိုင်လေးဆီ ဂျောင်ဂုကို လက်ဆွဲခေါ်လာခဲ့တော့ ဂျောင်ဂုက မငြင်းသာဘဲ အလိုက်သင့်ပါလာခဲ့သည်။
သူတို့ဆိုင်ထဲဝင်လာတော့ တွေ့နေကျ ဆိုင်ဝန်ထမ်းအစ်ကိုကြီးက အပြုံးဖြင့်ဆီးကြိုရင်း ထိုင်နေကျစားပွဲလေးကို သန့်ရှင်းရေးကြိုလုပ်ထားပေးသည်။ ဒီနေ့တော့ မိုးမစိုသေးသဖြင့် သဘက်တောင်းပြီး ရေသုတ်ဖို့မလို။ အစားအသောက် တန်းမှာဖို့သာရှိသည်။
" ညီလေးကို အစ်ကို အကြံတစ်ခုလောက် ပေးလို့ရမလား "
ထူးထူးဆန်းဆန်း စကားပလ္လင်ခံလာသော ဆိုင်ဝန်ထမ်းအစ်ကိုကြီးကို ထယ်ယောင်း အံ့သြသလိုကြည့်မိသည်။ သူတို့နှစ်ယောက်ကိုလည်း မျက်မှန်းတန်းမိနေလောက်ပြီမို့ အခုလို စကားပြောလာခြင်းလား မပြောတတ်။ ဘာပဲဖြစ်ဖြစ် အကြံပေးသည်ကိုတော့ နားထောင်ကြည့်ရဦးမည်။
" ပြောကြည့်လေ အစ်ကို။ အစ်ကိုက ကျွန်တော်တို့ထက် အသက်အရွယ်ရော ပညာပါ ပိုစုံပုံရတော့ အစ်ကိုအကြံပေးတာကို နားထောင်ပေးပါ့မယ် "
ထယ်ယောင်း သူ့အကြံကို နားထောင်ပေးမည်ဆို၍ ဝန်ထမ်းအစ်ကိုကြီးမျက်နှာက အပြုံးရိပ်သန်းသွားသည်။ သို့သော် သူ့မျက်ဝန်းထဲ ကွယ်ဝှက်ထားခဲ့သော စိတ်မသက်မသာဖြစ်ခြင်းတို့ကို ထယ်ယောင်း သတိမပြုမိခဲ့ပေ။
" အစ်ကိုမြင်သလောက်တော့ ညီလေးတို့က ချစ်သူတွေ ဟုတ်တယ်ဟုတ် "
ဝန်ထမ်းအစ်ကိုကြီးက သူ့စကားခဏရပ်ကာ ထယ်ယောင်း အဖြေကိုစောင့်သည်။ ထယ်ယောင်းက ဟုတ်မှန်ကြောင်း ခေါင်းညိမ့်ပြလာတော့မှ သူ့စကားကို ထပ်ဆက်လာသည်။
" ဒါဆို ညီလေးတို့ စားသမျှသောက်သမျှကို တစ်ယောက်တစ်ခုစီ ခွဲမှာမနေဘဲ နှစ်ယောက်အတူ စားကြည့်ကြပါလား။ ကော်ဖီတစ်ခွက်တည်းကို အတူသောက်တာမျိုး၊ ကိတ်မုန့်တစ်တုံးတည်းမှာပြီး အပြန်အလှန် ခွံ့ကျွေးတာမျိုးက အရမ်းကို Romanticဆန်တာ "
Advertisement
ဝန်ထမ်းအစ်ကို၏ အကြံပေးစကားကြောင့် ထယ်ယောင်း သဘောကျမိကာ ဘယ်လိုလဲဟူသော အဓိပ္ပါယ်ဖြင့် ဂျောင်ဂုကို မျက်စလှမ်းပစ်သည်။ ဂျောင်ဂုကလည်း မျက်နှာလေးပြုံးလျှက် သဘောကျဟန်ဖြင့် ခေါင်းညိမ့်ပြလာသဖြင့် ဆိုင်ဝန်ထမ်းအစ်ကိုကြီး အကြံကို လက်ခံလိုက်၏။
" ဒီလိုဆို ကျွန်တော်တို့ကို အစ်ကိုပြောတဲ့အတိုင်း ကော်ဖီတစ်ခွက်နဲ့ ကိတ်မုန့်တစ်တုံးချပေးနော်။ အစ်ကို့နည်းလမ်းနဲ့ Roကြည့်ရဦးမယ် "
ဝန်ထမ်းအစ်ကိုကြီးလည်း သူတို့ကို ခပ်ယဲ့ယဲ့ပြုံးပြရင်း အနားက ပြန်ထွက်သွားခဲ့သည်။ သိပ်မကြာလိုက် ကော်ဖီပူပူတစ်ခွက်နှင့် ကိတ်မုန့်တစ်တုံးယူလာကာ ထယ်ယောင်းတို့ စားပွဲပေါ်လာချပေးလေ၏။ ကော်ဖီနှင့် ကိတ်မုန့်ရောက်လာတော့ ထယ်ယောင်းက ကော်ဖီခွက်ကို ဂျောင်ဂုဘက်တိုးပေးပြီး အရင်သောက်စေသည်။
ဂျောင်ဂုသောက်ပြီးတော့မှ ကော်ဖီခွက်ကို သူ့ဘက်ပြန်ဆွဲယူရင်း ဂျောင်ဂု နှုတ်ခမ်းသားလေးနှင့် ထိပြီးသောက်ထားသည့် ကော်ဖီခွက်နှုတ်ခမ်းဘောင်နေရာကို ထယ်ယောင်းက သူ့နှုတ်ခမ်းလေးဖြင့် တစ်ထပ်တည်းထိစေပြီး ကော်ဖီတစ်ငုံမော့သောက်လိုက်သည်။ ဂျောင်ဂုမှာတော့ ထယ်ယောင်း လုပ်ပုံလေးကိုကြည့်ရင်း သဘောတွေကျလို့နေသည်။
ကော်ဖီအလှည့်ပြီးပြန်တော့ ထယ်ယောင်းကပဲ ကိတ်မုန့်ကို စကိုင်လာသည်။ ဇွန်းလေးဖြင့် ကိတ်မုန့်ကို အတုံးခပ်သေးသေးဖဲ့ရင်း ဂျောင်ဂုကို ခွံ့ကျွေးမလိုဟန်ပြင်သည်။ ဂျောင်ဂု ပါးစပ်လေးဟလာမှ ဇွန်းကိုနောက်ပြန်ဆွဲယူကာ သူ့ပါးစပ်ထဲ သူပြန်ခွံ့လိုက်သည်။
ထယ်ယောင်းဆီမှာ အလှည့်စားခံလိုက်ရ၍ ဂျောင်ဂုက ရှက်ရှက်ဖြင့် ပြုံးနေသည်။ လုပ်ချင်ရာလုပ်ရ၍ ပြုံးပျော်နေသော ထယ်ယောင်းကိုလည်း အသည်းတယားယားဖြစ်မိသည်။ ထယ်ယောင်းကို စိတ်မဆိုးသော်လည်း မျက်နှာကို တမင်စိတ်ကောက်သွားဟန် ပုံဖမ်းလိုက်တော့ ထယ်ယောင်းက ပျာပျာသဲသဲဖြင့် မုန့်ခွံ့ကျွေးဖို့ လက်လှမ်းလာသည်။
" တော်ပါ။ လူကို စတုန်းကစပြီး အခုမှ "
" စိတ်မဆိုးပါနဲ့ ဂျောင်ဂုရယ်။ ငါက ချစ်လို့စတဲ့ဟာကို။ ရော့ ခွံ့ကျွေးတာလေး စားလိုက်နော် "
အသံချိုချိုလေးဖြင့် ထယ်ယောင်းချော့လာတော့ ဂျောင်ဂု ဆက်ဟန်မဆောင်နိုင်ဘဲ ခွံ့ကျွေးသည့်ကိတ်မုန့်လေးကို ပါးစပ်ဟကာခံယူလိုက်သည်။ စေတနာလွန်ကာ ကိတ်မုန့်အတုံးကြီးသွား၍ ကိတ်မုန့်အချို့က အောက်ကျကုန်သည်။ ထိုစဥ် ဝေါခနဲရွာချလာသော မိုးကြောင့် ဂျောင်ဂု အပြင်ဘက်ကို လှမ်းကြည့်လိုက်ရင်း-
" အစ်ကို ကျွန်တော်တို့ မိုးရေထဲထွက်ဆော့ကြမလား "
ထယ်ယောင်း မျက်လုံးအပြူးသားဖြင့် ပြန်ကြည့်လာသည်။ ဒီအရွယ်ကြီးရောက်မှ မိုးရေထဲထွက်ဆော့ဖို့က နည်းနည်းတော့ ထူးဆန်းသလို ခံစားရသည်။ ဂျောင်ဂုကလည်း ထယ်ယောင်းအတွေးကို ကြိုသိနေသည့်အလား နောက်တစ်ဆင့်တက်ရင်း စည်းရုံးပြန်၏။
" ဘာလဲ အစ်ကိုက ဒီအရွယ်ကြီးရောက်မှ မိုးရေထဲထွက်ဆော့ဖို့ ရှက်နေတာလား။ လူတွေကြည့်သွားမှာကိုလည်း အစ်ကို ကြောက်နေမှာပေါ့။ ဘာမှမပူနဲ့ ကျွန်တော်လည်း အတူရှိနေမှာပဲဟာကို။ လူတွေကြည့်သွားလည်း နှစ်ယောက်သား အတူတူရှက်ကြတာပေါ့ "
ဂျောင်ဂု စိတ်အားထက်သန်နေပုံကြောင့် ထယ်ယောင်း မငြင်းသာတော့ဘဲ ခေါင်းညိမ့်လိုက်ရသည်။ ပိုက်ဆံရှင်းဖို့ ဆိုင်ကောင်တာဆီလျှောက်လာတော့ ဆိုင်ရှင်အဒေါ်ကြီးက အံ့သြသလို မျက်လုံးပြူးကြည့်လာသည်။
" သား ဘာများလိုချင်လို့လဲ။ တစ်ခုခုမှာချင်ရင် ဝန်ထမ်းကောင်လေးကို လှမ်းခေါ်လိုက်လို့ရတာကို "
" မဟုတ်ဘူး အဒေါ်ကြီး ကျွန်တော် ပိုက်ဆံရှင်းတော့မလို့။ billစာရွက်လေး ထုတ်ပေးပါနော် "
ဆိုင်ထဲရောက်တာမှ မကြာသေး ပိုက်ဆံရှင်းမည်ဆိုလာသော ထယ်ယောင်းကြောင့် ဆိုင်ရှင်အဒေါ်ကြီး ထပ်အံ့သြရသည်။ ထယ်ယောင်းတို့စားပွဲကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့သည်မို့ ကော်ဖီနှင့် ကိတ်မုန့် သိပ်မစားရသေးသည်ကို သူမြင်နေရသည်။
" အေးပါ သားက ရှင်းမယ်ဆိုတော့လည်း သဘောပါပဲ။ ပိုက်ဆံရှင်းပြီးရင်လည်း ဆိုင်ထဲဆက်ထိုင်နေလို့ ရတယ်နော်။ အပြင်မှာလည်း မိုးတွေရွာနေတော့ မိုးတိတ်မှပြန်ချင်ပြန်ပေါ့ "
ဆိုင်ရှင်အဒေါ်ကြီးလည်း စကားတပြောပြောဖြင့် billစာရွက်လေးကို ထယ်ယောင်းဆီကမ်းပေးလိုက်သည်။ ထယ်ယောင်းလည်း billစာရွက်မှ ကျသင့်ငွေကို ပိုက်ဆံအိတ်ထဲက ထုတ်ပေးလိုက်ပြီး အပြုံးဖြင့် ကျေးဇူးတင်စကားဆိုသည်။
" ဒီလိုဆို ကျွန်တော်တို့ပစ္စည်းလေးတွေ စားပွဲမှာ ဒီအတိုင်းထားခဲ့မယ်နော်။ မိုးရေထဲထွက်ဆော့ပြီးမှ ဆိုင်ဝကနေ ပြန်လာတောင်းမယ်။ ခဏလောက် ကြည့်ရှုပေးထားပါဦး "
ကျွန်တော်တို့ဟူသော အသုံးအနှုန်းကြောင့် ကြောင်အန်းအန်းဖြစ်သွားရသော ဆိုင်ရှင်အဒေါ်ကြီးလည်း ထယ်ယောင်းကို ယောင်ယမ်းခေါင်းညိမ့်ပြမိသည်။ ဆိုင်ရှင်အဒေါ်ကြီး လက်ခံသွားသည်ဟု ယူဆလိုက်သဖြင့် ထယ်ယောင်းတစ်ယောက် ဂျောင်ဂုရှိရာဆီ ပြန်လာကာ မိုးရေထဲသွားဖို့ခေါ်လိုက်သည်။
" ဂျောင်ဂုရေ မင်းကျောပိုးအိတ်ကို ဒီမှာပဲထားခဲ့ပြီး ငါတို့မိုးရေထဲ ထွက်ဆော့ကြရအောင်။ ငါ့ပိုက်ဆံအိတ်ကိုလည်း မင်းကျောပိုးအိတ်ထဲ ထည့်ထားလိုက်မယ်။ ငါတို့ပစ္စည်းတွေ ပျောက်မသွားရအောင် ဆိုင်ရှင်အဒေါ်ကြီးက ကြည့်ပေးထားလိမ့်မယ် "
ပြောပြောဆိုဆိုဖြင့် ထယ်ယောင်း သူ့ပိုက်ဆံအိတ်ကို ဂျောင်ဂုကျောပိုးအိတ်မှ ဇစ်ပွင့်နေသော အကန့်ထဲလှမ်းထည့်လိုက်သည်။ သို့သော် ပိုက်ဆံအိတ်က ကျောပိုးအိတ်အကန့်ထဲ မဝင်သွားဘဲ ထိုင်ခုံပေါ်ကျသွားသည်။
ဂျောင်ဂု ပြန်ကောက်ဖို့လုပ်တော့ ထယ်ယောင်းက ဒီအတိုင်းထားလိုက်ဖို့ပြောရင်း စားပွဲကထလာခဲ့သည်။ ဂျောင်ဂုကလည်း အနောက်ကလိုက်လာခဲ့ပြီး ဆိုင်တံခါးကိုတွန်းဖွင့်ကာ နှစ်ယောက်သား မိုးရွာထဲထွက်လာခဲ့သည်။
သူတို့နှစ်ယောက် ဆိုင်ထဲကထွက်သွားတော့ ကော်ဖီဖျော်နေသော ဆိုင်ဝန်ထမ်းအစ်ကိုကြီးနှင့် ဆိုင်ရှင်အဒေါ်ကြီးတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သက်ပြင်းချလိုက်ကြသည်။ ထိုအခိုက် ဆိုင်ရှင်အဒေါ်ကြီးနှုတ်မှ တီးတိုးပြောလိုက်သည်က-
" ဆောင်းဦးပေါက် ညနေစောင်းအချိန်ကြီးကို မိုးရေထဲထွက်ဆော့နေတာ ဒီကလေးတော့ ဒုက္ခလှလှတွေ့တော့မယ်။ ကိုယ့်သားသမီး အရွယ်လေးဆိုတော့ ငါ့မှာ လိုက်ပြီးစိတ်ပူပေးနေရတယ်။ ဘာမှ ဆိုးဆိုးရွားရွား မဖြစ်သွားပါစေနဲ့ "
ဆိုင်အပြင်ဘက် လူသွားစင်္ကြန်လေးမှာတော့ ထယ်ယောင်းနှင့် ဂျောင်ဂုတို့ မိုးရွာနေသည့်ကြားမှ ပျော်ပျော်ပါးပါး ပြေးလွှားဆော့ကစားနေကြသည်။ နေဝင်ချိန်စောသော ဆောင်းဦးပေါက်ချိန်မို့ ပတ်ဝန်းကျင်က မှောင်မိုက်စပြုနေ၍ လမ်းဘေးဝဲယာရှိ ဆိုင်တွေအားလုံး မီးထိန်အောင်ထွန်းနေကြလေပြီ။
Advertisement
မီးထိန်ထိန်လင်းနေသော်လည်း မိုးကသည်းနေသည်မို့ မိုးရေထဲ ဆော့ကစားနေသော သူတို့နှစ်ယောက်ကို ဘယ်သူမှ သေချာသတိပြုမိ။ မျက်စိဒေါက်ထောက်ကြည့်နေသော ဆိုင်ရှင်အဒေါ်ကြီးတစ်ယောက်သာ ထယ်ယောင်းတို့အခြေအနေကို ကောင်းကောင်းမြင်နေရသည်။
မိုးစက်တို့ ကွန်ကရစ်လျှောက်လမ်းပေါ် ဆင်းသက်ကာ ခုန်ပေါက်ပြေးလွှားနေချိန် ထယ်ယောင်းတို့လည်း မိုးစက်များနှင့်အတူ ခုန်ပေါက်ကခုန်နေသည်။ တစ်ကိုယ်လုံး ရွှဲရွှဲစိုကာ ချမ်းလာခဲ့သော်လည်း သူတို့နှစ်ယောက် မရပ်တန့်နိုင်သေး။
" အစ်ကို မိုးရေထဲမှာဆော့ရတာ ပျော်တယ်မဟုတ်လား "
မိုးရေထဲ ကလေးတစ်ယောက်လို ပျော်ရွှင်နေသော ထယ်ယောင်းကိုကြည့်ရင်း အပြုံးလေးဖြင့် မေးလာခဲ့သော ဂျောင်ဂု။ ထယ်ယောင်းလည်း ဂျောင်ဂုအမေးကို အပြုံးဖြင့်တုန့်ပြန်ရင်း ခေါင်းညိမ့်ပြလာသည်။
" ပျော်တာပေါ့ ဂျောင်ဂုရဲ့။ မိုးရေတွေစိုသွားတော့ တစ်ကိုယ်လုံးအေးချမ်းပြီး ပေါ့ပါးလန်းဆန်းသွားတာပဲ။ အခုလို လွတ်လပ်ပျော်ရွှင်မှုမျိုးကို ငါအရမ်းကြိုက်တာပဲ "
ပုံမှန်အချိန်မှာတောင် အအေးဓာတ်ရှိသော ဆောင်းဦးပေါက်ရာသီမို့ မိုးရွာသည်နှင့်ပေါင်းစပ်ကာ ရာသီဥတုက ပိုအေးစိမ့်နေသည်။ မိုးရေထဲ ဆယ်မိနစ်ခန့် ပျော်ပါးကစားလိုက်တော့ ထယ်ယောင်း ချမ်းသထက်ချမ်းလာကာ တစ်ကိုယ်လုံး ပူရှိန်းတက်လာသလို ခံစားလာရသည်။
ငါ့ရင်ခုန်သံတွေ အရမ်းမြန်ပြီး တစ်ကိုယ်လုံးပူရှိန်းရှိန်းဖြစ်လာပြီ။ ဒါက အချစ်စိတ်တွေ အရမ်းတက်လာလို့ပဲလား။ အစက ချမ်းရုံပဲချမ်းတာ။ အခုတော့ တစ်ကိုယ်လုံး ရှိန်းတိန်းတိန်းဖြစ်လာသလိုပဲ။ အချစ်ကြောင့် ငါဒီလိုဖြစ်နေတာလား။
ထယ်ယောင်း သူ့အတွေးနှင့်သူ မိုးရေထဲကစားနေရင်း ဂျောင်ဂုမျက်နှာလေးကို လှမ်းကိုင်လိုက်သည်။ ဂျောင်ဂု မျက်ဝန်းတွေထဲ ငေးစိုက်ကြည့်မိတော့ ရင်ခုန်သံတို့ ပိုမြန်လာခဲ့ကာ ခေါင်းက မိုက်ခနဲဖြစ်လာသည်။ ရေစိုနေသော ဂျောင်ဂု၏ နှူတ်ခမ်းနှစ်လွှာကြောင့် အသက်ရှူသံက ပိုပြင်းလာသည်။
" ဒါ..နမ်းသင့်တဲ့အချိန်လား "
ထယ်ယောင်းနှုတ်ဖျားက ခပ်တိုတိုးရေရွတ်ရင် ထယ်ယောင်း နှုတ်ခမ်းတွေဆီ တိုးကပ်လာသည်။ ထူးထူးဆန်းဆန်း ခေါင်းက မိုက်ခနဲ မိုက်ခနဲဖြစ်လာကာ မျက်စိရှေ့က ဂျောင်ဂုပုံရိပ်က တဖြည်းဖြည်း ဝေဝါးလာသည်။ ကြားနေရသော မိုးရွာသံတဝေါဝေါက သူ့နားထဲ တိုးသထက်တိုးလာခဲ့သည်။
နှုတ်ခမ်းနှစ်လွှာ ထိလုနီးပါးအထိ တိုးကပ်သွားပြီးသည့်နောက်တွင် ဝေဝါးနေသော မျက်ဝန်းတို့က အမှောင်အတိဖြစ်ကာ ထယ်ယောင်း ခန္ဓာကိုယ်က အရုပ်ကြိုးပြုတ်လဲကျသွားသည်။ ထယ်ယောင်း လဲကျသွားတာမြင်တော့ ဆိုင်ရှင်အဒေါ်ကြီးလည်း ပျာပျာယာယာဖြင့် ဆိုင်ဝန်ထမ်းအစ်ကိုကြီးကို လှမ်းအော်ခေါ်လိုက်လေ၏။
" ဒိုယောင်းရေ ဟိုကောင်လေး လဲကျသွားပြီ။ အပြင်ထွက်ပြီး သူ့ကို အမြန်သွားကြည့် "
~~~~~xxxxx~~~~~
ခေါင်းထဲက ဆစ်ခနဲကိုက်ခဲမှုနှင့်အတူ ထယ်ယောင်း မျက်လုံးကို အားယူဖွင့်ကြည့်သည်။ တစ်ကိုယ်လုံး အဖျားတက်နေသလို ပူနွေးရှိန်းတိန်းနေပြီး မအီမသာခံစားချက်ကြီးက သူ့ကိုလွှမ်းမိုးနေသည်။ မျက်လုံးဖွင့်ဖွင့်ချင်း သူသတိရမိသည်က မိုးရေထဲ အတူဆော့ကစားနေသော ဂျောင်ဂုကိုပင်။
မိုးရေထဲအတူကစားရင်း ခန္ဓာကိုယ်က ထူးထူးဆန်းဆန်းတွေ ခံစားလာရပြီး မျက်လုံးထဲ အမှောင်အတိကျသွားသည်အထိ သူမှတ်မိသည်။ အဲ့ဒီနောက်ပိုင်း ဘာတွေဆက်ဖြစ်ခဲ့သည်ကိုတော့ သူမသိနိုင်ခဲ့။
မျက်လုံးဖွင့်လိုက်သည်နှင့် သူ့မြင်ကွင်းထဲရောက်လာသည်က တရင်းတနှီးမြင်ဖူးနေသော သူ့အိပ်ခန်းထဲက မျက်နှာကျက်ဖြူဖြူကြီး။ ခန္ဓာကိုယ်ကို မဆိုစလောက်လေး ဘေးစောင်းလိုက်တော့ သူ့ကုတင်ဘေးမှာ ခုံကိုယ်စီဖြင့်ထိုင်ရင်း စိုးရိမ်တကြီးကြည့်နေသော မျက်ဝန်းများ။
" သားလေး သတိရလာပြီလား။ မနေ့က သား မိုးရေထဲထွက်ဆော့ရင်း သတိလစ်သွားလို့ ကော်ဖီဆိုင်ကကောင်လေးက သားကို ဆေးခန်းပို့ပေးခဲ့တာ။ သားက ဂျောင်ဂုနဲ့သားအကြောင်းတွေ အမေတို့ကို အကုန်ပြောပြထားတော့ အမေတို့လည်း သားအိမ်ပြန်နောက်ကျနေလို့ဆိုပြီး သားပြောဖူးတဲ့နေရာတွေမှာ သားကိုလိုက်ရှာခဲ့တယ်။ သားတို့ထိုင်နေကျဆိုတဲ့ ကော်ဖီဆိုင်လေးလည်း အဆင်သင့်တွေ့ရတော့ ဆိုင်ရှင်အဒေါ်ကြီးဆီ ဝင်စုံစမ်းလိုက်ပြီး သားရှိတဲ့ဆေးခန်းဆီ အမေတို့ လိုက်လာနိုင်ခဲ့တာ။ ပြီးတော့... "
မိခင်ဖြစ်သူ ဆက်ပြောလာသော စကားတို့က ထယ်ယောင်း နားထဲ ထပ်ရောက်မလာတော့။ သူ့အာရုံကို ဂျောင်ဂုက လွှမ်းမိုးထားခဲ့သည်မို့ ပြောသမျှစကားတိုင်းကို သူအာရုံစိုက်နားမထောင်နိုင်ခဲ့ပေ။ အနီးအနားမှာလည်း ဂျောင်ဂုကို မတွေ့ရသေးသဖြင့် မျက်လုံးက ဟိုဟိုသည်သည် လိုက်ရှာနေမိသည်။
" အမေ ဂျောင်ဂုရောဟင်။ သားနေမကောင်းတာကို သူလာမကြည့်ဘူးလား။ မနေ့ကရော ဆေးခန်းကို သူလိုက်ပို့တာမဟုတ်ဘူးလား။ ဘာလို့ သူ့အစား ကော်ဖီဆိုင်ကအစ်ကိုကြီးက ဆေးခန်းပို့ပေးရတာလဲ။ ပြီးတော့ ဂျောင်ဂုက သားတို့အိမ်ကို ရောက်ဖူးနေတာပဲလေ။ အဲ့ဒါကို သူက အမေတို့ကို အကျိုးအကြောင်းလာမပြောလို့ အမေတို့ သားကို လိုက်ရှာရတာလား။ သားမေ့လဲသွားတုန်းက သူသားဘေးမှာ ရှိနေသေးတယ်လေ "
ကလယ်ကလယ် မျက်ဝန်းတို့ဖြင့် မေးခွန်းထုတ်လာသော သားဖြစ်သူကြောင့် မိခင်ဖြစ်သူလည်း ဖြေရခက်သွားဟန်ဖြင့် သူ့ခင်ပွန်းကို စစ်ကူတောင်းသလို ကြည့်သည်။ သားဖြစ်သူ စိတ်အခြေအနေ ဆိုးရွားသွားမည်ကို စိုးရိမ်ရ၍ ဟန်မပျက်အောင်လည်း သရုပ်ဆောင်ထားရသေးသည်။
" ပြောရမှာ ခပ်ခက်ခက်ပဲ သားရယ်။ အဖေတို့က သားနဲ့ဂျောင်ဂုကို လက်ခံနိုင်ပေမယ့် သူ့မိဘတွေကတော့ ရှေးရိုးစွဲပြီး လက်မခံနိုင်ကြဘူး။ မနေ့က သားလဲကျကျချင်း သူ့မိဘတွေကို ဂျောင်ဂုကို အတင်းဆွဲခေါ်ပြီး ကားပေါ်တင်သွားကြတယ်။ ဒါကို ကော်ဖီဆိုင်က ကောင်လေးနဲ့ အဒေါ်ကြီးက အစအဆုံးမြင်လိုက်တယ်လေ။ ဒါပေမယ့် သားစိတ်မပူနဲ့။ သားပြောခဲ့ဖူးတာ အဖေမှတ်မိတယ်။ သူက ဆိုဝမ်အထက်တန်းကျောင်းမှာ ကျောင်းတက်နေတာဆို။ အဖေ သူ့ကျောင်းကိုသွားပြီး သူ့လိပ်စာရအောင်ယူခဲ့မယ်။ လိပ်စာရတာနဲ့ သူ့မိဘတွေဆီ အဖေသွားဆွေးနွေးပေးမယ်နော် "
ဖခင်ဖြစ်သူ ပြောစကားကြောင့် ထယ်ယောင်း ရင်ထဲဆို့နင့်ကာ ဝမ်းနည်းလာမိသည်။ ချစ်သူရပြီး ပျော်ရွှင်ရရုံရှိသေး ခွဲခွာဖို့ အကြောင်းဖန်လာပြန်သည်။ ကံတရားက သူ့ဘက်က ဘယ်တော့မှ ပါလာမှာလဲ။
" ဟုတ်ကဲ့ မြန်မြန်လေး သွားဆွေးနွေးပေးပါ အဖေရယ်။ သားလေ သူမရှိရင် ဘယ်လိုမှ ဆက်ရှင်သန်နိုင်မယ် မထင်ဘူး။ သား သူနဲ့ အချိန်အကြာကြီး ခွဲမနေနိုင်တာမို့ ခွဲခွာနေရချိန်က ခဏတာလောက်ပဲ ဖြစ်ပါရစေနော် "
ရင်ထဲဝမ်းနည်းနာကျင်နေသဖြင့် ထယ်ယောင်းမျက်ဝန်းအိမ်တို့က မျက်ရည်ပူများ သွန်ချလာသည်။ ပါးပြင်ပေါ် စီးကျလာသော မျက်ရည်ပူပူတို့က အချစ်ကြောင့်ရသော နာကျင်ခံစားရမှု၏ သက်သေတစ်ခုအလား။ ပျော်ခဲ့ရဖူးသော အတိတ်နေ့များအား ပြန်တွေးမိလေလေ ပိုနာကျင်ရလေမို့ ထယ်ယောင်းအတွက် ပင်ပန်းလွန်းလှသည်။
သားဖြစ်သူ၏ အဖြစ်ကို မကြည့်ရက်နိုင်တော့သည်မို့ မိဘနှစ်ပါးလည်း ထယ်ယောင်းအခန်းထဲက မသိမသာထွက်လာခဲ့ကြသည်။ အခန်းအပြင်ရောက်ပြီး ခမ်းလှမ်းလှမ်းရောက်ခါမှ စိတ်ထဲတင်းထားသမျှ လွှတ်ချလိုက်ကာ ငိုကြွေးလာခဲ့သူက ထယ်ယောင်း၏မိခင် မစ္စဆူယောင်းရယ်ပါ။
" အဖေကြီး ကျွန်မတို့သားလေး ဖြစ်ပျက်နေတာတွေကို ကျွန်မတော့ နားမလည်နိုင်တော့ဘူး။ တကယ်အစွမ်းထက်တဲ့ အဆောင်လက်ဖွဲ့တွေ ဝတ်ပေးလိုက်တာတောင် သူ့ကောင်လေးကို တွေ့နေရသေးတယ်ဆိုတော့ သူပြောပြောနေတဲ့ ဂျောင်ဂုက ဝိဉာဥ်မဟုတ်ဘူးပေါ့။ ကော်ဖီဆိုင်က ကောင်လေးကလည်း ပြောသွားသေးတယ်။ ဆိုင်ကို သားတစ်ယောက်တည်း ရောက်ရောက်လာပြီး သူ့ရှေ့မှာ တစ်ယောက်ယောက်ရှိနေသလို စကားတွေပြောနေတတ်တာတဲ့။ စားသမျှကိုလည်း အမြဲတမ်း နှစ်ယောက်စာမှာနေတတ်လို့ မနေ့က တစ်ယောက်စာပဲမှာအောင် လိမ်ပြောလိုက်ရသေးတယ်ဆိုပဲ။ ဒီလိုဆို သားပြောပြောနေတဲ့ ဂျောင်ဂုဆိုတာက ဘာကြီးလဲ "
တရှုံ့ရှုံ့ငိုရင်း စကားတတွတ်တွတ်ပြောနေသော ဇနီးသည်ကို မစ္စတာထယ်ဟို စိတ်မကောင်းစွာကြည့်သည်။ သားလေးအဖြစ်က ထူးဆန်းနေခဲ့သည်မို့ သူလည်း အဖြေကို တိတိကျကျမသိသေး။ ဘာသာရေးဘက်က တတ်သလောက်လုပ်ပြီးဖြစ်၍ ဆေးပညာရှုထောင့်ဖြင့် ပြန်စမ်းစစ်ရတော့မည်။
" ကိုယ့်အထင်တော့ သားလေးက စိတ်ရောဂါ တစ်မျိုးမျိုးကို ခံစားနေရတယ် ထင်တာပဲ။ မနက်ဖြန်ကျရင် သားပြောခဲ့ဖူးတဲ့ သူနဲ့ဂျောင်ဂုတို့ ဇာတ်လမ်းလေးထဲက ပါဝင်ပတ်သက်နေသမျှ အရာတိုင်းကို လိုက်စုံစမ်းကြည့်မယ်။ ပြီးရင် စိတ်ရောဂါ ဆရာဝန်တစ်ယောက်ဆီမှာ သားအကြောင်းတွေပြောပြပြီး အကူအညီတောင်းကြည့်ကြတာပေါ့ "
မစ္စဆူယောင်းလည်း ခင်ပွန်းဖြစ်သူပြောသမျှ ခေါင်းတညိမ့်ညိမ့်လုပ်ကာ ဆက်ငိုရှိုက်နေမိသည်။ ဘယ်အရာတွေက သားဖြစ်သူကို ဤအခြေအနေထိ ရောက်စေခဲ့သည်ကိုတော့ သူတို့ကိုယ်တိုင်သာ သိပေလိမ့်မည်။
" သူ့ကောင်လေး တကယ်မရှိခဲ့မှန်းသာ သားလေးသိသွားရင် တော်တော်လေး နာကျင်ခံစားရမှာပဲ။ သားလေးကို သနားလွန်းလို့ ဘယ်လိုလုပ်ရပါ့မလဲ။ အဖြစ်ဆိုးလိုက်တဲ့ သားလေးရယ် "
~~~~~
Unicode - 4122 words
Zawgyi -
Advertisement
- In Serial7 Chapters
Sett
Sett, like many other of his age, dreamt of adventure and glory. This dream, however, would all too soon turn into a horror filled nightmare. Chaos erupts all around Sett as an entire town turns into a no man’s land where only monsters thrive. Sett will struggle and bleed, but also uncover many secrets along the way, some of which were never meant to be revealed. Who is Sett truly? Who or what is his father whom he had never met? Why is his mother’s former life shrouded in mystery? Only time will tell…
8 140 - In Serial16 Chapters
Upon Blazing Wings
A distant land. A declining empire. A society where the strong rule over the weak. Li Jie, a destitute boy whose only desire is to cure his ailing mother, desires strength over anything else to prevent himself and his mother from being crushed like insects in the face of the cruel men who inhabit his world.After witnessing his friend being struck a fatal blow by a ruthless cultivator for coming to his rescue, a dormant power lying within Li Jie awakens and offers the boy power in exchange for completing its only request: """"Burn the Heavens to the ground upon your blazing wings!"Witness this story of cultivators and magical beasts, of brutality and friendship, of earth-shaking talent and sky-shattering skill. Witness the legend of Li Jie!-----Upon Blazing Wings is a xianxia (Chinese for """"immortal hero"""") story, taking heavy inspiration from I Shall Seal the Heavens by Er Gen as well as other famous xianxia stories. For those well-versed in the genre, the story should seem familiar. However for those who are new, the culture and technical terms may be bit alien at first. I will possibly post a glossary explaining some of the details if necessary, but hopefully you will be able to explore and understand the world with me as I write about it.
8 100 - In Serial8 Chapters
Fated Sword
This story is going to be about a post apocalyptic world where people are fighting for their lives against monsters. Their is only one society, that Arthur knows of, left and this is his journey to getting back their world.
8 92 - In Serial8 Chapters
Looking Down From Olympus
The world ended but no one can remember how it happened. You wake up, sore and confused, in an underground bunker in the foothills of the Smoky Mountains. What await you outside the confines of concrete? What will you do, with no past and no future? What will the gods think, sneering down at you from the heights of Olympus?
8 130 - In Serial47 Chapters
An Arcanist's Guide to Eorzea
S'anah'to Celambulo, a well-experienced adventurer and arcanist, writes a series of memoirs detailing his experiences and life as an arcane researcher in hopes of helping teach future arcanists and adventurers like him to avoid the same mistakes he made.***A Final Fantasy XIV Fanfiction
8 178 - In Serial14 Chapters
13 Reasons Why
just a load of shitty imagines :)
8 170