《Rain On Me (KookV/Completed)》II. Friends to Lovers
Advertisement
Unicode-
နောက်တစ်နေ့။ မျက်လုံးဝိုင်းလေးကိုတွေ့ဖို့ ကားမှတ်တိုင်နေရာလေးဆီ ထယ်ယောင်း ရောက်လာခဲ့သည်။ မိုးလည်းမရွာသေးတာကြောင့် ဒီနေ့တော့ မိခင်ဖြစ်သူက အသာတကြည် အပြင်ထွက်ခွင့်ပေးခဲ့၏။
အချိန်က စောလွန်းနေ၍ထင်သည်။ ကားမှတ်တိုင်မှာ တွေ့နေကျ မျက်လုံးဝိုင်းနှင့်ကောင်လေးကို အခုထိ မတွေ့ရသေး။ အကြောင်းကြောင်းကြောင့် နောက်ကျနေခြင်းဖြစ်လိမ့်မည်ဟု ယူဆမိသဖြင့် မလာမချင်းစောင့်ဖို့ သူဆုံးဖြတ်လိုက်သည်။
မတ်တပ်ရပ်စောင့်ရင်း ညောင်းလာလျှင် မှတ်တိုင်က ခုံတန်းရှည်လေးပေါ် ခဏထိုင်နားသည်။ ပြီးလျှင် မတ်တပ်ပြန်ရပ်ကာ ဟိုလျှောက်သည်လျှောက်လုပ်ရင်း ကောင်လေးအလာကို စောင့်မျှော်သည်။ စောင့်ရင်းစောင့်ရင်း နာရီဝက်ခန့်ကြာလာတော့ မိုးသားတွေ တဖြည်းဖြည်းတက်လာကာ မိုးရွာချလာသည်။
မိုးရွာလာသော်လည်း ထယ်ယောင်း ကားမှတ်တိုင်လေးမှာ အမြဲထိုင်မနေဘဲ ထီးတစ်ချောင်းဖြင့် မိုးရေထဲ ဟိုလျှောက်သည်လျှောက် လုပ်နေသေးသည်။ ထီးတစ်ချောင်းဖြင့် မိုးရေထဲ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသောသူ့ကို လူအချို့ ကွက်ကြည့်ကွက်ကြည့်လုပ်သွားသော်လည်း ထယ်ယောင်းက ဂရုစိုက်ပုံမရ။ လူတွေဆီက ထူးဆန်းသလို အကြည့်ခံရတာမျိုးက သူ့အတွက် ရိုးအီနေခဲ့ပြီ။
အချိန်က တစ်နာရီခန့်ကြာသွားခဲ့သည်။ မိုးကလည်း ပုံမှန်အရှိန်လေးဖြင့် ခပ်ဆွေးဆွေးရွာနေဆဲ။ ချမ်းလာသလို ခံစားရသော်လည်း ထယ်ယောင်း ဂရုမစိုက်အားပါ။ မျက်လုံးဝိုင်းလေးကို တွေ့ရဖို့သာ စိတ်အားထက်သန်နေခဲ့သည်။
" ဟိုလေ..ဒီကအစ်ကိုက မနေ့တုန်းက ကျွန်တော်နဲ့ဝင်တိုက်မိပြီးချော်လဲသွားတဲ့သူ မဟုတ်လား "
နောက်ကျောဘက်ဆီမှ တစ်စုံတစ်ယောက်၏ တွန့်ဆုတ်တွန့်ဆုတ် စကားသံကြောင့် ဧကန္တဟူသော အတွေးဖြင့် ထယ်ယောင်း အနောက်လှည့်ကြည့်လိုက်သည်။ သူထင်ထားသည့်အတိုင်း မျက်လုံးဝိုင်းလေးနှင့်ကောင်လေးမို့ တွေ့တွေ့ချင်း ပြောမပြတတ်အောင် ဝမ်းသာသွားခဲ့ရသည်။
" ဟုတ် ဟုတ်ပါတယ်။ ငါလေ မင်းကိုတွေ့ချင်လွန်းလို့ အစောကြီးတည်းက ဒီမှာလာစောင့်နေခဲ့တာ။ အခုလို ရောက်လာပေးတာ တကယ်ကျေးဇူးပါပဲ "
လိုတာထက်ပိုပြီး ဝမ်းသာနေပုံရသော ထယ်ယောင်းကို ကောင်လေးက သူ့မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် အံ့သြသလိုကြည့်လာသည်။ ပိုထူးဆန်းသည်က သူ့ကိုတွေ့ရဖို့ အစောကြီးတည်းကလာစောင့်နေသည်ဆိုသော ထယ်ယောင်း၏ပြောစကား။ ဘာပတ်သက်မှုမှုမှမရှိဘဲ သူ့ကိုလာစောင့်နေတာ တကယ်လန့်စရာကောင်းသည်။
ကောင်လေး အံ့သြသွားသည်ကို ရိပ်မိလိုက်သော ထယ်ယောင်းလည်း သူအလောတကြီး ပြောထွက်သွားသည့် စကားကိုပြန်စဥ်းစားမိပြီး မျက်နှာပူသွားသည်။ ဟုတ်တော့လည်း ဟုတ်သည်။ တစ်ခါမှ သိကျွမ်းဖူးခြင်းမရှိသော လူတစ်ယောက်က သူ့ကိုလာစောင့်နေတာ သိသိချင်း အတော်လေးလန့်သွားမည်ထင်သည်။
" ငါ့စကားကြောင့် မင်းလန့်သွားပြီထင်တယ်။ မင်းကို ဒီအကြောင်းတွေ အေးဆေးရှင်းပြမယ်။ ငါ့ကို ယုံကြည်တယ်ဆိုရင် ကော်ဖီဆိုင်မှာ ကော်ဖီလိုက်သောက်ပါလား။ ငါမင်းကို ကော်ဖီလည်းဝယ်တိုက်ရင်း လာစောင့်နေရတဲ့ အကြောင်းအရင်းကိုလည်း ရှင်းပြရင်းပေါ့ "
ထယ်ယောင်း ဒီလိုပြောလာတော့ ကောင်လေးက တစ်ခဏမျှ ငြိမ်သက်စဥ်းစားပြီး ခေါင်းညိမ့်ပြလာ၏။ မိုးကလည်း ပိုသည်းလာခဲ့သည်မို့ နှစ်ယောက်သား ထီးကိုယ်စီဆောင်းရင်း ကော်ဖီဆိုင်ရှိရာ သုတ်ခြေတင်လာခဲ့သည်။
ကော်ဖီဆိုင်ထဲရောက်တော့ ဆိုင်ဝန်ထမ်းက ဆံပင်ရေစိုလျှင် သုတ်နိုင်အောင် တဘက်တစ်ထည်ယူလာပေးသည်။ အခြားစားပွဲတွေမှာ လူတစ်ယောက်ကို တစ်ထည်နှုန်းပေးသော်လည်း သူတို့နှစ်ယောက်ကိုမှ နှစ်ယောက်တစ်ထည် ပေးလာခဲ့သည်။ ပြဿနာမဖြစ်ချင်၍သာ ငြိမ်နေလိုက်ရသော်လည်း ထယ်ယောင်း သိပ်တော့မကျေနပ်လှ။
" ရော့ မင်းဆံပင်တွေ အရင်သုတ်လိုက်ဦး။ ငါက နောက်မှပဲ "
မကျေမနပ်ဖြစ်ဟန်ဖြင့် နှုတ်ခမ်းစူနေသော ထယ်ယောင်းကို ကောင်လေးက သူ့ဆံပင်တွေရေသုတ်နေရင်း သဘောကျဟန်ဖြင့်ပြုံးပြီးကြည့်သည်။ ဒီအရွယ်ကြီးထိ ကလေးဆန်ဆန် စိတ်ကောက်တတ်နေသည်က တစ်မျိုးလေး ထူးခြားနေသလိုလိုပါ။
" စိတ်မဆိုးပါနဲ့ အစ်ကိုရယ်။ သူတို့မှာ တဘက်မလောက်တော့လို့ နေမှာပါ။ မိုးရွာနေချိန်မို့ အပြင်ကနေ ဆံပင်ရေစိုလာတဲ့သူက ခပ်များများ မဟုတ်လား။ ကျွန်တော့် ဆံပင်တွေသုတ်ပြီးပြီ။ ရော့ အခုက အစ်ကို့အလှည့် "
ကောင်လေးအပြောကြောင့် ထယ်ယောင်း၏ နှုတ်ခမ်းစူစူလေးက ပုံမှန်ဖြစ်သွားသည်။ ထယ်ယောင်း ဆံပင်ရေသုတ်နေစဥ်အတွင်း ကောင်လေးက သူ့မျက်လုံးဝိုင်းများဖြင့် ထယ်ယောင်းကို စိုက်ကြည့်နေခဲ့သည်။ ထယ်ယောင်း ဒါကို သတိထားမိခဲ့သော်လည်း ဒီလိုအကြည့်ခံရတာမျိုးကို သူ့စိတ်ထဲ ကျေနပ်နေခဲ့သည်။
သူတို့နှစ်ယောက် ဆံပင်တွေရေခြောက်သွားမှ ကော်ဖီမှာဖို့ ဆိုင်ဝန်ထမ်းကို လက်လှမ်းပြလိုက်တော့ ဆိုင်ဝန်ထမ်းက ချက်ချင်းရောက်လာခဲ့သည်။ ကော်ဖီမမှာခင် ရေသုတ်ထားသော သဘက်ကို ဆိုင်ဝန်ထမ်းလက်ထဲအပ်ရင်း ကျေးဇူးတင်စကား အရင်ဆိုသည်။ ကော်ဖီကို သူအရင်မမှာသေးဘဲ ကောင်လေးကို အရင်ဆုံးမေးကြည့်သည်။
" မင်းဘာသောက်ချင်လဲ အရင်ရွေးလိုက်။ ပြီးမှ ငါမှာမယ် "
" ကျွန်တော်က ကော်ဖီဆိုရင် ဘာဖြစ်ဖြစ် အကုန်ကြိုက်ပါတယ်။ အစ်ကိုသောက်မယ့်ဟာကိုပဲ နှစ်ခွက်မှာလိုက်လေ "
ကောင်လေးအဖြေကြောင့် ထယ်ယောင်း လေးထောင့်ဆန်သော အပြုံးဖြင့်ပြုံးရင်း ခေါင်းညိမ့်ပြလိုက်သည်။ တကယ်တမ်းတော့ သူလည်း ကော်ဖီအမျိုးအစားတွေကို သိပ်မသိ။ သူငယ်ချင်းနှင့်အတူ ကော်ဖီဆိုင်မထိုင်ဖူးသူမို့ ကော်ဖီဆိုင်ဆိုသည်က သူနဲ့ အလှမ်းဝေးလွန်းသည်။ မစဥ်းစားတတ်တော့၍ menu cardပေါ်က သူမျက်မှန်းတန်းမိသည့် cuppucinoကိုသာ မှာလိုက်သည်။
" ကျွန်တော်တို့ကို Cuppucino တစ်ခွက်စီပေးပါ။ ချောကလက်ကိတ်လေးလည်း တစ်ယောက်တစ်တုံးစီ ယူလာပေးပါ "
ထယ်ယောင်းမှာသမျှကို ရေးမှတ်နေရင်း ဆိုင်ဝန်ထမ်းက ကောင်လေးထိုင်နေရာဆီ လှမ်းကြည့်ရင်း အံ့အားသင့်ဟန်ဖြင့် ထယ်ယောင်းကို တစ်ဖန်ပြန်ကြည့်သည်။ ယောက်ျားလေးနှစ်ယောက်အတူလာပြီး ကော်ဖီdateလုပ်နေသည်ဟု ထင်နေရော့သလားတော့ မပြောတတ်။
" နောက်ထပ် သူငယ်ချင်းတစ်ယောက်ယောက်များ ထပ်လာဖို့ရှိသေးလား ညီလေး။ စပ်စုတယ် မထင်ပါနဲ့။ အစ်ကိုက ဒီအတိုင်းမေးကြည့်တာ "
Advertisement
ဆိုင်ဝန်ထမ်းအစ်ကိုကြီးရဲ့ ပြောစကားကြောင့် ထယ်ယောင်း အနည်းငယ် စိတ်တိုသွားသည်။ ယောက်ျားလေးနှစ်ယောက်တည်း ကော်ဖီဆိုင်လာတာ ဘာထူးဆန်းနေလို့များ အခုလို စပ်စပ်စုစုမေးရဲရပါသနည်း။ ဒီတစ်ကြိမ်တော့ သည်းခံနေ၍မဖြစ်။
" ဘယ်သူမှ ထပ်မလာတော့ပါဘူး။ ကော်ဖီလာသောက်တာ ကျွန်တော်တို့နှစ်ယောက်တည်းပဲ။ ကျွန်တော်တို့က ရိုးရိုးသားသား သူငယ်ချင်းတွေပါ။ အစ်ကို ဟိုဟိုသည်သည် လျှောက်ထင်နေရင်တော့ မပြောတတ်ဘူး "
ခပ်ဆတ်ဆတ်လေသံဖြင့် တုန့်ပြန်ပြောလာသော ထယ်ယောင်းကြောင့် ဆိုင်ဝန်ထမ်းလည်း အနားကနေ ခပ်မြန်မြန်ထွက်သွားခဲ့သည်။ ဒါတောင် ထယ်ယောင်းတို့ကို လှည့်ကြည့်လှည့်ကြည့် လုပ်သွားသေး၏။
" လူတွေကလည်း ခက်လိုက်တာနော်။ ယောက်ျားလေးနှစ်ယောက်ကိုတောင် ဘာလိုလိုထင်နိုင်သေးတယ်။ မင်းကို အားနာလိုက်တာ။ ငါ့ကြောင့်နဲ့ ယုန်ထင်ကြောင်ထင် အထင်ခံရတာ "
ထယ်ယောင်း စကားကို ကောင်လေးက အပြုံးဖြင့်သာတုန့်ပြန်သည်။ ထင်လည်း ထင်ချင်စရာကောင်းအောင် သူတို့နှစ်ယောက်လုံးက ချောမောလွန်းပြီး လိုက်ဖက်သလိုလိုရှိသည် မဟုတ်လား။
" ရပါတယ် အစ်ကိုရယ်။ ကျွန်တော် စိတ်ထဲမထားတတ်ပါဘူး။ အစ်ကို ကျွန်တော့်ကို ဘာပြောပြဖို့ ခေါ်လာခဲ့လဲ မသိပေမယ့် အစ်ကို ဘာမှမပြောသေးခင် ကျွန်တော့်ကိုယ်ကျွန်တော် အရင်မိတ်ဆက်ပေးပါရစေ။ ကျွန်တော့်နာမည်က ဂျွန်ဂျောင်ဂုပါ။ ဆိုဝမ်အထက်တန်းကျောင်းမှာ အထက်တန်းဒုတိယနှစ် တက်နေတယ် "
မျက်လုံးဝိုင်းလေးများဖြင့် ရွှန်းရွှန်းစားစားကြည့်ရင်း မိတ်ဆက်စကားဆိုလာသော ဂျောင်ဂုကြောင့် ထယ်ယောင်းရင်ထဲ အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။ ကြယ်လေးတစ်စင်းလို အရောက်တွေ တလက်လက်တောက်ပနေတဲ့ သူ့မျက်ဝန်းတွေက အဓိပ္ပါယ်တစ်မျိုးမျိုး ကပ်ပါနေသလိုပဲ။
" ငါ့နာမည်ကတော့ ကင်ထယ်ယောင်းတဲ့။ အိမ်နာမည်ကတော့ ယောင်းလေးပေါ့။ မင်းက အထက်တန်းဒုတိယနှစ်ဆိုတော့ ငါ့ထက် တစ်နှစ်လောက်ငယ်မှာပဲ။ ငါက ငါ့ကျန်းမာရေးကြောင့် အထက်တန်းဒုတိယနှစ် စာမေးပွဲအပြီးမှာ ခြောက်လကျော်လောက် ကျောင်းနားလိုက်ရတာဆိုတော့ နောက်စာသင်နှစ်ဆို မင်းနဲ့ အတန်းအတူတူပေါ့ "
ထယ်ယောင်းပြောစကားကို ဂျောင်ဂုက သေချာ အာရုံစိုက်နားထောင်ပေးသည်။ ကျန်းမာရေးကြောင့် ကျောင်းနားလိုက်ရသည်ဆိုသော နေရာရောက်တော့ စိတ်မကောင်းသည့် မျက်ဝန်းအကြည့်များဖြင့်။ စကားအဆုံးရောက်တော့မှ ခေါင်းတညိမ့်ညိမ့်လုပ်ရင်း သက်ပြင်းချလိုက်သံက ထယ်ယောင်းအတွက် အမှန်တကယ် စိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြနေသည်။
" ဒီလိုကျတော့ အစ်ကိုက တကယ်သနားဖို့ကောင်းတာပဲ။ ခြောက်လလောက် ကျောင်းနားလိုက်ရတာဆိုတော့ စာသင်နှစ်တစ်ခုလုံး မတက်ဖြစ်တော့ဘူးပေါ့။ ဒီလိုဆို ကျောင်းက သူငယ်ချင်းတွေနဲ့ အကြာကြီးခွဲနေရမှာပဲနော်။ ဖုန်းလေးဘာလေးတော့ အဆက်အသွယ်လုပ်တယ် မဟုတ်လား "
ဂျောင်ဂုစကားထဲ သူငယ်ချင်းဟူသော အသုံးအနှုန်းပါလာသဖြင့် ထယ်ယောင်း ချက်ချင်းမှိုင်ကျသွားသည်။ သူငယ်ချင်းဆိုသည်က သူ့ဘဝမှာ ဘယ်တုန်းကမှ ရှိခဲ့သည်မဟုတ်။ မူလတန်းလောက်အထိ ခင်မင်လာခဲ့သူတွေကိုလည်း မိဘများ၏ပယောဂဖြင့် စွန့်ပစ်ခဲ့ရ၍ သူ့ဘဝထဲ သူငယ်ချင်းမရှိတာကြာခဲ့ပြီ။
စကားလမ်းကြောင်းက သူငယ်ချင်းအကြောင်း အစပျိုးလိုက်ပြီဖြစ်၍ ထယ်ယောင်းလည်း သူငယ်ချင်းမရှိသည့် သူ့ဘဝအကြောင်းမှ အစပြုကာ ဂျောင်ဂုကို ကားမှတ်တိုင်မှာ စတွေ့ဖြစ်ခဲ့ပုံ၊ သူငယ်ချင်းအဖြစ်လိုချင်ကြောင်း စဥ်းစားမိပုံ၊ နောက်တစ်နေ့ မိတ်ဆက်ရန်ရောက်လာသော်လည်း ဝင်တိုက်မိကာ လဲကျကျန်ခဲ့ပုံ စသည်ဖြင့် အဆင့်ဆင့် စီကာပတ်ကုံးရှင်းပြရင်း နောက်ဆုံး ကော်ဖီဆိုင်အထိ ခေါ်လာခဲသည်နှင့် ပြန်အဆုံးသတ်လိုက်သည်။
သူ့စကားဆုံးတော့ ထယ်ယောင်းက ဂျောင်ဂုအခြေအနေကို တစ်ချက် အကဲခတ်ကြည့်သည်။ မှိုင်းရီနေသော ဂျောင်ဂု မျက်ဝန်းများက ထယ်ယောင်းဘဝကို ကောင်းစွာနားလည်ပြီး ကရုဏာသက်မိနေကြောင်း ထင်ထင်ရှားရှားသိနိုင်သည်။
ဒီလောက်ထိ သနားစရာကောင်းသည့် ထယ်ယောင်းအတွက် သူငယ်ချင်းဖြစ်ပေးနိုင်ဖို့က ဂျောင်ဂု မတတ်နိုင်သောအရာမဟုတ်။
အထီးကျန်နေသူတစ်ယောက်အတွက် နွေးထွေးမှုအပေးနိုင်ဆုံးက သူမှလွဲ၍ အခြားမရှိနိုင်ဟုလည်း ဂျောင်ဂု ယူဆမိသည်။
" ကောင်းပြီ။ ဒီလိုဆိုရင် ကျွန်တော် အစ်ကိုနဲ့ သူငယ်ချင်းလုပ်ပေးမယ်။ ကျွန်တော် ကျောင်းကပြန်လာတိုင်း ခုနက ကားမှတ်တိုင်လေးမှာဆုံပြီး နှစ်ယောက်အတူ လျှောက်သွားကြတာပေါ့။ စိတ်သာချ ကျွန်တော်က အစ်ကို့အတွက် အကောင်းဆုံးသူငယ်ချင်းဖြစ်ပေးမှာ။ ညနေ ငါးနာရီလောက်ဆို ဒီနေရာလေးကို အရောက်လာခဲ့နော် "
ဂျောင်ဂုဆီက သူငယ်ချင်းဖြစ်ပေးမည်ဟူသော စကားကြောင့် ထယ်ယောင်း အတိုင်းမဆမရှိအောင် ပျော်ရွှင်မိသည်။ ပျော်လွန်း၍ ထခုန်ချင်သော်လည်း အချိန်ကိုက်စွာ ကော်ဖီနှင့်ကိတ်မုန့် လာချပေးနေသော ဆိုင်ဝန်ထမ်းအစ်ကိုကြီးကြောင့် သူ့စိတ်ကိုပြန်ထိန်းလိုက်ရသည်။
" ကော်ဖီနဲ့ကိတ်မုန့်တွေတောင် ရောက်လာပြီ။ ကော်ဖီပူပူလေးသောက်ပြီး ကိတ်မုန့်လေး စားလိုက်ပါဦး။ သူငယ်ချင်းရတဲ့ အထိမ်းအမှတ်နဲ့ မင်းကို အစ်ကိုဝယ်ကျွေးတာလို့မှတ် "
ဂျောင်ဂု ကော်ဖီတစ်ငုံမော့သောက်ရင်း ကိတ်မုန့်တစ်ဇွန်းခပ်စားလိုက်သည်။ ထို့နောက် ဘာမှထပ်မစားတော့ဘဲ အပြင်ဘက်ကို ငေးမျှော်ကြည့်သည်။ သူတို့စားပွဲက မှန်နံရံနှင့်ကပ်လျှက်မို့ ရေခိုးရေငွေ့များဖြင့် ပိတ်ကားသဖွယ်ဖြစ်နေသော မှန်မျက်နှာပြင်ပေါ် ဂျောင်ဂုက စာလုံးအချို့ရေးနေသည်။
" ကျွန်တော့်ရဲ့ hyung ကင်ထယ်ယောင်း "
ဂျောင်ဂုရေးလိုက်သည့် စာလုံးတွေကိုဖတ်ကြည့်ရင်း ထယ်ယောင်းက ခပ်ပါးပါးကလေးပြုံးလိုက်သည်။ နောက်တော့ သူလည်း မှန်နားကပ်သွားပြီး စာလုံးအချို့ကို လက်ညှိုးဖြင့်ရေးလိုက်သည်။
" ငါရဲ့ ညီလေး ဂျွန်ဂျောင်ဂု "
တစ်ယောက်ရေးသော စာကို တစ်ယောက်ကပြန်ဖတ်ရင်း နှစ်ယောက်သား ပြိုင်တူရယ်မောမိကြသည်။ သူငယ်ချင်းဆိုသည်က ဒီလိုမျိုးပါလားဟု သဘောပေါက်သွားမိသော ထယ်ယောင်းက သူငယ်ချင်းတစ်ယောက် ရခဲ့ခြင်းအတွက် အတိုင်းမသိပျော်ရွှင်နေခဲ့သည်။
ထပ်မံကပ်တွယ်လာပြန်သော ရေခိုးရေငွေ့တို့က မှန်ပေါ်မှာ သူတို့ရေးခဲ့သော စာလုံးတို့ကို ပိတ်ဖုံးလိုက်ပြန်သည်။ ကော်ဖီသောက်ရင်း ပျော်ရွှင်ရယ်မောနေသူ နှစ်ယောက်ကတော့ စာလုံးတွေပျောက်သွားသည်ကိုပင် သတိမပြုမိတော့ချေ။
Advertisement
ဆိုင်ဝန်ထမ်းအစ်ကိုကြီးကတော့ သူတို့နှစ်ယောက် ပျော်ရွှင်ရယ်မောနေသည်ကိုကြည့်ရင်း မသိမသာ သက်ပြင်းချနေသည်။ ဂရုမစိုက်တတ်သော ထယ်ယောင်းကတော့ ဂျောင်ဂုနှင့် စကားပြောရင်း ဆက်ရယ်မောနေဆဲ။ တစ်ချက်တစ်ချက်တော့ ကော်ဖီဆိုင်ထဲ ထပ်ဝင်လာသူအချို့က သူတို့နှစ်ယောက်ကို ကွက်ကြည့်ကွက်ကြည့် လုပ်သွားတတ်သေး၏။
~~~~~xxxxx~~~~~
နောက်တစ်နေ့ရဲ့ ညနေခင်းအချိန်။ ကားမှတ်တိုင်က ခုံတန်းရှည်လေးမှာ ဂျောင်ဂုအလာကို စောင့်မျှော်နေသည့် ထယ်ယောင်းတစ်ယောက် လက်မှာပတ်လာသည့် နာရီလေးတကြည့်ကြည့်ဖြင့် ဂျောင်ဂုပြောထားသည့် ငါးနာရီအချိန်ကို ငံ့လင့်နေ၏။ သူငယ်ချင်းနှင့် ပထမဆုံး လျှောက်လည်ရမည်မို့ စိတ်လှုပ်ရှားမှုက အတိုင်းအဆ မရှိအောင်ပင်။
မိန်းကလေးရှုံးအောင် ချောမောနေသော ထယ်ယောင်းကို ဘေးချင်းကပ်မှာထိုင်နေသည့် မိန်းကလေးငယ်နှစ်ယောက်က မသိမသာခိုးခိုးကြည့်ရင်း စကားတွေတီးတိုးပြောနေကြသည်။ သူတို့စကားတွေက ထယ်ယောင်းနားထဲ မကြားတစ်ချက်ကြားတစ်ချက်မို့ သိပ်တော့အာရုံမထားမိ။
ဒီအရွယ်မိန်းကလေးတွေက အစ်ကိုအရွယ် ခပ်ချောချောတွေ့တိုင်း စိတ်ကစားပြီး သဘောကျတတ်သည်မို့ ထူးထူးခြားခြား စိတ်အနှောင့်အယှက်မဖြစ်မိ။ ဂျောင်ဂုကိုသာ သူ့စိတ်ထဲထည့်ထားသဖြင့် ကလေးမလေးတွေငေးကြည့်လည်း ရူပဒါနပြုပေးနေရုံပေါ့။
" Hyung! ကျွန်တော် ရောက်ပါပြီ။ စောင့်ရတာ ကြာသွားလား "
ကြည်သာခံ့ညားသော အသံလေးနှင့်အတူ သူ့ရှေ့လာရပ်သော ဂျောင်ဂုကြောင့် ထယ်ယောင်း ဝမ်းသာအားရ မော့ကြည့်လာသည်။ တလက်လက်တောက်ပနေသည့် မျက်လုံးဝိုင်းဝိုင်းလေးများနှင့် အကြည့်ချင်းဆုံသွားသည်မို့ ရင်ခုန်သံတို့က စည်းချက်မမှန်ချင်တော့။
" မကြာသေးပါဘူး ညီလေးရဲ့။ မင်းရောက်လာတာ အချိန်ကွက်တိပဲ။ ဒါဆို အစ်ကိုတို့ တစ်နေရာသွားကြရအောင်လေ။ လမ်းဟိုဘက်ခြမ်းက ပန်းခြံလေးဆိုရင်ရော "
ထယ်ယောင်းက လေးထောင့်ဆန်ဆန် အပြုံးလေးလုပ်ပြရင်း
ဂျောင်ဂုကို ပန်းခြံအတူသွားဖို့ အဖော်ညှိသည်။ ဂျောင်ဂုလည်း ကျေကျေနပ်နပ် ခေါင်းညိမ့်ပြရင်း ထယ်ယောင်းအကြံကို လက်ခံလိုက်၏။
" ရပါတယ် အစ်ကို့သဘောပဲ။ ဟော ပြောရင်းဆိုရင်း မိုးကရွာလာပြီ။ အစ်ကို့မှာ ထီးပါတယ်မဟုတ်လား။ ကျွန်တော်တို့ နှစ်ယောက်အတူ ထီးတစ်ချောင်းတည်း ဆောင်းရအောင် "
ထယ်ယောင်း ထပ်ပြုံးလိုက်ပြန်သည်။ ဂျောင်ဂု လက်မောင်းကိုတွဲကာ သူ့နားဆွဲကပ်လိုက်ပြီး ထီးကိုဖွင့်ဆောင်းရင်း နှစ်ယောက်အတူ မိုးရွာထဲထွက်လာခဲ့သည်။ ကားမှတ်တိုင်မှာ ကျန်နေခဲ့သော မိန်းကလေးငယ်နှစ်ယောက်မှာတော့ မျက်စိပျက်မျက်နှာပျက်ဖြစ်ကာ တစ်ယောက်မျက်နှာတစ်ယောက် ပြန်ကြည့်ရင်း စကားတစ်ခွန်းတီးတိုးပြောလာသည်။
" ဟယ် တကယ်မထင်ရဘူးနော်။ ရုပ်ကလေးက ဒီလောက်ချောတဲ့ဟာကို နှမျောစရာပဲ "
ထယ်ယောင်းတို့နှစ်ယောက်မှာတော့ ထီးလေးတစ်ချောင်းကို အတူဆောင်းရင်း လူကူးမီးပွိုင့် မီးစိမ်းသည်နှင့် လူကူးမျဥ်းကြားမှ ကားလမ်းမကိုဖြတ်ကူးရင်း ကားလမ်းတစ်ဖက်ခြမ်းက ပန်းခြံလေးဆီရောက်လာခဲ့သည်။ မိုးရွာနေချိန်မို့ ထင်သည်။ ပန်းခြံလေးထဲမှာ လူသူအရိပ်အယောင် လုံးဝမတွေ့ရပေ။
ဆောင်းဦးပေါက်စ စက်တင်ဘာလမို့ ပန်းခြံထဲက ချယ်ရီပင်အများစုမှာ အညိုရောင်၊ လိမ္မော်ရောင်၊ အနီရောင် အရွက်များဖြင့် အရောင်စုံလင်လှပနေသည်။ မိုးရာသီဟူ၍ တိတိကျကျမရှိသော ကိုရီးယားမြေမှာ ဇွန်လအကုန် ဇူလိုင်လဆန်းနှင့် စက်တင်ဘာလတို့တွင် မိုးရွာသွန်းလေ့ရှိပြီး ကြွေချိန်တန်သော ရွက်ဝါအချို့က မိုးနှင့်အတူ မြေပြင်ပေါ်သက်ဆင်းရစ်သည်။
" ချယ်ရီပင်တွေက အခုလိုကျတော့လည်း အရောင်အသွေးစုံပြီး သိပ်လှတာပဲနော်။ ဆောင်းတွင်းရောက်လာရင်တော့ ဒီအရွက်တွေအကုန်ကြွေကျပြီး နွေဦးမှာပန်းလေးတွေ ပြန်ပွင့်နိုင်ဖို့ အားမွေးတဲ့အနေနဲ့ ခဏတာအိပ်စက်နားရဦးမှာပဲ "
ချယ်ရီပင်တွေကိုကြည့်ရင်း ထယ်ယောင်း ဒီလိုမှတ်ချက်ချတော့ ဂျောင်ဂုက ခေါင်းညိမ့်ထောက်ခံသည်။ ချယ်ရီပင်တွေမှမဟုတ် သူ့ဘေးက ထယ်ယောင်းဆိုတဲ့ Hyungလေးကလည်း သိပ်ကိုလှပလွန်းသည်။
" ဟုတ်တယ် ချယ်ရီပင်တွေက ဆောင်းဦးမှာလည်း သိပ်လှလွန်းတယ်။ ပြီးတော့ ချယ်ရီပင်တွေနဲ့အတူ တွဲမြင်နေရတဲ့ ကျွန်တော်တို့ Hyungကလည်း လှပလွန်းနေတယ် "
ထယ်ယောင်း ခြေလှမ်းတွေရပ်တန့်ကာ ဂျောင်ဂု မျက်နှာကို ပြန်ကြည့်မိသည်။ မိုးကလည်း ပိုသည်းလာခဲ့သည်မို့ ထီးတစ်ချောင်းတည်းဆောင်းထားရသော သူတို့နှစ်ယောက်လုံးကို မိုးရေစက်တွေ လာစင်သည်။ ထိုအခိုက် ဂျောင်ဂုကလည်း ထယ်ယောင်းကို ပြန်ကြည့်လာခဲ့သည်မို့ နှစ်ယောက်သား အကြည့်ချင်းဆုံမိသည်။
ပန်းခြံလျှောက်လမ်းဘေးရှိ လိမ္မော်ရောင်နှင့် ပန်းရောင် တစ်ကန့်စီစိုက်ထားသော Cosmosပန်းရနံ့များက အကြည့်ချင်းဆုံခိုက် တဒိတ်ဒိတ်ခုန်လာသော နှလုံးသားကို စည်းချက်ပိုမြန်အောင် လှုံ့ဆော်ပေးနေသည်။ မြင်မြင်ချင်းအချစ်ဆိုသည်က ဒီလိုအရာမျိုးပေလားဟု နှစ်ယောက်သား တွေးနေမိသည်။
နှုတ်ဖျားကဖွင့်မပြောသော်လည်း အကြည့်တွေကတစ်ဆင့် အပြန်အလှန် အချစ်ကိုနားလည်နိုင်ကြသည်။ မျက်နှာချင်းနီးကပ်နေသော အခြေအနေမှာ ဂျောင်ဂုက ထယ်ယောင်းနှုတ်ခမ်းတွေကို အနမ်းပေးဖို့ တိုးကပ်လာသည်။ သို့သော် အချိန်မတန်သေးဟုယူဆသော ထယ်ယောင်းက မျက်နှာတစ်ဖက်လွှဲကာ ငြင်းဆန်လိုက်သည်။
ထယ်ယောင်း ငြင်းဆန်လိုက်သော်လည်း ဂျောင်ဂုက နားလည်ဟန်ဖြင့် ကျေကျေနပ်နပ်ပြုံးပြသည်။ ဂျောင်ဂုလက်မောင်းကို တွဲချိတ်ထားသည့် ထယ်ယောင်း၏လက်က ဂျောင်ဂုလက်ဖဝါးကို ပြောင်းလဲဆုပ်ကိုင်ရင်း ပန်းခြံလေးထဲ ဆက်လျှောက်လာခဲ့သည်။
ထီးမလုံ၍ မိုးရေလာစင်နေသော်လည်း သူတို့နှစ်ယောက်မှာ လမ်းဆက်လျှောက်နေဆဲ။ ချစ်ရသူနှင့် အတူရှိနေချိန်မို့ မိုးရေစက်တွေလောက်ကို သူတို့အမှုမထားနိုင်။ မိုးသံတဝေါဝေါကို ချစ်ခြင်းသံစဥ်တစ်ပုဒ်လို နားဆင်ရင်း လက်တွဲလျှောက်လှမ်းရသော ခြေတစ်လှမ်းချင်းက စိန်စီသောစက္ကန့်များပမာ အဖိုးတန်သောချိုမြိန်ခြင်းတို့ဖြင့်။
ဆောင်းဦးပေါက်စ ညနေစောင်းချိန်မို့ သဘာဝအအေးဓာတ်နှင့် မိုးကြောင့်အေးသော အအေးဓာတ်တို့ပေါင်းစည်းကာ ထယ်ယောင်း၏ နားရွက်လေးနှစ်ဖက်နှင့် နှာခေါင်းထိပ်လေးတို့က ရဲရဲနီနေသည်။ ဖြူနုသော မျက်နှာလေးထက် နှာခေါင်းလေးရဲရဲနီနေသည်က တစ်မျိုးလေးချစ်စရာ ကောင်းလွန်းနေသည်။
" Hyungက သိပ်လှတာပဲ "
ဂျောင်ဂု ထပ်ပြောလာသော ထိုစကားကြောင့် ထယ်ယောင်း ခြေလှမ်းတွေ ရပ်တန့်လိုက်ပြန်သည်။ ထယ်ယောင်းရပ်တော့ ဂျောင်ဂုကပါ လိုက်ရပ်လိုက်ပြီး ထယ်ယောင်းမျက်နှာလေးကို သူ့ဘက်ဆွဲလှည့်ကာ နီရဲနေသော နှာခေါင်းထိပ်လေးကို အာငွေ့လေးဖြင့်လှမ်းမှုတ်ပေးလာသည်။
" မင်း.. ဒါဘာလုပ်တာလဲ ဂျောင်ဂု "
ရှက်စိတ်လွှမ်းကာ မချင့်မရဲမေးလာသော ထယ်ယောင်း၏စကားသံလေး။ ဂျောင်ဂုက ချက်ချင်းပြန်မဖြေသေးဘဲ နားရွက်လေးတွေကို အာငွေ့ဖြင့်ထပ်မှုတ်ပြန်သည်။ အာငွေ့ပေးပြီးပြန်တော့ နားရွက်တွေနားက သူ့နှုတ်ခမ်းနှစ်လွှာကို ချက်ချင်းမဖယ်သေးဘဲ စကားတစ်ခွန်းကို တီးတိုးပြောလာသည်။
" ကျွန်တော် Hyungကိုချစ်လို့ ဒီလိုလုပ်ပေးတာလေ။ ကျွန်တော် Hyungကို အရမ်းချစ်မိနေပြီ "
နားရွက်နား စကားကပ်ပြောပြီး ဂျောင်ဂုက ထယ်ယောင်းနှင့် မျက်နှာချင်းပြန်ဆိုင်ကာ ထယ်ယောင်း ရှက်နေသောမျက်နှာကို ကျေနပ်ပီတိဖြင့်ကြည့်သည်။ ထယ်ယောင်း ဆုံးဖြတ်ရခက်နေသည်မို့ သူလည်း သိပ်အလောမကြီးချင်မိ။
" ဒီနေ့တော့ ကျွန်တော်တို့ ဒီလောက်နဲ့ပဲ အိမ်ပြန်ကြရအောင်။ မိုးရေတွေလည်း စင်ထားတာဆိုတော့ Hyungလည်း အရမ်းချမ်းနေပုံရတယ်။ ကျွန်တော့်ကို သွားခွင့်ပြုဦး "
ပြောပြောဆိုဆိုဖြင့် ဂျောင်ဂုက သူ့လက်ထဲဘယ်ကတည်းက ရောက်နေမှန်းမသိသော ထီးကိုဖွင့်ဆောင်းရင်း မိုးရေထဲအပြေးကလေးထွက်သွားခဲ့သည်။ ရုတ်တရက်မို့ ထယ်ယောင်းလည်း ဂျောင်ဂုကို တားချိန်မရလိုက်ဘဲ တစ်ယောက်တည်းကျန်နေခဲ့သည်။ ရင်ထဲနွေးခနဲကျန်နေခဲ့သော သူ့နှလုံးသားက ဂျောင်ဂုကို ငြင်းဆန်နိုင်ဖို့ စွမ်းသာတော့မည်မဟုတ်။
" ငါလည်း မင်းကို ချစ်ပါတယ်လို့ ပြန်ပြောချင်ပါတယ်။ မင်းက ရုတ်တရက်ကြီး ပြန်ပြေးသွားတော့ ငါပြောဖို့ အချိန်မရလိုက်ဘူး။ မနက်ဖြန်ဆိုရင်တော့ မင်းက ငါ့ကောင်လေးအဖြစ်နဲ့ ငါ့ကိုလာတွေ့တော့မှာပေါ့။ ငါ စောင့်နေမယ်နော် "
~~~~~
Unicode - 3832 words
Zawgyi -
Advertisement
- In Serial139 Chapters
Purple Lightning Emperor
This is a story about Shad, a young orphan who was struck by lightning. Instead of dying, he was reborn into another world known as Eidrin. The ambient mana on Eidrin is extremely dense and abundant, allowing mages to reign supreme over the rest of the populace. Follow Shad as he develops the strength to survive in this new world and reaches heights thought to be unattainable for mortals, all in a quest to learn the truth behind his reincarnation and the purple lightning that resides in his soul. The cover isn’t mine , just found it on google . All the credit goes to the artist that designed it. If the owner of this pic wish for it to be taking off , just let me know.
8 463 - In Serial99 Chapters
The Tower
Thousands signed up to be part of The Tower. The game was simple: climbs all 100 levels of The Tower. But once all the players were inside, the game trapped them. Ethan and his friends must work with other players if they ever want to go home. Death means starting back at level 1. Volume 2 After recovering from their wipe on the 26th Floor, Ethan and his friends have left the town of Startesgarde to finish their own, unique class quests. Little do they know, one of their own never made it to his destination. An unknown threat stalks them, even as a new recruit changes the dynamic of the Disorder guild. Volume 3 Following the events of Volume 2, Ethan Holliwell is in an absolutely terrible place. Kim Tae-Won is still missing, the woman he had fallen hard for abandoned him, everything that he had been working towards the entire time he has been trapped in the game was taken from him. His remaining friends, David, Miguel and Leah, want to help him, but they don't even know where he actually is. War is coming, can they find and help Ethan in time?
8 170 - In Serial9 Chapters
Just A Story
A world without magic. A planet like any other, where neither monsters, demons nor gods exist. A plain, maybe even boring, earth. A world where the only advantures are either written in books, shown on TV or games. Or so it was supposed to be. Until now. Events are happening that will shacke the world. Events that have only ever happened in the fantasy of man. And at the centre of all these events stands one person. Someone who is completely overwhelmed by the events. He will have to make decisions that may not change the fate of the world, but change his and the life of everyone around him. Decisions he would regret. --------------------------------------------------------------------------------------------------------------------------------------------------------------- I have no fixed upload scedule as of yet, I will simply upload whenever I feel like the chapter is good enough to be uploaded.
8 192 - In Serial25 Chapters
Creator of All-Realms
Release Schedule: 5 chapters/week, from Monday to Friday (01:15 PM, GMT-3) Throughout the years, countless powerful beings rose and fell. As powerful as they were, their lifespan had an end. The universe is fair. Beings whose power was enough to shatter planets in countless pieces wailed in the cosmos, feeling that while the universe being fair was a blessing, it was also a curse! They trained for thousands, even tens of thousands of years to reach their current strength, but just like mortals, their lifespan also had an end! Countless galaxies away, within Earth, a young man shook his head before looking at the moon worriedly, ''What's the use knowing this... I must deal with my problems, right? Sometimes, knowing everything isn't that useful...'' He, who can see everything, do everything and be everything, was troubled. The universe is fair. That's the only thing most living beings agreed, not expecting unfairness to appear. Diverting his gaze from the moon, the young man looked towards his farm with calm eyes, ''Well, well. I wonder what surprises you'll bring me, my creations...'' This is a story about a lazy creator trying to deal with his problems while getting to know himself better.
8 122 - In Serial203 Chapters
THE BLACK PHONE IMAGINES, ONESHOTS, + PREFERENCES
CHARACTERS:>Finney Shaw>Robin Arellano >Bruce (I don't remember the last name)>Vance Hopper>Billy/paperboy (I also don't remember his last name)>Griffin (yea I'm sorry, I am extremely bad at last names)>maybe Gwenny, It may not be appropriate due to her age, but I am still questioning
8 1247 - In Serial12 Chapters
Re: Legion (Indefinite Hiatus)
3rd world war has started. Goverment decided to sent people to safety in shelters. Rayan was on a cruise sailing toward one of the shelters. Everything would be okay if not a nuke. Nuke falling straight at him and 999 other people on a cruise. He woke up as a soul and got reincarnated by Sloth god. Again, the only problem was the fact, that only he reincarnated out of 1000 souls that were with him, as such he got reincarnated into 1000 bodies. Updates will be irregular
8 89