《Today, tomorrow and the day after ||Completed||》Chapter 6.2 (unicode)
Advertisement
"ဖြစ်ပါ့မလား"
"ဖြစ်တယ်"
"ငါမစီးတတ်ဘူးနော် ရိပေါ်"
"ကျွန်တော်စီးတတ်တယ်လေ"
"ဟိုးအထိလျှောကျသွားရင် ဘယ်လိုလုပ်မလဲ"
"ကျွန်တော်ရှိပါတယ်ဆိုနေ အတူလာချင်တယ်ဆိုလို့ ကျန့်ကောအားတဲ့အချိန်နဲ့တိုက်ပြီး ခွင့်ယူလာတာနော် ဒီအတိုင်းဘာမှမလုပ်ဘဲ ပြန်မလို့လား"
အငယ်က ဆူတာခံလိုက်ရတဲ့ ဆရာရှောင်း ဘာမှဆက်မပြောတော့ပေ။ ရှောင်းကျန့်တိတ်သွားတော့ ရိပေါ်က တပ်လက်စဦးထုပ်မေးသိုင်းကြိုးကို ဆက်တပ်ပေးတယ်။
ဟုတ်တယ် သူတို့၂ယောက် နှင်းလျှောစီးတဲ့နေရာကိုခရီးထွက်လာကြတာ။ ဟိုအရင်တည်းက သွားမယ်ဆိုပြီး တိုင်ပင်ထားကြပေမယ့် အားတဲ့အချိန်ချင်းမတူတာရယ် အခြေအနေမပေးတာရယ်တွေကြောင့် မလာဖြစ်ခဲ့ဘူး။ အခု ရှောင်းကျန့် အားလပ်ရက်ရတုန်း ရိပေါ်က တက္ကသိုလ်ကိုခွင့်တိုင်ပြီး အတူခရီးထွက်ခဲ့ခြင်းပင်။
"အားကစားဘက်စုံတော်တဲ့ချစ်သူကိုရထားတာကို ဘာတွေပူပန်နေလဲ ဆရာရှောင်း"
"မဟုတ်ဘူးလေ ငါကအခုမှစီးဖူးတာ နည်းနည်းတော့ကြောက်တာပေါ့"
"ဘာမှမဖြစ်ဘူး ဒါလည်းစကိတ်စီးသလို အေးဆေးလေးမျှောနေရုံပဲ ဒါကနည်းနည်းပိုခက်တယ်ဆိုပေမယ့် စီးစရှိရင်ပျော်သွားလိမ့်မယ်"
"လဲကျရင်ဘယ်လိုလုပ်မလဲ လျှောကနဲဟိုးအောက် ရောက်သွားမှာလေ"
ရှောင်းကျန့်က မျက်နှာငယ်လေးနဲ့ပြောတော့ ရိပေါ်က ရယ်တယ်။ ဘယ့်နှယ် ဒီလူကြီးကတော့.....။ ဒီနှင်းတောင်ကုန်းလျှောကို အသားကုန်ကြောက်နေပါရောလား။
"ဒီနေရာက အများပြည်သူကစားတဲ့နေရာပါ ကုန်းကအရမ်းမလျှောဘူး Pro တွေစီးတဲ့ဘက်ကမှ လဲကျရင်လျှောကနဲပါသွားမှာ"
"ဟူး....ငါကတော့ ဒီကုန်းလျှောတောင်မှ ခဏခဏလဲနေမှာသေချာတယ်"
ရိပေါ်က သဘောကျစွာပြုံးရင်း ရှောင်းကျန့်နှာခေါင်းလေးကို တစ်ချက်နမ်းလိုက်တယ်။ ရှောင်းကျန့်က ဘေးလူတွေများမြင်မလား စိုးရိမ်ပြီး ဟိုဒီကြည့်ပေမယ့် လူတိုင်းကသူတို့အာရုံနဲ့သူတို့ အပျော်လေးတွေဖန်တီးနေကြတယ်။
"စကိတ်စစီးတုန်းကလည်း ကျန့်ကော တဘိုင်းဘိုင်းလဲတာပဲ လဲကျရင်ဆွဲထူဖို့ကျွန်တော်ရှိနေတာပဲ ဘာကိုစိတ်ပူနေမှာလဲ"
ပြောလည်းပြော ရိပေါ်က လက်ကမ်းပေးလာတယ်။ လက်အိတ်ထူထူစွတ်ထားတဲ့ ကောင်လေးရဲ့လက်ဟာ သူဘယ်လောက်လဲကျကျထူပေးဖို့ အမြဲကမ်းပေးနေမယ့်လက်ကလေး။ ရှောင်းကျန့်မျက်နှာမှာ အပြုံးလေးပေါ်လာပြီး ချစ်သူ့လက်ကိုမြဲနေအောင် ဆုပ်ကိုင်လိုက်တယ်။ ဟုတ်တယ် သူ့အနားမှာ ရိပေါ်ရှိနေတာပဲ သူဘာတွေစိုးရိမ်နေမှာလဲ...။
"ကျန့်ကောစီးတတ်သွားရင် သစ်ရွက်ပုံစံစီးရအောင်"
"ဘယ်လိုမျိုးလဲ"
"ဒီလိုမျိုး ဒီလိုမျိုး"
ရိပေါ်လက်တွေက ရှောင်းကျန့်ခါးကို ခပ်တင်းတင်းဖမ်းကိုင်ပြီး အနားကိုဆွဲကပ်လိုက်တယ်။ အရှိန်နဲ့ဆွဲဖက်လိုက်တာကြောင့် ရှောင်းကျန့်လက်တွေက အလိုအလျောက် ရိပေါ်ပခုံးကိုဖက်ပြီးသားဖြစ်သွားတယ်။ စုံတွဲတွေအစီးများတဲ့ သစ်ရွက်ပုံစံဆိုတာ အနောက်တိုင်း prom dance ပုံစံနှင့်ခပ်ဆင်ဆင်။
အခုမှသဘောပေါက်သွားတဲ့ရှောင်းကျန့်က ဉာဏ်များတဲ့ကောင်စုတ်လေးရဲ့ နှာခေါင်းကိုအသာဆွဲတယ်။
"တပည့်ဟောင်းလေးက ဉာဏ်နီဉာဏ်နက်ကတော့ သိပ်များတယ်နော်"
"ဆရာဟောင်းဆီက သင်ထားတာလေ"
"ကောင်စုတ်လေး..."
"ဒီကောင်စုတ်လေးကိုပဲ ချစ်နေပြီးတော့..."
ကောင်လေးဟာ သူ့နားမှာ ထာဝရရှိနေမယ်လို့ မဆိုလိုဘူး။ အချိန်တန်ရင် သက်တမ်းကုန်တတ်တဲ့သဘာဝအရ တစ်နေ့မှာ ရိပေါ်နဲ့သူ တစ်ယောက်ယောက်ကတော့ အရင်ထွက်သွားရမယ်။ ဒါကြောင့် အတူရှိနေချိန်အတွင်း အမှတ်တရတွေဖန်တီးမယ် ဒုက္ခတွေကို အေးအတူပူအမျှခံစားရမယ် ရန်ဖြစ်လိုက်ပြန်ချော့လိုက်နဲ့ ဘဝကိုစိတ်လှုပ်ရှားမှုတွေနဲ့ ဖြတ်သန်းမယ်။ ဒီလောက်ဆို လုံလောက်ပါတယ်။ ဒီလိုလေးပဲ အတူနေသွားမယ်။
"အောင်မလေး သေပါပြီ!! ရိပေါ် ငါ့ကိုထူဦး"
"လဲပြန်ပြီလား ဟားဟ...အိုင်းယား!!"
"ဟားဟား ကောင်းတယ် အကြီးကိုလှောင်ချင်တာလဲပြီမလား"
"အမယ် ကျွန်တော်ကပြန်ထတတ်တယ်နော် ပြန်မထတတ်တာကျန့်ကောနော်"
"ဟော မင်းကအခုတော့ဒီစကားပြောပြီပေါ့လေ"
"ဇာတ်ကားထဲက dialogue တွေလာပြောပြန်ပြီ တော်ပြီ မထူပေးချင်တော့ဘူး"
"ဟေ့ကောင်လေး ငါ့ကိုထားမသွားနဲ့လေ ဝေး..! ဝမ်ရိပေါ်!! မင်းပြန်လာခဲ့!"
နှင်းလျှောစီးတဲ့ကွင်းပြင်ကြီးထဲ ခဏခဏလဲကျတဲ့ကောင်လေးတစ်ယောက်နဲ့ ခဏခဏထူပေးရတဲ့ကောင်လေးတစ်ယောက် ဆူညံနေကြတယ်။ တစ်ခါတလေ ထူပေးတဲ့ကောင်လေးပါ လဲလဲကျတယ်။ တစ်ယောက်နဲ့တစ်ယောက်စနောက်လိုက် တွန်းထိုးလိုက် အော်ဟစ်လိုက်နဲ့ ယောက်ယက်ခတ်နေကြပေမယ့် ၂ယောက်လုံးရဲ့မှက်နှာမှာ ချိုမြိန်သောအပြုံးပန်းတွေ ဝေဆာနေတယ်။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"အင်း ကောင်းလိုက်တာ"
ချမ်းအေးတဲ့ရာသီဥတုနဲ့ ဆိုဂျူရှိန်းရှိန်းလေးက ပနံရနေတယ်။ တစ်နေကုန်နှင်းတောထဲသောင်းကျန်းကြပြီးနောက် ၂ယောက်သား ဟိုတယ်ခန်းထဲကနေ ညကောင်းကင်ကိုရှုစားလို့ ဆိုဂျူသောက်နေချိန်။
"မသောက်ရတာကြာလို့ထင်တယ် နေလို့ကောင်းသွားတာပဲ"
"ဟုတ်တယ် သောက်လို့ကောင်းတယ်"
ဖျောက်ကနဲမီးခြစ်သံနဲ့အတူ ရိပေါ်နှုတ်ခမ်းဖျားက ဆေးလိပ်လေးမီးစွဲသွားတယ်။ ရှောင်းကျန့်လည်း တလိပ်ယူပြီးတေ့လိုက်ရင်း မေးဆတ်ပြတယ်။ ရိပေါ်က အလိုက်တသိ ရှောင်းကျန့်မေးဖျားလေးကို အသာကိုင်ပြီး ဆေးလိပ်ချင်းတေ့မီးညှိပေးလိုက်တယ်။ သူတို့၂ယောက်ရဲ့ romance ဆိုတာ ဒီလိုမျိုး....။
ဆေးလိပ်ချင်းမီးညှိရင်း ဆိုဂျူအတူသောက်ရတဲ့ moment လေးက သူတို့၂ယောက်ရဲ့ရိုဆန်ခြင်း။ အားတဲ့အချိန် Bar အတူထိုင်တယ် night out ထွက်တယ်။ တစ်ယောက်လက်တစ်ယောက်တွဲလို့ အိမ်အပြန်လမ်းကို ရီဝေဝေခြေလှမ်းတွေနဲ့ လျှောက်ကြတယ်။ အဆက်မပြတ်ရွာနေတဲ့မိုးစက်တွေကြား ထီးတစ်ချောင်းတည်းကို လုဆောင်းရင်း ရယ်မောကြမယ်။ တက္ကသိုလ်ကျောင်းသားလေးနဲ့ အထက်တန်းပြကျောင်းဆရာလေးရဲ့ ချစ်ချင်းဖွဲ့နေ့ရက်တိုင်းဟာ ရိုးရှင်းတယ်။
"ကျန့်ကော"
"အင်း?"
ရိပေါ်က သောက်လက်စဆေးလိပ်ကို ဆေးလိပ်ခွက်အစွန်းမှာ ခဏတင်လိုက်တယ်။
"အဲ့အချိန်တုန်းက ကျန့်ကောငြင်းလိုက်လို့ ကျွန်တော်သာ လမ်းကြောင်းလွဲပြီးဆိုးသွမ်းသွားရင် ဘာလုပ်မှာလဲ"
"အမ်း....မေးခွန်းကစိတ်ဝင်စားစရာပဲ အခုမှဘာစိတ်ကူးပေါက်လို့လဲ"
"ဒီလိုပဲ မေးကြည့်တာ"
ရှောင်းကျန့်က ဆေးလိပ်တစ်ချက်ရှိုက်လိုက်တယ်။ အသက်ရှူထုတ်လိုက်ချိန်မှာ ပါးလွှာတဲ့နှုတ်ခမ်းဖျားကနေ ကနုတ်ပွင့်လိုလှပတဲ့ဆေးလိပ်ငွေ့တွေ ထွက်လာတယ်။
"ငါငြင်းလိုက်လို့ လမ်းကြောင်းပျက်သွားမယ်ဆိုရင် ဆရာတစ်ယောက်အနေနဲ့ဆုံးမစရာလေးတွေ ပေါ်လာမှာပေါ့ နားထောင်ထောင် မထောင်ထောင် မိန့်ခွန်းသြဘာတွေတစ်သီကြီး ခြွေပစ်မယ်"
"တွေးရင်းနဲ့တောင် နားတွေကျိန်းတယ်"
ရိပေါ်က သူ့နားရွက်လေးသူပွတ်ရင်း စူပုတ်ပုတ်ပြောတယ်။ နောက် တစ်ခုခုကိုသတိရသွားသလိုနဲ့ ရှောင်းကျန့်ရဲ့နားရွက်အသားလေးကို ခပ်ဖွဖွလာပွတ်တယ်။ ကျန့်ကော နားရွက်အသားလေးက ထူထူလေးနဲ့အိအိလေးဆိုပြီး သတိရတိုင်းကိုင်ကြည့်တာလည်း အလုပ်တစ်ခု။
"လမ်းကြောင်းမလွဲဘဲ ဒီအတိုင်းရှိနေရင်းက တခြားတစ်ယောက်ကိုစိတ်ပြောင်းသွားမယ်ဆိုရင်ကော.."
ရိပေါ်က ရှောင်းကျန့်နားရွက်လေးကိုပွတ်နေဆဲ။ ရှောင်းကျန့်က ခပ်ပြေပြေလေးပြုံးပြီး ဆေးလိပ်ကိုခွက်ထဲချေလိုက်တယ်။
Advertisement
"အဲအခါကျရင် ငါ့ဘက်ကမင်းကိုမေ့နိုင်အောင် ကြိုးစားရတော့မှာပေါ့"
ထင်တဲ့အတိုင်းပဲ ဆိုးလိုက်တဲ့လူကြီး...။ ချစ်နေရဲ့သားနဲ့ ကိုယ့်အချစ်ကိုယ် စတေးခံပြီး ရိပေါ်ကိုစမ်းသပ်ရတယ်လို့။ Adult တွေကဒီလိုပဲလား...။ ရေရှည်တည်မြဲမှာလားဆိုတဲ့အတွေးအတွက် ဘယ်ဟာဖြစ်ဖြစ်စွန့်လွှတ်ရဲကြတာလား။
"ကျန့်ကောက သတ္တိရှိလိုက်တာ......ကျွန်တော်သာဆို အဲလိုလုပ်နိုင်မှာမဟုတ်ဘူး"
ရှောင်းကျန့်က ပြုံးတယ်။
"ဒါပေါ့ မင်းသာဆိုမလုပ်နိုင်ဘူး အဲလိုမလုပ်နိုင်လို့လည်း အခု မင်းနဲ့ငါ အတူရှိနေတာပေါ့"
"......"
"ဒါကြောင့်ကျေးဇူးတင်တယ် မင်းဘက်ကမပြောင်းလဲခဲ့လို့"
ပါးပြင်ပေါ်ရောက်လာတဲ့ ရှောင်းကျန့်လက်လေးဟာ နွေးနွေးလေး။ အပြုံးတွေက ရိပေါ်ဘက်ကိုလှည့်ထားသလို မျက်လုံးလေးကလည်း ရိပေါ်ကို မြတ်မြတ်နိုးနိုးကြည့်တယ်။ တွဲခဲ့တဲ့တစ်လျှောက်လုံး ရှောင်းကျန့်က ဒီလိုစကားမျိုးမပြောခဲ့ဖူးဘူး။
ကျေးဇူးတင်တယ်ဆိုတဲ့စကားဟာ အဓိပ္ပါယ်တစ်ခုပဲရှိတယ်။ ဒါပေမယ့် အခြေအနေပေါ်မူတည်ပြီး ကျေးဇူးတင်ခံရသူရဲ့ ခံစားချက်ဟာ အမျိုးမျိုးကွဲပြားတယ်။ ရှောင်းကျန့်ရဲ့ ကျေးဇူးတင်စကားကိုကြားပြီးနောက် ရိပေါ်တစ်ယောက် မျက်ရည်တွေဝဲလာခဲ့တယ်။
"အိုင်းယား ဒီကောင်လေးကတော့ ဘာလို့ငိုပြန်တာလဲ..."
ရိပေါ်က ရှောင်းကျန့်ရင်ခွင်ထဲကို ခွေးပေါက်လေးတစ်ကောင်လို တိုးဝင်လာတယ်။ ရှိုက်သံမထွက် အသံတိတ်ငိုနေတဲ့ ကောင်လေးရဲ့မျက်ရည်တွေက ဝမ်းသာမျက်ရည်တွေ။
"ချစ်တယ် ကျန့်ကော"
ငိုသံလေးနဲ့ဖွင့်ဟလာတဲ့ ချစ်စကားတစ်ခွန်း။ ငွေမှင်ရောင်မဟုတ်တော့တဲ့ အနက်ရောင်ဆံနွယ်တွေက အရင်လိုပျော့ပျောင်းနေဆဲ။ ထိုဆံပင်တွေကို ပွတ်ပေးနေတဲ့ ရှောင်းကျန့်အပြုံးတွေက လှပလျက်။
"ငါလည်းမင်းကိုချစ်တယ်..."
ထိုနေ့ည ဆိုဂျူဝိုင်းလေးက ခွေးပေါက်လေးရဲ့ခေါင်းကို ခပ်ဖွဖွပွတ်ပေးရင်းနဲ့ပဲ အဆုံးသတ်တယ်။ တအီအီငိုနေတဲ့ကောင်လေးက မရပ်တော့ဘူးလေ။ သူဘယ်လောက်တောင် ဝမ်းသာသွားလဲ ခန့်မှန်းလို့ရတယ်။
စိတ်ထဲပေါ်လာတိုင်း ချစ်တယ်ဆိုတဲ့စကားကိုအမြဲပြောမယ်။ ဒါပေမယ့် ဘယ်တော့မှမရိုးသွားစေရဘူး။ သူတို့၂ယောက်အချစ်က တစ်နေ့တခြား အသစ်သစ်သောခံစားချက်တွေပေါ်လာသလို ချစ်တယ်ဆိုတဲ့စကားလေးကလည်း ထိုခံစားချက်အသစ်တွေနဲ့ ဖွင့်ဟလေသည်။
.
.
.
.
.
.
.
.
.
.
.
လူတိုင်းမှာ အတိတ်ကောင်းနဲ့အတိတ်ဆိုးတွေ ဒွန်တွဲပြီးရှိတယ်။ လူဆိုတဲ့အမျိုးက မကောင်းတာကိုပဲရွေးမြင်တတ်လို့ အတိတ်ဆိုးတွေကိုပဲမှတ်မိနေတတ်တယ်။ ဒါပေမယ့် သေချာပြန်စဉ်းစားကြည့်ပါဦး ကောင်းတာလေးတွေလည်းရှိခဲ့မှာပါ။ သူတို့ကိုလည်း ပုံဖော်ခွင့်ပေးလိုက်ပါ။ ဒါဆိုရင် နည်းနည်းတော့ ခံစားရသက်သာသွားမှာ။
အနားမှာမရှိတော့တဲ့လူတစ်ယောက်ကို သတိရရင် ငိုဖို့ပဲသိတတ်ကြတယ်။ ဟင့်အင်း မငိုပါနဲ့။ သူနဲ့အတူရှိခဲ့တဲ့အချိန်တွေ သူနဲ့ပျော်ခဲ့ရတဲ့အချိန်တွေကို နည်းနည်းပြန်ဖော်ကြည့်ပါ။ အဲလိုပြန်ဖော်ရင်လည်း နာကျင်ရတာပဲဆိုပေမယ့် အနည်းဆုံးတော့ မျက်ရည်တွေကြားက အပြုံးဆိုတာ ပေါ်လာနိုင်တာပဲလေ။ မငိုပါနဲ့....သို့မဟုတ် ငိုနေရင်တောင် အပြုံးမပျက်ပါနဲ့။
"သတို့သား....သတို့သမီးကို နမ်းနိုင်ပါပြီ"
မင်္ဂလာစုံတွဲရဲ့အနမ်းဖလှယ်မှုကို ပရိတ်သတ်တွေက လက်ခုပ်တွေတီးပြီး ကောင်းချီးပေးကြတယ်။ လူတိုင်းရဲ့မျက်နှာမှာ ပျော်ရွှင်မှုတွေထင်ဟပ်နေတယ်။ မင်္ဂလာမောင်နှံကလည်း ပြုံးပျော်လို့။
"ဘယ်သူထင်မှာလဲ ကျောင်းတုန်းက ချိန်လိုက်တိုင်းပါတဲ့ ချိန်ပါကျိုးချန်က အရင်မင်္ဂလာဆောင်သွားလိမ့်မယ်လို့"
"အေး ငါလည်းထင်ကိုမထင်ထားခဲ့တာ"
"ငါမပြောခဲ့ဘူးလား ငါ့ကိုဇွတ်အထင်မသေးပါနဲ့လို့"
"ဟင် နည်းနည်းလေးမမြှောက်ပေးနဲ့ မြောက်ဖို့ချည်းပဲ"
ကျိုးချန်က သတို့သားဝတ်စုံနဲ့ခန့်ညားနေတယ်။ သူငယ်ချင်းတွေက သူ့ကိုပတ်ပတ်လည်ဝန်းရံလို့ အရင်အတိုင်း စနောက်မြဲ။ အထက်တန်းတုန်းက မစွံခဲ့သလောက် အခုတော့ ဘွဲ့ရပြီးတစ်နှစ်ပဲရှိသေးတယ် မင်္ဂလာဆောင်ပြီတဲ့။ ဘယ်လိုတောင်ခြေသွက်လက်သွက်ရှိတဲ့ကောင်လဲ။
"ကျန်တဲ့ကောင်တွေအခြေအနေကရော??"
"ငါကတော့ လက်ရှိခရီးသွားအေဂျင်စီက ကောင်မလေးနဲ့တွဲနေတယ် နောက်ကျမိတ်ဆက်ပေးမယ်"
"ငါလည်းချစ်သူရှိတယ်နော် လက်ဖွဲ့အသင့်ပြင်ထားကြ ငှဲငှဲ"
"တော်စမ်းပါ မင်္ဂလာဖြင့်မဆောင်ရသေးဘူး...ဒါနဲ့ ရိပေါ်ရော?"
အကုန်လုံးအကြည့်တွေက သူ့ဆီရောက်လာပြီမို့လို့ တိတ်တိတ်လေးနေလို့မရတော့ပေ။ ရိပေါ်လည်း ရယ်ကျဲကျဲနဲ့ ရှန်ပိန်ခွက်ကိုအသာလှည့်ရင်း.....။
"ငါကမသိသေးပါဘူးကွာ မင်းတို့ကလည်း"
"အမယ် မိဘသဘောတူထားတာတောင် မသိသေးဘူးလုပ်နေတယ်"
"အေးလေ ငါသာသူ့ကောင်လေးဆို နားရင်းအုပ်ပြီ"
"မင်းကလည်း အားနေဆော်မယ်ဆိုတာချည်းပဲ"
"အဟမ်းဟမ်း သူတွဲနေတာကောင်လေးမဟုတ်ဘူးနော် လူကြီး လူကြီး"
"ဘာ...!!!!"
သူတို့အသံကြောင့်ဧည့်သည်တွေတောင် ဝိုင်းကြည့်လာတယ်။ ကျိုးချန်က အားနာပါးနာရယ်ပြရင်း ရိပေါ်ဘက်ခေါင်းပြန်လှည့်လာတယ်။
"ရိပေါ် ကောချန်ပြောတာတကယ်ပဲလား"
ရှန်ပိန်တစ်ငုံသောက်ရင်း ခေါင်း၂ချက်ငြိမ့်ပြတော့ ပေါ်လာတဲ့ reaction တွေက တကယ့်အခွီ။
ရိပေါ်နဲ့ တက္ကသိုလ်တူပြီး မေဂျာတူတဲ့ ကောချန်ကို ကျောင်းတက်နေစဉ်အတွင်း သူပြောပြခဲ့တယ်။ သူ gay ဖြစ်ကြောင်း တွဲနေတဲ့လူရှိကြောင်း မိဘသဘောတူထားကြောင်းဆိုတာတွေ။ ကောချန်လည်း စစချင်းတော့လန့်သွားပုံရပေမယ့် နောက်တော့ ခပ်ပြုံးပြုံးနဲ့ ရိပေါ်လက်မောင်းကိုထိုးတယ်။ သူပြန်ပြောခဲ့တာ တစ်ခွန်းတည်း။ *ဒါကြောင့် မင်းအထက်တန်းတုန်းက ကောင်မလေးမထားခဲ့တာကိုး* တဲ့။
ကျန်တဲ့လူတွေကိုပြောဖို့ ကောချန်ကပဲအကြံပေးခဲ့တာ။ သူတို့နားလည်ပေးမှာပါတဲ့။ ဒါကြောင့် ငယ်သူငယ်ချင်းအဖွဲ့ကို သူပြောပြဖြစ်ခဲ့တယ်။
ဒါပေါ့ သိသိချင်း အကုန်အံ့သြသွားတာပေါ့။ ဒါပေမယ့် အားလုံးရဲ့အဖြေက တစ်ညီတည်းပြန်ထွက်လာတယ်။ ပွင့်လင်းမြင်သာတဲ့ခေတ်ကြီးမှာ LGBT တွေအတွက် Pride Month လို့တောင် သတ်မှတ်ထားပေးသေးတာပဲ ကိုယ့်သူငယ်ချင်းက gay ဖြစ်နေတာ ဘာမှားလို့လဲတဲ့လေ။ ဒီလိုသူငယ်ချင်းတွေကို ရထားတာကြောင့် ရိပေါ်ဝမ်းသာခဲ့ရပါတယ်။
"ဒါဆို မင်းက အပေါ်လား အောက်လား"
"ဟာ ဒီကောင်!!"
ချင်ပေးရှင် ဆိုတဲ့တစ်ကောင်ကတော့ မေးလိုက်ရင်ဒဲ့တိုးကြီး။ ဒါပေမယ့် သူတို့အကုန်လုံးလည်း သိချင်ကြတယ် မမေးရဲတာလေးပဲ။ မေးလိုက်တော့ ရိပေါ်က ခေါင်းကိုမော့ ဆံပင်ကိုစမတ်ကျကျသပ်လိုက်ရင်း ပြန်ဖြေတယ်။
"သေချာပေါက် ငါကအပေါ်ပဲပေါ့"
"yeahhhh ဒါပဲလေ..!!"
လက်သီးလက်မောင်းတွေတန်းပြီး ကြွေးကြော်နေတဲ့ ငပေါတစ်သိုက်ကိုကြည့်ပြီး ရိပေါ်ရယ်မိတယ်။ ဒီကောင်တွေနဲ့သာဆိုရင်တော့ မရယ်ရတဲ့အချိန်ကိုမရှိဘူး။
"အသက်ကြီးတာတောင် ဒီကောင်ကြွေသွားတယ်ဆိုတော့ တော်တော် attractive ဖြစ်မှာပဲ"
ရိပေါ် စိတ်ထဲကနေကြိတ်ရယ်နေမိတယ်။ ကျန့်ကောက attractive ဖြစ်တာမှန်တယ်။ ဒါပေမယ့် ဆွဲဆောင်မှုရှိတယ်ဆိုတဲ့စကားကြားတိုင်း သူ ရယ်ချင်လာတယ်။ ဘာလို့ဆို လူကြီးဆွဲဆောင်မှုအရှိဆုံးအချိန်က အိပ်ယာပေါ်ကအချိန်မို့လို့။
Advertisement
တွေးလည်းတွေး ခပ်လှမ်းလှမ်းက လူတစ်ချို့နဲ့စကားပြောနေတဲ့ သူ့ကျန့်ကောကိုလှမ်းကြည့်လိုက်တယ်။ suit အပြည့်နဲ့ sexy ကျနေမှုက အခုထိမပြောင်းလဲဘူး။ ကျိုးချန်က သူ့မင်္ဂလာဆောင်ကို ကျောင်းတုန်းကရင်းနှီးတဲ့ ဆရာ ဆရာမတွေပါဖိတ်တာကြောင့် ဆရာတို့တစ်သိုက် စကားလက်ဆုံကျနေခြင်း။
"ပန်းစည်းပစ်မယ့်အချိန်ရောက်ပြီဟေ့!"
သတို့သမီးရဲ့ပန်းစည်းကို အရဖမ်းဖို့ ပျိုမေတို့တစ်သိုက် စိတ်လှုပ်ရှားနေကြတယ်။ ပန်းစည်းလေးဟာ လေထဲမှာမြောက်သွားပြီး ပြန်ကျလာချိန်မှာတော့ ဝမ်ရိပေါ်ခေါင်းပေါ်ကို ဘုတ်ကနဲ! ရုတ်တရက်မို့ လန့်သွားတဲ့ရိပေါ်က ကြောင်တောင်တောင်နဲ့ရပ်နေတယ်။ ပွဲလာပရိတ်သတ်တွေရဲ့ရယ်သံတွေက ခန်းမတစ်ခုလုံးကိုလွှမ်းသွားတယ်။
အဲ့နောက် သတို့သမီးကပဲ ပန်းစည်းကိုလာကောက်ပြီး ရိပေါ်လက်ထဲကို သေချာထည့်ပေးတယ်။ *ဒီတစ်ခါတော့ အစ်ကို့အလှည့်ရောက်ပြီ* တဲ့။ ရိပေါ်ပြုံးလိုက်ရင်း ပန်းစည်းကိုယူလိုက်တယ်။ ဒါပေါ့....သူ့အလှည့်ရောက်ပြီ။ သူစောင့်နေခဲ့တာကြာပြီလေ။
.
.
.
.
.
.
.
.
.
.
.
.
.
.
ဝရံတာကနေ ညရှုခင်းကိုကြည့်နေတုန်း ပခုံးပေါ်ရောက်လာတဲ့ခြုံစောင်လေး။
"ပြန်လာပြီလား စောသားပဲ"
"ဒါတောင် အတင်းဆွဲထားလို့ထွက်ပြေးလာရတာ"
After party က ပြန်လာတဲ့ရိပေါ်ကိုယ်မှာ ယမကာအနံ့ပေါင်းစုံလှိုင်နေတယ်။ ကြိုက်တယ် ရေမွှေးနံ့သင်းနေတဲ့ရိပေါ်ထက် ဒီလိုရိပေါ်ကို သူပိုကြိုက်တယ်။ ကောင်လေးက နေ့ချင်းညချင်းလူကြီးတစ်ယောက် ဖြစ်လာပြီ။ အလုပ်ခွင်ဝင်ပြီး လူ့လောကထဲကို ခြေလှမ်းစနေပြီ။ ငွေမှင်ရောင်ခေါင်းစုတ်ဖွားနဲ့ ဂျစ်ကန်ကန်ကောင်လေးမဟုတ်တော့ဘဲ ခပ်တိုတိုအနက်ရောင်ဆံပင်တွေနဲ့ စမတ်ကျတဲ့ကိုကြီးဖြစ်နေပြီ။
"မင်းက suit နဲ့တော်တော်လိုက်တာပဲ ခွေးပေါက်လေးမဟုတ်တော့ဘူး အရွယ်ရောက်ခွေးကြီးဖြစ်လာပြီ"
"အရွယ်ရောက်ခွေးကြီးတောင် ဖြစ်ရသေးတယ်..."
အရက်နံ့တွေကူးမှာစိုးလို့ထင်ရဲ့။ ရိပေါ်က သူနဲ့ခပ်ခွာခွာရပ်နေတယ်။
"ဒီဘက်တိုးစမ်းပါ"
"နံနေတာနော်"
"ဘာမှမဖြစ်ဘူး လာ ဒီနားကို"
အနားတိုးလာတဲ့ကောင်လေးရဲ့ပခုံးကို ခေါင်းမှီလိုက်တယ်။ ဒီပခုံးလေးကသာ ရှောင်းကျန့်နားခိုရာ.....။
"အင်း အချိန်ကျပြီ"
"ဟင် ဘာအချိန်လဲ"
"၁၂နာရီထိုးပြီလေ"
"ဟမ်"
ရိပေါ် ရှောင်းကျန့်နားက ခွာလိုက်ရင်း ဒူးတစ်ဖက်ထောက်တယ်။ အိတ်ကပ်ထဲက ဘူးအမည်းလေးထုတ်လာတယ်။ သေချာတာပေါ့ propose လုပ်တော့မှာ။ လက်စွပ်ဘူးထုတ်ပြီးနောက် ဘယ်တည်းကဘေးနားချထားမှန်းမသိတဲ့ ပန်းစည်းကိုယူပြီး ရှောင်းကျန့်ကိုပေးတယ်။ သတို့သမီးရဲ့ပန်းစည်းကို အိမ်အထိယူလာတာလား...။
"ဘာလို့ငါ့ကိုပန်းစည်းကိုင်ခိုင်းတာလဲ"
"ဒီပန်းစည်းက ကျွန်တော်မဖမ်းဘဲနဲ့တောင် ခေါင်းပေါ်တည့်တည့်ကျလာတာ ထူးခြားတယ် အဲ့တော့ကိုင်ထား နေဦး လက်စွပ်ဘူးဖွင့်ဦးမယ်"
ရှောင်းကျန့် ရယ်မိတယ်။ ဘယ်လိုတောင် ရိုမဆန်လိုက်တဲ့ propose လဲ။
"ကျန့်ကော"
ကောင်လေးက လက်စွပ်ဘူးကိုကိုင်လို့ ရှောင်းကျန့်ကိုသေချာကြည့်တယ်။ ဘူးထဲကဆင်တူလက်စွပ်လေး ၂ကွင်းက ညအချိန်မှာတလက်လက်။
"ကတိပေးထားတဲ့အတိုင်း ဘွဲ့ရတဲ့အထိကျွန်တော်စောင့်ခဲ့တယ် အခုအလုပ်အကိုင်လည်း အတည်တကျရှိပြီ ကျန့်ကောပြောသလို လူကြီးတစ်ယောက်ဖြစ်လာပြီ"
ရှောင်းကျန့် ရင်တွေခုန်လာတယ်။ ကြိုတင်စီစဉ်ထားခြင်းမရှိတဲ့ romantic မဖြစ်တဲ့ propose~ ဒါပေမယ့် သူ့နှလုံးခုန်သံတွေမြန်လာတယ်။ တုန်ယင်နေတဲ့လက်တွေက ပန်းစည်းကိုကျစ်ကျစ်ဆုပ်ကိုင်မိတယ်။
"ကျွန်တော် ကျန့်ကောရဲ့တရားဝင်ခင်ပွန်းအဖြစ် ကျန့်ကောကလည်း ကျွန်တော့်ရဲ့တရားဝင်ခင်ပွန်းအဖြစ် ဘဝကိုကုန်ဆုံးချင်တယ်"
ရိပေါ်အသံက မဆိုသလောက်တုန်နေတယ်။ ရှောင်းကျန့်ကိုယ်တိုင်လည်း မျက်ရည်တွေဝဲလာတယ်။
"ကျွန်တော့်ကိုလက်ထပ်မယ်မလား ရှောင်းကျန့်"
စကားအဆုံးမှာတော့ ရှောင်းကျန့်မျက်ရည်တွေ ပါးပြင်ပေါ်စီးကျလာတယ်။ သူမငိုဘူးလို့အကြိမ်ကြိမ် တွေးထားခဲ့တာ။ သူ့အရွယ်က propose ကို မျက်ရည်ကျရမယ့်အရွယ်မဟုတ်ဘူး။ ဒါပေမယ့် ဘယ်လိုဖော်ပြရမယ်မသိတဲ့ ခံစားချက်တွေက လူကိုမငိုငိုအောင်ပြုစားတယ်။ လက်ထပ်ခွင့်တောင်းခံရတဲ့ မိန်းကလေးတွေ ဘာလို့ငိုလဲသူအခုသိပြီလို့ထင်တယ်။ ဘယ်အသက်အရွယ်ရောက်ရောက် ကိုယ့်ချစ်သူက ကိုယ့်ကိုလက်ထပ်ခွင့်တောင်းပြီဆိုရင် လူတိုင်းငိုမှာပဲဆိုတာသူသိလိုက်တယ်။
အဆက်မပြတ်ကျနေတဲ့မျက်ရည်တွေကိုသုတ်ပြီး ပြည့်လျှံလာတဲ့ပျော်ရွှင်ခြင်းတွေနဲ့ ခေါင်းမော့လိုက်တယ်။ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီးချိန်မှာတော့ မျက်ရည်ထိန်းနိုင်သွားတယ်။
"အင်း လက်ထပ်မယ် ငါမင်းကိုလက်ထပ်မယ် ဝမ်ရိပေါ်"
ကြည်နူးပီတိတွေနဲ့အတူ ရိပေါ်မတ်တပ်ရပ်လိုက်ပြီး ရှောင်းကျန့်ကို လက်စွပ်ဝတ်ပေးတယ်။ ရှောင်းကျန့်ကလည်း ရိပေါ်ကိုပြန်ဝတ်ပေးတယ်။ ရိုးရှင်းပြီးပုံကျတဲ့ ရွှေရောင်လက်စွပ်လေးတွေရဲ့ အတွင်းဘက်မှာ နာမည်လေးတွေထိုးထားတယ်။ ရှောင်းကျန့်လက်စွပ်လေးမှာ Y ရိပေါ်လက်စွပ်မှာက X
"ဒါဆို ငါက ဝမ်ကျန့်ဖြစ်တော့မှာပေါ့"
"ဟင့်အင်း ကျွန်တော်က ရှောင်းရိပေါ်ဖြစ်လာမှာ"
"ဘယ်လို??"
"အိမ်ထောင်စုဇယားမှာတော့ ကျွန်တော့်မိသားစုထဲဝင်စေချင်တယ် ဒါပေမယ့် မျိုးရိုးနာမည်ကိုတော့ ကျန့်ကောမျိုးရိုးနာမည် ကျွန်တော်ယူချင်တယ် ဒီနိုင်ငံမှာလက်ထပ်လို့မရလို့ အဖေက ပြင်သစ်သွားဖို့စီစဉ်ပေးထားတယ် အိမ်ထောင်စုဇယားကတော့ ကျန့်ကောအဖေက ကြည့်စီစဉ်ပေးမယ်တဲ့"
ရှောင်းကျန့် အပြုံးတစ်ပွင့်နဲ့ပဲ ပြန်ဖြေတယ်။ အဲ့နောက် ပန်းစည်းကိုင်လျက်နဲ့ပင် ရိပေါ်ပခုံးကိုသိုင်းဖက်ပြီးနမ်းလိုက်တယ်။ အနမ်းတွေဟာအချိန်တိုင်းမှာ ချိုမြိန်တယ်။ ဘယ်အချိန် ဘယ်နေရာဖြစ်ဖြစ် ၂ယောက်အတူရှိနေချိန်တိုင်းက ကြည်နူးစရာတွေချည်းပဲ။ ရန်ဖြစ်ရင်တောင်မှ စိတ်ပြေသွားရင် ရန်ဖြစ်တာတွေကိုပြန်ပြောပြီး ရယ်နေရတာမျိုး။
အနမ်းတွေကြား ရှောင်းကျန့်သတိရမိတာ ရိပေါ်ပြောဖူးတဲ့စကားအချို့။ အသက် ၂၁ နှစ်မှာ စခဲ့တဲ့ပျော်ရွှင်ခြင်းတွေဟာ အသက် ၈၁ အထိလည်း ပါသွားနိုင်တယ်။ အသက်ရှင်နေသရွေ့ကတော့ ဒီပျော်ရွှင်ခြင်းတွေ ရပ်တန့်သွားမှာမဟုတ်ဘူး။
အင်း ဟုတ်တယ် ရှောင်းကျန့်အတွက်ဆိုရင်တော့ အသက် ၃၄ နှစ်က စခဲ့တဲ့အချစ်တွေဟာ နောက်ဆုံးအချိန်အထိပါသွားနိုင်တာပေါ့။ ရိပေါ်ပေးတဲ့အချစ်တွေက အဆုံးထိရှိနေမယ်လို့ သူယုံကြည်တယ်လေ။
Chapter 6.2 END
=================================
Thank you for your support, mina san~~ This fiction reached 1K votes.
The original doujinshi is available on Mangago.com. You can go read it if you'd like to. Search it on google and you'll find the link.
Chapter 1 to 6 နဲ့ 6.1 တစ်ဝက်က မူရင်းကဖြစ်ပြီး 6.1 တစ်ဝက်နဲ့ 6.2 တစ်ခုလုံးကတော့ ကျွန်တော့်လက်ရာဖြစ်ပါတယ်။
သူတို့၂ယောက်က နှင်းလျှောစီးတာအတူသွားချင်နေကြတယ်။ သို့ပေမယ့်အောင်မြင်လာပြီမို့လို့ အလုပ်ပိုများလာပြီး အခုထိမသွားကြရသေးဘူး။ ဒါကြောင့် fiction ထဲမှာဖြစ်ဖြစ် အတူသွားတာမျိုးဖန်တီးပေးလိုက်တာ။ နောက်တစ်ခု "အသက် ၂၁ နှစ်မှာ စခဲ့တဲ့ပျော်ရွှင်ခြင်းတွေဟာ အသက် ၈၁ အထိလည်း ပါသွားနိုင်တယ်" ဆိုတာ အပြင်မှာလည်း ရိပေါ်တကယ်ပြောခဲ့တဲ့စကားပါ။
The Untamed စရိုက်စဉ်က ရိပေါ်အသက် ၂၁ နှစ် ရှောင်းကျန့်နဲ့စတွေ့ခဲ့တဲ့အချိန်။ ဒီကောင်လေး သူ့အစ်ကိုကို ဘယ်လောက်သံယောဇဉ်ရှိလဲ ဒီစကားနဲ့တင်လုံလောက်တယ်။
ဒီလို type မျိုးလေးတွေကြိုက်တယ်ဆိုရင် နောက်ထပ် manga အတိုလေးတွေ မှီငြမ်းရေးဖို့စဉ်းစားပေးပါမယ်။
ကျေးဇူးတင်လျက်
Hwan Tianyi
Advertisement
- In Serial83 Chapters
Sweet Bastard
Lisa and her boss, Alessandro, agree to spite their exes by pretending to date, but things begin to backfire when fake feelings become real along the way. *****For two years, Lisa Brooks worked as a secretary to the powerful self-made billionaire, Alessandro Russo. He hardly noticed her, and to him, she was nothing more than a co-worker who wore conservative clothes, a tight bun, and followed his orders. But when Lisa's heart gets broken by her first love and Alessandro starts to lose his willpower to avoid Gretchen (his ex-girlfriend and now-client's wife), they decide to help each other out by fake dating. I mean, how hard can it be to not fall in love? [[word count: 100,000-150,000 words]]Cover designed by Ashley Santoro
8 227 - In Serial6 Chapters
Rescued - Jungkook X Reader - COMPLETED
an abusive father. a broken past. you take a risk and escape from it all but you land yourself in a worse positionone night, everything changes when one of the worlds most feared mafia leaders Jeon Jungkook rescues you. how will you cope? have you really been RESCUED?a story of love, suspense and sadnessStarted - 16/10/18Completed - 06/12/18highest rankings : #1 - Rescued#2 - Jungkook#1 - New Beginnings#2 - Pregnancy#2 - Fluff
8 186 - In Serial10 Chapters
Hanami
A hard-working young man, who is barely making ends meet, meets a wealthy young girl, diagnosed with the infamous princess syndrome. Follow these ill-fated soulmates through their countless hurdles to find true love.
8 207 - In Serial72 Chapters
The Wanted Wife: Daddy, Mommy Escapes Again!
The whole life of Li Jingzhi could be concluded with one sentence: His ups and downs in life is all due to Si Luoming. When he was young, he dreamed to be a person like him…Till the end she finds that he hated her, especially when she "murdered" the one in his heart indirectly. Since then, he has never hidden his hatred for her. And then she knows her life has already been messed up all these years… Read all of the latest chapters The Wanted Wife: Daddy, Mommy Escapes Again! on Flying Lines.
8 229 - In Serial33 Chapters
The Beach House • JB
Winnie Stone is an aspiring author who is working on her first romance novel.Justin Bieber is a millionaire of Beverly Hills who wants time away from the fame.When they both decide to rent a beach house in Santa Monica, it turns out to be a disaster when their realtor sells them the same beach house for the summer.Now, forced to stay under the same roof, these opposites must attract in order for Winnie to write her novel and for Justin to get time to relax.Will they learn to get along without killing each other? Or will this summer be the worst one for both of them?COPYRIGHT © 2018 SUCKINGBIEBER| HIGHEST RANKING:#1 IN JUSTINBIEBER#1 IN JUSTINBIEBERFANFICTION |
8 113 - In Serial48 Chapters
The Players BestFriend
" I can't believe you cheated on me!" I yelled, causing more people to stare. "You should have seen it coming, Kylie! You know girls find me irresistible!" Austen smirked. Austen and Kylie were the perfect couple. At first, Kylie was reluctant to date Austen because he was known as the school's biggest playboy, but he finally convinced her. Six months later, she caught him in the janitors closet with her biggest nemesis, Britney. The next day, Kylie's dad received a huge job offer he couldn't refuse. She was forced to move to Miami, Florida but kind of liked the idea of starting over. Little did she know, just two months later, the company was going to be moved to Los Angeles, California, her home town. Kylie had already made new friends and was finally starting to enjoy life. On her first day back, she meets a jerk who she presumes is just another one of Austen's friends. As time goes on, does this guy prove to be the newest playboy or the biggest sweetheart?
8 276

