《Today, tomorrow and the day after ||Completed||》Chapter 6.1 (zawgyi)
Advertisement
ဘယ်တုန်းကအိပ်ပျော်ပြီး ဘယ်လိုနိုးလာတယ်မသိ။ စားပွဲပေါ်ကနာရီကို ကြည့်မိတော့ နေ့လည် ၂နာရီ။ wow သူလောက်တောင် အိပ်ပျော်သွားတာလား...။ တိတ်ဆိတ်နေတဲ့အခန်းထဲ အပျင်းကြောဆန့်၊ စောင်ပုံထဲတစ်ပတ်လှိမ့်ရင်း မှောက်ရက်လှဲလိုက်တယ်။ ဘေးမှာ သူ့လိုပဲ စောင်ပုံထဲမှာအိပ်စက်နေတဲ့လူတစ်ယောက်....။ မျက်နှာကို ဟိုဘက်လှည့်အိပ်နေတာမို့ ပြေပြစ်တဲ့ jawline က အထင်းသားပေါ်လွင်နေတယ်။
ချစ်တဲ့ရှောင်းကျန့်.....။
နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ချစ်သူကို ငေးကြည့်နေရင်း မနေ့ညက မြင်ကွင်းတွေ တစ်ခုပြီးတစ်ခု အာရုံထဲပေါ်လာတယ်။
.
.
.
[there will be a bit of matured scenes. Well, I realize nobody won't skip this so just enjoy ^^]
တစ်ခါမှမမြင်ဖူးတဲ့ ရှောင်းကျန့်ရဲ့ cute side ကို အခုလိုစောစောစီးစီးမြင်ရမယ်လို့ ဘယ်တုန်းကမှမထင်ခဲ့။ ပြေပြစ်သွယ်လျတဲ့ခန္ဓာကိုယ်ဟာ ရှက်စိတ်ကြောင့် အနည်းငယ်ရဲနေတယ်။ muscle အဖုအထစ်မရှိဘဲ ကျစ်လျစ်တောင့်တင်းသော ရင်ဘတ်နဲ့ဗိုက်သားချပ်ချပ်လေးကို ခပ်ဖွဖွနမ်းရှိုက်တဲ့အခါ တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းလွှာကနေ ခပ်တိုးတိုးညည်းတယ်။
ရိပေါ်ရဲ့ချစ်သူလေးက အမျိုးမျိုးအဖုံဖုံ ဆွဲမက်ဖွယ်ကောင်းတယ်။ ပြုံးရယ်နေတဲ့ရှောင်းကျန့်က အလှဆုံးဆိုရင် အိပ်ယာပေါ်ကရှောင်းကျန့်က ဆွဲဆောင်မှုအရှိဆုံး။
ရိပေါ်အငယ်ကောင်က အထဲကို အဆုံးထိဝင်သွားချိန် စိတ်တင်းထားတဲ့ရှောင်းကျန့်ရဲ့ အသက်ရှူသံက ပိုကျယ်လာရဲ့။ မျက်လုံးတွေပေါ် ကာထားတဲ့လက်ကို ရိပေါ်ဆွဲယူလိုက်တော့ manga ထဲကလိုရှက်သွေးဖြာနေတဲ့ မျက်နှာလေးကိုမြင်ရတယ်။
"အဆုံးထိရောက်သွားပြီ..."
"umm...သိတယ်..ဖြည်းဖြည်းချင်းလုပ်"
ရိပေါ် ခါးကိုဖြည်းဖြည်းချင်းလှုပ်ရှားတယ်။ ညည်းသံသဲ့သဲ့နဲ့အတူ ရှောင်းကျန့်လက်တွေက ခေါင်းအုံးတွေကို ဆုပ်ချေတယ်။ ဖွေးဥနေတဲ့ပေါင်တံတွေကို အသာကိုင်ရင်း ရိပေါ် ဖြည်းဖြည်းနဲ့မှန်မှန် လှုပ်ရှားတယ်။ တိုးလျတဲ့ညည်းသံလေးက ရိပေါ်စိတ်ကိုပိုဆွနေသလို...။
"ကျန့်ကော..."
ချစ်သူဖြစ်ပြီးနောက် ဆရာလို့မခေါ်ချင်တဲ့ကောင်လေးက ဒီအခေါ်အဝေါ်သစ်လေး သုံးတယ်။
စုံမှိတ်ထားတဲ့ရှောင်းကျန့်မျက်လုံးတွေ ပွင့်လာချိန် ချွေးစို့နေသော အလွန်ယောက်ျားပီသသော ၀မ်ရိပေါ်ကို မြင်ရတယ်။ ခပ်ညစ်ညစ် အပြုံးလေးတစ်ခုဖန်တီးလိုက်ရင်း ကိုယ်ကိုအသာကြွကာ ရိပေါ် လည်ပင်းတစ်ဝိုက်ကို လက်တွေနဲ့ဖက်တွယ်တယ်။
"ရိပေါ်...ကောင်းလား.."
လေသံတိုးတိုးနဲ့ နားရွက်နား ကပ်မေးလိုက်တော့ မွေ့ယာကိုအားပြုထားတဲ့ ရိပေါ်လက်တွေတင်းကနဲ။ အခုမှလူပျိုရည်ကုန်ကာစ ကောင်လေးကို မထိတထိဆွရတာ ကျေနပ်နေတဲ့ရှောင်းကျန့်.... ဒါလောက်နဲ့မရပ်သွား။ နားရွက်နီနီလေးတွေကိုပါ ဖွကိုက်တယ်။
"ငါ့ထဲနေရတာကောင်းလား ရိပေါ်...အထဲကရော နွေးနေလား.."
ဒီဆရာကတော့ ၀မ်ရိပေါ်ကို သွေးတိုးလာစမ်းနေတာပဲ.....။
မခံနိုင်တော့တဲ့ရိပေါ်က ရှောင်းကျန့်ကျောပြင်ကိုဖက်ပြီး လှဲချတယ်။ ပခုံးတွေကနေ တင်းနေအောင်ဖက်ထားပြီး ခပ်မြန်မြန်နဲ့ ခပ်ကြမ်းကြမ်းဆောင့်တယ်။
"အ! ရိပေါ်....ဖြည်းဖြည်း..အား!!"
ဆွတုန်းကလာဆွပြီး အခုမှဖြည်းခိုင်းလို့ရမယ် ထင်နေလား? ကျောပြင်ကိုဖက်ပြီးသာ အော်ညည်းနေလိုက် ရပ်ပေးဖို့စိတ်ကူးမရှိဘူး။
"၀မ်ရိပေါ်..."
"ကျွန်တော်ရှိတယ်လေ.. ha..ကျွန်တော်ဒီမှာ ကျန့်ကောနဲ့ ချိတ်ဆက်ထားတယ်"
"မဟုတ်...umm! အရမ်းမမြန်..uh~"
ဘယ်သူထင်မှာလဲ ဆရာရှောင်းကျန့်က ဒီလိုချစ်စရာကောင်းတဲ့အသံလေးတွေ အော်တတ်မယ်ဆိုတာ...။
ကျောပြင်က စပ်ဖျင်းဖျင်းခံစားချက်အရ ရှောင်းကျန့် ရိပေါ်ကိုကုပ်ဖဲ့နေပြီ။ ရိပေါ်ကလည်း ရှောင်းကျန့်ရဲ့ပခုံးတွေကို ဖိကိုက်ရင်း အရှိန်ကိုပိုမြန်လိုက်တယ်။ အောက်က ရှောင်းကျန့်မှာတော့ ပလုံစီနေတဲ့ညည်းသံတွေကြား ရိပေါ် နာမည်ကိုခေါ်နေရင်း အရှိန်လျှော့ခိုင်းနေရဲ့။ ပါးစပ်ကသာ ဖြည်းဖြည်းလုပ်ခိုင်းနေတာ ခပ်မြန်မြန်ဆောင့်ချက်တွေကြား ရိပေါ်ပခုံးကိုမလွတ်တမ်း ဖက်တွယ်ရင်း သာယာနေသူက ရှောင်းကျန့်ကိုယ်တိုင်ပင်..။
"ကောင်းလား ကျန့်ကော...."
"uh...umm"
"ကောင်းလားလို့..."
"အင်း...ကောင်းတယ်"
မောဟိုက်သံလေးနဲ့ သူ့မျက်လုံးတည့်တည့်ကြည့်ဖြေတဲ့ ရှောင်းကျန့်ကြောင့် ရိပေါ်ရူးမတတ်ပဲ။ ခပ်ဟဟနှုတ်ခမ်းလေးကို အရှိုက်တမက်စုပ်ယူသုံးဆောင်တော့ ဆံပင်တွေကြားလက်ထိုးဖွလာတဲ့ လက်သွယ်သွယ်တွေ...။ အချိန်အတော်ကြာလှုပ်ရှားပြီးနောက် ကျေနပ်သွားတဲ့ညည်းသံအချို့နဲ့ သာယာမှုဂိတ်ဆုံးသို့။
"ကျန့်ကော ချစ်တယ်"
"ကောင်စုတ်လေး..."
ကောင်စုတ်လေးလို့ခေါ်တဲ့ ထိုနှုတ်ခမ်းတွေကို ရိပေါ် စွဲစွဲမက်မက် ဖိနမ်းပစ်လိုက်သည်။
.
.
.
//fuck...........ကောင်းလွန်းလို့ သေလောက်တယ်//
ခေါင်းအုံးကြားထဲ မျက်နှာနှစ်ပြီး မွေ့ယာခင်းကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လိုက်တယ်။ ပြန်တွေးရုံနဲ့တင် အောက်ကအငယ်ကောင်က တင်းမာလာတဲ့အထိကို ကောင်းတယ်။ ရိပေါ်ရဲ့ first time က နတ်ပြည်တမျှသာယာလွန်းတာ ပြစ်မှုတော့ မမြောက်လောက်ပါဘူးနော်။
အိပ်မှုန်စုံဝါးရှောင်းကျန့်က ရိပေါ်ဘက် စောင်းအိပ်တယ်။ ရိပေါ်ကတော့ မှောက်ရက်အနေအထားနဲ့ပဲ ရှောင်းကျန့်ဘက် မျက်နှာမူလိုက်တယ်။
"အိပ်ယာနိုးတာတောင် ဆွဲဆောင်မှုရှိနေတယ် ဒီ sexy teacher ကတော့...."
"မင်းဒါပဲပြောနေ..."
ရှောင်းကျန့်က သူ့ငွေမှင်ရောင်ဆံပင်တွေကို လာဖွတယ်။ ဆံပင်တွေကအိနေတာပဲ ဆိုတဲ့အကြောင်းပြချက်နဲ့ ခေါင်းလာလာဖွတာက ရှောင်းကျန့်ရဲ့အကျင့်တစ်ခု။ နှုတ်ခမ်းကမှဲ့လေးက ချစ်စရာလေးလို့ အကြောင်းပြပြီး ခဏခဏနမ်းတဲ့ရိပေါ်လည်း အတူတူနဲ့အနူနူ။
"ဘာတွေတွေးနေတာလဲ"
"မနေ့ညကအကြောင်း.."
"ဘယ်လိုလဲ မင်းစိတ်ကူးထားတာနဲ့ထပ်တူကျရဲ့လား"
"စိတ်ကူးထားတာထက်ကို ကောင်းလွန်းလို့ရူးမတတ်ပဲ ဘာလို့အဲလောက်တောင်မိုက်ရတာလဲ လုံးဝမယုံနိုင်အောင်ပဲ"
"အင်း....တော်သေးတာပေါ့"
"ဘာလို့တော်သေးတာလဲ"
"သြော်... ငါကမင်းစိတ်ကူးထားတာလောက်မှ မကောင်းရင်မဖြစ်ဘူးလေ စိတ်ကူးယဉ်တာကိုတောင် လိုက်မမှီရင် ခံပြင်းစရာ"
Advertisement
ရှောင်းကျန့်စကားကြောင့် ရိပေါ် နှုတ်ခမ်းထော်လိုက်တယ်။
"ကျန့်ကောက ဘယ်အရာမဆို တစ်ပန်းသာနေတာပဲ... ဘာစိုးရိမ်စရာရှိလဲ"
"မင်းမကျေနပ်မှာစိုးရိမ်တယ်လေ အခုမှလူပျိုပေါက်စလေးကို တွဲနေတဲ့ငါလည်း စိတ်ပူစရာရှိတာပေါ့ တော်ကြာငါ့ကိုဦးလေးကြီးဆိုပြီး...."
"ဦးလေးကြီးမဖြစ်သေးပါဘူး အစ်ကိုပါ ရှောင်းကျန့်ကောလေ... ကျွန်တော့်ရဲ့ ကျန့်ကော"
"ဟုတ်ပါပြီ တပည့်ဟောင်းလေးရယ် ငါ့ကိုမအိုသေးဘူးမြင်ပေးလို့ ကျေးဇူးတင်တယ်"
ပြုံးနေပြန်ပြီ....။ အဲလိုပြုံးရင်မနေတတ်ဘူးဆိုတာ ဒီဆရာဟောင်းက မသိတာလည်းမဟုတ်။ illegal smiles တွေနဲ့ လူကိုပစ်ခွင်းသိမ်းပိုက်နေတာကို တိုင်ချက်ဖွင့်လို့ကလည်းမရ။
ရိပေါ် ဘေးစောင်းအိပ်ရင်း လှုပ်တုတ်လှုပ်တုတ်နဲ့ ရှောင်းကျန့်ရင်ခွင်ထဲ ခေါင်းတိုးဝင်တယ်။ ရိပေါ်အပြုအမူကြောင့် ရှောင်းကျန့်တစ်ယောက် ကြည်နူးပီတိအပြုံးလေးပြုံးရင်း ရင်ခွင်ထဲက ခေါင်းစုတ်ဖွားလေးကို ပွေ့ဖက်လိုက်တယ်။
ကျောင်းဆောင်နောက်က ခေါ်လာခဲ့တဲ့ကြောင်ရုပ်ဆိုးလေးနာမည်က ကျန့်ဝမ်။ နာမည်မှဲ့ပေးသူကတော့ ၀မ်ရိပေါ်။ ကြောင်ထီးလေး ကျန့်ဝမ်က အခုထိ ရိပေါ်နဲ့မတည့်။ ကျန့်ကောကိုပဲကပ်သည် ကျန့်ကောကိုပဲချွဲသည်။ ကျန့်ဝမ်ကချွဲလိုက် ရိပေါ်ကချွဲလိုက်နဲ့ ရှောင်းကျန့်တစ်ယောက် ပြေးပေါက်မရှိ။
"ကျန့်ကော သွားမယ်လေ"
"အင်း မင်းထမင်းဘူးပါပြီလား"
"ပါတယ် ပါတယ်"
တက္ကသိုလ်ကျောင်းသားလေး ရိပေါ်က သူ့ချစ်သူရှောင်းကျန့်ကို မနက်တိုင်း ဆိုင်ကယ်နဲ့ကျောင်းလိုက်ပို့တယ်။ ဆရာ image ထိန်းဖို့ကျောင်းနားအထိတော့ လိုက်မပို့ရဘူးပေါ့။ ရှောင်းကျန့်က ရိပေါ်ကျောင်းဟောင်းလေးမှာပဲ စာဆက်သင်တယ်။ ရိပေါ်ကတော့ နည်းပညာတက္ကသိုလ်မှာ network ပိုင်းဆိုင်ရာကိုလေ့လာနေတယ်။
သူတို့၂ဦးဆက်ဆံရေးကို ရှောင်းကျန့်မိဘတွေက စောစောစီးစီးသိသွားတယ်။ သိတဲ့အတိုင်း နေရာတကာပါတတ်တဲ့ အသိမိတ်ဆွေဆိုတာတွေက အချွန်နဲ့ပင့်ကြတယ်လေ။
အသက်အရမ်းကွာနေတာရယ် ဆရာတပည့်ဆိုတာကြောင့်ရယ် အဓိက ယောက်ျားလေးဖြစ်နေတာကြောင့်ရယ် ရှောင်းကျန့်မာမားက ကန့်ကွက်ခဲ့တယ်။ နောက်ပိုင်း ရှောင်းကျန့်ရဲ့ဖျောင်းဖျမှုကို နားဝင်သွားချိန်မှသာ မိဘ၂ယောက်လုံး ခေါင်းငြိမ့်ခဲ့တယ်။ ရိပေါ်ရဲ့ လိမ္မာပါးနပ်မှုတွေလည်းပါတာပေါ့။
ဝမ်မာမားကိုတော့ ရိပေါ်ကိုယ်တိုင်ဖွင့်ပြောခဲ့တယ်။ ၀မ်မာမားက သိသိချင်းပဲ ရှောင်းကျန့်ကိုခေါ်တွေ့ပြီး ဘာလုပ်တယ်ထင်လဲ။
ဒီရေခဲတုံးကိုအရည်ဖျော်ပေးလို့ ကျေးဇူးတင်ကြောင်း၊ ဆရာ့လက်ထဲယုံယုံကြည်ကြည်အပ်ပါကြောင်း ပြောပြီး ထိုးထည့်တော့တာ။ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ရိပေါ်ကို သေချာထိန်းကွပ်ပေးမယ် ပျော်အောင်ထားမယ်ဆိုရင် သဘောတူပြီးသား။ လူကောင်းလူမွန်နဲ့တွေ့ပြီး သေချာအခြေချစေချင်တဲ့ ဆန္ဒပဲရှိပါသတဲ့။
အခုတော့ ရှောင်းကျန့်ရဲ့အိမ်လေးမှာ ၂ယောက်အတူနေနေတာ တစ်နှစ်ရှိပြီ။ ၂ယောက်နေလို့ရအောင် ထပ်ချဲ့ထားတဲ့အိမ်လေးက ပိုလို့တောင်ချစ်စရာ။
ဝမ်ရိပေါ်က ဘာကိုမှစိတ်ဝင်စားပုံမရဘူးလို့ တွေးခဲ့တဲ့ရှောင်းကျန့်မှားတယ်။ ရိပေါ်က ဆိုင်ကယ်စီးရတာအရမ်းကြိုက်တာ။ ပြိုင်ပွဲတွေလည်းဝင်ပြိုင်တယ်။ အရမ်းလည်းတော်တယ်။ အထက်တန်းတည်းက ဆိုင်ကယ်နဲ့ကျောင်းလာတာကို အချိန်ပိုရအောင်လို့ထင်ခဲ့တာ တကယ်တမ်း ရိပေါ်က ဆိုင်ကယ်ကိုအရမ်းအရမ်း သဘောကျတဲ့ကောင်လေး။ အခုဆိုလူငယ်ပြိုင်ပွဲတွေမှာ အမြဲထိပ်ဆုံးကပြေးနေသော Tracer 85 ဆိုတာ ၀မ်ရိပေါ်ပင်။
စကိတ်ဘုတ်စီးရတာကိုလည်း ကြိုက်သေးတယ်။ တစ်ယောက်တည်းဆို စကိတ်ဘုတ်စီးပေမယ့် ရှောင်းကျန့်နဲ့ဆို ဖိနပ်နဲ့စကိတ်စီးတယ်။ အစတုန်းက တဘိုင်းဘိုင်းလဲတဲ့ရှောင်းကျန့်ကို ရိပေါ်ကလိုက်ထူရင်း ရယ်လိုက်မောလိုက်နဲ့ အချိန်ကုန်တယ်။ အခု ရှောင်းကျန့်စီးတတ်သွားချိန်မှာတော့ romanctic ဖြစ်လွန်းလို့ စကိတ်ကွင်းဟာ ချစ်သူ၂ဦးရဲ့ ချိုမြိန်မှုတွေအပြည့်။
"ဒီနေ့ရော အိမ်ပြန်နောက်ကျမှာလား"
"နောက်ကျမယ် အချိန်ပို train ရမှာမို့လို့"
"ဘယ်အချိန်ပြီးမလဲစာပို့ထား ညစာတစ်ခုခုပြင်ထားပေးမယ်"
"ဟုတ်"
ဖြေသံနဲ့အတူ ခပ်နွေးနွေးအနမ်းတစ်ပွင့်က ပါးပေါ်ရောက်လာတယ်။ ရှောင်းကျန့် လန့်ပြီး ပတ်ဝန်းကျင်ကိုချာချာလည်ကြည့်လိုက်ရင်း...။
"ဘာလုပ်တာလဲ ကျောင်းသားတစ်ယောက်ယောက် မြင်သွားရင် ဘယ်လိုလုပ်မလဲ"
"ဘယ်သူမှမရှိလို့နမ်းတာလေ ဘာလဲ ကျောင်းသူလေးတွေမြင်ပြီး မ၀န်းရံကြမှာစိုးလို့လား ဆရာရှောင်းကျန့်?"
"တိတ်စမ်း အဆိုးလေး သွားစရာရှိတာသွား ဂရုလည်းစိုက်ဦး"
"ဟုတ် ကောကော"
ဝမ်ရိပေါ်ရဲ့မျက်နှာက ပြုံးဖြီးနေတာများ... သူလုပ်ချင်ရာလုပ်ရတော့ ပျော်ရွှင်နေတာ။
ရှောင်းကျန့် မျက်မှန်တစ်ချက်ပင့်လိုက်ပြီး ကျောင်းဘက်ကိုဆက်လျှောက်သွားတယ်။ ကျောင်းသူလေးတွေကတော့ ကျောင်းဝန်းထဲခပ်ပြုံးပြုံးနဲ့ ၀င်လာတဲ့ဆရာကို ငေးကြည့်နေကြတယ်။ ဆိုင်ကယ်မောင်းနေတဲ့ ၀မ်ချိုချိုရဲ့မျက်နှာကလည်း တပြူံးပြုံး။
_________________________________________________________________________
ရှောင်းကျန့် စာတမ်းတစ်ခုကိုအာရုံစိုက်ဖတ်နေတယ်။ အာရုံစိုက်ဖတ်နေရတယ်ဆိုတည်းက ဘေးနားမှာနှောင့်ယှက်တဲ့လူရှိလို့။ ဟုတ်တယ် သူ့ရဲ့ချစ်တပည့်ဟောင်းလေး ၀မ်ရိပေါ်။ တစ်အိမ်တည်းအတူနေပြီး တစ်ယောက်တည်းလွမ်းဆွေးနေတဲ့ ကိုယ်တော်လေး။
အခုလည်းကြည့် ရှောင်းကျန့်လိုဂလန်ဂလားကို သူ့ခြေထောက်တွေကြားညှပ်ပြီး ရင်ခွင်ထဲပိုက်ထားတယ်။ ရှောင်းကျန့်က အခု ၀မ်ရိပေါ်ရင်ခွင်ထဲ ဘေးစောင်းအနေအထား။ ဒိအတိုင်းထားလားဆိုတော့လည်းမဟုတ်။ နားရွက်ကိုဖွဖွကိုက်လိုက် လည်ပင်းတွေကိုစုပ်နမ်းလိုက်နဲ့ အငြိမ်မနေနိုင်ဖြစ်နေတယ်။
"ရိပေါ် ငါစာဖတ်ပါရစေလား..."
"ဖတ်လေ"
လေသံတိုးတိုးနဲ့ပြန်ဖြေပြီး ရှောင်းကျန့်ပါးကိုတောင် နမ်းလိုက်သေးတယ်။ ဆရာမဟုတ်တော့ဘူးဆိုပြီး အတင့်ရဲနေတာပဲ.....။ အခုမှတွဲတာ တစ်နှစ်ပဲရှိသေးတယ် လူကိုသူ့စိတ်တိုင်းကျခြယ်လှယ်နေတယ်။
"မင်းငြိမ်ငြိမ်မနေတော့ ငါအာရုံမရဘူးလေ ခဏလောက်ငြိမ်နေပေး"
ရိပေါ်ရဲ့အနမ်းက နှုတ်ခမ်းပေါ် ပြွတ်စ်ကနဲရောက်လာတယ်။ ခဏကြာကြာဖိကပ်ပြီးနောက်မှ ရိပေါ်လွှတ်ပေးလာတယ်။ နူးညံ့အိစက်တဲ့အထိအတွေ့ဟာ ရှောင်းကျန့်အာရုံတွေကို ပိုလို့တောင်ထွေပြားသွားစေတယ်။
"ကျန့်ကောက ကျွန်တော့်ကိုနမ်းတာကလွဲ ဘာမှပေးမလုပ်တော့ ကျွန်တော်ကနမ်းပဲနမ်းရတာလေ ဘာလဲ နမ်းတာတောင်ပိတ်ပင်တော့မှာလား"
"ကျန်တဲ့အချိန်နမ်းလို့ရတယ်လေ ငါစာလုပ်နေချိန်လေးတော့ငြိမ်နေပေးလေ"
"ကောက ဘယ်တုန်းကအားလို့လဲ အမြဲစာတွေနဲ့လုံးနေပြီးတော့...."
နှုတ်ခမ်းဖူးဖူးက တဖြည်းဖြည်းစူလာတယ်။ အဲ့နှုတ်ခမ်းကိုငုံထွေးပစ်လိုက်ချင်တဲ့စိတ်ကို ရှောင်းကျန့်မျိုသိပ်ရင်း လက်ထဲကစာရွက်နဲ့ ခေါင်းကိုဖွဖွရိုက်လိုက်တယ်။ အရိုက်ခံရလို့ ပိုစူပုတ်လာတဲ့ ကောင်လေးက ခွေးပေါက်လေးတစ်ကောင်လို ရှောင်းကျန့်ရင်ခွင်ထဲတိုးဝင်တယ်။
"အိုင်းယား လာချွဲပြန်ပြီ သူ့ကိုယ်လုံးကြီးနဲ့"
ပါးစပ်ကသာ ပကျိပကျိပြောတာ လက်တွေကကောင်လေးရဲ့ခေါင်းကို ခပ်ဖွဖွပွတ်ပြီးသား။
"ကျန့်ကော ကျွန်တော်တို့ဘာလို့ လက်မထပ်သေးတာလဲ"
ရိပေါ်က ဒီမေးခွန်းကို ခဏခဏမေးတတ်တယ်။ မေးတိုင်းလည်း ရှောင်းကျန့်အဖြေက တစ်ခုတည်း။
"မင်းငယ်သေးလို့လေ"
"၂ဖက်လုံးကသဘောတူတာကို ကျွန်တော်ငယ်လည်းကိစ္စမရှိဘူးမလား"
"ကိစ္စရှိတယ် ကောင်လေးရေ မင်းကျောင်းပြီးလို့အလုပ်သေချာရမှ လက်ထပ်မယ် ဒါမှငါ့ယောက်ျားက ဘာအလုပ်လုပ်တာလို့ ကြွားရမှာလေ တက္ကသိုလ်ကျောင်းသားလေးကို လက်ထပ်ထားပါတယ်ဆိုတာ ပြောကောင်းလို့လား"
"ကျန့်ကော မနောက်နဲ့ဗျာ!"
ရိပေါ်က စိတ်ဆိုးပြီးခေါင်းထောင်လာတယ်။ ရှောင်းကျန့်က တဟားဟားရယ်ရင်း ကောင်လေးရဲ့နှုတ်ခမ်းကို အသာဖိနမ်းတယ်။
"ငါမင်းကိုငယ်တယ်မတွေးဘူး ဒါပေမယ့် အသက်အရွယ်အရ မင်းက လူငယ်ပဲရှိသေးတယ် အခုမှလောကကြီးထဲခြေဆန့်ဖို့ ကြိုးစားနေတာ အိမ်ထောင်ပြုထားတယ်ဆိုတာကြီးနဲ့ မချုပ်ချင်ဘူး"
"အဲလိုပြောရအောင် ကျန့်ကောက ချုပ်ထားတတ်တဲ့မိန်းမတွေနဲ့မှ မတူတာ"
"မဟုတ်ဘူးလေ ရိပေါ် ငါက မချုပ်ပေမယ့် စည်းတွေဘောင်တွေကချုပ်တယ်လေ မင်းကိုလွတ်လွတ်လပ်လပ်နေစေချင်သေးတယ် ကျောင်းပြီးရင်လက်ထပ်ဖို့ ငါ လူကြီးတွေကိုပြောပြီးသား အဲတော့လေ့လာစရာရှိတာ ဆက်လေ့လာပြီး လူကြီးဖြစ်လာအောင်လုပ်"
"ကျွန်တော့်ကို ကောင်မလေးတွေလာကပ်မှာ စိတ်မပူဘူးလား"
"မပူပါဘူး မင်းကသူတို့ကိုစိတ်မ၀င်စားမှန်း ငါသိနေတာပဲ လွန်ခဲ့တဲ့တစ်နှစ်တည်းက ငါစမ်းသပ်တာကိုမင်းအောင်ထားတာ လုံးဝစိတ်ချတယ်"
"wow တကယ်ကြီးလား"
"တကယ်ကြီးပေါ့ ငါတို့ကအခုလည်း အတူနေနေတာပဲလေ လက်ထပ်စာချုပ်မလုပ်ရသေးတာပဲရှိတာ"
"အင်း"
"အချိန်တန်ရင်မင်းရဲ့တရားဝင်ယောက်ျားက ငါပဲဖြစ်မှာ အဲ့ကျမှစိတ်ပြောင်းရင် သေဖို့သာပြင်"
"အိုက်ယား ကြောက်လိုက်တာ"
ရိပေါ် မျက်နှာသေကြီးနဲ့ ကြောက်ဟန်ဆောင်တော့ ရှောင်းကျန့်က စာရွက်နဲ့ထပ်ရိုက်တယ်။ စာရွက်သံတဖတ်ဖတ်နဲ့ တဟားဟားရယ်သံကြီးက ဧည့်ခန်းထဲပျံ့လွင့်...။
သူ့အချစ်ကိုအကြွင်းမဲ့ယုံကြည်ပေးတဲ့ လူကြီးကို သိပ်ချစ်သည်။ အသက်တွေကွာပေမယ့် စိတ်ချင်းနီးတဲ့ သူတို့၂ယောက်....။ တူနှစ်ကိုယ် ရှေ့ဆက်ရမယ့်ခရီးက မချောမွေ့ဘူးဆိုတာ သိတယ်။ ဒါပေမယ့် မစိုးရိမ်ပါဘူး။ ကျန့်ကောတစ်ယောက်လုံး အနားမှာရှိနေပြီပဲ ကျန်တာအကုန်ခေါက်ထားလိုက်။
ရိပေါ် ကျေကျေနပ်နပ်ပြုံးရင်း ရှောင်းကျန့်ကိုအနမ်းတွေခြွေတယ်။ အနမ်းတွေကခဏလေးနဲ့ မရပ်သွားဘဲ ပိုပြီးနက်ရှိုင်းလာတယ်။ တားဖို့လုပ်နေတဲ့ ရှောင်းကျန့်လက်ကိုဖမ်းဆွဲလိုက်ပြီး တစ်ကိုယ်လုံးသိမ်းကြုံးဖက်နမ်းပစ်တယ်။ ရှောင်းကျန့်ကတော့ ရိပေါ်လက်တွေကြားမြုပ်နေရော။
အဆုံးသတ်လို့မရတဲ့နောက် ရိပေါ် ရှောင်းကျန့်လက်ထဲကစာရွက်ကို စားပွဲပေါ်ပစ်တင်ပြီး ခြေထောက်အောက်က လက်လျှိုချီလိုက်တယ်။ ပိန်သွယ်သွယ် ဆရာရှောင်းကျန့်တစ်ယောက် ရိပေါ်လက်ထဲအရုပ်လေးလို ပါလာတယ်။
"ဘာလုပ်တာလဲ"
"ချစ်မလို့လေ မချစ်ရတာကြာပြီ"
"ငါမနက်ဖြန်အလုပ်ရှိတယ်နော်"
"အပိုတွေပြောမနေနဲ့"
မလိုချင်ဟန်ဆောင်နေတဲ့လူပျိုကြီးကို ပိတ်ဟောက်လိုက်တော့ ရင်ခွင်ထဲကလူကြီးက ငြိမ်ငြိမ်လေးပါလာတယ်။ အလကား! လူကြီးဟန်ဆောင်နေတဲ့ ကလေးကြီး....။ ရှောင်းကျန့် ကလေးဆန်မှုတွေပြောရရင် ပြောမကုန်ဘူး။ အင်း ကိစ္စမရှိပါဘူးလေ....ကလေးဆန်တာလေးကလည်း တစ်မျိုးလေးဆွဲဆောင်တယ်။ Always YES for Zhan ge~
"ချစ်တယ်...ရိပေါ်"
မောဟိုက်သံလေးနဲ့ဖွင့်ဟလာတဲ့ ချစ်စကားတစ်ခွန်း.....။ ချိုမြိန်လွန်းလို့ ရူးလောက်တယ်။
"ကျွန်တော်လည်းချစ်တယ်"
ချစ်တယ်ဆိုတာကလွဲ ဘာမှပိုမပြောတတ်ဘူး။ ကဗျာတွေစာတွေဖွဲ့ပြောရတဲ့အထိလည်း စကားမကြွယ်ဘူး။ သေချာတာတစ်ခုကတော့ အဲ့စကားက ရင်ထဲကတကယ်လာတဲ့စကား။ အမြဲတဖွဖွပြောမနေဘူး စိတ်ထဲကတကယ်ပြောချင်မှ ပြောထွက်တဲ့စကား။ အပိုအလိုမရှိ စစ်မှန်တယ်။ ဒါကို ရိပေါ်လုံးဝအာမခံသလို ကျန့်ကောကလည်းယုံတယ်။
ရိပေါ် မွေးဖွားလာရတဲ့အကြောင်းရင်းက လူပျိုကြီးကိုချစ်ဖို့။ ရှောင်းကျန့် အသက် ၃၂နှစ်လုံးလုံး ရည်းစားမရခဲ့ခြင်းဟာ ကောင်လေးတစ်ယောက်ကြီးပြင်းလာတာကို စောင့်နေရလို့။
Chapter 6.1 END
____________________________________________________________________
နေဦး တစ်ပိုင်းကျန်သေးတယ်
Advertisement
- In Serial225 Chapters
The World Seems Realistic But Why Do I Have A Leveling System?
Sheila is an average girl who likes to play video games and watch animes in her free time. If there’s anything that stood out from her, that would be her beautiful appearance. Due to spending too much time playing video games till late at night, she would usually forget to do her homework which she would, later on, asked her best friend, Ria, for help. A total average gamer-otaku girl.
8 663 - In Serial20 Chapters
Daycare
In which Sugawara is a daycare teacher and Daichi is a clueless single dad.*** You can translate this work if you'd like! DM me first to let me know. All I ask is that you please put credit in the description/summary
8 86 - In Serial21 Chapters
kpop bxb one shots
Many different groups and one shots of them! ⚠️ Warnings ⚠️Language ⚠️=smut Requests: 🚫CLOSED🚫Highest rankings:#67 lgbtpride#1 kpopidols #266 bxblove#13 kpopgroups #55 kpopimagines#3 Goldenchild#47 ships#16 kpopscenarios#25 requests#41 soft#5 kpopships
8 101 - In Serial37 Chapters
I DON'T LIKE U COZ U R TOO HANDSOME (Completed)✔
A story about multimillionaire and a girl who hates men completely.
8 148 - In Serial27 Chapters
Damon
{Book One Of The Millionaire Series}Running away from her psychotic boyfriend to a different country was the best thing Gabi could do, except when she woke up one morning to find herself a millionaire wanting to move in with her. Damon had eyes for one woman alone. She was all that mattered to him and he would protect her until his last breath. No matter what it took.
8 274 - In Serial25 Chapters
1814
🥇#1 in 'period drama' - 08/08/21 & 01/06/22Diana has a loving family but she's never really felt 'at home'. She and her family go and visit an old regency house one day but for some reason it all seems very familiar to Diana.When all of a sudden things take a turn for the worst and Diana wakes up 200 years in the past. However, once she starts getting used to things and finds herself falling for someone, it becomes difficult to understand where 'home' actually is.⚠️swearing, and some adult themes⚠️Note: all banners and covers used are not mine - I've gotten them off of Pinterest
8 259

