《Today, tomorrow and the day after ||Completed||》Chapter 2 (unicode)
Advertisement
ဆရာ့ကို ကြိုက်နေပြီဆိုတာ သိလိုက်ရပြီးနောက် ဝမ်ရိပေါ်တစ်ယောက် အခြေအနေမကောင်း။ ညညဆို မဟုတ်တရုတ် အိပ်မက်တွေမက်တတ်လာတယ်။ ဆရာ့ရဲ့ coat ကို ဆွဲချွတ်လွှင့်ပစ်၊ ဆရာ့ရဲ့ရှပ်အင်္ကျီအဖြူကို ကြယ်သီးဖြုတ် ဖယ်ရှားလို့ ဆရာ့ကိုယ်လုံးလေးကို မွေ့ယာပေါ် ဆွဲလှဲမိတဲ့အကြောင်း အမြဲမက်တယ်။ အိပ်မက်ကနိုးတိုင်း ရိပေါ်ရဲ့ အငယ်ကောင်က ဖျတ်လတ်တက်ကြွနေတာ အံ့သြစရာ။
နောက်ပိုင်းကျ အိပ်မက်တွေနဲ့တင် မဟုတ်တော့ဘူး။ ထောင်မတ်လာတတ်တဲ့ အငယ်ကောင်ကို စိတ်လျှော့ပေးဖို့ သူ ရှောင်းကျန့်ကိုတွေးရတယ်။
ရှောင်းကျန့်ရဲ့အသံ ရှောင်းကျန်ရဲ့မျက်နှာ......ရှောင်းကျန့်ရဲ့ အစိတ်အပိုင်းတိုင်းကို သူတွေးတယ်။ အိပ်ယာပေါ်မှာ အင်္ကျီဖရိုဖရဲနဲ့ ရှက်သွေးဖြာနေမယ့် ရှောင်းကျန့်ပုံစံကို သူမြင်ယောင်ရတယ်။ ဆရာရှောင်းကျန့်ကိုတွေးရင်း ဖြေလျှော့ခဲ့တာ ဘယ်နှခါရှိပြီလဲတောင် မမှတ်မိတော့လောက်အောင် အခြေအနေက ထိန်းချုပ်ရခက်ခဲ့တယ်။
တစ်ဆက်တည်းမှာ ဆရာဟာ ပိုင်ရှင်ရှိတယ်ဆိုတဲ့အသိကလည်း ရိပေါ်ကို ခပ်နာနာ ထိုးနှက်လေ့ရှိတယ်။
"ဒီကောင်တွေ ကစားမယ်ဆိုတာ ငါ့တောင်မပြောဘူး"
သူ့ကိုမခေါ်ဘဲ ဘတ်စကတ်ဘောဆော့နေကြတဲ့ ကောချန် (လန်ကျင်းရီ) တို့တစ်သိုက်ကို မျက်မှောင်ကျုတ်ကြည့်နေမိတယ်။ မကျေမနပ်ဖြစ်နေတုန်းမှာပဲ သူ့မျက်လုံးထောင့်ကနေ တစ်ခုခုဖြတ်သွားတာတွေ့လိုက်တယ်။ ကြောင်အမြီးလေးလိုပဲ။
ကျောင်းဆောင်ရဲ့ ချောင်ကျတဲ့နံရံနားရောက်တော့ ကြောင်ဖြူလေးတစ်ကောင်ခွေအိပ်နေတာ တွေ့ရတယ်။ ရိပေါ် အနားတိုးသွားတော့ ကြောင်က မော့ကြည့်တယ်။
"မင်းက ကြောင်ဖြစ်ပြီး ရုပ်ဆိုးလိုက်တာ ရုပ်ကပေကပ်ကပ်နဲ့"
တကယ်လည်း ကြောင်ရုပ်က ဂျစ်တူးရုပ်။ သူ့ကိုမတူသလိုမတန်သလိုတောင် ပြန်ကြည့်နေသေးတယ်။ အမယ် အရွယ်ကဖြင့် ကိုင်ပေါက်ရင် လွင့်သွားမယ့်ကောင်ကများ.....။
စိတ်ကသာ အဲလိုတွေးနေပေမယ့် လက်တွေ့မှာတော့ ကြောင်လေးကို ပွတ်သပ်ဖို့ထိုင်ချလိုက်ပါတယ်။ ကိုင်ဖို့လက်လှမ်းချိန်မှာပဲ သကောင့်သားက ဖက်ကနဲကုတ်ထည့်လိုက်တယ်။
"သောက်ကျိုးနည်း! နာတယ်ကွ ဘာလဲ ရုပ်ဆိုးတယ်ပြောတော့ မကြိုက်ဘူးဟုတ်လား ကြောင်ရုပ်ဆိုး"
ကုတ်ရာက မပြင်းလို့ကိစ္စမရှိ။ အမယ် ဒင်းက ကုတ်တုန်းကကုတ်ပြီး အခုကျ ရိပေါ်တင်ပျဉ်ခွေကြားထဲ လာအိပ်နေတယ်။ အကျင့်မကောင်းတဲ့ ကြောင်ရုပ်ဆိုး။
"မင်းဘယ်က ဘယ်လိုဝင်လာတာလဲ ဒီကျောင်းမှာ လာကပ်နေလည်း မင်းကိုမွေးစားမယ့်လူမရှိဘူးနော်"
ရိပေါ်က လက်ရဲဇက်ရဲ သတ္တိကောင်းတဲ့ ဂျစ်ကန်ကန်ကောင်လေးဆိုပေမယ့် တိရစ္ဆာန်လေးတွေကို တမြတ်တနိုး ယုယတတ်တယ်။ ရိပေါ် ကြောင်ချစ်တယ် ယုန်လေးတွေလည်းချစ်တယ်။ ခွေးတွေဆို ပိုတောင်ချစ်သေးတယ်။ အခုလက်ရှိတော့ ပေါင်ပေါ်က ကျေးဇူးရှင်ကိုပွတ်သပ်ရင်း ပျော်ရွှင်မှုစည်းစိမ်ကို ခံစားနေတယ်။
"ဒီမှာဘာလုပ်နေတာလဲ"
အသံကြားလို့ မော့ကြည့်လိုက်တော့ ချစ်သော မြတ်ဆရာ။
ရှောင်နေပါတယ်ဆိုမှ သူက ကိုယ့်ဆီ ဆိုင်ဆိုင်မြိုက်မြိုက်ကို ရောက်လာတယ်။ အရမ်းမိုက်။
"ကြောင်ပွတ်နေတာလေ ဆရာကရော ဘာလာလုပ်တာလဲ ကျွန်တော့်ကိုလိုက်ချောင်းနေတာလား"
"လိုက်ချောင်းစရာလား မင်းကုပ်ချောင်းချောင်းနဲ့ ထွက်သွားတာမြင်လို့ ကျောင်းစည်းကမ်းတွေများ ချိုးဖောက်နေလား လာဖမ်းတာ"
"ကျောင်းထဲတော့ မလုပ်ပါဘူးနော် ကျွန်တော်က စည်းကမ်းရှိတယ်"
ဒီစကားကို ရှောင်းကျန့်မို့လို့သာ သူပြောရဲတာ။ ရိပေါ်က ဆေးလိပ်သောက်တတ်တယ်။ ဘီယာလည်းသောက်တတ်တယ်။ ရိပေါ်မလုပ်ဖူးတာ ဆေးချတာပဲရှိတာ။ ဒါတွေကိုရှောင်းကျန့်သိတယ်။ မှောက်အိပ်လို့ အပြစ်ဒဏ်အနေနဲ့ အလုပ်တွေကူခိုင်းတိုင်း ရှောင်းကျန့်က ဆေးလိပ်ဖွာတတ်တယ်။ ရိပေါ်က ဆေးလိပ်နံ့ကိုမခံနိုင်တာမျိုး မပြဘဲ အေးရာအေးကြောင်းရှူနေတည်းက ရိပေါ်ဆေးလိပ်သောက်တတ်တာ ရှောင်းကျန့်သိသည်။
"ကျောင်းထဲ လုပ်ရင်လည်း မင်းအသေပဲ"
"သိပါတယ် သိပါတယ်"
ဒီဆရာက သူ့ဆို ဗျင်းမယ်ဆိုတာချည်းပဲ။ သူစာအုပ်နဲ့ ရိုက်လွန်းလို့လည်း ရိပေါ် ဦးနှောက်က ကောင်းမှကောင်းသေးရဲ့လား သံသယဝင်မိတယ်။ နှစ်စတည်းက ရိုက်နေတာ အခုနှစ်လယ်ပဲရောက်နေပြီ။
"ဒါက ဘယ်ကကြောင်လဲ"
ရှောင်းကျန့်က ဒူးထောက်ထိုင်ရင်း ကြောင်ကိုပွတ်သပ်တယ်။
"မသိဘူး လှစ်ကနဲမြင်လိုက်လို့ လာကြည့်တာ ကြည့်ရတာ လမ်းဘေးကြောင်ဖြစ်မယ်"
"အင်း ဟုတ်မယ်... အိုင်းယား ငချွဲလေးပဲ"
ခုနက ရိပေါ်ကို ဇွိကနဲကုတ်တဲ့ ကြောင်ရုပ်ဆိုးက အခုကျသူမဟုတ်သလို ရှောင်းကျန့်ရဲ့ လက်ချောင်းရှည်ရှည်တွေကြား ခေါင်းတိုးဝင်ချွဲနေတယ်။ ကြောင်သူတောင်းစား....။
ကြောင်ကိုပွတ်သပ်နေတဲ့ ရှောင်းကျန့်ဟာ သွားလေးတွေပေါ်အောင် ရယ်နေတယ်။ ရိပေါ် သေချာပေါက် ငေးရတာပေါ့။ ၂ယောက်တည်းရှိချိန်မှာတောင် တစ်စက်မှမပြုံးတဲ့ ဆရာဟာ အခုသူရှေ့မှာ ရယ်ပါရယ်နေတယ်တဲ့။
အရမ်းလှတယ်...။ ဆရာက ရယ်လိုက်ရင်လှတယ်။ တစ်ခါမှ မမြင်ဖူးခဲ့တဲ့ ဆရာ့အပြုံးတွေဟာ အတိုင်းအဆမရှိ လှချင်တိုင်းလှနေတယ်။ ဒီအပြုံးတွေကို ရိပေါ်အမြဲမြင်ချင်တယ်။ ပိုင်ဆိုင်ချင်တယ်။ သူတစ်ယောက်တည်းအတွက် မူပိုင်ဖြစ်ချင်တယ်။
ဒါပေမယ့် မဖြစ်နိုင်ဘူးမလား....။ ဒီလောက်လှတဲ့ ဆရာ့အပြုံးတွေကို ဆရာ့ချစ်သူကောင်မလေးက အပိုင်ရထားပြီးပြီလေ။
Fuck.......that hurts..
ရင်ထဲ တဆစ်ဆစ်နဲ့ကို နာတာ။ အမှန်တရားက အမြဲခါးတယ်။ ရိပေါ်က ခါးတာမကြိုက်ဘူး။ နေမကောင်းလို့ ဆေးသောက်ရမယ်ဆိုရင်တောင် ဆေးခါးရင်မသောက်တာ ဒီအရွယ်အထိပဲ။ အခုတော့ ဆရာ့အတွက်နဲ့ ခါးသီးမှုတွေကို ရင်နဲ့အမျှ ပွေ့ပိုက်ထားရပြီ။
မခံစားနိုင်တော့လို့ မျက်နှာလွှဲလိုက်ရတယ်။
"ဒါနဲ့ ပြီးခဲ့တဲ့အပတ်က ဆရာ့ကိုတွေ့တယ် ကားထဲမှာ မိန်းကလေးတစ်ယောက်နဲ့ အကြင်နာတွေဝေနေတာ ကျွန်တော်မြင်ခဲ့တယ်"
"ပြီးခဲ့တဲ့အပတ်?? သြော် မင်းမြင်သွားတယ်လား"
"ဆရာ ချစ်သူရှိရဲ့သားနဲ့ ဘာလို့မရှိသလိုဟန်ဆောင်နေရတာလဲ"
"သူက ကောင်းကောင်းမွန်မွန်လေးမို့ ချပြရမှာနှမြောဖို့ကောင်းတယ် ငါက ကိုယ့်ချစ်သူကိုယ် ဖွက်ထားလို့တောင်မရဘူးလား ငါလည်းငါ့ privacy နဲ့ငါလေ"
နာတယ် နာတယ်...။ ရင်ဘတ်ထဲက စောက်ရမ်းနာတယ်။ လူတစ်ယောက်ကို သဘောကျမိရင် နာကျင်ခြင်းက အစပဲလား ရိပေါ်နားမလည်ဘူး။
Advertisement
"ဘာပြောပြော ဆရာက ကျောင်းဆရာတစ်ယောက်လေ ကျောင်းသားတွေမြင်သွားနိုင်တဲ့ နေရာမှာ အဲလိုလုပ်တာမကောင်းဘူးမလား ဆရာ image ရှိတယ်လေ"
"အေး အဲဒါကတော့ ငါသတိလွတ်သွားတာပါ ဆင်ဆင်ခြင်ခြင်နေရမှာပေါ့"
ရိပေါ် ကြောင်ကိုပွတ်သပ်နေရင်း စိတ်မပါတဲ့ အပြုံးနဲ့သာ တုံ့ပြန်မိတယ်။ ပိုင်ရှင်ရှိတဲ့လူကို ချစ်မိတဲ့သူက အပြစ်ပဲ။ တစ်ဖက်လူက ဘယ်သိမှာလဲ တစ်ဖက်လူကိုအပြစ်ဖို့လို့ မရဘူး။ စကားတစ်ခွန်းကြားဖူးတယ် အချစ်ဆိုတာ စစ်ပွဲပဲ စချစ်မိတဲ့လူကရှုံးတယ်တဲ့။ ရိပေါ် တကယ်ရှုံးသွားပြီလား.....။
"သြော် အထင်ကြီးပေးလို့ ကျေးဇူးတင်ပါတယ် ဒါပေမယ့် ငါ့မှာရည်းစားမရှိဘူး"
"ဟမ်??!!"
ရိပေါ် အော်သံကြောင့် ကြောင် တောင် တုန်တက်သွားတယ်။ ရှောင်းကျန့်လည်း ရုတ်တရက်ကြီး သူ့ဘက်လှည့်အော်တဲ့ ဝမ်ရိပေါ်ကြောင့် လိပ်ပြာလွင့်မတတ်။
"ဖြည်းဖြည်းလုပ်ပါဟ ငါဝိညာဉ်လွင့်သွားတော့မှာပဲ"
"ရည်းစားမရှိဘူးဆိုတာ ဘာစကားလဲ"
"ဘာစကားရမှာလဲ အဲ့မိန်းကလေးက ငါ့ကျောင်းတုန်းက သူငယ်ချင်း...ကျောင်းသားဟောင်းတွေ့ဆုံပွဲကအပြန် လမ်းကြုံအတင်းလိုက်လာတာ ပြီးတော့ ပို့ပေးတာကျေးဇူးပဲ ဆိုပြီး ငါ့ကိုနမ်းသွားတာ.. ရှောင်ချိန်တောင်မရလိုက်ဘူး"
ဝမ်ရိပေါ် တစ်ယောက်ခမျာမှာတော့ ရှောင်းကျန့် ပြောတာကို မျက်မှောင်ကျုတ်ပြီး နားထောင်နေရှာတယ်။
"သူက hostress အလုပ်လုပ်တာဆိုတော့ ဒါမျိုးက ရိုးနေပြီနေမှာပေါ့ အဲ့မှာငါ့ကို လုပ်ချင်ရာလုပ်ပြီး ကားပေါ်က ဆင်းသွားတာပဲ"
ရိပေါ် အံ့သြမှုကြောင့် လက်ဖျားတွေပါတုန်လာတယ်။ ရှောင်းကျန့်မှာ ပိုင်ရှင်မရှိဘူးတဲ့လေ။
ဆရာ....ဘာလို့ပြောပြရတာလဲ။ စောစောက ပြောသလို ဆရာ့ကောင်မလေးပါလို့ ဆက်ဟန်ဆောင်လိုက်ရင်ဖြစ်နေတာပဲလေ။ ဘာလို့ ပြောရတာလဲ ဆရာရှောင်းကျန့်။ အခုလိုပြောပြလိုက်တော့ ရင်ဘတ်ထဲ ဘာတွေဖြစ်ကုန်ပြီလဲသိရဲ့လား။
ရိပေါ် မှင်သက်နေရာကနေ တဖြည်းဖြည်း ထလာတယ်။ ကြောင်လေးက ဇိမ်ပျက်သွားလို့ ရှုံ့မဲ့ပြီး ခုနကနေရာဟောင်းမှာ သွားခွေအိပ်တယ်။ ရိပေါ်လှုပ်ရှားမှုတွေက ဖြည်းဖြည်းလေးပဲ။ စက္ကန့်အနည်းငယ်အကြာမှာ ရိပေါ် လက်မောင်းတွေက ရှောင်းကျန့် ပခုံးကိုဖက်တွယ်လာတယ်။
မျက်မှန်အောက်က ရှောင်းကျန့်မျက်ဝန်းတွေ ဝိုင်းစက်သွားတယ်။ သူနဲ့ ဘယ်တော့မှမတည့်တဲ့ ဝမ်ရိပေါ်က သူ့ကို ဖက်တွယ်လာတဲ့အခါ သူဘယ်လိုတုံ့ပြန်ရမယ်မသိခဲ့။
"ဒီအတိုင်း ခဏလေးပဲ...ဘာမှမမေးဘဲ ငြိမ်နေပေးပါ ကျေးဇူးပြုပြီး.."
ရှောင်းကျန့်ကျောပြင်ပေါ်က ရိပေါ်လက်တွေ တုန်နေခဲ့တယ်။ ဒီကောင်လေး ဘာကြောင့်ဒီလိုလုပ်လဲ ရှောင်းကျန့် သဘောမပေါက်ပေမယ့် ငြိမ်နေပေးလိုက်တယ်။ တုန်ယင်နေတဲ့ ရိပေါ်ကျောပြင်ကို လက်တစ်ဖက်နဲ့ ပြန်ဖက်ပေးလို့ ခပ်ဖွဖွပုတ်ပေးနေခဲ့တယ်။
ရိပေါ် တကယ် ဝန်ခံတယ်။ ဆရာရှောင်းကျန့်သာ ချစ်သူမရှိကြောင်း သူ့ကိုမပြောပြခဲ့ဘူးဆိုရင် မရှင်းပြခဲ့ဘူးဆိုရင် သူဒီလိုလုပ်မိမှာမဟုတ်ဘူး။ ဆရာဟာ စတွေ့တည်းက ရိပေါ်နဲ့မတည့်ခဲ့ဘူး။ ခေါင်းကိုစာအုပ်နဲ့ ရိုက်တတ်တဲ့ဆရာ့ကို သူအမြင်မကြည်ခဲ့ဘူး။ ဒါပေမယ့် မသိလိုက်ချိန်လေးမှာ "ဆရာကစိတ်ရှုပ်ဖို့ကောင်းတယ်" ဆိုတဲ့ပြောနေကျစကားနေရာမှာ နောက်စကားတစ်ခွန်းက အစားထိုးဝင်လာခဲ့တယ်။
ကျွန်တော် ဆရာ့ကိုအရမ်းချစ်တယ်......
To be continued~~
Advertisement
- In Serial30 Chapters
Billions Of Reasons
Xander Hopkins wasn't a happy camper despite being handsome, a pretty smart cookie, and one of the wealthiest men on the planet. With false accusations, questioned loyalties, and his father's usual nagging... the young billionaire would never believe this was the day he'd meet the love of his life.
8 166 - In Serial7 Chapters
Zomby
A tale of a young zombie who regained his conciousness. He's different from the rest. His dead heart beats at a sight of a girl making him more curious about her. He slowly regains his memories of his life as it appears bit by bit being triggered by events. Will he go on a conquest to find out who he is? Will he be the cure for the zombie infection? Will he find love as a zombie? Or, will he lead the other zombies and bring humanity into extinction. Read now and find out! This is a dystopian romance genre with strong sexual content and strong gore content. Please read at your own discretion. This has no harem but might have potential events for jealousy and other things. This is not a LitRPG or any RPG in general. This is based on fictious characters and any correlation with real life is purely coincidential. Any names or people within this novel are works of pure imagination and is not based on anyone. The settings are based on real life settings such as cities and anything within it. I'm not a writer so I apologize for any gramatical mistakes. I use grammarly...
8 219 - In Serial7 Chapters
The pregnant Initiate
Four and Tris were dating when he left for dauntless after he got into dauntless for good he came and visited Tris and they had sex and she got pregnant 2 years later with her baby she transferred to Dauntless. (She was only a year younger than four but they let her have her baby before she decided what fraction she goes into.) (She practiced fighting before dauntless)Warning ⚠️ I wrote this a while ago meaning like 6th grade so the grammar and the flow is dreadful ⚠️
8 83 - In Serial106 Chapters
Heartless
Cora's life had always been a little rough, her mom left when she was 10 years old. Her dad was her best friend for the longest time. She always had a dream to be something great. She wanted to be a singer, so when she turned 18 she packed up her stuff and moved to LA. She currently works as a barista at a local coffee shop. She has always felt alone in this world, until she met the boy with the beautiful blue eyes that would change her perspective on everything.⚠️⚠️ WARNING THIS STORY MAY CONTAIN TRIGGERING SUBJECTS. CHAPTERS THAT CONTAIN THESE WILL BE LABELED AT THE BEGINNING OF THE CHAPTER ⚠️⚠️
8 226 - In Serial12 Chapters
stalker || harry styles
"Soon love, soon you'll be mine."In which a young woman falls victim to the boy next door; as she slowly uncovers his deepest secrets and darkest desires.Dark Series: Book (4/9)A Dark Harry Styles and Dark One Direction FanfictionStalker Harry Styles Fanfic
8 212 - In Serial25 Chapters
Cyber Heart |JJK Fanfiction|
"So....how do you feel about humans?" Jungkook looked up at me with his mechanic blue eyes and stroked my cheek, his fingers tenderly brushing against my skin."I know I feel something about you...Dr. Marks..." I looked up at him with wide eyes and I froze. Robots can't fall in love with humans. It isn't possible.....is it?⭐Best Ranking: #1 in #robots #1 in #robot #1 in #sciencefantasy #1 in #jungkookie #1 in #mechanic #1 in #lab⭐️~Sci-fi Fanfiction~All Credit for cover photo goes to BTS and Bighit Entertainment
8 230

