《Today, tomorrow and the day after ||Completed||》Chapter 1 (unicode)
Advertisement
~ဘာလုပ်လို့လုပ်ရမယ်မသိတဲ့ ခံစားချက်တွေအဆုံးသတ်သွားတဲ့အခါ ငါကိုယ်တိုင်တောင် တွေဝေမိတယ်~
"ဝမ်ရိပေါ်"
နာမည်ခေါ်သံနဲ့အတူ ခေါင်းကိုစာအုပ်နဲ့ရိုက်ခံလိုက်ရတာကြောင့် ဘယ်သူ့လက်ချက်ဆိုတာ ရိပေါ်သိတယ်။ စိတ်မပါပေမယ့်လည်း ဝတ္တရားအရ မော့ကြည့်လိုက်ပါတယ်။ သပ်ရပ်နေတဲ့ suit နဲ့ မျက်မှန်ခပ်ဝိုင်းဝိုင်းကို မြင်တာနဲ့ သိသာတယ်။ ၂ယောက်မရှိတဲ့ သူတို့အတန်းပိုင်ဆရာ ရှောင်းကျန့်။
"မင်း အတန်းချိန်တိုင်း မှောက်အိပ်နေတာ မငြီးငွေ့ဘူးလား မတ်မတ်ထိုင်စမ်း"
ထိုတစ်ခွန်းပဲပြောပြီး သူ့အနားကထွက်သွားတယ်။ ရိပေါ် စိတ်မကြည်စွာ ခါးမတ်လိုက်တယ်။ မမတ်ရင် ဆရာ့လက်ထဲက textbook က သူ့ခေါင်းကို လာမိတ်ဆက်ဦးမယ်။
စာဖတ်ပြနေတဲ့ဆရာ့ရဲ့အသံက ကြည်လင်ပြီးနားထောင်လို့ကောင်းတယ်။ ဒါပေမယ့် ဖတ်ပြနေတဲ့စာတွေက ပျင်းဖို့ကောင်းလွန်းတော့ ရိပေါ်အတွေးတွေက လွင့်ပြီးရင်းလွင့်နေတယ်။ သိပ်မကြာပါဘူး ငြီးငွေ့ဖွယ်စာသင်ချိန်တွေကို သာယာနာပျော်ဖွယ် ဘဲလ်သံက အဆုံးသတ်ပေးလိုက်တယ်။
"ဝမ်ရိပေါ် မင်းကျောင်းဆင်းရင် ငါ့ရုံးခန်းလာခဲ့"
ထုံးစံအတိုင်း မြတ်ဆရာက သူ့ကိုအလုပ်တွေခိုင်းဦးမည်။ ရိပေါ် စိတ်ပျက်လက်ပျက် ညည်းလိုက်မိတယ်။ ဆရာရှောင်းကျန့်ဟာ တကယ်ကိုစိတ်ရှုပ်ဖို့ကောင်းတယ်။
အထက်တန်းတတိယနှစ် နောက်ဆုံးနှစ်မှာ စာတွေကခက်ပြီးများလို့ စိတ်ညစ်ရတဲ့အထဲ အတန်းပိုင်ကလည်း စည်းကမ်းကြပ်။ မနှစ်ကအထိ သာယာလှပခဲ့တဲ့ ရိပေါ်ရဲ့အထက်တန်းနေ့ရက်တွေဟာ ရှောင်းကျန့်ဆိုတဲ့ဆရာနဲ့တွေ့မှပဲ အဗွမ်းကြီးဗွမ်းတော့တာ။
ရိပေါ်အတွက် ဆရာရှောင်းကျန့်ရဲ့ first impression ကတော့ စိတ်ရှုပ်ဖွယ်အတိပဲ။ ဒါပေမယ့် နောက်ပိုင်း ရိပေါ်ရဲ့အမြင်တွေက နည်းနည်းပြောင်းလာတယ်။ ဟိုတလောက မြင်ခဲ့တဲ့မြင်ကွင်းကြောင့်လို့တော့ ထင်တာပဲ။ ဘော်ဒါတွေနဲ့ night out ထွက်နေတုန်း ကားတစ်စီးရဲ့ ရှေ့ခန်းမှာ ဆရာရှောင်းကျန့်နဲ့ အမျိုးသမီးတစ်ယောက် နမ်းနေတာ သူတွေ့ခဲ့တယ်။
တွေးတော့တွေးလိုက်မိသား။
ဆရာက ရည်းစားရှိရက်သားနဲ့ ဘာလို့ single ဟန်ဆောင်နေတာလဲပေါ့။
"စိတ်ရှုပ်စရာ..."
Class 3-B ရဲ့အတန်းပိုင်ဆရာ ရှောင်းကျန့်ဆိုတာ ဆရာမတွေရဲ့ရင်ထဲတောင်မဟုတ်ဘူး ကျောင်းသူတွေရဲ့ ရင်ထဲပါထိစေတဲ့ ဆရာမျိုး။ အသက်ကလည်းငယ်တယ် ရုပ်ကလည်းခန့်တယ် အနေအထိုင်သပ်ရပ်တယ်။ မိန်းကလေးတိုင်းရဲ့ အားနည်းချက်ဖြစ်တဲ့ အရပ်၆ပေ ကိုလည်း ပိုင်ဆိုင်ထားတယ်။ ရှည်ရှည်သွယ်သွယ် လက်ချောင်းတွေကလည်း ရူးလောက်အောင်ကို ဆွဲဆောင်မှုရှိတယ်။ ဆရာရှောင်းကျန့် နှုတ်ခမ်းအောက်က မှဲ့နက်လေးကိုထိခွင့်ရရင်ဖြင့် လူဖြစ်ကျိုးနပ်ပါပြီဆိုတဲ့ ကျောင်းသူတွေမှ အများကြီး။
အံ့သြပါ့.........။
အဲ့ဆရာက ချောမောခန့်ညားနေတာပဲရှိတာ ကျန်တာဘာမှမကောင်းဘူး။ ပိတ်ရက်ရှည်ဆိုအိမ်စာတွေပေးတယ် test တွေခဏခဏစစ်တယ်။ သင်္ချာဆရာဆိုတော့ သိတဲ့အတိုင်းပဲ စကားပြောတာကလည်း ခပ်ပြတ်ပြတ်။ မျက်နှာလှလှလေးနဲ့ မလိုက်အောင် ရုပ်ကလည်းတည်ချက်ပဲ။ စာသင်နှစ်တစ်ဝက်ကျိုးနေပြီ ဆရာက အတန်းထဲမှာဘယ်တော့မှ မရယ်ဘူး။ အတန်းထဲမရယ်လို့ ကျန်တဲ့အချိန်ရော အရယ်အပြုံးရှိမယ်ထင်လား ဟင့်အင်းပဲ။ အဲလိုတောင်မှ ပျိုတိုင်းစွဲမက်နှင်းဆီခက် ရာထူးကနေ ဆင်းမသွားဘူး။
ပြောပါတယ်........စိတ်ရှုပ်စရာကောင်းတယ်လို့။
ဝမ်ရိပေါ်ကလည်း ခေသူတော့မဟုတ်ဘူး။ ကျောင်းရဲ့ အချောဆုံးထဲကတစ်ယောက်။ ငွေမှင်ရောင်ဆံပင်တွေနဲ့ ခပ်တည်တည်နေတတ်တဲ့ အချောလေး ဝမ်ရိပေါ်ဟာ Class 3-B ရဲ့ king ပဲ။ Senpai notice me တွေရော GeGe wo ai ni တွေရော ပေါင်းစုံအပြောခံရတာ ခဏခဏပဲ။ ဆရာလောက်တော့ စော်မကြည်ပေမယ့် level မနိမ့်ဘူး။
It's me......သိပ်တော်တဲ့ငါ။
ရိပေါ် ရည်းစားတွေထားဖူးတယ်။ သူ့ကို သတ္တိရှိတဲ့မိန်းကလေးအချို့က ချစ်ခွင့်ပန်ခဲ့တယ်ဆိုပါစို့။ အဲ့မိန်းကလေးတွေထဲက သူစိတ်ကူးပေါက်တဲ့လူကို တွဲတယ်။ "ငါနင့်ကိုသဘောကျတယ် ငါနဲ့ဒိတ်ပါ" ဆိုတဲ့စကားကို သူပြန်ပြောခဲ့တာက "ငါလည်းရည်းစားမရှိဘူး ဒိတ်ကြတာပေါ့" ဆိုရုံပဲ။
ဒါပေမယ့် ရည်းစားတိုင်းက လပိုင်းပဲခံတယ်။ သူကိုယ်တိုင်ကလည်း ဘာစိတ်မှမရှိဘဲ တွဲခဲ့တာမို့ ဘာမှမခံစားခဲ့ရဘူး။ သူမိန်းကလေးတွေကို စိတ်မဝင်စားမှန်းသိပြီးနောက် confession တိုင်းကိုငြင်းခဲ့တယ်။ အခုတော့ သူထူးထူးဆန်းဆန်း ခံစားချက်မျိုးဖြစ်နေတယ်။ ဆရာရှောင်းကျန့်ကြောင့်ပေါ့။ ကားထဲက အကြင်နာဝေခန်းကို မြင်ပြီးတည်းက ခို့လို့ခုလုဖြစ်နေတာ မဟုတ်သေးဘူး။
//ငါ သူ့ကို ကြိုက်များကြိုက်နေလား......//
သူ့ကိုယ်သူ ပြန်ဆန်းစစ်ရတာလည်း အခါခါ။
"ဆရာ ကျွန်တော်ရောက်ပြီ"
အသံပေးလိုက်တော့ စာရွက်တွေကြား အလုပ်ရှုပ်နေတဲ့ဆရာ သူ့ကိုလှည့်ကြည့်လာတယ်။ ကျောင်းဆင်းချိန်မို့လို့ coat ချွတ်ထားပြီး necktie ကိုဖြေလျော့ထားတဲ့ ဆရာက အမြင်ဆန်းနေတယ်။
"ရောက်ပြီဆိုလည်း အထဲဝင်လေ ဘာလုပ်နေတာလဲ"
ရိပေါ် နှုတ်ခမ်းရွဲ့လိုက်တယ်။ ချိုချိုသာသာပြောရင် သူရုပ်ချောတာလျော့သွားမှာ စိုးလို့လား။
အနားရောက်တော့ ရိပေါ် အသက်ရှူခဏရပ်သွားတယ်။ သူ့မျက်လုံးက ခပ်ကျယ်ကျယ် ဟထားတဲ့အင်္ကျီကြားက ရှောင်းကျန့်ရဲ့ ဖြူဥနေတဲ့ရင်ညွန့်ကို မြင်ဖြစ်အောင် မြင်တယ်လေ။ ဝင်လေထွက်လေ လုပ်ငန်းစင် is loading..........။
//ဘာလို့အဲလောက် ဟ ထားရတာလဲ ဒီ sexy teacher ကတော့//
ဆရာ သတိမထားမိခင် ကိုယ့်စိတ်ကိုယ်ပြန်ထိန်းလိုက်တယ်။ အသက်ပြန်ရှူ အသက်ပြန်ရှူ....။
"ရော့ ဒီစာရွက်တွေထိပ်မှာ အတန်းနံပါတ်တွေရေးထားတယ် သူ့အတန်းနဲ့သူခွဲလိုက် ပြီးရင် 2-A စာရွက်တွေကို ဟိုစားပွဲမှာထား 3-A စာရွက်တွေကို ဒီဘေးကစားပွဲမှာထား အားလုံးပြီးရင်ဒီစက္ကူပုံးတွေကို recycle bin ထဲသွားထည့် ဟုတ်ပြီလား"
"ဆရာ ကျွန်တော့်ကို အိမ်ပြန်ခိုင်းဖို့စိတ်ကူးရောရှိရဲ့လား"
"အိမ်ပြန်ချင်ရင် မြန်မြန်ပြီးအောင်လုပ်လေ စာသင်ချိန်တွေအိပ်ထားလို့ အားတွေပြည့်နေတယ်မလား"
"ကျွန်တော်တကယ်မအိပ်ဘူး ဒီတိုင်း မှောက်အိပ်နေတာ"
"စကားမများနဲ့ လုပ်"
ရိပေါ် စူပုတ်ပုတ်နဲ့ ထိုင်ခုံဆွဲပြီး လုပ်ငန်းစရတယ်။ မဟုတ်ရင် ဒီဆရာဂွစာက အိမ်ပေးပြန်မယ့်ပုံမပေါ်ဘူး။
နာရီအနည်းငယ်ကြာပြီးနောက် ကိစ္စအကုန်ပြီးသွားတယ်။ အချိန်ကလည်း နည်းနည်းလင့်နေပြီ။ အိမ်ကအမေကိုနောက်ကျမယ် ပြောထားလို့သာ တော်ရော့တယ်။ ဆိုင်ကယ်သော့ထုတ်ပြီး လွယ်အိတ်လွယ်လိုက်ချိန် ဆရာက သူ့ကိုတစ်ခုခုလှမ်းပေးတယ်။
Orange yogurt အအေးဘူးလေး...။
"အလုပ်ပြီးလို့ဆုချတာ မင်း ဒီအအေး ခဏခဏသောက်တော့ ကြိုက်မယ်ထင်လို့"
ကမ်းပေးနေတဲ့ အအေးဘူးကို ရိပေါ်ကြောင်ကြည့်နေမိတယ်။ သူ ဒီအအေးသောက်တာကို ဆရာက ဘာလို့သတိထားမိတာလဲ ဘာလို့သတိတရရှိတာလဲ။
"အခုမသောက်ချင်လည်း အိမ်ယူသွား အရသာကချဉ်မယ့်ပုံပဲ မင်းကအချဉ်ကြိုက်တယ်မလား ငါကအချဉ်မကြိုက်လို့ မင်းမသောက်လည်း သောက်ဖြစ်မှာမဟုတ်ဘူး"
တွေတွေဝေေ၀နဲ့ပဲ အအေးဘူးကိုလှမ်းယူလိုက်တယ်။ ခေါင်းထဲမှာတော့ အတွေးပေါင်းစုံက ပလုံစီနေတယ်။ ဒီဆရာက တကယ်ပဲ ဘာလဲ။ သူသောက်တဲ့အအေးကိုလည်း သိနေတယ်။ သူအချဉ်ကြိုက်တာလည်း သိနေတယ်။ သူ့ကိုလိုက်ချောင်းနေတာလား။ စဉ်းစားစရာပဲ....။
"ဝါး....ဆရာရှောင်းကျန့်က ကျွန်တော့်ကို ဆုတွေဘာတွေချနေတော့ ထီထိုးရင်ကောင်းမလား"
"ပေါက်ကရတွေပြောနေတာရပ်ပြီး ပြန်တော့ မိုးချုပ်တော့မယ် ဆိုင်ကယ်သတိထားမောင်း"
မျက်မှန်ဝိုင်းလေးက စာရွက်ဖိုင်တွေကြား ပြန်နစ်သွားတယ်။ ဘေးတိုက်မြင်နေရတဲ့ဆရာဟာ တကယ်လှတယ်။ ကြွေထည်ကိုထုဆစ်ထားတဲ့ နတ်ဘုရားရုပ်ထုတစ်ခုနဲ့တောင် တူနေသေးတယ်။ နှုတ်ခမ်းထောင့်က မှဲ့နက်လေးကို တစ်ချက်ငေးလိုက်ရင်း ရိပေါ် ထိုရုံးခန်းထဲက ထွက်လာခဲ့တယ်။
Corridor တောက်လျှောက် ရိပေါ်ရဲ့ခြေသံတွေ ပဲ့တင်ထပ်သွားတယ်။
//ငါ သူ့ကို ကြိုက်နေပြီပဲ//
ခို့လို့ခုလု ခံစားချက်တွေဟာ အချစ်လို့ခေါင်းစဉ်တပ်ခံရတဲ့အခါ ရိပေါ်တစ်ကိုယ်လုံး အနွေးဓာတ်တွေ လွှမ်းခြုံသွားတယ်။ ကဗျာတွေထဲရေးလေ့ရှိကြတဲ့ ဗိုက်ထဲမှာလိပ်ပြာတွေပျံသန်းနေသလိုပဲ ဆိုတာမျိုးတော့ မဟုတ်ဘူး။ ဘာလို့ဆို အခု ရိပေါ်ရဲ့ဗိုက်ထဲမှာ ဆရာရှောင်းကျန့် ဆုချတဲ့ orange yogurt က နေရာယူသွားလို့ပါ။
To be continued~~
Advertisement
- In Serial58 Chapters
The Wedding Plan
What happens when we put together two workaholics with their hearts closed to love? Eleanor, a clumsy twenty-two-year-old, had everything in her life planned out and was focused only on her career and everything was going smoothly until she tried to walk into the same elevator as Sebastian Crain. After that, she thought she would not meet him face to face again, until she started working at his company and he made her an outrageous request. At twenty-six, Sebastian had just replaced his father as CEO of Crain enterprises. Not only was his professional life in total chaos, but the media had also depicted him as having an extremely active romantic life when, in fact, it was inexistent. But everything changed when he received his sister's wedding invitation and was told that he needed to attend with a date. To him, Eleanor looked perfect for the part. They only had to pretend to be a couple and attend a wedding. But what will happen once they realize that what they have is a lot more than a fake relationship?P.S: English is not my first language, so if you read something of mine, please be kind in the comments and constructive criticism is really appreciated.
8 190 - In Serial45 Chapters
The Queen's everything gxg
Aerilyn and her brother were just looking for somewhere to hide from those who wanted to destroy humans and use them for their blood.By running from those who wanted to hurt them, they end up on unfamiliar land, but everything is not what it seems, how will Aerilyn fair when she meets the sadistic Queen of vampires...*Preview*Aerilyn eyes stopped. She noticed a blonde haired woman.But she was already looking at Aerilyn from across the other side of the room with a stoic expression. Her face looked poised and focused. Their eyes met and Aerilyn didn't know whether to feel fear or pleasure.
8 260 - In Serial81 Chapters
Reincarnation as a Prince in another world. Have to solve this Bad Administration
A book that focuses on administration of a country in an European like civilization with some colonization(I am not racist) and also tries to include some light hearted slice of life in the middle. There is also a large amount of Victorian era diplomacy and politics.
8 267 - In Serial59 Chapters
Her Calling
[[a werewolf romance]]Deceived and abandoned by her moon chosen mate Lerato leaves and tries to start a new life or at least have a break from the aching in her chest. Hiding behind his flashy title and family her moon chosen mate chooses to be with someone else. Until Lerato bumps into his childhood friend turned enemy who turns out to be her second chance mate. Whose past is wrapped up with her moon chosen mate's. A past that evidently lead to his betrayal and her heartache. What will become of her heart now that she knows her second chance only exists because of his past transgressions that lead her moon chosen to leave her for someone else. What will her final decision be? To take what is rightfully hers, to stand by her moon chosen mate. Or to stand by her second chance? It is all up to her, it is all her call. Copyright © Mbalii 2018((promise it's not as typical as it sounds.))*WARNING: this story is meant to take you on a heartbreak rollercoaster. so, buckle up!***#6 in Romance#6 in Werewolf
8 300 - In Serial59 Chapters
You Were Mine [ Billionaire Series #3 ]
"You were once mine and you have no choice but to be mine again." - Diego Brix RiveraCrizia Aguilar and Diego Brix Rivera was married. They get annulled because of a competition between Diego and his cousin. Yes. Diego left Crizia hanging after he fucked her for months. He chose to compete with his cousin and to break up with his wife.Until they meet again. Will Diego win her back again? Or let her look for someone who can truly love her and the one who will never break her heart?WARNING : R-18 | Mature Content | SPG• 021821
8 147 - In Serial61 Chapters
Literature
Harry hates his English lit teacher but grows quite fond of poetry
8 242

