《The Time Between You And Me》Final
Advertisement
Zawgyi
" Zhan Zhan !! Zhan Zhan ငါဒီမွာ !! "
Xiao Zhan သူ႕ကို လက္ျပကာ ေအာ္ဟစ္ေနတဲ့ Hao Xuan ဆီ ေလွ်ာက္သြားလိုက္သည္။ ၁၆ ႏွစ္ေတာင္ၾကာခဲ့ၿပီကို Hao Xuan က ဘယ္ေတာ့မွ မေျပာင္းလဲနိုင္ဘူးထင္သည္။ အရင္လို တက္ႂကြေနဆဲျဖစ္သည္။
" Zhan Zhan မင္းမ်က္ႏွာကလည္း
၃၀ ေက်ာ္လို႔ကိုမထင္ရဘူး။ အဘိုးႀကီးက်ေနတာပဲ အိုစာေနလိုက္တာ။ အမျဲ မ်က္ႏွာတည္ႀကီးလုပ္မေနစမ္းပါနဲ႕။ မင္းက ဒီေလာက္နာမည္ႀကီးေနတာကို ငါ့သာဆို ရည္စားေတြ တစ္ေန႕တစ္ေယာက္ တြဲပစ္မယ္ "
Xiao Zhan ဆြဲလာတဲ့ Luggage ကို Hao Xuan ကို ပစ္ေပးလိုက္ၿပီး ေျပာလိုက္သည္။
" ငါက မင္းမွ မဟုတ္တာ "
" မင္းကေတာ့ အရင္ကထက္ေတာင္
ပိုေအးစက္လာတယ္။ သံမဏိ ႏွလုံးသားပိုင္ရွင္ပဲ။ မင္းကို အရည္ေပ်ာ္ေအာင္ လုပ္နိုင္မယ့္သူ ဒီကမာၻေပၚမွာ မရွိဘူးဆိုတာ ငါမယုံနိုင္ဘူး။ "
" အပိုေတြ ေျပာမေနနဲ႕။ ငါပင္ပန္းေနၿပီ
ျမန္ျမန္ ဟိုတယ္ကို ပို႔ေပး။ "
" မင္း... အခုခ်ိန္ထိ ငါ့ကို မင္းအခိုင္းေစလို႔ ထင္ေနတုန္းလား။ ေလာကႀကီးေရ
ငါမယုံနိုင္ဘူး။ "
Xiao Zhan ကားတံခါးဖြင့္ကာ ဝင္ထိုင္ရင္း Hao Xuan ရဲ႕ ေပါက္ကရစကားေတြကို မၾကားခ်င္ေယာင္ေဆာင္ေနလိုက္သည္။ လြန္ခဲ့တဲ့ ႏွစ္ေတြထဲက သူနိုင္ငံျခားကို ထြက္သြားတာၾကာၿပီျဖစ္သည္။ တစ္စုံတစ္ေယာက္ လြမ္းတဲ့ စိတ္ကို မေျဖေဖ်ာက္နိုင္လို႔ နိုင္ငံေပါင္းစုံကို သူလွည့္ပတ္ၿပီး သြားေနခဲ့သည္။ အခ်ိန္ၾကာလာရင္ အနည္ထိုင္သြားမည္ဟု သူထင္ခဲ့ေသာ္လည္း တေန႕တျခား ပိုတိုးလို႔သာ သူလြမ္းဆြတ္ေနမိသည္။
Wang Yibo...
မင္းေျပာေတာ့ ျပန္လာမယ္ဆို။
အခုထိ အရိပ္ေယာင္ေတာင္မေတြ႕ရဘူး။
ငါ လြမ္းလွၿပီ။
" မနက္ျဖန္ေနာက္မက်နဲ႕ေနာ္! ငါက ျပပြဲအတြက္ စီစဥ္ေနရမွာဆိုေတာ့ မင္းကို ႀကိဳဖို႔ တျခားတစ္ေယာက္လႊတ္လိုက္မယ္။ "
Xiao Zhan ေခါင္းညိမ့္ျပရင္း Hotel ထဲသို႔ လွမ္းဝင္လိုက္သည္။
" Zhan Zhan မနက္ျဖန္က်ရင္
ငါ့ကို စိတ္မဆိုးနဲ႕ေနာ္ ! "
ေအာ္ေျပာၿပီး ဝုန္းဒိုင္းႀကဲကာ ေမာင္းထြက္သြားတဲ့ Hao Xuan ကို ၾကည့္ၿပီး
Xiao Zhan ေၾကာင္အမ္းသြားမိသည္။
ဒီအ႐ူးကေတာ့ အသက္ပဲႀကီးလာတယ္
ဦးေႏွာက္က လိုက္မႀကီးလာေတာ့ ခက္သား။
==========================
" ဆရာ Xiao !! ဒီမွာ လာပါၿပီ !!
ကြၽန္ေတာ္တို႔ရဲ႕ ပန္းခ်ီပညာရွင္ႀကီး ဆရာ Xiao !! မေခ်ာဘူးလား "
" ေခ်ာတယ္ !! "
Hao Xuan ကေတာ့ ထုံးစံအတိုင္း ဘုရားစူး ျပခန္းမႉးလို႔ေျပာရေအာင္ ျပပြဲလာၾကည့္တဲ့သူေတြနဲ႕ ေနာက္ေျပာင္ေနျပန္သည္မို႔ Xiao Zhan ေခါင္းရမ္းကာ ထိုေနရာက လွည့္ထြက္လာလိုက္သည္။
လူမ်ားတဲ့ ဆူဆူညံညံေနရာေတြဆို Xiao Zhan ဘယ္လိုမွကို မေနနိုင္ေပ။
ပန္းခ်ီကားေတြကို လိုက္ၾကည့္ရင္း
တေနရာအေရာက္ Xiao Zhan ေျခလွမ္းေတြ ရပ္တန့္သြားရသည္။
" Wang Hao Xuan !!"
Xiao Zhan ခပ္လွမ္းလွမ္းမွာ ရွိေနတဲ့ Hao Xuan ကို လွမ္းေအာ္လိုက္သည္။
" ဘာျဖစ္လို႔လဲ ဆရာ Xiao လာပါၿပီ !! "
Xiao Zhan သူ႕ေရွ႕က ပန္းခ်ီကားကို လက္ညိုးထိုးကာေမးလိုက္သည္။
" Hao Xuan ! ဘာလို႔ အဲ့ပန္းခ်ီကားက ဒီမွာရွိေနတာလဲ ? ငါ အဲ့ ပန္းခ်ီကို
ျပပြဲျပတာ လုံးဝမလုပ္ရဘူး ေျပာထားတာမွတ္လား !!"
" Zhan Zhan ... စိတ္မဆိုးပါနဲ႕
စိတ္ေလ်ာ့ စိတ္ေလ်ာ့။ ဧည့္သည္ေတြလည္း ရွိေနတာကို။ "
" Hao Xuan ... မင္း "
Xiao Zhan စိတ္တိုလြန္းလို႔ ေျပာစရာစကားေတာင္ရွာမရေတာ့ေပ။
" ေတာင္းပန္ပါတယ္ ... ငါမေန႕ကတည္းက မင္းကို ေတာင္းပန္သားပဲ။ အခုပြဲက မင္းငယ္ငယ္က ဆြဲထားတာေတြပါ ျပတဲ့ ပြဲဆိုေတာ့ ငါက ပိုမိုက္သြားေအာင္ထည့္လိုက္တာပါ။ အဲ့ပုံက အရမ္းလွတယ္ေလ မဟုတ္ဘူးလား။ ငါဝယ္လို႔မရဘူးလို႔ စာကပ္ထားပါတယ္ မစိုးရိမ္ပါနဲ႕။ တျခား ပန္းခ်ီေတြနဲ႕လဲ မေရာဘူးေလ။ သက္သက္စင္နဲ႕ ထားေပးထားတာကို "
အခုမွေတာ့ ေဒါသထြက္ေနေတာ့လည္း မထူးေတာ့သည္မို႔ Xiao Zhan ေလပူတစ္ခ်က္ မႈတ္ထုတ္ရင္း စိတ္ထိန္းကာ ေျပာလိုက္သည္။
" ထားလိုက္ေတာ့။ အခုခ်က္ခ်င္း ျပန္ျဖဳတ္လိုက္။ "
" ဘာလို႔လဲ !! "
Hao Xuan ေအာ္သံေၾကာင့္ ျပပြဲက လူေတြက လွည့္ၾကည့္က်သည္။ Xiao Zhan ကေတာ့ သိကၡာေတြဘာေတြ ဒီအခ်ိန္မွာ ဂ႐ုမစိုက္နိုင္ေသး။
Advertisement
" မင္းမျဖဳတ္လဲေနေတာ့။ ငါ့ဘာသာ သြားျဖဳတ္မယ္။ "
" ေဟ့ေဟ့ Zhan Zhan ! ေကာင္းပါ့ေစတနာကို ေစာ္ကားတဲ့ ေကာင္ေလး။ "
Xiao Zhan မီးေတြအျပည့္ႏွင့္ စင္ျမင့္ေပၚမွာ ၿပဳံးေနတဲ့ Yibo ရဲ႕ မ်က္ႏွာေလးကို ေငးၾကည့္ၿပီး သက္ျပင္းခ်လိဳက္မိသည္။ Xiao Zhan ကိုယ္တိုင္ Yibo ရဲ႕ ပုံတူပန္းခ်ီမ်ားစြာကို ေရးဆြဲဖူးေပမယ့္
ဆြဲၿပီးရင္ ထိုပန္းခ်ီကားေတြကို သူေစ့ေစ့ေတာင္ မၾကည့္ေတာ့ေပ။ ပိုဆိုးသည္က ဤပုံတူပန္းခ်ီကားက Yibo နဲ႕ တူတူရွိေနခဲ့စဥ္က ပထမဆုံးဆြဲခဲ့ ပန္းခ်ီမို႔ Xiao Zhan မေတြ႕ခ်င္ဆုံးပုံျဖစ္သည္။
တုန္ရင္ေနတဲ့ လက္ေတြနဲ႕ Xiao Zhan
စင္ေပၚလွမ္းတက္ကာ ပန္းခ်ီကားကို ျဖဳတ္ယူလိုက္သည္။ ပန္းခ်ီထဲက Yibo က Xiao Zhan ရဲ႕ မ်က္ဝန္းေတြထဲ စူးစိုက္ၾကည့္ကာ ၿပဳံးျပေနသည္။ စို႔တက္လာတဲ့ ခံစားခ်က္ေတြကို သိမ္းဆည္းရင္း Xiao Zhan ဒီေနရာက အျမန္ဆုံးထြက္သြားဖို႔ ျပင္လိုက္သည္။
" အဲ့ပန္းခ်ီကားက ဦး ဆြဲထားတာလား ? "
႐ုတ္တရက္ လွမ္းေမးလာတဲ့ အသံေသးေသးေလးေၾကာင့္ Xiao Zhan လွည့္မၾကည့္ဘဲ ေခါင္းသာၿငိမ့္ျပလိုက္သည္။ သူ႕စိတ္ထဲမွာ တအား ရႈတ္ေထြးေနၿပီး ဤေနရာက အျမန္ထြက္သြားခ်င္တာပဲသိသည္။
" ဘယ္သူ႕ပုံလဲ ? အၫႊန္းထဲမွာ ေရးထားတာ 2003 ခုႏွစ္ဆိုေတာ့ ဒီပန္းခ်ီထဲက လူက အခု ဦးနဲ႕ ႐ြယ္တူေလာက္ရွိမွာေပါ့။
"
Xiao Zhan စိတ္ရႈတ္လာသည္မို႔ သာလိကာလို ေမးေနတဲ့ ကေလးကို ျမန္ျမန္ထြက္သြားေအာင္ ေျပာလိုက္သည္။
" သူက အျပင္မွာ တကယ္ မရွိဘူး ..
ဟုတ္ၿပီလား "
" ဟုတ္လား... ဒါဆို ဘာလို႔ ကြၽန္ေတာ္နဲ႕ တူေနတာလဲ။ တိုက္ဆိုင္တာလား.. "
လွမ္းေနတဲ့ Xiao Zhan ရဲ႕ ေျခလွမ္းေတြ ေအးခဲသြားရသည္။ တုန္ရင္လာတဲ့ ေျခေထာက္ေတြကို ထိန္းၿပီး အေနာက္ကို လွည့္ၾကည့္လိုက္ေတာ့ ေက်ာင္းဝတ္စုံေလးနဲ႕ သူ႕ကို ေက်ာေပးၿပီး ပန္းခ်ီကားတစ္ခုကို အာ႐ုံေရာက္ေနတဲ့ ေကာင္ေလးတစ္ေယာက္ကို ေတြ႕လိုက္ရသည္။
Xiao Zhan တလွမ္းျခင္းလွမ္းကာေကာင္ေလးနားကို ေလွ်ာက္သြားလိုက္သည္။ သူ႕စိတ္ထဲမွာေတာ့ ေျဗာင္းဆန္ေနသည္။ ဘာကို ဆုေတာင္းလို႔ဆုေတာင္းရမွန္းလဲ မသိေတာ့။ Yibo မ်ားလား။ ဒါမွမဟုတ္ရင္ ႐ုပ္ခ်င္းဆင္တာလား။ တကယ္ မတူဘဲ သူ႕ကို စတာလား။ Xiao Zhan ေယာက္ယက္ခတ္ေနတဲ့ အေတြးေပါင္းမ်ားစြာနဲ႕ ေကာင္ေလးရဲ႕
အေနာက္တည့္တည့္မွာ ရပ္လိုက္မိသည္။
ေခၚရင္ေကာင္းမလား ဒီတိုင္းျပန္လွည့္သြားရမလား ေတြေဝေနတုန္း ေကာင္ေလးက သူ႕ေနာက္မွာ လူေရာက္ေနတာကို အာ႐ုံခံစားမိသြားသည္ထင္သည္။ အေနာက္ကို လွည့္ၾကည့္လာကာ
ခပ္ေခ်ေခ် မ်က္ႏွာထားေလးနဲ႕ Xiao Zhan ကို စိုက္ၾကည့္လာသည္။
" ဘာေျပာစရာရွိလို႔လဲ ဦး ? "
Xiao Zhan သူ႕ေရွ႕က ႏုနယ္တဲ့ ပန္းေသြးေရာင္ႂကြေနတဲ့ မ်က္ႏွာႏုႏုေလး
ကို ေငးေမာၾကည့္ရင္း ဘာသံမွထြက္မလာနိုင္ေတာ့။ ရင္နဲ႕ မမွ်ေအာင္ စို႔တက္လာတဲ့ ခံစားခ်က္ေတြက မ်က္ရည္အျဖစ္နဲ႕ လွ်ံက်လာေတာ့သည္။
" ဦး... ဘာျဖစ္လို႔လဲ ? ဘာလို႔ ငိုတာလဲ ? "
ႏုနယ္တဲ့ လက္ေခ်ာင္းေလးေတြက Xiao Zhan ပါးျပင္ကို ဖြဖြေလး ထိကိုင္လာသည္။
Xiao Zhan .. သူ႕ကို စိုးရိမ္တႀကီး ၾကည့္ေနတဲ့ ေကာင္ေလးကို မ်က္ရည္ေတြၾကားက ၿပဳံးျပလိုက္မိသည္။
ဘယ္အခ်ိန္ ဘယ္ေနရာ ဘယ္ဘဝသို႔ေရာက္ ေနပါေစ။
တစ္ေယာက္နဲ႕ တစ္ေယာက္
မမွတ္မိသည္ ဆိုသည့္တိုင္ သူတို႔ႏွစ္ေယာက္ၾကားမွာ ခ်ည္ေႏွာင္ထားတဲ့ ကတိသစၥာႀကိဳးေတြကေတာ့ ျပတ္ဖို႔
ခဲယဥ္းလွသည္ မဟုတ္ပါလား။
ၿပီးပါၿပီ ......
Unicode
" Zhan Zhan !! Zhan Zhan ငါဒီမှာ !! "
Xiao Zhan သူ့ကို လက်ပြကာ အော်ဟစ်နေတဲ့ Hao Xuan ဆီ လျှောက်သွားလိုက်သည်။ ၁၆ နှစ်တောင်ကြာခဲ့ပြီကို Hao Xuan က ဘယ်တော့မှ မပြောင်းလဲနိုင်ဘူးထင်သည်။ အရင်လို တက်ကြွနေဆဲဖြစ်သည်။
" Zhan Zhan မင်းမျက်နှာကလည်း
၃၀ ကျော်လို့ကိုမထင်ရဘူး။ အဘိုးကြီးကျနေတာပဲ အိုစာနေလိုက်တာ။ အမြဲ မျက်နှာတည်ကြီးလုပ်မနေစမ်းပါနဲ့။ မင်းက ဒီလောက်နာမည်ကြီးနေတာကို ငါ့သာဆို ရည်စားတွေ တစ်နေ့တစ်ယောက် တွဲပစ်မယ် "
Xiao Zhan ဆွဲလာတဲ့ Luggage ကို Hao Xuan ကို ပစ်ပေးလိုက်ပြီး ပြောလိုက်သည်။
" ငါက မင်းမှ မဟုတ်တာ "
" မင်းကတော့ အရင်ကထက်တောင်
ပိုအေးစက်လာတယ်။ သံမဏိ နှလုံးသားပိုင်ရှင်ပဲ။ မင်းကို အရည်ပျော်အောင် လုပ်နိုင်မယ့်သူ ဒီကမ္ဘာပေါ်မှာ မရှိဘူးဆိုတာ ငါမယုံနိုင်ဘူး။ "
Advertisement
" အပိုတွေ ပြောမနေနဲ့။ ငါပင်ပန်းနေပြီ
မြန်မြန် ဟိုတယ်ကို ပို့ပေး။ "
" မင်း... အခုချိန်ထိ ငါ့ကို မင်းအခိုင်းစေလို့ ထင်နေတုန်းလား။ လောကကြီးရေ
ငါမယုံနိုင်ဘူး။ "
Xiao Zhan ကားတံခါးဖွင့်ကာ ဝင်ထိုင်ရင်း Hao Xuan ရဲ့ ပေါက်ကရစကားတွေကို မကြားချင်ယောင်ဆောင်နေလိုက်သည်။ လွန်ခဲ့တဲ့ နှစ်တွေထဲက သူနိုင်ငံခြားကို ထွက်သွားတာကြာပြီဖြစ်သည်။ တစ်စုံတစ်ယောက် လွမ်းတဲ့ စိတ်ကို မဖြေဖျောက်နိုင်လို့ နိုင်ငံပေါင်းစုံကို သူလှည့်ပတ်ပြီး သွားနေခဲ့သည်။ အချိန်ကြာလာရင် အနည်ထိုင်သွားမည်ဟု သူထင်ခဲ့သော်လည်း တနေ့တခြား ပိုတိုးလို့သာ သူလွမ်းဆွတ်နေမိသည်။
Wang Yibo...
မင်းပြောတော့ ပြန်လာမယ်ဆို။
အခုထိ အရိပ်ယောင်တောင်မတွေ့ရဘူး။
ငါ လွမ်းလှပြီ။
" မနက်ဖြန်နောက်မကျနဲ့နော်! ငါက ပြပွဲအတွက် စီစဥ်နေရမှာဆိုတော့ မင်းကို ကြိုဖို့ တခြားတစ်ယောက်လွှတ်လိုက်မယ်။ "
Xiao Zhan ခေါင်းညိမ့်ပြရင်း Hotel ထဲသို့ လှမ်းဝင်လိုက်သည်။
" Zhan Zhan မနက်ဖြန်ကျရင်
ငါ့ကို စိတ်မဆိုးနဲ့နော် ! "
အော်ပြောပြီး ဝုန်းဒိုင်းကြဲကာ မောင်းထွက်သွားတဲ့ Hao Xuan ကို ကြည့်ပြီး
Xiao Zhan ကြောင်အမ်းသွားမိသည်။
ဒီအရူးကတော့ အသက်ပဲကြီးလာတယ်
ဦးနှောက်က လိုက်မကြီးလာတော့ ခက်သား။
==========================
" ဆရာ Xiao !! ဒီမှာ လာပါပြီ !!
ကျွန်တော်တို့ရဲ့ ပန်းချီပညာရှင်ကြီး ဆရာ Xiao !! မချောဘူးလား "
" ချောတယ် !! "
Hao Xuan ကတော့ ထုံးစံအတိုင်း ဘုရားစူး ပြခန်းမှူးလို့ပြောရအောင် ပြပွဲလာကြည့်တဲ့သူတွေနဲ့ နောက်ပြောင်နေပြန်သည်မို့ Xiao Zhan ခေါင်းရမ်းကာ ထိုနေရာက လှည့်ထွက်လာလိုက်သည်။
လူများတဲ့ ဆူဆူညံညံနေရာတွေဆို Xiao Zhan ဘယ်လိုမှကို မနေနိုင်ပေ။
ပန်းချီကားတွေကို လိုက်ကြည့်ရင်း
တနေရာအရောက် Xiao Zhan ခြေလှမ်းတွေ ရပ်တန့်သွားရသည်။
" Wang Hao Xuan !!"
Xiao Zhan ခပ်လှမ်းလှမ်းမှာ ရှိနေတဲ့ Hao Xuan ကို လှမ်းအော်လိုက်သည်။
" ဘာဖြစ်လို့လဲ ဆရာ Xiao လာပါပြီ !! "
Xiao Zhan သူ့ရှေ့က ပန်းချီကားကို လက်ညိုးထိုးကာမေးလိုက်သည်။
" Hao Xuan ! ဘာလို့ အဲ့ပန်းချီကားက ဒီမှာရှိနေတာလဲ ? ငါ အဲ့ ပန်းချီကို
ပြပွဲမှာပြတာ လုံးဝမလုပ်ရဘူး ပြောထားတာမှတ်လား !!"
" Zhan Zhan ... စိတ်မဆိုးပါနဲ့
စိတ်လျော့ စိတ်လျော့။ ဧည့်သည်တွေလည်း ရှိနေတာကို။ "
" Hao Xuan ... မင်း "
Xiao Zhan စိတ်တိုလွန်းလို့ ပြောစရာစကားတောင်ရှာမရတော့ပေ။
" တောင်းပန်ပါတယ် ... ငါမနေ့ကတည်းက မင်းကို တောင်းပန်သားပဲ။ အခုပွဲက မင်းငယ်ငယ်က ဆွဲထားတာတွေပါ ပြတဲ့ ပွဲဆိုတော့ ငါက ပိုမိုက်သွားအောင်ထည့်လိုက်တာပါ။ အဲ့ပုံက အရမ်းလှတယ်လေ မဟုတ်ဘူးလား။ ငါဝယ်လို့မရဘူးလို့ စာကပ်ထားပါတယ် မစိုးရိမ်ပါနဲ့။ တခြား ပန်းချီတွေနဲ့လဲ မရောဘူးလေ။ သက်သက်စင်နဲ့ ထားပေးထားတာကို "
အခုမှတော့ ဒေါသထွက်နေတော့လည်း မထူးတော့သည်မို့ Xiao Zhan လေပူတစ်ချက် မှုတ်ထုတ်ရင်း စိတ်ထိန်းကာ ပြောလိုက်သည်။
" ထားလိုက်တော့။ အခုချက်ချင်း ပြန်ဖြုတ်လိုက်။ "
" ဘာလို့လဲ !! "
Hao Xuan အော်သံကြောင့် ပြပွဲက လူတွေက လှည့်ကြည့်ကျသည်။ Xiao Zhan ကတော့ သိက္ခာတွေဘာတွေ ဒီအချိန်မှာ ဂရုမစိုက်နိုင်သေး။
" မင်းမဖြုတ်လဲနေတော့။ ငါ့ဘာသာ သွားဖြုတ်မယ်။ "
" ဟေ့ဟေ့ Zhan Zhan ! ကောင်းပါ့စေတနာကို စော်ကားတဲ့ ကောင်လေး။ "
Xiao Zhan မီးတွေအပြည့်နှင့် စင်မြင့်ပေါ်မှာ ပြုံးနေတဲ့ Yibo ရဲ့ မျက်နှာလေးကို ငေးကြည့်ပြီး သက်ပြင်းချလိုက်မိသည်။ Xiao Zhan ကိုယ်တိုင် Yibo ရဲ့ ပုံတူပန်းချီများစွာကို ရေးဆွဲဖူးပေမယ့်
ဆွဲပြီးရင် ထိုပန်းချီကားတွေကို သူစေ့စေ့တောင် မကြည့်တော့ပေ။ ပိုဆိုးသည်က ဤပုံတူပန်းချီကားက Yibo နဲ့ တူတူရှိနေခဲ့စဥ်က ပထမဆုံးဆွဲခဲ့ ပန်းချီမို့ Xiao Zhan မတွေ့ချင်ဆုံးပုံဖြစ်သည်။
တုန်ရင်နေတဲ့ လက်တွေနဲ့ Xiao Zhan
စင်ပေါ်လှမ်းတက်ကာ ပန်းချီကားကို ဖြုတ်ယူလိုက်သည်။ ပန်းချီထဲက Yibo က Xiao Zhan ရဲ့ မျက်ဝန်းတွေထဲ စူးစိုက်ကြည့်ကာ ပြုံးပြနေသည်။ စို့တက်လာတဲ့ ခံစားချက်တွေကို သိမ်းဆည်းရင်း Xiao Zhan ဒီနေရာက အမြန်ဆုံးထွက်သွားဖို့ ပြင်လိုက်သည်။
" အဲ့ပန်းချီကားက ဦး ဆွဲထားတာလား ? "
ရုတ်တရက် လှမ်းမေးလာတဲ့ အသံသေးသေးလေးကြောင့် Xiao Zhan လှည့်မကြည့်ဘဲ ခေါင်းသာငြိမ့်ပြလိုက်သည်။ သူ့စိတ်ထဲမှာ တအား ရှုတ်ထွေးနေပြီး ဤနေရာက အမြန်ထွက်သွားချင်တာပဲသိသည်။
" ဘယ်သူ့ပုံလဲ ? အညွှန်းထဲမှာ ရေးထားတာ 2003 ခုနှစ်ဆိုတော့ ဒီပန်းချီထဲက လူက အခု ဦးနဲ့ ရွယ်တူလောက်ရှိမှာပေါ့။
"
Xiao Zhan စိတ်ရှုတ်လာသည်မို့ သာလိကာလို မေးနေတဲ့ ကလေးကို မြန်မြန်ထွက်သွားအောင် ပြောလိုက်သည်။
" သူက အပြင်မှာ တကယ် မရှိဘူး ..
ဟုတ်ပြီလား "
" ဟုတ်လား... ဒါဆို ဘာလို့ ကျွန်တော်နဲ့ တူနေတာလဲ။ တိုက်ဆိုင်တာလား.. "
လှမ်းနေတဲ့ Xiao Zhan ရဲ့ ခြေလှမ်းတွေ အေးခဲသွားရသည်။ တုန်ရင်လာတဲ့ ခြေထောက်တွေကို ထိန်းပြီး အနောက်ကို လှည့်ကြည့်လိုက်တော့ ကျောင်းဝတ်စုံလေးနဲ့ သူ့ကို ကျောပေးပြီး ပန်းချီကားတစ်ခုကို အာရုံရောက်နေတဲ့ ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။
Xiao Zhan တလှမ်းခြင်းလှမ်းကာကောင်လေးနားကို လျှောက်သွားလိုက်သည်။ သူ့စိတ်ထဲမှာတော့ ဗြောင်းဆန်နေသည်။ ဘာကို ဆုတောင်းလို့ဆုတောင်းရမှန်းလဲ မသိတော့။ Yibo များလား။ ဒါမှမဟုတ်ရင် ရုပ်ချင်းဆင်တာလား။ တကယ် မတူဘဲ သူ့ကို စတာလား။ Xiao Zhan ယောက်ယက်ခတ်နေတဲ့ အတွေးပေါင်းများစွာနဲ့ ကောင်လေးရဲ့
အနောက်တည့်တည့်မှာ ရပ်လိုက်မိသည်။
ခေါ်ရင်ကောင်းမလား ဒီတိုင်းပြန်လှည့်သွားရမလား တွေဝေနေတုန်း ကောင်လေးက သူ့နောက်မှာ လူရောက်နေတာကို အာရုံခံစားမိသွားသည်ထင်သည်။ အနောက်ကို လှည့်ကြည့်လာကာ
ခပ်ချေချေ မျက်နှာထားလေးနဲ့ Xiao Zhan ကို စိုက်ကြည့်လာသည်။
" ဘာပြောစရာရှိလို့လဲ ဦး ? "
Xiao Zhan သူ့ရှေ့က နုနယ်တဲ့ ပန်းသွေးရောင်ကြွနေတဲ့ မျက်နှာနုနုလေး
ကို ငေးမောကြည့်ရင်း ဘာသံမှထွက်မလာနိုင်တော့။ ရင်နဲ့ မမျှအောင် စို့တက်လာတဲ့ ခံစားချက်တွေက မျက်ရည်အဖြစ်နဲ့ လျှံကျလာတော့သည်။
" ဦး... ဘာဖြစ်လို့လဲ ? ဘာလို့ ငိုတာလဲ ? "
နုနယ်တဲ့ လက်ချောင်းလေးတွေက Xiao Zhan ပါးပြင်ကို ဖွဖွလေး ထိကိုင်လာသည်။
Xiao Zhan .. သူ့ကို စိုးရိမ်တကြီး ကြည့်နေတဲ့ ကောင်လေးကို မျက်ရည်တွေကြားက ပြုံးပြလိုက်မိသည်။
ဘယ်အချိန် ဘယ်နေရာ ဘယ်ဘဝသို့ရောက် နေပါစေ။
တစ်ယောက်က တစ်ယောက်ကို
မမှတ်မိသည် ဆိုသည့်တိုင် သူတို့နှစ်ယောက်ကြားမှာ ချည်နှောင်ထားတဲ့ ကတိသစ္စာကြိုးတွေကတော့ ပြတ်ဖို့
ခဲယဥ်းလှသည် မဟုတ်ပါလား။
ပြီးပါပြီ ......
Advertisement
- In Serial14 Chapters
Morcster Chef [THE MANGA/WEBTOON]
The Webtoon for Morcster Chef has come to RoyalRoad! Enjoy! Adventurers flock to massive crypts brimming with riches and promises of power. Heroes storm the gates of dark fortresses, their swords drawn in the name of freedom. Gods tear the heavens asunder, clashing over the fate of the realm itself. Arek cooks lasagna and tops it with a dash of finely chopped basil. An orc who has seen more than his fair amount of fighting, Arek wants nothing more than to share his love of cooking with the world. However, when Ming and her crew of misfit adventurers hire him as their full-time chef, Arek's plans of avoiding violence crumble. He swore off killing for money and fame, but you can't make Wyrmfire Steak without killing a dragon.
8 117 - In Serial6 Chapters
Safe Haven No More
Atrimeaus awakens in a strange cave, his memory shattered with large pieces missing. Stone tablets near the entrance with the words "Write everything, set it upon stone." engraved on its surface. Leaving the cave, the man finds a magnificent world awaiting him, full of majestic and dangerous beasts. Mysteries aplenty await the man as he tries to find clues to what has happened to him, as well as death around every corner. Will Atri find what he seeks or be doomed to become prey for the dangers of this place?
8 205 - In Serial10 Chapters
Gaia Ark
Commander Coop, a four-armed, power-armored, super-soldier, undertakes a mission to assassinate the head of a religious cult bent on destroying the UPSF and everyone they protect. But no mission is ever that simple. GAIA ARK is an action adventure hero's journey featuring a cranky cyborg, vampiric sword, alien monsters, and enough self-discovery to provide a character arc. It's a little rough around the edges, a little crude. I started writing this story on November 2, 2018. This story is mid-composition. Please expect clunky prose, notes [in brackets], and incomplete...
8 102 - In Serial10 Chapters
The Heartless King of Life(Dropped)
As our modern world gets torn apart, by ones that comes from afar but at the same time near, do we submit ourselves to our tragic destiny? Do we let others define our fall and rise, or do we forge it with the iron that we wield with our hands? What path do we choose to tread to escape a crumbling floor, as the giants of power comes crashing down upon the lands. From the fleshless bones, to fleshy horrors that wishes to consume the world that we walk upon. Witness the changes that our world will feel, through the eyes of one of its citizens. Whether this human or what does being a human even mean when you are a tree spirit? Make a path that the rest will also use, or someone that will bring ruin to the fates of others. Follow our MC as he becomes a tree spirit, and develops himself in this chaotic times. The Apocalypse descends, as the world returns to the embrace of mana. ====================================================================== (Author: The Cover is not mine. If the creator wishes it to be removed, please do inform me)
8 136 - In Serial8 Chapters
A Thief and a Prince (Inspired by Aladdin)
Nico is Prince of Atlantis. Percy is a lowly thief who is mourning the death of his mother. When Nico gets bored of the Palace life, what will happen when he meets Percy? Will Percy be enough to capture his attention. A Nicercy fic. Boyxboy. Don't like, don't read. Rating may change in upcoming chapters.NOTE: COVER NOT MINE, FOUND ON GOOGLE
8 149 - In Serial17 Chapters
Perpetuo Servaturum
Это мир, в котором каждому человеку суждено быть со своим "истинным". Неважно, сколько лет пройдет, они все равно будут вместе. Если до совершеннолетия "истинные" не наши друг друга, они перестают стареть, так как старость они должны встретить вместе. История об учителе, который сотню лет ждал, как оказалось, своего ученика.
8 169

