《The Time Between You And Me》Part 1.3
Advertisement
Zawgyi
ဘာလိုလိုနဲ႕ Xiao Zhan အိမ္ေတာ္ကို ေရာက္ေနသည္မွာ ႏွစ္ပတ္ေက်ာ္လာၿပီျဖစ္သည္။ ယခုခ်ိန္ထိ Yibo ကို သူတစ္ေယာက္တည္း ျမင္ေနရၿပီး ထိလို႔ ကိုင္လို႔ ရေနဆဲ၊ ထိုထူးဆန္းသည့္ ပေဟဠိကို သူတို႔ႏွစ္ေယာက္လုံး မည္သို႔မွ် စဥ္းစား၍ မရ။ ႏွစ္ေယာက္ၾကားမွာ ဆက္သြယ္မႈတစ္ခု က်ိန္းေသရွိရမည္ဟု ခန့္မွန္းမိေသာ္လည္း ထိုဆက္သြယ္မႈကို ယခုအခ်ိန္ထိ ရွာမေတြ႕ေသးေခ်။
" Yibo .. ငါေရခ်ိဳးမလို႔ေနာ္ "
Xiao Zhan ဘီဒိုထဲက အဝတ္အစား အခ်ိဳ႕ကို ဆြဲထုတ္ရင္း ဝရန္တာတြင္ ရပ္ေနေသာ Yibo ကို လွမ္းေျပာလိုက္သည္။
" ေအးေအးေဆးေဆး ခ်ိဳးပါ ...
မလာပါဘူး "
လွည့္မၾကည့္ဘဲ Yibo က ျပန္ေျပာေပမယ့္လည္း ရယ္ၿပီးေျပာေနသည္ဆိုတာ
Xiao Zhan သိေနသည္မို႔ မ်က္ေစာင္း တစ္ခ်က္လွမ္းထိုးရင္း ေရခ်ိဳးခန္းတံခါးကို ေဆာင့္ပိတ္လိုက္သည္။
ယူလာတဲ့ အဝတ္အစားေတြကို ေရခ်ိဳးခန္းေဘာင္ေပၚလွမ္းတင္ရင္း Xiao Zhan အေတြးေတြက လြန္ခဲ့တဲ့ ရက္ဆီသို႔ ျပန္ေရာက္သြားေတာ့သည္။
ထိုေန႕က Xiao Zhan ေရခ်ိဳးေနတုန္း
Yibo ကလည္း မသိဘဲ ေရခ်ိဳးခန္းတံခါးကေန ေဖာက္ဝင္လာခ်ိန္နဲ႕ သြားတိုးၿပီး အရွက္ကြဲခဲ့ေသးသည္ မဟုတ္ပါလား။
ဘယ္လိုပဲ ဝိဉာဥ္လို႔ေျပာေျပာ သူရဲ႕ ဘာမွ မဝတ္ထားတဲ့ မိေမြးတိုင္း ဖေမြးတိုင္းပုံစံႀကီးကို Yibo ျမင္ဖူးသြားသည္ မဟုတ္ပါလား။ ထိုအခ်ိန္မွ စ၍ Xiao Zhan တစ္ေယာက္ အိမ္သာတက္တာေတာင္ ေျဖာင့္ေျဖာင့္မတက္ရဲေတာ့။
လူႏွစ္ေယာက္ အတူတူ အခန္းတစ္ခန္းထဲကို မွ်သုံးေနရသလို ခံစားခ်က္ႀကီး
ျဖစ္ေနသည္ေလ။ အခန္းေျပာင္းရေအာင္လည္း ဒီအခန္းမွာ ေနသားက်ေနၿပီမို႔
မေျပာင္းျဖစ္တာေရာ Yibo က အခန္းထဲကလြဲၿပီး ဘယ္မွ ထြက္လို႔မရလို႔ အေဖာ္လုပ္ေပးခ်င္တာေရာ ပါသည္။
သူ႕ခမ်ာ တစ္ေယာက္တည္းပ်င္းေနရွာတာ ဆယ္စုႏွစ္ တစ္ခုေက်ာ္ခဲ့ၿပီ မဟုတ္လား။
" Yibo ... Wang Yi ... "
" အကိုေလး ! ထမင္းဆင္းစားလို႔ရၿပီ "
Xiao Zhan ေရခ်ိဳးၿပီး ထြက္လာလာျခင္း Yibo ကို မေတြ႕လို႔ ေအာ္ေခၚေနတုန္း အခန္းေပါက္ဝမွာ ေပၚလာတဲ့ Bao Chi ေၾကာင့္ သူရပ္တန့္သြားၿပီး ေခါင္းညိမ့္ျပလိုက္သည္။
" အကိုေလး .. ဒီကိုေရာက္တာ ႏွစ္ပတ္ေက်ာ္ၿပီကို ဘယ္မွလဲ မသြားဘူး။
အခန္းထဲပဲ ေအာင္းေနတာ။ ၿမိဳ႕ထဲ လိုက္မလည္ခ်င္ဘူးလား "
ေအာက္ထပ္ကို တူတူဆင္းလာရင္း Bao Chi ေလးက ေမးလာသည္မို႔ Xiao Zhan ေခါင္းရမ္းျပရင္း ေျဖလိုက္သည္။
" မသြားေတာ့ပါဘူး... အကို႔မွာ လက္စသတ္စရာေတြ အမ်ားႀကီးက်န္ေသးတယ္။ ၿပီးမွ သြားက်တာေပါ့။ "
" အကိုေလး ရည္းစားက ၿမိဳ႕မွာ က်န္ခဲ့တာလား ? ဖုန္းတအားေျပာသလိုပဲေနာ္ "
" ဖုန္းေျပာတယ္ ? "
Xiao Zhan ေၾကာင္အမ္းသြားၿပီးမွ
သူစဥ္းစားမိသြားသည္။ ဟုတ္တာပဲ
Yibo နဲ႕ သူစကားေျပာေနတာကို
တစ္ေယာက္ေယာက္က ၾကားရင္
သူတစ္ေယာက္ထဲ ေျပာေနသလို ျဖစ္ေနမွာပဲေလ။ ေတာ္ေသးတာေပါ့ အခန္းတံခါးကို အၿမဲတမ္း ပိတ္ထားမိလို႔။ မဟုတ္ရင္ သူ႕ကို အ႐ူးလို႔ထင္က်ေတာ့မွာပဲ။
" ဟုတ္တယ္ ... ဟုတ္တယ္ အကို ဖုန္းေျပာတာ "
Xiao Zhan ေခ်ာ္လဲေရာထိုင္လိုက္ေတာ့
Bao Chi က ၿပဳံးၿပီး သူနားကပ္လာသည္။
" ဒါနဲ႕ အကိုေလး .. အဲ့အခန္းမွာ ေနရတာ အဆင္ေျပလား ? ဘာမွ မၾကားရဘူးလား ? ညဘက္ဆို အကိုေလး တစ္ေယာက္တည္း က်န္ခဲ့တာကို။
နည္းနည္းေလးေတာင္ ဘာမွ မၾကားဘူးလား။ "
Xiao Zhan မ်က္ခုံးတစ္ဖက္ကို ပင့္တင္လိုက္ၿပီး Bao Chi နားကို ျပန္တိုးကပ္ၿပီး ေမးလိုက္သည္။
" ဘာလို႔လဲ ? အဲ့ အခန္းမွာ တစ္ခုခု ရွိလို႔လား။ ျပန္စဥ္းစားၾကည့္ေတာ့ Hao Xuan လည္း ငါ့ကို အဲ့အခန္းမွာ သိပ္မေနေစခ်င္သလိုပဲ။ မင္းတစ္ခုခု သိထားတာရွိလို႔လား။ "
" မရွိလို႔ အကိုေလးကို ေမးတာေပါ့။
အဲ့အခန္းကို အၿမဲပိတ္ထားေတာ့
ကြၽန္ေတာ္ထင္တာ တစ္ခုခု ရွိလို႔ထင္တာ။ ၿပီးေတာ့ အဲ့ အခန္းေရွ႕ ျဖတ္ေလွ်ာက္မိတိုင္း အၿမဲ ထူးထူးဆန္းဆန္းႀကီး ခံစားရတယ္။ "
Xiao Zhan ေခါင္းတၿငိမ့္ၿငိမ့္ လုပ္ၿပီး
စိတ္ထဲက ေတြးကာ ၿပဳံးလိုက္မိသည္။
ရွိတာေပါ့ Bao Chi ရယ္။
သရဲက ရွိတာမွ ေခ်ာေခ်ာေလး။
အသန့္ကလဲ ႀကိဳက္ေသး။
ေခ်ကလည္း ေခ်ေသးတယ္။
အၿမဲ စူပုတ္ပုတ္နဲ႕ သခင္ေလး သရဲေလး။
" ဒါနဲ႕ အကိုေလး ေနေကာင္းရဲ႕လား ?
အကိုေလးၾကည့္ရတာ ေရာက္တုန္းကနဲ႕ မတူေတာ့ဘဲ တေန႕တျခား ျဖဴေဖ်ာ့လာသလိုပဲ။ ညဘက္ေတြ မအိပ္ဘူးလား? "
" ဟုတ္တယ္ ဆရာေလး က်န္းမာေရး ဂ႐ုစိုက္ဦး။ ေတာ္ၾကာ သခင္ေလးက သူ႕သူငယ္ခ်င္းကို ဂ႐ုမစိုက္ဘူးဆိုၿပီး အျပစ္တင္ေနဦးမယ္။ "
အိမ္ေတာ္ထိန္းကပါ ဝင္ေျပာလာသည္မို႔
Xiao Zhan ရယ္ရယ္ေမာေမာနဲ႕ စကားျပန္ေျပာရင္း အရင္ထက္ နည္းနည္းၾကာသြားသည္။ ညစာစားၿပီး Bao Chi တို႔ကို ႏႈတ္ဆက္ကာ အခန္းကို ျပန္လာေတာ့ Yibo က စူပုတ္ပုတ္နဲ႕
ကုတင္ေပၚထိုင္ေနတာ ေတြ႕လိုက္ရသည္။
" ဘာျဖစ္တာလဲ မ်က္ႏွာက။ ငါထြက္သြားတာၾကာလို႔လား ? "
" ေတာ္ေတာ္ေပ်ာ္ေနပုံပဲေနာ္... ရယ္သံေတြမ်ား ဒီထိေတာင္ၾကားရတယ္။
ထမင္းသြားစားတာ ၂ နာရီေလာက္ၾကာတယ္လား။ "
ခနဲ႕တဲ့တဲ့ အသံေလးနဲ႕ စူပုတ္ေနတဲ့ Yibo ကို ၾကည့္ၿပီး Xiao Zhan ရယ္လိုက္မိသည္။ ဒီေကာင္ေလးနဲ႕ေတြ႕တာ လဝက္ေလာက္ေတာင္ မရွိေသးေပမယ့္
သူ႕ခမ်ာ အခုမွ စကားေျပာေဖာ္ရသည္မို႔ Xiao Zhan ကို မ်က္စိေအာက္က အေပ်ာက္မခံတာ မထူးဆန္းပါဘူး။ သူကိုယ္တိုင္လည္း အျဖဴေကာင္ေလးကို
စိတ္ဝင္စားလို႔ ပတ္သတ္မိရာမွ တျဖည္းျဖည္း သံေယာဇဥ္တြယ္ေနမိၿပီလားေတာင္ မသိေတာ့။
Xiao Zhan အခန္းအလယ္က ဆြဲလက္စ ပန္းခ်ီကားေရွ႕မွာ ဝင္ထိုင္ရင္း ေျပာလိုက္သည္။ " Yibo ရယ္.. စူပုတ္မေနစမ္းပါနဲ႕။ ငါအခ်ိန္တိုင္း မင္းနဲ႕ ရွိေနေပးတာပဲဟာ။ "
" ဒါေပမယ့္ မင္းက အခ်ိန္တန္ရင္
ထြက္သြားမွာေလ။ အဲ့အခ်ိန္ထိပဲ ငါ့ေဘးမွာ ၾကာၾကာေလး ေနပေးလို႔မရဘူးလား "
Xiao Zhan ပန္းခ်ီဆြဲဖို႔ ျပင္ေနတဲ့ လက္ေတြ တုန့္ဆိုင္းသြားရသည္။ ၂ လ... ၂ လ ဆိုတဲ့ အခ်ိန္အတိုင္းအတာေလးအတြင္းမွာ မၾကာခင္ သူဒီက ထြက္သြားရမည္ေလ။
Advertisement
Xiao Zhan ဘက္ကို လွည့္ၾကည့္ကာ
ခပ္ေဖ်ာ့ေဖ်ာ့ေလး ၿပဳံးျပရင္း ေျပာလိုက္သည္။
" မစိုးရိမ္ပါနဲ႕.. ငါပန္းခ်ီျပပြဲ ၿပီးသြားတဲ့အခါက်ရင္ ငါမင္းဆီ လာလည္မယ္ေလ။ အဲ့အခါက်မွ မင္းကို ေသခ်ာအေဖာ္လုပ္ေပးမယ္။ ဟုတ္ၿပီလား။ "
" ကတိေပးလား ? "
ခ်က္ခ်င္း Xiao Zhan ေရွ႕ကို ေရာက္လာၿပီး လက္သန္းေလး ေထာင္ျပေနတဲ့ ဘယ္နႏွစ္ရွိေနၿပီမွန္းမသိတဲ့
ဝိဉာဥ္ဆိုးေလး။
Xiao Zhan ရယ္ေမာကာ Yibo ရဲ႕ လက္သန္းေလးကို သူ႕လက္သန္းေလးနဲ႕ ခ်ိတ္လိုက္သည္။
" ကတိေပးတယ္ "
" ေက်းဇူးပဲ "
Yibo က သူလိုခ်င္တာရသြားေတာ့မွ
Xiao Zhan ကို ထားခဲ့ကာ ကုတင္ေပၚ ျပန္တက္သြားေတာ့သည္။
Xiao Zhan ပန္းခ်ီဆြဲေနတဲ့ အခ်ိန္ေတြဆို Yibo က အေႏွာက္အယွက္မေပးဘဲ အၿမဲလိုလို တိတ္ဆိတ္စြာ ကုတင္ေပၚမွာ ထိုင္ေနေလ့ရွိၿပီး တစ္ခါတစ္ရံ ဝရန္တာမွာ ထြက္ရပ္ၿပီး ေငးေမာေနေလ့ရွိသည္။ Xiao Zhan ပန္းခ်ီဆြဲရင္း ေညာင္းညာလာလို႔ လွည့္ၾကည့္လိုက္လွ်င္ Yibo ကအၿမဲ ထိုေနရာေတြမွာ ၿငိမ္ၿငိမ္ေလး ရွိေနတတ္သည္။ တစ္ေယာက္နဲ႕ တစ္ေယာက္ ႏႈတ္ကထုတ္ေျပာစရာမလိုဘဲ တိတ္ဆိတ္စြာနဲ႕ တစ္ေယာက္ကိုတစ္ေယာက္ အျပန္အလွန္ အေဖာ္ျပဳေပးက်သည္။ Xiao Zhan ကအၿမဲတမ္း ထိုသို႔ သူလွည့္ၾကည့္တိုင္း သူ႕အတြက္ ရွိေနေပးမည့္ ခ်စ္သူတစ္ေယာက္ လိုခ်င္ခဲ့ဖူးသည္။ ကံဆိုးစြာနဲ႕ Yibo က ေယာက်ာ္းေလးျဖစ္ေနသည့္အျပင္ လူသားမဟုတ္။ အနည္းဆုံးေတာ့ Yibo သာ အသက္ရွင္ေနလွ်င္ သူငယ္ခ်င္းေကာင္းေတြေတာ့ ျဖစ္နိုင္ေသးသည္ မဟုတ္ပါလား။
" Yibo ... မင္းနည္းနည္းေလးေတာင္
မမွတ္မိဘူးလား မင္းဘယ္လိုေသခဲ့လဲဆိုတာ "
Xiao Zhan စုတ္တံကို ခ်ကာ ဝရန္တာမွာ တိတ္ဆိတ္စြာ ေငးေမာေနတဲ့ Yibo နားကို ေလွ်ာက္သြားရင္း ေမးလိုက္သည္။
" မမွတ္မိဘူး... ငါမွတ္မိတာ ငါ့အခန္းထဲမွာ ငါ စႏၵရားတီးေနတာပဲ။ တျခားဘာမွ မမွတ္မိဘူး။ အႀကိမ္ေပါင္းမ်ားစြာ စဥ္းစားလည္း ဒီအတိုင္းပဲ။ "
" မင္းေသတုန္းက ဘယ္အ႐ြယ္လဲ ?
အခုပုံၾကည့္ရသေလာက္ ၁၉ ၂၀ ပဲ ရွိဦးမွာေပါ့။ ဘယ္တုန္းက ေသတာေရာ မွတ္မိလား ? "
Yibo က Xiao Zhan ကို ထူးဆန္းသလို ေငးၾကည့္လာသည္။
" ဘာလို႔ ႐ုတ္တရက္ႀကီး ငါ့အေၾကာင္းစိတ္ဝင္စားသြားရျပန္တာလဲ ?"
" ဒီတိုင္း မင္းက မေသေသးဘဲ တေနရာရာမွာမ်ား ေျမာေနတာလား
ေတြးမိလို႔။ "
Xiao Zhan ေမွ်ာ္လင့္တႀကီး ျဖစ္ေနပုံကို ၾကည့္ၿပီး Yibo က အေဝးႀကီးကို ေငးကာ ေျပာလာသည္။
" မင္းက ငါအသက္ရွင္ဖို႔ ေမွ်ာ္လင့္ေနတာပဲ။ ဒါေပမယ့္ မျဖစ္နိုင္ဘူး ငါမွတ္မိသေလာက္ ဒီအခန္းမွာ ငါရွိေနတာ
အနည္းဆုံး အႏွစ္ ၅၀ ေလာက္ရွိၿပီ။ တြက္ၾကည့္ရင္ ငါက မင္း အဖိုးအ႐ြယ္ပဲ။ "
" ဒါဆို... ဖိုးဖိုးလို႔ ေခၚသင့္တာေပါ့ "
" ........ "
" ဝမ္ ဖိုးဖိုး "
" ....... "
ႏွစ္ေယာက္သား တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ၿပီး ရယ္မိက်သည္။
" ဒါေပမယ့္ Yibo ... ငါတကယ္ မင္းနဲ႕ အျပင္မွာ ဆုံခ်င္မိတယ္။ ငါတို႔ သူငယ္ခ်င္းေကာင္းေတြ ျဖစ္လာနိုင္လို႔ ငါထင္တယ္။ "
Yibo က Xiao Zhan ဘက္ကို လွည့္လာကာ မ်က္ဝန္းေတြထဲ ေငးစိုက္ၾကည့္ရင္း ေျပာလာသည္။
" ေနာက္မက်ေသးပါဘူး။ အခုလည္း လုပ္လို႔ရပါတယ္။ "
" ဟုတ္ၿပီေလ... သူငယ္ခ်င္း လုပ္က်တာေပါ့။ ဝမ္ ဖိုးဖိုး ... "
Yibo က Xiao Zhan ရဲ႕ အစအေနာက္ေတြကို ထပ္ၿပီးသည္းမခံနိုင္စြာနဲ႕ လွမ္းရိုက္ရင္း " ဒါနဲ႕ မင္းက ဘာလို႔ ငါ့ကို ျမင္ေနရတာလည္းဆိုတာ အခုထိ မသိရေသးဘူးေနာ္။ "
" အင္း... ငါတို႔ၾကားမွာ တစ္ခုခုေတာ့
ဆက္စပ္မႈေတာ့ ရွိမယ္လို႔ထင္တယ္။ မဟုတ္မွလြဲေရာ မင္းက ငါ့အဖိုးမ်ားလား "
" ေပါက္ကရေတြ ! "
Xiao Zhan က Yibo မ်က္ႏွာ ရႈံတြသြားတာကို ၾကည့္ၿပီး သဘာက်စြာ တဟားဟား ရယ္သည္။
" သရဲေတြလည္း စိတ္ဆိုးတတ္တာပဲလား။ မသိခဲ့ဘူး။ "
" မင္းက ဉာဏ္တိမ္တာကိုး ဘယ္သိမွာလဲ။ သူမ်ားကို အခ်ိန္တိုင္း စဖို႔ေလာက္ပဲ ေတြးေနတာကို။ "
" Wang Yi bo ! အဲ့လိုေတာ့ မေျပာပါနဲ႕။ ငါက တည္တည္ၿငိမ္ၿငိမ္ေလးပါ။
ဒါေပမယ့္ မင္းကိုေတာ့ စခ်င္ေနတာ ငါလည္း မတတ္နိုင္ဘူး ဟုတ္ၿပီလား။ "
" အဓိပၸါယ္မရွိတာ "
" ေဟ့ ေဟ့ Wang Yi Bo !! "
စိတ္ေကာက္ၿပီး ႐ုတ္တရက္ သူ႕ေရွ႕က ေပ်ာက္ကြယ္သြားတဲ့ Yibo ကို Xiao Zhan လွမ္းဆြဲေသာ္လည္း မမွီေတာ့။
ဒီေကာင္ေလး လူေသးသေလာက္ စိတ္ကလည္း ႀကီးလိုက္တာ။
Xiao Zhan ေဘာင္းဘီအိတ္ထဲက ဖုန္းက တုန္ခါလာသည္မို႔ ေခၚဆိုသူကို ၾကည့္လိုက္ေတာ့ Hao Xuan။
" ဘာလဲ ငါ့ကို လြမ္းလို႔လား "
တစ္ဖက္က အာၿပဲေနေအာင္ ရယ္သံ ထြက္လာၿပီး " လြမ္းတာေပါ့ ဆရာXiao ရယ္.. လြမ္းလြန္းလို႔ ဆရာ Xiao ဆီ ေနာက္အပတ္ထဲ ဆင္းလာခဲ့မလို႔ ဖုန္းလွမ္းဆက္တာ။ "
" ပန္းခ်ီကားေတြ ၾကည့္ခ်င္တာမဟုတ္ဘူးလား။ အလိမ္အညာေတြ။ "
တစ္ဖက္က Hao Xuan ကေတာ့ ထုံးစံအတိုင္း ရယ္ေမာၿပီး Xiao Zhan ကို ႏႈတ္ဆက္သြားသည္။ အစက Yibo အေၾကာင္းေမးၾကည့္ဖို႔ ႀကံ႐ြယ္ၿပီးသားျဖစ္ေသာ္လည္း လူကိုယ္တိုင္ လာမည္ဆိုမွေတာ့ ေတြ႕မွပဲ ေမးလိုက္တာ ပိုသင့္ေတာ္မည္ဟု ဆုံးျဖတ္လိုက္တာေၾကာင့္
သူမေမးျဖစ္ေတာ့။
ဝိဉာဥ္ေလာကအေၾကာင္း သိပ္နားမလည္ေပမယ့္ Yibo က ဒီေနရာမွာ ဘယ္မွ မသြားနိုင္ဘဲ တဝဲဝဲ တလည္လည္ ျဖစ္ေနတာ က်ိန္းေသအေၾကာင္းရွိရမည္။ ထိုအေၾကာင္းကလည္း က်ိန္းေသ
Yibo ရဲ႕ ေသဆုံးျခင္းနဲ႕ သက္ဆိုင္လိမ့္မည္။ ေဆြမ်ိဳးေတြေတာင္ ဘယ္သူမွ မျမင္ရဘဲနဲ႕ Xiao Zhan က်မွ ျမင္ေနရသည္ဆိုေတာ့ က်ိန္းေသ သူကေတာ့
Advertisement
Yibo ကို ဒီဘဝက လြတ္ေျမာက္ေအာင္
ကူညီေပးသင့္တယ္ မဟုတ္လား။
Xiao Zhan ဟိုေငး ဒီေငးလုပ္ရင္း
ခနၾကာေတာ့ ပန္းခ်ီကား အလြတ္ေရွ႕မွာ ဝင္ထိုင္လိုက္သည္။ ဘာဆြဲရင္ေကာင္းမလဲဆိုတာ ေတြးၾကည့္ေတာ့ သူ႕ေခါင္းထဲမွာ ေပၚလာတာ Yibo ရဲ႕ စူပုတ္ပုတ္ မ်က္ႏွာ လွလွေလးေတြႀကီး။
Xiao Zhan ေခါင္းရမ္းလိုက္မိသည္။
" ငါေတာ့ ႐ူးေနၿပီ ထင္တယ္ ... "
The Time Between You And Me
Unicode
ဘာလိုလိုနဲ့ Xiao Zhan အိမ်တော်ကို ရောက်နေသည်မှာ နှစ်ပတ်ကျော်လာပြီဖြစ်သည်။ ယခုချိန်ထိ Yibo ကို သူတစ်ယောက်တည်း မြင်နေရပြီး ထိလို့ ကိုင်လို့ ရနေဆဲ၊ ထိုထူးဆန်းသည့် ပဟေဠိကို သူတို့နှစ်ယောက်လုံး မည်သို့မျှ စဥ်းစား၍ မရ။ နှစ်ယောက်ကြားမှာ ဆက်သွယ်မှုတစ်ခု ကျိန်းသေရှိရမည်ဟု ခန့်မှန်းမိသော်လည်း ထိုဆက်သွယ်မှုကို ယခုအချိန်ထိ ရှာမတွေ့သေးချေ။
" Yibo .. ငါရေချိုးမလို့နော် "
Xiao Zhan ဘီဒိုထဲက အဝတ်အစား အချို့ကို ဆွဲထုတ်ရင်း ဝရန်တာတွင် ရပ်နေသော Yibo ကို လှမ်းပြောလိုက်သည်။
" အေးအေးဆေးဆေး ချိုးပါ ...
မလာပါဘူး "
လှည့်မကြည့်ဘဲ Yibo က ပြန်ပြောပေမယ့်လည်း ရယ်ပြီးပြောနေသည်ဆိုတာ
Xiao Zhan သိနေသည်မို့ မျက်စောင်း တစ်ချက်လှမ်းထိုးရင်း ရေချိုးခန်းတံခါးကို ဆောင့်ပိတ်လိုက်သည်။
ယူလာတဲ့ အဝတ်အစားတွေကို ရေချိုးခန်းဘောင်ပေါ်လှမ်းတင်ရင်း Xiao Zhan အတွေးတွေက လွန်ခဲ့တဲ့ ရက်ဆီသို့ ပြန်ရောက်သွားတော့သည်။
ထိုနေ့က Xiao Zhan ရေချိုးနေတုန်း
Yibo ကလည်း မသိဘဲ ရေချိုးခန်းတံခါးကနေ ဖောက်ဝင်လာချိန်နဲ့ သွားတိုးပြီး အရှက်ကွဲခဲ့သေးသည် မဟုတ်ပါလား။
ဘယ်လိုပဲ ဝိဉာဥ်လို့ပြောပြော သူရဲ့ ဘာမှ မဝတ်ထားတဲ့ မိမွေးတိုင်း ဖမွေးတိုင်းပုံစံကြီးကို Yibo မြင်ဖူးသွားသည် မဟုတ်ပါလား။ ထိုအချိန်မှ စ၍ Xiao Zhan တစ်ယောက် အိမ်သာတက်တာတောင် ဖြောင့်ဖြောင့်မတက်ရဲတော့။
လူနှစ်ယောက် အတူတူ အခန်းတစ်ခန်းထဲကို မျှသုံးနေရသလို ခံစားချက်ကြီး
ဖြစ်နေသည်လေ။ အခန်းပြောင်းရအောင်လည်း ဒီအခန်းမှာ နေသားကျနေပြီမို့
မပြောင်းဖြစ်တာရော Yibo က အခန်းထဲကလွဲပြီး ဘယ်မှ ထွက်လို့မရလို့ အဖော်လုပ်ပေးချင်တာရော ပါသည်။
သူ့ခမျာ တစ်ယောက်တည်းပျင်းနေရှာတာ ဆယ်စုနှစ် တစ်ခုကျော်ခဲ့ပြီ မဟုတ်လား။
" Yibo ... Wang Yi ... "
" အကိုလေး ! ထမင်းဆင်းစားလို့ရပြီ "
Xiao Zhan ရေချိုးပြီး ထွက်လာလာခြင်း Yibo ကို မတွေ့လို့ အော်ခေါ်နေတုန်း အခန်းပေါက်ဝမှာ ပေါ်လာတဲ့ Bao Chi ကြောင့် သူရပ်တန့်သွားပြီး ခေါင်းညိမ့်ပြလိုက်သည်။
" အကိုလေး .. ဒီကိုရောက်တာ နှစ်ပတ်ကျော်ပြီကို ဘယ်မှလဲ မသွားဘူး။
အခန်းထဲပဲ အောင်းနေတာ။ မြို့ထဲ လိုက်မလည်ချင်ဘူးလား "
အောက်ထပ်ကို တူတူဆင်းလာရင်း Bao Chi လေးက မေးလာသည်မို့ Xiao Zhan ခေါင်းရမ်းပြရင်း ဖြေလိုက်သည်။
" မသွားတော့ပါဘူး... အကို့မှာ လက်စသတ်စရာတွေ အများကြီးကျန်သေးတယ်။ ပြီးမှ သွားကျတာပေါ့။ "
" အကိုလေး ရည်းစားက မြို့မှာ ကျန်ခဲ့တာလား ? ဖုန်းတအားပြောသလိုပဲနော် "
" ဖုန်းပြောတယ် ? "
Xiao Zhan ကြောင်အမ်းသွားပြီးမှ
သူစဥ်းစားမိသွားသည်။ ဟုတ်တာပဲ
Yibo နဲ့ သူစကားပြောနေတာကို
တစ်ယောက်ယောက်က ကြားရင်
သူတစ်ယောက်ထဲ ပြောနေသလို ဖြစ်နေမှာပဲလေ။ တော်သေးတာပေါ့ အခန်းတံခါးကို အမြဲတမ်း ပိတ်ထားမိလို့။ မဟုတ်ရင် သူ့ကို အရူးလို့ထင်ကျတော့မှာပဲ။
" ဟုတ်တယ် ... ဟုတ်တယ် အကို ဖုန်းပြောတာ "
Xiao Zhan ချော်လဲရောထိုင်လိုက်တော့
Bao Chi က ပြုံးပြီး သူနားကပ်လာသည်။
" ဒါနဲ့ အကိုလေး .. အဲ့အခန်းမှာ နေရတာ အဆင်ပြေလား ? ဘာမှ မကြားရဘူးလား ? ညဘက်ဆို အကိုလေး တစ်ယောက်တည်း ကျန်ခဲ့တာကို။
နည်းနည်းလေးတောင် ဘာမှ မကြားဘူးလား။ "
Xiao Zhan မျက်ခုံးတစ်ဖက်ကို ပင့်တင်လိုက်ပြီး Bao Chi နားကို ပြန်တိုးကပ်ပြီး မေးလိုက်သည်။
" ဘာလို့လဲ ? အဲ့ အခန်းမှာ တစ်ခုခု ရှိလို့လား။ ပြန်စဥ်းစားကြည့်တော့ Hao Xuan လည်း ငါ့ကို အဲ့အခန်းမှာ သိပ်မနေစေချင်သလိုပဲ။ မင်းတစ်ခုခု သိထားတာရှိလို့လား။ "
" မရှိလို့ အကိုလေးကို မေးတာပေါ့။
အဲ့အခန်းကို အမြဲပိတ်ထားတော့
ကျွန်တော်ထင်တာ တစ်ခုခု ရှိလို့ထင်တာ။ ပြီးတော့ အဲ့ အခန်းရှေ့ ဖြတ်လျှောက်မိတိုင်း အမြဲ ထူးထူးဆန်းဆန်းကြီး ခံစားရတယ်။ "
Xiao Zhan ခေါင်းတငြိမ့်ငြိမ့် လုပ်ပြီး
စိတ်ထဲက တွေးကာ ပြုံးလိုက်မိသည်။
ရှိတာပေါ့ Bao Chi ရယ်။
သရဲက ရှိတာမှ ချောချောလေး။
အသန့်ကလဲ ကြိုက်သေး။
ချေကလည်း ချေသေးတယ်။
အမြဲ စူပုတ်ပုတ်နဲ့ သခင်လေး သရဲလေး။
" ဒါနဲ့ အကိုလေး နေကောင်းရဲ့လား ?
အကိုလေးကြည့်ရတာ ရောက်တုန်းကနဲ့ မတူတော့ဘဲ တနေ့တခြား ဖြူဖျော့လာသလိုပဲ။ ညဘက်တွေ မအိပ်ဘူးလား? "
" ဟုတ်တယ် ဆရာလေး ကျန်းမာရေး ဂရုစိုက်ဦး။ တော်ကြာ သခင်လေးက သူ့သူငယ်ချင်းကို ဂရုမစိုက်ဘူးဆိုပြီး အပြစ်တင်နေဦးမယ်။ "
အိမ်တော်ထိန်းကပါ ဝင်ပြောလာသည်မို့
Xiao Zhan ရယ်ရယ်မောမောနဲ့ စကားပြန်ပြောရင်း အရင်ထက် နည်းနည်းကြာသွားသည်။ ညစာစားပြီး Bao Chi တို့ကို နှုတ်ဆက်ကာ အခန်းကို ပြန်လာတော့ Yibo က စူပုတ်ပုတ်နဲ့
ကုတင်ပေါ်ထိုင်နေတာ တွေ့လိုက်ရသည်။
" ဘာဖြစ်တာလဲ မျက်နှာက။ ငါထွက်သွားတာကြာလို့လား ? "
" တော်တော်ပျော်နေပုံပဲနော်... ရယ်သံတွေများ ဒီထိတောင်ကြားရတယ်။
ထမင်းသွားစားတာ ၂ နာရီလောက်ကြာတယ်လား။ "
ခနဲ့တဲ့တဲ့ အသံလေးနဲ့ စူပုတ်နေတဲ့ Yibo ကို ကြည့်ပြီး Xiao Zhan ရယ်လိုက်မိသည်။ ဒီကောင်လေးနဲ့တွေ့တာ လဝက်လောက်တောင် မရှိသေးပေမယ့်
သူ့ခမျာ အခုမှ စကားပြောဖော်ရသည်မို့ Xiao Zhan ကို မျက်စိအောက်က အပျောက်မခံတာ မထူးဆန်းပါဘူး။ သူကိုယ်တိုင်လည်း အဖြူကောင်လေးကို
စိတ်ဝင်စားလို့ ပတ်သတ်မိရာမှ တဖြည်းဖြည်း သံယောဇဥ်တွယ်နေမိပြီလားတောင် မသိတော့။
Xiao Zhan အခန်းအလယ်က ဆွဲလက်စ ပန်းချီကားရှေ့မှာ ဝင်ထိုင်ရင်း ပြောလိုက်သည်။ " Yibo ရယ်.. စူပုတ်မနေစမ်းပါနဲ့။ ငါအချိန်တိုင်း မင်းနဲ့ ရှိနေပေးတာပဲဟာ။ "
" ဒါပေမယ့် မင်းက အချိန်တန်ရင်
ထွက်သွားမှာလေ။ အဲ့အချိန်ထိပဲ ငါ့ဘေးမှာ ကြာကြာလေး နေပေးလို့မရဘူးလား "
Xiao Zhan ပန်းချီဆွဲဖို့ ပြင်နေတဲ့ လက်တွေ တုန့်ဆိုင်းသွားရသည်။ ၂ လ... ၂ လ ဆိုတဲ့ အချိန်အတိုင်းအတာလေးအတွင်းမှာ မကြာခင် သူဒီက ထွက်သွားရမည်လေ။
Xiao Zhan ဘက်ကို လှည့်ကြည့်ကာ
ခပ်ဖျော့ဖျော့လေး ပြုံးပြရင်း ပြောလိုက်သည်။
" မစိုးရိမ်ပါနဲ့.. ငါပန်းချီပြပွဲ ပြီးသွားတဲ့အခါကျရင် ငါမင်းဆီ လာလည်မယ်လေ။ အဲ့အခါကျမှ မင်းကို သေချာအဖော်လုပ်ပေးမယ်။ ဟုတ်ပြီလား။ "
" ကတိပေးလား ? "
ချက်ချင်း Xiao Zhan ရှေ့ကို ရောက်လာပြီး လက်သန်းလေး ထောင်ပြနေတဲ့ ဘယ်နနှစ်ရှိနေပြီမှန်းမသိတဲ့
ဝိဉာဥ်ဆိုးလေး။
Xiao Zhan ရယ်မောကာ Yibo ရဲ့ လက်သန်းလေးကို သူ့လက်သန်းလေးနဲ့ ချိတ်လိုက်သည်။
" ကတိပေးတယ် "
" ကျေးဇူးပဲ "
Yibo က သူလိုချင်တာရသွားတော့မှ
Xiao Zhan ကို ထားခဲ့ကာ ကုတင်ပေါ် ပြန်တက်သွားတော့သည်။
Xiao Zhan ပန်းချီဆွဲနေတဲ့ အချိန်တွေဆို Yibo က အနှောက်အယှက်မပေးဘဲ အမြဲလိုလို တိတ်ဆိတ်စွာ ကုတင်ပေါ်မှာ ထိုင်နေလေ့ရှိပြီး တစ်ခါတစ်ရံ ဝရန်တာမှာ ထွက်ရပ်ပြီး ငေးမောနေလေ့ရှိသည်။ Xiao Zhan ပန်းချီဆွဲရင်း ညောင်းညာလာလို့ လှည့်ကြည့်လိုက်လျှင် Yibo ကအမြဲ ထိုနေရာတွေမှာ ငြိမ်ငြိမ်လေး ရှိနေတတ်သည်။ တစ်ယောက်နဲ့ တစ်ယောက် နှုတ်ကထုတ်ပြောစရာမလိုဘဲ တိတ်ဆိတ်စွာနဲ့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် အဖော်ပြုပေးကျသည်။ Xiao Zhan ကအမြဲတမ်း ထိုသို့ သူလှည့်ကြည့်တိုင်း သူ့အတွက် ရှိနေပေးမည့် ချစ်သူတစ်ယောက် လိုချင်ခဲ့ဖူးသည်။ ကံဆိုးစွာနဲ့ Yibo က ယောကျာ်းလေးဖြစ်နေသည့်အပြင် လူသားမဟုတ်။ အနည်းဆုံးတော့ Yibo သာ အသက်ရှင်နေလျှင် သူငယ်ချင်းကောင်းတွေတော့ ဖြစ်နိုင်သေးသည် မဟုတ်ပါလား။
" Yibo ... မင်းနည်းနည်းလေးတောင်
မမှတ်မိဘူးလား မင်းဘယ်လိုသေခဲ့လဲဆိုတာ "
Xiao Zhan စုတ်တံကို ချကာ ဝရန်တာမှာ တိတ်ဆိတ်စွာ ငေးမောနေတဲ့ Yibo နားကို လျှောက်သွားရင်း မေးလိုက်သည်။
" မမှတ်မိဘူး... ငါမှတ်မိတာ ငါ့အခန်းထဲမှာ ငါ စန္ဒရားတီးနေတာပဲ။ တခြားဘာမှ မမှတ်မိဘူး။ အကြိမ်ပေါင်းများစွာ စဥ်းစားလည်း ဒီအတိုင်းပဲ။ "
" မင်းသေတုန်းက ဘယ်အရွယ်လဲ ?
အခုပုံကြည့်ရသလောက် ၁၉ ၂၀ ပဲ ရှိဦးမှာပေါ့။ ဘယ်တုန်းက သေတာရော မှတ်မိလား ? "
Yibo က Xiao Zhan ကို ထူးဆန်းသလို ငေးကြည့်လာသည်။
" ဘာလို့ ရုတ်တရက်ကြီး ငါ့အကြောင်းစိတ်ဝင်စားသွားရပြန်တာလဲ ?"
" ဒီတိုင်း မင်းက မသေသေးဘဲ တနေရာရာမှာများ မြောနေတာလား
တွေးမိလို့။ "
Xiao Zhan မျှော်လင့်တကြီး ဖြစ်နေပုံကို ကြည့်ပြီး Yibo က အဝေးကြီးကို ငေးကာ ပြောလာသည်။
" မင်းက ငါအသက်ရှင်ဖို့ မျှော်လင့်နေတာပဲ။ ဒါပေမယ့် မဖြစ်နိုင်ဘူး ငါမှတ်မိသလောက် ဒီအခန်းမှာ ငါရှိနေတာ
အနည်းဆုံး အနှစ် ၅၀ လောက်ရှိပြီ။ တွက်ကြည့်ရင် ငါက မင်း အဖိုးအရွယ်ပဲ။ "
" ဒါဆို... ဖိုးဖိုးလို့ ခေါ်သင့်တာပေါ့ "
" ........ "
" ဝမ် ဖိုးဖိုး "
" ....... "
နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်မိကျသည်။
" ဒါပေမယ့် Yibo ... ငါတကယ် မင်းနဲ့ အပြင်မှာ ဆုံချင်မိတယ်။ ငါတို့ သူငယ်ချင်းကောင်းတွေ ဖြစ်လာနိုင်လို့ ငါထင်တယ်။ "
Yibo က Xiao Zhan ဘက်ကို လှည့်လာကာ မျက်ဝန်းတွေထဲ ငေးစိုက်ကြည့်ရင်း ပြောလာသည်။
" နောက်မကျသေးပါဘူး။ အခုလည်း လုပ်လို့ရပါတယ်။ "
" ဟုတ်ပြီလေ... သူငယ်ချင်း လုပ်ကျတာပေါ့။ ဝမ် ဖိုးဖိုး ... "
Yibo က Xiao Zhan ရဲ့ အစအနောက်တွေကို ထပ်ပြီးသည်းမခံနိုင်စွာနဲ့ လှမ်းရိုက်ရင်း " ဒါနဲ့ မင်းက ဘာလို့ ငါ့ကို မြင်နေရတာလည်းဆိုတာ အခုထိ မသိရသေးဘူးနော်။ "
" အင်း... ငါတို့ကြားမှာ တစ်ခုခုတော့
ဆက်စပ်မှုတော့ ရှိမယ်လို့ထင်တယ်။ မဟုတ်မှလွဲရော မင်းက ငါ့အဖိုးများလား "
" ပေါက်ကရတွေ ! "
Xiao Zhan က Yibo မျက်နှာ ရှုံတွသွားတာကို ကြည့်ပြီး သဘာကျစွာ တဟားဟား ရယ်သည်။
" သရဲတွေလည်း စိတ်ဆိုးတတ်တာပဲလား။ မသိခဲ့ဘူး။ "
" မင်းက ဉာဏ်တိမ်တာကိုး ဘယ်သိမှာလဲ။ သူများကို အချိန်တိုင်း စဖို့လောက်ပဲ တွေးနေတာကို။ "
" Wang Yi bo ! အဲ့လိုတော့ မပြောပါနဲ့။ ငါက တည်တည်ငြိမ်ငြိမ်လေးပါ။
ဒါပေမယ့် မင်းကိုတော့ စချင်နေတာ ငါလည်း မတတ်နိုင်ဘူး ဟုတ်ပြီလား။ "
" အဓိပ္ပါယ်မရှိတာ "
" ဟေ့ ဟေ့ Wang Yi Bo !! "
စိတ်ကောက်ပြီး ရုတ်တရက် သူ့ရှေ့က ပျောက်ကွယ်သွားတဲ့ Yibo ကို Xiao Zhan လှမ်းဆွဲသော်လည်း မမှီတော့။
ဒီကောင်လေး လူသေးသလောက် စိတ်ကလည်း ကြီးလိုက်တာ။
Xiao Zhan ဘောင်းဘီအိတ်ထဲက ဖုန်းက တုန်ခါလာသည်မို့ ခေါ်ဆိုသူကို ကြည့်လိုက်တော့ Hao Xuan။
" ဘာလဲ ငါ့ကို လွမ်းလို့လား "
တစ်ဖက်က အာပြဲနေအောင် ရယ်သံ ထွက်လာပြီး " လွမ်းတာပေါ့ ဆရာXiao ရယ်.. လွမ်းလွန်းလို့ ဆရာ Xiao ဆီ နောက်အပတ်ထဲ ဆင်းလာခဲ့မလို့ ဖုန်းလှမ်းဆက်တာ။ "
" ပန်းချီကားတွေ ကြည့်ချင်တာမဟုတ်ဘူးလား။ အလိမ်အညာတွေ။ "
တစ်ဖက်က Hao Xuan ကတော့ ထုံးစံအတိုင်း ရယ်မောပြီး Xiao Zhan ကို နှုတ်ဆက်သွားသည်။ အစက Yibo အကြောင်းမေးကြည့်ဖို့ ကြံရွယ်ပြီးသားဖြစ်သော်လည်း လူကိုယ်တိုင် လာမည်ဆိုမှတော့ တွေ့မှပဲ မေးလိုက်တာ ပိုသင့်တော်မည်ဟု ဆုံးဖြတ်လိုက်တာကြောင့်
သူမမေးဖြစ်တော့။
ဝိဉာဥ်လောကအကြောင်း သိပ်နားမလည်ပေမယ့် Yibo က ဒီနေရာမှာ ဘယ်မှ မသွားနိုင်ဘဲ တဝဲဝဲ တလည်လည် ဖြစ်နေတာ ကျိန်းသေအကြောင်းရှိရမည်။ ထိုအကြောင်းကလည်း ကျိန်းသေ
Yibo ရဲ့ သေဆုံးခြင်းနဲ့ သက်ဆိုင်လိမ့်မည်။ ဆွေမျိုးတွေတောင် ဘယ်သူမှ မမြင်ရဘဲနဲ့ Xiao Zhan ကျမှ မြင်နေရသည်ဆိုတော့ ကျိန်းသေ သူကတော့
Yibo ကို ဒီဘဝက လွတ်မြောက်အောင်
ကူညီပေးသင့်တယ် မဟုတ်လား။
Xiao Zhan ဟိုငေး ဒီငေးလုပ်ရင်း
ခနကြာတော့ ပန်းချီကား အလွတ်ရှေ့မှာ ဝင်ထိုင်လိုက်သည်။ ဘာဆွဲရင်ကောင်းမလဲဆိုတာ တွေးကြည့်တော့ သူ့ခေါင်းထဲမှာ ပေါ်လာတာ Yibo ရဲ့ စူပုတ်ပုတ် မျက်နှာ လှလှလေးတွေကြီး။
Xiao Zhan ခေါင်းရမ်းလိုက်မိသည်။
" ငါတော့ ရူးနေပြီ ထင်တယ် ... "
The Time Between You And Me
Advertisement
- In Serial416 Chapters
Beware Of Chicken
Jin Rou wanted to be a cultivator who defied the heavens, and surpassed all limits. Unfortunately for him, he died, and now I’m stuck here. Arrogant young masters? Heavenly tribulations? Cultivating for days on end, then getting into life or death battles? Yeah, no thanks. I'm getting out of here. In which a transmigrator decides that the only winning move is not to play. Beware of Chicken will be updated Monday, Wednesday, and Friday
8 2291 - In Serial9 Chapters
An Ent-Like Existence
A weak little twig is wrapped up in circumstances far beyond its control, ascending from a simple stick to something much more. Despite this twigs low starting point, it has been given the potential to grow tall. The consequences of its creation will reach further than it's future roots may spread... Please leave comments and a review if you've got time, I'd love for any critisicm, hopefully constructive, you have for me. ENJOY
8 305 - In Serial6 Chapters
Beyond the Stars
Told a thousand times but not once in the same way. This my path take it or leave it .
8 162 - In Serial25 Chapters
Shadow's Prey
Haunted and hunted, a misfit team of steadfast friends and new allies must untangle a web of past and shared trauma to stop another god-shattering cataclysm.+++++++++++The gods of Lifrasir are dead, but their legacy lives on in the the war-ravaged land and the loas, people born with the ability to channel an element. The Palamidia, the brutal military force of the Solarian Empire, has brought most under their rule despite resistance from the independent regions.In the blood-soaked Theatre, Kanna fights. She awoke with no memory, but her body knows how to move. How to kill. She buries herself in violent monotony, ignoring the gnawing ache that tells her something is missing. But inside of her there is a dark thing. A feathered thing with teeth that will not be ignored.Haru is light, but he knows the dark. Trapped on all sides by his duty to the Palamidia, he cannot escape the memory of his lost Legatus. But when another is given power over the military, he knows he has to find her. No one, and nothing, will stand in his way.[CW for blood, violence, injury, and themes of abuse]
8 149 - In Serial41 Chapters
(Old) The Time of Night is Midnight
All she has known for all her life was to run, run from her problems. Until she ran into something that would be considered a wish granted. Midnight might have found someone who could love her for being the monster she is, a monster who was forced to kill. Sideswipe was one of the first to show her kindness and love her. Hopefully, his twin follows to or she'll be left heartbroken.
8 405 - In Serial152 Chapters
Poems from the soul
As the title says, its a poem book :)All poems are based on my life, inspirations from the songs i listen or things i watch and my views on different topics."Dreams come true to those who truly want them"-Said by Stray kidsI hope you enjoy my writings, have a nice day!Best Rankings#1 in poem on 28/9/22#11 in poetry on 15/9/22#37 in poems on 16/9/22 #5 in poembook on 29/9/22 #5 in poetrycollection on 21/9/22
8 196

