《The Time Between You And Me》Part 1.2
Advertisement
Zawgyi
The Time Between You And Me
Xiao Zhan အေဝးက ျမင္ေနရတဲ့ ခ်ိဳက္ရီၿမိဳ႕ရဲ႕ အလွကို ပန္းခ်ီကားထက္မွာ သက္ဝင္လႈပ္ရွားဖို႔ လက္ေခ်ာင္းေတြကို ခိုင္းေစေနတုန္း သူ႕အေတြးထဲမွာ ျဖတ္ခနဲေပၚလာတဲ့ ျဖဴဖတ္ဖတ္မ်က္ႏွာေလး။
အျဖဴေကာင္ေလးကို သူေတြ႕လိုက္တဲ့ေန႕ကစၿပီး ယခုအခ်ိန္ထိ ထပ္မေတြ႕ရေတာ့သည္မွာ သုံးေလးရက္ေတာင္ ရွိေနၿပီမို႔ သူေမ့ေမ့ေပ်ာက္ေပ်ာက္ေတာင္ ျဖစ္ေနၿပီ ျဖစ္သည္။ ၾကည့္ရတာ ပင္ပန္းလြန္းလို႔ သူျမင္ခ်င္ရာေတြ ျမင္ေနျခင္း ျဖစ္လိမ့္မည္။
" အကိုေလး ကြၽန္ေတာ္ ၿမိဳ႕ထဲ ခဏသြားဦးမယ္ ဘာမွာဦးမလဲ "
Xiao Zhan တံခါးဝမွာေပၚလာတဲ့ Bao Chi ကို ေတြးေတြးဆဆနဲ႕ ျပန္လည္ေျပာလိုက္သည္။ " ငါၾကားဖူးတာ
ခ်ိဳက္ရီမွာ ေဒသထြက္ အရက္ရွိတယ္ဆိုတယ္ဆို။ ဝယ္ခဲ့ေပးပါလား "
" ေကာင္းပါၿပီ အကိုေလး " ေျပာၿပီးတာနဲ႕ ဒုံးပ်ံလို လွစ္ခနဲေပ်ာက္သြားတဲ့
Bao Chi ေၾကာင့္ Xiao Zhan ၿပဳံးလိုက္မိသည္။ ကေလးေတြမ်ား အျပင္သြားရမယ္ဆိုရင္ တက္ႂကြေနတာပဲ။ Xiao Zhan ရဲ႕ ပင္ကိုယ္စရိုက္က အေနေအးၿပီး တည္ၿငိမ္သည့္အသြင္ရွိသူမို႔ သူ၏ငယ္ဘဝက ရိုးရွင္းသည္။ အားေနလွ်င္ ပန္းခ်ီဆြဲလိုက္ စႏၵရားတီးလိုက္နဲ႕သာ အခ်ိန္ကုန္ေနတာ မ်ားသည္။
စႏၵရားဆိုလို႔မွ Xiao Zhan လက္က စုတ္တံကို ခ်ၿပီး အၾကည့္က အခန္းေထာင့္မွာ အဝတ္ျဖဴနဲ႕ ဖုံးလႊမ္းထားဆဲ ျဖစ္ေသာ စႏၵရားထံသို႔ ေရာက္သြားသည္။ ပန္းခ်ီဆြဲေနရာမွ သူျဖည္းျဖည္းခ်င္းထၿပီး စႏၵရားခုံရွိရာသို႔ တလွမ္းျခင္း
ေလွ်ာက္သြားၿပီး ဖုံးလႊမ္းထားတဲ့ အဝတ္ျဖဴကို ဆြဲခ်လိဳက္ေတာ့ အျဖဴဆြတ္ဆြတ္
စႏၵရားႀကီးက ျမင္ကြင္းထဲ ေရာက္လာသည္။ ေဟာင္းေနပုံရေပမယ့္ ခလုတ္ေတြကို လိုက္ထိၾကည့္ေတာ့ အသံထြက္ေကာင္းေသးတာပဲ။ ဟိုႏွိပ္ ဒီႏွိပ္ရင္း
Xiao Zhan စႏၵရားခုံေပၚတင္ထားတဲ့
Key Note စာအုပ္ေလးကို ျမင္သြားၿပီး
လက္လွမ္းမယ္အျပဳ ဖတ္ခနဲဆို သူ႕လက္ကို ရိုက္ခ်လိဳက္တဲ့ ေအးစက္ေနတဲ့ လက္ဖဝါးတစ္ခုေၾကာင့္ သူလန္ျဖန့္ၿပီး အေနာက္သို႔လွည့္ကာ ေအာ္လိုက္မိသည္။
" ဘယ္သူလဲ !! "
" ဘယ္သူလို႔ ထင္လို႔လဲ "
" အား !! " ႐ုတ္တရက္ဆိုသလို သူ႕ေက်ာေနာက္က ကပ္ၿပီး ထြက္လာတဲ့ အသံေၾကာင့္ Xiao Zhan လန့္ၿပီး ခုန္ထြက္လိုက္မိသည္။ ဘယ္ကေနဘယ္လို
အခန္းအလယ္က ဆြဲလက္စ ပန္းခ်ီကားနားကို ျပန္ေရာက္သြားမွန္းေတာင္မသိ။ ဆက္ေျပးမလို႔ ႀကံ႐ြယ္ၿပီးမွ Xiao Zhan ေျခလွမ္းေတြကို တုန့္ခနဲ ရပ္လိုက္ကာ အားတင္းၿပီး အေနာက္ကို ေျဖးေျဖးျခင္း လွည့္ၾကည့္လိုက္ေတာ့ စႏၵရားခုံကို မွီကာ လက္ပိုက္ၿပီး သူ႕ကိုၾကည့္ေနတဲ့ တေန႕က ေတြ႕လိုက္ရေသာ အျဖဴေကာင္ေလး။
Xiao Zhan မေျပးဘဲ ျပန္လွည့္လာတာ ျမင္ေတာ့ အျဖဴေကာင္ေလးဆီက ဟက္ခနဲ ရယ္သံထြက္လာၿပီး မ်က္ခုံးတို႔ကို တြန့္ခ်ိဳးကာ သူ႕ကို စူးစိုက္ၿပီးၾကည့္လာသည္။
" မေျပးဘူးေပါ့။ ေတာ္ေတာ္ သတၱိေကာင္းတာပဲ။ ဘာလဲ ငါ့ကို ဒီလိုပုံနဲ႕ ျမင္ရလို႔ မေၾကာက္တာလား။ ငါ့အသြင္မွန္ကို ျပၾကည့္ရမလား မင္းေျပးလား၊ မေျပးလား သိရေအာင္ "
Xiao Zhan ကမန္းကတမ္း သူ႕လက္ေတြနဲ႕ မ်က္စိကို အျမန္ဖုံးအုပ္ကာ " ေဟ့ေဟ့ မလုပ္နဲ႕ေနာ္။ ငါက ႐ုပ္ဆိုးဆိုးေတြနဲ႕ အလက္ဂ်စ္ရွိတယ္။ " လို႔ ေအာ္ဟစ္လိုက္ေတာ့ အျဖဴေကာင္ေလးဆီက တဟားဟားေအာ္ရယ္သံထြက္လာသည္။
Xiao Zhan ဖုံးကာထားတဲ့ လက္ေခ်ာင္းေတြၾကားက ေခ်ာင္းၾကည့္လိုက္ေတာ့
သူ႕ကို ၿပဳံးကာ ၾကည့္ေနတဲ့ ပုံမွန္႐ုပ္နဲ႕ အဖျူေကာင္ေလးကို ေတြ႕လိုက္ရသည္မို႔
စိတ္ေအးသြားကာ လက္ကို ေျဖးေျဖးျခင္း ဖယ္ရွားလိုက္သည္။
" မင္း..... မင္းက သရဲလား "
" တုံးအလိုက္တာ "
သရဲဆီက ထင္မွတ္မထားတဲ့ ေဝဖန္စကားေၾကာင့္ Xiao Zhan တင္းသြားမိသည္။
" မင္းဘာေျပာတာလဲ။ ငါက အခုမွ အသက္ ၁၉ ႏွစ္ပဲရွိေသးတာ။ မၾကာခင္ ကိုယ္ပိုင္ ပန္းခ်ီျပပြဲေတာင္လုပ္နိုင္ေတာ့မွာ။ အဲ့ဒါ ဘာအဓိပၸါယ္လဲ မင္းသိလား။ "
" အဲ့ဒါ ဘာျဖစ္လဲ ။ မင္းပန္းခ်ီဆြဲနိုင္လည္း တုံးအတာက တုံးအတာပဲ "
" မင္း..... မင္း..... မင္း.... "
အၿမဲတမ္း သူ႕ထက္ႀကီးတဲ့ သူေတြကေတာင္ သူ႕ရဲ႕ ပညာကိုေလးစားၿပီး
ဆရာ Xiao လို႔ ေခၚက်တာ။ ဒီလို ဘာမဟုတ္တဲ့ သရဲတစ္ေကာင္က သူ႕ကိုမ်ား
တုံးအတယ္တဲ့။
Xiao Zhan ေဒါသထြက္ထြက္နဲ႕ ေဘးက စုတ္တံေတြကို ဆြဲယူၿပီး အျဖဴေကာင္ေလးကို လွမ္းပစ္ေတာ့သည္။
" ေဟ့ ေဟ့ မလုပ္နဲ႕ေနာ္။ "
Advertisement
Xiao Zhan ကေတာ့ သူ႕ကို လွမ္းပစ္သည္ဆိုေပမယ့္ တကယ္တမ္းက်ေတာ့ ထိုေကာင္ေလးရဲ႕ ကိုယ္ထဲကို စုတ္တံေတြက ေဖာက္ဝင္သြားကာ ေဆးေရာင္စုံေတြနဲ႕ ေပက်ံေနတဲ့ စုတ္တံေတြက အျဖဴေရာင္ စႏၵရားခုံေလးေပၚသို႔
ျပဳတ္က်ကဳန္ေတာ့သည္။
အျဖဴေကာင္ေလးက ေဆြ႕ေဆြ႕ခုန္ၿပီး
စုတ္တံေတြလိုက္ဖမ္းေပမယ့္ စုတ္တံေတြကို သူထိလို႔ မရသည္မို႔ ေဆးေရာင္ေတြ ေပက်ံကုန္တဲ့ သူ႕စႏၵရားကို ၾကည့္ၿပီး Xiao Zhan ဘက္ကို မ်က္ေထာင့္နီႀကီးနဲ႕ စိုက္ၾကည့္လာသည္မို႔ သူလန့္ျဖန့္ၿပီး လက္ထဲက်န္ေသးတဲ့ စုတ္တံေတြကို လႊတ္ခ်လိဳက္ၿပီး မ်က္ႏွာခ်ိဳေသြးလိုက္မိသည္။
" စိတ္မဆိုးပါနဲ႕။ ငါ... ငါ ျပန္သုတ္ေပးပါမယ္ "
Xiao Zhan ေျပာၿပီး အခန္းထဲက ထြက္ေျပးဖို႔ ႀကိဳးစားလိုက္ေပမယ့္ ဟိုက သရဲပါဆို။ Xiao Zhan ေရွ႕ကို ဝုန္းဆို ေရာက္လာၿပီး တားဆီးလိုက္တာေၾကာင့္ အရွိန္မထိန္းနိုင္ဘဲ အျဖဴေကာင္ေလးရင္ခြင္ထဲသို႔ Xiao Zhan ပစ္ဝင္သြားေတာ့သည္။ အရွိန္နဲ႕ ေျပးဝင္လာတာမို႔ ႏွစ္ေယာက္လုံး ၾကမ္းျပင္ေပၚကို ျပဳတ္က်ၿပီး Xiao Zhan က အျဖဴေကာင္ေလးရဲ႕ ရင္ခြင္ထဲေရာက္ေနသည္မို႔ ေနရခက္စြာနဲ႕ ႐ုန္းထြက္လိုက္မိသည္။
သူတို႔နီးနီးကပ္ကပ္ရွိေနေတာ့မွ Xiao Zhan ေသခ်ာသြားတာရွိသည္။ စႏၵကူးနံ႕က အျဖဴေကာင္ေလးဆီကလာတာပဲ။ သရဲေတြက အနံ႕ေမႊးၿပီး ႐ုပ္က်ေတာ့လည္း လူေတြထက္ေတာင္ ေခ်ာေသးတယ္လား။ အံ့ၾသစရာပဲ။
တစ္ေယာက္နဲ႕ တစ္ေယာက္ စကားမေျပာျဖစ္ဘဲ ေၾကာင္ၾကည့္ေနက်ၿပီး
တေအာင့္ၾကာမွ Xiao Zhan ေတြးလိုက္မိသည္။
" ခုနက ငါ မင္းကို ထိလို႔ရလိုက္တာလား။ မင္းက သရဲမဟုတ္ဘူးလား "
အျဖဴေကာင္ေလးကလဲ သူ႕လိုပဲ
ေတြးရခက္ေနသည္ထင္သည္။
Xiao Zhan ကို ၾကည့္ကာ မေရမရာနဲ႕
ေျပာလာသည္။
" ငါေသသြားတာ ေတာ္ေတာ္ၾကာၿပီ။ ဒီအခန္းထဲမွာ ရွိေနတာလည္း ၾကာၿပီ။ ဒါေပမယ့္ ငါ့ကို မင္းကလြဲၿပီး ဘယ္သူမွ ျမင္ရတာ မရွိခဲ့ဖူးဘူး။ ထိလို႔ရဖို႔ဆို
ေဝးေသးတယ္။ အနည္းဆုံး အနံ႕နဲ႕
အသံေလာက္ပဲ ေပးလို႔ရခဲ့ဖူးတာ။ "
Xiao Zhan လက္ဖဝါးတစ္ဖက္ကို ေထာင္ကာ ေျပာလိုက္သည္။ " ငါတို႔ ထပ္ ထိၾကည့္က်မလား "
အျဖဴေကာင္ေလးက မ်က္ခုံးေလးပင့္တင့္ကာ Xiao Zhan ကို ျပန္ၾကည့္လာသည္။ " မင္းကေတာ့ တကယ္ပါပဲ။
ငါ့ကို နည္းနည္းေလးေတာင္ မေၾကာက္ဘူးလား "
Xiao Zhan ရွက္ရွက္နဲ႕ ဂုတ္ေလးကို ပြတ္ကာ ေျပာလိုက္သည္။ " တကယ္ေတာ့ ငါမေၾကာက္ဘဲ ေနပါ့မလား။ ငါေၾကာက္လြန္းလို႔ ဒူးေတြေတာင္ တုန္ေနၿပီ။ ဒါေပမယ့္ မင္းက စိတ္ဝင္စားစရာေကာင္းလို႔။ ငါ...မနည္း သတၱိေမြးထားရတာ "
Xiao Zhan စကားဆုံးေတာ့ အဖျူေကာင္ေလးက ေခါင္းေလးရမ္းကာ ရယ္လာသည္။
လွလိုက္တာ။ သရဲက ရယ္တာလည္း လွတာပဲ။ နတ္သားေလး မဟုတ္ဘူးလား။
" Wang Yi Bo .. " အျဖဴေကာင္ေလးက လက္ကမ္းၿပီး ေျပာလာေပမယ့္ Xiao Zhan က ေငးေကာင္းတုန္းမို႔
သူေၾကာင္အမ္းအမ္းနဲ႕ ကမန္းကတမ္း လက္ကိုျပန္ကမ္းေပးကာ အထစ္ထစ္ အေငါ့ေငါ့နဲ႕ ျပန္ေျပာလိုက္သည္။
" Xiao..... Xiao Zhan "
" ေတြ႕ရတာ ဝမ္းသာပါတယ္ ဆရာ
ေရွာင္ "
" ေတြ႕ရတာ ဝမ္းသာပါတယ္ ဆရာဝမ္ "
ႏွစ္ေယာက္သား တစ္ေယာက္နဲ႕ တစ္ေယာက္ ေျပာရင္း ၿပိဳင္တူရယ္လိုက္မိသည္။ တြဲထားတဲ့ လက္ေတြကို မျဖဳတ္ဘဲနဲ႕ေပါ့။
The Time Between You And Me
Unicode
The Time Between You And Me
Xiao Zhan အဝေးက မြင်နေရတဲ့ ချိုက်ရီမြို့ရဲ့ အလှကို ပန်းချီကားထက်မှာ သက်ဝင်လှုပ်ရှားဖို့ လက်ချောင်းတွေကို ခိုင်းစေနေတုန်း သူ့အတွေးထဲမှာ ဖြတ်ခနဲပေါ်လာတဲ့ ဖြူဖတ်ဖတ်မျက်နှာလေး။
အဖြူကောင်လေးကို သူတွေ့လိုက်တဲ့နေ့ကစပြီး ယခုအချိန်ထိ ထပ်မတွေ့ရတော့သည်မှာ သုံးလေးရက်တောင် ရှိနေပြီမို့ သူမေ့မေ့ပျောက်ပျောက်တောင် ဖြစ်နေပြီ ဖြစ်သည်။ ကြည့်ရတာ ပင်ပန်းလွန်းလို့ သူမြင်ချင်ရာတွေ မြင်နေခြင်း ဖြစ်လိမ့်မည်။
" အကိုလေး ကျွန်တော် မြို့ထဲ ခဏသွားဦးမယ် ဘာမှာဦးမလဲ "
Xiao Zhan တံခါးဝမှာပေါ်လာတဲ့ Bao Chi ကို တွေးတွေးဆဆနဲ့ ပြန်လည်ပြောလိုက်သည်။ " ငါကြားဖူးတာ
ချိုက်ရီမှာ ဒေသထွက် အရက်ရှိတယ်ဆိုတယ်ဆို။ ဝယ်ခဲ့ပေးပါလား "
" ကောင်းပါပြီ အကိုလေး " ပြောပြီးတာနဲ့ ဒုံးပျံလို လှစ်ခနဲပျောက်သွားတဲ့
Bao Chi ကြောင့် Xiao Zhan ပြုံးလိုက်မိသည်။ ကလေးတွေများ အပြင်သွားရမယ်ဆိုရင် တက်ကြွနေတာပဲ။ Xiao Zhan ရဲ့ ပင်ကိုယ်စရိုက်က အနေအေးပြီး တည်ငြိမ်သည့်အသွင်ရှိသူမို့ သူ၏ငယ်ဘဝက ရိုးရှင်းသည်။ အားနေလျှင် ပန်းချီဆွဲလိုက် စန္ဒရားတီးလိုက်နဲ့သာ အချိန်ကုန်နေတာ များသည်။
Advertisement
စန္ဒရားဆိုလို့မှ Xiao Zhan လက်က စုတ်တံကို ချပြီး အကြည့်က အခန်းထောင့်မှာ အဝတ်ဖြူနဲ့ ဖုံးလွှမ်းထားဆဲ ဖြစ်သော စန္ဒရားထံသို့ ရောက်သွားသည်။ ပန်းချီဆွဲနေရာမှ သူဖြည်းဖြည်းချင်းထပြီး စန္ဒရားခုံရှိရာသို့ တလှမ်းခြင်း
လျှောက်သွားပြီး ဖုံးလွှမ်းထားတဲ့ အဝတ်ဖြူကို ဆွဲချလိုက်တော့ အဖြူဆွတ်ဆွတ်
စန္ဒရားကြီးက မြင်ကွင်းထဲ ရောက်လာသည်။ ဟောင်းနေပုံရပေမယ့် ခလုတ်တွေကို လိုက်ထိကြည့်တော့ အသံထွက်ကောင်းသေးတာပဲ။ ဟိုနှိပ် ဒီနှိပ်ရင်း
Xiao Zhan စန္ဒရားခုံပေါ်တင်ထားတဲ့
Key Note စာအုပ်လေးကို မြင်သွားပြီး
လက်လှမ်းမယ်အပြု ဖတ်ခနဲဆို သူ့လက်ကို ရိုက်ချလိုက်တဲ့ အေးစက်နေတဲ့ လက်ဖဝါးတစ်ခုကြောင့် သူလန်ဖြန့်ပြီး အနောက်သို့လှည့်ကာ အော်လိုက်မိသည်။
" ဘယ်သူလဲ !! "
" ဘယ်သူလို့ ထင်လို့လဲ "
" အား !! " ရုတ်တရက်ဆိုသလို သူ့ကျောနောက်က ကပ်ပြီး ထွက်လာတဲ့ အသံကြောင့် Xiao Zhan လန့်ပြီး ခုန်ထွက်လိုက်မိသည်။ ဘယ်ကနေဘယ်လို
အခန်းအလယ်က ဆွဲလက်စ ပန်းချီကားနားကို ပြန်ရောက်သွားမှန်းတောင်မသိ။ ဆက်ပြေးမလို့ ကြံရွယ်ပြီးမှ Xiao Zhan ခြေလှမ်းတွေကို တုန့်ခနဲ ရပ်လိုက်ကာ အားတင်းပြီး အနောက်ကို ဖြေးဖြေးခြင်း လှည့်ကြည့်လိုက်တော့ စန္ဒရားခုံကို မှီကာ လက်ပိုက်ပြီး သူ့ကိုကြည့်နေတဲ့ တနေ့က တွေ့လိုက်ရသော အဖြူကောင်လေး။
Xiao Zhan မပြေးဘဲ ပြန်လှည့်လာတာ မြင်တော့ အဖြူကောင်လေးဆီက ဟက်ခနဲ ရယ်သံထွက်လာပြီး မျက်ခုံးတို့ကို တွန့်ချိုးကာ သူ့ကို စူးစိုက်ပြီးကြည့်လာသည်။
" မပြေးဘူးပေါ့။ တော်တော် သတ္တိကောင်းတာပဲ။ ဘာလဲ ငါ့ကို ဒီလိုပုံနဲ့ မြင်ရလို့ မကြောက်တာလား။ ငါ့အသွင်မှန်ကို ပြကြည့်ရမလား မင်းပြေးလား၊ မပြေးလား သိရအောင် "
Xiao Zhan ကမန်းကတမ်း သူ့လက်တွေနဲ့ မျက်စိကို အမြန်ဖုံးအုပ်ကာ " ဟေ့ဟေ့ မလုပ်နဲ့နော်။ ငါက ရုပ်ဆိုးဆိုးတွေနဲ့ အလက်ဂျစ်ရှိတယ်။ " လို့ အော်ဟစ်လိုက်တော့ အဖြူကောင်လေးဆီက တဟားဟားအော်ရယ်သံထွက်လာသည်။
Xiao Zhan ဖုံးကာထားတဲ့ လက်ချောင်းတွေကြားက ချောင်းကြည့်လိုက်တော့
သူ့ကို ပြုံးကာ ကြည့်နေတဲ့ ပုံမှန်ရုပ်နဲ့ အဖြူကောင်လေးကို တွေ့လိုက်ရသည်မို့
စိတ်အေးသွားကာ လက်ကို ဖြေးဖြေးခြင်း ဖယ်ရှားလိုက်သည်။
" မင်း..... မင်းက သရဲလား "
" တုံးအလိုက်တာ "
သရဲဆီက ထင်မှတ်မထားတဲ့ ဝေဖန်စကားကြောင့် Xiao Zhan တင်းသွားမိသည်။
" မင်းဘာပြောတာလဲ။ ငါက အခုမှ အသက် ၁၉ နှစ်ပဲရှိသေးတာ။ မကြာခင် ကိုယ်ပိုင် ပန်းချီပြပွဲတောင်လုပ်နိုင်တော့မှာ။ အဲ့ဒါ ဘာအဓိပ္ပါယ်လဲ မင်းသိလား။ "
" အဲ့ဒါ ဘာဖြစ်လဲ ။ မင်းပန်းချီဆွဲနိုင်လည်း တုံးအတာက တုံးအတာပဲ "
" မင်း..... မင်း..... မင်း.... "
အမြဲတမ်း သူ့ထက်ကြီးတဲ့ သူတွေကတောင် သူ့ရဲ့ ပညာကိုလေးစားပြီး
ဆရာ Xiao လို့ ခေါ်ကျတာ။ ဒီလို ဘာမဟုတ်တဲ့ သရဲတစ်ကောင်က သူ့ကိုများ
တုံးအတယ်တဲ့။
Xiao Zhan ဒေါသထွက်ထွက်နဲ့ ဘေးက စုတ်တံတွေကို ဆွဲယူပြီး အဖြူကောင်လေးကို လှမ်းပစ်တော့သည်။
" ဟေ့ ဟေ့ မလုပ်နဲ့နော်။ "
Xiao Zhan ကတော့ သူ့ကို လှမ်းပစ်သည်ဆိုပေမယ့် တကယ်တမ်းကျတော့ ထိုကောင်လေးရဲ့ ကိုယ်ထဲကို စုတ်တံတွေက ဖောက်ဝင်သွားကာ ဆေးရောင်စုံတွေနဲ့ ပေကျံနေတဲ့ စုတ်တံတွေက အဖြူရောင် စန္ဒရားခုံလေးပေါ်သို့
ပြုတ်ကျကုန်တော့သည်။
အဖြူကောင်လေးက ဆွေ့ဆွေ့ခုန်ပြီး
စုတ်တံတွေလိုက်ဖမ်းပေမယ့် စုတ်တံတွေကို သူထိလို့ မရသည်မို့ ဆေးရောင်တွေ ပေကျံကုန်တဲ့ သူ့စန္ဒရားကို ကြည့်ပြီး Xiao Zhan ဘက်ကို မျက်ထောင့်နီကြီးနဲ့ စိုက်ကြည့်လာသည်မို့ သူလန့်ဖြန့်ပြီး လက်ထဲကျန်သေးတဲ့ စုတ်တံတွေကို လွှတ်ချလိုက်ပြီး မျက်နှာချိုသွေးလိုက်မိသည်။
" စိတ်မဆိုးပါနဲ့။ ငါ... ငါ ပြန်သုတ်ပေးပါမယ် "
Xiao Zhan ပြောပြီး အခန်းထဲက ထွက်ပြေးဖို့ ကြိုးစားလိုက်ပေမယ့် ဟိုက သရဲပါဆို။ Xiao Zhan ရှေ့ကို ဝုန်းဆို ရောက်လာပြီး တားဆီးလိုက်တာကြောင့် အရှိန်မထိန်းနိုင်ဘဲ အဖြူကောင်လေးရင်ခွင်ထဲသို့ Xiao Zhan ပစ်ဝင်သွားတော့သည်။ အရှိန်နဲ့ ပြေးဝင်လာတာမို့ နှစ်ယောက်လုံး ကြမ်းပြင်ပေါ်ကို ပြုတ်ကျပြီး Xiao Zhan က အဖြူကောင်လေးရဲ့ ရင်ခွင်ထဲရောက်နေသည်မို့ နေရခက်စွာနဲ့ ရုန်းထွက်လိုက်မိသည်။
သူတို့နီးနီးကပ်ကပ်ရှိနေတော့မှ Xiao Zhan သေချာသွားတာရှိသည်။ စန္ဒကူးနံ့က အဖြူကောင်လေးဆီကလာတာပဲ။ သရဲတွေက အနံ့မွှေးပြီး ရုပ်ကျတော့လည်း လူတွေထက်တောင် ချောသေးတယ်လား။ အံ့သြစရာပဲ။
တစ်ယောက်နဲ့ တစ်ယောက် စကားမပြောဖြစ်ဘဲ ကြောင်ကြည့်နေကျပြီး
တအောင့်ကြာမှ Xiao Zhan တွေးလိုက်မိသည်။
" ခုနက ငါ မင်းကို ထိလို့ရလိုက်တာလား။ မင်းက သရဲမဟုတ်ဘူးလား "
အဖြူကောင်လေးကလဲ သူ့လိုပဲ
တွေးရခက်နေသည်ထင်သည်။
Xiao Zhan ကို ကြည့်ကာ မရေမရာနဲ့
ပြောလာသည်။
" ငါသေသွားတာ တော်တော်ကြာပြီ။ ဒီအခန်းထဲမှာ ရှိနေတာလည်း ကြာပြီ။ ဒါပေမယ့် ငါ့ကို မင်းကလွဲပြီး ဘယ်သူမှ မြင်ရတာ မရှိခဲ့ဖူးဘူး။ ထိလို့ရဖို့ဆို
ဝေးသေးတယ်။ အနည်းဆုံး အနံ့နဲ့
အသံလောက်ပဲ ပေးလို့ရခဲ့ဖူးတာ။ "
Xiao Zhan လက်ဖဝါးတစ်ဖက်ကို ထောင်ကာ ပြောလိုက်သည်။ " ငါတို့ ထပ် ထိကြည့်ကျမလား "
အဖြူကောင်လေးက မျက်ခုံးလေးပင့်တင့်ကာ Xiao Zhan ကို ပြန်ကြည့်လာသည်။ " မင်းကတော့ တကယ်ပါပဲ။
ငါ့ကို နည်းနည်းလေးတောင် မကြောက်ဘူးလား "
Xiao Zhan ရှက်ရှက်နဲ့ ဂုတ်လေးကို ပွတ်ကာ ပြောလိုက်သည်။ " တကယ်တော့ ငါမကြောက်ဘဲ နေပါ့မလား။ ငါကြောက်လွန်းလို့ ဒူးတွေတောင် တုန်နေပြီ။ ဒါပေမယ့် မင်းက စိတ်ဝင်စားစရာကောင်းလို့။ ငါ...မနည်း သတ္တိမွေးထားရတာ "
Xiao Zhan စကားဆုံးတော့ အဖြူကောင်လေးက ခေါင်းလေးရမ်းကာ ရယ်လာသည်။
လှလိုက်တာ။ သရဲက ရယ်တာလည်း လှတာပဲ။ နတ်သားလေး မဟုတ်ဘူးလား။
" Wang Yi Bo .. " အဖြူကောင်လေးက လက်ကမ်းပြီး ပြောလာပေမယ့် Xiao Zhan က ငေးကောင်းတုန်းမို့
သူကြောင်အမ်းအမ်းနဲ့ ကမန်းကတမ်း လက်ကိုပြန်ကမ်းပေးကာ အထစ်ထစ် အငေါ့ငေါ့နဲ့ ပြန်ပြောလိုက်သည်။
" Xiao..... Xiao Zhan "
" တွေ့ရတာ ဝမ်းသာပါတယ် ဆရာ
ရှောင် "
" တွေ့ရတာ ဝမ်းသာပါတယ် ဆရာဝမ် "
နှစ်ယောက်သား တစ်ယောက်နဲ့ တစ်ယောက် ပြောရင်း ပြိုင်တူရယ်လိုက်မိသည်။ တွဲထားတဲ့ လက်တွေကို မဖြုတ်ဘဲနဲ့ပေါ့။
The Time Between You And Me
Advertisement
- In Serial25 Chapters
A tale of Might and Magic [Hiatus/Dropped]
Read if you like funny asshole main characters and questionable moral.
8 124 - In Serial15 Chapters
Be a man, be a hero
A former pro gamer, a former gaming addict, a person who dreamed about greatness but unable to achieve them in his life, in this world, he is someone who was considered as a """"good for nothing"""" by most societies. Now he have a chance to achieve his dream with the new VRMMO game Eternal Glory. Can he do it, can he not? Can he found the true purpose of his life? We can only follow his footsteps in his journey to find out.
8 120 - In Serial30 Chapters
Emperor's Journey
TIME IS MY AGE, I TRAVEL FOR KNOWLEDGE, WORLDS ARE MY PLAYGROUND, I AM THE DESTROYER, I AM THE EMPEROR. THIS IS MY STORY.
8 203 - In Serial59 Chapters
Knights quest
EN, a being of pure immeasurable energy, tired of his lonely existence decided to create multiple universes to fulfill his wanting of love.But as time passed and these worlds advanced they grew to forget about EN....so to fill the void, EN created the nine stars...beings of pure light and with their creation they were each given two universes. As time passed each of the nine stars created five moons each.....these were beings of lesser light.....their task was to enter the universes and spread the Order and teachings of EN....as time passed the moons grew in power, which caused the stars to grow in power. This new found power caused some of the stars to question the strength of their creator,EN, however EN foresaw this, and created a being to rival any of the stars, The Black Sun, is what this being was called, and his sole purpose was to keep the stars in order. As the millenia passed the stars strength kept increasing, eventually the ones who questioned En persuaded the others to rise up against Black Sun, but they were unable to kill him, so they divided his body into six parts keeping them hidden in various worlds. Enraged even further by this, EN, placed the nine stars in a deep sleep, as he could not bring himself to kill his creations.The five strongest moons who were created by Black Sun took this chance to gather and revive The Black Sun, however before they could recover the last piece of him, the remaing moons,forty five in total, stood against them, unable to win they fled to the last remaining world, but they were out of time. So on this last remaining world they decided to spread their essence, which contained their memories and abilities so that someday they may be reborn. Years passed, before the first of the Five Great Moons had been reborn. He had awoken as a decent of one of the lesser Moons, he was known as King, a divine being task with the protection of the Ark. Now reborn as King, he retains his bodies pervious memories, to discover that the last piece of Blacksun's body is being used as the Ark, to give the knights of this world absurdly strong abilities. Hiding in plain sight as King he now waits for his chance to retake the last piece of BlackSun's body and to awake the rebirth of his fallen brothers.
8 148 - In Serial32 Chapters
Hatake Pride
A Heartbeat... as unique to a person as a fingerprint or a retina scan... a heartbeat can tell someone anything if they listen hard enough... Kashin Hatake... a young boy with a dark past and a big secret. It's hard... being the special kid... the different kid... buts it harder when you are something everyone fears...
8 90 - In Serial31 Chapters
Five's little sister
The love story about Ben. This is a story about a girl, who finally found her love, even though he was a ghost.
8 139

