《The Time Between You And Me》Part 1.0
Advertisement
Zawgyi
'' ဝမ္စံအိမ္ေတာ္ ''
ႏွစ္ကာလၾကာျမင့္ၿပီျဖစ္၍ ေဟာင္းႏြမ္းေဆြးေျမ့ေနေသာ္လည္းေငြေရာင္စာလုံးေတြကို ေ႐ႊေရာင္အနားသတ္ထားေသာ တိမ္လႊာပုံသ႑ာန္ ကႏုတ္ခတ္ေတြ ေရးဆြဲထားတဲ့ ေဘာင္ႏွင့္ကြပ္ထားေသာ
ဆိုင္းဘုတ္ႀကီးကို ၾကည့္ျခင္းအားျဖင့္ တစ္ခ်ိန္က ဤစံအိမ္ေတာ္သည္ အဘယ္မွ်ခမ္းနားခဲ့ေၾကာင္းကို ေဖာ္ျပေနသလိုပင္။
ၿခံအျပင္ရွိ ဆိုင္းဘုတ္ေတာင္ ဒီေလာက္ အေသးစိတ္က်ၿပီး လက္ရာေျမာက္ေနသည္ဆိုပါက ဤအိမ္ေတာ္သည္ကား အတြင္းဘက္တြင္ မည္မွ်ထိ ႀကီးက်ယ္ခမ္းနားမည္ဆိုတာကို ေတြးၾကည့္စရာပင္မလို။
တစ္ဘဝလုံးအား ပန္းခ်ီဆြဲျခင္းအမႈ၌သာ ႏွစ္ျမႇုပ္ထားသည့္ သူ႕အတြက္ မၾကာခင္ က်င္းပနိုင္ေတာ့မည္ျဖစ္တဲ့ ပထမအႀကိမ္ ကိုယ္ပိုင္ ပန္းခ်ီျပပြဲမွာ အေကာင္းဆုံးေသာ ပန္းခ်ီလက္ရာေတြကို ျပသနိုင္ရန္အတြက္ ေအးခ်မ္းၿပီး တိတ္ဆိတ္သည့္ေနရာတစ္ခု လိုအပ္သည္။ ထို႔အတြက္ေၾကာင့္ပင္ ခ်ိဳက္ရီဟု အမည္ရသည့္ ေအးခ်မ္းလွေသာ ဤေတာင္ေပၚၿမိဳ႕ေလးသို႔ သူငယ္ခ်င္းတစ္ေယာက္၏ လမ္းၫႊန္မႈျဖင့္ Xiao Zhan ေရာက္လာရျခင္းျဖစ္သည္။
" အကိုေလး ပစၥည္းေတြကို အိမ္ေတာ္ထဲ ပို႔ေပးခဲ့မယ္ေနာ္။ အကိုေလးလာမယ္ဆိုလို႔ အိမ္ေတာ္တစ္ခုလုံးကို သန့္ရွင္းေရး လုပ္ထားၿပီးသားပဲ။ "
Xiao Zhan တစ္ေယာက္ ေရွးေခတ္ဆန္ဆန္ တည္ေဆာက္ထားတဲ့ စံအိမ္ေတာ္ႀကီးကို လွည့္ပတ္ၾကည့္ရႈေနရင္း အိမ္ေတာ္ထိန္း၏ ေျမးျဖစ္သူ Bao Chi ဆိုသည့္ ေကာင္လေးက လွမ္းေျပာသည္မို႔ သူၿပဳံးၿပီး ေခါင္းညိမ့္ျပလိုက္သည္။
" ေအာ္ ဒါနဲ႕ အကိုေလး ေမးဖို႔ေမ့ေနတာ။ အိမ္ေတာ္ႀကီးမွာက အခန္းေတြ အမ်ားႀကီးပဲရွိတာ။ အကုန္လုံးကလဲ အလြတ္ေတြႀကီးပဲ။ အကိုေလး ဘယ္အခန္းမွာ ေနခ်င္လဲ "
ေကာင္ေလးေျပာတာ ဟုတ္ေတာ့ဟုတ္သည္။ အိမ္ေတာ္ႀကီးက ႀကီးလြန္းသည့္အျပင္ ႏွစ္ထပ္ေတာင္ရွိသည္ျဖစ္သည္။
" အင္း... ဒါဆို မင္းတို႔ ၿမိဳ႕ေလးကို
လွမ္းျမင္ရၿပီး က်ယ္လဲ က်ယ္ရမယ္။ ၿပီးေတာ့ ပရိေဘာဂေတြနည္းရင္ ပိုေကာင္းတယ္။ အဲ့လို အခန္းမ်ိဳး ရွိမလား "
ေကာင္ေလးက ခဏေတာ့ ေတြေဝသြားၿပီးမွ တစ္စုံတစ္ခုကို စဥ္းစားမိသြားဟန္ျဖင့္ " ရွိတယ္.... ရွိတယ္။ အကိုေလးေျပာတဲ့ အခန္းမ်ိဳး အေပၚထပ္မွာရွိတယ္။ ဒါေပမယ့္ ..... "
" ဒါေပမယ့္ ဘာျဖစ္လဲ " တစ္စုံတစ္ခုကို ေျပာရခက္ေနသည့္ ပုံစံျဖစ္ေနသည္မို႔ Xiao Zhan ထပ္ေမးလိုက္ေတာ့ ေကာင္ေလးက ေျပာသင့္မေျပာသင့္
ခ်င့္ခ်ိန္ေနပုံရၿပီးေနာက္မွ မပြင့္တပြင့္နဲ႕ေျပာလာသည္။
" အဲ့အခန္းက ကြၽန္ေတာ္ငယ္ငယ္က
ေဆာ့ရင္း မသိဘဲ ဝင္မိတာ။
အဲ့တုန္းက အဖိုးက ရိုက္လို႔ ေနာက္ဘယ္ေတာ့မွ မဝင္ရဲေတာ့ဘူး။
ၿပီးေတာ့လည္း ကြၽန္ေတာ္ ဝင္ၿပီး ေနာက္ပိုင္း အခန္းကို ေသာ့ခတ္လိုက္တာ။ အဲ့အခ်ိန္တည္းက အခုခ်ိန္ထိ အဲ့အခန္းကိုဖြင့္ထားတာ မေတြ႕မိေတာ့ဘူး။ တကယ္လို႔ အကိုေလးက အဲ့အခန္းကို ေနခ်င္တယ္ဆိုရင္ သခင္ေလးကို ခြင့္ေတာင္းရင္ ရနိုင္မယ္ထင္တယ္။ ဒါေပမယ့္ ကြၽန္ေတာ္ေျပာတယ္လို႔ေတာ့ မေျပာနဲ႕ေနာ္ "
" ေအာ္.. အဲ့လိုေတြရွိတာလား " Xiao Zhan ေခါင္းတၿငိမ့္ၿငိမ့္နဲ႕ စဥ္းစားရင္းေတြေဝေနမိသည္။ ဘယ္လိုပဲ ငယ္ငယ္တည္းကေပါင္းလာတဲ့ သူငယ္ခ်င္းလို႔ပဲေျပာေျပာ သူ႕အိမ္ေတာင္ ငွါးေပးထားတာကို ထပ္ၿပီး အထြန့္တက္လို႔ အဆင္ေျပပါ့မလား။ သူတို႔မွာလည္း လွ်ို႔ဝွက္ထားခ်င္တာေတြ ရွိခ်င္ ရွိမွာေပါ့။
Xiao Zhan ဟိုေလွ်ာက္ဒီေလွ်ာက္နဲ႕ ေျပာသင့္ မေျပာသင့္ ခ်င့္ခ်ိန္ေနတုန္း ေဘာင္းဘီအိတ္ထဲက ဖုန္းျမည္လာသည္မို႔ သူၾကည့္လိုက္ေတာ့ မွန္းရင္ေတာင္ လြဲေနဦးမည္။
" ေဟ့ ဆရာXiao ဘယ္လိုလဲ။ စိတ္တိုင္းက်ရဲ႕လား " ဖုန္းကိုင္လိုက္တာနဲ႕ နားထဲကို စူးၿပီးဝင္လာတဲ့ ပုစဥ္းရင္ကြဲလိုအသံေၾကာင့္ Xiao Zhan ဖုန္းကို နားနဲ႕ နည္းနည္းေလးျပန္ခြါလိုက္ရသည္။
" ေျပပါတယ္။ ငါအခုပဲေရာက္တာ။
ငယ္ငယ္တည္းက ေပါင္းလာတာေတာင္ ငါ့သူငယ္ခ်င္းက ေဆြႀကီးမ်ိဳးႀကီးေတြမွန္း မသိခဲ့ဘူး။ ေတြ႕ရတာ ဝမ္းသာပါတယ္ေနာ္ Wang သခင္ေလး " Xiao Zhan အ႐ႊန္းေဖာက္ၿပီး ေျပာလိုက္ေတာ့ ေပါေတာေတာ သရဲကားေတြထဲကလို တဟားဟားနဲ႕ ရယ္သံနက္ႀကီး ထြက္လာသည္။
" ဟုတ္ပါၿပီဗ်ာ ။ ဆရာ Xiao အဆင္ေျပရင္ ၿပီးတာပါပဲ။ လိုအပ္တာရွိရင္လဲ ေျပာပါခင္ဗ် "
" ေတာ္ယုံပဲ ဆက္ဆံ။ မဖားနဲ႕ ေဟ့ေကာင္။ မင္းက မင္းစီစဥ္တဲ့ ပန္းခ်ီျပပြဲ မေအာင္ျမင္မွာ စိုးရိမ္ေနတာမွတ္လား။ အဲ့ဒါေၾကာင့္ ငါ့ကိုေတာင္မၿပီးမခ်င္းျပန္မလာနဲ႕ဆိုတဲ့ ပုံစံနဲ႕ ဒီကို ပို႔ပစ္တာပဲၾကည့္ "
မျမင္ရမွန္းသိေပမယ့္လဲ Xiao Zhan မ်က္လုံးေလးလွည့္ၿပီး ခနဲ႕တဲ့တဲ့ အသံေလးနဲ႕ ေျပာေနေတာ့ တစ္ဖက္က Wang Hao Xuan ကေတာ့ ရယ္လို႔ကို မဆုံးေတာ့ေပ။
" ေအာ္ ဒါနဲ႕ ငါမင္းကိုေမးဦးမယ္။
အေပၚထပ္က ပိတ္ထားတဲ့ အခန္းေလ "
ေရွာင္က်န့္ စကားစလိုက္တာနဲ႕ Hao Xuan ရဲ႕ ရယ္သံက ခ်က္ခ်င္းရပ္တန့္သြားသည္။
" ဘာလို႔လဲ ။ မင္းဖြင့္လိုက္တာလား "
" မဖြင့္ရေသးပါဘူး။ ငါေလ့လာၾကည့္သေလာက္ေတာ့ ဒီစံအိမ္မွာ အဲ့အခန္းက စိတ္ဝင္စားစရာအေကာင္းဆုံးလို႔ထင္လို႔။ ငါေနမလားလို႔ေလ။ အဲ့ဒါ မင္းကို အရင္ခြင့္ေတာင္းသင့္တယ္ထင္လို႔ "
Advertisement
စကားလဲဆုံးေရာ အၿမဲတမ္းလိုလို အပူပင္ကင္းစြာ ရယ္ေမာေပ်ာ္႐ႊင္ေနတဲ့ Hao Xuan ဆီက သက္ျပင္းခ်သံကို ဘဝမွာ ပထမဆုံးအႀကိမ္အျဖစ္ၾကားလိုက္ရသည္မို႔ Xiao Zhan မ်က္ခုံးေလးတစ္ဖက္ပင့္တင္လိုက္မိသည္။
အစက ဘာရယ္မဟုတ္ဘဲ ေျပာလိုက္ေပမယ့္ အခုေတာ့ ဒီအခန္းကို
သူတစ္ကယ္စိတ္ဝင္စားလာၿပီျဖစ္သည္။
ခနၾကာေတာ့ Hao Xuan က တည္တည္ၿငိမ္ၿငိမ္ျဖစ္သြားတဲ့ ေလသံနဲ႕ ျပန္ေျပာလာသည္။ " ငါထင္တယ္ မင္းေျပာမွ ေျပာပါ့မလားလို႔။ မင္းလို စပ္စပ္စုစုေကာင္က အဲ့အခန္းကို စိတ္ဝင္စားမယ္မွန္းငါေတြးၿပီးသား။ တကယ္ေတာ့ အဲ့အခန္းက ဘာမွလည္း မဟုတ္ပါဘူး။ မင္းေနခ်င္ေနေလ။ ငါ အိမ္ေတာ္ထိန္း Bao ကို ဖုန္းဆက္ၿပီး ေသာ့ေပးခိုင္းလိုက္မယ္။ ဘိုင့္ဘိုင္ေနာ္ "
ျငင္းမယ္ထင္ေပမယ့္ ေရွာေရွာရႉရႉကို လက္ခံလာသည္မို႔ Xiao Zhan ေၾကာင္အမ္းသြားမိေသာ္လည္း အလိုက္သင့္သာေနလိုက္ဖို႔ ေတြးလိုက္သည္။
ဖုန္းခ်ၿပီးေနာက္ သူ႕ကိုေမွ်ာ္လင့္တႀကီး ၾကည့္ေနေသာ Bao Chi ကို
ၿပဳံးျပၿပီး လက္မေထာင္ျပလိုက္သည္။ ေနလို႔ရၿပီဆိုတဲ့သေဘာ။
ေကာင္ေလးက ေပ်ာ္႐ႊင္သြားပုံရၿပီးေနာက္ သူ႕အဘိုးဆီက ေသာ့ယူေပးမယ္ဟုဆိုကာ ေျပးထြက္သြားေတာ့သည္။
ကေလးဆိုေတာ့ စပ္စုခ်င္တာေနမယ္။
အခန္းမွာေနမယ့္ သူ႕ထက္ေတာင္ တက္ႂကြေနေသးတာ။
Xiao Zhan ေခါင္းေလးတရမ္းရမ္းနဲ႕
အေပၚထပ္ကို အရင္တက္ၾကည့္ဖို႔
စဥ္းစားၿပီး တိမ္လႊာပုံသ႑ာန္ ကႏုတ္ေတြ ေရးဆြဲထားတဲ့ ကြၽန္းေလွကားႀကီးေပၚသို႔ တလွမ္းျခင္း တက္သြားေတာ့သည္။
သတိထားမိသေလာက္ ဤအိမ္၏
ပရိေဘာဂပစၥည္း အေဟာင္းေတာ္ေတာ္မ်ားမ်ားသည္ တိမ္လႊာပုံသ႑ာန္ကႏုတ္မ်ားပါရွိၿပီး အသစ္ထည့္ထားတဲ့ ပရိေဘာဂမ်ားကေတာ့ ထိုသို႔မပါရွိေပ။
ေျခလွမ္း ႏွစ္ဆယ္ေလာက္ေလွ်ာက္ၿပီးေနာက္မွာေတာ့ တံခါး႐ြက္တြင္
တိမ္လႊာပုံသ႑ာန္ ကႏုတ္ထြင္းထားသည့္ အခန္းႀကီးကို ေတြ႕လိုက္ရသည္။
ဟိုေကာင္ေလး ေျပာပုံအရဆို ဤအခန္းအား ေသာ့ပိတ္ထားသည္မွာ အနည္းဆုံး ၁၀ ႏွစ္ေလာက္ေတာ့ ရွိေပလိမ့္မည္။ သို႔ေပမယ့္ ထူးဆန္းေနတာက Bao Chi ေျပာသည့္ ေသာ့ခတ္ထားသည္ဆိုတာကို မေတြ႕ရဘဲ တခါးက ေစ့႐ုံသာ ေစ့ပိတ္ထားျခင္းျဖစ္သည္။
အခန္းမွားတာမ်ားလား ဟု စိတ္ထဲမွာ ေတြးထင္မိေသာ္လည္း ဤအခန္းသည္ အျခားအခန္းေတြထက္ တံခါးေပၚမွာ ထြင္းထားသည့္ ကႏုတ္ကအစ ပို၍လက္ရာေျမာက္ အသက္ဝင္ၿပီး တံခါးကလဲ တစ္ခ်ပ္တည္းမဟုတ္။ တံခါးႏွစ္ခ်ပ္အား ေစ့ပိတ္ထားသည္မို႔ က်ိန္းေသ အခန္းက်ယ္ျဖစ္သည္မွာ ေသခ်ာသည္။
တစ္ေယာက္ေယာက္မ်ား သန့္ရွင္းေရးလုပ္ဖို႔ ဖြင့္လိုက္တာလားဆိုတဲ့ အေတြးနဲ႕ Xiao Zhan တံခါးကိုတြန္းဖြင့္ဖို႔ လက္အ႐ြယ္ " အကိုေလး ! " ဆိုတဲ့ ေအာ္သံေၾကာင့္ ေနာက္ကိုလွည့္ၾကည့္လိုက္ေတာ့ သူ႕ကိုေၾကာင္ၾကည့္ေနတဲ့ အိမ္ေတာ္ထိန္းနဲ႕ Bao Chi ကို ေတြ႕လိုက္ရသည္မို႔ သူရွင္းျပရန္အတြက္ တံခါးဘက္ကို လက္ညွိုးျပန္လည္ၫႊန္ျပၿပီး ေျပာဖို႔ျပင္လိုက္ေပမယ့္ ျမင္လိုက္ရတဲ့ ျမင္ကြင္းေၾကာင့္ Xiao Zhan သူ႕မ်က္လုံးေတာင္ သူမယုံနိုင္ျဖစ္သြားမိသည္။
" အကိုေလး ၾကည့္ရတာ ေစာင့္ရတာစိတ္မရွည္ေတာ့ဘူးထင္တယ္။ ခရီးပန္းေနေတာ့ နားခ်င္ေနမွာေပါ့။ ဖိုးဖိုး တံခါးဖြင့္ေပးလိုက္ေလ ျမန္ျမန္။"
ေကာင္ေလးကေျပာၿပီး စိတ္အားတက္ႂကြစြာ အခန္းကို ၾကည့္ဖို႔ သူ႕ေဘးေရာက္လာသည္မို႔ Xiao Zhan ၿပဳံးယုံေလးသာ ျပန္ၿပဳံးျပရင္း ေသာ့ဖြင့္ေနတဲ့ အိမ္ေတာ္ထိန္းရဲ႕ ေက်ာျပင္ကိုသာ စိတ္မသက္မသာနဲ႕ ၾကည့္ေနမိသည္။
ဒီေလာက္ေသာ့အႀကီးႀကီးခတ္ထားတာကို ခုနက က်ိန္းေသ သူျမင္လိုက္တာ ဘာေသာ့မွ ရွိမေနဘူး မဟုတ္ပါလား။
ခရီးပန္းလြန္းလို႔ ျမင္ခ်င္ရာေတြ ျမင္ေနၿပီထင္တယ္။ Xiao Zhan စိတ္ထိန္းစမ္း။
တကြၽီကြၽီျမည္သံနဲ႕အတူ တံခါးပြင့္သြားေတာ့ ေသာ့ပိတ္ထားတာ ႏွစ္ေပါင္းမ်ားစြာၾကာၿပီျဖစ္၍ အထဲက ဖုန္အလိမ္းလိမ္းက ေျပးဝင္လာေတာ့သည္။
" အဟြတ္... အဟြတ္.. ဆရာ Xiao ဒီအခန္းက သန့္ရွင္းေရးမလုပ္ရေသးေတာ့ ဒီေန႕ေတာ့ ေအာက္ထပ္မွာပဲ အိပ္လိုက္လို႔ အဆင္ေျပမလား။ "
" ရပါတယ္ ကြၽန္ေတာ္အဆင္ေျပပါတယ္။ " Xiao Zhan အိမ္ေတာ္ထိန္းရဲ႕ စကားကို ျပန္ေျဖလိုက္ေတာ့ သူ႕ကို ေသာ့အပ္ၿပီး သန့္ရွင္းေလးလုပ္ဖို႔အတြက္ ပစၥည္းေတြယူဖို႔ ေျမးအဖိုးႏွစ္ေယာက္က ေအာက္ျပန္ဆင္းသြားသည္မို႔ Xiao Zhan တစ္ေယာက္တည္း အခန္းထဲ က်န္ရစ္ခဲ့ေတာ့သည္။
အခန္းက လူတစ္ေယာက္တည္းေနဖို႔ အတြက္ဆို အေတာ္ေလးကို က်ယ္ဝန္းလွၿပီး ပရိေဘာဂပစၥည္းဆိုလို႔ ဘာမွ် မယ္မယ္ရရမရွိ။ အခန္းအလယ္မွာ အဝတ္ျဖဴေတြနဲ႕ ဖုံးလႊမ္းထားတဲ့ ဆက္တီခုံရယ္၊ ႀကီးမားက်ယ္ျပန့္တဲ့
ကြၽန္းကုတင္ႀကီးရယ္၊ အခန္းေထာင့္တစ္ေနရာမွာ အထီးက်န္ေနတဲ့ စႏၵရားတစ္လုံးရယ္ ၊ အဝတ္ဘီဒိုအႀကီးႀကီးတစ္လုံးရယ္ပဲရွိသည္။ ဒါေပမယ့္ ပရိေဘာဂေတြ အကုန္လုံးမွာ တိမ္လႊာကႏုတ္ေတြပါရွိေနသည့္အတြက္ က်ိန္းေသ ဤအခန္းသည္ ဝမ္မိသားစုရဲ႕ အေရးႀကီးေသာ သူတစ္ေယာက္၏ အခန္းျဖစ္ဖို႔က်ိန္းေသသေလာက္ရွိသည္။
Xiao Zhan ဝရန္တာဘက္ စူးစမ္းၾကည့္ေတာ့ ေကာင္ေလးေျပာသလိုပင္
ေနဝင္ဆည္းဆာေအာက္မွာ ခ်ိဳက္ရီၿမိဳ႕ကို မွိန္ျပျပေလးျမင္ေနရသည္။
စံအိမ္ေတာ္က ေတာင္ေပၚအျမင့္ဆုံးေနရာတြင္ တည္ေဆာက္ထားသည္မို႔ ညေနဘက္ေရာက္သည္ႏွင့္ အေအးဓာတ္ကို သိသိသာသာေလး ခံစားလာရသည္။ ေလတစ္ခ်က္အေဝွ႕မွာ ရင္ထဲကို ေအးခနဲျဖစ္သြားတဲ့ ခံစားခ်က္နဲ႕အတူ ေလထဲလႊင့္ ပါလာသည့္ စႏၵကူးရနံ႕ေလး။
အေမႊးနံ႕သာေတြကို မုန္းတတ္တဲ့
Xiao Zhan တစ္ေယာက္ ဒီရနံ႕ေလးကိုေတာ့ သူေတာ္ေတာ္ သေဘာက်မိသြားသည္။
ဘယ္ေနရာကလာသလဲ သိခ်င္စိတ္နဲ႕ တရႈံ႕ရႈံ႕ အနံ႕လိုက္ခံၾကည့္ေပမယ့္လဲ ဘာရနံ႕မွထပ္မရေတာ့။ ေလမတိုက္ေတာ့လို႔ေနမွာပါဟု ကိုယ့္ဘာသာ ေတြးေတာရင္း တစ္ေန႕တာကို အဆုံးသတ္ဖို႔ သူေအာက္ထပ္ကို ျပန္ဆင္းလာခဲ့ေတာ့သည္။
Advertisement
The Time Between You And Me
Unicode
'' ဝမ်စံအိမ်တော် ''
နှစ်ကာလကြာမြင့်ပြီဖြစ်၍ ဟောင်းနွမ်းဆွေးမြေ့နေသော်လည်းငွေရောင်စာလုံးတွေကို ရွှေရောင်အနားသတ်ထားသော တိမ်လွှာပုံသဏ္ဍာန် ကနုတ်ခတ်တွေ ရေးဆွဲထားတဲ့ ဘောင်နှင့်ကွပ်ထားသော
ဆိုင်းဘုတ်ကြီးကို ကြည့်ခြင်းအားဖြင့် တစ်ချိန်က ဤစံအိမ်တော်သည် အဘယ်မျှခမ်းနားခဲ့ကြောင်းကို ဖော်ပြနေသလိုပင်။
ခြံအပြင်ရှိ ဆိုင်းဘုတ်တောင် ဒီလောက် အသေးစိတ်ကျပြီး လက်ရာမြောက်နေသည်ဆိုပါက ဤအိမ်တော်သည်ကား အတွင်းဘက်တွင် မည်မျှထိ ကြီးကျယ်ခမ်းနားမည်ဆိုတာကို တွေးကြည့်စရာပင်မလို။
တစ်ဘဝလုံးအား ပန်းချီဆွဲခြင်းအမှု၌သာ နှစ်မြှုပ်ထားသည့် သူ့အတွက် မကြာခင် ကျင်းပနိုင်တော့မည်ဖြစ်တဲ့ ပထမအကြိမ် ကိုယ်ပိုင် ပန်းချီပြပွဲမှာ အကောင်းဆုံးသော ပန်းချီလက်ရာတွေကို ပြသနိုင်ရန်အတွက် အေးချမ်းပြီး တိတ်ဆိတ်သည့်နေရာတစ်ခု လိုအပ်သည်။ ထို့အတွက်ကြောင့်ပင် ချိုက်ရီဟု အမည်ရသည့် အေးချမ်းလှသော ဤတောင်ပေါ်မြို့လေးသို့ သူငယ်ချင်းတစ်ယောက်၏ လမ်းညွှန်မှုဖြင့် Xiao Zhan ရောက်လာရခြင်းဖြစ်သည်။
" အကိုလေး ပစ္စည်းတွေကို အိမ်တော်ထဲ ပို့ပေးခဲ့မယ်နော်။ အကိုလေးလာမယ်ဆိုလို့ အိမ်တော်တစ်ခုလုံးကို သန့်ရှင်းရေး လုပ်ထားပြီးသားပဲ။ "
Xiao Zhan တစ်ယောက် ရှေးခေတ်ဆန်ဆန် တည်ဆောက်ထားတဲ့ စံအိမ်တော်ကြီးကို လှည့်ပတ်ကြည့်ရှုနေရင်း အိမ်တော်ထိန်း၏ မြေးဖြစ်သူ Bao Chi ဆိုသည့် ကောင်လေးက လှမ်းပြောသည်မို့ သူပြုံးပြီး ခေါင်းညိမ့်ပြလိုက်သည်။
" အော် ဒါနဲ့ အကိုလေး မေးဖို့မေ့နေတာ။ အိမ်တော်ကြီးမှာက အခန်းတွေ အများကြီးပဲရှိတာ။ အကုန်လုံးကလဲ အလွတ်တွေကြီးပဲ။ အကိုလေး ဘယ်အခန်းမှာ နေချင်လဲ "
ကောင်လေးပြောတာ ဟုတ်တော့ဟုတ်သည်။ အိမ်တော်ကြီးက ကြီးလွန်းသည့်အပြင် နှစ်ထပ်တောင်ရှိသည်ဖြစ်သည်။
" အင်း... ဒါဆို မင်းတို့ မြို့လေးကို
လှမ်းမြင်ရပြီး ကျယ်လဲ ကျယ်ရမယ်။ ပြီးတော့ ပရိဘောဂတွေနည်းရင် ပိုကောင်းတယ်။ အဲ့လို အခန်းမျိုး ရှိမလား "
ကောင်လေးက ခဏတော့ တွေဝေသွားပြီးမှ တစ်စုံတစ်ခုကို စဥ်းစားမိသွားဟန်ဖြင့် " ရှိတယ်.... ရှိတယ်။ အကိုလေးပြောတဲ့ အခန်းမျိုး အပေါ်ထပ်မှာရှိတယ်။ ဒါပေမယ့် ..... "
" ဒါပေမယ့် ဘာဖြစ်လဲ " တစ်စုံတစ်ခုကို ပြောရခက်နေသည့် ပုံစံဖြစ်နေသည်မို့ Xiao Zhan ထပ်မေးလိုက်တော့ ကောင်လေးက ပြောသင့်မပြောသင့်
ချင့်ချိန်နေပုံရပြီးနောက်မှ မပွင့်တပွင့်နဲ့ပြောလာသည်။
" အဲ့အခန်းက ကျွန်တော်ငယ်ငယ်က
ဆော့ရင်း မသိဘဲ ဝင်မိတာ။
အဲ့တုန်းက အဖိုးက ရိုက်လို့ နောက်ဘယ်တော့မှ မဝင်ရဲတော့ဘူး။
ပြီးတော့လည်း ကျွန်တော် ဝင်ပြီး နောက်ပိုင်း အခန်းကို သော့ခတ်လိုက်တာ။ အဲ့အချိန်တည်းက အခုချိန်ထိ အဲ့အခန်းကိုဖွင့်ထားတာ မတွေ့မိတော့ဘူး။ တကယ်လို့ အကိုလေးက အဲ့အခန်းကို နေချင်တယ်ဆိုရင် သခင်လေးကို ခွင့်တောင်းရင် ရနိုင်မယ်ထင်တယ်။ ဒါပေမယ့် ကျွန်တော်ပြောတယ်လို့တော့ မပြောနဲ့နော် "
" အော်.. အဲ့လိုတွေရှိတာလား " Xiao Zhan ခေါင်းတငြိမ့်ငြိမ့်နဲ့ စဥ်းစားရင်းတွေဝေနေမိသည်။ ဘယ်လိုပဲ ငယ်ငယ်တည်းကပေါင်းလာတဲ့ သူငယ်ချင်းလို့ပဲပြောပြော သူ့အိမ်တောင် ငှါးပေးထားတာကို ထပ်ပြီး အထွန့်တက်လို့ အဆင်ပြေပါ့မလား။ သူတို့မှာလည်း လျှို့ဝှက်ထားချင်တာတွေ ရှိချင် ရှိမှာပေါ့။
Xiao Zhan ဟိုလျှောက်ဒီလျှောက်နဲ့ ပြောသင့် မပြောသင့် ချင့်ချိန်နေတုန်း ဘောင်းဘီအိတ်ထဲက ဖုန်းမြည်လာသည်မို့ သူကြည့်လိုက်တော့ မှန်းရင်တောင် လွဲနေဦးမည်။
" ဟေ့ ဆရာXiao ဘယ်လိုလဲ။ စိတ်တိုင်းကျရဲ့လား " ဖုန်းကိုင်လိုက်တာနဲ့ နားထဲကို စူးပြီးဝင်လာတဲ့ ပုစဥ်းရင်ကွဲလိုအသံကြောင့် Xiao Zhan ဖုန်းကို နားနဲ့ နည်းနည်းလေးပြန်ခွါလိုက်ရသည်။
" ပြေပါတယ်။ ငါအခုပဲရောက်တာ။
ငယ်ငယ်တည်းက ပေါင်းလာတာတောင် ငါ့သူငယ်ချင်းက ဆွေကြီးမျိုးကြီးတွေမှန်း မသိခဲ့ဘူး။ တွေ့ရတာ ဝမ်းသာပါတယ်နော် Wang သခင်လေး " Xiao Zhan အရွှန်းဖောက်ပြီး ပြောလိုက်တော့ ပေါတောတော သရဲကားတွေထဲကလို တဟားဟားနဲ့ ရယ်သံနက်ကြီး ထွက်လာသည်။
" ဟုတ်ပါပြီဗျာ ။ ဆရာ Xiao အဆင်ပြေရင် ပြီးတာပါပဲ။ လိုအပ်တာရှိရင်လဲ ပြောပါခင်ဗျ "
" တော်ယုံပဲ ဆက်ဆံ။ မဖားနဲ့ ဟေ့ကောင်။ မင်းက မင်းစီစဥ်တဲ့ ပန်းချီပြပွဲ မအောင်မြင်မှာ စိုးရိမ်နေတာမှတ်လား။ အဲ့ဒါကြောင့် ငါ့ကိုတောင်မပြီးမချင်းပြန်မလာနဲ့ဆိုတဲ့ ပုံစံနဲ့ ဒီကို ပို့ပစ်တာပဲကြည့် "
မမြင်ရမှန်းသိပေမယ့်လဲ Xiao Zhan မျက်လုံးလေးလှည့်ပြီး ခနဲ့တဲ့တဲ့ အသံလေးနဲ့ ပြောနေတော့ တစ်ဖက်က Wang Hao Xuan ကတော့ ရယ်လို့ကို မဆုံးတော့ပေ။
" အော် ဒါနဲ့ ငါမင်းကိုမေးဦးမယ်။
အပေါ်ထပ်က ပိတ်ထားတဲ့ အခန်းလေ "
ရှောင်ကျန့် စကားစလိုက်တာနဲ့ Hao Xuan ရဲ့ ရယ်သံက ချက်ချင်းရပ်တန့်သွားသည်။
" ဘာလို့လဲ ။ မင်းဖွင့်လိုက်တာလား "
" မဖွင့်ရသေးပါဘူး။ ငါလေ့လာကြည့်သလောက်တော့ ဒီစံအိမ်မှာ အဲ့အခန်းက စိတ်ဝင်စားစရာအကောင်းဆုံးလို့ထင်လို့။ ငါနေမလားလို့လေ။ အဲ့ဒါ မင်းကို အရင်ခွင့်တောင်းသင့်တယ်ထင်လို့ "
စကားလဲဆုံးရော အမြဲတမ်းလိုလို အပူပင်ကင်းစွာ ရယ်မောပျော်ရွှင်နေတဲ့ Hao Xuan ဆီက သက်ပြင်းချသံကို ဘဝမှာ ပထမဆုံးအကြိမ်အဖြစ်ကြားလိုက်ရသည်မို့ Xiao Zhan မျက်ခုံးလေးတစ်ဖက်ပင့်တင်လိုက်မိသည်။
အစက ဘာရယ်မဟုတ်ဘဲ ပြောလိုက်ပေမယ့် အခုတော့ ဒီအခန်းကို
သူတစ်ကယ်စိတ်ဝင်စားလာပြီဖြစ်သည်။
ခနကြာတော့ Hao Xuan က တည်တည်ငြိမ်ငြိမ်ဖြစ်သွားတဲ့ လေသံနဲ့ ပြန်ပြောလာသည်။ " ငါထင်တယ် မင်းပြောမှ ပြောပါ့မလားလို့။ မင်းလို စပ်စပ်စုစုကောင်က အဲ့အခန်းကို စိတ်ဝင်စားမယ်မှန်းငါတွေးပြီးသား။ တကယ်တော့ အဲ့အခန်းက ဘာမှလည်း မဟုတ်ပါဘူး။ မင်းနေချင်နေလေ။ ငါ အိမ်တော်ထိန်း Bao ကို ဖုန်းဆက်ပြီး သော့ပေးခိုင်းလိုက်မယ်။ ဘိုင့်ဘိုင်နော် "
ငြင်းမယ်ထင်ပေမယ့် ရှောရှောရှူရှူကို လက်ခံလာသည်မို့ Xiao Zhan ကြောင်အမ်းသွားမိသော်လည်း အလိုက်သင့်သာနေလိုက်ဖို့ တွေးလိုက်သည်။
ဖုန်းချပြီးနောက် သူ့ကိုမျှော်လင့်တကြီး ကြည့်နေသော Bao Chi ကို
ပြုံးပြပြီး လက်မထောင်ပြလိုက်သည်။ နေလို့ရပြီဆိုတဲ့သဘော။
ကောင်လေးက ပျော်ရွှင်သွားပုံရပြီးနောက် သူ့အဘိုးဆီက သော့ယူပေးမယ်ဟုဆိုကာ ပြေးထွက်သွားတော့သည်။
ကလေးဆိုတော့ စပ်စုချင်တာနေမယ်။
အခန်းမှာနေမယ့် သူ့ထက်တောင် တက်ကြွနေသေးတာ။
Xiao Zhan ခေါင်းလေးတရမ်းရမ်းနဲ့
အပေါ်ထပ်ကို အရင်တက်ကြည့်ဖို့
စဥ်းစားပြီး တိမ်လွှာပုံသဏ္ဍာန် ကနုတ်တွေ ရေးဆွဲထားတဲ့ ကျွန်းလှေကားကြီးပေါ်သို့ တလှမ်းခြင်း တက်သွားတော့သည်။
သတိထားမိသလောက် ဤအိမ်၏
ပရိဘောဂပစ္စည်း အဟောင်းတော်တော်များများသည် တိမ်လွှာပုံသဏ္ဍာန်ကနုတ်များပါရှိပြီး အသစ်ထည့်ထားတဲ့ ပရိဘောဂများကတော့ ထိုသို့မပါရှိပေ။
ခြေလှမ်း နှစ်ဆယ်လောက်လျှောက်ပြီးနောက်မှာတော့ တံခါးရွက်တွင်
တိမ်လွှာပုံသဏ္ဍာန် ကနုတ်ထွင်းထားသည့် အခန်းကြီးကို တွေ့လိုက်ရသည်။
ဟိုကောင်လေး ပြောပုံအရဆို ဤအခန်းအား သော့ပိတ်ထားသည်မှာ အနည်းဆုံး ၁၀ နှစ်လောက်တော့ ရှိပေလိမ့်မည်။ သို့ပေမယ့် ထူးဆန်းနေတာက Bao Chi ပြောသည့် သော့ခတ်ထားသည်ဆိုတာကို မတွေ့ရဘဲ တခါးက စေ့ရုံသာ စေ့ပိတ်ထားခြင်းဖြစ်သည်။
အခန်းမှားတာများလား ဟု စိတ်ထဲမှာ တွေးထင်မိသော်လည်း ဤအခန်းသည် အခြားအခန်းတွေထက် တံခါးပေါ်မှာ ထွင်းထားသည့် ကနုတ်ကအစ ပို၍လက်ရာမြောက် အသက်ဝင်ပြီး တံခါးကလဲ တစ်ချပ်တည်းမဟုတ်။ တံခါးနှစ်ချပ်အား စေ့ပိတ်ထားသည်မို့ ကျိန်းသေ အခန်းကျယ်ဖြစ်သည်မှာ သေချာသည်။
တစ်ယောက်ယောက်များ သန့်ရှင်းရေးလုပ်ဖို့ ဖွင့်လိုက်တာလားဆိုတဲ့ အတွေးနဲ့ Xiao Zhan တံခါးကိုတွန်းဖွင့်ဖို့ လက်အရွယ် " အကိုလေး ! " ဆိုတဲ့ အော်သံကြောင့် နောက်ကိုလှည့်ကြည့်လိုက်တော့ သူ့ကိုကြောင်ကြည့်နေတဲ့ အိမ်တော်ထိန်းနဲ့ Bao Chi ကို တွေ့လိုက်ရသည်မို့ သူရှင်းပြရန်အတွက် တံခါးဘက်ကို လက်ညှိုးပြန်လည်ညွှန်ပြပြီး ပြောဖို့ပြင်လိုက်ပေမယ့် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် Xiao Zhan သူ့မျက်လုံးတောင် သူမယုံနိုင်ဖြစ်သွားမိသည်။
" အကိုလေး ကြည့်ရတာ စောင့်ရတာစိတ်မရှည်တော့ဘူးထင်တယ်။ ခရီးပန်းနေတော့ နားချင်နေမှာပေါ့။ ဖိုးဖိုး တံခါးဖွင့်ပေးလိုက်လေ မြန်မြန်။"
ကောင်လေးကပြောပြီး စိတ်အားတက်ကြွစွာ အခန်းကို ကြည့်ဖို့ သူ့ဘေးရောက်လာသည်မို့ Xiao Zhan ပြုံးယုံလေးသာ ပြန်ပြုံးပြရင်း သော့ဖွင့်နေတဲ့ အိမ်တော်ထိန်းရဲ့ ကျောပြင်ကိုသာ စိတ်မသက်မသာနဲ့ ကြည့်နေမိသည်။
ဒီလောက်သော့အကြီးကြီးခတ်ထားတာကို ခုနက ကျိန်းသေ သူမြင်လိုက်တာ ဘာသော့မှ ရှိမနေဘူး မဟုတ်ပါလား။
ခရီးပန်းလွန်းလို့ မြင်ချင်ရာတွေ မြင်နေပြီထင်တယ်။ Xiao Zhan စိတ်ထိန်းစမ်း။
တကျွီကျွီမြည်သံနဲ့အတူ တံခါးပွင့်သွားတော့ သော့ပိတ်ထားတာ နှစ်ပေါင်းများစွာကြာပြီဖြစ်၍ အထဲက ဖုန်အလိမ်းလိမ်းက ပြေးဝင်လာတော့သည်။
" အဟွတ်... အဟွတ်.. ဆရာ Xiao ဒီအခန်းက သန့်ရှင်းရေးမလုပ်ရသေးတော့ ဒီနေ့တော့ အောက်ထပ်မှာပဲ အိပ်လိုက်လို့ အဆင်ပြေမလား။ "
" ရပါတယ် ကျွန်တော်အဆင်ပြေပါတယ်။ " Xiao Zhan အိမ်တော်ထိန်းရဲ့ စကားကို ပြန်ဖြေလိုက်တော့ သူ့ကို သော့အပ်ပြီး သန့်ရှင်းလေးလုပ်ဖို့အတွက် ပစ္စည်းတွေယူဖို့ မြေးအဖိုးနှစ်ယောက်က အောက်ပြန်ဆင်းသွားသည်မို့ Xiao Zhan တစ်ယောက်တည်း အခန်းထဲ ကျန်ရစ်ခဲ့တော့သည်။
အခန်းက လူတစ်ယောက်တည်းနေဖို့ အတွက်ဆို အတော်လေးကို ကျယ်ဝန်းလှပြီး ပရိဘောဂပစ္စည်းဆိုလို့ ဘာမျှ မယ်မယ်ရရမရှိ။ အခန်းအလယ်မှာ အဝတ်ဖြူတွေနဲ့ ဖုံးလွှမ်းထားတဲ့ ဆက်တီခုံရယ်၊ ကြီးမားကျယ်ပြန့်တဲ့
ကျွန်းကုတင်ကြီးရယ်၊ အခန်းထောင့်တစ်နေရာမှာ အထီးကျန်နေတဲ့ စန္ဒရားတစ်လုံးရယ် ၊ အဝတ်ဘီဒိုအကြီးကြီးတစ်လုံးရယ်ပဲရှိသည်။ ဒါပေမယ့် ပရိဘောဂတွေ အကုန်လုံးမှာ တိမ်လွှာကနုတ်တွေပါရှိနေသည့်အတွက် ကျိန်းသေ ဤအခန်းသည် ဝမ်မိသားစုရဲ့ အရေးကြီးသော သူတစ်ယောက်၏ အခန်းဖြစ်ဖို့ကျိန်းသေသလောက်ရှိသည်။
Xiao Zhan ဝရန်တာဘက် စူးစမ်းကြည့်တော့ ကောင်လေးပြောသလိုပင်
နေဝင်ဆည်းဆာအောက်မှာ ချိုက်ရီမြို့ကို မှိန်ပြပြလေးမြင်နေရသည်။
စံအိမ်တော်က တောင်ပေါ်အမြင့်ဆုံးနေရာတွင် တည်ဆောက်ထားသည်မို့ ညနေဘက်ရောက်သည်နှင့် အအေးဓာတ်ကို သိသိသာသာလေး ခံစားလာရသည်။ လေတစ်ချက်အဝှေ့မှာ ရင်ထဲကို အေးခနဲဖြစ်သွားတဲ့ ခံစားချက်နဲ့အတူ လေထဲလွှင့် ပါလာသည့် စန္ဒကူးရနံ့လေး။
အမွှေးနံ့သာတွေကို မုန်းတတ်တဲ့
Xiao Zhan တစ်ယောက် ဒီရနံ့လေးကိုတော့ သူတော်တော် သဘောကျမိသွားသည်။
ဘယ်နေရာကလာသလဲ သိချင်စိတ်နဲ့ တရှုံ့ရှုံ့ အနံ့လိုက်ခံကြည့်ပေမယ့်လဲ ဘာရနံ့မှထပ်မရတော့။ လေမတိုက်တော့လို့နေမှာပါဟု ကိုယ့်ဘာသာ တွေးတောရင်း တစ်နေ့တာကို အဆုံးသတ်ဖို့ သူအောက်ထပ်ကို ပြန်ဆင်းလာခဲ့တော့သည်။
The Time Between You And Me
Advertisement
- In Serial6 Chapters
Dragons Gate
"There's no way that I will let everyone die again!" This is the story of Arthur Falmas. One of the last one hundred people who survived the battle with Cryzsalis Mimon - The dragon who seeks to destroy the world. They tried to save what's left of the world by battling and defeating the evil dragon but they tragically failed, and as for the result - the world ended. Arthur thought he had met his demise, but to his surprise... he went back 18 years to the past when the world was still well and full of life. He still has three years to prepare before the apocalypse starts again. He needs to change the outcome of the future by gathering powerful comrades. He needs to save humanity this time.
8 139 - In Serial26 Chapters
Young Magic Knight
Welcome to the fantastic world of Bios. Another world, not much unlike our own, with some exceptions, such as, say, the presence of gods, demons, and magic. While things like these were once common knowledge, the Great Witch Hunt, which occurred 500 years ago, forced most of the magicians who survived into hiding, and many of the old religions to disappear, with the exception of a few. And so, as time went on, history was rewritten, and those amazing things became, to the population at large, the stuff of legends. However, in the year of 2017 A.S. (Anno Salvator), a group of teenagers find themselves pulled into the magical side of Bios as they encounter the Magic Knight Forces, discover dark secrets, and realize that a great threat is rising from its long sleep... The time for the supernatural to come out of the shadows is coming.
8 193 - In Serial38 Chapters
It's better me then you ( Negans Daughter and Carl Romance ) ( COMPLETED ✔ )
My mom died when I was little, which means I'm the daughter of Negan, who's a psycho. He enjoys beating people to death with a baseball bat wrapped in barbed wire, named Lucielle. We live at this place called The Sanctuary, but sometimes I wish I could run away. I'm worried I'll live my whole life here and never get to fight for myself out there, even though it's an apocalypse. I keep hoping that one day I'll wander off and find love, or a better group that actually protects eachother, but in my case, who everyone knows me as, I don't think it's possible.
8 185 - In Serial8 Chapters
Granger-Swan reunion
'Mione goes to a family reunion after not seeing her family for 19 years because they were excessively rude to her "buck tooth bushy haired" cousin. Watch as she surprises them with her achievements,including her mystery husband and kids.All rights go to J.K Rowling except the storyline.I'm changing ships so no #HINNY OR #RONMIONE. Weasley bashing involved.
8 214 - In Serial13 Chapters
Zach twin sister *inquisitormaster*
y/n is Zach Twin sister the boys always confess their felling for y/n because she knows they after her money Zach and y/n are the only heartbreaker in school and they are very smart in the school she has 3 best friends name Ashley, Angelica and Alex. you and Zach share a dormStart: 1/12/20Complete:2/1/21Thx for 4k + reads
8 209 - In Serial9 Chapters
Connected
Elijah Mikaelson x Stiles Stilinski. It's gonna have love and fluff. Smut Free. This was requested by @AylaniAllison (Hope you like it ^_^||||)
8 163

