《Please Don't See Me [Mm Transl. || Completed]》CHAPTER-24 (Finale)
Advertisement
UNICODE
ဝိုင်သောက်ထားကာ ငိုယိုနေခဲ့သည့် ရှုကျင်းဟာ ရေနွေးပူပူကိုလည်း ချိုးခဲ့ပြီးပြီ။ ထို့နောက် လှုပ်လှုပ်ရှားရှားအားကစားလုပ်ရန်လည်း တွန်းအားပေးခံခဲ့ရပြီး မျက်ရည်များက ဝမ်းနည်း၍မဟုတ်ဘဲ ကျခဲ့ရပြန်သည်။ အဆုံးတွင်တော့ ရှုကျင်း အကြွင်းမဲ့မောပန်းသွားခဲ့ပြီ။
ရှန်ရှင်းဟယ်သည်လည်း ရှုကျင်းအား ထိုည၌ ယခင်ကထက်ပို၍ တွန်းအားပေးခဲ့မိကြောင်း သတိထားမိသည်။ စင်စစ်တွင် ရှုကျင်းရှေ့၌ ဒေါသထွက်ပြနေသော်လည်း စိတ်ထဲဝယ် ဤမျှမဟုတ်။ ရှုကျင်းမှားသည်ဟုလည်း မထင်မိသလို၊ ရှုကျင်း သူတော်စင်အလုပ်လွန်သည်ဟုလည်း မတွေးမိချေ။ သို့သော် ဤအဆင့်အား တစ်ချိန်ချိန်တွင် ဖြတ်ကျော်ရမည်မှန်း ကြိုတွေးထားပြီးဖြစ်သည်။
နှစ်ဦး ပြန်ဆုံဖြစ်သည်မှာ မကြာသေး။ ငါးနှစ်တာခွဲခွာမှုက အတိတ်၌ဖုံးကွယ်မြှုပ်နှံထားခဲ့သော ပူပန်စရာလျှို့ဝှက်ချက်များကို ဆက်လက်မြိုသိပ်နိုင်စွမ်းမရှိတော့အောင် လုပ်ပစ်လိုက်သည်ပင်။
ရှုကျင်း၏ဖြူဖျော့လှသည့်နှုတ်ခမ်းဖြင့် 'ကျွန်တော်မလုပ်ခဲ့ပါဘူး'ဟု ကူကယ်ရာမဲ့စွာပြောနေသည်ကို ကြည့်ရင်း ရှုကျင်းအား အခန်းထဲ၌ ထားခဲ့ကာ လုပ်စရာရှိသည်များကို ဆက်လုပ်မည်။ ရေချိုးမည်။ အိပ်မည်ဟု တွေးလိုက်မိ၏။ ထိုမှသာ ရှုကျင်းဟာ သူကိုယ်တိုင်၌ အပြစ်မရှိကြောင်းကို တစ်ညမျှ ခေါင်းအေးအေးထား၍ စဥ်းစားနိုင်ပါရန်။
သို့သော်ငြား သူ့အား လိုက်ရှာနေသည့် ရှုကျင်း၏အသံအား ရုတ်တရက်ကြားလိုက်ရလေသည်။ အနှီအသံကြောင့် နှလုံးသားမှာ တစ်ခါပြန်၍ နူးညံ့သွားရပြန်၏။ အခန်းထဲမှ ထွက်ကာ ရှုကျင်းအား အပြစ်မတင်ပါကြောင်း ဖြေရှင်းချက်ပေးချင်မိသည်။
ထို့နောက် ရှုကျင်းက ရေချိုးခန်းထဲ အပြေးဝင်ကာ အနောက်မှနေ၍ သူ၏ခါးအား လာဖက်လေ၏။
ရှုကျင်း သူ့ဆီ အမှန်တကယ် ရောက်လာသည့်အချိန်ဝယ် ထပ်မံတွန်းလှန်၍ မရတော့မှန်း သဘောပေါက်သွားရတော့သည်။
ရှန့်ရှင်းဟယ်ဟာ ထိုနှစ်၌ဖြစ်ပျက်ခဲ့သောအမှန်တရားကို သိရှိရချိန် လုံးဝစိတ်မလှုပ်ရှားဟုဖြေပါလျှင် မုသားဆိုရာ ကျပါလိမ့်မည်။ ရှုကျင်းဟာ သူတော်စင်လည်းမဟုတ်သကဲ့သို့ ကိုယ်နှင့်မသက်ဆိုင်သည့်ကိစ္စကို အပိုလုပ်နေခြင်းမျိုးလည်း မဟုတ်။ ရှန့်ရှင်းဟယ်သည် လမ်းတစ်ဝက်တွင် လက်လျှော့လိုက်ဖို့ရာ ကြိမ်ဖန်များစွာ စဥ်းစားပါသော်လည်း ရှုကျင်းနှင့် လမ်းမခွဲနိုင်ခဲ့။
ထိုအချိန်၌ ရှုကျင်းတွေးခဲ့သည်က တစ်ခုတည်းသာ။ သူတို့နှစ်ဦး ရင်ဆိုင်ကျော်လွှားနိုင်သည်ဟူ၍။
ရှန့်ရှင်းဟယ်က ရှုကျင်းမှာ ဆိုးရွားလှသည့်အခြေအနေများကို ရင်ဆိုင်ကောင်းရင်ဆိုင်ခဲ့ရလိမ့်မည်ဟု တွေးမိသည်။ သို့သော် အတော်ဆိုးဆိုးရွားရွားဖြစ်သွားလိမ့်မည်ဟု မတွေးမိခဲ့။
တစ်ဖက်၌ ရှုကျင်းသည် ရှန့်ရှင်းဟယ် မျက်လုံးတစ်ဖက်ကန်းရသည့်လက်သည်တရားခံမှာ သူကိုယ်တိုင်ဖြစ်ကြောင်း သိရှိခဲ့ရသည်။ ချစ်သူနှင့် လမ်းခွဲခဲ့ရသည်။ ဖခင်မှာလည်း ထောင်ထဲဝင်ရသည်။ ထို့အပြင် သူတို့မိသားစုပိုင်ဆိုင်သမျှအရာအားလုံး အကြွေးနွံနစ်သွားရသည်။ ခပ်သိမ်းသောအပူများကို ရင်ဝယ်ပိုက်ခဲ့ရသည်ပင်။
ကံကောင်းစွာဖြင့် ထိုကပ်ဆိုးကြီးကို ကျော်လွှားရန် ငါးနှစ်နှင့် လုံလောက်ခဲ့၏။
အချိန်ကသာ အရာအားလုံးကို ကုစားပေးခဲ့သည်။ ပြန်လည်တွေ့ဆုံခဲ့ချိန်တွင် ငါးနှစ်တာခွဲခွာမှုကြောင့် မည်သည့်မကျေနပ်မှုမျိုးမှ မရှိဘဲ ရှေ့သို့ဆက်လျှောက်နိုင်ခဲ့၏။
ယခုလက်ရှိအချိန်တွင်တော့ ၁၉နှစ်အရွယ် ရှုကျင်းတစ်ယောက်တည်း ခံစားခဲ့ရသည့်အခက်အခဲများကို တွေးမိရင်း ရှန့်ရှင်းဟယ်မှာ နေမထိထိုင်မသာဖြစ်လာတော့သည်။ အပြစ်ကင်းစင်စွာ အိပ်စက်နေသော ရှုကျင်း၏မျက်နှာလေးကို ငေးကြည့်ရင်း အကယ်၍များ ထိုအချိန်၌ ရှုကျင်းနံဘေး၌ အတူတူရှိနေပေးဖြစ်လျှင် ရှုကျင်းဖြတ်သန်းခဲ့သည့်ဘဝက ပိုမိုလွယ်ကူချောမွေ့လိမ့်မည်လားဟု မတွေးမိဘဲ မနေနိုင်တော့။
'အကယ်၍များ'ဟူသော ရွေးချယ်ခွင့်မရှိသည်ကတော့ အင်မတန်နှမြောတသဖြစ်စရာကောင်းပါသည်။ သို့သည့်တိုင် ရှုကျင်း၏သတ္တိက ရှန့်ရှင်းဟယ်စိတ်ကူးထားသည်ထက်ပင် ပိုမိုသာလွန်နေခဲ့၏။ အစ၌ တွေးထားသည်က ရှုကျုံးယွမ်ဆေးရုံဆင်းပြီးချိန်တွင် ရှုကျင်းက သူ့ဆီမလာဘဲ အချိန်ယူကာ အခွံလေးထဲ၌သာ ပုန်းခိုနေလိမ့်မည်ဟု။ သို့သော် ရှုကျင်းက ခိုအောင်းရာအခွံထဲမှ ရုန်းထွက်နိုင်ခဲ့ပြီး ရှေ့မှောက်သို့ အပြေးလာခဲ့သည်။
တစ်ခုသော မနက်ခင်း၊ ကုမ္ပဏီ၏သေးငယ်လှသောနားနေခန်းလေးထဲ၌ ရှုကျင်းက 'ကို့ကို ကျွန်တော်ချစ်တယ်'ဟု ရဲရဲဝံ့ဝံ့ပြောခဲ့သည်။ ဤသည်က ရှန့်ရှင်းဟယ်အနားမှ ဘယ်တော့မှ ထွက်မပြေးတော့ပါဟု ကတိကဝတ်ပြုလိုက်ပါသလို။
ထိုည၌မူ ရှုကျင်း၏ဝန်ခံခြင်းနှင့်အတူ ရှန့်ရှင်းဟယ်၏အတင်းအကြပ်မေးခွန်းများကြောင့် ဖုံးကွယ်ထားသည့် နောက်ဆုံးလျှို့ဝှက်ချက်အပိုင်းအစများသည်လည်း အားလုံးရှင်းလင်းခဲ့လေပြီ။
ယခုအချိန်တွင်တော့ အဖြစ်မှန်ကို သိရှိသွားခဲ့ပြီဖြစ်၍ အထင်လွဲမှုများ ပျောက်ကွယ်ကာ ရှေ့ဆက်ရမည့်အနာဂတ်၌ ဆူးငြောင့်ခလုတ်များလည်း ရှိတော့မည်မဟုတ်။
နောက်နှစ်ရက်အထိ ရှုကျင်းက ရှန့်ရှင်းဟယ်နှင့်သာ အတူနေခဲ့၏။ ရှန့်ရှင်းဟယ်လည်း နှစ်ရက်မျှ အလုပ်ကို နောက်ရွှေ့နေခဲ့ပြီးနောက် နောက်ဆုံးတွင် ကုမ္ပဏီသို့ ပြန်သွားလေသည်။
ရှန့်ရှင်းဟယ်၏ကုမ္ပဏီက ပိတ်ရက်ပြီးနောက် ပုံမှန်ပြန်စနေပြီး စီးပွားရေးဈေးကွက်ထဲ ထပ်မံထိုးဖောက်ရန် အကောင်အထည်ဖော်နေကြ၏။ ရှန့်ရှင်းဟယ်သည် ရှုကျင်းနံဘေး၌သာ နေပေးဖို့ရာအတွက် အလုပ်တာဝန်ကို မပစ်ပယ်ခဲ့ချေ။ ပုံမှန်အတိုင်းသာ နေ့စဥ်ဘဝကို ဖြတ်သန်းနေ၏။
ကျင်းချောင်ကပင် သူ့အား မကျေမနပ်ပြောမိသည်။
"ဟေ့ ကောင်လေးက မင်းဆီ လိမ်လိမ်မာမာရောက်လာပေးတာ.. မင်းကတော့ အလုပ်မှအလုပ်ဖြစ်နေတုန်း.. ခေါင်းမကောင်းတော့ဘူးလား? သွား သူ့နား သွားနေပေး! ကုမ္ပဏီမှာ ငါရှိတယ်.. မင်း နှစ်ရက်လောက်မရှိတာနဲ့ ကုမ္ပဏီဒေဝါလီခံရမှာ မဟုတ်သေးဘူး!"
ရှန့်ရှင်းဟယ်က လက်ကောက်ဝတ်ကို မြှောက်ကာ လက်ပတ်နာရီကို ကြည့်လိုက်၏။
"ပေါက်ကရပြောမနေနဲ့.. ဒီနေ့ပြီးတာနဲ့ ငါ သွားတော့မှာ.. ငါ့ကို အိုဗာတိုင်ဆင်းခိုင်းဖို့တောင် မမျှော်လင့်နဲ့"
ကျင်းချောင်က အရှုံးပေးဟန် လက်မြှောက်ပြသည်။
"ကောင်းပါပြီဗျာ ကောင်းပါပြီ"
ရှန့်ရှင်းဟယ်က ကျင်းချောင် တံခါးဖွင့်၍ ထွက်သွားသည်ကို ကြည့်နေပြီးနောက် ဖုန်းယူထုတ်ကာ မက်ဆေ့ချ်ဖတ်၍ မသိမသာလေး ပြုံးလိုက်၏။
ရှုကျင်းက အိမ်၌ ခေါင်းအုံးထက်လှဲနေသည့်ပုံကို ဆယ်လ်ဖီးရိုက်၍ ပို့လိုက်ခြင်းဖြစ်သည်။
စာနှင့်တကွ : [ဒီညဘာစားချင်လဲ? ကျွန်တော် ချက်ထားပေးမယ်!]
ရှန့်ရှင်းဟယ်က စာရိုက်၍ ပို့လိုက်၏ : [ကိုယ် အလုပ်ပြီးတာနဲ့ မင်းကို လာကြိုမယ်။ ရှောပင်းမောလ်တူတူပတ်ရအောင်။ စားစရာဝယ်ပြီး မင်းကိုလည်း အင်္ကျီတွေ ဝယ်ပေးရမယ်။]
Advertisement
ရှုကျင်းက စာပြန်လိုက်၏ : [ကျွန်တော် ကို့ဟာ ဝတ်မယ်လေ။]
ရှန့်ရှင်းဟယ်က ပြန်ပို့သည် : [အိုခေ]
ပြန်လည်သင့်မြတ်သွားကြခြင်းကြောင့် နှစ်ဦးသား စိတ်သက်သာရာရစေသည်။ နှစ်ဦးစလုံးဟာ လိုသည်ထက်ပို၍ တက်ကြွနေခြင်းလည်းမဟုတ်သလို မတွေ့ရလျှင်မနေနိုင်၊ ထိုသို့ ရူးသွပ်နေကြခြင်းလည်းမဟုတ်။ နှစ်ယောက်သားမှာ တစ်ခါမျှ ခွဲခွာခြင်းမပြုခဲ့သည့်နှယ် ပုံမှန်လေးအတိုင်း ချစ်ကြည်နူးကြလေသည်။
သို့ဖြစ်စေ အနည်းငယ်တော့ ခြားနားသွားသည်ပင်။
ရှုကျင်းက ရှန့်ရှင်းဟယ်လာကြိုမည့်အချိန်ကို အိမ်၌ ထိုင်စောင့်မနေ။ ထိုအစား အဆောက်အအုံလော်ဘီ၌ ရပ်ကာ ရှန့်ရှင်းဟယ် ဓာတ်လှေကားမှ ထွက်လာမည့်အချိန်ကို စောင့်ဆိုင်းနေ၏။ ရှန့်ရှင်းဟယ်က စနောက်ကျီစယ်နေကြသည့်လုပ်ဖော်ကိုင်ဖက်များအကြား လမ်းလျှောက်လာသည်ကို ရှုကျင်းမြင်သည်နှင့် မျက်ဝန်းအစုံ ရွှန်းလဲ့တောက်ပသွားလေသည်။
ရှုကျင်းသည် အမှန်တကယ်ပင် ရှန့်ရှင်းဟယ်၏အဝတ်အစားကို ဝတ်ဆင်ထား၏။ အတွင်းမှအပြင်ထိ အရာအားလုံး ရှန့်ရှင်းဟယ်ပိုင်ဆိုင်သမျှပင်။
လူအများလာလျှောက်လာနေသည့်ကြားမှ ရှုကျင်းက ရှန့်ရှင်းဟယ်အား တိုးတိုးတိတ်တိတ်ပြောလိုက်၏။
"ကို့ဘောင်းဘီတွေက အရှည်ကြီးတွေ.. ကျွန်တော့်ကို ဘောင်းဘီဝယ်ပေးမှဖြစ်တော့မယ်"
ရှန့်ရှင်းဟယ်သည်လည်း ရှားရှားပါးပါး ရှုကျင်းကို စနောက်ချင်စိတ်များပေါ်လာပြီး အနားကပ်ပြောလိုက်သည်။
"အပြင်သာ မထွက်ရင် ဝတ်နေစရာကိုမလိုတာ"
လူအများဖြတ်သွားဖြတ်လာလုပ်နေသည့်အကြား ရှုကျင်း၏နားများ ရုတ်တရက်နီရဲသွားကာ အနောက်သို့ ခြေတစ်လှမ်းစာ ဒေါသတကြီး ခုန်သွား၏။
"မြန်မြန်လာ ပြန်မယ်!"
ထို့နောက် သုတ်တီးသုတ်ပျာလျှောက်သွားလေသည်။
ရှန့်ရှင်းဟယ် ကားစက်မနှိုးမီ နံဘေးရှိ ရှုကျင်းက ရှန့်ရှင်းဟယ်၏ကော်လာကို ဆတ်ခနဲလှမ်းဆွဲကာ နက်ရှိုင်းပြင်းထန်လှသည့်အနမ်းမျိုးကို အငမ်းမရပေးလေ၏။
ရက်အနည်းငယ်ကြာသော် ရှုကျင်းက နေထိုင်ရာမြို့တော်ဆီပြန်သွားကာ အလုပ်စလုပ်လေသည်။
နောက်တစ်ပတ်၌ ရှုကျင်းက လက်မှတ်ဝယ်ကာ ရှန့်ရှင်းဟယ်ရှိရာမြို့တော်သို့ ထပ်မံသွားပြန်၏။ မတ်လကုန်ခါနီးတွင် ရှန့်ရှင်းဟယ်က သူ့ဆီ လာလေသည်။ အဝေးရောက်ချစ်သူဆက်ဆံရေးဟာ သူတို့အတွက်တော့ လားလားမျှ မခက်ခဲချေ။
ဖုန်းအဟောင်းပျောက်သွား၍ ရှုကျင်းမှာ တစ်ခုကိုသာ နောင်တရ၏။ မူလဆိုရှယ်အက်ပလီကေးရှင်းတစ်ခုကို ဖုန်းအသစ်၌ ဒေါင်းလုပ်ဆွဲ၍မရတော့ချေ။ ငယ်ရွယ်စဥ်က ရှန့်ရှင်းဟယ်နှင့်အပြန်အလှန်ပို့ခဲ့သည့်စာများကိုလည်း ပြန်ဖတ်၍မရတော့။
သို့သော် ကံကောင်းစွာဖြင့် ယခုအချိန်မှစတင်ကာ အမှတ်တရအသစ်များကို ဖန်တီးယူ၍ရပါသည်။
ဧပြီလသို့ရောက်သော် အဆက်အသွယ်မရသည်မှာ ကြာမြင့်နေပြီဖြစ်သည့် ရှုကျုံးယွမ်က ရုတ်တရက် ရှုကျင်းအိမ်တံခါးရှေ့ရောက်လာကာ ယခုအပြုအမူများဟာ ဖခင်ဖြစ်သူအား အရှက်ရစေကြောင်းကို သတိပြုမိ၊ မပြုမိ မေးမြန်းလေသည်။
ထိုစဥ် အလုပ်မှပြန်လာသည့် အိမ်နီးချင်းတစ်ဦးက တံခါးရှေ့မှ ဖြတ်သွားရာ ရှုကျင်းတို့အား စပ်စပ်စုစု ကြည့်သွားသေး၏။
ရှုကျင်းမှာတော့ တည်ငြိမ်ဆဲ။ ထို့နောက် ရှုကျုံးယွမ်အား အေးစက်စွာ ပြောလိုက်ပါသည်။
"အဖေလုပ်ခဲ့တာကရော ကျွန်တော့်ကို အရှက်ရစေတယ်ဆိုတာ မတွေးကြည့်မိခဲ့ဘူးလား?"
ရှုကျုံးယွမ်က ဆဲရေးတိုင်းထွာ၏။ အသက်ငါးဆယ်ကျော်လူကြီးမှာ အဆုံးထိ မကျေမနပ်အသံဖြင့် ကျယ်လောင်စွာ ကျိန်ဆဲနိုင်သေးသည်။ ရှုကျုံးယွမ်သည် အိုမင်းနေပြီ။ ဆံပင်ဖြူများလည်း ပေါက်နေကာ ပိုမိုပိန်ပါးလာ၏။ သက်လုံပင် မကောင်းတော့။
ရှုကျင်းမှာတော့ ရေငုံနှုတ်ပိတ်နေကာ ဖခင်ဖြစ်သူ အိမ်မှထွက်သွားသည်ကို ကြည့်နေမိ၏။
ရှုကျုံးယွမ် နောက်တစ်ခါ ထပ်မလာတော့။
~~~
နေ့ရက်များဟာ သာယာပျော်ရွှင်စရာကောင်းနေမြဲ။
ဒီဇင်ဘာလတွင် ရှုကျင်းကုမ္ပဏီ၏နှစ်ကုန်အခမ်းအနား၌ ရှုကျင်းက ရှန့်ရှင်းဟယ်အား ဖုန်းဆက်ကာ စိတ်လှုပ်တရှားပြောလေ၏။
"ကို ဒီနှစ်ရော ကျွန်တော် ပထမဆုကြီးကို ပေါက်နိုင်သေးတယ်ထင်လား?"
ရှန့်ရှင်းဟယ်မှာလည်း သူ့ကုမ္ပဏီ၏နှစ်ကုန်ပျော်ပွဲရွှင်ပွဲ၌ ရှိနေ၍ နောက်ခံအသံများက ဆူညံနေသည်။
"မင်းမဲပေါက်သွားရင်ရော ဒီတစ်ခေါက် ဘယ်လိုဆုမျိုးရချင်တာလဲ?"
ရှုကျင်းက စက္ကန့်ပိုင်းမျှ စဥ်းစားလိုက်၏။
"အကြီးဆုံးဆုက ကားလို့ပြောတာပဲ.. ပေါက်ရင်ကောင်းမှာ"
ရှုကျင်းတွေးနေသည့်အရာကို ရှန့်ရှင်းဟယ် အတပ်သိနေ၏။
ရှန့်ရှင်းဟယ်က ရယ်မောကာ စနောက်လေသည်။
"စိတ်ကူးတွေယဥ်မနေနဲ့.. တစ်ယောက်တည်း ကားမောင်းပြီး အလုပ်ကို အသွားအပြန် မလုပ်ခိုင်းပါဘူး"
ရှုကျင်း : "..."
ရှန့်ရှင်းဟယ်က ပြန်ချော့ရ၏။
"ကုမ္ပဏီမှာ ရုံးခွဲဖွင့်တော့မှာလေ.. ကျင်းချောင်ကို အရူးလုပ်ပြီး မင်းရှိတဲ့မြို့မှာ လာဖွင့်မလို့"
စကားအချို့မပြောနိုင်ခင် ရှန့်ရှင်းဟယ်အား တစ်ယောက်ယောက်ခေါ်လိုက်၍ ဖုန်းချလိုက်ရသည်။
ရှုကျင်းကုမ္ပဏီ၏နှစ်ကုန်ပျော်ပွဲရွှင်ပွဲမှာ အင်မတန်စည်ကားလှ၏။ ဌာနခွဲတစ်ခုစီမှလည်း အသီးသီးဖျော်ဖြေကြလေသည်။
ရှုကျင်း၏ဌာနမှာ လင်ဝမ်းဦးဆောင်သည့် အမျိုးသားငါးဦးအဖွဲ့က မိန်းကလေးသီချင်းဖြင့် ကကြမည်ဖြစ်၏။ ချစ်ရေးချစ်ရာကြောင့် ရှုကျင်းတစ်ယောက် အကတိုက်ဖို့အချိန်မရလိုက်သည့်အတွက် ထိုအဖွဲ့မှ လွတ်မြောက်သွားခဲ့သည်။ လင်ဝမ်းတို့အဖွဲ့မှာတော့ စင်ပေါ်ရောက်သွားသည်နှင့် ခေါင်းလှုပ်ဖင်လှုပ်အားပါးတရကကြရာ ကြည့်ရှုသူအပေါင်း လက်ခုပ်လက်ဝါးတီးပြီး အားပေးကြလေ၏။
လင်ဝမ်းက စင်အောက်ဆင်းလာသည်နှင့် ရှုကျင်းကို လက်ညှိုးတထိုးထိုးနှင့် ပြောသည်။
"နောက်နှစ်ကျရင်တော့ ဘာတွေဖြစ်ဖြစ် ဂရုမစိုက်ဘူးနော်.. ထွက်ပြေးလို့ရမယ်မထင်နဲ့.. အချစ်နွံထဲနစ်နေလို့ ဟုတ်လား? မင်းနှစ်တိုင်း အချစ်နွံထဲ နစ်နိုင်ဦးမယ်မထင်ဘူးကွာ"
ရှုကျင်းမှာတော့ ရုပ်တည်နှင့် ပြန်ပြော၏။
"ဒါဆို နောက်နှစ် ယောက်ျားလေးအဖွဲ့သီချင်းနဲ့ ကကြတာပေါ့!"
ဌာနအလိုက်ဖျော်ဖြေကြပြီးနောက် countdown မတိုင်မီ ကံစမ်းမဲအစီအစဥ်စတင်လေ၏။
ဝန်ထမ်းရေးရာဌာနရှိလုပ်ဖော်ကိုင်ဖက်က အခမ်းအနားမှူးလုပ်ရသည်။ ရှုကျင်းက ထိုင်ခုံအောက်ရှိ နံပါတ်ပြားကို ကိုင်ရင်း စတိတ်စင်ကို ကြည့်နေ၏။
တတိယဆု၊ ဒုတိယဆု.....
တစ်ဆုပြီးတစ်ဆု ကြေညာပြီးသွားသည်။ ပထမဆုကို မကြေညာခင် အခမ်းအနားမှူးက ယမန်နှစ်၏ပထမဆုရှင် ရှုကျင်းအား မိုက်ခရိုဖုန်းမှတစ်ဆင့် စနောက်လိုက်၏။
"ကြည့်ရအောင်ဗျာ.. မနှစ်က ကံထူးရှင်ကပဲ ဒီနှစ်ဆုကို ဆက်ပြီးဆွတ်ခူးနိုင်မလားဆိုတာ"
ရှုကျင်းက မီးရောင်စုံများအကြား စင်အောက်၌ရှိနေစဥ် ယမန်နှစ်က ထိုအနေအထားနှင့်ရပ်နေရင်း မည်သို့ခံစားနေခဲ့ရကြောင်းကို ရုတ်ခြည်း အမှတ်ရမိသွားသည်။
Advertisement
အထီးကျန်ကာ ကူညီရာမဲ့ပြီး အရာအားလုံးဆုံးရှုံးသွားခဲ့သည့်လူတစ်ဦးပမာ။
ထိုအချိန်၌ ရှုကျင်းဟာ ရှင်သန်နေခြင်းမဟုတ်ဘဲ ဘဝကို သည်အတိုင်းဖြတ်သန်းနေခဲ့ခြင်းသာ။
အခမ်းအနားမှူးလည်း ပထမဆုကို ကြေညာပြီးနောက် လူအများက သီချင်းသံနှင့်အပြိုင် အားပေးကြွေးကြော်ကြလေသည်။
နှစ်သစ်ကူးအချိန်အခါအတွက် လူအားလုံးက countdown လုပ်နေကြပြီ။ အချိန်ကျသည်နှင့် မီးပန်းများက ညကောင်းကင်ကို ရောင်စုံခြယ်သပေးလေသည်။ ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်လိုက်သည်နှင့် မီးပန်းများက ကောင်းကင်ယံနေရာအနှံ့ ပျံ့ကျဲနေတော့၏။
"ဘာ? လမ်းခွဲပြီး ဘယ်တော့မှ ပြန်မတွေ့တော့ဘူးတဲ့လား? ဒါချည်းပဲ မင်းခေါင်းထဲမှာရှိနေတာ.. ကိုယ်တော့ တစ်ခါမှ အဲ့လိုမတွေးခဲ့ဖူးဘူး"
"မင်းကောင်းမယ်ထင်တဲ့အရာကို ကိုယ်မဖြစ်ချင်ဘူး.. ကိုယ်တစ်ခုပဲ လိုချင်တယ်.. အဲ့ဒါက မင်းပဲ"
မထင်မှတ်ထားဘဲ ရှန့်ရှင်းဟယ်၏အသံကို နားထဲကြားယောင်လာသည်။
ရှုကျင်း တွေးမိ၏။ သူ့ဘဝ၌ ကံအကောင်းဆုံးအရာသည်ကား သူက ရှန့်ရှင်းဟယ်အား ချစ်နေဆဲဖြစ်သလို ရှန့်ရှင်းဟယ်ဟာလည်း သူ့အား လက်မလျှော့ခဲ့ခြင်းပင်။
ကာလကြာရှည်စွာ စောင့်ဆိုင်းနေခဲ့သည့် တွေ့ဆုံမှုပြီးနောက် အထင်လွဲမှုများ ပြည်ဖုံးကားချကာ လူနှစ်ဦးအား နှစ်နှစ်ကာကာချစ်မြတ်နိုးခွင့်ပေးလိုက်သည်ပင်။
ဤတစ်ကြိမ်တွင်တော့ ရှုကျင်းလက်ထဲကိုင်ထားသည့် နံပါတ်ပြားက ပထမဆုကို ကံမထူးနိုင်တော့။
နောက်ထပ်ကံကောင်းသည့်လူတစ်ဦးက ကံထူးသွားသည်။ ကံတရားက ဤနှစ်တွင် မတူသောအခြားသောလူထံ ကံကောင်းခြင်းကို နွေးထွေးစွာ အပ်နှင်းပေးလိုက်ခြင်းဖြစ်ရမည်။
ရှုကျင်းလည်း လူအုပ်ကြားထဲမှ ထွက်လာကာ ကျယ်ဝန်းလှသည့် လသာဆောင်သို့ လာခဲ့၏။ လက်ရန်း၌ နှင်းအတိဖုံးလွှမ်းနေသော်လည်း နှလုံးသားက ပူလောင်နေသည်မှာ တစ်ယောက်သောသူအား သွားတွေ့ကာ ထွေးပွေ့ထားလိုက်မှ အပူငြိမ်းမည့်အလား။
နှစ်သစ်သို့ ရောက်ရှိလေပြီ။
နှစ်သစ်၏ပထမဆုံးနေ့အား အချစ်ဆုံးလူနှင့် ဖြတ်သန်းသင့်သည်တဲ့။
သူသည် ချစ်သူရှိရာအရပ်ဆီ ထပ်မံပြေးတော့မည်။
ရှုကျင်းက ဓာတ်လှေကားထံ လျှောက်သွားစဥ် ဖုန်းသံမြည်လာ၏။ ထိုအသံလေးက အသစ်ဖြစ်နေသော်လည်း ရှုကျင်းအတွက် ရင်းနှီးကျွမ်းဝင်နေသည့်နှယ်။
ရှုကျင်း ဖုန်းဖွင့်ကြည့်လိုက်သော် မည်သည့်အက်ပလီကေးရှင်းမှ အသံမြည်ကြောင်းမသိရှိ။ ရှုကျင်း သည်အတိုင်းပိတ်ထားလိုက်မည်အပြု အက်ပလီကေးရှင်းအသစ်လေးတစ်ခုကို မြင်လိုက်၏။
ဤသည်ကား အမှတ်တရများစွာနှင့် ပြည့်နှက်နေသည့် အက်ပလီကေးရှင်းလေးပင်။
လွန်ခဲ့သည့်ပိတ်ရက်၌ ရှန့်ရှင်းဟယ်က နည်းတစ်မျိုးမျိုးနှင့် ထိုအက်ပလီကေးရှင်းအား ဖုန်းထဲ သွင်းပေးခဲ့ခြင်းဖြစ်ရမည်။
အကောင့်အသစ်ဖြစ်နေသည့်တိုင် profile ပုံနှင့် nickname က ယခင်ကနှင့် တစ်ထေရာတည်းပင်။
မက်ဆေ့ချ်အသစ်က ရှန့်ရှင်းဟယ်ထံမှဖြစ်၏ : [ရုပ်ရှင်တူတူကြည့်ချင်လား? အသစ်ထွက်တဲ့ရုပ်ရှင်ပဲ။ ဇာတ်လမ်းကတော့ တော်တော်ဆိုးပဲ။ Rating တောင် 3.1 ထက် ကျော်မှာမဟုတ်ဘူး။ ]
ရှုကျင်းမှာ မရယ်ဘဲ မနေနိုင်တော့။
ထို့နောက် စာပြန်ပို့လိုက်၏ : [ကောင်းသားပဲ။ အယ်.. ကျွန်တော့်နောက်ကွယ်မှာ ကြိုကြည့်ထားသေးတယ်ပေါ့။ မဟုတ်ရင် ဇာတ်လမ်းမကောင်းတာ ဘယ်သိပါ့မလဲ။]
ရှန့်ရှင်းဟယ် : [ကိုယ်ဝန်ခံပါတယ်။ နောက်တစ်ခေါက် မင်းနဲ့တူတူကြည့်မယ်ပြောမိလို့ အပြစ်ပေးပါတော့။]
ထို့နောက် ရှုကျင်းမှာ တစ်စုံတစ်ယောက်က သူ၏နာမည်အား ခေါ်လိုက်သည့်အသံကို ကျောဘက်မှ ကြားလိုက်ရသည်။
ရှုကျင်း နောက်လှည့်ကြည့်လိုက်၏။ ထိုအမျိုးသားမှာ ကျစ်လျစ်ကာ အသားချောမွေ့လှသည့် ကုတ်အင်္ကျီမျိုးကို ဝတ်ဆင်ထားပြီး နှင်းမှုန်များက ပခုံးထက် ကျဆင်းခဲ့ပုံရသည်။ အနှီလူသည် တောက်ပကာ ကြည်လင်လှသည့် ဘယ်ဘက်မျက်ဝန်းဖြင့် သူ့အား ကြည့်နေ၏။
အနှီအမျိုးသားက ရှုကျင်းအား နောက်တစ်ကြိမ် ထပ်ခေါ်လိုက်သည်။ နာမည်၏အဆုံးသတ်စာလုံးကို ခပ်ဖွဖွလေး အသံထွက်လိုက်ခြင်းပင်။
သူတို့ ပြန်ဆုံတွေ့ခဲ့သည့် နေ့ရက်ကအတိုင်း..
"ရှုကျင်း"
1/6/2022
21:49 PM
ဒီမှာ အဆုံးသတ်ပါတယ်။
Extra လည်း ရှိမှာမဟုတ်ပါဘူး။
ခွဲထွက်ပြီးရေးချင်တယ်ဆိုတာ ဒီလိုမျိုးပါ။ ဇာတ်လမ်းအစအဆုံးက ပေါင်းစပ်ထားတဲ့ပုံပြင်လိုပါပဲ။ လှိုင်းလုံးအကြီးကြီးတွေလည်း မရှိဘူး။ ရှုကျင်းနဲ့ ရှန့်ရှင်းဟယ်တို့ဟာ အချင်းချင်းချစ်နေကြတဲ့ လူနှစ်ဦးပါ။ အဲ့ဒါကြောင့် ရှည်ရှည်ရေးဖို့ ဘယ်လိုအကြောင်းမှမရှိခဲ့ပါဘူး။ ကိုယ့်အတွက်တော့ ဒါဟာ နာလန်ထူနိုင်အောင် ဖေးမပေးတဲ့ ခပ်အေးအေးဇာတ်လမ်းလေးတစ်ပုဒ်ပါ။ လူတိုင်းကလည်း အချိန်ဖြုန်းဖို့ရာဖြစ်ဖြစ် ဖတ်သင့်ပါတယ်။ ပြီးတော့ ပျော်ရွှင်စွာ အဆုံးသတ်ရင်းပေါ့!
ဇာတ်လမ်းလေးတစ်ပုဒ် လှလှပပနဲ့ ဇာတ်သိမ်းသွားခဲ့ပါပြီ။ ရှုကျင်းနဲ့ရှန့်ရှင်းဟယ်တို့ဟာ မထင်မှတ်ဘဲ ကိုယ့်ဆီအလည်လာခဲ့တဲ့ ဧည့်သည်လေးတွေပါပဲ။ ဇာတ်လမ်းလေးက တော်တော်အေးတာမို့ ဖတ်တဲ့လူတွေ ပျင်းနေကြမလားမသိ။ ဘာပဲဖြစ်ဖြစ် အဆုံးထိဖတ်ပေးတဲ့ စာဖတ်သူတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျော်ကတော့ ဘာသာပြန်လက်စဝတ္ထုလေးတွေမှာ ဆက်ရှိနေပါမယ်။ တာ့တာ.....
ZAWGYI
ဝိုင္ေသာက္ထားကာ ငိုယိုေနခဲ့သည့္ ရွုက်င္းဟာ ေရေႏြးပူပူကိုလည္း ခ်ိဳးခဲ့ၿပီးၿပီ။ ထို႔ေနာက္ လွုပ္လွုပ္ရွားရွားအားကစားလုပ္ရန္လည္း တြန္းအားေပးခံခဲ့ရၿပီး မ်က္ရည္မ်ားက ဝမ္းနည္း၍မဟုတ္ဘဲ က်ခဲ့ရျပန္သည္။ အဆုံးတြင္ေတာ့ ရွုက်င္း အႂကြင္းမဲ့ေမာပန္းသြားခဲ့ၿပီ။
ရွန္ရွင္းဟယ္သည္လည္း ရွုက်င္းအား ထိုည၌ ယခင္ကထက္ပို၍ တြန္းအားေပးခဲ့မိေၾကာင္း သတိထားမိသည္။ စင္စစ္တြင္ ရွုက်င္းေရွ႕၌ ေဒါသထြက္ျပေနေသာ္လည္း စိတ္ထဲဝယ္ ဤမၽွမဟုတ္။ ရွုက်င္းမွားသည္ဟုလည္း မထင္မိသလို၊ ရွုက်င္း သူေတာ္စင္အလုပ္လြန္သည္ဟုလည္း မေတြးမိေခ်။ သို႔ေသာ္ ဤအဆင့္အား တစ္ခ်ိန္ခ်ိန္တြင္ ျဖတ္ေက်ာ္ရမည္မွန္း ႀကိဳေတြးထားၿပီးျဖစ္သည္။
ႏွစ္ဦး ျပန္ဆုံျဖစ္သည္မွာ မၾကာေသး။ ငါးႏွစ္တာခြဲခြာမွုက အတိတ္၌ဖုံးကြယ္ျမႇုပ္ႏွံထားခဲ့ေသာ ပူပန္စရာလၽွို႔ဝွက္ခ်က္မ်ားကို ဆက္လက္ၿမိဳသိပ္နိုင္စြမ္းမရွိေတာ့ေအာင္ လုပ္ပစ္လိုက္သည္ပင္။
ရွုက်င္း၏ျဖဴေဖ်ာ့လွသည့္ႏွုတ္ခမ္းျဖင့္ 'ကၽြန္ေတာ္မလုပ္ခဲ့ပါဘူး'ဟု ကူကယ္ရာမဲ့စြာေျပာေနသည္ကို ၾကည့္ရင္း ရွုက်င္းအား အခန္းထဲ၌ ထားခဲ့ကာ လုပ္စရာရွိသည္မ်ားကို ဆက္လုပ္မည္။ ေရခ်ိဳးမည္။ အိပ္မည္ဟု ေတြးလိုက္မိ၏။ ထိုမွသာ ရွုက်င္းဟာ သူကိုယ္တိုင္၌ အျပစ္မရွိေၾကာင္းကို တစ္ညမၽွ ေခါင္းေအးေအးထား၍ စဥ္းစားနိုင္ပါရန္။
သို႔ေသာ္ျငား သူ႔အား လိုက္ရွာေနသည့္ ရွုက်င္း၏အသံအား ႐ုတ္တရက္ၾကားလိုက္ရေလသည္။ အႏွီအသံေၾကာင့္ ႏွလုံးသားမွာ တစ္ခါျပန္၍ ႏူးညံ့သြားရျပန္၏။ အခန္းထဲမွ ထြက္ကာ ရွုက်င္းအား အျပစ္မတင္ပါေၾကာင္း ေျဖရွင္းခ်က္ေပးခ်င္မိသည္။
ထို႔ေနာက္ ရွုက်င္းက ေရခ်ိဳးခန္းထဲ အေျပးဝင္ကာ အေနာက္မွေန၍ သူ၏ခါးအား လာဖက္ေလ၏။
ရွုက်င္း သူ႔ဆီ အမွန္တကယ္ ေရာက္လာသည့္အခ်ိန္ဝယ္ ထပ္မံတြန္းလွန္၍ မရေတာ့မွန္း သေဘာေပါက္သြားရေတာ့သည္။
ရွန့္ရွင္းဟယ္ဟာ ထိုႏွစ္၌ျဖစ္ပ်က္ခဲ့ေသာအမွန္တရားကို သိရွိရခ်ိန္ လုံးဝစိတ္မလွုပ္ရွားဟုေျဖပါလၽွင္ မုသားဆိုရာ က်ပါလိမ့္မည္။ ရွုက်င္းဟာ သူေတာ္စင္လည္းမဟုတ္သကဲ့သို႔ ကိုယ္ႏွင့္မသက္ဆိုင္သည့္ကိစၥကို အပိုလုပ္ေနျခင္းမ်ိဳးလည္း မဟုတ္။ ရွန့္ရွင္းဟယ္သည္ လမ္းတစ္ဝက္တြင္ လက္ေလၽွာ့လိုက္ဖို႔ရာ ႀကိမ္ဖန္မ်ားစြာ စဥ္းစားပါေသာ္လည္း ရွုက်င္းႏွင့္ လမ္းမခြဲနိုင္ခဲ့။
ထိုအခ်ိန္၌ ရွုက်င္းေတြးခဲ့သည္က တစ္ခုတည္းသာ။ သူတို႔ႏွစ္ဦး ရင္ဆိုင္ေက်ာ္လႊားနိုင္သည္ဟူ၍။
ရွန့္ရွင္းဟယ္က ရွုက်င္းမွာ ဆိုးရြားလွသည့္အေျခအေနမ်ားကို ရင္ဆိုင္ေကာင္းရင္ဆိုင္ခဲ့ရလိမ့္မည္ဟု ေတြးမိသည္။ သို႔ေသာ္ အေတာ္ဆိုးဆိုးရြားရြားျဖစ္သြားလိမ့္မည္ဟု မေတြးမိခဲ့။
တစ္ဖက္၌ ရွုက်င္းသည္ ရွန့္ရွင္းဟယ္ မ်က္လုံးတစ္ဖက္ကန္းရသည့္လက္သည္တရားခံမွာ သူကိုယ္တိုင္ျဖစ္ေၾကာင္း သိရွိခဲ့ရသည္။ ခ်စ္သူႏွင့္ လမ္းခြဲခဲ့ရသည္။ ဖခင္မွာလည္း ေထာင္ထဲဝင္ရသည္။ ထို႔အျပင္ သူတို႔မိသားစုပိုင္ဆိုင္သမၽွအရာအားလုံး အေႂကြးႏြံနစ္သြားရသည္။ ခပ္သိမ္းေသာအပူမ်ားကို ရင္ဝယ္ပိုက္ခဲ့ရသည္ပင္။
ကံေကာင္းစြာျဖင့္ ထိုကပ္ဆိုးႀကီးကို ေက်ာ္လႊားရန္ ငါးႏွစ္ႏွင့္ လုံေလာက္ခဲ့၏။
အခ်ိန္ကသာ အရာအားလုံးကို ကုစားေပးခဲ့သည္။ ျပန္လည္ေတြ႕ဆုံခဲ့ခ်ိန္တြင္ ငါးႏွစ္တာခြဲခြာမွုေၾကာင့္ မည္သည့္မေက်နပ္မွုမ်ိဳးမွ မရွိဘဲ ေရွ႕သို႔ဆက္ေလၽွာက္နိုင္ခဲ့၏။
ယခုလက္ရွိအခ်ိန္တြင္ေတာ့ ၁၉ႏွစ္အရြယ္ ရွုက်င္းတစ္ေယာက္တည္း ခံစားခဲ့ရသည့္အခက္အခဲမ်ားကို ေတြးမိရင္း ရွန့္ရွင္းဟယ္မွာ ေနမထိထိုင္မသာျဖစ္လာေတာ့သည္။ အျပစ္ကင္းစင္စြာ အိပ္စက္ေနေသာ ရွုက်င္း၏မ်က္ႏွာေလးကို ေငးၾကည့္ရင္း အကယ္၍မ်ား ထိုအခ်ိန္၌ ရွုက်င္းနံေဘး၌ အတူတူရွိေနေပးျဖစ္လၽွင္ ရွုက်င္းျဖတ္သန္းခဲ့သည့္ဘဝက ပိုမိုလြယ္ကူေခ်ာေမြ႕လိမ့္မည္လားဟု မေတြးမိဘဲ မေနနိုင္ေတာ့။
'အကယ္၍မ်ား'ဟူေသာ ေရြးခ်ယ္ခြင့္မရွိသည္ကေတာ့ အင္မတန္ႏွေျမာတသျဖစ္စရာေကာင္းပါသည္။ သို႔သည့္တိုင္ ရွုက်င္း၏သတၱိက ရွန့္ရွင္းဟယ္စိတ္ကူးထားသည္ထက္ပင္ ပိုမိုသာလြန္ေနခဲ့၏။ အစ၌ ေတြးထားသည္က ရွုက်ဳံးယြမ္ေဆး႐ုံဆင္းၿပီးခ်ိန္တြင္ ရွုက်င္းက သူ႔ဆီမလာဘဲ အခ်ိန္ယူကာ အခြံေလးထဲ၌သာ ပုန္းခိုေနလိမ့္မည္ဟု။ သို႔ေသာ္ ရွုက်င္းက ခိုေအာင္းရာအခြံထဲမွ ႐ုန္းထြက္နိုင္ခဲ့ၿပီး ေရွ႕ေမွာက္သို႔ အေျပးလာခဲ့သည္။
တစ္ခုေသာ မနက္ခင္း၊ ကုမၸဏီ၏ေသးငယ္လွေသာနားေနခန္းေလးထဲ၌ ရွုက်င္းက 'ကို႔ကို ကၽြန္ေတာ္ခ်စ္တယ္'ဟု ရဲရဲဝံ့ဝံ့ေျပာခဲ့သည္။ ဤသည္က ရွန့္ရွင္းဟယ္အနားမွ ဘယ္ေတာ့မွ ထြက္မေျပးေတာ့ပါဟု ကတိကဝတ္ျပဳလိုက္ပါသလို။
ထိုည၌မူ ရွုက်င္း၏ဝန္ခံျခင္းႏွင့္အတူ ရွန့္ရွင္းဟယ္၏အတင္းအၾကပ္ေမးခြန္းမ်ားေၾကာင့္ ဖုံးကြယ္ထားသည့္ ေနာက္ဆုံးလၽွို႔ဝွက္ခ်က္အပိုင္းအစမ်ားသည္လည္း အားလုံးရွင္းလင္းခဲ့ေလၿပီ။
ယခုအခ်ိန္တြင္ေတာ့ အျဖစ္မွန္ကို သိရွိသြားခဲ့ၿပီျဖစ္၍ အထင္လြဲမွုမ်ား ေပ်ာက္ကြယ္ကာ ေရွ႕ဆက္ရမည့္အနာဂတ္၌ ဆူးေျငာင့္ခလုတ္မ်ားလည္း ရွိေတာ့မည္မဟုတ္။
ေနာက္ႏွစ္ရက္အထိ ရွုက်င္းက ရွန့္ရွင္းဟယ္ႏွင့္သာ အတူေနခဲ့၏။ ရွန့္ရွင္းဟယ္လည္း ႏွစ္ရက္မၽွ အလုပ္ကို ေနာက္ေရႊ႕ေနခဲ့ၿပီးေနာက္ ေနာက္ဆုံးတြင္ ကုမၸဏီသို႔ ျပန္သြားေလသည္။
ရွန့္ရွင္းဟယ္၏ကုမၸဏီက ပိတ္ရက္ၿပီးေနာက္ ပုံမွန္ျပန္စေနၿပီး စီးပြားေရးေဈးကြက္ထဲ ထပ္မံထိုးေဖာက္ရန္ အေကာင္အထည္ေဖာ္ေနၾက၏။ ရွန့္ရွင္းဟယ္သည္ ရွုက်င္းနံေဘး၌သာ ေနေပးဖို႔ရာအတြက္ အလုပ္တာဝန္ကို မပစ္ပယ္ခဲ့ေခ်။ ပုံမွန္အတိုင္းသာ ေန႔စဥ္ဘဝကို ျဖတ္သန္းေန၏။
က်င္းေခ်ာင္ကပင္ သူ႔အား မေက်မနပ္ေျပာမိသည္။
"ေဟ့ ေကာင္ေလးက မင္းဆီ လိမ္လိမ္မာမာေရာက္လာေပးတာ.. မင္းကေတာ့ အလုပ္မွအလုပ္ျဖစ္ေနတုန္း.. ေခါင္းမေကာင္းေတာ့ဘူးလား? သြား သူ႔နား သြားေနေပး! ကုမၸဏီမွာ ငါရွိတယ္.. မင္း ႏွစ္ရက္ေလာက္မရွိတာနဲ႔ ကုမၸဏီေဒဝါလီခံရမွာ မဟုတ္ေသးဘူး!"
ရွန့္ရွင္းဟယ္က လက္ေကာက္ဝတ္ကို ေျမႇာက္ကာ လက္ပတ္နာရီကို ၾကည့္လိုက္၏။
"ေပါက္ကရေျပာမေနနဲ႔.. ဒီေန႔ၿပီးတာနဲ႔ ငါ သြားေတာ့မွာ.. ငါ့ကို အိုဗာတိုင္ဆင္းခိုင္းဖို႔ေတာင္ မေမၽွာ္လင့္နဲ႔"
က်င္းေခ်ာင္က အရွုံးေပးဟန္ လက္ေျမႇာက္ျပသည္။
Advertisement
- In Serial33 Chapters
Voracity
On a short hiatus. Will return with more chapters soon! Voracity - A low-fantasy romance steeped in pain, misery, and an internal hunger bent on consuming the most sane of us all. Thomas is a gentle person, too innocent for his own good. He's kind, thoughtful, and caring. Tragedy befalls the compassionate man and he's torn from his peace by the violent, strangling grip of anguish. Can he remain the kind-hearted man he's always been, or will he slip into dark depths occupied only by those with cracked minds and wicked thoughts as he embarks on the journey of a lifetime, or does he even have a choice? The story is a bit of a slow burn to start, but I promise you'll be rewarded for sticking around. I hope you enjoy Thomas's journey through the dark as he slips into madness.
8 202 - In Serial27 Chapters
Royal Punishment
With the Orc armies slowly making their way toward Theora, Princess Ariella is forced to marry Prince Galleren of Xosta for an alliance. These two enemy Kingdoms must put their hatred aside to defend their lands from an Orcish takeover. Will the Prince and Princess be able to put their differences aside? Is this alliance genuine? or is Ariella walking toward her grave? Photo by Alice Alinari on Unsplash
8 160 - In Serial12 Chapters
KristSingto : SOTUS days❤️
Krist, a second year student at the Kasetsart University, was just a step closer to getting his greatest goal in life accomplished - being an actor.Already being a hazer in the university and the infamous drummer for the cheerleaders' squad, and also being surrounded by the best of friends he could ever find, there was nothing more he'd ask for. Singto just needed peace in his life. He has no idea how he got dragged to being the Lead of Cheerleaders in his second year of university, nor how he is now the Head Hazer of the Faculty in his third year. He's being called scary and rude wherever he goes, only God knows why... All he ever wanted was some space to read his novel, but apparently that's impossible.What would happen when these two worlds collide, over and over again, as if it was always bound to happen, as if it was destiny all along?(Based on KristSingto real life incidents) Canon compliant Highest ranks; #4 in KitSing #5 in SingKit #6 in ArthitKongpob #8 in SingKrist #10 in KristSing❤️#253 in University from 18k novels❤️❤️#633 among 188000 stories❤️
8 216 - In Serial39 Chapters
Another Urban Tale
Just like Romeo and Juliet their families hated each other. Mila was daddies little girl who only wanted to make her daddy happy but fell for the one person her father forbid her to be with. Gabriel was heaven sent and brought a long message right along with him. Circumstance brought them together and only death will do them part.
8 169 - In Serial16 Chapters
မီးခိုးရောင်အပိုင်းအစများ [18 plus] Zawgyi and Unicode
ကြောက်စရာကောင်းပြီး စိတ္တဇဆန်တဲ့ Seme တစ်ယောက်ကို ချစ်သူတော်ခဲ့ရတဲ့ uke လေးတစ်ယောက် seme ကြီးရဲ့ ကြောက်မက်ဖွယ် နောက်ကြောင်းရာဇ၀င်တွေကို မမျှော်လင့်ပဲ သိရှိခဲ့ပြီးနောက်မှာတော့ အချစ်သစ်နဲ့အတူ လက်စားချေဖို့ ကြိုးစားလာပါတော့တယ်ေၾကာက္စရာေကာင္းၿပီး စိတၱဇဆန္တဲ့ Seme တစ္ေယာက္ကို ခ်စ္သူေတာ္ခဲ့ရတဲ့ uke ေလးတစ္ေယာက္ seme ႀကီးရဲ႕ ေၾကာက္မက္ဖြယ္ ေနာက္ေၾကာင္းရာဇ၀င္ေတြကို မေမွ်ာ္လင့္ပဲ သိရွိခဲ့ၿပီးေနာက္မွာေတာ့ အခ်စ္သစ္နဲ႔အတူ လက္စားေခ်ဖို႔ ႀကိဳးစားလာပါေတာ့တယ္
8 61 - In Serial36 Chapters
Sons, Too Mensao
Not mine. (Completed)#Credit to author and translator.Author: 冷優然Summary There is a family, under the Qi surname, living in the city. It is a strange but cosy family.A family of four composed of a mother and three sons. The most bewildering of all, the mother has a very beautiful appearance. She is thirty year old, yet still as delicate as a twenty-one.As for her three sons, respectively twenty-five, twenty-three, and eighteen year old, they are all handsome and elegant, yet the three of them are still single......"She's a princess of the demon realm who unexpectedly reborn. As a mommy with three babies, they are 25, 23, and 18 years old, all of which are not small! Are you really our mommy? The head of the household is me, of course I am your mommy! It turns out that mommy is actually a vampire! Another vampire is her big brother! Snow wolf tribe? Demon realm? It doesn't matter anyway! As long as we can live a happy life!"
8 121

