《Please Don't See Me [Mm Transl. || Completed]》CHAPTER-23
Advertisement
UNICODE
ရှန့်ရှင်းဟယ်၏နေအိမ်က ကုမ္ပဏီနှင့် အတော်အတန်ဝေး၏။ ထို့အပြင် ဘတ်စ်ကားမှတ်တိုင်နှင့် နီးနီးနားနားနေရာ၌တည်ရှိနေခြင်းမဟုတ်သလို တစ်ယောက်အိပ်ခန်းတွဲပါတိုက်ခန်းလေးလည်း မဟုတ်ချေ။ ငယ်စဥ်အခါက သူတို့မျှော်မှန်းထားခဲ့သည့်အခြေအနေနှင့် လုံးလုံးလျားလျားကွာခြားနေ၏။
ဤနေရာရှိ အိမ်ယာများက လုံခြုံရေးအဆင့်အတန်းမြင့်မားသည်။ လက်ဗွေရာနှင့်အသုံးပြုရသော ဓာတ်လှေကားထဲသို့ ဝင်ပြီးနောက် အိမ်တံခါးပေါက်ရှေ့ တန်းရောက်နိုင်၏။
ဤအိမ်ကို လွန်ခဲ့သည့်နှစ်နှစ်၊ သုံးနှစ်ခန့်က ရှန့်ရှင်းဟယ်ဝယ်ယူခဲ့ခြင်းဖြစ်သည်။ အိမ်တွင်းအပြင်အဆင်များကို အသစ်ပြုပြင်ပြီးနောက် ရှန့်ရှင်းဟယ်ပြောင်းလာသည်ကပင် သိပ်မကြာသေး။ ထို့ကြောင့် ပရိဘောဂများ၊ နံရံဆေးများက လက်ရာပျက်နေခြင်းမျိုးမရှိဘဲ မြင်လေသမျှက တောက်ပလင်းလက်နေ၏။
လမ်းခွဲခဲ့ကြစဥ်က နှစ်ဦးစလုံးသည် ထိုနေရာ၌ပင် ရေစက်ပြတ်ခဲ့ကြပြီဟု သဘောထားခဲ့ခြင်းဖြစ်ကြောင်း ရှုကျင်း တွေးမိလိုက်သည်။
ရှုကျင်းသည်လည်း လမ်းခွဲပြီးနောက် ရုပ်ရှင်ရုံသို့ ထပ်မသွားဖြစ်တော့။ ရှန့်ရှင်းဟယ်သည်လည်း နဂိုမျှော်မှန်းထားသည့်အနာဂတ်ကို မရွေးချယ်တော့ဘဲ သူ့အတွက် ပိုမိုဆီလျော်သည့် လမ်းအသစ်တစ်လမ်းကို ဖောက်ခဲ့လေသည်။ တစ်ဦး၌တစ်ဦး ရှိမနေကြတော့သည့်ဘဝကို ပုံမှန်အတိုင်း ရှေ့ဆက်ဖို့ရာ တတ်စွမ်းသမျှ ကြိုးပမ်းခဲ့ကြသည်။
"လွန်ခဲ့တဲ့နှစ်နှစ်၊ သုံးနှစ်လောက်ကမှ ကိုယ် ကားမောင်းလိုင်စင်ဖြေထားတာ.. ပြီးတော့ ကားဝယ်လိုက်ရော.. အိမ်ဝယ်ဖို့စီစဥ်တုန်းက ပါကင်နေရာတွေကလည်း အဆင်ပြေ၊ ဒီကနေ အလုပ်သွားတဲ့လမ်းကလည်း ကားလမ်းပိတ်နေကျနေရာမဟုတ်တော့ ဝယ်ဖို့ဆုံးဖြတ်လိုက်တာ"
ရှန့်ရှင်းဟယ်၏အနေအထားနှင့်ဆိုလျှင် ကားဝယ်ခြင်းက တွန့်ဆုတ်နေရမည့်ကိစ္စမဟုတ်။ ရှုကျင်းလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။
ရှုကျင်းက နေသားမကျသေးသည့်အရပ်၌ ကြောင်တောင်တောင်ဖြစ်နေသည်ကို ရှန့်ရှင်းဟယ်တွေ့သော် ရှုကျင်းဆီ လျှောက်သွားပြီး ဆိုဖာ၌ ထိုင်စေ၏။ ထို့နောက် ပြောလိုက်သည်။
"ကိုယ် ပျားရည်အအေးဖျော်လာပေးမယ်နော်"
"ရတယ်" ရှုကျင်းက ရှန့်ရှင်းဟယ်၏ရှပ်အင်္ကျီအနားကို ဆွဲလိုက်၏။ "ကျွန်တော် အခုဆို ကောင်းကောင်းသောက်နိုင်နေပြီ"
ရှန့်ရှင်းဟယ်က မျက်ခုံးပင့်လိုက်ကာ ရှုကျင်းနံဘေး၌ ထိုင်ချလိုက်ပြီး သံသယပွားနေတော့သည်။
ရှုကျင်းက ဆို၏။
"ကျွန်တော်ဘွဲ့ရပြီး ပထမဆုံးအလုပ်ဝင်တဲ့ကုမ္ပဏီက သေးသေးလေးလေ.. ဝန်ထမ်းအားလုံးမှာလည်း တာဝန်တွေအများကြီး.. အလုပ်စဝင်ခါစ ကျွန်တော်တောင် ဒီဇိုင်းဆွဲတာရော၊ ဘော့စ်ရဲ့အတွင်းရေးမှူးရောလုပ်ရတယ်.. အဲ့ဒါကြောင့် လူဝင်ဆန့်အောင် သူ့နောက်လိုက်ပေးရတဲ့အချိန်တွေလည်း ရှိတာပေါ့"
ရှုကျင်းက ရှန့်ရှင်းဟယ်မသိခဲ့သည့် အတိတ်ကာလအကြောင်းကို လုံးစေ့ပတ်စေ့ပြောပြနေ၏။
"ကျွန်တော်မူးတယ်ဆိုတာ ဘယ်နှခါမှန်းတောင် မသိတော့ဘူး.. နောက်ပိုင်းကျတော့ သောက်ရင်းသောက်ရင်း လွယ်လွယ်မူးတတ်လာတယ်.. နှစ်ခွက်လောက်ဝင်တာနဲ့တင် မူးပြီ.. တစ်ခါတစ်လေဆို မူးချင်ယောင်ဆောင်ရင်တောင် သူတို့က တကယ်မူးနေတယ်လို့ပဲ ထင်တာ"
တက္ကသိုလ်၌ဘွဲ့ရကာ လူ့အဖွဲ့အစည်းသို့ စတင်ဝင်ရောက်ကာစ လူငယ်လေးများအနေဖြင့် ဤဖြစ်ရပ်မျိုးကို ကြုံတွေ့ရသည်မှာ သာမန်ရိုးကျကိစ္စတစ်ရပ်ပင်။
ရှန့်ရှင်းဟယ်သည်လည်း သူပါဝင်ပတ်သက်ခဲ့ခြင်းမရှိသည့်အတိတ်အား နားထောင်နေမိသည်။ သို့သော် သနားစိတ်မျိုး မဝင်မိ။ ရှုကျင်းဟာ စိတ်ဓာတ်ခိုင်မာသည့်လူတစ်ဦးဖြစ်ပြီး ရူးကြောင်ကြောင်အလုပ်မျိုး လုပ်လိမ့်မည်မဟုတ်။ ရှုကျင်းစကားကို အနည်းငယ်မျှနားထောင်လေလေ သူ့အကြောင်း အနည်းငယ်မျှ ပိုသိလာလေဖြစ်၏။
"အဲ့တုန်းကဆို အလုပ်မထွက်ရဲခဲ့ဘူး.. လစာက အရမ်းမများပေမဲ့ ကျွန်တော့်စားဝတ်နေရေးအတွက် လောက်တယ်လေ.. ပြီးတော့ ကုမ္ပဏီက ပိုလည်ပတ်လာတော့ အလုပ်တွေအကုန် ကျွန်တော့်ခေါင်းပေါ်ပဲ ပုံကျလေလေ ကျွန်တော်အတွေ့အကြုံယူစရာပိုများလေလေပေါ့.. ကျွန်တော် သင်္ဘောပေါ်ကနေ ခုန်ချလိုက်တဲ့နောက် ရှေ့ဆက်သွားဖို့ အထောက်အပံ့တွေ အများကြီးရခဲ့ပါတယ်"
ရှန့်ရှင်းဟယ်က မေးပါ၏။
"ဘာလို့အလုပ်မထွက်ရဲခဲ့တာလဲ?"
ရှုကျင်းက ထိုအရာသို့ ဦးတည်ပြောနေမှန်းသိသည့်အလျောက် ထိုသို့မေးဖြစ်ခဲ့ခြင်း။
ရှုကျင်းက ခေါင်းမော့ကာ ခြေချိတ်ထိုင်လျက် ဆိုဖာအနောက်သို့ မှီချလိုက်၏။ ရှန့်ရှင်းဟယ်၏လက်ချောင်းများနှင့် ဆောင့်ကစားရင်း ပြန်ဖြေပါသည်။
"အင်း ပိုက်ဆံမရှိလို့"
ထိုစကားကို ဆိုပြီးနောက်မှ ရှက်ရွံ့မိခြင်းအပေါ် ဘာသာအပြစ်တင်မိ၏။ ရှန့်ရှင်းဟယ်အား တစ်ချက်ကြည့်ပြီးနောက် ဆက်ပြောသည်။
"တကယ်တော့ အဖေ ထောင်ထဲမဝင်ခင် ကျွန်တော့်အတွက် ပိုက်ဆံတော်တော်များများချန်ထားပေးခဲ့ပါတယ်.. ဒါပေမဲ့ ပိုက်ဆံတစ်စကိုတောင် လက်နဲ့မထိခဲ့ဘူး"
__လိပ်ပြာမလုံခဲ့လို့လား?
ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
ထိုအချိန်၌ ရှုကျင်းက အသက်၁၉နှစ်သာရှိသေးသည်။ မိသားစုသံယောဇဥ်နှင့် ဥပဒေအကြား စည်းဘောင်မဆွဲတတ်ခဲ့။ ရှုကျုံးယွမ်ဟာ ထိုအရာနှင့်သာ ထိုက်တန်ကြောင်းကိုသာ ရှုကျင်းနားလည်ခဲ့၏။ သို့တစေ ရှုကျုံးယွမ် ထောင်ထဲဝင်ရခြင်းအကြောင်းရင်းဟာ သူနှင့်သွယ်ဝိုက်ဆက်နွှယ်နေကြောင်း တွေးမိချိန်ဝယ် လိပ်ပြာသန့်သန့်ဖြင့် မရှင်သန်ရဲတော့။
ထိုနှစ်တွင် သူဟာ လောကကြီးကို အကြွေးတင်ခဲ့ပုံရသည်။
ပြန်လည်ပေးဆပ်ရမည့်အရာအားလုံးက ထိုနှစ်မှ စုပြုံထွက်လာခဲ့ဟန်တူ၏။
ရှုကျုံးယွမ်သည် သားဖြစ်သူက ရှန့်ရှင်းဟယ်နှင့်လမ်းခွဲပြတ်စဲရန် တွန်းအားပေးရာ၌ နှစ်ပေါင်းများစွာဖုံးကွယ်ခဲ့သည့်အမှန်တရားကို ရုတ်တရက်ဖွင့်ချခဲ့သည်။ ရှုကျင်းဟာ ကနဦး၌ လက်ခံနိုင်ခြင်းမရှိခဲ့။ အတွေးပေါင်းများစွာကြား မိမိကိုယ်ကိုယ် ပိတ်လှောင်ရင်း ထိုလျှို့ဝှက်ချက်အား ဆက်လက်မတူးဆွတော့ရန် စဥ်းစားခဲ့ဖူးသည်။ ရှုကျုံးယွမ်မပြောသရွေ့ ရှန့်ရှင်းဟယ်လည်း လုံးဝသိမည်မဟုတ်။
သို့သော် သူ့အား ဆယ်နှစ်ကျော်ကြာအပြစ်တင်ခဲ့သောလူအား အသားကင်ဆိုင်၌ တွေ့လိုက်ရချိန်ဝယ်၊ တစ်ဖက်လူ၏လက်၌ နှင်းကိုက်ရာများ ဗရပွရှိနေကြောင်း မြင်လိုက်ရချိန်ဝယ် အရာအားလုံးကို ဖုံးကွယ်မထားနိုင်တော့။ သူဟာ စိတ်လက်ပေါ့ပါးစွာဖြင့် ရှေ့ဆက်မသွားနိုင်တော့။
နှစ်ပေါင်းကြာရှည်စွာ သိုဝှက်ထားခဲ့ရသော အမှန်တရားကို ဖွင့်ဟပြောရသည်မှာ ထင်သလောက်မလွယ်ကူ။ ရှုကျင်းသယ်ဆောင်လာသည့်သတင်းဟာ ထိုလူ သူ့အပေါ်ထားသည့်အမြင်ကို ကျွမ်းထိုးမှောက်ခုန်ဖြစ်စေနိုင်သလို မိသားစုအတွင်း၌လည်း သက်ရောက်မှုများစွာ ဖြစ်ထွန်းနိုင်သည်။
ရှုကျုံးယွမ်က ရှန့်မိသားစုအား ကျေအေးငွေအဖြစ် ဒေါ်လာသိန်းနှင့်ချီကာပေးခဲ့၏။ ဘာမျှမသိရှာသည့် ထိုမိသားစုခမျာ ရှုကျုံးယွမ်အား ကျေးဇူးတင်ရှိနေခဲ့သည်။ သို့သော်ငြား ရှန့်မိသားစုဟာ ရှန့်ရှင်းဟယ်အတွက် ဆေးကုသစရိတ်ပုံမှန်ပေးချေရသည့်အတွက် မကြာမီမှာပင် အကြွေးနွံနစ်လာခဲ့၏။
အပြစ်လွှဲချခံရသည့် လူငယ်လေးမိသားစုမှာလည်း အဝေးသို့ ထွက်သွားကြသည့်တိုင် ရှန့်မိသားစုအား လက်ဆောင်ပစ္စည်းများ အမြဲလိုလိုဝယ်ပို့ပေးကာ တရုတ်နှစ်သစ်ကူးနှင့်တခြားအားလပ်ရက်များ၌ မကြာခဏအလည်လာလေ့ရှိသည်။
ထိုအဖြစ်အပျက်ကြောင့် အနှီမိသားစုလည်း ဆုံးရှုံးနစ်နာမှု များပြားခဲ့၏။
Advertisement
ရှုကျင်းသည် သူတို့အား အလျော်အစားပြန်ပေးချင်မိသည်။
နှစ်ပေါင်းများစွာ စုထားခဲ့သည့် ငွေကြေးအကုန်အစင်ကို နာမကျန်းဖြစ်နေသော လူငယ်လေး၏မိခင်ဖြစ်သူ ဆေးရုံ၌ ကုသရန် ထုတ်သုံးခဲ့သည်။ ထိုနှစ်များအထိ သူတို့အား အမြဲထောက်ပံ့ပေးနေခဲ့သည်။ သို့သော် အနှီမိသားစုက အမှန်တရားကို သိရှိလိုက်ရသည့်အချိန်၌ ရှုကျုံးယွမ်၏တရားမဝင်စီးပွားရေးကို တိုင်ကြားလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့ချေ။
ရှုကျုံးယွမ်၏ချေပစကားများကို နားထောင်ကြည့်သည့်အလျောက် ငွေကြေးအခက်အခဲကြောင့် လျော်ကြေးငွေက တစ်စတစ်စလျော့နည်းလာသည်ကို မကျေနပ်၍ ရှုကျုံးယွမ်အား ရဲတိုင်ခြင်းဖြစ်သည်ဟူ၍။ သို့သော် ဤသည်ကပင် ကိုယ်ကျင့်တရားပျက်ပြားနေပြီ မဟုတ်ပါလော။
သို့တစေ 'ကောင်းမှုကုသိုလ်'များကို အတည်တကျလုပ်ကိုင်ပြီးနောက်တွင်မူ အရာအားလုံးက အကောင်းမှသည် အဆိုးသို့ ပြောင်းလဲသွားတော့သည်။
ရှန့်ရှင်းဟယ်ကို ဆက်လက်ထောက်ပံ့နေသည့်အချိန်၌ အစိုးရက ရှုကျုံးယွမ်အား 'ပရဟိတစီးပွားရေးသမား'ဟူသည့် ဂုဏ်ပုဒ်ကို ပေးအပ်ခဲ့သည်။ ဤဂုဏ်ပုဒ်ကို အသုံးချကာ စီးပွားရေးကို ပိုမိုတိုးချဲ့ခဲ့၏။
ထို့နောက် လူသားများ၏သည်းခံနိုင်ခြင်းတရားဟာ မလိုမုန်းထားမနာလိုစိတ်ကို မည်သို့ယှဥ်နိုင်ပါ့မည်နည်း။
အစွပ်စွဲခံရသည့်မိသားစုဟာလည်း လက်သည်တရားခံက အောင်မြင်သည်ထက်အောင်မြင်နေသည်ကို မြင်ရသော် ရင်တွင်းမှ ဒေါသများက ပိုမိုကြီးထွားလာခဲ့ခြင်းပင်။
ရှုကျင်းသည်လည်း မှန်ကန်သည့်ကိစ္စ ဘာဆိုဘာမှမလုပ်ခဲ့။
အရာအားလုံးက သူ့ကြောင့် ဖြစ်ပျက်ခဲ့သည်လေ။ ထိန်းချုပ်၍လည်းမရသလို၊ ပြောင်းပြန်လှန်ပစ်၍လည်းမရ။ ထို့ကြောင့် 'ကိုယ့်ကို ချစ်ရောချစ်ခဲ့ဖူးရဲ့လား'ဟူသော ရှန့်ရှင်းဟယ်၏မေးခွန်းကိုပင် မဖြေနိုင်ဖြစ်နေခြင်းပင်။
ထိုအချိန်၌ ရှုကျုံးယွမ်က အကြောင်းရင်းကို သေချာမသိခဲ့။ သို့သော် ဤတစ်ခါတွင်တော့ မလူးသာမလွန့်သာအရပ်၌ ရန်သူနှင့်ထိပ်တိုက်တွေ့မိလိုက်သည့်အခါ ရှုကျင်း၏လုပ်ရပ်ကို သိရှိသွားခဲ့ပြီ။
ရှုကျုံးယွမ် ထောင်ထဲမဝင်ခင်ထားခဲ့သည့်ငွေဟာ သမာအာဇီဝနှင့်လုပ်စားထားသည့် ငွေဖြစ်သည်။ ဤငွေများကို ရှုကျင်းလုံးဝမထိခြင်းမှာလည်း လိပ်ပြာမလုံသည့်စိတ်အပါအဝင် ဖခင်ဖြစ်သူ ပြန်လည်နာလန်ထူလာနိုင်ရန်အတွက်ပင်။ ရှုကျုံးယွမ်က ရှုကျင်းအား ခွက်နှင့်ပစ်ပေါက်ခဲ့သည်။ 'ကိုယ်ကျွေးတဲ့ထမင်းစားပြီး ကိုယ့်ကိုသစ္စာဖောက်သွားတဲ့သူ'ဟုလည်း ပယ်ပယ်နှယ်နှယ်ဆူဆဲပြီးပြီ။ ယောက်ျားတစ်ယောက်အတွက်နှင့် အဘယ်ကြောင့် မိသားစုသံယောဇဥ်အား ဥပေက္ခာပြုရက်လေသနည်းဟုလည်း မေးခဲ့သည်။
ဆောင်းရာသီတွင် ရှုကျင်း၏နဖူးဒဏ်ရာက မသက်သာသေး။ ကံကောင်းစွာဖြင့် ဒဏ်ရာကြီးကြီးမားမားမရခဲ့၍ အမာရွတ်မှိန်မှိန်လေးသာ ကျန်နေတော့သည်။
ရှန့်ရှင်းဟယ်က ဤဒဏ်ရာအား ယခင်ကတည်းက မြင်ပြီးဖြစ်၏။ ဆေးရုံမှ ပြန်လာပြီးနောက်မှ ထိုဒဏ်ရာရလာခြင်းဖြစ်၍ အကြောင်းရင်းကို သိဟန်တူသော်လည်း ရှုကျင်းအား ဘာမျှမပြော။ ရှုကျင်းကိုယ်တိုင်ဖွင့်ဟပြောလာရန်သာ အခွင့်အရေးပေးခဲ့သည်။
စကားဆိုပြီးနောက် ရှုကျင်းက အတန်ငယ် မောပန်းသွား၏။
အရက်မူးနေခြင်းကြောင့် သို့မဟုတ် ထိုအရာများကို ကြာမြင့်စွာပြောနေခဲ့ခြင်းကြောင့် ဖြစ်ပါလိမ့်မည်။ ဆိုဖာနောက်မှီထိုင်လိုက်သည့်အခါ ခန္ဓာကိုယ်က ပေါ့ပါးသွား၏။ မျက်ခွံများကလည်း ထပ်မံဖွင့်မရနိုင်တော့အောင် လေးလံလွန်းနေပြီ။
ရှန့်ရှင်းဟယ်လည်း ရှုကျင်းနဖူးထက်ရှိဒဏ်ရာအား လက်မဖြင့် ပွတ်သပ်လိုက်ပြီးနောက် မေးမြန်းလာ၏။
"ဘာလို့ အရင်ကတည်းက ဒီကိစ္စတွေ မပြောပြခဲ့တာလဲ?"
ရှုကျင်းလည်း ခေတ္တမျှ ငြိမ်သက်သွားပြီးနောက် အဖြေပေးသည်။
"ကို ရခဲ့တဲ့နွေးထွေးမှုတွေအားလုံးက အတုအယောင်တွေပါဆိုပြီး ပြောမထွက်လို့ပါ"
ရှုကျုံးယွမ်က ရှန့်ရှင်းဟယ်အား အိမ်သို့ခေါ်လာကာ ဂရုစိုက်ပေးခဲ့၏။ ထို့ကြောင့် ရှန့်ရှင်းဟယ်က သတင်းစာထဲ၌ မပါချင်သည့်တိုင် ရှုကျုံးယွမ်၏တောင်းဆိုချက်ကို လိုက်လျောပေးခဲ့သည်။ ရှန့်ရှင်းဟယ်က ရှုကျုံးယွမ်အပေါ် လေးစားစိတ်များ၊ ကျေးဇူးတင်စိတ်များ ဖြစ်ထွန်းခဲ့ဖူး၏။ သားဖြစ်သည့်ရှုကျင်းကပင် ဤမျှ မဖြစ်ခဲ့ရ။ ထို့အပြင် ရှန့်ရှင်းဟယ် ယခင်က ပြောပြခဲ့ဖူးသည်က ရှုကျုံးယွမ်ဟာ သူ့အတွက် ဖခင်တစ်ဦးလိုပင်ဟု။
"သူက အမှန်တရားကို ကို့ဆီကနေ နှစ်တွေအကြာကြီး ဖုံးကွယ်ခဲ့တာနဲ့တင် လုံလောက်နေပြီ.. ကို့ကိုပေးခဲ့တာတွေအားလုံးက အတုအယောင်တွေလို့ ပေးသိဖို့ကျ ဘယ်လိုမှမတတ်နိုင်တော့ဘူး" ရှုကျင်းက စကားဆုံးသော် သူ့ဘာသာသူ ပြန်ရယ်မောလိုက်၏။ "ကျွန်တော် သူတော်စင်လုပ်နေတယ်လို့ ထင်နေမလားမသိ? ဘာပဲဖြစ်ဖြစ် ကျွန်တော်ထင်ခဲ့တာက လမ်းခွဲပြီး ဘယ်တော့မှလည်း ထပ်မတွေ့ဖြစ်ကြတော့ဘူးဆိုတော့"
အမှန်၌ ရှုကျင်းက ငွေစုဆောင်းကာ အခွင့်အရေးရှိပါက ရှန့်ရှင်းဟယ်ထံ ပေးရန်အထိ စဥ်းစားခဲ့ဖူးသည်။ သို့သော် ရှန့်ရှင်းဟယ်က ပို၍ကြီးပွားတိုးတက်လာသည်ကိုမြင်သော် ထိုအကြောင်းကိုပြောမိပါက လေလုံးထွားသည်ဟု မြင်ချင်မြင်သွားလိမ့်မည်။
ရှန့်ရှင်းဟယ်ကို ထိုအကြောင်း လုံးဝမပြောရဲပါချေ။ သူ့ကို စိတ်ဆိုးသွားလိမ့်မည်။
ရှန့်ရှင်းဟယ်လည်း အချိန်အတန်ကြာ နှုတ်ဆိတ်နေခဲ့၏။
ရှုကျင်းလည်း အနည်းငယ် ပျာယာခတ်သွားသည်။ မော့ကြည့်သည့်အခိုက် ရှန့်ရှင်းဟယ်နှင့် အကြည့်ချင်းဆုံသွား၏။ နှလုံးစိုင်မှာ ထိန်းမနိုင်သိမ်းမရ ခုန်နေလေရာ အကြည့်လွှဲလိုက်သည်။
"ဘာလို့ ကိုယ့်ကို မကြည့်တာလဲ?" ရှန့်ရှင်းဟယ်က ရှုကျင်း၏မေးစေ့အား ဆွဲပင့်လိုက်၏။ "မင်း အရာအားလုံးကို စဥ်းစားပေးခဲ့တာပဲ.. ဘာလို့ ကိုယ့်ကို မကြည့်ရဲရတာလဲ?"
ရှုကျင်းက စိတ်ထဲမှ တိတ်တခိုးပြောနေမိ၏။
__မကောင်းတော့ဘူး။
ရှုကျင်းက သက်ပြင်းရှိုက်ကာ ခပ်ဖွဖွဆိုလိုက်ပါသည်။
"ကျွန်တော် မလုပ်ခဲ့ပါဘူး.."
"ရှုကျင်း" ရှန့်ရှင်းဟယ်က ရှုကျင်းမေးဖျားအား ပင့်တင်ထားသည့်လက်ကို တဖြည်းဖြည်းပြန်ချကာ မတ်တပ်ထရပ်ပြီး ကရုဏာသက်ဟန်ဖြင့် ရှုကျင်းအား ကြည့်လိုက်သည်။ "မင်းတွေးပေးတတ်တာကို ဘယ်သူမှ သဘောမကျသလို မင်းစွန့်လွှတ်လိုက်လို့လည်း ဘယ်သူမှ မချီးကျူးဘူး.. အမှားတွေကို အမှန်ပြင်ပေးပြီး အဲ့မိသားစုကို ဖြည့်ဆည်းနေပေမဲ့ ကိုယ်တော့ မလိုအပ်ဘူး"
ထိုသို့ဆိုပြီးနောက် ရှန့်ရှင်းဟယ်က ဧည့်ခန်းထဲမှ ထွက်သွားတော့၏။
ရှုကျင်းက အထိတ်တလန့်ဖြင့် ဆိုဖာထက် ထိုင်ကာ ကျန်ရစ်ခဲ့သည်။ ရှန့်ရှင်းဟယ် ထိုသို့တုံ့ပြန်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။ ခေတ္တကြာသော် မျက်ရည်များ စီးကျလာတော့၏။
မိနစ်အနည်းငယ်မျှအကြာ ဆိုဖာထက်မှ ရုတ်ခနဲ ထရပ်ကာ အိမ်တွင်းစီးဖိနပ်ပင် မစီးတော့ဘဲ ခြေဗလာဖြင့် ရှန့်ရှင်းဟယ်အား သွားရှာတော့သည်။ အိမ်က အင်မတန်ကျယ်ဝန်းကာ အခန်းပေါင်းများစွာရှိသည်။ ရှုကျင်းက တံခါးနှစ်ချပ်ဖွင့်ပြီးသည်တိုင် ရှန့်ရှင်းဟယ်ကို ရှာမတွေ့သေး။
Advertisement
ဤလူ ဒေါသတကြီးဖြင့် ထွက်သွားလေသလား။
ရှုကျင်းလည်း ပို၍ပိုကာ စိတ်ချောက်ချားလာတော့သည်။ ဤတစ်ကြိမ်တွင်တော့ ပြဿနာရှာရန်အတွက် ရှန့်ရှင်းဟယ်ရှိရာမြို့ဆီ လာရောက်ခဲ့ခြင်းမဟုတ်။ ပြန်လည်သင့်မြတ်ရန်အတွက်သာ ရှန့်ရှင်းဟယ်အား လာရှာခဲ့ခြင်းဖြစ်သည်။ ဆက်ဆံရေးအခြေအနေက တဖြည်းဖြည်းပိုကောင်းနေခဲ့သော်ငြား ရုတ်ခြည်းဆိုသလို ကဗြောင်းကဆန်ဖြစ်သွားရပြီ။
ရှုကျင်း နောက်ဆုံးအခန်းကို ဖွင့်လိုက်သည့်အခါ ရှုပ်ပွနေသည့်အဝတ်များက နေရာအနှံ့ ပျံ့ကျဲနေ၏။
အခန်းက အတော်ကြီးမားလွန်းသည်။ Master bedroom ဖြစ်ဟန်တူ၏။ ရေချိုးခန်းထဲမှ ရေကျသံများလည်း ကြားနေရသည်။
ရှုကျင်းက မျက်ရည်များ ထပ်မကျတော့အောင် ထိန်းထားရင်း ရေချိုးခန်းတံခါးကို ဖွင့်လိုက်၏။ ထို့နောက် ဘာဆိုဘာမှ စဥ်းစားမနေတော့ဘဲ ပြေးဝင်သွားကာ ရှန့်ရှင်းဟယ်၏ခါးအား ပွေ့ဖက်လိုက်တော့သည်။
ရေနွေးက ဦးခေါင်းထက်မှ စီးကျလာ၏။ စက္ကန့်ပိုင်းအတွင်း ရှုကျင်းတစ်ကိုယ်လုံး ရွှဲစိုကာ ဝတ်ထားသည့်ဆွယ်တာကပင် ရေများအိုင်လာတော့သည်။ ရှုကျင်းခမျာ ရှန့်ရှင်းဟယ်ကိုသာ ထပ်ခါထပ်ခါ မြည်တမ်းကာ 'စိတ်မဆိုးပါနဲ့'ဟု ကူကယ်ရာမဲ့စွာ ပြောဆိုနေ၏။ ထိုမှတစ်ပါး မည်သို့ဆက်လုပ်ရမည်မှန်းလည်း မသိတော့။
ရှန့်ရှင်းဟယ်က ရှုကျင်းအား စကားလုံးဝမဆိုခဲ့။ အချိန်အတန်ကြာ ရေပန်းအောက် နှစ်ယောက်လုံး ရေရွှဲရွှဲစိုနေကြပြီးနောက် ရှန့်ရှင်းဟယ်က နောက်လှည့်ကာ အကြင်သူအား နံရံ၌ ဖိကပ်ကာ ပြင်းပြင်းထန်ထန် နမ်းရှိုက်တော့သည်။
ရှုကျင်းသည်လည်း တစ်ကိုယ်လုံးနူးအိသွားသည်အထိ အနမ်းခံနေရပြီး အချိန်ပိုင်းအတွင်းမှာပင် ရှန့်ရှင်းဟယ်၏လက်ချက်ဖြင့် ခန္ဓာကိုယ်ထက်ရှိ အဝတ်များအားလုံး ကြွေပြားပေါ် ကျဆင်းသွားခဲ့ပြီ။ ထို့နောက် ရှန့်ရှင်းဟယ်က သနားညှာတာမှုကင်းမဲ့စွာဖြင့် ရှုကျင်း၏ မျက်နှာအား လက်ချောင်းများဖြင့် ဖိညှပ်ကာ ခါးခါးသီးသီး စကားဆိုလိုက်၏။
"ကိုယ့်ကို ကြည့်စမ်း!"
နှစ်ဦးစလုံးက ကမောက်ကမအခြေအနေသို့ ရောက်ရှိနေသည်။ ရေများသည်လည်း နဖူးမှသည် ခြေဖျားအထိ တတောက်တောက်စီးကျနေ၏။
ရှန့်ရှင်းဟယ်၏နှာခေါင်းထိပ်နှင့်မျက်တောင်ရှည်ရှည်များထက်မှ ရေများ တစက်စက်ကျနေပြီး မီးခိုးမှိုင်းရောင်မျက်ဝန်းသည်လည်း ရေများစိုစွတ်နေရာ ကွဲကြေနေသည့် ဖန်ဘောလုံးအလား။
ရှုကျင်းဟာ ဆက်တိုက်ပင့်သက်ရှိုက်နေမိ၏။ မျက်နှာတစ်ပြင်လုံးဟာလည်း ဆွဲညှစ်ခံထားရ၍ နာကျင်နေပြီး မျက်ဝန်းနီနီ၌ ရေငွေ့ပြန်နေချေပြီ။
ရှန့်ရှင်းဟယ်အား တဒင်္ဂမျှ ကြည့်လိုက်ပြီးနောက် သူ့လက်များဖြင့် ကိုယ်တိုင်ဖျက်ဆီးခဲ့သော မျက်ဝန်းအား စိုက်ကြည့်မိသည်။ ပထမဆုံးအကြိမ်အဖြစ် တည့်တည့်ကြည့်မိလိုက်ရာ သွားများက တခိုက်ခိုက်တုန်ယင်လာတော့၏။
"ကြည့်လေ" ရှန့်ရှင်းဟယ်က အံကြိတ်ပြောဆို၏။ "မင်း ငါ့မျက်လုံးကို ဒီလိုဖြစ်အောင် လုပ်ခဲ့တယ်.. ဒါပေမဲ့ မင်း ပြန်ပေးဆပ်တာကို မလိုချင်ဘူး.. အလျော်ပေးတာကို မလိုချင်ဘူး.. ငါ့ဘဝကို မင်းအလိုကျ ပြောင်းလဲပေးမှာကို မလိုချင်ဘူး"
ရှုကျင်းမှာ တစ်ကိုယ်လုံးတုန်ယင်နေကာ မျက်ရည်များဟာလည်း ရေပန်းနှင့်အတူ တဖြိုင်ဖြိုင်စီးကျနေတော့သည်။
ရှန့်ရှင်းဟယ်က ရှုကျင်း၏နှလုံးစိုင်ထဲ ဤစကားများကို ရိုက်သွင်းချင်ခဲ့၏။
"ဘာ? လမ်းခွဲပြီး ဘယ်တော့မှ ပြန်မတွေ့တော့ဘူးတဲ့လား? ဒါချည်းပဲ မင်းခေါင်းထဲမှာ ရှိနေတာ.. ကိုယ်တစ်ခါမှ ဒီလိုမတွေးခဲ့ဖူးဘူး.. မင်းကောင်းမယ်ထင်တဲ့အရာကို ကိုယ်မဖြစ်ချင်ဘူး.. ကိုယ်တစ်ခုပဲ လိုချင်တယ်.. အဲ့ဒါက မင်းပဲ"
ရှုကျင်းက ငိုယိုကာ အသည်းအသန်ခေါင်းညိတ်ပြလေသည်။
"ကျွန်တော် သိပါပြီ! အခုတကယ်သိသွားပါပြီ!"
ရှန့်ရှင်းဟယ်က တဖြည်းဖြည်းပြန်တည်ငြိမ်သွားပြီ ရှုကျင်း၏မျက်နှာအား လွှတ်ပေးကာ နှုတ်ခမ်းဖျားကို လက်မဖြင့် ပွတ်သပ်ပေးလိုက်၏။ ထို့နောက် ဩရှရှအသံဖြင့် ဆိုလာသည်။
"...ဒါဆို မင်း အခုကြည့်လို့ရသွားပြီ.. သာမန်အကြည့်မျိုးနဲ့ပဲ ကိုယ့်မျက်လုံးကို ရဲရဲစိုက်ကြည့်နိုင်သွားပြီ.. ဒါက ကိုယ်ပိုင်တဲ့အရာပဲ.. အဲ့ဒါကလည်း ရှန့်ရှင်းဟယ်ပဲ"
ရှုကျင်း၏ကိုယ်လုံးက ရှေ့မှောက်ရှိလူ၏ပွေ့ဖက်ခြင်းကို ခံလိုက်ရသည်။ ထို့နောက် အနှီလူက အနှီမီးခိုးမှိုင်းရောင်မျက်ဝန်းကို အတင်းအဓမ္မစိုက်ကြည့်စေခဲ့၏။ တုန်ယင်နေခြင်းကို မတားနိုင်သော်လည်း ယိုင်မလဲကျစေရန် အနှီလူမှ ထိန်းထားပေးသည်။
ရှန့်ရှင်းဟယ်က ဘာမှမပြောနိုင်ခင် ရှုကျင်းက လက်မြှောက်ကာ အနှီညာဘက်မျက်ဝန်းရှိရာဆီ လက်လှမ်းကာ မျက်ခွံနွေးနွေးအား ညင်ညင်သာသာခံစားမိ၏။
ရေနွေးပူများက မရပ်မနားကျနေရာ ရှုကျင်း၏အေးစက်တုန်ယင်နေသောလက်ဟာလည်း တစ်ဖန်နွေးလာခဲ့ပြီ။
ရှုကျင်းက ရှန့်ရှင်းဟယ်အား အောက်သို့ အနည်းငယ်ငုံ့စေကာ နှုတ်ခမ်းလွှာနှစ်ခုအား အနမ်းဖြင့် ချိတ်ပိတ်လိုက်တော့သည်။
ဇာတ်သိမ်းဖို့ တစ်ပိုင်း၊ နှစ်ပိုင်းလောက်ပဲ ကျန်တော့ပါတယ်။
စမရေးခင်ကတည်းက ခပ်ရွှတ်ရွှတ်ဇာတ်လမ်းလေးတစ်ပုဒ်မှန်းသိခဲ့တယ်။ တကယ်ရေးတော့လည်း ဇာတ်လမ်းအတက်အကျကို သိပ်ဦးစားမပေးခဲ့ဘူး။ ဒါပေမဲ့ တကယ်ကြီးပြီးတော့မယ့်အချိန်မှာတော့ စိတ်ထဲမယ် အထီးကျန်သွားသလိုပဲ။
ဇာတ်လမ်းက လေးတွဲ့တွဲ့နိုင်ပေမဲ့ ကိုယ်တော့ကြိုက်ပါတယ်...................... (လွတ်မြောက်)
ZAWGYI
ရွန့္ရွင္းဟယ္၏ေနအိမ္က ကုမၸဏီႏွင့္ အေတာ္အတန္ေဝး၏။ ထို႔အျပင္ ဘတ္စ္ကားမွတ္တိုင္ႏွင့္ နီးနီးနားနားေနရာ၌ရွိေနျခင္းမဟုတ္သလို တစ္ေယာက္အိပ္ခန္းတြဲပါတိုက္ခန္းေလးလည္း မဟုတ္ေခ်။ ငယ္စဥ္အခါက သူတို႔ေမၽွာ္မွန္းထားခဲ့သည့္အေျခအေနႏွင့္ လုံးလုံးလ်ားလ်ားကြာျခားေန၏။
ဤေနရာရွိအိမ္ယာမ်ားက လုံျခဳံေရးအဆင့္အတန္းျမင့္မားသည္။ လက္ေဗြရာႏွင့္အသုံးျပဳရေသာ ဓာတ္ေလွကားထဲသို႔ ဝင္ၿပီးေနာက္ အိမ္တံခါးေပါက္ေရွ႕ တန္းေရာက္နိုင္၏။
ဤအိမ္ကို လြန္ခဲ့သည့္ႏွစ္ႏွစ္၊ သုံးႏွစ္ခန့္က ရွန့္ရွင္းဟယ္ဝယ္ယူခဲ့ျခင္းျဖစ္သည္။ အိမ္တြင္းအျပင္အဆင္မ်ားကို အသစ္ျပဳျပင္ၿပီးေနာက္ ရွန့္ရွင္းဟယ္ေျပာင္းလာသည္ကပင္ သိပ္မၾကာေသး။ ထို႔ေၾကာင့္ ပရိေဘာဂမ်ား၊ နံရံေဆးမ်ားက လက္ရာပ်က္ေနျခင္းမ်ိဳးမရွိဘဲ ျမင္ေလသမၽွက ေတာက္ပလင္းလက္ေန၏။
လမ္းခြဲခဲ့ၾကစဥ္က ႏွစ္ဦးစလုံးက ထိုေနရာ၌ပင္ ေရစက္ျပတ္ခဲ့ၾကၿပီဟု သေဘာထားခဲ့ျခင္းျဖစ္ေၾကာင္း ရွုက်င္းေတြးမိလိုက္သည္။
ရွုက်င္းသည္လည္း လမ္းခြဲၿပီးေနာက္ ႐ုပ္ရွင္႐ုံသို႔ ထပ္မသြားျဖစ္ေတာ့။ ရွန့္ရွင္းဟယ္သည္လည္း နဂိုေမၽွာ္မွန္းထားသည့္အနာဂတ္ကို မေရြးခ်ယ္ေတာ့ဘဲ သူ႔အတြက္ ပိုမိုဆီေလ်ာ္သည့္ လမ္းအသစ္တစ္လမ္းကို ေဖာက္ခဲ့ေလသည္။ တစ္ဦး၌တစ္ဦး ရွိမေနၾကေတာ့သည့္ဘဝကို ပုံမွန္အတိုင္း ေရွ႕ဆက္ဖို႔ရာ တတ္စြမ္းသမၽွ ႀကိဳးပမ္းခဲ့ၾကသည္။
"လြန္ခဲ့တဲ့ႏွစ္ႏွစ္၊ သုံးႏွစ္ေလာက္ကမွ ကိုယ္ ကားေမာင္းလိုင္စင္ေျဖထားတာ.. ၿပီးေတာ့ ကားဝယ္လိုက္ေရာ.. အိမ္ဝယ္ဖို႔စီစဥ္တုန္းက ပါကင္ေနရာေတြကလည္း အဆင္ေျပ၊ အလုပ္သြားတဲ့လမ္းကလည္း ကားလမ္းပိတ္ေနက်ေနရာမဟုတ္ေတာ့ ဝယ္ဖို႔ဆုံးျဖတ္လိုက္တာ"
ရွန့္ရွင္းဟယ္၏အေနအထားႏွင့္ဆိုလၽွင္ ကားဝယ္ျခင္းက တြန့္ဆုတ္ေနရမည့္ကိစၥမဟုတ္။ ရွုက်င္းလည္း ေခါင္းညိတ္ေထာက္ခံလိုက္သည္။
ရွုက်င္းက ေနသားမက်ေသးသည့္အရပ္၌ ေၾကာင္ေတာင္ေတာင္ျဖစ္ေနသည္ကို ရွန့္ရွင္းဟယ္ေတြ႕ေသာ္ ရွုက်င္းဆီ ေလၽွာက္သြားၿပီး ဆိုဖာ၌ ထိုင္ေစ၏။ ထို႔ေနာက္ ေျပာလိုက္သည္။
"ကိုယ္ ပ်ားရည္အေအးေဖ်ာ္လာေပးမယ္ေနာ္"
"ရတယ္" ရွုက်င္းက ရွန့္ရွင္းဟယ္၏ရွပ္အကၤ်ီအနားကို ဆြဲလိုက္၏။ "ကၽြန္ေတာ္ အခုဆို ေကာင္းေကာင္းေသာက္နိုင္ေနၿပီ"
ရွန့္ရွင္းဟယ္က မ်က္ခုံးပင့္လိုက္ကာ ရွုက်င္းနံေဘး၌ ထိုင္ခ်လိုက္ၿပီး သံသယပြားေနေတာ့သည္။
ရွုက်င္းက ဆို၏။
"ကၽြန္ေတာ္ဘြဲ႕ရၿပီး ပထမဆုံးအလုပ္ဝင္တဲ့ကုမၸဏီက ေသးေသးေလးေလ.. ဝန္ထမ္းအားလုံးမွာလည္း တာဝန္ေတြအမ်ားႀကီး.. အလုပ္စဝင္ခါစ ကၽြန္ေတာ္ေတာင္ ဒီဇိုင္းဆြဲတာေရာ၊ ေဘာ့စ္ရဲ့အတြင္းေရးမွူးေရာလုပ္ရတယ္.. အဲ့ဒါေၾကာင့္ လူဝင္ဆန့္ေအာင္ သူ႔ေနာက္လိုက္ေပးရတဲ့အခ်ိန္ေတြလည္း ရွိတာေပါ့"
ရွုက်င္းက ရွန့္ရွင္းဟယ္မသိခဲ့သည့္ အတိတ္ကာလအေၾကာင္းကို လုံးေစ့ပတ္ေစ့ေျပာျပေန၏။
"ကၽြန္ေတာ္မူးတယ္ဆိုတာ ဘယ္ႏွခါမွန္းေတာင္ မသိေတာ့ဘူး.. ေနာက္ပိုင္းက်ေတာ့ ေသာက္ရင္းေသာက္ရင္း လြယ္လြယ္မူးတတ္လာတယ္.. ႏွစ္ခြက္ေလာက္ဝင္တာနဲ႔တင္ မူးၿပီ.. တစ္ခါတစ္ေလဆို မူးခ်င္ေယာင္ေဆာင္ရင္ေတာင္ သူတို႔က တကယ္မူးေနတယ္လို႔ပဲ ထင္တာ"
တကၠသိုလ္၌ဘြဲ႕ရကာ လူ႔အဖြဲ႕အစည္းသို႔ စတင္ဝင္ေရာက္ကာစ လူငယ္ေလးမ်ားအေနျဖင့္ ဤျဖစ္ရပ္မ်ိဳးကို ၾကဳံေတြ႕ရသည္မွာ သာမန္ရိုးက်ကိစၥတစ္ရပ္ပင္။
ရွန့္ရွင္းဟယ္သည္လည္း သူပါဝင္ပတ္သက္ခဲ့ျခင္းမရွိသည့္အတိတ္အား နားေထာင္ေနမိသည္။ သို႔ေသာ္ သနားစိတ္မ်ိဳးမဝင္မိ။ ရွုက်င္းဟာ စိတ္ဓာတ္ခိုင္မာသည့္လူတစ္ဦးျဖစ္ၿပီး ႐ူးေၾကာင္ေၾကာင္အလုပ္မ်ိဳး လုပ္လိမ့္မည္မဟုတ္။ ရွုက်င္းစကားကို အနည္းငယ္မၽွနားေထာင္ေလေလ သူ႔အေၾကာင္း အနည္းငယ္မၽွ ပိုသိလာေလျဖစ္၏။
"အဲ့တုန္းကဆို အလုပ္မထြက္ရဲခဲ့ဘူး.. လစာက အရမ္းမမ်ားေပမဲ့ ကၽြန္ေတာ့္စားဝတ္ေနေရးအတြက္ လုံလုံေလာက္ေလာက္ရွိတယ္ေလ.. ၿပီးေတာ့ ကုမၸဏီက ပိုလည္ပတ္လာေတာ့ အလုပ္ေတြအကုန္ ကၽြန္ေတာ့္ေခါင္းေပၚပဲ ပုံက်ေလေလ ကၽြန္ေတာ္အေတြ႕အၾကဳံယူစရာပိုမ်ားေလေလေပါ့.. ကၽြန္ေတာ္ သေဘၤာေပၚကေန ခုန္ခ်လိုက္တဲ့ေနာက္ ေရွ႕ဆက္သြားဖို႔ အေထာက္အပံ့ေတြ အမ်ားႀကီးရခဲ့ပါတယ္"
ရွန့္ရွင္းဟယ္က ေမးပါ၏။
"ဘာလို႔အလုပ္မထြက္ရဲခဲ့တာလဲ?"
ရွုက်င္းက ထိုအရာသို႔ ဦးတည္ေျပာေနမွန္းသိသည့္အေလ်ာက္ ထိုသို႔ေမးျဖစ္ခဲ့ျခင္း။
ရွုက်င္းက ေခါင္းေမာ့ကာ ေျခခ်ိတ္ထိုင္လ်က္ ဆိုဖာအေနာက္သို႔ မွီခ်လိုက္၏။ ရွန့္ရွင္းဟယ္၏လက္ေခ်ာင္းမ်ားႏွင့္ ေဆာင့္ကစားရင္း ျပန္ေျဖပါသည္။
"အင္း ပိုက္ဆံမရွိလို႔"
ထိုစကားကို ဆိုၿပီးေနာက္မွ ရွက္ရြံ႕မိျခင္းအေပၚ ဘာသာအျပစ္တင္မိ၏။ ရွန့္ရွင္းဟယ္အား တစ္ခ်က္ၾကည့္ၿပီးေနာက္ ဆက္ေျပာသည္။
"တကယ္ေတာ့ အေဖ ေထာင္ထဲမဝင္ခင္ ကၽြန္ေတာ့္အတြက္ ပိုက္ဆံေတာ္ေတာ္မ်ားမ်ားခ်န္ထားေပးခဲ့ပါတယ္.. ဒါေပမဲ့ ပိုက္ဆံတစ္စကိုေတာင္ လက္နဲ႔မထိခဲ့ဘူး"
__လိပ္ျပာမလုံခဲ့တာလား?
ျဖစ္ေကာင္းျဖစ္နိုင္ပါသည္။
ထိုအခ်ိန္၌ ရွုက်င္းက အသက္၁၉ႏွစ္သာရွိေသးသည္။ မိသားစုသံေယာဇဥ္ႏွင့္ ဥပေဒအၾကား စည္းေဘာင္မဆြဲတတ္ခဲ့။ ရွုက်င္းယြမ္ဟာ ထိုအရာႏွင့္သာ ထိုက္တန္ေၾကာင္းကိုသာ ရွုက်င္းနားလည္ခဲ့၏။ သို႔တေစ ရွုက်ဳံးယြမ္ ေထာင္ထဲဝင္ရျခင္းအေၾကာင္းရင္းဟာ သူႏွင့္သြယ္ဝိုက္ဆက္ႏႊယ္ေနေၾကာင္း ေတြးမိခ်ိန္ဝယ္ လိပ္ျပာသန့္သန့္ျဖင့္ မရွင္သန္ရဲေတာ့။
ထိုႏွစ္တြင္ သူဟာ ကမၻာႀကီးကို အေႂကြးတင္ခဲ့ပုံရသည္။
ျပန္လည္ေပးဆပ္ရမည့္အရာအားလုံးက ထိုႏွစ္မွ စုျပဳံထြက္လာခဲ့ဟန္တူ၏။
Advertisement
- In Serial6 Chapters
Vampire Hearts & Werewolf Eyes
Meredith is reminiscing about the immortals, and how they are believed to be extinct. When her estrange grandmother shows up for her birthday secrets are learned. One being the last female vampire of ...
8 124 - In Serial98 Chapters
queenie ⚤ lando norris ✓
𝐚 𝐝𝐫𝐮𝐧𝐤 𝐝𝐦 𝐢𝐬 𝐨𝐟𝐭𝐞𝐧 𝐭𝐡𝐞 𝐬𝐭𝐚𝐫𝐭 𝐨𝐟 𝐦𝐚𝐧𝐲 𝐫𝐞𝐥𝐚𝐭𝐢𝐨𝐧𝐬𝐡𝐢𝐩𝐬, 𝐟𝐨𝐫𝐦𝐮𝐥𝐚 𝐨𝐧𝐞 𝐝𝐫𝐢𝐯𝐞𝐫𝐬 𝐢𝐧𝐜𝐥𝐮𝐝𝐞𝐝.QUEENIE. 2021 © sluttyrae.social media au.
8 166 - In Serial44 Chapters
The Whispered War
"The Salian Nobility; they'll embrace you with the right hand, then stab you with the left."When Leon, the heir to the Renart Duchy, realized he was falling in love with his stepmother he knew the secret was one that could tear the whole family down. Long has he detested the games of lies, blackmail, secrets, and assassinations that the lords of his homeland play, but now he must learn to play the game as well as his father does if he wishes for his family to survive. There are enemies everywhere, and every masquerade ball is secretly a battle fought in shadows and lip-service.
8 161 - In Serial20 Chapters
Bound by Duty
Danielle Ward is on the run. After killing her step-uncle, she is exiled by her pack and seeks refuge with one of her good friends. Her callous father, her jealous stepmother and her maternal pack want her blood. But fate has other plans for her. During a royal inspection, Danielle finds that her mate is none other than the king himself. She gets swept into a series of activities from then on to prove and establish herself as the rightful queen of wolves. But Danielle has secrets; secrets her mate finds disturbing and dangerous. What happens when he begins questioning her and pushes her boundaries? Will Danielle, who wants nothing but to be a good queen, decide cover up the truth, or release it, risking their chance to a lifetime of happiness?
8 245 - In Serial44 Chapters
Stigma | KTH ✔
"You changed me into something I never thought I could be. You ignited emotions inside me I never thought I could feel. You're seriously stupid if you think I'd ever let you walk away from me."[COMPLETED]Started: 2017-08-03Ended: 2020-05-09#1 in #Stigma 2019-04-24 (':#14 in #Teendrama 2019-05-11 (':#10 in #Teendrama 2021-04-13 ('':
8 161 - In Serial42 Chapters
Cinnamon // Sally Face
Violet Sinclaire's curiosity often gets the best of her.Sal Fisher has a lot to hide.He'll do whatever it takes to keep her safe.
8 208

