《Please Don't See Me [Mm Transl. || Completed]》CHAPTER-22
Advertisement
UNICODE
ဖွင့်ဟဝန်ခံပြီးနောက် အိပ်ပျော်သွားခဲ့သော ရှုကျင်းဟာ ရှန့်ရှင်းဟယ်အား ထိုသို့ပြောဖြစ်ခဲ့သည့်အတိတ်ကာလက ဖြစ်ရပ်များကို အိပ်မက်ထဲ၌ မြင်မက်ခဲ့၏။
ရေခဲမုန့်အတူတကွစားခဲ့သည့် နွေရာသီညနေခင်းများ၊ သစ်ပင်အောက်၌ ပုန်းခိုရင်း အနမ်းပေးခဲ့ကြသည့်အချိန်များ၊ အတူတူခွေးကျောင်းထွက်ခဲ့သည့်အချိန်များ၊ ကိတ်မုန့်လုပ်စားဖြစ်သည့်အချိန်များနှင့် အတူတကွ ခရီးသွားခဲ့ကြသည့်အချိန်များ။ ကိုယ်လက်နှီးနှောနေရင်းလည်း ထိုသို့ ပြောဖြစ်ခဲ့ကြပါသေးသည်။
ရှန့်ရှင်းအား 'ချစ်တယ်'ဟု တဖွဖွပြောခဲ့သော်ငြား လမ်းခွဲသည့်နေ့၌ ရှန့်ရှင်းဟယ်က 'ကိုယ့်ကို ချစ်ဖူးခဲ့ရဲ့လား'ဟု မေးမြန်းခဲ့ပါသည်။
ထိုနေ့က ရှုကျင်း အဖြေပြန်မပေးဖြစ်ခဲ့။ သို့သော်ငြား နှလုံးသားထဲတွင်တော့ 'တကယ်ချစ်ပါတယ်'ဟု အစဥ်ဆက်တိုက်ရေရွတ်နေခဲ့၏။
လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ရှန့်ရှင်းဟယ် ထိုစကားလုံးများအား ကြားနိုင်၊ မကြားနိုင်ကိုဖြင့် ရှုကျင်း မသိရှိ။
သည်တစ်ကြိမ်တွင်တော့ ရှန့်ရှင်းဟယ် ကြားနိုင်ခဲ့ပြီ။
ရှုကျင်း နိုးလာသည့်အချိန် ကောင်းကင်ယံကပင် အနည်းငယ် မှောင်မိုက်နေပြီဖြစ်သည်။ အခန်းငယ်လေးအတွင်း ပြတင်းပေါက်မြင့်မြင့်တစ်ခုသာ ရှိ၏။ အပြင်ဘက်ကောင်းကင်၌ မီးခိုးရောင်တိမ်များက ဟိုတစ်စသည်တစ်စ။
အိပ်မောကျသွားစဥ်ကနှင့် တစ်ပုံစံတည်း လှဲလျောင်းနေကြဆဲပင်။ ရှန့်ရှင်းဟယ်နိုးလာပြီး နံဘေးရှိအကြင်လူအား တစိမ့်စိမ့်ငေးကြည့်နေ၏။
ရှုကျင်းက မျက်လုံးပွတ်ကာ ပြန်မှိတ်လိုက်သည်။ ထို့နောက် ရှန့်ရှင်းဟယ်၏လက်မောင်းအား နဖူးဖြင့် တို့ကာထိကာ ပွတ်သပ်နေလေ၏။
"အခုထိ နှိုးစက်မမြည်သေးသလိုပဲနော်?"
ရှန့်ရှင်းဟယ် : "ကိုယ် ပိတ်ထားတာ"
ရှုကျင်းက 'အိုး'ဟု အာမေဍိတ်ပြုကာ ထပ်မေးလိုက်သည်။
"ဘယ်နှနာရီရှိပြီလဲ?"
"ညနေလေးနာရီရှိပြီ" ထို့နောက် တည်ငြိမ်ဩရှသည့်အသံဖြင့် မေးလိုက်၏။ "နည်းနည်းလောက် ထပ်အိပ်ချင်သေးလား?"
ရှုကျင်းမှာ ရှန့်ရှင်းဟယ်၏စကားကြောင့် အံ့အားသင့်သွားရသည်။ ရုတ်တရက် ထထိုင်ကာ ဆိုပါ၏။
"ကျွန်တော့်ကို ဘာလို့အကြာကြီးအိပ်ခိုင်းနေတာလဲ?"
ပြောရင်းဆိုရင်း သူ့ဘယ်ဘက်လက်မောင်းသူ ပြန်နှိပ်နေရသည်။ အချိန်ကြာမြင့်စွာ မလှုပ်မယှက်အိပ်စက်နေခြင်းက တစ်ကိုယ်လုံးကို ထုံကျင်စေ၏။
ထို့နောက် ရှန့်ရှင်းဟယ်လည်း အိပ်ယာမှထထိုင်လိုက်သည်။ ရှန့်ရှင်းဟယ်က ယခင်အတိုင်း ရှုကျင်းကိုသာ တိတ်တဆိတ်ငေးကြည့်နေသေး၏။ မျက်ဝန်းထဲ၌လည်း နက်ရှိုင်းသည့်ခံစားမှုများက ပြည့်လျှမ်းနေသည်။ တစ်စုံတစ်ခုဖြစ်ပျက်တော့မည်မှန်း ရှုကျင်းခန့်မှန်းလိုက်မိ၏။
ရှုကျင်း ပါးစပ်ဟကာ မေးမြန်းမည်အပြု ရှန့်ရှင်းဟယ်က ရှေ့သို့ကိုင်းလိုက်ပြီး ရှုကျင်း၏နှုတ်ခမ်းထက် အနမ်းတစ်ပွင့်ခြွေလိုက်သည်။ ဖွဖွနမ်းရုံမကဘဲ စုပ်ယူနမ်းရှိုက်လိုက်ခြင်း။ အသေးစိတ်ကျလွန်းသော်ငြား ဦးဆောင်သူက ရုတ်တရက် တပ်ပြန်ဆုတ်သွားပြန်၏။
ထိုအနမ်းကြောင့် အသံတိုးတိုးလေးပင် ထွက်သွားရာ ရှုကျင်း၏မျက်နှာတစ်ပြင်လုံး နီရဲတက်လာတော့သည်။ ကြောင်အအထိုင်ရင်း မည်သည်ကိုဆက်လုပ်ရမည်မှန်း မသိတော့။
ရှန့်ရှင်းဟယ်က ရှုကျင်း၏နဖူးအား နမ်းရှိုက်ပြီးနောက် အသံဩရှရှဖြင့် ပြောလာ၏။
"ဒီမှာ နေချင်သေးရင်လည်းရတယ်.. ပျင်းရင်လည်း အပြင်ထွက်လာပြီး ကွန်ပျူတာသုံးချင်လည်းရတယ်.. ကိုယ် လက်စသတ်စရာလေးတွေ ကျန်သေးလို့.. ခြောက်ခွဲကျရင် ကုမ္ပဏီကလူတချို့နဲ့ ညစာသွားစားကြမယ်"
ညနေစောင်းသော် ရှန့်ရှင်းဟယ်က အချိန်ပိုဆင်းနေရသည့် ကုမ္ပဏီဝန်ထမ်းများကိုပါ ညစာစားရန် ခေါ်ဆောင်လာခဲ့လေသည်။ ရှုကျင်းပါလာသည့်အတွက် အခြားလူများ စိတ်လှုပ်ရှားနေကြောင်းကိုတော့ ပြောနေရန်ပင် မလိုတော့။
စားသောက်ဆိုင်သို့ရောက်သည့်အခါ အနီးအနား၌ ဖုန်းဆိုင်တစ်ဆိုင်ရှိနေကြောင်း တွေ့လိုက်ရ၏။ ရှန့်ရှင်းဟယ်က ကျန်းကျန်းအား စားစရာမှာထားနှင့်ရန်ပြောပြီး ရှုကျင်းအား ခေါ်ဆောင်ကာ ဖုန်းသွားဝယ်လေသည်။
ရှုကျင်း ဖုန်းအသစ်မလဲဖြစ်သည်မှာ နှစ်အတော်ကြာနေပြီ။ ထို့ကြောင့် နောက်ဆုံးမော်ဒယ်အား ကောက်ကိုင်လိုက်၏။
ထိုဖုန်းတန်ဖိုးက သူ့လစာ၏တစ်ဝက်ခန့်ရှိရာ မျက်နှာရှုံ့မဲ့သွားပြီး စိတ်ဆင်းရဲသွားတော့သည်။ တစ်ချိန်တည်းမှာပင် ဖုန်းအဟောင်းလေးအား သတိရလာမိ၏။
ရှန့်ရှင်းဟယ်က ငွေရှင်းကာ ဖုန်းကဒ်လဲရန် ခေါ်ဆောင်သွားတော့မှ ရှုကျင်းခမျာ စိတ်နှင့်လူနှင့် ပြန်ကပ်နိုင်တော့သည်။
ဖုန်းအသစ်က လုပ်ဆောင်မှုစွမ်းရည်ပိုမြင့်မားပြီး စနစ်များကလည်း သုံးစွဲရပိုလွယ်၏။ စားသောက်ဆိုင်သို့အပြန်လမ်း၌ ရှုကျင်း၏အာရုံက ဖုန်းအသစ်စက်စက်ထဲ၌သာ နစ်မြောနေတော့သည်။ ဖုန်းအသစ်လေးအား ကလိနေကာ သိလိုသမျှကို ရှန့်ရှင်းဟယ်အား တတွတ်တွတ်မေးမြန်းနေ၏။
"တန်သားပဲ.. အစကတည်းကသာ သိရင် ဖုန်းလဲလိုက်တာကြာပေ့ါ" ရှုကျင်းက မှတ်ချက်ပြုပြီးနောက် သက်ပြင်းချပြန်သည် "အသစ်လဲထားရင် အခုဆို အဲ့အဟောင်းလေးကို အစားထိုးပြန်သုံးနေလို့ရတယ်"
ရှန့်ရှင်းဟယ်က ရက်ရက်စက်စက် ထောက်ပြ၏။
"ဒါဆို ပျောက်သွားတာက ဖုန်းအသစ်ဖြစ်နေမှာပေါ့"
ရှုကျင်း : "..."
__ဟုတ်သားပဲဟ။
ရှန့်ရှင်းဟယ်က အပြစ်ရှာပြီးနောက် ရှုကျင်းအား ဖုန်းထပ်မကြည့်ခိုင်းတော့။
"ခဏသိမ်းထားပြီး လမ်းသေချာလျှောက်"
သူတို့နှစ်ဦးဟာ ရှော့ပင်းမောလ်အပြင်ဘက်၌ မတ်တပ်ရပ်နေကြသည်။ လှပစွာ ထွန်းလင်းနေသော ရေပန်းအနီး၌ ကလေးငယ်အများအပြား စုဝေးနေကြ၏။ အနီရောင်မီးပုံးမီးအိမ်များကိုလည်း နေရာအနှံ့ အလှဆင်ထားကြသည်။
ရှုကျင်းက ဖုန်းအသစ်စက်စက်လေးကို ကုတ်အင်္ကျီအိတ်ကပ်ထဲ ထည့်ထားလိုက်ပြီး ရှန့်ရှင်းဟယ်နှင့် ဘေးချင်းကပ်ရပ် တစ်လှမ်းချင်း ဆက်လျှောက်နေ၏။ ထို့နောက် သဘာဝကျကျပင် ရှုကျင်းလက်က ရှန့်ရှင်းဟယ်လက်၏ထွေးပွေ့ခြင်းကို ခံလိုက်ရပြီ။
လမ်းထက်တွင် လူအများ လှုပ်ရှားသွားလာနေကြရာ တစ်ဦးမဟုတ်တစ်ဦးတော့ သတိထားမိမည်ပင်။
သို့သော် ရှန့်ရှင်းဟယ်က ထိုအရာများကို ဂရုစိုက်နေပုံမပေါ်။ အတိတ်ကာလက ဆယ်ကျော်သက်လူငယ်လေးတစ်ဦးလည်း မဟုတ်တော့။ ဆန္ဒရှိရာလုပ်ကိုင်နေသည့် အစွမ်းအစရှိ အရွယ်ရောက်လူကြီးတစ်ဦး ဖြစ်သွားပြီဖြစ်ရာ လူအများအမြင်က သူ့အတွက် ပြဿနာမဟုတ်တော့။
ရှုကျင်းက စက္ကန့်ပိုင်းမျှ တွန့်ဆုတ်နေလိုက်သေးသည်။ ထို့နောက် ရှန့်ရှင်းဟယ်၏လက်အား ချက်ချင်း ပြန်ကိုင်ကာ ဖုန်းအသစ်ကို မေ့ထားလိုက်ပြီး ရှန့်ရှင်းဟယ်၏ညာဘက်မျက်နှာကိုသာ လမ်းလျှောက်ရင်း တစ်ဝကြီး ငေးမောနေလိုက်၏။
ရှုကျင်း ခန့်မှန်းမိသလောက် ရှန့်ရှင်းဟယ်ဟာ သူဖုံးကွယ်ထားသည့် ကိစ္စကို သိရှိပြီးသွားလောက်ပြီ။
နှစ်ပေါင်းများစွာ သုံးစွဲနေခဲ့သော ဖုန်းအဟောင်း၊ ဈေးပေါကာ ကျဥ်းကြပ်လွန်းသည့် တိုက်ခန်း၊ ယခင်ကပြောခဲ့ဖူးသော ရောင်းလိုက်ရသည့် မိသားစုနေအိမ်နှင့် ယခုလတ်တလော အစားအသောက်နှင့် အဝတ်အစားအခြေအနေ။ ငွေရေးကြေးရေးက ယခင်ကနှင့် အလွန်ကွာခြားသွားကြောင်း သိသာနေသည်လေ။
Advertisement
ယခုရှုကျင်းက အတိတ်ရှုကျင်းနှင့် လုံးလုံးလျားလျား ကွဲပြားသွားသည်ဟု ဆိုနိုင်ပါသည်။
ဇောက်ထိုးမိုးမျှော်ဖြစ်သွားပြီးနောက် ရှုကျင်းနှင့် ရှန့်ရှင်းဟယ်တို့ဟာ အတိတ်ကာလနှင့် ကပြောင်းကပြန်စီ။
သို့သော်ငြား ကံကောင်းသည်က တစ်ဦးနှင့်တစ်ဦး ပို၍နီးကပ်လာစေရန် ကြိုးစားအားထုတ်နေကြဆဲ။
ညစာစားချိန်၌ ရှန့်ရှင်းဟယ်က ရှုကျင်းအား တခြားသူများနှင့် တရားဝင်မိတ်ဆက်ပေးခဲ့သည်။ စကားဦးမသန်းတော့ဘဲ ပုံမှန်အတိုင်း လိုရင်းတိုရှင်း ပြောလိုက်၏ : "ဒါ ငါ့ကောင်လေး ရှုကျင်း"
အားလုံးက လက်ခုပ်တီးပြီး ကြိုဆိုကြလေသည်။
အစ၌ ရှုကျင်းက အနေရခက်စွာဖြင့် ရှက်ရွံ့ဟန်မပြဘဲ ရှန့်ရှင်းဟယ်အတွက် အရှက်ကွဲစရာမဖြစ်စေရန် အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းနေ၏။
သို့သော် တူကို ကောက်ကိုင်လိုက်ချိန်၌ပင် အောက်လွတ်ကျမတတ်ဖြစ်သွားခဲ့သည်။ "ကောင်လေး"ဟူသော စကားလုံးက နှလုံးခုန်သံကို အရိုင်းဆန်စေ၏။ သူတို့နှစ်ဦးအကြား ထိုသို့ခေါင်းစီးတပ်သည်မှာ ပထမဆုံးအကြိမ်ပင်။ သူငယ်ချင်းအနေနှင့် မဟုတ်ခဲ့သလို၊ ညီအစ်ကိုအနေနှင့်လည်း မဟုတ်ခဲ့။ ချစ်သူရည်းစားအနေနှင့်ပင်။
"ရှုကျင်း.. အာ... ကျန်းကျန်းပြောတာ ကြားဖူးတယ်" နံနက်က ရှန့်ရှင်းဟယ်၏ရုံးခန်းထဲ၌ ချောကလက်ယူသွားသော လူငယ်က ဆိုလာ၏။ "နောက်ဆုံးတစ်ခါ အလုပ်ကိစ္စခရီးသွားတုန်းက မစ္စတာရှန့်နဲ့ တွေ့ခဲ့တယ်ဆို? အတိတ်က ရင်ခုန်သံတွေ မရပ်တန့်သေးဘူးပေါ့? အာ့"
ရှုကျင်းက မော့ကြည့်လိုက်ရာ ကျန်းကျန်းက ထိုလူငယ်အား မျက်စပစ်ပြနေကြောင်း မြင်တွေ့လိုက်ရ၏။ အနည်းငယ်တော့ စိတ်သက်သာရာရသွားရသည်။
"ကျွန်တော်တို့ကုမ္ပဏီရဲ့နှစ်ကုန်ပျော်ပွဲရွှင်ပွဲမှာ ခရီးသွားလက်မှတ်မဲပေါက်တော့ သူနဲ့တွေ့ဖြစ်သွားတာပါ"
လူငယ်ကလည်း ကိုယ့်ပေါင်ကိုယ် ပြန်ပုတ်ရင်း ဆို၏။
"တိုက်ဆိုင်ချက်ပဲ.. မြင်မြင်ချင်းအချစ်လို့ဆိုရမှာပေါ့"
ရှန့်ရှင်းဟယ်၏နှုတ်ခမ်းထောင့်က မြင့်တက်သွားသည်။ သူ စိတ်အခြေအနေကောင်းနေကြောင်း ရှုကျင်း အတပ်ပြောနိုင်ပါသည်။
ရှုကျင်းလည်း ပြုံးလျက် ဆိုပါ၏။
"ကံကောင်းတယ်လို့ပဲ ပြောရမှာပေါ့"
ကျန်းကျန်းက ဝင်ပြော၏။
"အဲ့နေ့က ရှုကျင်းက ချော်လဲပြီး ဒူးပြဲသွားတာလေ.. ဟိုတယ်ခန်းထဲ ရောက်တာနဲ့ချက်ချင်း မစ္စတာရှန့်က ဆေးဝယ်ခိုင်းတာ.. ငါလေးခမျာ ဓာတ်လှေကားတောင် မစီးနိုင်ဘဲ အနောက်လှေကားကနေပဲ ပြေးဆင်းရတယ်"
ကျန်းကျန်းက ရှုကျင်းမသိသည့်ကိစ္စအား ပြောပြရင်း ရယ်မောသည်။
"မစ္စတာရှန့်တစ်ယောက် ဒီလောက်ကြီးစိတ်ပူတတ်တာ အဲ့နေ့မှ မြင်ဖူးသွားတာလေ.. ဓာတ်လှေကားမှာ တွေ့တုန်းကလည်း ဒီနှစ်ယောက် စကားလည်းသိပ်မပြောဘဲနဲ့ ဘာလို့အရမ်းဂရုစိုက်နေရတာလဲပေါ့.. နောက်တော့ မစ္စတာရှန့်က ဟိုတယ်ဆီဖုန်းဆက်ပြီး ရေကူးကန်ကြမ်းပြင်က အရမ်းချော်တယ်ဆိုပြီး ကွန်ပလိန်းတက်ပါလေရော.. အဲ့တော့မှ လုံးစေ့ပတ်စေ့ရိပ်မိသွားတော့တာ"
__ဒီလိုမျိုး ဖြစ်ခဲ့တာတဲ့လား?
ရှုကျင်းက ရှက်ရွံ့သွားကာ ရှန့်ရှင်းဟယ်ဆီ လှည့်ပြော၏။
"တကယ်တော့ ဟိုတယ်ကြမ်းပြင်ချောတာကြောင့် မဟုတ်ပါဘူး.. ကျွန်တော့်ဘာသာကျွန်တော် ခြေထောက်ခေါက်ပြီး ချော်လဲသွားတာ.. ဟိုတယ်က မှားတာဆိုရင် သူတို့ကို ချက်ချင်းပြောမှာပေါ့"
ရှန့်ရှင်းဟယ်က ရှုကျင်းပန်းကန်ထဲ စားစရာများ ထည့်ပေးရင်း နောက်လေသည်။
"ဘာမှမဖြစ်ပါဘူး.. ဟိုတယ်ပိုင်ရှင်က ကိုယ့်ကို ပြန်မပြောရဲပါဘူး"
ရှုကျင်းခမျာ အာစေးမိသွားရ၏။ ရှန့်ရှင်းဟယ်တစ်ယောက် ယောင်ချာချာဖြစ်သွားပြီလော ဟူ၍။
အခြားသော အသက်ကြီးကြီးလုပ်ဖော်ကိုင်ဖက်တစ်ဦးကလည်း ဝင်ပြောပြန်၏။
"ဟားဟားဟားဟား ရှုကျင်း အရမ်းမကြောက်ပါနဲ့.. ဟိုတယ်ပိုင်ရှင်က မစ္စတာရှန့်ရဲ့သူငယ်ချင်းပဲလေ! မဟုတ်ရင် မစ္စတာရှန့်တစ်ယောက် ရစ်ပုံနဲ့ အဲ့မှာ အမြဲဘယ်တည်းလို့ရပါ့မလဲ? ဘာပဲပြောပြော နှစ်ယောက်တွေ့ဖြစ်ကြတာလည်း အဲ့ဟိုတယ်ကြောင့်ပဲမလား?"
ရှန့်ရှင်းဟယ် : "အဲ့တော့ ငါ သူ့ဆီ အန်ပေါင်းသွားပေးရမှာလား?"
အားလုံး တဟားဟားရယ်မောကြလေသည်။
အစာစားနေရင်းပင် တစ်စုံတစ်ဦး နောက်ကျမှ ရောက်လာ၏။
ရောက်လာသူမှာ အရပ်ရှည်ရှည်လူတစ်ယောက်ဖြစ်ပြီး ရှုကျင်းအတွက် ရင်းရင်းနှီးနှီးမြင်ဖူးနေသလိုပင်။ အကုန်လုံးက သူ့အား 'မစ္စတာကျင့်'ဟု ခေါ်ကြရာ ရှုကျင်းက ထိုလူမှာ ရှန့်ရှင်းဟယ်၏ကောလိပ်အတန်းဖော် ကျင့်ချောင်ဖြစ်ကြောင်း သတိရသွားတော့၏။ ယခင်တစ်ခေါက်ကလည်း ရှန့်ရှင်းဟယ် သူ့အကြောင်း ပြောပြဖူးသည်လေ။
ကျင့်ချောင်က ထိုင်ခုံ၌ ဝင်ထိုင်လိုက်ပြီး ပန်းကန်နှင့်တူကို တောင်းခံလိုက်၏။ ထို့နောက် 'မင်္ဂလာနှစ်သစ်ပါ'ဟု ဆုတောင်းပေးပြီး ရှုကျင်းအား တည့်တည့်ကြည့်လာသည်။
"မတွေ့တာကြာပြီနော်"
တစ်ဖက်လူ၏မျက်လုံးများက စူးရှထက်မြက်လွန်းသည်ပင်။ ထိုလူက ရှုကျင်း၏နှလုံးသားထဲထိ ဝင်ရောက်ကြည့်နိုင်ပါသကဲ့သို့။ ရှုကျင်းလည်း အနည်းငယ်တော့ ထိတ်လန့်သွား၏။
"ဟုတ်တယ် မတွေ့တာ ကြာပြီ"
သို့တစေ နောက်စက္ကန့်ပိုင်းအတွင်းမှာပင် ကျင့်ချောင်က သွားဖြူတန်းများပေါ်သည်အထိ ပြုံးပြပြီး လှိုက်လှိုက်လှဲလှဲဆိုလာသည်။
"မင်း ဒီရောက်နေတယ်ကြားလို့ အထူးတလည်လာခဲ့ရတာ.. ဒီတစ်ခေါက်တော့ မင်းကို အပိုင်သိမ်းထားဖို့ ရှန့်ရှင်းဟယ်ကို ကူညီပေးမလို့.. လှစ်ခနဲ ထပ်ထွက်ပြေးလို့မရတော့အောင်ပေါ့ ဟားဟား!"
ရှန့်ရှင်းဟယ်က မျက်လုံးပင့်တင်ရင်း ပြောပါ၏။
"ရေနွေးကြမ်းသာ သောက်စမ်းပါ"
ကနဦး၌ ပုံမှန်ညစာစားပွဲလေးသာ ဖြစ်သော်လည်း ရှုကျင်းအား ကြိုဆိုပွဲလေး ဖြစ်သွားခဲ့သည်။ ရှုကျင်းအတွက်လည်း ပျော်စရာကောင်းသည့်အချိန်များပင်။
ရှုကျင်းက ထိုသို့သောအစီအစဥ်အတွက် စိတ်အနှောင့်အယှက်မဖြစ်မိ။ ထိုညမတိုင်မီအထိ ရှန့်ရှင်းဟယ်၏အလုပ်ရပ်ဝန်းနှင့်လုပ်ဖော်ကိုင်ဖက်များက မည်သို့မည်ပုံရှိကြောင်း မသိရှိခဲ့။ လက်တွေ့တွင်တော့ သူတွေးထားခဲ့သည်နှင့် တခြားစီဖြစ်နေသည်ပင်။
ညစာစားပြီးနောက် အိမ်ပြန်ရန် ဆိုင်တံခါးပေါက်၌ အသီးသီးနှုတ်ဆက်ကြ၏။ ရှုကျင်းက ဝိုင်နှစ်ခွက်သောက်ထား၍ အနည်းငယ်မူးဝေဝေဖြစ်နေသည်။ ရှန့်ရှင်းဟယ်က တက္ကစီငှားရန်အတွက် လမ်းဆုံသို့ လျှောက်သွားနှင့်၏။
ရှုကျင်းနှင့်အတူကျန်ခဲ့သည့် ကျင့်ချောင်က ရုတ်တရက်ပြောလာလေသည်။
"ဒီတစ်ခါတော့ သူ့ကို မထားခဲ့နဲ့တော့နော်"
လေအေးတစ်ဝှေ့က ရှုကျင်း၏မျက်နှာပေါ် ဖြတ်တိုက်သွား၏။ ရှုကျင်းလည်း လန့်ဖျပ်သွားလေသည်။ သို့သော်ငြား ကျင့်ချောင်၏မျက်နှာထက်ရှိ လေးလေးနက်နက်အမူအရာကို မြင်တွေ့လိုက်ရ၏။
ရှုကျင်း ထိတ်လန့်သွားကြောင်းကို မြင်သော် ကျင့်ချောင်က တစ်ဖန် ပြုံးပြလာသည်။ ထို့နောက် နှေးကွေးစွာ စကားဆို၏။
Advertisement
"မကြောက်ပါနဲ့.. ငါက အပြင်လူသက်သက်ပဲ.. ဒါက မင်းအတွက် မလွယ်ဘူးဆိုတာလည်း ငါနားလည်ပါတယ်.. ငါသာ မင်းနေရာမှာဆိုရင်လည်း ငါလည်းပဲ..... ဒါပေမဲ့ မင်းက ထူးခြားတယ် ရှုကျင်း.. ရှန့်ရှင်းဟယ်အတွက်လည်း မင်းက တစ်ယောက်တည်းသောသူပဲလို့ ငါယုံတယ်"
ရှုကျင်းလည်း ခေါင်းငုံ့ကာ နှစ်စက္ကန့်၊ သုံးစက္ကန့်မျှ တစိမ့်စိမ့်စဥ်းစားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ကဲ့!"
ကျင့်ချောင်က ရှန့်ရှင်းဟယ် ထိုနှစ်များအတွင်း မည်သို့နေထိုင်ခဲ့ကြောင်း မပြောပြခဲ့သလို ရှုကျင်းကိုလည်း အပြစ်မတင်ခဲ့။ သို့သော် စကားတစ်ခွန်းကိုသာ ဆိုလာသည်။
"မင်းက တစ်မူထူးလိမ့်မယ်ဆိုတာ ငါသိတယ်.. ဘာလို့လဲဆိုတာ သိချင်လား?"
ရှုကျင်း : "ဘာလို့လဲ?"
ထိုအခါ ကျင့်ချောင်က ဆက်ပြော၏။
"လွန်ခဲ့တဲ့နှစ်နှစ်တုန်းက ရှန့်ရှင်းဟယ်က ငါ့ကိုပြောတယ်.. သာမန်လူရဲ့မျက်စိပုံစံနီးပါးဖြစ်အောင် ကုပေးတဲ့ မျက်လုံးအတုပညာရပ်ဆိုတာ ပေါ်နေပြီတဲ့.. တော်တော်လည်း ခရီးရောက်နေပြီး ခွဲစိတ်မှုတွေကလည်း အောင်မြင်တယ်ပေါ့.. အမြင်အာရုံကတော့ ပြန်ရနိုင်မှာမဟုတ်ဘူး.. သူပြောတာက သူသာ အဲ့ကုသမှုကို ခံယူပြီး မင်းကို သွားရှာရင် မင်းရင်ဘတ်ထဲက ဝန်ထုပ်ဝန်ပိုးကြီးက ပိုပေါ့သွားလိမ့်မယ်တဲ့"
ရှုကျင်း၏ခန္ဓာကိုယ်တစ်ခုလုံး အေးစက်တောင့်တင်းသွားရသလို။ အတွေးက ဗလာဖြစ်သွား၏။
__လွန်ခဲ့တဲ့နှစ်နှစ်?
ထိုအချိန်တုန်းက သူတို့နှစ်ဦး ပြန်လည်မဆုံဖြစ်သေး။ မာနကြီးလှသည့်ရှန့်ရှင်းဟယ်က ဤအထိ စီစဥ်ထားပြီးသတဲ့လား?
"အခုတော့ မင်းလည်း တွေ့တိုင်းအတိုင်းပဲ သူအဲ့လိုမလုပ်ခဲ့ဘူးလေ.. ငါလည်း သူအဲ့လိုလုပ်မှာကို သဘောမတူဘူး.. လူတွေအားလုံးက ပိုပြီးကြည့်လို့ကောင်းအောင် ပြင်ဖို့အတွက် အခွင့်အရေးရှိကြတာပဲလေ.. ဒါပေမဲ့ ငါ သူ့ကို ကောင်းကောင်းသိတယ်.. သူက ဒီလိုဟာမျိုးတွေကို ဂရုမစိုက်တတ်ဘူး.. တကယ်လို့ တခြားလူတွေအမြင်မှာ ပိုကြည့်ကောင်းသွားအောင် ခွဲစိတ်မှုခံယူလိုက်ရင် သူပိုင်တဲ့ အဲ့ဒီအစိတ်အပိုင်းလေးက လုံးဝပျောက်ကွယ်သွားတော့မှာ"
ရှုကျင်း၏မျက်လုံးများ နီရဲလာ၏။ သနားစရာပုံလေး ပေါက်နေတော့သည်။
ကျင့်ချောင်က ပြော၏။
"ဒီတစ်ခါ သူ အလုပ်ခရီးကနေပြန်လာတဲ့အချိန် သူ့နှလုံးသားက မင်းဆီမှာပဲ အခြေတည်နေတုန်းဆိုတာ ငါနားလည်လိုက်တယ် အာ့"
ကားတစ်စင်း သူတို့ဆီ ဖြည်းညင်းစွာ မောင်းနှင်လာသည်။
ရှန့်ရှင်းဟယ်က ကားသမားအား ဖုန်းဆက်ပြီး လမ်းလျှောက်ကာ ပြန်လာခဲ့၏။
ကျင့်ချောင် : "နောက်တစ်နည်းပြောရရင် သူ မင်းကို လက်လွှတ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး"
T/N - Two more chapters to go!
ZAWGYI
ဖြင့္ဟဝန္ခံၿပီးေနာက္ အိပ္ေပ်ာ္သြားခဲ့ေသာ ရွုက်င္းဟာ ရွန့္ရွင္းဟယ္အား ထိုသို႔ေျပာျဖစ္ခဲ့သည့္အတိတ္ကာလက ျဖစ္ရပ္မ်ားကို အိပ္မက္ထဲ၌ ျမင္မက္ခဲ့၏။
ေရခဲမုန့္အတူတကြစားခဲ့သည့္ ေႏြရာသီညေနခင္းမ်ား၊ သစ္ပင္ေအာက္၌ ပုန္းခိုရင္း အနမ္းေပးခဲ့ၾကသည့္အခ်ိန္မ်ား၊ အတူတူေခြးေက်ာင္းထြက္ခဲ့သည့္အခ်ိန္မ်ား၊ ကိတ္မုန့္လုပ္စားျဖစ္သည့္အခ်ိန္မ်ားႏွင့္ အတူတကြ ခရီးသြားခဲ့ၾကသည့္အခ်ိန္မ်ား။ ကိုယ္လက္ႏွီးေႏွာေနရင္းလည္း ထိုသို႔ ေျပာျဖစ္ခဲ့ၾကပါေသးသည္။
ရွန့္ရွင္းအား 'ခ်စ္တယ္'ဟု တဖြဖြေျပာခဲ့ေသာ္ျငား လမ္းခြဲသည့္ေန႔၌ ရွန့္ရွင္းဟယ္က 'ကိုယ့္ကို ခ်စ္ဖူးခဲ့ရဲ့လား'ဟု ေမးျမန္းခဲ့ပါသည္။
ထိုေန႔က ရွုက်င္း အေျဖျပန္မေပးျဖစ္ခဲ့။ သို႔ေသာ္ျငား ႏွလုံးသားထဲတြင္ေတာ့ 'တကယ္ခ်စ္ပါတယ္'ဟု အစဥ္ဆက္တိုက္ေရရြတ္ေနခဲ့၏။
လြန္ခဲ့သည့္ႏွစ္အနည္းငယ္အတြင္း ရွန့္ရွင္းဟယ္ ထိုစကားလုံးမ်ားအား ၾကားနိုင္၊ မၾကားနိုင္ကိုျဖင့္ ရွုက်င္း မသိရွိ။
သည္တစ္ႀကိမ္တြင္ေတာ့ ရွန့္ရွင္းဟယ္ ၾကားနိုင္ခဲ့ၿပီ။
ရွုက်င္း နိုးလာသည့္အခ်ိန္ ေကာင္းကင္ယံကပင္ အနည္းငယ္ ေမွာင္မိုက္ေနၿပီျဖစ္သည္။ အခန္းငယ္ေလးအတြင္း ျပတင္းေပါက္ျမင့္ျမင့္တစ္ခုသာ ရွိ၏။ အျပင္ဘက္ေကာင္းကင္၌ မီးခိုးေရာင္တိမ္မ်ားက ဟိုတစ္စသည္တစ္စ။
အိပ္ေမာက်သြားစဥ္ကႏွင့္ တစ္ပုံစံတည္း လွဲေလ်ာင္းေနၾကဆဲပင္။ ရွန့္ရွင္းဟယ္နိုးလာၿပီး နံေဘးရွိအၾကင္လူအား တစိမ့္စိမ့္ေငးၾကည့္ေန၏။
ရွုက်င္းက မ်က္လုံးပြတ္ကာ ျပန္မွိတ္လိုက္သည္။ ထို႔ေနာက္ ရွန့္ရွင္းဟယ္၏လက္ေမာင္းအား နဖူးျဖင့္ တို႔ကာထိကာ ပြတ္သပ္ေနေလ၏။
"အခုထိ ႏွိုးစက္မျမည္ေသးသလိုပဲေနာ္?"
ရွန့္ရွင္းဟယ္ : "ကိုယ္ ပိတ္ထားတာ"
ရွုက်င္းက 'အိုး'ဟု အာေမဍိတ္ျပဳကာ ထပ္ေမးလိုက္သည္။
"ဘယ္ႏွနာရီရွိၿပီလဲ?"
"ညေနေလးနာရီရွိၿပီ" ထို႔ေနာက္ တည္ၿငိမ္ဩရွသည့္အသံျဖင့္ ေမးလိုက္၏။ "နည္းနည္းေလာက္ ထပ္အိပ္ခ်င္ေသးလား?"
ရွုက်င္းမွာ ရွန့္ရွင္းဟယ္၏စကားေၾကာင့္ အံ့အားသင့္သြားရသည္။ ႐ုတ္တရက္ ထထိုင္ကာ ဆိုပါ၏။
"ကၽြန္ေတာ့္ကို ဘာလို႔အၾကာႀကီးအိပ္ခိုင္းေနတာလဲ?"
ေျပာရင္းဆိုရင္း သူ႔ဘယ္ဘက္လက္ေမာင္းသူ ျပန္ႏွိပ္ေနရသည္။ အခ်ိန္ၾကာျမင့္စြာ မလွုပ္မယွက္အိပ္စက္ေနျခင္းက တစ္ကိုယ္လုံးကို ထုံက်င္ေစ၏။
ထို႔ေနာက္ ရွန့္ရွင္းဟယ္လည္း အိပ္ယာမွထထိုင္လိုက္သည္။ ရွန့္ရွင္းဟယ္က ယခင္အတိုင္း ရွုက်င္းကိုသာ တိတ္တဆိတ္ေငးၾကည့္ေနေသး၏။ မ်က္ဝန္းထဲ၌လည္း နက္ရွိုင္းသည့္ခံစားမွုမ်ားက ျပည့္လၽွမ္းေနသည္။ တစ္စုံတစ္ခုျဖစ္ပ်က္ေတာ့မည္မွန္း ရွုက်င္းခန့္မွန္းလိုက္မိ၏။
ရွုက်င္း ပါးစပ္ဟကာ ေမးျမန္းမည္အျပဳ ရွန့္ရွင္းဟယ္က ေရွ႕သို႔ကိုင္းလိုက္ၿပီး ရွုက်င္း၏ႏွုတ္ခမ္းထက္ အနမ္းတစ္ပြင့္ေႁခြလိုက္သည္။ ဖြဖြနမ္း႐ုံမကဘဲ စုပ္ယူနမ္းရွိုက္လိုက္ျခင္း။ အေသးစိတ္က်လြန္းေသာ္ျငား ဦးေဆာင္သူက ႐ုတ္တရက္ တပ္ျပန္ဆုတ္သြားျပန္၏။
ထိုအနမ္းေၾကာင့္ အသံတိုးတိုးေလးပင္ ထြက္သြားရာ ရွုက်င္း၏မ်က္ႏွာတစ္ျပင္လုံး နီရဲတက္လာေတာ့သည္။ ေၾကာင္အအထိုင္ရင္း မည္သည္ကိုဆက္လုပ္ရမည္မွန္း မသိေတာ့။
ရွန့္ရွင္းဟယ္က ရွုက်င္း၏နဖူးအား နမ္းရွိုက္ၿပီးေနာက္ အသံဩရွရွျဖင့္ ေျပာလာ၏။
"ဒီမွာ ေနခ်င္ေသးရင္လည္းရတယ္.. ပ်င္းရင္လည္း အျပင္ထြက္လာၿပီး ကြန္ပ်ဴတာသုံးခ်င္လည္းရတယ္.. ကိုယ္ လက္စသတ္စရာေလးေတြ က်န္ေသးလို႔.. ေျခာက္ခြဲက်ရင္ ကုမၸဏီကလူတခ်ိဳ႕နဲ႔ ညစာသြားစားၾကမယ္"
ညေနေစာင္းေသာ္ ရွန့္ရွင္းဟယ္က အခ်ိန္ပိုဆင္းေနရသည့္ ကုမၸဏီဝန္ထမ္းမ်ားကိုပါ ညစာစားရန္ ေခၚေဆာင္လာခဲ့ေလသည္။ ရွုက်င္းပါလာသည့္အတြက္ အျခားလူမ်ား စိတ္လွုပ္ရွားေနေၾကာင္းကိုေတာ့ ေျပာေနရန္ပင္ မလိုေတာ့။
စားေသာက္ဆိုင္သို႔ေရာက္သည့္အခါ အနီးအနား၌ ဖုန္းဆိုင္တစ္ဆိုင္ရွိေနေၾကာင္း ေတြ႕လိုက္ရ၏။ ရွန့္ရွင္းဟယ္က က်န္းက်န္းအား စားစရာမွာထားႏွင့္ရန္ေျပာၿပီး ရွုက်င္းအား ေခၚေဆာင္ကာ ဖုန္းသြားဝယ္ေလသည္။
ရွုက်င္း ဖုန္းအသစ္မလဲျဖစ္သည္မွာ ႏွစ္အေတာ္ၾကာေနၿပီ။ ထို႔ေၾကာင့္ ေနာက္ဆုံးေမာ္ဒယ္အား ေကာက္ကိုင္လိုက္၏။
ထိုဖုန္းတန္ဖိုးက သူ႔လစာ၏တစ္ဝက္ခန့္ရွိရာ မ်က္ႏွာရွုံ႔မဲ့သြားၿပီး စိတ္ဆင္းရဲသြားေတာ့သည္။ တစ္ခ်ိန္တည္းမွာပင္ ဖုန္းအေဟာင္းေလးအား သတိရလာမိ၏။
ရွန့္ရွင္းဟယ္က ေငြရွင္းကာ ဖုန္းကဒ္လဲရန္ ေခၚေဆာင္သြားေတာ့မွ ရွုက်င္းခမ်ာ စိတ္ႏွင့္လူႏွင့္ ျပန္ကပ္နိုင္ေတာ့သည္။
ဖုန္းအသစ္က လုပ္ေဆာင္မွုစြမ္းရည္ပိုျမင့္မားၿပီး စနစ္မ်ားကလည္း သုံးစြဲရပိုလြယ္၏။ စားေသာက္ဆိုင္သို႔အျပန္လမ္း၌ ရွုက်င္း၏အာ႐ုံက ဖုန္းအသစ္စက္စက္ထဲ၌သာ နစ္ေျမာေနေတာ့သည္။ ဖုန္းအသစ္ေလးအား ကလိေနကာ သိလိုသမၽွကို ရွန့္ရွင္းဟယ္အား တတြတ္တြတ္ေမးျမန္းေန၏။
"တန္သားပဲ.. အစကတည္းကသာ သိရင္ ဖုန္းလဲလိုက္တာၾကာေပ့ါ" ရွုက်င္းက မွတ္ခ်က္ျပဳၿပီးေနာက္ သက္ျပင္းခ်ျပန္သည္ "အသစ္လဲထားရင္ အခုဆို အဲ့အေဟာင္းေလးကို အစားထိုးျပန္သုံးေနလို႔ရတယ္"
ရွန့္ရွင္းဟယ္က ရက္ရက္စက္စက္ ေထာက္ျပ၏။
"ဒါဆို ေပ်ာက္သြားတာက ဖုန္းအသစ္ျဖစ္ေနမွာေပါ့"
ရွုက်င္း : "..."
__ဟုတ္သားပဲဟ။
ရွန့္ရွင္းဟယ္က အျပစ္ရွာၿပီးေနာက္ ရွုက်င္းအား ဖုန္းထပ္မၾကည့္ခိုင္းေတာ့။
"ခဏသိမ္းထားၿပီး လမ္းေသခ်ာေလၽွာက္"
သူတို႔ႏွစ္ဦးဟာ ေရွာ့ပင္းေမာလ္အျပင္ဘက္၌ မတ္တပ္ရပ္ေနၾကသည္။ လွပစြာ ထြန္းလင္းေနေသာ ေရပန္းအနီး၌ ကေလးငယ္အမ်ားအျပား စုေဝးေနၾက၏။ အနီေရာင္မီးပုံးမီးအိမ္မ်ားကိုလည္း ေနရာအႏွံ့ အလွဆင္ထားၾကသည္။
ရွုက်င္းက ဖုန္းအသစ္စက္စက္ေလးကို ကုတ္အကၤ်ီအိတ္ကပ္ထဲ ထည့္ထားလိုက္ၿပီး ရွန့္ရွင္းဟယ္ႏွင့္ ေဘးခ်င္းကပ္ရပ္ တစ္လွမ္းခ်င္း ဆက္ေလၽွာက္ေန၏။ ထို႔ေနာက္ သဘာဝက်က်ပင္ ရွုက်င္းလက္က ရွန့္ရွင္းဟယ္လက္၏ေထြးေပြ႕ျခင္းကို ခံလိုက္ရၿပီ။
လမ္းထက္တြင္ လူအမ်ား လွုပ္ရွားသြားလာေနၾကရာ တစ္ဦးမဟုတ္တစ္ဦးေတာ့ သတိထားမိမည္ပင္။
သို႔ေသာ္ ရွန့္ရွင္းဟယ္က ထိုအရာမ်ားကို ဂ႐ုစိုက္ေနပုံမေပၚ။ အတိတ္ကာလက ဆယ္ေက်ာ္သက္လူငယ္ေလးတစ္ဦးလည္း မဟုတ္ေတာ့။ ဆႏၵရွိရာလုပ္ကိုင္ေနသည့္ အစြမ္းအစရွိ အရြယ္ေရာက္လူႀကီးတစ္ဦး ျဖစ္သြားၿပီျဖစ္ရာ လူအမ်ားအျမင္က သူ႔အတြက္ ျပႆနာမဟုတ္ေတာ့။
ရွုက်င္းက စကၠန့္ပိုင္းမၽွ တြန့္ဆုတ္ေနလိုက္ေသးသည္။ ထို႔ေနာက္ ရွန့္ရွင္းဟယ္၏လက္အား ခ်က္ခ်င္း ျပန္ကိုင္ကာ ဖုန္းအသစ္ကို ေမ့ထားလိုက္ၿပီး ရွန့္ရွင္းဟယ္၏ညာဘက္မ်က္ႏွာကိုသာ လမ္းေလၽွာက္ရင္း တစ္ဝႀကီး ေငးေမာေနလိုက္၏။
ရွုက်င္း ခန့္မွန္းမိသေလာက္ ရွန့္ရွင္းဟယ္ဟာ သူဖုံးကြယ္ထားသည့္ ကိစၥကို သိရွိၿပီးသြားေလာက္ၿပီ။
ႏွစ္ေပါင္းမ်ားစြာ သုံးစြဲေနခဲ့ေသာ ဖုန္းအေဟာင္း၊ ေဈးေပါကာ က်ဥ္းၾကပ္လြန္းသည့္ တိုက္ခန္း၊ ယခင္ကေျပာခဲ့ဖူးေသာ ေရာင္းလိုက္ရသည့္ မိသားစုေနအိမ္ႏွင့္ ယခုလတ္တေလာ အစားအေသာက္ႏွင့္ အဝတ္အစားအေျခအေန။ ေငြေရးေၾကးေရးက ယခင္ကႏွင့္ အလြန္ကြာျခားသြားေၾကာင္း သိသာေနသည္ေလ။
ယခုရွုက်င္းက အတိတ္ရွုက်င္းႏွင့္ လုံးလုံးလ်ားလ်ား ကြဲျပားသြားသည္ဟု ဆိုနိုင္ပါသည္။
ေဇာက္ထိုးမိုးေမၽွာ္ျဖစ္သြားၿပီးေနာက္ ရွုက်င္းႏွင့္ ရွန့္ရွင္းဟယ္တို႔ဟာ အတိတ္ကာလႏွင့္ ကေျပာင္းကျပန္စီ။
သို႔ေသာ္ျငား ကံေကာင္းသည္က တစ္ဦးႏွင့္တစ္ဦး ပို၍နီးကပ္လာေစရန္ ႀကိဳးစားအားထုတ္ေနၾကဆဲ။
ညစာစားခ်ိန္၌ ရွန့္ရွင္းဟယ္က ရွုက်င္းအား တျခားသူမ်ားႏွင့္ တရားဝင္မိတ္ဆက္ေပးခဲ့သည္။ စကားဦးမသန္းေတာ့ဘဲ ပုံမွန္အတိုင္း လိုရင္းတိုရွင္း ေျပာလိုက္၏ : "ဒါ ငါ့ေကာင္ေလး ရွုက်င္း"
အားလုံးက လက္ခုပ္တီးၿပီး ႀကိဳဆိုၾကေလသည္။
အစ၌ ရွုက်င္းက အေနရခက္စြာျဖင့္ ရွက္ရြံ႕ဟန္မျပဘဲ ရွန့္ရွင္းဟယ္အတြက္ အရွက္ကြဲစရာမျဖစ္ေစရန္ အတတ္နိုင္ဆုံး ထိန္းထိန္းသိမ္းသိမ္းေန၏။
သို႔ေသာ္ တူကို ေကာက္ကိုင္လိုက္ခ်ိန္၌ပင္ ေအာက္လြတ္က်မတတ္ျဖစ္သြားခဲ့သည္။ "ေကာင္ေလး"ဟူေသာ စကားလုံးက ႏွလုံးခုန္သံကို အရိုင္းဆန္ေစ၏။ သူတို႔ႏွစ္ဦးအၾကား ထိုသို႔ေခါင္းစီးတပ္သည္မွာ ပထမဆုံးအႀကိမ္ပင္။ သူငယ္ခ်င္းအေနႏွင့္ မဟုတ္ခဲ့သလို၊ ညီအစ္ကိုအေနႏွင့္လည္း မဟုတ္ခဲ့။ ခ်စ္သူရည္းစားအေနႏွင့္ပင္။
"ရွုက်င္း.. အာ... က်န္းက်န္းေျပာတာ ၾကားဖူးတယ္" နံနက္က ရွန့္ရွင္းဟယ္၏႐ုံးခန္းထဲ၌ ေခ်ာကလက္ယူသြားေသာ လူငယ္က ဆိုလာ၏။ "ေနာက္ဆုံးတစ္ခါ အလုပ္ကိစၥခရီးသြားတုန္းက မစၥတာရွန့္နဲ႔ ေတြ႕ခဲ့တယ္ဆို? အတိတ္က ရင္ခုန္သံေတြ မရပ္တန႔္ေသးဘူးေပါ့? အာ့"
ရွုက်င္းက ေမာ့ၾကည့္လိုက္ရာ က်န္းက်န္းက ထိုလူငယ္အား မ်က္စပစ္ျပေနေၾကာင္း ျမင္ေတြ႕လိုက္ရ၏။ အနည္းငယ္ေတာ့ စိတ္သက္သာရာရသြားရသည္။
"ကၽြန္ေတာ္တို႔ကုမၸဏီရဲ့ႏွစ္ကုန္ေပ်ာ္ပြဲရႊင္ပြဲမွာ ခရီးသြားလက္မွတ္မဲေပါက္ေတာ့ သူနဲ႔ေတြ႕ျဖစ္သြားတာပါ"
လူငယ္ကလည္း ကိုယ့္ေပါင္ကိုယ္ ျပန္ပုတ္ရင္း ဆို၏။
Advertisement
- In Serial77 Chapters
Today’s Dinner Is The Hero
A pure-hearted, doting tsundere Demon Lord ✕ a straightforward, oblivious airheaded Hero! A story about the hero being kept as livestock for sucking blood when he was defeated by the Demon Lord.
8 782 - In Serial42 Chapters
Why The King Needs A Secretary
Celestia lives in the back alley of Golddina and has a skill that can dispel magic.
8 779 - In Serial46 Chapters
Boss and his Babygirl
He saw her, he saved her, he healed her and he claimed her. "Every man needs a woman when his life is a mess, because just like chess; the Queen protects the King". Mature themes and content
8 440 - In Serial67 Chapters
AN ACT OF LOVE ✔
Hussain Asif, a famous married actor using his acting skills perfectly in his Reel and Real life and fooling people around most her own wife Amaya.Amaya is punjabi muslim girl arranged with hussain in marriage .....to find out more read it,... :)(English dialoge for those who can't really understand urdu much :)Credit: @ReedaAsif for editing and English dialog translations.#274 in Romance (Sept 21, 2015)
8 171 - In Serial132 Chapters
Joji X Reader-- Boy Next Door
You are a normal girl, with a good and amazing past, Well that's what everyone thinks... You live in a small apartment but with big dreams. The only thing stopping you is the boy next door. He makes too much noise and sometimes it affects you more than it should. But who is this... The boy next door?You went to Harvard and thought "I will be big!" In the end. You work in a store and your only friend... Is Paper Towns, the book.(Look, dude, I wrote this back in middle school. Stop catching my mistakes and just read it for fun or get out. Also please don't show this to Joji, I lost all my dignity writing this story anyway)
8 121 - In Serial30 Chapters
His Mistake
officer marq makes a mistake by sleeping with one of his inmates
8 231

