《Please Don't See Me [Mm Transl. || Completed]》CHPATER-19
Advertisement
UNICODE
ဤသည်ကား သူတို့နှစ်ဦး အတူတကွ ရှိခဲ့ကြသည့်လဝက်ပင်ဖြစ်၏။
ရှုကျင်းက အတန်းမတက်တော့ဘဲ ခွင့်ရက်ရှည်ယူကာ ရှန့်ရှင်းဟယ်အနား၌သာ နေ့စဥ်နေ့တိုင်း အမြဲရှိနေဖြစ်သည်။
နှစ်ဦးသား အကြည့်ချင်းဆုံခိုက် ရှုကျင်းဘက်မှ စတင်မျက်နှာလွှဲပစ်၏။ စကားပြောရာတွင်လည်း ရှန့်ရှင်းဟယ်၏မျက်နှာအား တည့်တည့်စိုက်မကြည့်ရဲဘဲ မြေကြီးထက်တွင် ရတနာရှိနေသကဲ့သို့ အောက်ကိုသာ ငုံ့ကြည့်မြဲငုံ့ကြည့်တတ်သည်။
ရှုကျင်းမှာ အချိန်တိုင်းလိုလို တွေဝေနစ်မြောနေရာ ရှန့်ရှင်းဟယ်မှစ၍ စကားစမြည်ပြောကြည့်ခြင်း၊ ရှုကျင်းစိတ်ဝင်စားမည့်နေရာများဆီ ခေါ်သွားကြည့်ခြင်း စသည်ဖြင့် အမျိုးမျိုးအဖုံဖုံကြိုးပမ်းကြည့်သော်လည်း ရှုကျင်းခမျာ မိမိကိုယ်မိမိအကြပ်ကိုင်နေသည့်ပမာ ပတ်ဝန်းကျင်နှင့်လုံးလုံးအဆက်အသွယ်ပြတ်နေတော့သည်။
"ကို.. ကို့မျက်လုံးတွေ အကောင်းအတိုင်းဖြစ်နေရင်ရော ကျွန်တော့်ကို ချစ်ဦးမှာလားဟင်?"
တစ်ညသော် ရှုကျင်းက ရုတ်တရက် ဤသို့မေးလာ၏။
အလုပ်များနေသည့် ရှန့်ရှင်းဟယ်က ထိုစကားများကို ကြားသော် လက်ပ်တော့ကို ဘေး၌ချ၍ ခေါင်းအုံးထက်၌ရှိနေသူထံ အကြည့်ပို့လိုက်သည်။
"ဘာလို့ အဲ့လိုမေးတာလဲ?"
ရှုကျင်းက ပြန်ဖြေ၏။
"ဒီအတိုင်း စိတ်ကူးကြည့်တာ"
ရှန့်ရှင်းဟယ်က ပြောပါသည်။
"ဒီလိုမေးခွန်းမျိုးက လုံးဝယုတ္တိမရှိဘူးနော် ကောင်လေး.. ကိုယ်မင်းကိုကြိုက်ခြင်း မကြိုက်ခြင်းက ကိုယ့်မျက်လုံးတွေနဲ့မှ မဆိုင်ဘဲ"
ရှုကျင်းက မျက်နှာတစ်ပြင်လုံးကို စောင်ထဲနှစ်မြှုပ်လျက် ရေငုံနှုတ်ပိတ်သာ နေတော့၏။
ရှန့်ရှင်းဟယ်လည်း ရှုကျင်းနံဘေး လှဲချလိုက်လေသည်။ လက်မောင်းဖြင့် ရှုကျင်း၏ခါးကို ဖက်လျက် သက်ပြင်းမောရှိုက်ကာ ပြောဆို၏။
"ခုတလော ဘာတွေဖြစ်နေတာလဲ? ဦးလေးက ဘယ်လိုပဲလုပ်လုပ် ကိုယ်တို့နှစ်ယောက်လုံး ဂရုမစိုက်ဖို့ သဘောတူထားပြီးပြီမဟုတ်ဘူးလား?"
ခေတ္တမျှရပ်ကာ ဆက်ပြောသည်။
"တကယ်ဆို ကိုယ့်မျက်လုံးတွေကြောင့်သာမဟုတ်ဘူးဆိုရင် ဦးလေးကလည်း ကိုယ့်ကို ထောက်ပံ့ပေးမှာမဟုတ်သလို မင်းနဲ့လည်းတွေ့ရလိမ့်မယ်မထင်ဘူး"
ခြုံစောင်က အင်မတန်နွေးထွေးလွန်းနေခဲ့ပါသည်။
ထို့နောက် လူနှစ်ဦး၏အပူချိန်က တစ်ဦးအပေါ် ရမ္မက်ဇောရှိန် တိုးမြှင့်ပေးလိုက်ပါသလို။
ရှုကျင်းက မျက်လုံးစုံမှိတ်ထားလျက် ရှန့်ရှင်းဟယ်အား တစ်ဇွတ်ထိုးအနမ်းများဖြင့် အငမ်းမရနမ်းရှိုက်လေသည်။ နှစ်ဦးသားအား စောင်အောက်၌ ပုန်းကွယ်နေကြရာ အသံများက တိုး၍တစ်မျိုး၊ ကျယ်၍တစ်ဖုံ၊ ရှည်သံစွဲမြည်လျက် စက္ကန့်မလပ်ထွက်ပေါ်နေကြ၏။
ရှုကျင်းက နာကျင်မှုအား တစ်ဟုန်ထိုးခံစားရလေသည်။ ဆိုရပါလျှင် သူတို့နှစ်ဦး လုပ်ဖူးကြသည့်အကြိမ်ရေမှာ လက်ငါးချောင်းပင် မပြည့်သေးချေ။
ရှုကျင်းက နာကျင်မှုကို ခံစားရတော့မည်ဟု အာရုံခံမိတိုင်း အမြဲထွက်ထွက်ပြေးတတ်ရာ ရှန့်ရှင်းဟယ်အနေဖြင့်လည်း ဇွတ်တရွတ်လုပ်ဘဲ အလိုလိုက်ချင်သည့်ကား အမြဲတစေလွှတ်ပေးလိုက်ရ၏။ နှစ်ဦးစလုံးက လေးကြိုးကိုသာ အဆုံးထိ တင်းတင်းကြပ်ကြပ်ဆွဲကိုင်ထားကြပြီး တောင့်ခံထားကြသည်။ မည်သည့်အချိန်တွင်မှ လွှတ်ပေးကြမည်ကိုဖြင့် ခန့်မှန်းမရနိုင်။
ထိုနေ့ရက်များအတွင်း ရှုကျင်းက ကောလိပ်လည်း မတက်သလို ရှုကျုံးယွမ်၏ဖုန်းခေါ်ဆိုမှုများကိုလည်း မဖြေကြားခဲ့ချေ။
မည်သည့်အကြောင်းအရာကိုမျှ မသိသေးသည့်ပမာ လေးလေးနက်နက် စဥ်းစားခန်းဝင်ကြည့်သည့်တိုင် အရှက်သိက္ခာကင်းမဲ့စွာဖြင့် မည်သည့်အရာမျှ မဖြစ်ပျက်သွားသည့်အတိုင်း ဆက်လက်ဟန်ဆောင်ချင်နေမိသေးသည်။ ထို့အပြင် ရှုကျုံးယွမ်နှင့် ပြောဖူးခဲ့သည့် စကားများက အမှန်မဟုတ်သည့်အတိုင်း၊ တစ်ခါမျှပင် မရှိခဲ့ဖူးသည့်အတိုင်း ဟန်ဆောင်လိုက်ချင်သည်။
သို့သော်ငြား ကမ္ဘာကြီးက လွန်စွာသေးငယ်ကျဥ်းမြောင်းလှ၏။
အမှန်တရားမှ ထွက်ပြေးနေဆဲ နောက်ဆုံးနေ့ရက်များအတွင်း အသိတရားရရန် အတင်းအကြပ် တွန်းအားပေးခံလိုက်ရလေသည်။
အရာအားလုံးကို ကံကြမ္မာက စီမံပေးပြီးဖြစ်ရကား လူတစ်ဦးဟာလည်း မိမိပြုမိသမျှအပြစ်မှ ရှောင်လွှဲဖို့ရာ ဝေးဝေးပြေးနိုင်ခြင်းမရှိနိုင်ရာတည့်။
မြို့ထဲ၌ ရှုကျင်းဟာ ထိုမိသားစုနှင့် မထင်မှတ်ဘဲ တွေ့ဆုံခဲ့ရလေသည်။
သာမန်ကျလွန်းသည့် စားသောက်ဆိုင်လေး၌ဖြစ်၏။ ရှုကျင်းသည်လည်း အတွေးပေါင်းစုံနှင့် ကယောင်ချောက်ချားဖြစ်နေရာမှ တစ်ကျော့ပြန်နာလန်ထူနိုင်လာပြီဖြစ်ပြီး ရှန့်ရှင်းဟယ်နှင့်အတူ ထိုနေရာ၌ နာမည်ကြီးအသားကင်အရသာကို လာရောက်မြည်းစမ်းသုံးဆောင်ခြင်းပင်။
စားပွဲထိုးက သူတို့စားပွဲခုံ၌ ပန်းကန်ခွက်ယောက်များကို နေရာလာချပေးသည့်အခိုက် ထိုစားပွဲထိုးက သိသိသာသာ အံ့ဩတုန်လှုပ်ဟန်ပြကာ စကားဆိုလေ၏။
"အယ် တိုက်တိုက်ဆိုင်ဆိုင် ဒီမှာလာတွေ့ရတယ်လို့"
ဤသည်ကား အသက်နှစ်ဆယ်ဝန်းကျင် လူငယ်တစ်ဦးပင်ဖြစ်သည်။
သူတို့နှင့်အသက်မတိမ်းမယိမ်းလောက်ပင် ရှိမည်။
ရှန့်ရှင်းဟယ်ဘက်က စကားပြန်မပြောခဲ့ချေ။
အဆုံး၌ ထိုလူငယ်ကပင် ထပ်ဆိုလာ၏။
".... အသားက မကျက်တကျက်လေးဆို တအားစားကောင်းတာ.. အပူမလောင်စေနဲ့ဦးနော်.. ဒီဘယ်ဘက်ခြမ်းက အချဥ်နဲ့တို့စားရင် အရသာပိုကောင်းတယ်.. စမ်းစားကြည့်ကြည့်"
ရှုကျင်းက 'ကျေးဇူးပါ'ဟု ပြောပြီးနောက် အနှီလူငယ်လေးလည်း ထွက်သွားလေသည်။
ထို့နောက် ရှုကျင်းက မည်သူမည်ဝါဖြစ်ကြောင်း ရှန့်ရှင်းဟယ်အား မေးမြန်း၏။
ရှန့်ရှင်းဟယ်က ရှုကျင်းအား သောက်စရာငှဲ့ပေးပြီးနောက် နဂိုကစိတ်ငြိမ်နေသည့်မျက်နှာအမူအရာ ပျောက်ကင်းသွားပြီး ဖြေဆိုရာအသံ၌ပင် ကတုန်ကယင်ဖြစ်နေမှုကို ထိန်းချုပ်ထားနိုင်စွမ်းမရှိတော့။
"ကိုယ်တို့အိမ်မျက်စောင်းထိုးက မိသားစုလေ.. တခြားကျောင်းတက်ဖို့ဆိုပြီး မြို့ကထွက်သွားတာ.. ဒီမှာအလုပ်လာလုပ်နေတယ်ထင်တယ်"
ရှုကျင်း တစ်စုံတစ်ရာအား ချက်ချင်းသဘောပေါက်မိသွားပြီးနောက် မလှုပ်မယှက် ငိုင်တိငိုင်တိုင် ထိုင်နေမိတော့သည်။
လွန်ခဲ့သည့်လဝက်က ရှုကျုံးယွမ်ပြောခဲ့သည့်စကားများက နားထဲ၌ တစ်ခါပြန်၍ ဗလောင်ဆူလာပါသလို။ ရှုကျင်းဟာ သူ၏ကိုယ်ပိုင်အတွေးထဲ ပြန်လည်သက်ဆင်းသွားရပြန်သည်။ မည်မျှပင် မိမိစိတ်ကိုမိမိလိမ်ညာ၍ အရူးကွက်နင်းနေပါစေ ရင်ဆိုင်ရမည့် အမှန်တရားဟာ စက်ဝိုင်းသဏ္ဍာန်ပြေးလမ်းကြောင်းပမာ ထပ်ခါထပ်ခါ စောင့်ဆိုင်းလျက်ရှိပါ၏။
ခေတ္တကြာသော် စားပွဲထိုးက တခြားလူတစ်ယောက်ဖြစ်သွားလေသည်။ လူငယ်လေးက သူတို့စားပွဲဆီ ထပ်မံမလာတော့ချေ။
ရှုကျင်းက ရှန့်ရှင်းဟယ်ပြောခဲ့ဖူးသည့်စကားများကို နားထဲ တစ်ခါပြန်ကြားယောင်လာ၏။
"အဲ့ဒီကောင်လေးက ကိုယ်နဲ့ မျက်နှာချင်းမဆိုင်ရဲလောက်အောင်ကို ကြောက်နေတာ.. ကိုယ်တို့ဆုံဖြစ်တိုင်း သူက ရှောင်ထွက်သွားတယ်"
ကြီးလေးသည့်အပြစ်တင်စိတ်ကြောင့် နစ်နာသူအား မည်သို့မည်နှယ်ရင်ဆိုင်ရမည်မှန်း မသိသည့်အချက်က မှန်ကန်မျှတပါသည်။ ထို့ကြောင့်ပင် ဆယ်နှစ်ကြာ၍ ရှန့်ရှင်းဟယ်အား နောက်တစ်ဖန် ပြန်ဆုံတွေ့သည့်အချိန်ဝယ် ရှန့်ရှင်းဟယ်၏မီးခိုးရောင်မျက်ဝန်းကို မြင်သည့်အခိုက် ပုန်းရှောင်ထွက်ပြေးဖို့ကိုသာ ရွေးချယ်ဖြစ်ခြင်းပင် ဖြစ်ရမည်။
Advertisement
ထိုလူ၏အရိပ်အယောင်က နွေဦးလေရူးပမာ အစအနပင်မကျန် ပျောက်ကွယ်သွားလေသည်။
မည်သို့ပင်ဆိုစေကာမူ အရာအားလုံးကို ပုံမှန်အတိုင်း ဆက်လက်ဟန်ဆောင်နေရသည့် ရှုကျင်းခမျာလည်း မလွယ်ကူလှချေ။
စားသောက်ဆိုင်မှအပြန် ရှုကျင်း ထိုနေရာဆီ တစ်ယောက်တည်း သွားခဲ့ပြန်သည်။
ဆိုင်ရှင်က အနှီလူငယ် ဆိုင်နောက်ဖေး၌ရှိနေကြောင်း ပြောပြခဲ့ရာ ရှုကျင်း လိုက်သွားစဥ် ထိုလူငယ်က မီးဖိုချောင်အား သန့်ရှင်းရေးလုပ်နေလေ၏။ ဆောင်းဦး၌ ၎င်းလူငယ်လေးက ပလတ်စတစ်ဘွတ်ဖိနပ်အပါးကို စီးလျက် ရှုကျင်းတစ်ခါမျှပင် မထိတွေ့ဖူးသည့်အပြင် မည်သည်အတွက် အသုံးပြုကြောင်းကိုပင် မသိရှိသည့် သန့်ရှင်းရေးကိရိယာများကို ကိုင်ဆောင်ထား၏။ ထို့အပြင် လက်၌လည်း နှင်းကိုက်ရာများက အထင်းသားရှိနေလေသည်။
ရှုကျင်းလည်း ရှန့်ရှင်းဟယ်အား မပြောပြတော့ဘဲ တက္ကသိုလ်ပြန်သွားတက်၏။
ဖုန်းပိတ်ကာ လင်ကျန်းကို တစ်ကိုယ်ထီးတည်းသွား၍ ရှုကျုံးယွမ်နှင့် တွေ့ဆုံလေသည်။
နောက်ဆုံးဝယ် ရှန့်ရှင်းဟယ်နှင့် ဖုန်းအဆက်အသွယ်ရသည့်အချိန်၌ ရှုကျင်း ငိုကြွေးမိ၏။
"လမ်းခွဲကြရအောင်.. ကို့မျက်လုံး ဒီလိုဖြစ်သွားရတဲ့တရားခံက ကျွန်တော်ပါ"
ရှန့်ရှင်းဟယ်၏လေသံအနေအထားမှာကား ရှုကျင်းမျှော်လင့်ထားသည်ထက် ပို၍တည်ငြိမ်အေးဆေးလေသည်။
ခေတ္တကြာသော် ရှုကျင်းအသေအချာတွေးတောမိမှပင် တစ်စုံတစ်ရာကို ခံစားမိ၏။ ဖြစ်နိုင်သည်က ရှုကျင်း ဖုန်းမဆက်မီအချိန်ကတည်းက ရှန့်ရှင်းဟယ် ကြိုတင်သိရှိထားခြင်းပင်။ ဉာဏ်ရည်ထက်သည့်ရှန့်ရှင်းဟယ်က ရှုကျင်း၏ပုံမှန်မဟုတ်သည့်အပြုအမူအပြောအဆိုများကို ဘောက်မဲ့ကြောင့် သတိမထားမိဘဲ ရှိနိုင်အံ့နည်း။
ရှန့်ရှင်းဟယ်က ပြောလာ၏။
"လမ်းခွဲစရာမလိုဘူး"
ရှုကျင်းဟာ ဆက်လက်ငိုကြွေးမြဲငိုကြွေးနေဆဲ။
ရှန့်ရှင်းဟယ်၏အသံက ပို၍ပိုကာတိုးညင်းသွားရပါသလို။
"ကိုယ့်ကိုထိခိုက်အောင်လုပ်တဲ့လူက ဘယ်သူပဲဖြစ်နေပါစေ.. ကိုယ်တို့နှစ်ယောက် ပြတ်စရာအကြောင်းမရှိဘူး"
"ရှုကျင်း... ကိုယ့်ကို အချိန်ခဏလောက်ပဲပေး"
"ကောင်းပြီလား?"
ထိုအချိန်က ရှုကျင်း သဘောတူခဲ့လော၊ မတူခဲ့လောကိုပင် မမှတ်မိတော့။
သူတို့နှစ်ဦး အဆက်အသွယ်ပြန်ရသည့်အချိန်က တစ်လပင်ကျော်သွားပေသည်။
ရှုကျင်းဘက်မှစ၍ ဖုန်းခေါ်ဆိုခဲ့သည်။ ရှန့်ရှင်းဟယ်လုံလုံလောက်လောက်တွေးတောပြီးပြီလော၊ ထိုအချိန်များအတွင်း ရှန့်ရှင်းဟယ် မည်သည်ကို သိရှိသွားခဲ့သနည်း စသဖြင့် မေးခွန်းအဖန်ဖန်မေးမနေတော့။ အချိန်က လျင်မြန်စွာကုန်လွန်လွယ်သည်ဟုပင် မခံစားရ။ မည်သို့ပင်ဖြစ်လင့်ကစား တစ်လပင် ကျော်လွန်ခဲ့ပြီလေ။
ရှုကျင်းက ရှန့်ရှင်းဟယ်အား ဆိုပါ၏။
"ကျွန်တော် တောင်းပန်ပါတယ်"
ထို့နောက် ထပ်မံပြောဆို၏။
"ကျွန်တော် ခင်ဗျားနဲ့တူတူ ရှိလို့မရဘူး"
တစ်ဖန် ထပ်မံ၍။
"ပြတ်ကြရအောင်"
ရှန့်ရှင်းဟယ် သူ့အပေါ် မည်မျှကောင်းမွန်ကြောင်း၊ ပေးအပ်ခဲ့ဖူးသည့်ချစ်ခြင်းမေတ္တာများအကြောင်းကို ဆင်ခြင်ကြည့်မိသည့်အခိုက် ဝန်ထုပ်ဝန်ပိုးက ပို၍ပင် ကြီးလေးလာရသလို။ ထို့ကြောင့် ဖုန်းတစ်ဖက်ရှိ ရှန့်ရှင်းဟယ်က မည်မျှပင်ဆက်တိုက်တောင်းပန်လင့်ကစား၊ 'ကို ချက်ချင်းလာခဲ့မယ်'၊ 'ရောက်လာတဲ့အထိ စောင့်နေပေး'၊ 'အခု ဘယ်မှာလဲ'၊ 'ကို လုံးဝသဘောမတူဘူး' အစရှိသဖြင့် အဖန်တရာ မေးမြန်းနေသော်လည်း ရှုကျင်းဟာ ဇောက်ချဆုံးဖြတ်နှင့်ပြီးဖြစ်၏။
"ကိုရှေ့ဆက်သွားရမယ့် ခရီးက အဝေးကြီးလိုသေးတယ်.. ကျွန်တော်က ကိုနဲ့မတန်ပါဘူး"
ရှုကျင်းဟာ ပြတင်းပေါက်နံဘေး၌ထိုင်လျက် ပတ်ဖ်အား ပွတ်သပ်ပေးရင်း တဖြိုင်ဖြိုင်စီးကျလာသည့် မျက်ရည်များကို လက်ဖမိုးနှင့် ဆက်တိုက်သုတ်နေတော့သည်။
ရှုကျင်းဟာ မရပ်မနား ရှိုက်ကြီးတငင် ငိုကြွေးခဲ့၏။
ထိုည၌ ရှန့်ရှင်းဟယ် အိမ်သို့ရောက်လာခဲ့သည်။
ရှုကျုံးယွမ်က ရှိမနေ။ အိမ်၌ ဝေယျာဝစ္စလုပ်ပေးသည့်အဒေါ်ကြီးများလည်း မရှိ။ အိမ်၌ သော့ခလောက်များကိုလည်း ပြောင်းလဲခတ်ထားပြီး ပတ်ဖ်၏ဟောင်သံကိုလည်း မကြားရ။
"လမ်းခွဲဖို့ ကိုယ်လုံးဝသဘောမတူနိုင်ဘူး"
ရှန့်ရှင်းဟယ်ဟာ ပြင်ပမှအေးစိမ့်မှုများကို သယ်ဆောင်လာခဲ့ဟန်တူသည်။ ယခင်ကထက် မျက်တွင်းချောင်နေပြီး မီးခိုးမှိုင်းရောင်မျက်ဝန်းဟာလည်း နာကျင်ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေခဲ့ပါသည်။
ရှန့်ရှင်းဟယ်က ရှုကျင်း၏မေးဖျားအား ပင့်မလိုက်၏။ မျက်ဝန်းအစုံဟာ နီရဲနေခဲ့ပါသည်။
"ဘယ်လောက်ပဲခက်ခဲပါစေ ကိုယ်တို့ကျော်လွှားနိုင်တယ်"
ရှုကျင်း၏မျက်ဝန်းများက ငိုလွန်း၍ ယောင်နေပြီဖြစ်ပြီး ခေတ္တမျှသော အချိန်ကာလအတွင်း ကိုယ်အလေးချိန်က သိသိသာသာလျော့ကျသွား၏။ ယခင်က ရှိခဲ့ဖူးသည့် တလက်လက်ရွှန်းစိုတောက်ပနေသည့် မျက်ဝန်းတစ်စုံဟာလည်း အဘယ်နေရာ၌ ပုန်းအောင်းနေသည်မသိ။ ရှန့်ရှင်းဟယ် သူ့အား မည်မျှပင် ကြည့်စေကာမူ၊ တွေဝေခြင်းအလျဥ်းမရှိဘဲ အမှန်တရားကိုသာ အတွင်တွင်ပြောဆိုနေခဲ့ပါသည်။
"ကျော်လွှားနိုင်စရာ ဘာအကြောင်းမှမရှိဘူး"
"မင်း နားမလည်သေးတာပါ"
"နောက်နောင် ကို့ကို မြင်တဲအချိန်တိုင်း ကျွန်တော့်ကြောင့် ကို့မျက်လုံး ဒီလိုဖြစ်သွားရတယ်ဆိုတာကိုပဲ တွေးနေမိမှာ"
"ကို့ကို ဒီလိုဖြစ်အောင် လုပ်ခဲ့တာက ကျွန်တော်ပဲ.. ဒါကြောင့် ကို့ကို ရှောင်သင့်တဲ့လူကလည်း ကျွန်တော်ပဲ! ဘယ်သူ့ဘယ်သူမှမဟုတ်ဘူး! ကျွန်တော် တောင်းဆိုပါရစေ.. ကျွန်တော့်နား မလာပါနဲ့တော့.. ကျွန်တော့်ကို ထပ်မတွေ့ပါနဲ့တော့"
"ကျွန်တော်တို့ ပြန်အဆင်ပြေသွားရင်တောင် ကို့အပေါ်ထားတဲ့ကျွန်တော့်အချစ်တွေက လိပ်ပြာလုံနိုင်တော့မှာမဟုတ်ဘူး"
"ကျွန်တော် ကို့ကို ချစ်နိုင်တော့မယ်မထင်ဘူး"
ရှုကျင်းဟာ ရှန့်ရှင်းဟယ်အား ထိုသို့သော မျက်နှာအမူအရာမျိုးဖြင့် တစ်ခါမျှမတွေ့ဖူးခဲ့။ ထိုနည်းလည်းကောင်းပင် ရှန့်ရှင်းဟယ်၏မီးခိုးမှိုင်းရောင်မျက်ဝန်းတစ်ဖက်မှလည်း ထိုသို့မျည်ရည်ပူပူများ စီးယိုကျတတ်ကြောင်း မသိရှိခဲ့။
ရှန့်ရှင်းဟယ်က မေးမြန်းလေ၏။
"မင်း မစမ်းကြည့်ရသေးဘဲနဲ့ ဘယ်လိုသိမှာလဲ? အရင်ကပြောဖူးခဲ့တဲ့ ကိုယ်တို့နှစ်ယောက်ရဲ့အနာဂတ်လေးကရော? မစမ်းကြည့်ရသေးဘဲနဲ့ အဲ့ဒီအနာဂတ်က ပြောင်းလဲသွားမယ်လို့ ဘာလို့ထင်ရက်ရတာလဲ?"
ရှုကျင်းက ရှန့်ရှင်းဟယ်အား လျစ်လျူရှုကာ အခန်းထောင့်လေး၌ ကုပ်ကုပ်လေး ထိုင်နေတော့သည်။
"တကယ်တော့ ကျွန်တော် ကို့ကိုလည်း မလိုချင်တော့ဘူး.. ကို ကျွန်တော့်ဆီကထွက်သွားပြီး ဘဝသစ်ကို ပြန်စလိုက်ပါတော့.. ကျွန်တော်လည်း အချိန်ထပ်မဖြုန်းချင်တော့ဘူး"
ထိုစကားကြမ်းရှရှကြောင့် ရှန့်ရှင်းဟယ်လည်း အထိနာသွားခဲ့သည်ထင်၏။
"ကိုယ့်လမ်းကိုယ်လျှောက်ကြေးဆိုရင် ကိုယ့်ဘဝထဲမှာ မင်းအတွက် နေရာမရှိတော့ဘူး ရှုကျင်း"
တစ်ယောက်အိပ်ခန်းပါ တိုက်အိမ်လေးကို ဝယ်ယူစရာအကြောင်းမရှိတော့။ ထို့အတူ အတူတူဟင်းချက်ခြင်း၊ အတူတူခွေးကျောင်းခြင်း စသည့်ကိစ္စအဝဝဟာလည်း လေထုထဲ လွင့်ပြယ်သွားရချေပြီ။
Advertisement
အနာဂတ်တွင် ရှန့်ရှင်းဟယ် နံဘေး၌ရှိနေမည့်လူဟာ သူမဟုတ်ဘဲ အခြားကောင်လေး၊ သို့တည်းမဟုတ် ကောင်မလေးတစ်ဦး ဖြစ်သွားပေမည်။ မည်သို့ပင်ဖြစ်စေ ထိုလူဟာ သူကိုယ်တိုင်မဖြစ်နိုင်တော့ကြောင်း ရှုကျင်း အတပ်နားလည်လိုက်ပါသည်။
ရှန့်ရှင်းဟယ်အား ပြောလိုက်၏။
"ကောင်းပြီလေ"
ထိုညအလွန်၌ ရှန့်ရှင်းဟယ် သူ့အား မေးမြန်းခဲ့၏။
"ကိုယ့်ကို ချစ်ဖူးခဲ့ရဲ့လား?"
ရှုကျင်း အဖြေပြန်မပေးခဲ့။
~~~
(အခုလက်ရှိအချိန်ကို ပြန်ရောက်ပါပြီ။)
ဖုန်းကိုင်လျက်ပင် ရှုကျင်းက အချိန်အတန်ကြာ တိတ်ဆိတ်နေခဲ့၏။
ရှန့်ရှင်းဟယ်သည်လည်း 'နောက်ငါးနှစ်က ထပ်မရှိနိုင်တော့ဘူး'ဟု ပြောပြီးနောက် ရေငုံနှုတ်ပိတ်နေလေသည်။ ရှုကျင်းက သူ့ကိုယ်သူ ဖုန်းချလိုက်ပြီထင်ပြီး သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီးနောက်မှ ရှန့်ရှင်းဟယ်က မေးမြန်းလာ၏။
"ရှုကျင်း.. အခု ဘယ်မှာလဲ?"
ရှုကျင်းဟာလည်း မျက်ဝန်းမှ မျက်ရည်ဖြိုင်ဖြိုင်စီးကျနေပြီး ဆက်လက်မငိုမိစေရန် လက်ညှိုးကို ဘာသာကိုက်ထားရသည်။ ထို့နောက် အသံကို တတ်စွမ်းသမျှထိန်းပြော၏?
"ကို ဒီကိုမလာနဲ့တော့"
ရှန့်ရှင်းဟယ်အား သူ၏နဖူးထက်ရှိ ဒဏ်ရာကို မတွေ့မြင်စေလိုပါ။
ထိုအစား ရှုကျုံးယွမ်၏ဒေါသအား ကြောက်ရွံ့သည်ဟူသည့် ဆင်ခြင်ဖြင့် ဟန့်တားလိုက်၏။
"လာစရာ မလိုလို့"
ရှန့်ရှင်းဟယ်က ပြန်ပြော၏။
"ကောင်းပြီလေ.. ဒါဆို ကိုယ် ဒီမှာပဲစောင့်နေပေးမယ်.. လိုအပ်ရင် ဘယ်အချိန်ဖြစ်ဖြစ် ဖုန်းခေါ်လိုက်နော်"
ရှုကျင်းက ချက်ချင်းမဆိုင်းပြန်ပြော၏။
"ရပြီ ကို့အနွေးထည်က ကျွန်တော့်ဆီမှာလေ.. အခု အဲ့လောက်အေးနေတဲ့ဟာ.. အရင်ပြန်နှင့်တော့"
ရှန့်ရှင်းဟယ်၏လေသံက ချက်ချင်းပြောင်းလဲသွားပြီး ပေါ့ပေ့ါပါးပါးရယ်မောလိုက်သည်။
"ဘာလဲ ကိုယ့်အနွေးထည်က အရမ်းဝတ်လို့ကောင်းလွန်းလို့ ပြန်တောင်မပေးချင်တော့ဘူးပေါ့"
ရှုကျင်း : "..."
ရှန့်ရှင်းဟယ်က ကနဦးကတည်းက ရှုကျင်းအား တစ်ယောက်တည်း မထားခဲ့ဘဲ အတူစောင့်ဆိုင်းပေးနေရန် ကြံရွယ်ထားလိမ့်မည်။
ဖုန်းမချခင်စက္ကန့်ပိုင်းအတွင်း ရှုကျင်း၏အသံက ရုတ်ခြည်းထွက်ပေါ်လာ၏။
"ကို!"
ရှုကျင်း စက္ကန့်ပိုင်းမျှတွေဝေနေခဲ့သည်။ နှလုံးခုန်သံစည်းချက်ဟာလည်း ရှုပ်ထွေးကာ ဗရမ်းဗတာဖြစ်နေခဲ့၏။
မည်သို့ပြောရမည်မှန်း မစဥ်းစားတတ်သည့်အဆုံး မရှိရှိသည့်စကားလုံးကိုသာ အလျင်စလိုပြောလိုက်လေသည်။
"အဲ့လိုမလုပ်တော့ပါဘူး"
ထိုစကားလုံးများက မပြတ်သားဘဲ နားဝေတိမ်တောင်ဖြစ်ချင်စရာကောင်းလှ၏။ သူကိုယ်တိုင်ပင် မည်သည်ကိုပြောလိုကြောင်း သေချာနားမလည်။
သို့သော်ငြား အသံတိတ်နားထောင်နေသည့် ရှန့်ရှင်းဟယ်ထံမှ ရိုးရိုးရှင်းရှင်းတုံ့ပြန်သံကြားလိုက်ရလေသည်။
"အင်း"
[T/N- 'အဲ့လိုမလုပ်တော့ပါဘူး'ဆိုတာက ရှန့်ရှင်းဟယ်က သူနဲ့ထပ်လမ်းခွဲဦးမှာလားလို့ မေးလိုက်လို့ပါ။ ]
★彡★彡★彡★彡★彡★彡★彡★彡★彡★彡
ZAWGYI
ဤသည္ကား သူတို႔ႏွစ္ဦး အတူတကြ ရွိခဲ့ၾကသည့္လဝက္ပင္ျဖစ္၏။
ရွုက်င္းက အတန္းမတက္ေတာ့ဘဲ ခြင့္ရက္ရွည္ယူကာ ရွန့္ရွင္းဟယ္အနား၌သာ ေန႔စဥ္ေန႔တိုင္း အျမဲရွိေနျဖစ္သည္။
ႏွစ္ဦးသား အၾကည့္ခ်င္းဆုံခိုက္ ရွုက်င္းဘက္မွ စတင္မ်က္ႏွာလႊဲပစ္၏။ စကားေျပာရာတြင္လည္း ရွန့္ရွင္းဟယ္၏မ်က္ႏွာအား တည့္တည့္စိုက္မၾကည့္ရဲဘဲ ေျမႀကီးထက္တြင္ ရတနာရွိေနသကဲ့သို႔ ေအာက္ကိုသာ ငုံ႔ၾကည့္ျမဲငုံ႔ၾကည့္တတ္သည္။
ရွုက်င္းမွာ အခ်ိန္တိုင္းလိုလို ေတြေဝနစ္ေျမာေနရာ ရွန့္ရွင္းဟယ္မွစ၍ စကားစျမည္ေျပာၾကည့္ျခင္း၊ ရွုက်င္းစိတ္ဝင္စားမည့္ေနရာမ်ားဆီ ေခၚသြားၾကည့္ျခင္း စသည္ျဖင့္ အမ်ိဳးမ်ိဳးအဖုံဖုံႀကိဳးပမ္းၾကည့္ေသာ္လည္း ရွုက်င္းခမ်ာ မိမိကိုယ္မိမိအၾကပ္ကိုင္ေနသည့္ပမာ ပတ္ဝန္းက်င္ႏွင့္လုံးလုံးအဆက္အသြယ္ျပတ္ေနေတာ့သည္။
"ကို.. ကို႔မ်က္လုံးေတြ အေကာင္းအတိုင္းျဖစ္ေနရင္ေရာ ကၽြန္ေတာ့္ကို ခ်စ္ဦးမွာလားဟင္?"
တစ္ညေသာ္ ရွုက်င္းက ႐ုတ္တရက္ ဤသို႔ေမးလာ၏။
အလုပ္မ်ားေနသည့္ ရွန့္ရွင္းဟယ္က ထိုစကားမ်ားကို ၾကားေသာ္ လက္ပ္ေတာ့ကို ေဘး၌ခ်၍ ေခါင္းအုံးထက္၌ရွိေနသူထံ အၾကည့္ပို႔လိုက္သည္။
"ဘာလို႔ အဲ့လိုေမးတာလဲ?"
ရွုက်င္းက ျပန္ေျဖ၏။
"ဒီအတိုင္း စိတ္ကူးၾကည့္တာ"
ရွန့္ရွင္းက ေျပာပါသည္။
"ဒီလိုေမးခြန္းမ်ိဳးကက လုံးဝယုတၱိမရွိဘူးေနာ္ ေကာင္ေလး.. ကိုယ္မင္းကိုႀကိဳက္ျခင္း မႀကိဳက္ျခင္းက ကိုယ့္မ်က္လုံးေတြနဲ႔မွ မဆိုင္ဘဲ"
ရွုက်င္းက မ်က္ႏွာတစ္ျပင္လုံးကို ေစာင္ထဲႏွစ္ျမႇုပ္လ်က္ ေရငုံႏွုတ္ပိတ္သာ ေနေတာ့၏။
ရွန့္ရွင္းဟယ္လည္း ရွုက်င္းနံေဘး လွဲခ်လိုက္ေလသည္။ လက္ေမာင္းျဖင့္ ရွုက်င္း၏ခါးကို ဖက္လ်က္ သက္ျပင္းေမာရွိုက္ကာ ေျပာဆို၏။
"ခုတေလာ ဘာေတြျဖစ္ေနတာလဲ? ဦးေလးက ဘယ္လိုပဲလုပ္လုပ္ ကိုယ္တို႔ႏွစ္ေယာက္လုံး ဂ႐ုမစိုက္ဖို႔ သေဘာတူထားၿပီးၿပီမဟုတ္ဘူးလား?"
ေခတၱမၽွရပ္ကာ ဆက္ေျပာသည္။
"တကယ္ဆို ကိုယ့္မ်က္လုံးေတြေၾကာင့္သာမဟုတ္ဘူးဆိုရင္ ဦးေလးကလည္း ကိုယ့္ကို ေထာက္ပံ့ေပးမွာမဟုတ္သလို မင္းနဲ႔လည္းေတြ႕ရလိမ့္မယ္မထင္ဘူး"
ျခဳံေစာင္က အင္မတန္ေႏြးေထြးလြန္းေနခဲ့ပါသည္။
ထို႔ေနာက္ လူႏွစ္ဦး၏အပူခ်ိန္က တစ္ဦးအေပၚ ရမၼက္ေဇာရွိန္ တိုးျမႇင့္ေပးလိုက္ပါသလို။
ရွုက်င္းက မ်က္လုံးစုံမွိတ္ထားလ်က္ ရွန့္ရွင္းဟယ္အား တစ္ဇြတ္ထိုးအနမ္းမ်ားျဖင့္ အငမ္းမရနမ္းရွိုက္ေလသည္။ ႏွစ္ဦးသားအား ေစာင္ေအာက္၌ ပုန္းကြယ္ေနၾကရာ အသံမ်ားက တိုး၍တစ္မ်ိဳး၊ က်ယ္၍တစ္ဖုံ၊ ရွည္သံစြဲျမည္လ်က္ စကၠန့္မလပ္ထြက္ေပၚေနၾက၏။
ရွုက်င္းက နာက်င္မွုအား တစ္ဟုန္ထိုးခံစားရေလသည္။ ဆိုရပါလၽွင္ သူတို႔ႏွစ္ဦး လုပ္ဖူးၾကသည့္အႀကိမ္ေရမွာ လက္ငါးေခ်ာင္းပင္ မျပည့္ေသးေခ်။
ရွုက်င္းက နာက်င္မွုကို ခံစားရေတာ့မည္ဟု အာ႐ုံခံမိတိုင္း အျမဲထြက္ထြက္ေျပးတတ္ရာ ရွန့္ရွင္းဟယ္အေနျဖင့္လည္း ဇြတ္တရြတ္လုပ္ဘဲ အလိုလိုက္ခ်င္သည့္ကား မၾကာခဏ လႊတ္ေပးလိုက္ရ၏။ ႏွစ္ဦးစလုံးက ေလးႀကိဳးကိုသာ အစြန္းထိ တင္းတင္းၾကပ္ၾကပ္ဆြဲကိုင္ထားၾကၿပီး ေတာင့္ခံထားၾကသည္။ မည္သည့္အခ်ိန္တြင္မွ လႊတ္ေပးၾကမည္ကိုျဖင့္ ခန့္မွန္းမရနိုင္။
ထိုေန႔ရက္မ်ားအတြင္း ရွုက်င္းက တကၠသိုလ္လည္း မတက္သလို ရွုက်ဳံးယြမ္၏ဖုန္းေခၚဆိုမွုမ်ားကိုလည္း မေျဖၾကားခဲ့ေခ်။
မည္သည့္အေၾကာင္းအရာကိုမၽွ မသိေသးသည့္ပမာ ေလးေလးနက္နက္ စဥ္းစားခန္းဝင္ၾကည့္သည့္တိုင္ အရွက္သိကၡာကင္းမဲ့စြာျဖင့္ မည္သည့္အရာမၽွ မျဖစ္ပ်က္သြားသည့္အတိုင္း ဆက္လက္ဟန္ေဆာင္ခ်င္ေနမိေသးသည္။ ထို႔အျပင္ ရွုက်ဳံးယြမ္ႏွင့္ ေျပာဖူးခဲ့သည့္ စကားမ်ားက အမွန္မဟုတ္သည့္အတိုင္း၊ တစ္ခါမၽွပင္ မရွိခဲ့ဖူးသည့္အတိုင္း ဟန္ေဆာင္လိုက္ခ်င္သည္။
သို႔ေသာ္ျငား ကမၻာႀကီးက လြန္စြာေသးငယ္က်ဥ္းေျမာင္းလွ၏။
အမွန္တရားမွ ထြက္ေျပးေနဆဲ ေနာက္ဆုံးေန႔ရက္မ်ားအတြင္း အသိတရားရရန္ အတင္းအၾကပ္ တြန္းအားေပးခံလိုက္ရေလသည္။
အရာအားလုံးကို ကံၾကမၼာက စီမံဖန္တီးေပးၿပီးျဖစ္ရကား လူတစ္ဦးဟာလည္း မိမိျပဳမိသမၽွအျပစ္မွ ေရွာင္လႊဲဖို႔ရာ ေဝးေဝးေျပးနိုင္ျခင္းမရွိနိုင္ရာတည့္။
ၿမိဳ႕ထဲ၌ ရွုက်င္းဟာ ထိုမိသားစုႏွင့္ မထင္မွတ္ဘဲ ေတြ႕ဆုံခဲ့ရေလသည္။
သာမန္က်လြန္းသည့္ စားေသာက္ဆိုင္ေလး၌ျဖစ္၏။ ရွုက်င္းသည္လည္း အေတြးေပါင္းစုံႏွင့္ ကေယာင္ေခ်ာက္ခ်ားျဖစ္ေနရာမွ တစ္ေက်ာ့ျပန္နာလန္ထူနိုင္လာၿပီျဖစ္ၿပီး ရွန့္ရွင္းဟယ္ႏွင့္အတူ ထိုေနရာ၌ နာမည္ႀကီးအသားကင္အရသာကို လာေရာက္ျမည္းစမ္းသုံးေဆာင္ျခင္းပင္။
စားပြဲထိုးက သူတို႔စားပြဲခုံ၌ ပန္းကန္ခြက္ေယာက္မ်ားကို ေနရာလာခ်ေပးသည့္အခိုက္ ထိုစားပြဲထိုးက သိသိသာသာ အံ့ဩတုန္လွုပ္ဟန္ျပကာ စကားဆိုေလ၏။
"အယ္ တိုက္တိုက္ဆိုင္ဆိုင္ ဒီမွာလာေတြ႕ရတယ္လို႔"
ဤသည္ကား အသက္ႏွစ္ဆယ္ဝန္းက်င္ လူငယ္တစ္ဦးပင္ျဖစ္သည္။
သူတို႔ႏွင့္အသက္မတိမ္းမယိမ္းေလာက္ပင္ ရွိမည္။
ရွန့္ရွင္းဟယ္ဘက္က စကားျပန္မေျပာခဲ့ေခ်။
အဆုံး၌ ထိုလူငယ္ကပင္ ထပ္ဆိုလာ၏။
".... အသားက မက်က္တက်က္ေလးဆို တအားစားေကာင္းတာ.. အပူမေလာင္ေစနဲ႔ဦးေနာ္.. ဒီဘယ္ဖက္ျခမ္းက အခ်ဥ္နဲ႔တို႔စားရင္ အရသာပိုေကာင္းတယ္.. စမ္းစားၾကည့္ၾကည့္"
ရွုက်င္းက "ေက်းဇူးပါ"ဟု ေျပာၿပီးေနာက္ အႏွီလူငယ္ေလးလည္း ထြက္သြားေလသည္။
ထို႔ေနာက္ ရွုက်င္းက မည္သူမည္ဝါျဖစ္ေၾကာင္း ရွန့္ရွင္းဟယ္အား ေမးျမန္း၏။
ရွန့္ရွင္းဟယ္က ရွုက်င္းအား ေသာက္စရာငွဲ႕ေပးၿပီးေနာက္ နဂိုကစိတ္ၿငိမ္ေနသည့္မ်က္ႏွာအမူအရာ ေပ်ာက္ကင္းသြားၿပီး ေျဖဆိုရာအသံ၌ပင္ ကတုန္ကယင္ျဖစ္ေနမွုကို ထိန္းခ်ဳပ္ထားနိုင္စြမ္းမရွိေတာ့။
"ကိုယ္တို႔အိမ္မ်က္ေစာင္းထိုးက မိသားစုေလ.. တျခားေက်ာင္းတက္ဖို႔ဆိုၿပီး ၿမိဳ႕ကထြက္သြားတာ.. ဒီမွာအလုပ္လာလုပ္ေနတယ္ထင္တယ္"
ရွုက်င္း တစ္စုံတစ္ရာအား ခ်က္ခ်င္းသေဘာေပါက္မိသြားၿပီးေနာက္ မလွုပ္မယွက္ ငိုင္တိငိုင္တိုင္ ထိုင္ေနမိေတာ့သည္။
လြန္ခဲ့သည့္လဝက္က ရွုက်ဳံးယြမ္ေျပာခဲ့သည့္စကားမ်ားက နားထဲ၌ တစ္ခါျပန္၍ ဗေလာင္ဆူလာပါသလို။ ရွုက်င္းဟာ သူ၏ကိုယ္ပိုင္အေတြးထဲ ျပန္လည္သက္ဆင္းသြားရျပန္သည္။ မည္မၽွပင္ မိမိစိတ္ကိုမိမိလိမ္ညာ၍ အ႐ူးကြက္နင္းေနပါေစ ရင္ဆိုင္ရမည့္ အမွန္တရားဟာ စက္ဝိုင္းသ႑ာန္ေျပးလမ္းေၾကာင္းပမာ ထပ္ခါထပ္ခါ ေစာင့္ဆိုင္းလ်က္ရွိပါ၏။
ေခတၱၾကာေသာ္ စားပြဲထိုးက တျခားလူတစ္ေယာက္ျဖစ္သြားေလသည္။ လူငယ္ေလးက သူတို႔စားပြဲဆီ ထပ္မံမလာေတာ့ေခ်။
ရွုက်င္းက ရွန့္ရွင္းဟယ္ေျပာခဲ့ဖူးသည့္စကားမ်ားကို နားထဲ တစ္ခါျပန္ၾကားေယာင္လာ၏။
"အဲ့ဒီေကာင္ေလးက ကိုယ္နဲ႔ မ်က္ႏွာခ်င္းမဆိုင္ရဲေလာက္ေအာင္ကို ေၾကာက္ေနတာ.. ကိုယ္တို႔ဆုံျဖစ္တိုင္း သူက ေရွာင္ထြက္သြားတယ္"
ႀကီးေလးသည့္အျပစ္တင္စိတ္ေၾကာင့္ နစ္နာသူအား မည္သို႔မည္ႏွယ္ရင္ဆိုင္ရမည္မွန္း မသိသည့္အခ်က္က မွန္ကန္မၽွတပါသည္။ ထို႔ေၾကာင့္ပင္ ဆယ္ႏွစ္ၾကာ၍ ရွန့္ရွင္းဟယ္အား ေနာက္တစ္ဖန္ ျပန္ဆုံေတြ႕သည့္အခ်ိန္ဝယ္ ရွန့္ရွင္းဟယ္၏မီးခိုးေရာင္မ်က္ဝန္းကို ျမင္သည့္အခိုက္ ပုန္းေရွာင္ထြက္ေျပးဖို႔ကိုသာ ေရြးခ်ယ္ျဖစ္ျခင္းပင္ ျဖစ္ရမည္။
ထိုလူ၏အရိပ္အေယာင္က ေႏြဦးေလ႐ူးပမာ အစအနပင္မက်န္ ေပ်ာက္ကြယ္သြားေလသည္။
မည္သို႔ပင္ဆိုေစကာမူ အရာအားလုံးကို ပုံမွန္အတိုင္း ဆက္လက္ဟန္ေဆာင္ေနရသည့္ ရွုက်င္းခမ်ာလည္း မလြယ္ကူလွေခ်။
စားေသာက္ဆိုင္မွအျပန္ ရွုက်င္း ထိုေနရာဆီ တစ္ေယာက္တည္း သြားခဲ့ျပန္သည္။
ဆိုင္ရွင္က အႏွီလူငယ္ ဆိုင္ေနာက္ေဖး၌ရွိေနေၾကာင္း ေျပာျပခဲ့ရာ ရွုက်င္း လိုက္သြားစဥ္ ထိုလူငယ္က မီးဖိုေခ်ာင္အား သန့္ရွင္းေရးလုပ္ေနေလ၏။ ေဆာင္းဦး၌ ၎လူငယ္ေလးက ပလတ္စတစ္ဘြတ္ဖိနပ္အပါးကို စီးလ်က္ ရွုက်င္းတစ္ခါမၽွပင္ မထိေတြ႕ဖူးသည့္အျပင္ မည္သည္အတြက္ အသုံးျပဳေၾကာင္းကိုပင္ မသိရွိသည့္ သန့္ရွင္းေရးကိရိယာမ်ားကို ကိုင္ေဆာင္ထား၏။ ထို႔အျပင္ လက္၌လည္း ႏွင္းကိုက္ရာမ်ားက အထင္းသားရွိေနေလသည္။
ရွုက်င္းလည္း ရွန့္ရွင္းဟယ္အား မေျပာျပေတာ့ဘဲ တကၠသိုလ္ျပန္သြားတက္၏။
ဖုန္းပိတ္ကာ လင္က်န္းကို တစ္ကိုယ္ထီးတည္းသြား၍ ရွုက်ဳံးယြမ္ႏွင့္ ေတြ႕ဆုံေလသည္။
Advertisement
- In Serial405 Chapters
Ending Maker
Two heroes of the game Legend of Heroes 2 that were rotten water*. Kang Jin-ho in the first place and Hong Yoo Hee in the second place. One day, I opened my eyes and reincarnated as a character in the game… “Hey…you too?” “Hey…me too!” The ending of Legend of Heroes 2 is the destruction of the human world. But if there’s two of us and we’re not alone. If it is also the #1 and #2 in the server rankings. The path of rotten water begins for a perfect happy ending! (*Rotten water is Korean slang for someone who has played a certain game for a long time and mastered everything. Think of them as oldbies, veterans, or game pros.)
8 93 - In Serial86 Chapters
Me and my 12 brothers. YES....12 brothers!
~STORY COMPLETED! just in process of editing~ Lexi Walker has 12 brothers. Twelve irritating, annoying, bossy and protective brothers. The only female contact she has in her life is her mom and has to cope with all the pranks, arguments and play fighting between the two of them. Having to move suddenly to another state for her mother's new job, Lexi's life isn't all just about her brothers' anymore, especially when she meets her new neighbours. More specifically, Noah Dean, the boy that storms into her life and creates havoc. New people, new feelings and a new place. Will it all be the same? Or will Lexi finally grow up and learn to protect herself instead of her brother's doing that for her?Romance. Friendships. Enemies. Family. Love. Everything that's needed to create a roller coaster of feelings for this girl.Family means everything. Let's just hope it stays that way.
8 116 - In Serial25 Chapters
My Lycan Mate
"Is the big bad wolf embarrassed?" I smile wickedly before leaning up as far as I can, my lips brushing his chin as I speak. "You couldn't get it up, baby? Is that it? Am I stuck with a broken-" Quickly his hands are around my throat, his eyes black as he roars above me. His true nature showing clearly. His hands were squeezing hard enough to snap a humans neck and the uncomfortable feeling had me finally drop my grin as my hands reached to grab his. Desperately trying to pull them away. His claws dig into my skin. With a deep breath he lowers himself against my body and if he wasn't cutting off my ability to make noise I would've moaned like the whore he so clearly thought I was. "Don't sit here and mock me while your desire is suffocating me. Now tell me, does it feel broken to you?"FULLY AVAILABLE TO READDDDD
8 121 - In Serial39 Chapters
Innayatein- Magic Recreated √
YOU NEED TO FOLLOW ME FOR READING..AS SOME CHAPTERS ARE PRIVATE WHICH ARE VISIBLE TO THE FOLLOWERS ONLY..So ..here is the second season of your favorite story ..innayatein..Innayatein means gift of god..Two people who were living their fairy tale life..drifted apart by the game of cruel destiny..So what's written in their chapters of life..It will be worth reading..
8 108 - In Serial38 Chapters
The Darkest Temptation
*Mature Content Warning* I rest both my hands against the table. "I'll go on another date with you, if you tell me one thing about yourself that no one else knows."He's silent for a long moment, pondering my offer. Eventually he quirks his fingers at me. "Lean closer."Bracing myself against the table, I lean over it toward him, noting every detail about his face as I get closer. Every hair, every freckle. His beautiful is unimaginable. His breath warms my skin, dancing over my ear as I dip my head toward him. Will he kiss me, and make good on my sinful thoughts?His voice is like an erotic caress as he murmurs in my ear, "I'm a murderer." ***She cannot escape him. On a blind-date, she unknowingly meets the most dangerous man to exist, and falls into his world of darkness and desire as both his mate, and his worst enemy.
8 202 - In Serial67 Chapters
Tightrope
Lena has hated Jace Hartley with a burning passion since kindergarten. But when everything she thought she knew about Hartley suddenly changes, will she still cling to the familiar feud between them, or will she slip and fall into something far more terrifying?*** Sarcastic rich girl Lena Montez is sure about one thing. Jace Hartley is the worst person. Ever. They've been playing a game of pranks and one-ups for over a decade, fueled by their never-ending feud and mutual burning hatred for the other. But when a car accident keeps Lena at home for months, she returns to school to find that something is different. Instead of spilling his drink over her, Jace is offering to carry her books. Instead of making rude comments about her, he is sending her pretty smiles and gentle laughs. Suddenly, Lena finds herself walking a tightrope between hate and something else.[[word count: 100,000-150,000]]
8 91

