《Please Don't See Me [Mm Transl. || Completed]》Chapter-18
Advertisement
UNICODE
ငွေသော်တာလမင်းဟာ မြစ်ပြင်ကျယ်ထဲ သက်ဆင်းသွားသကဲ့သို့။ ဝေလငါးများ ပင်လယ်ထဲ အရိုင်းဆန်စွာ ကူးခတ်နေကြသည်မှာ ရေလှိုင်းများက ကြယ်စင်များကို ဖျန်းပက်နေသကဲ့သို့။
ကမ္ဘာမြေပြင်ဟာ အသစ်ပေါက်ဖွားလာသည့် ငယ်ရွယ်နုပျိုသည့် အချစ်မေတ္တာကြောင့် ပို၍ပိုကာ ရှုမောဖွယ်ရာကောင်းနေသလို။
ရှုကျင်းက ရှန့်ရှင်းဟယ်၏အင်္ကျီအနားစကို ကြောက်ရွံ့ခြင်းအလျဥ်းမရှိဘဲ ဆောင့်ဆွဲလိုက်ပြီးနောက် ရှန့်ရှင်းဟယ်က တိုက်ရိုက်ဖွင့်ပြောလာခဲ့ခြင်းဖြစ်သည်။ 'ငါ မင်းကို ဒီအတိုင်းလေး သဘောကျတာ'ဟူသော တုန်လှုပ်စရာစကားလုံးများက သူ၏မျိုသိပ်ထားရသည့်ခံစားချက်အစုစုကို ပွင့်ထွက်သွားစေ၏။ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ သင့်လျော်သည်ဖြစ်စေ၊ မသင့်လျော်သည်ဖြစ်စေ၊ လိင်တူ၏၊ မတူ၏ကိုပင် ဆန်းစစ်မနေတော့ဘဲ ထိုနှစ်က သူတို့နှစ်ဦး တင်းတင်းကြပ်ကြပ် ပွေ့ဖက်ဖြစ်ခဲ့ကြပါသည်။
'တိုးတိတ်စွာ လျှို့ဝှက်စွာ' သဘောကျခြင်းမျိုး ယခင်ကတည်းက မရှိခဲ့ဖူးချေ။
ထို့ကြောင့်ပင် ရှန့်ရှင်းဟယ်က ရှုကျင်းအား အစဥ်တစိုက် ကြည့်နေခဲ့ကာ အလိုလိုက်ဂရုစိုက်ပေးခဲ့ခြင်းဖြစ်သည်။
ရှုကျင်းက ရှန့်ရှင်းဟယ်၏တုံ့ပြန်မှုများကို မသိကျေးကျွန်ပြုခဲ့မိခြင်းသာ။ ယခုတွင်တော့ ရှန့်ရှင်းဟယ်အား အခြားကောင်းမွန်သည့်အရာမကဘဲ ပို၍ပိုကာ ကောင်းမွန်ပြည့်စုံသည့် အရာများကိုသာ ပေးအပ်ချင်တော့သည်။
သူတို့နှစ်ဦး အသေအချာလက်ကိုင်ဖြစ်ခဲ့သည့် ပထမဆုံးအကြိမ်သည်ကား ရှန့်ရှင်းဟယ်အား ဘူတာရုံသို့ လိုက်ပို့ပေးသည့် နောက်တစ်နေ့ပင် ဖြစ်ချေ၏။
ရထားတွဲထက်၌ ဘေးချင်းကပ်ရပ်ထိုင်နေကြရင်း ယမန်နေ့ညက ဖွင့်ပြောမှုများကြောင့် ရှက်ရွံ့စိတ်များ တရိပ်ရိပ်သန်းလာရသည်။ ရှန့်ရှင်းဟယ်က ပြတင်းပေါက်မှတစ်ဆင့် ရှုခင်းများအား ငေးမောကြည့်ဟန် ယောင်ဆောင်ကာ ရှုကျင်း၏လက်အား ညင်ညင်သာသာ ဆုပ်ကိုင်လိုက်၏။ လက်ချောင်းများ လိမ်ယှက်လျက် နှစ်ဦးစလုံး၏လက်ဖဝါးပြင်ဟာ ချွေးများဖြင့် စိုရွှဲနေခဲ့လေသည်။
ခရီးဆုံးဘူတာသို့ရောက်သည့်အခါ၌ မခွဲချင်ဘဲ လက်တွဲဖြုတ်ကြရတော့၏။ ရထားမှအဆင်း တန်းစီကြသည့်အချိန်၌ လူအလစ်ကို အခွင့်ကောင်းယူကာ ရှုကျင်းက လက်ခေတ္တတွဲလိုက်သေးသည်။
"ကျွန်တော် ကို့ကို နောက်လ လာတွေ့မယ်နော်.. နောက်လဆိုရင် ပိတ်ရက်သုံးရက်တောင် ရှိတာ"
ရှုကျင်းက ခေါင်းငုံ့လျက် စကားပြောဆိုနေသည်မှာ လည်ပင်းတောက်လျှောက် ရှက်သွေးများပင် ဖျန်းနေပြီဖြစ်၏။
ရှန့်ရှင်းဟယ်၏ကုမ္ပဏီအသေးစားလေးမှာလည်း စတင်လည်ပတ်နေပြီဖြစ်၍ ရှန့်ရှင်းဟယ်တစ်ယောက် စတင်အလုပ်များနေလောက်ပြီ။
ရှုကျင်းကသာ အပျော်လွန်၍ စိတ်ထဲရှိသမျှ ပြောချင်ရာပြောနေခြင်းသာ ဖြစ်ကြောင်းကို ရှန့်ရှင်းဟယ် သိနားလည်သည့်အလျောက် ငြင်းဆိုခြင်းမပြု။
"ကောင်းပြီလေ ကိုယ် မျှော်နေပါ့မယ်"
တိတ်တဆိတ်လက်ကိုင်ထားကြရင်း လူအုပ်ကြီးရှေ့ဆက်တိုးသည်နှင့်အမျှ လက်ချောင်းလေးများဖြင့် ချိတ်တွယ်ထားလိုက်ကြ၏။ အဆုံးတွင်တော့ တွန့်ဆုတ်မှုများနှင့်အတူ လက်တွဲဖြုတ်ကြရတော့သည်။
ပထမဆုံးပွေ့ဖက်မှုက သူတို့နှစ်ဦး ပထမဆုံးစတင်နမ်းရှိုက်ကြသည့်နေ့၌ဖြစ်၏။ ပထမဆုံးသောကိစ္စနှစ်ခု ယှဥ်တွဲဖြစ်သွားကြသည်ပင်။
ဤသည်က ရှုကျင်း ရှန့်ရှင်းဟယ်၏ကျောင်းသို့ နောက်တစ်ဖန် ထပ်လာသည့်ည၌ ဖြစ်၏။
ရာသီဥတုက ပူပြင်းခြောက်သွေ့ကာ လေထုက အင်မတန်သိပ်သည်းလှသည်။
ရှုကျင်းမှာ ရိုးရိုးသာမန်တီရှပ်၊ ကမ်းဗက်စ်ဖိနပ်သန့်သန့်များဖြင့် ပခုံး၌ လွယ်အိတ်လွယ်ကာ ရှန့်ရှင်းဟယ်၏ကောလိပ်ဝင်းထဲဝင်ခဲ့၏။ ရှန့်ရှင်းဟယ်က ရှုကျင်းအား မြင်တွေ့လိုက်ရသည့်အချိန် အင်မတန်တည်ငြိမ်နေခဲ့သည်။ သို့သော်ငြား လူသူရှင်းသည့်နေရာသို့အရောက် ရှန့်ရှင်းဟယ်က ရုတ်တရက် ခြေလှမ်းရပ်ကာ ရှုကျင်းအား တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားလိုက်၏။
ပုစဥ်းရင်ကွဲများက နွေညအလယ် တဝီဝီအသံပေးနေကြသည်။ ရှန့်ရှင်းဟယ်ဘက်မှစတင်၍ အနမ်းဖွဖွပေးလိုက်ပြီးနောက် ပို၍လက်ရဲဇက်ရဲနိုင်လာကြ၏။
ထိန်းမနိုင်သိမ်းမရအနမ်းများအကြား သွားအချင်းချင်းတိုက်မိသည့်အခါလည်းရှိသည်။ ရှုကျင်းက နှုတ်ခမ်းဟကာ ပင့်သက်ရှိုက်လိုက်သည့်အချိန် နှစ်ဦးသား၏လျှာဖျားများ စတင်မိတ်ဆက်ကြတော့၏။
ဤသည်က ဘာမပြောညာမပြောနှင့် ရုတ်တရက်ဖြစ်လာသော တွေ့ဆုံမှုကြောင့်ဟု ခေါင်းစဥ်တပ်ရပေမည်လော။
ဤသို့ဖြင့်ပင် စာသင်နှစ်တစ်နှစ်အတွင်း ထိုလူနှစ်ဦးဟာ တစ်ဦးမြို့ထံတစ်ဦး အခါပေါင်းများစွာ အသွားအလာပြုခဲ့ကြလေသည်။
နောက်ဆုံးနှစ်၏နွေရာသီခရီးစဥ်အတွင်း ပထမဆုံးညကိုလည်း တစ်ဦးကိုတစ်ဦးရရှိခဲ့ကြ၏။
ရှုကျင်းက အော်ညည်းလျက် ရှန့်ရှင်းဟယ်၏ပခုံးကိုသာ သွားရာဗလပွဖြင့် ကိုက်ခဲထားသည်။ သို့သော်ငြား ကိစ္စပြီးမြောက်၍ အိပ်ယာနိုးလာသည့်အခိုက် ရှန့်ရှင်းဟယ်အနား၌သာနေပြီး ကလူ၏သို့မြူ၏သို့အလား ပွေ့ဖက်မှုကို တနူးတညံ့တောင်းခံလျက်ရှိ၏။
ထို့နောက် စိတ်ကူးယဥ်အတွေးများနှင့် အနာဂတ်အကြောင်းကို တိုင်ပင်ဖွင့်ပြောခဲ့ကြသည်။
ရှုကျင်းက ဘွဲ့ရပြီးနောက် ရှန့်ရှင်းဟယ်ရှိနေသည့်မြို့ထံ သွားကာ သူတို့နှစ်ဦးပိုင် နေအိမ်လေးတစ်လုံးကို ဝယ်ယူထားချင်၏။ ထိုနေရာလေးဟာ ရှန့်ရှင်းဟယ်၏ကုမ္ပဏီနှင့်သာမက ဈေးဝယ်စင်တာနှင့်လည်း နီးရမည်။ ထို့အပြင် ကြိုတင်၍ဟင်းချက်သင်ထားချင်ကြောင်း၊ အိမ်က လွန်စွာမှကြီးကျယ်ခမ်းနားနေစရာမလိုဘဲ အိပ်ခန်းတစ်ခန်းရှိရုံနှင့်သာ လုံလောက်ကြောင်း၊ ပတ်ဖ်အား လသာဆောင်နေရာလေး ပေးထားမည်ဖြစ်ကြောင်း တစ်သီတစ်တန်းစိတ်ကူးများနှင့် ပျော်မွေ့နေလေသည်။
အတောင်အလက်ဆုံကာ တစ်ဦးကိုတစ်ဦး မှီခိုအားထားနိုင်သည့် ယုံကြည်ချက်များရှိလာသည့်အခိုက် ရှန့်ရှင်းဟယ်က သင့်လျော်မည့်အချိန်တစ်ခုကို ရွေးကာ ရှုကျုံးယွမ်အား အဖြစ်မှန်ကို ပြောပြမည်ဖြစ်၏။
ထိုတစ်နှစ်ခွဲဟူသည့် အချိန်ကာလလေးဟာ လှပပြီး လွန်စွာလည်း စိတ်လှုပ်ရှားစရာကောင်းခဲ့ပါသည်။
နေအိမ်၌ဆိုလျှင် အခန်းတစ်ခု၌ ပုန်းကာ အတူနေဖြစ်မည်။ မီးဖိုချောင်၌ ပုန်းလျှိုးကွယ်လျှိုး အနမ်းများဖြင့် ဖြေသိမ့်စေမည်။ မြစ်ကမ်းနံဘေး၌ ခွေးကျောင်းရင်း တစ်ဦးလက်ကိုတစ်ဦး ဆုပ်ကိုင်ထားမည်။
အပြင်သို့ရောက်လျှင်လည်း ပျော်ပျော်ရွှင်ရွှင် ဈေးဝယ်ထွက်ကာ အများအမြင်ကို မမှုဘဲ စုံတွဲအင်္ကျီများဝတ်ဆင်ကြ၏။
ရန်ဖြစ်ခဲ့သည့် အချိန်များလည်း ရှိသည်။ အများအားဖြင့် အသေးအဖွဲကိစ္စလေးများကြောင့်သာ။ ဥပမာဆိုရလျှင် ရှုကျင်း၏ဆိုရှယ်မီဒီယာအကောင့်၌ မိန်းကလေးများ၏လိုက်ခ်(like)လုပ်မှု လွန်စွာများပြားနေ၍။ ရှန့်ရှင်းဟယ်က အလုပ်များ၍ မအားမလပ်ဖြစ်နေကာ ရှုကျင်းကို မေ့လျော့၍ ချိန်းဆိုသည့်နေရာသို့ နောက်ကျမှလာဖြစ်ခြင်း။ သာမန်စုံတွဲများ ကြုံလေ့ရှိသည့် ပဋိပက္ခမျိုးစုံကို ရင်ဆိုင်ခဲ့ရသည်။ ရှုကျင်းက ရှန့်ရှင်းဟယ်၏ညာဘက်၌ တမင်တကာနေ၍ စိတ်ကောက်ပြ၏။ ထို့နောက်တွင်တော့ ရှန့်ရှင်းဟယ်က ရှုကျင်း၏လက်ကို လှမ်းဆွဲပြီးနောက် ပွေ့ဖက်နမ်းရှိုက်၍ တစ်ဖန်ပြေလည်သွားကြသည်။
ထိုနှစ်များအလွန်တွင်တော့ တစ်ကိုယ်တည်းဖြစ်သွားသူ ရှုကျင်းက ထိုအမှတ်တရများဖြင့်သာ ဘာသာဖြေသိမ့်ရင်း နာကျင်မှုများနှင့် နစ်မွန်းနေသည့်တိုင် မငိုမိအောင် အတတ်နိုင်ဆုံး ထိန်းထားခဲ့ရလေသည်။
Advertisement
ရှန့်ရှင်းဟယ်၏မျက်ဝန်းများအတွင်း ငေးကြည့်ကာ အကြိမ်ပေါင်းများစွာ တွေးတောမိသည်။ ကလေးဘဝက ထိုနေ့မတော်တဆဖြစ်မှု၌ သူပါ ရှိနေခဲ့သည်။ ထိုအရာများ မဖြစ်ပျက်အောင် သူကိုယ်တိုင် ကြိုတင်တားဆီးနိုင်ခဲ့လျှင် မည်မျှကောင်းလိုက်မည်နည်း။
ထိုအရာကို စတင်ဖြစ်စေခဲ့သူကိုပင် နာကျည်းမုန်းတီးခဲ့သေးသည်။
သူတို့နှစ်ဦး ရှေ့ဆက်လျှောက်ရမည့်လမ်းက ရှည်လျားလွန်းသေးသည်။
သို့သော်ငြား အရာအားလုံးက ပရမ်းပတာအဆုံးသတ်သို့ ကျရောက်သွားခဲ့လေ၏။
ရှုကျုံးယွမ်က ရှုကျင်းအား ဖုန်းခေါ်ကာ အသံနက်နက်ဖြင့် မည်သည့်နေရာ၌ ရှိနေကြောင်း မေးမြန်း၏။ အဖြေပြန်ရပြီးနောက် နောက်တစ်ခွန်း ထပ်မေးသည်က
"ရှန့်ရှင်းဟယ်ရော ဘယ်မှာလဲ?"
မုန်တိုင်းပျိုးရန် အစချီနေပြီ။ ထိုအခြေအနေမျိုးက ရှုကျင်းအား မရှင်းပြဘဲနားလည်သွားစေသည်။ ဖခင်ဖြစ်သူက အကြောင်းတစ်စုံတစ်ရာကို သိရှိသွားလောက်ပြီ။
ရှုကျင်းက ရှန့်ရှင်းဟယ် ကောလိပ်ရောက်နေကြောင်း ပြန်ဖြေလိုက်၏။
ရှုကျုံးယွမ်က ပြောလေသည်။
"အရင်တစ်ပတ်ပိတ်ရက်တုန်းက သူ့ဆီ သွားတွေ့သေးလား?"
"အင်း"
"ဘာလို့ လူတွေကြားထဲ လက်တွဲထားရတာလဲ? ဒီလိုလူရှေ့သူရှေ့မှာ ယောက်ျားနှစ်ယောက် လက်ချင်းတွဲတယ်ဆိုတာက မသိတဲ့လူဆို အတွဲတွေလို့ပဲ မြင်မှာ.. မင်းရဲ့ဦးလေးလီကတောင် ငါ့ကို ဟာသလုပ်နေပြီ.. ငါက ကိုယ့်သမက်ကို မွေးခဲ့တာပဲတဲ့.. ငါ ဘယ်လောက်အရှက်ကွဲခဲ့ရလဲ မင်းသိလား?"
ရှုကျင်း ယခုမှ ဦးလေးလီဆိုသူကို အမှတ်သွားတော့၏။ ဂုဏ်ပြုညစာစားပွဲသို့ပင် တက်ရောက်လာခဲ့သေးသည်။
ကမ္ဘာကြီးက အင်မတန်ကျဥ်းမြောင်းလှသည်။ ထိုလူက လူအများကြားတွင်မှ သူတို့နှစ်ဦးကိုသာ ကွက်ကွက်ကွင်းကွင်းမြင်လိုက်ရခြင်း။
ရှုကျင်းဘက်မှ မည်သည့်စကားသံမျှ ထွက်ပေါ်မလာသည့်အခါ ရှုကျုံးယွမ်က လည်ချောင်းရှင်းလျက် ထပ်မံပြောဆိုသည်။
"နောက်တစ်ခါ အဲ့လိုထပ်မလုပ်နဲ့တော့.. အထင်လွဲခံလို့ကောင်းတဲ့အရာမဟုတ်ဘူး.. ငါရှုကျုံးယွမ်ရဲ့သားက ဒီလိုဂေးတစ်ယောက်ဆိုပြီး အပြောမခံသင့်ဘူး---"
"အထင်လွဲတာမဟုတ်ဘူး"
ရှုကျင်း ဝန်ခံလိုက်ပြီ။
ထိုအခိုက်အတန့်ဝယ် ရှုကျင်း အနည်းငယ်သွေးဆူနေပုံရ၏။ သို့သော်ငြား နောင်တမရချေ။
"အဖေ ကျွန်တော် သူနဲ့တွဲနေတာ.. သူ့ကို ကျွန်တော် အရင်စကြိုက်တာ"
ထိုစဥ်က ရှုကျုံးယွမ်၏ဒေါသကိုဖြင့် ရှုကျင်း ရှင်းရှင်းလင်းလင်းမမှတ်မိတော့ပါ။
ရှုကျုံးယွမ်က သားဖြစ်သူအား ချော့မော့ပြောဆို၏။ အရှက်မရှိ မနေသင့်ကြောင်း၊ ကောင်းကောင်းမွန်မွန် ပြန်လည်ပြင်ဆင်ကာ မိန်းကလေးနှင့်သာ တွဲသင့်ကြောင်းဟူ၍။ ရှန့်ရှင်းဟယ်၏ရုပ်ပိုင်းဆိုင်ရာချို့ယွင်းမှုနှင့် အရေးပါသည့်အခြားမည်သည်ကိုလုပ်နိုင်ကြောင်း မေးသေး၏။ ရှုကျင်းကိုပါ မျက်ကန်းဖြစ်သွားပြီလောဟု ဆူပူသေးသည်။
ရှုကျင်းလည်း ဖုန်းချလိုက်၏။
ထိုအချိန်တုန်းကမူ ဖခင်ဖြစ်သူနှင့် မကျေမချမ်းဖြစ်မှုသက်သက်သာဖြစ်ပြီး သူတို့နှစ်ဦး လက်တွဲမဖြုတ်ဘဲ တောင့်ခံနေသရွေ့ သူတို့၏ခံစားချက်များကို သက်သေပြ၍ရနိုင်မည်ဟု တွေးထင်ခဲ့သည်။ ထို့နောက် တစ်နေ့နေ့တွင်တော့ ဖခင်ဖြစ်သူက သဘောတူလက်ခံပေးလိမ့်မည်။
ရှုကျုံးယွမ်က ရှန့်ရှင်းဟယ်အားခေါ်ကာ ဆူပူမည်စိုးသဖြင့် အမေဖြစ်သူဆီ ဖုန်းဆက်ကာ စစ်ကူတောင်းသေး၏။
ရှုကျုံးယွမ်နှင့်စိတ်ပိုင်းဆိုင်ရာလွန်ဆွဲမှုဟာဖြင့် နှစ်လမျှ ကြာမြင့်သွားချေပြီ။
ရှုကျင်းလည်း ဆောင်းဦးလယ်ပွဲတော်အတွင်း အိမ်မပြန်ခဲ့ချေ။
သို့သော်ငြား ရှုကျုံးယွမ်က ကျောင်းသို့လာကာ ရှုကျင်းအား ညစာစားရန် ခေါ်သွားပြီး အမှန်တရားကို ပြောပြလေ၏။
"မင်းတို့ရဲ့စိတ်ကူးယဥ်အချစ်က အရမ်းနက်ရှိုင်းတယ်ထင်နေတာလား? ဘာလို့ဆို မင်းက ဘာဆိုဘာမှ မသိသေးလို့ပဲ"
စီးပွားရေးသမား၏ဟန်ပန်မျိုးဖြင့် ရှုကျုံးယွမ်က တစ်ခွန်းချင်းစီ သေချာဆိုလေသည်။
ရှုကျင်းက မျက်မှောင်ကြုတ်လိုက်၏။ စိတ်ထဲ၌ ထင်နေသည်က ဖခင်ဖြစ်သူဟာ သူ့အား စကားနိုင်လုနေခြင်းသာဖြစ်သည်ဟူ၍။
"ဘာတွေပြောနေတာလဲ?"
"ငါ မင်းကို တစ်ခါမှ အဲ့အကြောင်း မပြောပြဖူးဘူး ရှုကျင်း... ဘယ်သူ့ကိုမှလည်း မပြောပြဖူးဘူး.. ဒါပေမဲ့ ဒီနေ့တော့ မင်းကို ပြောပြမှကို ဖြစ်တော့မယ်.. သူ မင်းကို မမုန်းစေချင်ဘူးဆိုရင်တော့ အဲ့လျှို့ဝှက်ချက်ကို ရင်ထဲမှာပဲ သိမ်းထားပေါ့"
"ရှန့်ရှင်းဟယ်ရဲ့မျက်လုံး ကန်းသွားတာ မင်းကြောင့်ပဲ"
"အဲ့တုန်းက မင်းလည်း ကွင်းပြင်မှာ ကစားနေခဲ့တာ.. ငါ အော်သံကြားလို့ မင်းတို့ကစားနေတဲ့ဆီလည်းရောက်လည်း မင်းလက်ထဲမှာက သစ်ကိုင်းခြောက်တစ်ချောင်းနဲ့"
"အဲ့တုန်းက မင်းက သုံးနှစ်တောင် မပြည့်သေးဘူး.. ကြောက်လွန်းလို့ စကားတောင် ပြောမထွက်ဘူးဆိုတော့ ငါလည်း အဲ့သစ်ကိုင်းခြောက်ကို လွှတ်ပစ်လိုက်တယ်.. ပြီးတော့ ရှန့်ရှင်းဟယ်ကို ဆေးရုံလိုက်ပို့ဖို့ တစ်ယောက်ယောက်ကို ခိုင်းလိုက်တယ်"
"သူ့မျက်လုံးက ကန်းသွားတော့ ငါက နစ်နာကြေး ဒေါ်လာရာချီထောင်ချီပေးရတော့မှာ"
"ငါက စက်ရုံမှာ စရင်းနှီးမြှုပ်နှံခါစအချိန်ပဲရှိသေးတော့ တခြားအကြွေးတွေကလည်း ရှိနေသေးတယ်.. သူ့ကို လျော်ကြေးပေးဖို့ ငါ့မှာ ပိုက်ဆံမလောက်ခဲ့ဘူး"
"... ကလေးတွေ ကစားနေရင်းနဲ့ မတော်တဆထိခိုက်မိသွားတာမို့ မင်းတာဝန်ယူစရာမလိုဘူးလို့ပြောတယ်.. ဒါပေမဲ့လည်း နှစ်တွေကြာသွားတဲ့အထိ လိပ်ပြာမသန့်ခဲ့ဘူး.. အဲ့ဒါကြောင့် သူ့ကို တာဝန်ယူပြီး ကောင်းကောင်းမွန်မွန်ဆက်ဆံပေးခဲ့တယ်.. ဒါပေမဲ့ မင်းကိုတော့ အဲ့လိုလုပ်ခွင့်မပေးနိုင်ဘူး! မင်းကို သူနဲ့တူတူရှိပေးဖို့ မတောင်းဆိုခဲ့သလို ဒီလိုယောက်ျားအချင်းချင်းတွဲရလောက်တဲ့အထိလည်း အရူးထခွင့်မပေးနိုင်ဘူး!"
ရှုကျင်းမှာ မျက်နှာတစ်ပြင်လုံး ဖြူဖတ်ဖြူရော်ဖြစ်လျက် ကြက်သေသေနေတော့သည်။
အချိန်အတန်ကြာတော့မှ ရှုကျင်း၏နှုတ်ဖျားမှ ရေရွတ်သံ တိုးညင်းစွာထွက်ပေါ်လာ၏။
"အဖေ ကျွန်တော့်ကို ညာတယ်.. ကျွန်တော်တို့နှစ်ယောက်ကို လမ်းခွဲခိုင်းဖို့ မဟုတ်တရုတ်တွေ လုပ်ကြံပြောနေတာ"
ရှုကျုံးယွမ်က ပြောလေသည်။
"လိမ်တယ်တဲ့လား? ရှန့်ရှင်းဟယ်ကိုယ်တိုင်ကလည်း ငယ်သေးတော့ ဘာကိုမှ ရှင်းရှင်းလင်းလင်းမမှတ်မိတော့ဘူး... နောက်ပိုင်း မင်းကို စက်ရုံဆီ ဘာလို့မခေါ်သွားခဲ့လဲဆိုတာ သေချာပြန်စဥ်းစားကြည့်စမ်း.. အဲ့ကလေး မင်းကို မှတ်မိသွားမှာစိုးလို့ပဲ"
ရှုကျင်း၏နားများက တစီစီအူလျက်။ ယခုထိပင် ယုံနိုင်စွမ်းမရှိသေး။
__ဘာလို့ အဖေက အဲ့လောက်လွယ်လွယ်ပြောထွက်ရတာလဲ?
Advertisement
__လျှောက်ပြောတာပဲနေမှာ။
ရှုကျုံးယွမ်၏အသံက ပိုမိုကျယ်လောင်လာ၏။
"ရှန့်ရှင်းဟယ်သာ ဒီကိစ္စသိရင် မင်းတို့နှစ်ယောက် တူတူရှိနိုင်ဦးမယ်ထင်လား? မင်း အခုသူနဲ့မပြတ်ရင် ဒီလူအိုကြီးက အမှန်တွေသွားပြောပြရမှာပဲ!"
"ဟိုမိသားစုကရော?"
ရှုကျင်းက အဖေဖြစ်သူအား ငေးမောကြည့်ရုံသာ တတ်နိုင်၏။ မျက်ဝန်းများက မင်ရည်ပမာ မည်းနက်ကာ နှုတ်ခမ်းဟာဖြင့် ဖြူဆွတ်နေလေသည်။ လူတစ်ကိုယ်လုံးမှာလည်း ပါးလွှာသည့် စက္ကူတစ်ရွက်ပမာ တစ်စုံတစ်ယောက်က လက်ဖြင့် လာပုတ်ရုံမျှဖြင့် လဲကျနိုင်သည့်သဘောတွင်ရှိသည်။
ရှုကျုံးယွမ်က နားမလည်ချေ။
"ဘယ်ကမိသားစုလဲ?"
ရှုကျင်းမှာ ထိုတရားခံက သူကိုယ်တိုင်မဟုတ်ပါကြောင်း နောက်ဆုံးမျှော်လင့်ချက်ကောက်ရိုးမျှင်လေးအား ဆုပ်ကိုင်ထားလျက် မေးမြန်းလိုက်၏။
"ရှန့်ရှင်းဟယ်ရဲ့မိသားစုကို လျော်ကြေးပေးပြီး တာဝန်ယူသွားခဲ့တဲ့ မိသားစုလေ.. သူတို့က ဘာလို့ကိုယ်တိုင်မလုပ်ခဲ့တဲ့ကိစ္စကို ဝန်ခံလိုက်တာလဲ?"
ရှုကျုံးယွမ်က မျက်မှောင်ကြုတ်၏။
"သူတို့က မတူဘူးလေ.. အစကတည်းက ဆင်းရဲတဲ့မိသားစု.. ဘာပဲပြောပြော သူတို့လည်း ပိုက်ဆံအများကြီးဆုံးရှုံးလိုက်ရတာမှမဟုတ်ဘဲ.. အဲ့အချိန်တုန်းက သူတို့မိသားစုကလည်း စက်ရုံမှာအလုပ်လုပ်နေတာ.. အဲ့ကလေးက တာဝန်ယူပြီးတဲ့နောက် ငါ သူတို့ကို ဒေါ်လာသောင်းနဲ့ချီ ပေးခဲ့တာ.. သူတို့မှာ ဘာဆုံးရှုံးသွားလို့လဲ?"
ရှုကျင်းမှာ အာစေးမိငြိမ်သက်နေလေသည်။
ယခုမှ ရှုကျုံးယွမ်အား ပထမဆုံးအကြိမ် မြင်တွေ့ဖူးသလို ခံစားမိ၏။ စက္ကန့်ပိုင်းမျှအကြာတွင် နှုတ်မှဖွင့်ဟလာ၏။
"တခြားတစ်ယောက်ကို အပြစ်လွှဲချခဲ့တာလား?"
ရှုကျုံးယွမ်လည်း ခေတ္တမျှ ဘေးကြပ်နံကြပ်ဖြစ်သွား၏။ ဇရာထောင်း၍ အရေတွန့်နေသော မျက်နှာက ရုတ်တရက်နီမြန်းလာပြီး လျင်မြန်စွာ ပြန်ပြောသည်။
"ငါ မင်းကို ပြောနေတာ အဲ့ဒီကိစ္စမဟုတ်ဘူး.. လမ်းမလွှဲသွားနဲ့"
ရှုကျင်း ရုတ်တရက် ထရပ်လိုက်ရာ သူ၏ထိုင်ခုံက ကြမ်းပြင်ထက် လဲကျသွား၏။ ထို့နောက် နောက်လှည့်မကြည့်တော့ဘဲ အပြင်သို့ ထထွက်သွားလေသည်။
ဆောင်းဦးလေညင်းက အလွန်အေးလှပြီး စိတ်ဓာတ်ကျစရာလည်းကောင်း၏။ ထိုညက မိုးရွာခဲ့ပါသည်။
ရှုကျင်းက ထိုတစ်ညတာကို ငေးမှိုင်တွေဝေစွာ ဖြတ်သန်းခဲ့ပြီးနောက် နံနက်မိုးလင်းသော် အမြန်ရထားလက်မှတ်ဝယ်ယူမနေတော့ဘဲ ကားတစ်စီးချက်ချင်းငှားကာ ရှန့်ရှင်းဟယ်ထံ အဆောတလျင်သွားခဲ့၏။
ရှန့်ရှင်းဟယ်ရှိရာမြို့၌လည်း မိုးရွာသွန်းနေခဲ့ပါသည်။ ရှန့်ရှင်းဟယ်၏နေအိမ်အရှေ့၌ ကုပ်ကုပ်လေးထိုင်ချကာ သူပြန်အလာကို စောင့်ဆိုင်းနေ၏။ ရှန့်ရှင်းဟယ် ပြန်ရောက်သော် ရှုကျင်းအား အဘယ်ကြောင့် အိမ်ထဲမဝင်နှင့်သည့်အကြောင်းကို နူးညံ့ညင်သာစွာ မေးမြန်းလေသည်။
"ကျွန်တော် သော့မေ့ကျန်ခဲ့လို့"
ရှန့်ရှင်းဟယ်က ရှုကျင်းအား ဆွဲထူလိုက်၏။ ရှုကျင်း၏လက်နှစ်ဖက်စလုံး အေးစက်နေကာ မျက်နှာအခြေအနေကလည်း မကောင်းချေ။ ရှ့န်ရှင်းဟယ်က အကြောင်းရင်းကို မေးမြန်းမနေဘဲ စကားတစ်ခွန်းကိုသာ ရေရွတ်လိုက်၏။
"မင်း အရူးလား"
အိမ်ခန်းထဲသို့ရောက်ပြီးနောက် ရှန့်ရှင်းဟယ်က ရှုကျင်းအတွက် ရေနွေးတစ်ခွက်ခပ်ပေးကာ နှစ်ဦးသား မျက်နှာချင်းဆိုင် အကြည့်ချင်းဆုံခိုက် ရှုကျင်းဘက်မှ အကြည့်စလွှဲသွားသည်။
ရှန့်ရှင်းဟယ်က မေးမြန်းလိုက်၏။
"တစ်ခုခု ဖြစ်လာတာလား?"
ရှုကျင်းက စကားတစ်ခွန်းမျှ မထွက်ဆိုလာဘဲ မျက်ရည်များကသာ တဖြိုင်ဖြိုင်ယိုစီးကျလာသည်။
ရှန့်ရှင်းဟယ်က ရှုကျင်းအရှေ့ ဆောင့်ကြောင့်ထိုင်ချလိုက်၏။
"ဦးလေး ဆူလိုက်ပြန်ပြီလား? ဒါဆို ကိုယ်ကလည်း မင်း စိတ်ရှိလက်ရှိ ကိုယ့်ကို ပြန်ဆူတာခံမယ်ကွာ.. မဟုတ်ရင်လည်း သူ့ကိုဖုန်းဆက်ပြီး ကိုယ့်ကိုဆူဖို့ ပြောရမလား.. သူ တဖြည်းဖြည်းအားလျော့သွားရင် ကိုယ်တို့နှစ်ယောက်ကို သဘောတူမှာပါ"
အမှန်စင်စစ်တွင်တော့ ရှုကျုံးယွမ်က ရှန့်ရှင်းဟယ်အား ဖုန်းဆက်လာပြီး ရှန့်ရှင်းဟယ်ခမျာ နှစ်ပြားမတန်အောင် အအော်ငေါက်ခံခဲ့ရပြီးဖြစ်လေသည်။
ကျေးဇူးမသိတတ်သည့်လူအဖြစ်လည်းကောင်း၊ ခွေးကျင့်ခွေးကြံကြံသူအဖြစ်လည်းကောင်း၊ ရှုကျင်းအား လမ်းမှားရောက်စေခဲ့သူအဖြစ်လည်းကောင်း ရှုကျုံးယွမ်၏တံတွေးခွက်ထဲတွင် ပက်လက်မျောခဲ့ရပြီးဖြစ်၏။ ရှုကျင်း၏ရှေ့မှောက် အပြင်ပန်းတွင်မူ ကြံ့ခိုင်နေသော်လည်း ရင်ဘတ်ထဲ၌ ယိုင်နဲ့ပြိုလဲနေကြောင်းကိုဖြင့် မည်သူက သိနားလည်မည်နည်း။
"လိမ္မာတယ်နော်"
ရှန့်ရှင်းဟယ်က ရှုကျင်း၏မျက်နှာအား လက်ချောင်းများဖြင့် ထိတွေ့ကာ မတ်တပ်ထရပ်ပြီးနောက် အကြင်လူအား ပွေ့ဖက်လိုက်၏။ ထို့နောက် ရှုကျင်း၏နှာခေါင်းဖျားလေးကို နမ်းရှုံ့လေသည်။
ရှုကျင်းက ပို၍ပိုကာ ရှိုက်ကြီးတငင် ငိုကြွေးကာ ရှန့်ရှင်းဟယ်၏လည်တိုင်အား လက်ဖြင့်တွယ်ဖက်၍ 'ကို'ဟု အကြိမ်ကြိမ်အခါခါ မြည်တမ်းတော့၏။ တစ်ကြိမ်၊ ထပ်၍တစ်ဖန် နောက်တစ်ကြိမ်။
တောင်းပန်ပါသည်ဟုလည်း ဆိုခဲ့သေးသည်။
သို့သည့်တိုင် အကြောင်းရင်းကိုဖြင့် မပြောခဲ့ချေ။
~
စာရေးသူမှာပြောစရာရှိပါတယ် :
ဓားခန်းတွေ မကြာခင်အဆုံးသတ်တော့မှာပါ။
ZAWGYI
ေငြေသာ္တာလမင္းဟာ ျမစ္ျပင္က်ယ္ထဲ သက္ဆင္းသြားသကဲ့သို႔။ ေဝလငါးမ်ား ပင္လယ္ထဲ အရိုင္းဆန္စြာ ကူးခတ္ေနၾကသည္မွာ ေရလွိုင္းမ်ားက ၾကယ္စင္မ်ားကို ဖ်န္းပက္ေနသကဲ့သို႔။
ကမၻာေျမျပင္ဟာ အသစ္ေပါက္ဖြားလာသည့္ ငယ္ရြယ္ႏုပ်ိဳသည့္ အခ်စ္ေမတၱာေၾကာင့္ ပို၍ပိုကာ ရွုေမာဖြယ္ရာေကာင္းေနသလို။
ရွုက်င္းက ရွန့္ရွင္းဟယ္၏အကၤ်ီအနားစကို ေၾကာက္ရြံ႕ျခင္းအလ်ဥ္းမရွိဘဲ ေဆာင့္ဆြဲလိုက္ၿပီးေနာက္ ရွန့္ရွင္းဟယ္က တိုက္ရိုက္ဖြင့္ေျပာလာခဲ့ျခင္းျဖစ္သည္။ 'ငါ မင္းကို ဒီအတိုင္းေလး သေဘာက်တာ'ဟူေသာ တုန္လွုပ္စရာစကားလုံးမ်ားက သူ၏မ်ိဳသိပ္ထားရသည့္ခံစားခ်က္အစုစုကို ပြင့္ထြက္သြားေစ၏။ မွန္သည္ျဖစ္ေစ၊ မွားသည္ျဖစ္ေစ၊ သင့္ေလ်ာ္သည္ျဖစ္ေစ၊ မသင့္ေလ်ာ္သည္ျဖစ္ေစ၊ လိင္တူ၏၊ မတူ၏ကိုပင္ ဆန္းစစ္မေနေတာ့ဘဲ ထိုႏွစ္က သူတို႔ႏွစ္ဦး တင္းတင္းၾကပ္ၾကပ္ ေပြ႕ဖက္ျဖစ္ခဲ့ၾကပါသည္။
'တိုးတိတ္စြာ လၽွို႔ဝွက္စြာ' သေဘာက်ျခင္းမ်ိဳး ယခင္ကတည္းက မရွိခဲ့ဖူးေခ်။
ထို႔ေၾကာင့္ပင္ ရွန့္ရွင္းဟယ္က ရွုက်င္းအား အစဥ္တစိုက္ ၾကည့္ေနခဲ့ကာ အလိုလိုက္ဂ႐ုစိုက္ေပးခဲ့ျခင္းျဖစ္သည္။
ရွုက်င္းက ရွန့္ရွင္းဟယ္၏တုံ႔ျပန္မွုမ်ားကို မသိေက်းကၽြန္ျပဳခဲ့မိျခင္းသာ။ ယခုတြင္ေတာ့ ရွန့္ရွင္းဟယ္အား အျခားေကာင္းမြန္သည့္အရာမကဘဲ ပို၍ပိုကာ ေကာင္းမြန္ျပည့္စုံသည့္ အရာမ်ားကိုသာ ေပးအပ္ခ်င္ေတာ့သည္။
သူတို႔ႏွစ္ဦး အေသအခ်ာလက္ကိုင္ျဖစ္ခဲ့သည့္ ပထမဆုံးအႀကိမ္သည္ကား ရွန့္ရွင္းဟယ္အား ဘူတာ႐ုံသို႔ လိုက္ပို႔ေပးသည့္ ေနာက္တစ္ေန႔ပင္ ျဖစ္ေခ်၏။
ရထားတြဲထက္၌ ေဘးခ်င္းကပ္ရပ္ထိုင္ေနၾကရင္း ယမန္ေန႔ညက ဖြင့္ေျပာမွုမ်ားေၾကာင့္ ရွက္ရြံ႕စိတ္မ်ား တရိပ္ရိပ္သန္းလာရသည္။ ရွန့္ရွင္းဟယ္က ျပတင္းေပါက္မွတစ္ဆင့္ ရွုခင္းမ်ားအား ေငးေမာၾကည့္ဟန္ ေယာင္ေဆာင္ကာ ရွုက်င္း၏လက္အား ညင္ညင္သာသာ ဆုပ္ကိုင္လိုက္၏။ လက္ေခ်ာင္းမ်ား လိမ္ယွက္လ်က္ ႏွစ္ဦးစလုံး၏လက္ဖဝါးျပင္ဟာ ေခၽြးမ်ားျဖင့္ စိုရႊဲေနခဲ့ေလသည္။
ခရီးဆုံးဘူတာသို႔ေရာက္သည့္အခါ၌ မခြဲခ်င္ဘဲ လက္တြဲျဖဳတ္ၾကရေတာ့၏။ ရထားမွအဆင္း တန္းစီၾကသည့္အခ်ိန္၌ လူအလစ္ကို အခြင့္ေကာင္းယူကာ ရွုက်င္းက လက္ေခတၱတြဲလိုက္ေသးသည္။
"ကၽြန္ေတာ္ ကို႔ကို ေနာက္လ လာေတြ႕မယ္ေနာ္.. ေနာက္လဆိုရင္ ပိတ္ရက္သုံးရက္ေတာင္ ရွိတာ"
ရွုက်င္းက ေခါင္းငုံ႔လ်က္ စကားေျပာဆိုေနသည္မွာ လည္ပင္းေတာက္ေလၽွာက္ ရွက္ေသြးမ်ားပင္ ဖ်န္းေနၿပီျဖစ္၏။
ရွန့္ရွင္းဟယ္၏ကုမၸဏီအေသးစားေလးမွာလည္း စတင္လည္ပတ္ေနၿပီျဖစ္၍ ရွန့္ရွင္းဟယ္တစ္ေယာက္ စတင္အလုပ္မ်ားေနေလာက္ၿပီ။
ရွုက်င္းကသာ အေပ်ာ္လြန္၍ စိတ္ထဲရွိသမၽွ ေျပာခ်င္ရာေျပာေနျခင္းသာ ျဖစ္ေၾကာင္းကို ရွန့္ရွင္းဟယ္ သိနားလည္သည့္အေလ်ာက္ ျငင္းဆိုျခင္းမျပဳ။
"ေကာင္းၿပီေလ ကိုယ္ ေမၽွာ္ေနပါ့မယ္"
တိတ္တဆိတ္လက္ကိုင္ထားၾကရင္း လူအုပ္ႀကီးေရွ႕ဆက္တိုးသည္ႏွင့္အမၽွ လက္ေခ်ာင္းေလးမ်ားျဖင့္ ခ်ိတ္တြယ္ထားလိုက္ၾက၏။ အဆုံးတြင္ေတာ့ တြန့္ဆုတ္မွုမ်ားႏွင့္အတူ လက္တြဲျဖဳတ္ၾကရေတာ့သည္။
ပထမဆုံးေပြ႕ဖက္မွုက သူတို႔ႏွစ္ဦး ပထမဆုံးစတင္နမ္းရွိုက္ၾကသည့္ေန႔၌ျဖစ္၏။ ပထမဆုံးေသာကိစၥႏွစ္ခု ယွဥ္တြဲျဖစ္သြားၾကသည္ပင္။
ဤသည္က ရွုက်င္း ရွန႔္ရွင္းဟယ္၏ေက်ာင္းသို႔ ေနာက္တစ္ဖန္ ထပ္လာသည့္ည၌ ျဖစ္၏။
ရာသီဥတုက ပူျပင္းေျခာက္ေသြ႕ကာ ေလထုက အင္မတန္သိပ္သည္းလွသည္။
ရွုက်င္းမွာ ရိုးရိုးသာမန္တီရွပ္၊ ကမ္းဗက္စ္ဖိနပ္သန့္သန့္မ်ားျဖင့္ ပခုံး၌ လြယ္အိတ္လြယ္ကာ ရွန့္ရွင္းဟယ္၏ေကာလိပ္ဝင္းထဲဝင္ခဲ့၏။ ရွန့္ရွင္းဟယ္က ရွုက်င္းအား ျမင္ေတြ႕လိုက္ရသည့္အခ်ိန္ အင္မတန္တည္ၿငိမ္ေနခဲ့သည္။ သို႔ေသာ္ျငား လူသူရွင္းသည့္ေနရာသို႔အေရာက္ ရွန့္ရွင္းဟယ္က ႐ုတ္တရက္ ေျခလွမ္းရပ္ကာ ရွုက်င္းအား တင္းတင္းၾကပ္ၾကပ္ေပြ႕ဖက္ထားလိုက္၏။
ပုစဥ္းရင္ကြဲမ်ားက ေႏြညအလယ္ တဝီဝီအသံေပးေနၾကသည္။ ရွန့္ရွင္းဟယ္ဘက္မွစတင္၍ အနမ္းဖြဖြေပးလိုက္ၿပီးေနာက္ ပို၍လက္ရဲဇက္ရဲနိုင္လာၾက၏။
ထိန္းမနိုင္သိမ္းမရအနမ္းမ်ားအၾကား သြားအခ်င္းခ်င္းတိုက္မိသည့္အခါလည္းရွိသည္။ ရွုက်င္းက ႏွုတ္ခမ္းဟကာ ပင့္သက္ရွိုက္လိုက္သည့္အခ်ိန္ ႏွစ္ဦးသား၏လၽွာဖ်ားမ်ား စတင္မိတ္ဆက္ၾကေတာ့၏။
ဤသည္က ဘာမေျပာညာမေျပာႏွင့္ ႐ုတ္တရက္ျဖစ္လာေသာ ေတြ႕ဆုံမွုေၾကာင့္ဟု ေခါင္းစဥ္တပ္ရေပမည္ေလာ။
ဤသို႔ျဖင့္ပင္ စာသင္ႏွစ္တစ္ႏွစ္အတြင္း ထိုလူႏွစ္ဦးဟာ တစ္ဦးၿမိဳ႕ထံတစ္ဦး အခါေပါင္းမ်ားစြာ အသြားအလာျပဳခဲ့ၾကေလသည္။
ေနာက္ဆုံးႏွစ္၏ေႏြရာသီခရီးစဥ္အတြင္း ပထမဆုံးညကိုလည္း တစ္ဦးကိုတစ္ဦးရရွိခဲ့ၾက၏။
ရွုက်င္းက ေအာ္ညည္းလ်က္ ရွန့္ရွင္းဟယ္၏ပခုံးကိုသာ သြားရာဗလပြျဖင့္ ကိုက္ခဲထားသည္။ သို႔ေသာ္ျငား ကိစၥၿပီးေျမာက္၍ အိပ္ယာနိုးလာသည့္အခိုက္ ရွန့္ရွင္းဟယ္အနား၌သာေနၿပီး ကလူ၏သို႔ျမဴ၏သို႔အလား ေပြ႕ဖက္မွုကို တႏူးတညံ့ေတာင္းခံလ်က္ရွိ၏။
ထို႔ေနာက္ စိတ္ကူးယဥ္အေတြးမ်ားႏွင့္ အနာဂတ္အေၾကာင္းကို တိုင္ပင္ဖြင့္ေျပာခဲ့ၾကသည္။
ရွုက်င္းက ဘြဲ႕ရၿပီးေနာက္ ရွန့္ရွင္းဟယ္ရွိေနသည့္ၿမိဳ႕ထံ သြားကာ သူတို႔ႏွစ္ဦးပိုင္ ေနအိမ္ေလးတစ္လုံးကို ဝယ္ယူထားခ်င္၏။ ထိုေနရာေလးဟာ ရွန့္ရွင္းဟယ္၏ကုမၸဏီႏွင့္သာမက ေဈးဝယ္စင္တာႏွင့္လည္း နီးရမည္။ ထို႔အျပင္ ႀကိဳတင္၍ဟင္းခ်က္သင္ထားခ်င္ေၾကာင္း၊ အိမ္က လြန္စြာမွႀကီးက်ယ္ခမ္းနားေနစရာမလိုဘဲ အိပ္ခန္းတစ္ခန္းရွိ႐ုံႏွင့္သာ လုံေလာက္ေၾကာင္း၊ ပတ္ဖ္အား လသာေဆာင္ေနရာေလး ေပးထားမည္ျဖစ္ေၾကာင္း တစ္သီတစ္တန္းစိတ္ကူးမ်ားႏွင့္ ေပ်ာ္ေမြ႕ေနေလသည္။
အေတာင္အလက္ဆုံကာ တစ္ဦးကိုတစ္ဦး မွီခိုအားထားနိုင္သည့္ ယုံၾကည္ခ်က္မ်ားရွိလာသည့္အခိုက္ ရွန့္ရွင္းဟယ္က သင့္ေလ်ာ္မည့္အခ်ိန္တစ္ခုကို ေရြးကာ ရွုက်ဳံးယြမ္အား အျဖစ္မွန္ကို ေျပာျပမည္ျဖစ္၏။
ထိုတစ္ႏွစ္ခြဲဟူသည့္ အခ်ိန္ကာလေလးဟာ လွပၿပီး လြန္စြာလည္း စိတ္လွုပ္ရွားစရာေကာင္းခဲ့ပါသည္။
ေနအိမ္၌ဆိုလၽွင္ အခန္းတစ္ခု၌ ပုန္းကာ အတူေနျဖစ္မည္။ မီးဖိုေခ်ာင္၌ ပုန္းလၽွိုးကြယ္လၽွိုး အနမ္းမ်ားျဖင့္ ေျဖသိမ့္ေစမည္။ ျမစ္ကမ္းနံေဘး၌ ေခြးေက်ာင္းရင္း တစ္ဦးလက္ကိုတစ္ဦး ဆုပ္ကိုင္ထားမည္။
အျပင္သို႔ေရာက္လၽွင္လည္း ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေဈးဝယ္ထြက္ကာ အမ်ားအျမင္ကို မမွုဘဲ စုံတြဲအကၤ်ီမ်ားဝတ္ဆင္ၾက၏။
Advertisement
- In Serial1534 Chapters
Beauty and the Beasts
As soon as she fell into the world of beastmen, a leopard forcibly took her back to his home. Indeed, Bai Qingqing is at a complete and utter loss. The males in this world are all handsome beyond compare, while the women are all so horrid that even the gods shudder at their sight. As a first-rate girl from the modern world (she’s also a quarter Russian), Bai Qingqing finds herself sitting at the center of a harem filled with beautiful men — at the very peak of existence.
8 473 - In Serial63 Chapters
All I ever wanted
"I know we broke up, but.., " he whispers in my ear, trailing his finger lightly along my arm. He places a soft kiss on my collarbone, making a shiver course through me. He tilts his head so he's staring straight into my eyes. His pupils dilate as he gazes at my face, stroking my cheeks slightly with his thumb. "I just can't seem to give you up." And with that, he crashes his lips onto mine. ~~~Dove Kelch loses all hope in relationships when her first love cheated on her with her best friend and disappeared. Two years later, Dove plans to go through the senior year unscathed, but everything changes when her ex returns to town in the grandest way ever. The arrival of a new exchange student who falls for Dove only makes things worse. Now Dove is stuck between her cold-hearted first love and the new guy who treats her like a queen. As feelings unravel and secrets unveil, Dove gets to learn that the devil you know is better than the angel you don't know. How quick can love change to obsession? Throw in the funniest classmates, late-night drives, crazy parties, and get ready for this roller coaster of drama.Warning: contains mature scenes.
8 298 - In Serial16 Chapters
Lord of the Night Realm: Book II - Reunion
[Spoilers for Book I] With Isadore Renard's scheme put into motion, Ellie finds herself back in the Prime Realm with no recollection of her time away from home. But just as she begins assimilating back into normal life, Solarists execute a plan that involves her in an insidious way. What fate lies in store for Ellie and those she loves at the hand of her forgotten lover's nemesis?
8 224 - In Serial10 Chapters
Spirited Away (sasunaru)
Naruto and Sasuke has been banished from the spirit world and into the human world. What will happen? Will they ever be able to get back to their world?I suck at summaries as you all can see from my previous books so... It's better to read to find out what the story is about!Highest ranking: #1 in sasunaru #4 in narutouzumaki#5 in uzumaki#629 in short story#2 in neko #40 in gayromance
8 196 - In Serial50 Chapters
"Cause if you're falling in love, let me feel it.
Josie x oc | Cypress is a werewolf and Penelope's best friend.Takes place season 3&4 Idk read it:)Disclaimer: I own practically nothing, maybe Cypress.
8 98 - In Serial41 Chapters
The Interview | ✔️
Meet Stephanie Lynn Ryder, an almost 21-year-old girl behind on rent, works at a diner for $350 a week and has an oblivious boyfriend who only wants her for the money she makes to buy drugs. Let's just say he gets abusive when she doesn't give him her money. However, what will happen when the diner Stephanie works at closes and her rent is due the next day?Meet Carter Drew Mason, who's 23 years old, and CEO of Mason Enterprises in New York. He's the guy that doesn't give a crap about anyone or anything unless it is his business. He's covered in tattoos and has had his fair share in women. But right now, he's looking for a P.A, one with brains that wants to work and not throw themself at him.When these two collide, both broken in one way or another, a huge mess is made. And it all started, with an interview.----Highest Rankings:#1 in business#1 in happiness#3 in CEO #3 in hidden secrets #4 in love #6 in broken
8 297

