《Please Don't See Me [Mm Transl. || Completed]》CHAPTER-15
Advertisement
UNICODE
ရှုကျင်းဟာ သူ ရှန့်ရှင်းဟယ်အား သဘောကျနေမိပြီဖြစ်ကြောင်း မည်သည့်အချိန်မှစ၍ သတိထားမိခဲ့လေသနည်း။
ဤသည်ကား လွန်ခဲ့သော ခုနစ်နှစ်၊ ရှစ်နှစ်ခန့်က ဖြစ်၏။
ထိုအချိန်ဝယ် ရှုကျင်းက ရှန့်ရှင်းဟယ်အား မမြင်ရဘဲမနေနိုင်။ အချိန်တိုင်းလိုလို ရှန့်ရှင်းဟယ်အား တိတ်တခိုးငေးကြည့်နေမိသည်။ ချောမောသောကောင်လေးများက အာရုံဝင်စားခံရသည်မှာ သဘာဝကျသော်လည်း ရှန့်ရှင်းဟယ်က ထိုအမျိုးအစားထဲတွင်လည်း မပါဝင်။
ရှန့်ရှင်းဟယ်အား ပထမဆုံးမြင်တွေ့ဖူးသည့် မည်သူမဆို ကသိကအောက်ဖြစ်ကြသည်။ သေသပ်ကျနသည့် မျက်နှာအချိုးအစားကို ပိုင်ဆိုင်ထားသော်လည်း နိမိတ်ဆိုးသဖွယ် ကြောက်လန့်ဖွယ်ကောင်းသည့် မီးခိုးမှိုင်းရောင်မျက်လုံးက အကုန်အစင်ဖျက်လိုဖျက်ဆီးလုပ်ပစ်သည်။ ထိုအရာကပင် အများအာရုံကို ဖမ်းစားကာ အနှီမျက်လုံးပိုင်ရှင်သည်ကား မည်သို့သောအဖြစ်ဆိုးကြီးကို ကြုံတွေ့ခဲ့ရကြောင်း မတွေးမိဘဲမနေနိုင်ဖြစ်လာစေ၏။
ရှန့်ရှင်းဟယ်နှင့်မသိကျွမ်းသည့် သာမန်လူများကတော့ မျက်နှာအား စူးစူးစိုက်စိုက်မကြည့်ရဲကြချေ။ သူတို့ အမှတ်မထင်ငေးကြည့်လိုက်မှုကြောင့် ရှန့်ရှင်းဟယ် နေရထိုင်ရခက်မည့်အပြင် သူတစ်ပါးအားနည်းချက်ကို လိုက်နှိမ်သည်ဟု အထင်လွဲခံရမည်စိုးသည့်အတွက်။
ရှုကျင်းလည်း အစကနဦးက ထိုကဲ့သို့ပင် ပြုမူမိခဲ့ပါသည်။
သို့ပေတည့် အသိအာရုံပြန်ဝင်လာသည့်အခိုက် သူဟာ ရှန့်ရှင်းဟယ်ကိုသာ အချိန်အကြာကြီး ငေးကြည့်နေမိခဲ့ကြောင်း သူ့ကိုယ်သူ သတိထားလာမိသည်။ ရှန့်ရှင်းဟယ်က အမြဲတစေ ကွဲပြားခဲ့သည်ပင်။ ဖြစ်ပျက်သမျှအရာအားလုံးကို လက်ခံယုံကြည်ခဲ့၏။ မရှိသည့်အရာအတွက် စိတ်ပင်ပန်းဆင်းရဲနေခြင်းမပြုသည့်အပြင် အချိန်တိုင်း အေးဆေးသက်သာစွာ နေထိုင်သည်။ ထို့ကြောင့် ရှန့်ရှင်းဟယ်မှာ နယ်မြို့လေး၏ဆင်းရဲသောမိသားစုမှ မွေးဖွားလာသော လူတစ်ဦးဖြစ်ကြောင်း မည်သူမျှ သတိထားမိမည်မဟုတ်ချေ။
ရှုကျင်းက စိတ်ထဲ၌ တွေးလိုက်မိ၏။
__သူ့မျက်လုံးတစ်ဖက် မမြင်ရတော့ရော ဘာအရေးလဲ?
ရှန့်ရှင်းဟယ်က အခြားကျန်းမာသည့်လူများထက်ပင် အဆများစွာ သန်မာသေးသည်။ သူ့ကိုသဘောကျသည့်လူများက သူ၏တစ်ခုတည်းသောအားနည်းချက်လေးကိုလိုက်ဂရုစိုက်မနေသင့်ပေ။
ရှုကျင်းက ကြိမ်ဖန်များစွာ မသိမသာရော၊ သိသိသာသာပါ ချောင်းကြည့်နေသည့်အခိုက် ရှန့်ရှင်းဟယ်က ဗီဇစိတ်နှင့် သတိထားမိသည့်အလျောက် ရှုကျင်းဘက်သို့ လှည့်ကြည့်လိုက်သည်။
"ဘာကြည့်နေတာလဲ?"
ရှုကျင်းလည်း သူခိုးလူမိဖြစ်ကာ နှလုံးခုန်နှုန်းက စည်းချက်မှားမတတ်။
"ဘယ်သူက ကြည့်နေလို့လဲ? အစ်ကို့ကို အသံတိတ်မေတ္တာပို့နေတာ"
ရှန့်ရှင်းဟယ်က ရှုကျင်း၏ခေါင်းကို ခပ်ဖွဖွ ပုတ်လိုက်သည်။
"အစ်ကိုက မမြင်ရရုံပဲရှိတာနော်.. မကန်းသေးဘူး"
ရှုကျင်း၏မျက်နှာတစ်ပြင်လုံးသာမက နားရွက်ဖျားပါမကျန် နီရဲတွတ်သွားလေ၏။
အချိန်ကြာလာသည်နှင့်အမျှ ရှန့်ရှင်းဟယ်၏စကားတစ်ခွန်းစီတိုင်းက အသည်းစိုင်ကို ကဆုန်ပေါက်ပြေးလွှားစေ၏။ အကယ်၍များ ရှန့်ရှင်းဟယ်က ချီးမွမ်းစကားတစ်ခွန်းမျှဆိုလိုက်ပါလျှင် ရှုကျင်းခမျာ အိပ်ယာမဝင်ခင်အထိ တသသတွေးနေကာ ကုတင်ထက် ရောက်ပြန်လျှင်လည်း တစ်ကိုယ်လုံးကို ပုဇွန်ထုပ်ကွေးကွေးကာ အိပ်ပင်မပျော်တော့ချေ။
ရံဖန်ရံခါဆိုလျှင် ရှန့်ရှင်းဟယ်က စာမေးပွဲမေးခွန်းများကို အစမ်းဖြေကြည့်နေချိန်၌ ရှုကျင်းက နံဘေး၌ ထိုင်ကာ ပုံဆွဲနေတတ်၏။
အိမ်တော်ထိန်းအဒေါ်ကြီး ခွဲပေးထားသော သစ်သီးစိတ်များကို ပါးစပ်ထဲ သွတ်ထည့်ကာ ဗလုံးဗထွေးဖြင့် ပြောသေးသည်။
"အစ်ကို.. ဒီဒီဇိုင်းက အရမ်းမိုက်တယ်လို့ ထင်လားဟင်?"
ရှုကျင်း၏ဒီဇိုင်းအိုင်ဒီယာများက မြင်ဖူးနေကျပုံစံမျိုးမဟုတ်ဘဲ ဆန်းဆန်းပြားပြားသဏ္ဍာန်မျိုးဖြစ်နေသည်။ ခွက်ပုံစံများ၊ အိမ်ပုံစံများစသည်ဖြင့် ခေါင်းထဲပေါ်သမျှ အကုန်ဆွဲသည်။
ရှန့်ရှင်းဟယ် ရေးလက်စကိုရပ်ကာ ရှုကျင်းပြသည့်ပုံကို ကြည့်လိုက်သည်။ ထို့နောက် ပြုံးလျက် ဆိုလေ၏။
"ဗိသုကာပညာရှင်ဖြစ်ချင်တာလား?"
ရှုကျင်းက ပြန်ဖြေ၏။
"ဗိသုကာပညာရှင်ဆိုလည်း ရတာပဲ.. ဒါပေမဲ့ စာမေးပွဲမအောင်မှာကိုပဲကြောက်တယ်.. ဘာပဲဖြစ်ဖြစ်ပါ စာမေးပွဲအောင်အောင်ကျကျ အရေးမကြီးဘူး.. အိမ်အတွင်းဒီဇိုင်းပညာရှင်၊ ဥယျာဥ်ဗိသုကာ၊ ထုတ်ကုန်ဒီဇိုင်နာ ဘာဖြစ်ဖြစ် လုပ်လို့ရသေးတာပဲ"
ထို့နောက် နောက်ဆုံးဆွဲထားသည့်ပုံလေးကို လက်ညှိုးထောက်ပြကာ မေးလေ၏။
"ဒါရော ဘယ်လိုလဲ?"
ရှန့်ရှင်းဟယ်လည်း အသေအချာစိုက်ကြည့်ကာ ပြန်ဖြေပေးသည်။
"အစ်ကိုတောင် အဲ့လိုအိမ်လေးမျိုးမှာ နေချင်သွားတယ်"
ရှုကျင်းလည်း ခေါင်းတဆတ်ဆတ်ညိတ်ပြကာ စာရွက်ကို ပြန်ယူလိုက်၏။ ထို့နောက် ရှန့်ရှင်းဟယ် ထိုအိမ်လေးထဲ နေမည့်အကြောင်းကို စိတ်ကူးယဥ်ကြည့်ကာ ရှန့်ရှင်းဟယ်၏စိတ်နေစိတ်ထားကို လိုက်၍ ပုံကြမ်းကို ပြန်ပြင်ဆွဲသည်။ ထို့နောက် *စာအုပ်ကြားထဲ တိတ်တဆိတ်ညှပ်ထည့်ထားလိုက်၏။ စာသင်ချိန်၌လည်း စာရွက်ကို ထုတ်ကြည့်ကာ ရှန့်ရှင်းဟယ်၏တည်ငြိမ်အေးဆေးသည့်ပုံစံလေးကို ပြန်လည်တွေးတောနေမိ၏။
[T/N- ဒီကစာအုပ်လေးက အပိုင်း(၂)မှာ ရှုကျင်း ပြောဖူးတဲ့ စာအုပ်လေးပါပဲ။ ]
ရှန့်ရှင်းဟယ် ကောလိပ်သွားတက်စဥ်ဝယ် ရှုကျင်းက သူ၏ခံစားချက်အစစ်အမှန်များကို စတင်သတိထားမိလာရသည်။ သို့တစေ တစ်ဖက်လူ သိမြင်သွားမည်ကိုလည်း စိုးထိတ်နေမိသေးသည်။
ရှန့်ရှင်းဟယ်ဟာ သူ၏မျက်လုံးကြောင့် အကြိုက်ဆုံးမေဂျာကို မယူနိုင်ချေ။ ဆေးကုသမှုနှင့်ဆိုင်သည့် ကန့်သတ်ချက်များကြောင့် ယွဲ့ချန်မြို့နှင့် မိုင်ပေါင်းထောင်ချီကွာဝေးသည့် အခြားနာမည်ကြီးကောလိပ်၌သာ သွားရောက်သင်ကြားရလေသည်။
ရှန့်ရှင်းဟယ် ကောလိပ်အဆောင်၌ အိပ်သည့် ပထမဆုံးညမှာပင် ရှုကျင်း အိပ်မပျော်ဖြစ်လေတော့၏။
နောက်တစ်နေ့၌ နှစ်ဦးသား ဖုန်းဆက်စကားပြောကြစဥ် ရှုကျင်းက မေး၏။
"အစ်ကို.. ဟိုမှာ အစ်ကို့ကို တစ်ယောက်ယောက် အနိုင်ကျင့်သေးလား?"
ရှန့်ရှင်းဟယ် : " ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"
ရှုကျင်းလည်း ရှုသိုးသိုးဖြင့် ပြန်ပြော၏။
"သူတို့ အစ်ကို့ကို စိုက်ကြည့်မှာကိုတောင် မလိုချင်ဘူး"
ရှန့်ရှင်းဟယ် အထက်တန်းကျောင်းသို့ ပထမဆုံး လာတက်ခဲ့စဥ်ကလည်း ရှုကျင်း၏အတန်းထဲမှ တစ်ယောက်က ရှန့်ရှင်းဟယ်အား အမြဲတစေ သွားသွားကြည့်တတ်သည်။ ရှုကျင်းက ထိုသို့သောအခြေအနေမျိုးကို လွန်စွာမုန်းတီး၏။
"ဘယ်သူ့မှလည်း အစ်ကို့ကို စိုက်မကြည့်ပါဘူး"
ရှန့်ရှင်းဟယ်၏မျက်နှာအား မမြင်နိုင်သော်လည်း အသံကိုမူ ပြတ်သားကြည်လင်စွာ ကြားနေရသေးသည်။
"ဒါဆို အစ်ကို တကယ်အနိုင်ကျင့်ခံရရင်ရော ချက်ချင်းပြေးလာမှာလား?"
Advertisement
ရှုကျင်းကတော့ စိတ်ဆိုးချင်ယောင်ဆောင်နေသေးသည်။
"ဒါပေါ့.. ပတ်ဖ်ကိုပါ ခေါ်လာပြီး မသေမချင်းကိုက်ခိုင်းမှာ"
ရှန့်ရှင်းဟယ်၏မျက်နှာထက်တွင်တော့ အပြုံးတစ်ပွင့် ဖြစ်ပေါ်သွား၏။ ထို့နောက် ရှုကျင်းအား ပြောလိုက်ပါသည်။
"အဆောင်က ကျောင်းသားတွေအကုန် သဘောကောင်းကြပါတယ်.. အကူအညီလည်းရပြီး ရိုင်းတာဘာညာလည်း မရှိဘူး"
ရှုကျင်းက တစ်မျိုးတစ်ဖုံ ဝမ်းနည်းသွားရပြန်သည်။
သူဟာ ယခင်ကဆိုလျှင် ရှန့်ရှင်းဟယ်၏အနား၌ရှိသည့်တစ်ဦးတည်းသောသူဖြစ်ခဲ့သော်ငြား ယခုအခါ တွင်တော့ ရှန့်ရှင်းဟယ် အခြားသူများနှင့် သူငယ်ချင်းလုပ်မည်ကိုပင် မမြင်နိုင်သည့်အရပ်တွင်ရှိနေရချေပြီ။ ကျောင်းအပြန်၌ စောင့်ကြိုနေမည့်သူလည်းမရှိတော့ချေ။
နှစ်ဦးသား ဝေးကွာလာလေ သူ ရှန့်ရှင်းဟယ်အား ပို၍ပိုကာ လွမ်းဆွတ်လေဖြစ်လာရ၏။
ထိုသို့သောခံစားချက်သည်ကား လူတစ်ယောက်အား သဘောကျနှစ်ခြိုက်ခြင်းဖြစ်ကြောင်း တဖြည်းဖြည်းသင်ယူခဲ့ရသည်။
ရှန့်ရှင်းဟယ်၏မျက်ဝန်းများ၊ လက်ချောင်းသွယ်သွယ်များ၊ ကိုယ်သင်းရနံ့၊ အရာအားလုံးကို သတိရသည်။ အတူတူခွေးကျောင်းထွက်ရင်း ဘေးချင်းကပ်ရပ်လမ်းလျှောက်ခွင့်ရခဲ့သော နေ့ရက်များ၊ ဒုတိယအထပ်ရှိ သီချင်းခန်း၌ တစ်ဦးကိုတစ်ဦး အဖော်ပြုခဲ့သော ညများ အစရှိသဖြင့် အမှတ်တရနုနထွေးထွေးများကို တစ်ခါပြန် တမ်းတမိပြန်သည်။
ဤအရာက မှားယွင်းနေကြောင်းလည်း ရှုကျင်း ခပ်ရေးရေးသိပါသည်။
ထိုအချိန်၌ ရှုကျင်းဟာ ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ဦးသာဖြစ်သည့်အလျောက် မည်သူကိုမျှ ရင်မဖွင့်ရဲခဲ့သလို အနှီခံစားချက်များကိုလည်း မည်သူနှင့်မျှ မဝေမျှရဲခဲ့ချေ။
ဖုန်းခေါ်ဆိုမှုများသည်လည်း စိပ်ရာမှ တဖြည်းဖြည်းကျဲလာခဲ့ပြီ။ ရှန့်ရှင်းဟယ် စာလေ့လာရင်း မအားလပ်သည့်အချိန်များ၌ ရှုကျင်းလည်း မိမိကိုယ်ကို အလုပ်ပေးထားလိုက်သည်။ နှစ်လတည်းဟူသော အချိန်ကုန်လွန်လာပြီးနောက် အရာအားလုံးက ရှန့်ရှင်းဟယ် သူ့ဘဝထဲ မရောက်လာခင် အချိန်ကဲ့သို့ ပြန်ပြောင်းသွားချေပြီ။ သူကိုယ်တိုင်သည်လည်း ရှန့်ရှင်းဟယ်အား မလွမ်းဆွတ်တော့သလို မမျှော်လင့်နိုင်လောက်အောင်ပင် နှလုံးသားသည်လည်း ရေကြည်ကဲ့သို့ ခံစားခဲ့ရသည်။
စိတ်ကစားရုံသက်သက်သာဖြစ်ပါလိမ့်မည်ဟု မိမိဘာသာနှစ်သိမ့်ပြီးနောက် အတော်စိတ်သက်သာရာရသွားခဲ့၏။
ထိုညသို့ မရောက်ခဲ့စဥ်အထိ...
ညနေခင်းကျောင်းဆင်းချိန်ရောက်သော် ရှန့်ရှင်းဟယ်က ပတ်ဖ်နှင့်အတူ ကျောင်းတံခါးဂိတ်၌ ဆီးကြိုစောင့်နေသည်။
ကျောင်းသားများ စီတန်းများထွက်လာရာ သစ်ပင်အောက်၌ ရပ်နေသည့် ရှန့်ရှင်းဟယ်က ကျောင်းသားများအကြား ထင်းထွက်နေလေ၏။ ရှန့်ရှင်းဟယ်၏ပုံရိပ်က ရှုကျင်း၏အမြင်အာရုံထဲ ဝင်လာသည့်အခိုက် နှလုံးသားမှာ ထိန်းမနိုင်သိမ်းမရ တဒိန်းဒိန်းခုန်လာတော့သည်။
__သူ ဘာလို့ ချက်ချင်းကြီး ပြန်လာတာလဲ? သူ အရပ်ရှည်လာတာလား?
__သူ ငါ့ကိုတွေ့ရဲ့လား?
ရှုကျင်း၏သူငယ်ချင်းလည်း ရှန့်ရှင်းဟယ်အား မြင်လိုက်ရာ ရှုကျင်းကို တံတောင်ဖြင့်တွတ်ကာ ပြော၏။
"ဟေ့ ဟိုမှာ မင်းအစ်ကို"
ရှုကျင်း : "..."
ရှုကျင်း၏သူငယ်ချင်းက သက်ပြင်းတစ်ချက်ချသည်။
"မင်းအစ်ကိုက မျက်လုံးတစ်ဖက်တည်းရှိတာတောင် တော်တော်ချောနေတုန်း---"
ရှုကျင်းက ပြေးထွက်လာခဲ့ချေပြီ။
"အစ်ကို ဘာလို့ရုတ်တရက်ကြီး ပြန်လာတာလဲ?!"
ရှုကျင်း၏ဆံပင်များက ရှုပ်ပွနေကာ လွယ်အိတ်ကြိုးတစ်ဖက်ကလည်း ကော်လာကို ဖိထားသေးသည်။
"ကျွန်တော့်ကိုတောင် မပြောပြဘူး!"
ရှန့်ရှင်းဟယ်က ရှုကျင်း၏ကော်လာအား ပြန်ပြင်ပေးပြီးနောက် ပြောလာ၏။
"အစ်ကို ဒီနေ့လယ်ကမှ ရောက်တာ.. အိမ်လမ်းထိပ်က ဓာတ်မီးတိုင်ပျက်နေတယ်လို့ ကြားတာနဲ့ မင်းကို လာကြိုတာ"
ရှုကျင်း၏နှလုံးစိုင်ဟာ ပေါက်ကွဲထွက်တော့မတတ်။ နားစည်ဟာလည်း စိတ်လှုပ်ရှားလွန်း၍ အူနေပြီထင်ပါသည်။
မည်သို့ပြန်လည်တုံ့ပြန်ရမည်မှန်း သို့တည်းမဟုတ် မည်သို့ပုံမှန်အတိုင်း ပြုမူရမည်မှန်း မစဥ်းစားတတ်တော့သည့်အခိုက် လက်ဆန့်ကာ ခွေးလည်ပတ်အား ဆွဲလိုက်၏။
"ပတ်ဖ်!"
ခွေးလေးလည်း ရှုကျင်း၏ပေါင်ထက် လက်လာတင်သည်။ ရှုကျင်းလည်း ပတ်ဖ်၏ခေါင်းအား အရမ်းကာရော ပွတ်ပေးလိုက်၏။ ထို့နောက် ပတ်ဖ်ကို ရှေ့၌လျှောက်စေပြီး နှစ်ဦးသား အိမ်သို့အတူတူပြန်လာကြလေသည်။
အိမ်လမ်းထိပ်နားသို့ ရောက်သည့်အခါမှ ရှုကျင်းလည်း ပြောစရာစကား ရှာတွေ့သွား၏။
"လမ်းမီးတိုင်က မနေ့က ပျက်သွားတာ.. လမ်းပေါ်မှာ ကျောက်တုံးတွေအများကြီးဆိုတော့ မနေ့ညကအပြန် ချော်လဲမလိုတောင် ဖြစ်သေးတယ်"
အိမ်ရာဝင်းထဲ လျှောက်လာကြစဥ် ကားအနည်းငယ်သာရှိသည့်အလျောက် တစ်လမ်းလုံး မည်းမှောင်နေ၏။
ခပ်လှမ်းလှမ်းရှိ မြို့ပြမီးရောင်စုံကသာ ကောင်းကင်အား ရောင်ပြန်ထင်ဟပ်နေလေသည်။
ရှန့်ရှင်းဟယ်မှာ လက်တစ်ဖက်ဖြင့် ဓာတ်မီးထိုးကာ ကျန်လက်တစ်ဖက်က ရှုကျင်းအား လှမ်းဆွဲလိုက်၏။
"ခပ်မြန်မြန်လျှောက်"
ယခင်က နှစ်ဦးသား လက်မကိုင်ဖူးခြင်းတော့ မဟုတ်ပါချေ။
ပုံမှန်အထိအတွေ့လေးသာဖြစ်သည့်တိုင် ရှန့်ရှင်းဟယ်၏လက်ညှိုးထိပ်များက ရှုကျင်း၏လက်ဖမိုးအား ကိုင်လိုက်သည့်အခိုက် ရှုကျင်းခမျာ ထခုန်မတတ် ဖြစ်သွား၏။
"ကျွန်-ကျွန်တော် အစ်ကို့ရဲ့ညာဘက်ကို လာခဲ့မယ်"
ရှန့်ရှင်းဟယ် : "မလာနဲ့"
ရှုကျင်းက မတတ်သာသည့်အဆုံး ထပ်ပြောပြန်သည်။
"အစ်ကိုက ညာဘက်ခြမ်းကိုမှ မမြင်ရဘဲ.. ကျွန်တော် အဲ့ဘက်လာရင် အစ်ကို့အတွက် ပိုအန္တရာယ်ကင်းတယ်"
ရှန့်ရှင်းဟယ်လည်း ဇွတ်မပြောတော့ချေ။
လမ်းလျှောက်သည်မှာ သိပ်မကြာလိုက်။ ရှုကျင်းက ပတ်ဖ် လမ်းမပေါ် တွေ့ကရာလိုက်မကောက်စေရန် လည်ပတ်ကြိုးအား မကြာမကြာ ဆွဲရသေး၏။
နှစ်ဦးသား စကားလည်း သိပ်မပြောဖြစ်ကြချေ။
နှစ်လကြာခွဲခွာမှုက သူတို့အား အနည်းငယ် ပြောင်းလဲပေးလိုက်သကဲ့သို့။ အဘယ်ကြောင့်မှန်း ရှုကျင်းလည်း မပြောတတ်။
အိမ်နားသို့ရောက်လေ မြင်ကွင်းက အလင်းရောင်များဖြင့် ပို၍ထင်းထင်းလင်းလင်းရှိလေ။ ရှန့်ရှင်းဟယ်က တစ်စုံတစ်ရာပြောချင်ဟန်ဖြင့် သူ့အား ငုံ့ကြည့်နေကြောင်း ရှုကျင်း သတိထားမိ၏။
ရှုကျင်းလည်း ရှန့်ရှင်းဟယ်ဟာ သူ့နည်းတူဖြစ်နေလောက်ကြောင်း မတွေးမိဘဲမနေနိုင်တော့။ တစ်စိုးတစ်စိမျှ သဘောကျနေခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်လေ။
ထိုသို့သောအတွေးမျိုးက ရှက်ဖွယ်ကောင်းမှန်း သိပါသည်။ ထို့အပြင် လိင်တူကြိုက်သည့်တခြားကောင်လေးမျိုး မရှိနိုင်ကြောင်း၊ ရှန့်ရှင်းဟယ်အား လွတ်လွတ်ကျွတ်ကျွတ်နေခိုင်းသင့်ကြောင်းလည်း မိမိဘာသာ သတိပေးနေမိ၏။
ရှန့်ရှင်းဟယ်လည်း ဓာတ်မီးပိတ်ကာ ခပ်ပြတ်ပြတ်ပြောလိုက်သည်။
Advertisement
"ဝင်စို့"
ရှုကျင်းလည်း ပတ်ဖ်အား သူ့အနောက်မှ ဝင်လာခိုင်းလိုက်၏။
အိမ်ပြန်ရောက်သော် ရှုကျုံးယွမ်လည်း ရှိနေသည်။ ရှုကျုံးယွမ်က နှစ်ဦးသား အတူတကွ ပြန်လာကြသည်ကို မြင်သော် မေးမြန်းလိုက်၏။
"ရှောင်ရှန့်က ဘယ်တုန်းက ပြန်လာတာလဲ?"
ရှန့်ရှင်းဟယ်က ရိုးကျိုးစွာဖြင့် 'ဦးလေး'ဟု နှုတ်ဆက်လိုက်၏။
ရှုကျင်းက အမေးပြုသည်။
"အဖေကရော ဘယ်တုန်းက ပြန်ရောက်တာလဲ?"
ရှုကျုံးယွမ်က ပြုံးလျက်ပြန်ဖြေ၏။
"အဖေ အခုလေးတင်မှ ရောက်တာ.. ရှောင်ရှန့်ပြန်လာတာ အံကိုက်ဖြစ်သွားတယ်.. မဟုတ်လည်း မင်းကိုဖုန်းခေါ်တော့မလို့ လုပ်နေတာ.. လူချင်းပြောရတော့ ပိုအဆင်ပြေသွားတာပေါ့"
ရှုကျုံးယွမ်ထံ ညွှန်ကြားချက်တစ်ခု ကျလာခြင်းပင်။ လွန်ခဲ့သည့်နှစ်များအတွင်း ထူးချွန်ကာ ဆင်းရဲနွမ်းပါးသည့်ကလေးများကို ထောက်ပံ့ပေးသည့် သတင်းက လင်ကျန်းမြို့အုပ်ချုပ်ရေးမှူးဆီ ရောက်သွား၏။ မြို့အုပ်ချုပ်ရေးမှူးလည်း စိတ်ဝင်စားသွားကာ ရှုကျုံးယွမ်၏ဖက်စပ်လုပ်ငန်းများ၌ မှတ်တမ်းတင်ခြင်း ခံရ၏။ စက်ရုံတိုးတက်မှုသည်လည်း ယခင်ကနှင့် မတူတော့ချေ။
လုပ်ငန်းလည်ပတ်မှုက အဆင်ပြေပြေရှိပြီး ရှုကျုံးယွမ်သည်လည်း ယခင်ကထက် ပိုမိုအလုပ်များလာသေးသည်။ ယခုဆိုလျှင် ရှုကျင်း ရှုကျုံးယွမ်အား တစ်လကျော်ကြာပြီးမှ ပြန်တွေ့ရခြင်းပင်။
ရှုကျင်းက ပတ်ဖ်အတွက် ရေခွက်သွားဖြည့်ပေး၏။ အိမ်ထဲ ပြန်ဝင်လာသော် ရှုကျုံးယွမ်က ရှန့်ရှင်းဟယ်အား ပြောနေသည့်စကားများကို ကြားလိုက်ရသည်။
"ဦးလေးလည်း ဒီမှာရှိနေမှာ.. သတင်းစာမှာ ပါဆင်နယ်လ်အင်တာဗျူးတစ်ခု ပါလာလိမ့်မယ်.. စာမျက်နှာတစ်ဝက်စာလောက် နေရာယူမှာပေါ့.. သူတို့ပြောတာတော့ သားကို ဆက်သွယ်ပြီး အသေးစားအင်တာဗျူးလေးတစ်ခု လုပ်ချင်တယ်တဲ့.. မျက်နှာတော့ မပါပါဘူး.. သူတို့ဘက်က မေးခွန်းနည်းနည်းမေးပြီး သားက ဒီနှစ်တွေထဲ တိုးတက်လာတဲ့အရာတွေ၊ ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြောပြရုံပဲ.. သားဘယ်အချိန်လောက် အားမလဲ?"
ရှုကျုံးယွမ်က အဆင်ပြေကြောင်း၊ မပြေကြောင်းပင် မမေးမြန်းတော့ဘဲ အားလပ်မည့်အချိန်ကိုသာ တိုက်ရိုက်မေးမြန်း၏။
ဧည့်ခန်းက စက္ကန့်ပိုင်းမျှ ငြိမ်သက်တိတ်ဆိတ်သွားလေ၏။
ဖခင်ဖြစ်သူ၏မေးခွန်းကြောင့် ရှုကျင်းမှာ ကသိကအောက်ဖြစ်သလို ခံစားသွားရသည်။
သို့သော်လည်း ရှန့်ရှင်းဟယ်က ပြန်ဖြေလေသည်။
"သန်ဘက်ခါလောက်ဆိုရင် အဆင်ပြေမလားဗျ? မနက်ဖြန်ကျရင် လင်ကျန်းကိုပြန်ပြီး အဖိုးအုတ်ဂူဆီ သွားလည်ဖို့လုပ်ထားတော့"
ရှုကျင်းလည်း ထိုနေ့ရက်များဟာ ရှန့်ရှင်းဟယ်အဖိုးဖြစ်သူ၏သေရေးရှင်ရေးကာလများဖြစ်ခဲ့ကြောင်း ပြန်လည်အမှတ်ရသွား၏။ ယခင်ကလည်း ထိုအချိန်ဆို လင်ကျန်းသို့ ပြန်နေကျဖြစ်၍ တက္ကသိုလ်မှ ရုတ်တရက်ပြန်လာခြင်းကလည်း ထူးဆန်းမနေတော့။
ရှုကျုံးယွမ်လည်း ပြော၏။
"ရတယ်လေ.. ဒါဆိုလည်း ဒုက္ခပေးပါရစေ.. ဖုန်းကိုင်ဖို့ မမေ့နဲ့ဦးနော်"
ထို့နောက် ရှန့်ရှင်းဟယ်၏ပခုံးအား ပုတ်ကာ အခန်းထဲ ဝင်သွားလေသည်။
ရှုကျင်းက မကျေမနပ်ဖြစ်နေတော့၏။
"အစ်ကို ဘာလို့သဘောတူလိုက်တာလဲ? အစ်ကို့ကို သတင်းစာထဲ မပါစေချင်ဘူး.. ဟိုလူတွေက အစ်ကို့ကို စပ်စပ်စုစု မေးခွန်းတွေ တစ်ပုံကြီး မေးကြတော့မှာ"
ထိုသို့သောအင်တာဗျူးဟာ အဓိကဇာတ်လိုက်၏ကောင်းသောလုပ်ဆောင်ချက်များကို မီးမောင်းထိုးပြနိုင်ရန်အလို့ငှာ ပါဝင်ပတ်သက်နေသည့်လူများ၏အတိတ်အား တူးဆွခြင်းမှလွဲ၍ အခြားမရှိနိုင်။
ရှန့်ရှင်းဟယ်က ဆို၏။
"ရပါတယ်.. ဒါ အစ်ကို လုပ်သင့်တာပဲကို"
ရှန့်ရှင်းဟယ်၏အပြုအမူက ရှုကျင်းအား ရုတ်တရက် ဒေါသထွက်သွားစေသည်။ သို့သော်လည်း မည်သည်ကို ဒေါသထွက်နေမှန်းလည်း မပြောတတ်။ ထို့ကြောင့် စိတ်ဆိုးမာန်ဆိုးဖြင့် အပေါ်ထက်တက်သွားကာ အော်ပြောလေ၏။
"ဒါဆိုလည်း တခြားသူတွေ လှောင်ကြပါစေ.. အစ်ကို ဘာဖြစ်ဖြစ် လိုက်ဂရုစိုက်မနေတော့ဘူး"
နောက်တစ်ပိုင်းလည်း flashback ပါပဲ။
ZAWGYI
ရွုက်င္းဟာ သူ ရွန့္ရွင္းဟယ္အား သေဘာက်ေနမိၿပီျဖစ္ေၾကာင္း မည္သည့္အခ်ိန္မွစ၍ သတိထားမိခဲ့ေလသနည္း။
ဤသည္ကား လြန္ခဲ့ေသာ ခုနစ္ႏွစ္၊ ရွစ္ႏွစ္ခန့္က ျဖစ္၏။
ထိုအခ်ိန္ဝယ္ ရွုက်င္းက ရွန့္ရွင္းဟယ္အား မျမင္ရဘဲမေနနိုင္။ အခ်ိန္တိုင္းလိုလို ရွန့္ရွင္းဟယ္အား တိတ္တခိုးေငးၾကည့္ေနမိသည္။ ေခ်ာေမာေသာေကာင္ေလးမ်ားက အာ႐ုံဝင္စားခံရသည္မွာ သဘာဝက်ေသာ္လည္း ရွန့္ရွင္းဟယ္က ထိုအမ်ိဳးအစားထဲတြင္လည္း မပါဝင္။
ရွန့္ရွင္းဟယ္အား ပထမဆုံးျမင္ေတြ႕ဖူးသည့္ မည္သူမဆို ကသိကေအာက္ျဖစ္ၾကသည္။ ေသသပ္က်နသည့္ မ်က္ႏွာအခ်ိဳးအစားကို ပိုင္ဆိုင္ထားေသာ္လည္း နိမိတ္ဆိုးသဖြယ္ ေၾကာက္လန့္ဖြယ္ေကာင္းသည့္ မီးခိုးမွိုင္းေရာင္မ်က္လုံးက အကုန္အစင္ဖ်က္လိုဖ်က္ဆီးလုပ္ပစ္သည္။ ထိုအရာကပင္ အမ်ားအာ႐ုံကို ဖမ္းစားကာ အႏွီမ်က္လုံးပိုင္ရွင္သည္ကား မည္သို႔ေသာအျဖစ္ဆိုးႀကီးကို ၾကဳံေတြ႕ခဲ့ရေၾကာင္း မေတြးမိဘဲမေနနိုင္ျဖစ္လာေစ၏။
ရွန့္ရွင္းဟယ္ႏွင့္မသိကၽြမ္းသည့္ သာမန္လူမ်ားကေတာ့ မ်က္ႏွာအား စူးစူးစိုက္စိုက္မၾကည့္ရဲၾကေခ်။ သူတို႔ အမွတ္မထင္ေငးၾကည့္လိုက္မွုေၾကာင့္ ရွန့္ရွင္းဟယ္ ေနရထိုင္ရခက္မည့္အျပင္ သူတစ္ပါးအားနည္းခ်က္ကို လိုက္ႏွိမ္သည္ဟု အထင္လြဲခံရမည္စိုးသည့္အတြက္။
ရွုက်င္းလည္း အစကနဦးက ထိုကဲ့သို႔ပင္ ျပဳမူမိခဲ့ပါသည္။
သို႔ေပတည့္ အသိအာ႐ုံျပန္ဝင္လာသည့္အခိုက္ သူဟာ ရွန့္ရွင္းဟယ္ကိုသာ အခ်ိန္အၾကာႀကီး ေငးၾကည့္ေနမိခဲ့ေၾကာင္း သူ႔ကိုယ္သူ သတိထားလာမိသည္။ ရွန့္ရွင္းဟယ္က အျမဲတေစ ကြဲျပားခဲ့သည္ပင္။ ျဖစ္ပ်က္သမၽွအရာအားလုံးကို လက္ခံယုံၾကည္ခဲ့၏။ မရွိသည့္အရာအတြက္ စိတ္ပင္ပန္းဆင္းရဲေနျခင္းမျပဳသည့္အျပင္ အခ်ိန္တိုင္း ေအးေဆးသက္သာစြာ ေနထိုင္သည္။ ထို႔ေၾကာင့္ ရွန့္ရွင္းဟယ္မွာ နယ္ၿမိဳ႕ေလး၏ဆင္းရဲေသာမိသားစုမွ ေမြးဖြားလာေသာ လူတစ္ဦးျဖစ္ေၾကာင္း မည္သူမၽွ သတိထားမိမည္မဟုတ္ေခ်။
ရွုက်င္းက စိတ္ထဲ၌ ေတြးလိုက္မိ၏။
__သူ႔မ်က္လုံးတစ္ဖက္ မျမင္ရေတာ့ေရာ ဘာအေရးလဲ?
ရွန့္ရွင္းဟယ္က အျခားက်န္းမာသည့္လူမ်ားထက္ပင္ အဆမ်ားစြာ သန္မာေသးသည္။ သူ႔ကိုသေဘာက်သည့္လူမ်ားက သူ၏တစ္ခုတည္းေသာအားနည္းခ်က္ေလးကိုလိုက္ဂ႐ုစိုက္မေနသင့္ေပ။
ရွုက်င္းက ႀကိမ္ဖန္မ်ားစြာ မသိမသာေရာ၊ သိသိသာသာပါ ေခ်ာင္းၾကည့္ေနသည့္အခိုက္ ရွန့္ရွင္းဟယ္က ဗီဇစိတ္ႏွင့္ သတိထားမိသည့္အေလ်ာက္ ရွုက်င္းဘက္သို႔ လွည့္ၾကည့္လိုက္သည္။
"ဘာၾကည့္ေနတာလဲ?"
ရွုက်င္းလည္း သူခိုးလူမိျဖစ္ကာ ႏွလုံးခုန္ႏွုန္းက စည္းခ်က္မွားမတတ္။
"ဘယ္သူက ၾကည့္ေနလို႔လဲ? အစ္ကို႔ကို အသံတိတ္ေမတၱာပို႔ေနတာ"
ရွန့္ရွင္းဟယ္က ရွုက်င္း၏ေခါင္းကို ခပ္ဖြဖြ ပုတ္လိုက္သည္။
"အစ္ကိုက မျမင္ရ႐ုံပဲရွိတာေနာ္.. မကန္းေသးဘူး"
ရွုက်င္း၏မ်က္ႏွာတစ္ျပင္လုံးသာမက နားရြက္ဖ်ားပါမက်န္ နီရဲတြတ္သြားေလ၏။
အခ်ိန္ၾကာလာသည္ႏွင့္အမၽွ ရွန့္ရွင္းဟယ္၏စကားတစ္ခြန္းစီတိုင္းက အသည္းစိုင္ကို ကဆုန္ေပါက္ေျပးလႊားေစ၏။ အကယ္၍မ်ား ရွန့္ရွင္းဟယ္က ခ်ီးမြမ္းစကားတစ္ခြန္းမၽွဆိုလိုက္ပါလၽွင္ ရွုက်င္းခမ်ာ အိပ္ယာမဝင္ခင္အထိ တသသေတြးေနကာ ကုတင္ထက္ ေရာက္ျပန္လၽွင္လည္း တစ္ကိုယ္လုံးကို ပုဇြန္ထုပ္ေကြးေကြးကာ အိပ္ပင္မေပ်ာ္ေတာ့ေခ်။
ရံဖန္ရံခါဆိုလၽွင္ ရွန့္ရွင္းဟယ္က စာေမးပြဲေမးခြန္းမ်ားကို အစမ္းေျဖၾကည့္ေနခ်ိန္၌ ရွုက်င္းက နံေဘး၌ ထိုင္ကာ ပုံဆြဲေနတတ္၏။
အိမ္ေတာ္ထိန္းအေဒၚႀကီး ခြဲေပးထားေသာ သစ္သီးစိတ္မ်ားကို ပါးစပ္ထဲ သြတ္ထည့္ကာ ဗလုံးဗေထြးျဖင့္ ေျပာေသးသည္။
"အစ္ကို.. ဒီဒီဇိုင္းက အရမ္းမိုက္တယ္လို႔ ထင္လားဟင္?"
ရွုက်င္း၏ဒီဇိုင္းအိုင္ဒီယာမ်ားက ျမင္ဖူးေနက်ပုံစံမ်ိဳးမဟုတ္ဘဲ ဆန္းဆန္းျပားျပားသ႑ာန္မ်ိဳးျဖစ္ေနသည္။ ခြက္ပုံစံမ်ား၊ အိမ္ပုံစံမ်ားစသည္ျဖင့္ ေခါင္းထဲေပၚသမၽွ အကုန္ဆြဲသည္။
ရွန့္ရွင္းဟယ္ ေရးလက္စကိုရပ္ကာ ရွုက်င္းျပသည့္ပုံကို ၾကည့္လိုက္သည္။ ထို႔ေနာက္ ျပဳံးလ်က္ ဆိုေလ၏။
"ဗိသုကာပညာရွင္ျဖစ္ခ်င္တာလား?"
ရွုက်င္းက ျပန္ေျဖ၏။
"ဗိသုကာပညာရွင္ဆိုလည္း ရတာပဲ.. ဒါေပမဲ့ စာေမးပြဲမေအာင္မွာကိုပဲေၾကာက္တယ္.. ဘာပဲျဖစ္ျဖစ္ပါ စာေမးပြဲေအာင္ေအာင္က်က် အေရးမႀကီးဘူး.. အိမ္အတြင္းဒီဇိုင္းပညာရွင္၊ ဥယ်ာဥ္ဗိသုကာ၊ ထုတ္ကုန္ဒီဇိုင္နာ ဘာျဖစ္ျဖစ္ လုပ္လို႔ရေသးတာပဲ"
ထို႔ေနာက္ ေနာက္ဆုံးဆြဲထားသည့္ပုံေလးကို လက္ညႇိုးေထာက္ျပကာ ေမးေလ၏။
"ဒါေရာ ဘယ္လိုလဲ?"
ရွန့္ရွင္းဟယ္လည္း အေသအခ်ာစိုက္ၾကည့္ကာ ျပန္ေျဖေပးသည္။
"အစ္ကိုေတာင္ အဲ့လိုအိမ္ေလးမ်ိဳးမွာ ေနခ်င္သြားတယ္"
ရွုက်င္းလည္း ေခါင္းတဆတ္ဆတ္ညိတ္ျပကာ စာရြက္ကို ျပန္ယူလိုက္၏။ ထို႔ေနာက္ ရွန့္ရွင္းဟယ္ ထိုအိမ္ေလးထဲ ေနမည့္အေၾကာင္းကို စိတ္ကူးယဥ္ၾကည့္ကာ ရွန့္ရွင္းဟယ္၏စိတ္ေနစိတ္ထားကို လိုက္၍ ပုံၾကမ္းကို ျပန္ျပင္ဆြဲသည္။ ထို႔ေနာက္ *စာအုပ္ၾကားထဲ တိတ္တဆိတ္ညႇပ္ထည့္ထားလိုက္၏။ စာသင္ခ်ိန္၌လည္း စာရြက္ကို ထုတ္ၾကည့္ကာ ရွန့္ရွင္းဟယ္၏တည္ၿငိမ္ေအးေဆးသည့္ပုံစံေလးကို ျပန္လည္ေတြးေတာေနမိ၏။
[T/N- ဒီကစာအုပ္ေလးက အပိုင္း(၂)မွာ ရွုက်င္း ေျပာဖူးတဲ့ စာအုပ္ေလးပါပဲ။ ]
ရွန့္ရွင္းဟယ္ ေကာလိပ္သြားတက္စဥ္ဝယ္ ရွုက်င္းက သူ၏ခံစားခ်က္အစစ္အမွန္မ်ားကို စတင္သတိထားမိလာရသည္။ သို႔တေစ တစ္ဖက္လူ သိျမင္သြားမည္ကိုလည္း စိုးထိတ္ေနမိေသးသည္။
ရွန့္ရွင္းဟယ္ဟာ သူ၏မ်က္လုံးေၾကာင့္ အႀကိဳက္ဆုံးေမဂ်ာကို မယူနိုင္ေခ်။ ေဆးကုသမွုႏွင့္ဆိုင္သည့္ ကန့္သတ္ခ်က္မ်ားေၾကာင့္ ယြဲ႕ခ်န္ၿမိဳ႕ႏွင့္ မိုင္ေပါင္းေထာင္ခ်ီကြာေဝးသည့္ အျခားနာမည္ႀကီးေကာလိပ္၌သာ သြားေရာက္သင္ၾကားရေလသည္။
ရွန့္ရွင္းဟယ္ ေကာလိပ္အေဆာင္၌ အိပ္သည့္ ပထမဆုံးညမွာပင္ ရွုက်င္း အိပ္မေပ်ာ္ျဖစ္ေလေတာ့၏။
ေနာက္တစ္ေန႔၌ ႏွစ္ဦးသား ဖုန္းဆက္စကားေျပာၾကစဥ္ ရွုက်င္းက ေမး၏။
"အစ္ကို.. ဟိုမွာ အစ္ကို႔ကို တစ္ေယာက္ေယာက္ အနိုင္က်င့္ေသးလား?"
ရွန့္ရွင္းဟယ္ : " ဘယ္လိုလုပ္ျဖစ္နိုင္မွာလဲ?"
ရွုက်င္းလည္း ရွုသိုးသိုးျဖင့္ ျပန္ေျပာ၏။
"သူတို႔ အစ္ကို႔ကို စိုက္ၾကည့္မွာကိုေတာင္ မလိုခ်င္ဘူး"
ရွန့္ရွင္းဟယ္ အထက္တန္းေက်ာင္းသို႔ ပထမဆုံး လာတက္ခဲ့စဥ္ကလည္း ရွုက်င္း၏အတန္းထဲမွ တစ္ေယာက္က ရွန့္ရွင္းဟယ္အား အျမဲတေစ သြားသြားၾကည့္တတ္သည္။ ရွုက်င္းက ထိုသို႔ေသာအေျခအေနမ်ိဳးကို လြန္စြာမုန္းတီး၏။
"ဘယ္သူ႔မွလည္း အစ္ကို႔ကို စိုက္မၾကည့္ပါဘူး"
ရွန့္ရွင္းဟယ္၏မ်က္ႏွာအား မျမင္နိုင္ေသာ္လည္း အသံကိုမူ ျပတ္သားၾကည္လင္စြာ ၾကားေနရေသးသည္။
"ဒါဆို အစ္ကို တကယ္အနိုင္က်င့္ခံရရင္ေရာ ခ်က္ခ်င္းေျပးလာမွာလား?"
ရွုက်င္းကေတာ့ စိတ္ဆိုးခ်င္ေယာင္ေဆာင္ေနေသးသည္။
"ဒါေပါ့.. ပတ္ဖ္ကိုပါ ေခၚလာၿပီး မေသမခ်င္းကိုက္ခိုင္းမွာ"
ရွန့္ရွင္းဟယ္၏မ်က္ႏွာထက္တြင္ေတာ့ အျပဳံးတစ္ပြင့္ ျဖစ္ေပၚသြား၏။ ထို႔ေနာက္ ရွုက်င္းအား ေျပာလိုက္ပါသည္။
"အေဆာင္က ေက်ာင္းသားေတြအကုန္ သေဘာေကာင္းၾကပါတယ္.. အကူအညီလည္းရၿပီး ရိုင္းတာဘာညာလည္း မရွိဘူး"
ရွုက်င္းက တစ္မ်ိဳးတစ္ဖုံ ဝမ္းနည္းသြားရျပန္သည္။
သူဟာ ယခင္ကဆိုလၽွင္ ရွန့္ရွင္းဟယ္၏အနား၌ရွိသည့္တစ္ဦးတည္းေသာသူျဖစ္ခဲ့ေသာ္ျငား ယခုအခါ တြင္ေတာ့ ရွန့္ရွင္းဟယ္ အျခားသူမ်ားႏွင့္ သူငယ္ခ်င္းလုပ္မည္ကိုပင္ မျမင္နိုင္သည့္အရပ္တြင္ရွိေနရေခ်ၿပီ။ ေက်ာင္းအျပန္၌ ေစာင့္ႀကိဳေနမည့္သူလည္းမရွိေတာ့ေခ်။
ႏွစ္ဦးသား ေဝးကြာလာေလ သူ ရွန့္ရွင္းဟယ္အား ပို၍ပိုကာ လြမ္းဆြတ္ေလျဖစ္လာရ၏။
ထိုသို႔ေသာခံစားခ်က္သည္ကား လူတစ္ေယာက္အား သေဘာက်ႏွစ္ၿခိဳက္ျခင္းျဖစ္ေၾကာင္း တျဖည္းျဖည္းသင္ယူခဲ့ရသည္။
Advertisement
- In Serial611 Chapters
Thrown Into A New World: Let The Punishment Begin!
What do you think would happen when a mean and cranky bitch was suddenly thrown into a new world with no fault of her own? At least that is what she chose to believe.
8 2701 - In Serial45 Chapters
fallacious | k:taehyung
Амьдрал бүхэлдээ л худал хуурмаг.Гол нь чи яг юу нь худал хуурмагийн ард нуугдах үнэн , болон яагаад анхнаасаа худал хуурмаг болсон шалтгааныг л олж мэдэх хэрэгтэй.Тэгсэн цагт л чи хаалгыг нээнэ.[!] Уншихаасаа өмнө мэдэх зүйлс1. Энэ бол миний анхны фэнфик байсан.2. Би энэ үед улаан арми байсан.3. Дахиж засвар хийгээгүй байгаа учраас алдаа их байх болно.4. Бас би энэ фэнфикээ уншихаас ичдэг. Болж өгвөл нэг өдөр устгачихмаар байна. Highest rank in fanfiction #176 Зохиолчийн зөвшөөрөлгүй хуулбарлахыг хориглоно.
8 211 - In Serial73 Chapters
Dreamscape (ReaderxMidoriyaxBakugouxTodoroki)
(Y/N) has been trapped for most of her life, used as a tool for others gain. Her quirk was fabricated to be used as the perfect weapon, a weapon to help in stealing other quirks. She thought she was fated to be a slave for most of her life, however, all that changes when the big three of U.A step into her life. Her life takes a turn after escaping, but freedom comes with a great price. Posted: 08/09/2021 - ongoing Regular updates!*I do not own any rights to the MHA characters. This story has some spoilers from My Hero Academia Manga. All characters from MHA belong to Kohei Horikoshi. All artwork belongs to their respective artists. This story contains mature content, all characters have been aged up for the purpose of the story..*Highest rankings reached:#1 izukuxreader#1 midoriyaxreader #1 todobakudekuxreader#1 ynstories#1 animefanfiction #2 readerxvarious #3 bakugoukatsuki#9 todorokishoto#12 fanficromance#18 shotoxreader#27 bakugouxreader
8 117 - In Serial37 Chapters
Fifty Shades Alternative | ✔
Our faces are just inches away, his breath fanning my face. And after that, he says something, says a simple sentence that makes everything in my insides clench and yet makes me feel safe at the same time."You are not alone", he says in a firm yet soothing voice.~*~*~*~Ana took a self pregnancy test and found out she is pregnant. She, being young & naïve confronts Christian indirectly about it and is heart broken when she finds out he doesn't want kids until a distant future.She runs away, thinking there is no way she can convince him otherwise. But after 6 years, she comes back to Seattle.The question is Why? Why did she come back all of a sudden? What will Christian think when he finds out he has a child?*Gets Better As You Read It*•Top Rank In Fanfiction: #734 on 3rd May, 2018 (based on previous ranking system)In Life: #38 on 11th May 2018.In Fifty Shades Trilogy: #1 on 11th May, 2018In Fifty Shades Fanfiction: #1 on 11th October, 2019.Start: 13th October, 2017.Finished: 22nd March, 2019.
8 132 - In Serial35 Chapters
Chasing Cecilia
*It is not love that is blind, but we that are blind to love*When Cecilia's abusive father gambles her to her childhood enemy, forcing the two to marry, Cecilia sees a chance to escape her father. But will she go from bad to worse stuck in a hate-filled marriage with the man she has despised for eternity, or will their feelings for one another change for the better?(Highest ranking #1 in historical fiction)(Undergoing editing as of 12/10/16)
8 85 - In Serial35 Chapters
Right Next To You | ✓
A coming-of-age story expressing the feelings of two teen boys, who come from very different social climbs, but still find their way back to each other. 2 0 1 9 - All Rights Reserved @LunaThinksB E G A N - 02 . 12 . 19 C O M P L E T E D - 02 . 22 . 19
8 142

