《Please Don't See Me [Mm Transl. || Completed]》CHAPTER-14
Advertisement
UNICODE
အဆုံးတွင်မှ ရှုကျင်းလည်း လွတ်လွတ်လပ်လပ် အသက်ရှူခွင့််ရတော့သည်။
အလင်းရောင်က ဤမျှ မစူးရှ။ သို့သော် ရှုကျင်းထံမှ တဖြိုင်ဖြိုင်စီးကျနေသည့် မျက်ရည်စများက တလက်လက်တောက်ပလျက်ရှိ၏။
ဆိုဖာက ကျဥ်းမြောင်းကာ သက်သောင့်သက်သာမရှိသဖြင့် အိပ်ခန်းဆီ သွားကြ၏။ ရှုကျင်းက ဆိုဖာနှင့်အရွယ်အစားသိပ်မကွာလှသည့်ကုတင်ထက် လှဲချလိုက်သည်။ ထို့နောက် ကမ်းလှမ်းလာသည့် အနမ်းတစ်ပွင့်ကို လက်ခံရန် ခေါင်းထောင်လိုက်ပြီး ရှန့်ရှင်းဟယ်၏လည်ပင်းအား လက်နှစ်ဖက်ဖြင့် သွယ်ယှက်လိုက်၏။ ရှန့်ရှင်းဟယ်၏ဆံပင်များကို လက်ချောင်းများဖြင့် ထိုးဖွနေရင်း တူညီသည့်ရေချိုးဆပ်ပြာအနံ့သင်းသင်းကို တစ်ဖန် ရှိုက်မိပြန်၏။
အနမ်းဇာတ်လမ်းက အင်မတန်ကြာညောင်းသွားသည်ပင်။ ပတ်ဝန်းကျင်ရှိ အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်သွားရလောက်သည်အထိ။ ဆယ်ကျော်သက်အရွယ်ကတည်းက ပျိုးထောင်ခဲ့သည့် ချစ်ခြင်းမေတ္တာက အဆုံးမရှိ ပွင့်လန်းနေဆဲပင်။
ခန္ဓာကိုယ်ထဲသို့ အေးစိမ့်မှုတစ်စုံတစ်ရာ ထိုးဖောက်ဝင်ရောက်လာသော် ရှုကျင်း အံ့အားသင့်မိသွား၏။ မည်သို့မည်နှယ်ရလာကြောင်းကို တွေးကာ ကြောင်အသွားလေသည်။
ရှန့်ရှင်းဟယ်လည်း ရှင်းပြမနေတော့။
ဟိုတယ်မှ အဝတ်အိတ်သွားယူစဥ်က ဝယ်ယူခဲ့ခြင်းလည်း ဖြစ်နိုင်သလို နဂိုကတည်းက အဝတ်အိတ်ထဲ၌ ပါလာခြင်းလည်းဖြစ်နိုင်ပြီး ဈေးဝယ်စင်တာ၌ ရှုကျင်း၏မျက်ကွယ်တွင် ဝယ်လာခဲ့ခြင်းလည်း ဖြစ်နိုင်ပါသည်။
ရှန့်ရှင်းဟယ်က ယခင်ကနှင့် မတူတော့။ ကုန်လွန်ခဲ့သော ဆယ်ကျော်သက်အရွယ်ကဆိုလျှင် ရှုကျင်းက ရှန့်ရှင်းဟယ်အား အကြည့်တစ်ချက်နှင့်ပင် ထိုးဖောက်သိမြင်နိုင်သည်။ ရှန့်ရှင်းဟယ်ကိုယ်တိုင်ကိုယ်ကျ၌ လျှို့ဝှက်ချက်များ ရှိမနေခြင်းကြောင့်။
သို့ရာတွင် ယခုမျက်မှောက်၌မူ အတွေးဖတ်ရန် ခက်ခဲလှသည်အထိ ကျစ်လျစ်ကုပ်ရုပ်သည့် ရှန့်ရှင်းဟယ်အသွင် ဖြစ်သွားရလေသည်။ ဤသည်က ရှုကျင်းအား ပို၍မရင်းနှီးသယောင် ခံစားရစေသော်လည်း ပို၍ပိုကာ ဆွဲဆောင်နေသကဲ့သို့။
ရှန့်ရှင်းဟယ်၏ပိုင်စိုးပိုင်နင်းပြုမှုများက ယခင်အကြိမ်များထက် ပို၍ကြမ်းတမ်းလာသည့်အတွက် ရှုကျင်းလည်း ရှက်ရွံ့မိကာ အော်ငေါက်လိုက်မိ၏။
"ဒါတွေ ဘယ်ကတတ်လာတာလဲ?"
ထိုအချိန်ဝယ် ရှန့်ရှင်းဟယ် မည်သူနှင့်မျှမနေဖူးသေးသည့်အချက်ကို ရှုကျင်းလုံးဝမေ့လျော့သွားခဲ့ဟန်တူသည်။
ရှန့်ရှင်းဟယ်က ပြောလာ၏။
"မင်း သင်ခဲ့ဖူးတာသာ စဥ်းစားစမ်းပါ"
ရှုကျင်းခမျာ ဘာဆိုဘာမျှ ပြန်မပြောနိုင်တော့။ ထို့နောက် ရှန့်ရှင်းဟယ်၏စကားသံကို ကြားလိုက်ရသည်။
"မင်း စွပ်ပေး"
ရှုကျင်းမှာ မျော့မျော့လေးသာ ကျန်တော့၍ ထိုစကား၏ဆိုလိုရင်းကို နားမလည်ချေ။ စက္ကန့်ပိုင်းမျှ ကြောင်အအဖြစ်နေစဥ် ရှန့်ရှင်းဟယ်က ထပ်မံသတိပေးပြန်၏။
"ကိုယ် အားမနေဘူးနော်"
အဆုံးတွင်တော့ ရှန့်ရှင်းဟယ်က ရှုကျင်း၏လက်ကို ဆုပ်ကိုင်ပြီးနောက် ရှန့်ရှင်းဟယ်က မျက်လုံးမှိတ်ကာ ရှုကျင်းအား သူ၏မျက်ခွံကို ထိတွေ့စေသည်။
ရှန့်ရှင်းဟယ်၏လည်စလုတ်က အနည်းငယ်လှုပ်ခတ်သွား၏။
"မင်း ကိုယ့်ကို လိုချင်နေတုန်းပါပဲ"
ရှုကျင်းခမျာ ချွေးများစိုစွတ်၍ မည်သည့်အရာများဖြစ်ပျက်နေသည်ကိုပင် ကောင်းစွာသတိမမူနိုင်တော့ဘဲ ခန္ဓာကိုယ်မှာ ပေါက်ကွဲထွက်မတတ် ခံစားနေရလေသည်။
ရှုကျင်း လွန်ခဲ့သည်ငါးနှစ်က ပြောခဲ့ဖူးသော စကားတစ်ခွန်းဟာလည်း အထက်ပါစကားအတွင်း စုန်းစုန်းမြုပ်ပျောက်ကွယ်သွားရပြီ။
ရှုကျင်းက ရှန့်ရှင်းဟယ်၏လက်များမှ လွတ်အောင် ရုန်းချင်သည့်တိုင် ရှန့်ရှင်းဟယ်က ခွင့်မပြုခဲ့။ ရှုကျင်းလည်း မျက်လုံးပြန်ဖွင့်ကာ ရှန့်ရှင်းဟယ်အား စူးစိုက်ကြည့်လိုက်၏။
မျက်ဝန်းနှစ်စုံ အကြည့်ချင်းဆုံသွားလေပြီ။
မီးခိုးမှိုင်းရောင်သမုဒ္ဒရာအတွင်း နစ်မြောသွားသကဲ့သို့ ရှုကျင်းလည်း မျက်နှာလွှဲကာ တီးတိုးဆိုလိုက်၏။
"ကျွန်တော့်ကို မကြည့်ပါနဲ့"
ရှန့်ရှင်းဟယ်က ရှုကျင်း၏လက်ချောင်းကို အနမ်းဖွဖွရှိုက်လိုက်၏။
နောက်တစ်နေ့တွင် လင်ဝမ်းက ရှုကျင်းထံ ဖုန်းဆက်လာသည်။ ညစာစားပွဲလုပ်မည့်နေရာအား ဘွတ်ကင်လုပ်ထားပြီးဖြစ်၍ မဖြစ်မနေ မျက်နှာလာပြရမည်ဖြစ်ကြောင်း။
ရှန့်ရှင်းဟယ်လည်း အကြောင်းအရာကို အစအဆုံးကြားလိုက်ရ၏။ ထို့နောက် ရှန့်ရှင်းဟယ်က ယနေ့ သူ့ထံ၌လည်း သွားစရာတစ်စုံတစ်ရာရှိကြောင်း၊ ရှန့်ချန်းမြို့တော်ရှိ ဆရာဖြစ်သူထံလည်း သွားရောက်လည်ပတ်ရန် စီစဥ်နေကြောင်း ပြော၏။ ရှုကျင်းက ခေတ္တမျှ တုံ့ဆိုင်းသွားသည့်တိုင် ရှန့်ရှင်းဟယ်မှာ ပုံမှန်အတိုင်း မပြောင်းမလဲပြုမူကာ စိတ်မာန်ဒေါသထွက်ခြင်းမရှိသည့်အလျောက် အဆုံး၌ သဘောတူလိုက်လေ၏။
ယမန်နေ့ညပြီးနောက် နှစ်ဦးအကြားရှိ လေထုက အနည်းငယ် စိမ်းသက်သွားခဲ့သည်။ သို့တည်းမဟုတ် ရှုကျင်းကိုယ်တိုင်ကိုက ထိုသို့ဖန်တီးနေမိခြင်းလည်း ဖြစ်နိုင်ပါသည်။
ရှန့်ရှင်းဟယ်၏ခွင့်လွှတ်မှုများ၊ သည်းညည်းခံမှုများက ရှုကျင်းအား ပို၍ပိုကာ ဝန်ပိစေခဲ့၏။
သို့သော်လည်း တင်းမာမှုများလျော့အောင် မည်သို့မည်ပုံဆောင်ရွက်ရမည်ကိုလည်း မသိပါချေ။
နှစ်ဦးသား လှေကားအဆင်း၌ နှုတ်ဆက်စကားဆိုပြီးနောက် ရှုကျင်းက တက္ကစီတစ်စီးငှားလိုက်၏။ လမ်းတစ်ဖက်ခြမ်း၌ ရပ်နေသည့် ရှန့်ရှင်းဟယ်၏ပုံရိပ်အား ကားပြတင်းမှန်မှတစ်ဆင့် တိတ်တခိုး ငေးကြည့်မိသည်။
အချို့သောအကြောင်းအရာများကြောင့် စိတ်မသက်မသာဖြစ်ရလေ၏။
သို့သော်လည်း အပြင်မထွက်မီ စင်္ကြံလမ်း၌ ရှန့်ရှင်းဟယ်က သူ့အား အနမ်းပေးခဲ့သေးသည်လေ။
အပန်းဖြေခရီးမထွက်လိုက်ရသည့် လုပ်ဖော်ကိုင်ဖက်အုပ်စုထဲတွင် လင်ဝမ်းကိုလည်း တွေ့လိုက်ရ၏။ လင်ဝမ်း၏မိသားစုက ဤဒေသခံဖြစ်၍ သူပါလိုက်လာခဲ့ခြင်းပင်။ ရှုကျင်းကဲ့သို့သော တစ်နယ်ခြားဇာတိမှလူကပင် မလိုက်လိုက်အောင် အကျပ်ကိုင်ခံရရခြင်းမှာလည်း မထူးဆန်းတော့ချေ။
လင်ဝမ်းက ရှုကျင်းအား အမေးပြုလိုက်၏။
"တစ်ယောက်ယောက်က မင်းနဲ့မင်းအစ်ကိုနဲ့ကို ရုပ်ရှင်ရုံမှာတွေ့လိုက်တယ်ဆို ဟုတ်လား? မင်းမိသားစုရော ပါလာတာလား?"
လင်ဝမ်းက ထိုအစ်ကိုဆိုသူအား ရှန့်ရှင်းဟယ်ဟု ထင်ထားပုံမပေါ်။ ရှုကျင်းဝန်ခံခဲ့ဖူးသော စကားအရလည်း ရှန့်ရှင်းဟယ်နှင့်ရှုကျင်းအား အပြင်ထွက်လည်ရသည်အထိ မရင်းနှီးဟု ယူဆထားခြင်းလည်း ဖြစ်နိုင်၏။
ရှုကျင်း မဖြေကြားမီ လင်ဝမ်းက စကားဆက်ဆို၏။
"မင်းအဖေလည်း ဒီရောက်နေတယ်လို့ ကြားတယ်"
ရှုကျင်း : "...."
လင်ဝမ်း၏ဦးနှောက်က မည်သည့်အသားနှင့် ပြုလုပ်ထားခြင်းမှန်း မခန့်မှန်းတတ်တော့။ ထို့နောက် လင်ဝမ်းက ရင့်ကျက်ဟန်ရှိသည့် စကားတစ်ခွန်းဆိုလေသည်။
"နောက်ဆိုလည်း ကိုယ့်မိသားစုဝင်တွေနဲ့ အဆင်ပြေအောင် နေကွာ.. ဟုတ်ပြီလား?"
Advertisement
ရှုကျုံးယွမ်အကြောင်း ပြောလာတော့မှ ရှုကျင်းလည်း အနည်းငယ် စိတ်ပူလာခဲ့၏။
ရှုကျုံးယွမ်က သူ့သူငယ်ချင်းများနှင့် တွေ့ဆုံပြီးနောက် သူ့အား ပြန်မဆက်သွယ်သေးကြောင်း ရှုကျင်းအား ပြောပြလိုက်သေး၏။ ခုနလေးတင်၌ ရှုကျုံးယွမ်အား ဖုန်းဆက်ကြည့်သော်လည်း ဖုန်းပြန်မဖြေ။ တက္ကစီမောင်းသူကို ဖုန်းဆက်ကာ ဟိုတယ်၌ သွားရှာခိုင်းသော်လည်း ဧည့်ကြိုကောင်တာက ရှုကျုံးယွမ် မတည်းတော့ကြောင်း ပြောလိုက်လေသည်။
ညစာစားပွဲတစ်ဝက်တစ်ပျက်၌ပင် စိုးရိမ်ပူပန်မှုက ပျော်ရွှင်တက်ကြွမှုများအား တဖြည်းဖြည်းဝါးမျိုလာတော့သည်။
ရုတ်တရက် ဖုန်းထမြည်သောကြောင့် ရှုကျင်းတစ်ယောက် လန့်ဖျပ်သွား၏။ ဖုန်းမျက်နှာပြင်ထက်တွင် ရှန့်ရှင်းဟယ်၏နံပါတ် ပေါ်လာခြင်း။
ရှုကျင်းလည်း စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။ ဖုန်း၏တစ်ဖက်မှ ရှန့်ရှင်းဟယ်က ပြောလာ၏။
"ရှုကျင်း.. ဘယ်အချိန်လောက် ပြန်ရောက်မလဲ?"
ရှုကျင်းက လူအပြည့် တက်စုံလက်စုံ ညစားစားပွဲဆင်နွှဲနေသည်ကို ကြည့်ပြီးနောက် ပြန်ဖြေလိုက်၏။
"တစ်အောင့်လောက်ကြာရင် ပြန်လာတော့မှာ.. ကိုက ပြန်ရောက်နှင့်ပြီလား?"
"အယ်.. အိမ်မှာ လူတစ်ယောက် မင်းကိုလာရှာတယ်"
ရှုကျင်းလည်း နားဝေတိမ်တောင်ဖြစ်သွား၏။
".... ဘယ်သူလဲ?"
စက္ကန့်ပိုင်းမျှကြာပြီးနောက် ရှန့်ရှင်းဟယ်၏အသံကြည်ကြည်ကို တစ်ဖန်ကြားရသည်။
"မသိဘူး.. သူပြောတာတော့ မင်းအဖေရဲ့သူငယ်ချင်းတဲ့"
ရှန့်ရှင်းဟယ်၌ ဆက်ပြောစရာစကားများ ကျန်ရှိသေးကြောင်း သတိထားမိလိုက်၏။ အသံတိုးတိုးဖြင့်သာ တုံ့ပြန်လိုက်လေသည်။
"အိုး"
ရှန့်ရှင်းဟယ်၏လေသံက သာမန်နှင့်မတူ ကွဲပြားနေချေသည်။
"ဦးလေး ဆေးရုံတက်နေရတယ်တဲ့.. ငါ ဆေးရုံကို အရင်လိုက်သွားပြီး မင်းကို စောင့်နေလိုက်မယ်"
~~~
ရှုကျင်းလည်း တက္ကစီတစ်စီးငှားပြီးနောက် ဆေးရုံလိုက်သွား၏။ အလျင်စလိုထွက်လာရ၍ ကုတ်အင်္ကျီကိုပင် မေ့ကျန်ခဲ့သေးသည်။
ဆေးရုံသို့ရောက်သော် လှေကားရင်း၌ စောင့်နေသည့် ရှန့်ရှင်းဟယ်ကို မြင်လိုက်ရ၏။ ကုတ်အင်္ကျီထူထူဝတ်ထားသည့် ရှန့်ရှင်းဟယ်ကို မြင်တွေ့လိုက်မှ မိမိခန္ဓာကိုယ်က အေးစက်လျက်ရှိကြောင်း သတိထားမိသည်။
ရှန့်ရှင်းဟယ်က ရှုကျုံးယွမ် ရှန့်ချန်းမြို့တော်သို့ မည်သည့်အချိန်က ရောက်လာကြောင်းကို မမေးမြန်းခဲ့သလို ဘာဆိုဘာမျှစကားအစမဖော်ခဲ့ချေ။ ရှုကျုံးယွမ် ရန်ပွဲတစ်ခု၌ ပါဝင်ခဲ့ပြီး ခါး အကန်ခံလိုက်ရကြောင်းကိုသာ အကျဥ်းချုပ်ရှင်းပြလေသည်။ ပြဿနာအထွေအထူးမရှိသော်လည်း ယနေ့ညနေခင်း၌ ဆေးရုံအတင်ခံရကာ ကန်ချက်က သူ၏သရက်ရွက်အား ထိခိုက်သွား၊မသွားကိုသာ စစ်ဆေးရန်လို၏။
ရှုကျင်းက အင်မတန် အေးစက်လာသလို ခံစားရ၏။ ရှုကျုံးယွမ်ထံ၌ ပြစ်မှုမှတ်တမ်းရှိနေသည့်အလျောက် မည်သို့မည်နှယ် ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း စဥ်းစားမရသေးချေ။
"ကို....."
မည်ကဲ့သို့မေးမြန်းသင့်ကြောင်းလည်း မသိတော့။
ရှန့်ရှင်းဟယ်က ရှုကျင်းမည်သည်ကို မေးချင်ကြောင်း သိသောကြောင့် ပြန်ပြောလိုက်၏။
"ကိုယ်နဲ့ သူနဲ့ မတွေ့ရသေးဘူး"
သို့သည့်တိုင် နှစ်ဦးသား စိတ်သက်သာရာမရသေး။
အကြောင်းမှာ ရှုကျုံးယွမ်က ယခုလတ်တလောတွင် ရှန့်ရှင်းဟယ်၏မျက်နှာကို မမြင်သေးသော်လည်း နောင်တစ်ချိန်တွင် သူတို့နှစ်ဦး ပြန်လည်အဆင်ပြေသွားကြောင်းကို အနှေးနှင့်အမြန် သိလာတော့မည်။
ရှုကျင်းလည်း ကြံရာမရဖြစ်နေတော့၏။
ရှန့်ရှင်းဟယ်က ဂျာကင်အင်္ကျီကို ချွတ်ပြီး ရှုကျင်းအား ခပ်တင်းတင်းခြုံပေး၏။ ထို့နောက် ချုပ်တည်းဟန်ဖြင့် ရှုကျင်း၏မျက်နှာအား ခပ်ဖွဖွသာထိတွေ့ကာ စကားဆိုလေသည်။
"အရင်တက်သွားပြီး သူ့ကို အရင်တွေ့နှင့်.. ပြီးမှ လက်မှတ်ထိုးတာဖြစ်ဖြစ် တစ်ခုခုလုပ်ပေါ့.. ကိုယ် ငွေသွားရှင်းလိုက်မယ်"
ရှုကျင်းက ရုတ်ခနဲ ပြန်ပြော၏။
"မလိုဘူး--"
ရှန့်ရှင်းဟယ်က စကားဖြတ်ပြောလေသည်။
"ဘာမှမဖြစ်ဘူး.. ကိုယ် သူ့ကိုမုန်းတာမှန်ပေမဲ့ ကိုယ်နဲ့ကိုယ့်အဖိုးကိုတော့ နှစ်တွေအကြာကြီး စောင့်ရှောက်ပေးခဲ့တာပဲ.. ကိုယ် ဒါတွေကို မမေ့ပါဘူး"
ရှုကျင်း၏မျက်ဝန်းများက နီရဲလာ၏။ စကားများက လည်ချောင်းဝ၌သာ တစ်ကာ ဘာဆိုဘာမျှ ပြန်မပြောနိုင်ခဲ့ချေ။
ရှန့်ရှင်းဟယ်အား ရှုကျုံးယွမ် တစ်ခုခုလုပ်ခဲ့သည်မှန်သော်လည်း ကလေးဘဝ၌ ရှန့်ရှင်းဟယ်က စေတနာအမှန်ဖြင့် ဂရုစိုက်ပေးခဲ့သည်လေ။ အပြင်းအထန်နာမကျန်းဖြစ်နေသည့် အဖိုးနေရာ၌ တာဝန်ယူပေးခဲ့သည်။ ကျောင်း၌ မိဘတွေ့ဆုံပွဲရှိလျှင်လည်း အဖနေရာမှ လိုက်သွားပေးသေးသည်။
ရှန့်ရှင်းဟယ်၏ရင်ထဲ၌ မကျေနပ်မှုများ ကိန်းအောင်းကျန်ရှိနေပါသော်လည်း ကျေးဇူးတရားကိုတော့ မမေ့သေးချေ။
ရှန့်ရှင်းဟယ်က ပြောလိုက်၏။
"တက်တော့လေ"
ရှုကျင်းလည်း ရှန့်ရှင်းဟယ်အား ခေတ္တငေးကြည့်ကာ ခြေလှမ်းအနည်းငယ်မျှ နောက်ပြန်လျှောက်ပြီးနောက် ဓာတ်လှေကားဆီ လျှောက်သွား၏။
သူနာပြုကောင်တာသို့ ရောက်သော် ရှုကျုံးယွမ်၏အခန်းနံပါတ်အား မေးပြီးနောက် ဆောင်ကူးစင်္ကြံလမ်းအရှည်ကြီးကို ဖြတ်၍ လျှောက်လာခဲ့လေသည်။
တံခါးဖွင့်သော် အိပ်ယာထက်၌ မျက်နှာသေဖြင့် လှဲနေသည့် ရှုကျုံးယွမ်အား တွေ့ရလေ၏။ တံခါးဖွင့်သံကို ကြားပြီးသော် သားအဖနှစ်ယောက် အကြည့်ချင်းဆုံသွားသည်။ ရှုကျင်းက 'အဖေ'ဟု ခေါ်ရုံသာရှိသေးသည်။ ရှုကျုံးယွမ်က ကုတင်နံဘေးရှိ ရေခွက်ကို ကောက်ကိုင်ကာ မျက်နှာတည့်တည့် ပစ်ပေါက်လိုက်၏။
ကြွေခွက်ဟာလည်း ခလွမ်းခနဲ တစ်စစီ ကွဲကြေကာ လူနာဆောင်ရှိ လူအားလုံး အထိတ်တလန့်ဖြစ်သွားလေသည်။
ရှုကျင်း၏နဖူးထက်မှ သွေးများက ချက်ချင်းယိုစီးကျလာ၏။
ရှုကျုံးယွမ်က ရူးသွပ်သွားသကဲ့သို့ ကျိန်ဆဲအော်ဟစ်လေသည်။
"မင်း ငါ့ဆီ မလာနဲ့! ကျေးဇူးကန်းတဲ့ သစ္စာဖောက်! ငါ့မျက်စိရှေ့က မြန်မြန်ထွက်သွားလိုက်တော့!"
ရှုကျင်းက မလှုပ်မယှက် ငြိမ်သက်နေခဲ့၏။
ထို့နောက် သက်လတ်ပိုင်းအရွယ်လူကြီးတစ်ဦးက ရှုကျင်းအား အခန်းအပြင်ဘက်သို့ အပျော့ဆွဲနည်းဖြင့် ခေါ်ထုတ်လာ၏။ ရှုကျုံးယွမ်၏သူငယ်ချင်းဆိုသူ ဖြစ်ကောင်းဖြစ်နိုင်သည်။
သက်လတ်ပိုင်းအရွယ်လူကြီးက ပြောလေ၏။
"..... သားအဖေ ဒေါသကြီးမှန်း သားအသိဆုံးပါ.. သားရဲ့မျက်စိတစ်ဖက်ကန်းနေတဲ့ သူငယ်ချင်း အဟွတ်* ထားပါ အဲ့ဒီသူငယ်ချင်းအကြောင်း ကြားပြီးတာနဲ့ ဒေါသထွက်သွားတော့တာပဲ.. ရှုကျင်း အာ.. ဖြစ်ပုံက ဒီလိုကွာ.. တစ်ယောက်ယောက်နဲ့ ရန်ဖြစ်ခဲ့တယ်ဆိုတာ တကယ်တိုက်ဆိုင်တာသက်သက်ပဲ.. ဦးလေးက သူ့ကို ညစာစားဖို့ခေါ်သွားတဲ့လမ်းမှာ သူ့ရန်သူနဲ့တွေ့ခဲ့ရမယ်လို့ ဘယ်သူကထင်မိမှာလဲ..
Advertisement
အဲ့ဒီလူက သားအဖေလက်အောက်မှာ အလုပ်လုပ်ဖူးတဲ့လူပဲ.. စစချင်းက သားအဖေတို့ကွင်းမှာ အလုပ်လုပ်ခဲ့ဖူးပြီး အရင်နှစ်တွေလောက်ကမှ ကြီးပွားသွားတာ
နောက်မှ ဦးလေးသိခဲ့ရတာက မင်းအဖေ ထောင်ထဲဝင်ရတုန်းက တိုင်ခဲ့တဲ့လူဖြစ်နေတယ်.. အဲ့ဒါ ဘယ်လိုခေါ်ပါလိမ့်....."
ရှုကျင်း၏ဦးနှောက်က ဗလာဖြစ်သွားခဲ့ပြီ။
မျက်နှာတစ်ပြင်လုံး ဖြူဖတ်ဖြူရော်ဖြစ်ကာ ပုံမှန်ပြန်ဖြစ်ဖို့ရန်ပင် မိနစ်အတန်ကြာအချိန်ယူခဲ့ရလေသည်။
__ကမ္ဘာကြီးက တော်တော်ကျဥ်းတာပဲ။
ဘေးမှ ဖြတ်လျှောက်သွားသည့် သူနာပြုတစ်ဦးက ဆူပူကာ ရှုကျင်းအား နဖူးဒဏ်ရာကုသရန် အပြင်လူနာဆောင်သို့ ခေါ်ဆောင်သွားလေသည်။
ဆေးခန်းမှ ထွက်လာပြီးနောက် ရှုကျင်း အပေါ်ထပ်သို့ ထပ်မတက်သွားတော့ချေ။
ဆေးရုံအပြင်ဘက် ချောင်ကျကျ ပန်းခြံတစ်နေရာ၌ အချိန်အတန်ကြာ မတ်တပ်ရပ်တွေဝေနေပြီးနောက် ဖုန်းထုတ်ကာ ရှန့်ရှင်းဟယ်ဆီ ဖုန်းခေါ်လိုက်၏။
ဖုန်းအဆက်အသွယ်ရပြီးနောက် နှစ်ဦးစလုံး ချက်ချင်း စကားမပြောကြသေးချေ။
တိတ်ဆိတ်မှုအား ရှန့်ရှင်းဟယ်ဘက်က စတင်ချိုးဖျက်လိုက်၏။
"ရှုကျင်း"
ရှုကျင်း : "အင်"
ရှန့်ရှင်းဟယ် : "မင်း ကိုယ်နဲ့ ထပ်လမ်းခွဲဦးမှာမလား?"
ရှုကျင်းက ရှန့်ရှင်းဟယ်၏ဂျာကင်အင်္ကျီအား ဝတ်ဆင်ထားဆဲဖြစ်ပြီး ရှန့်ရှင်းဟယ်၏ကိုယ်ငွေ့က သူ့အား ခြံရံပေးနေဆဲပင်။ သို့သော် သူ၏လက်ဖျားများက ရေခဲတမျှ အေးစက်နေခဲ့သည်။ ထိုအချိန်ဝယ် ရှန့်ရှင်းဟယ်၏စကားသံအား ပြတ်ပြတ်သားသား ကြားလိုက်ရလေ၏?
"ဒီတစ်ခါတော့ နောက်ငါးနှစ်ဆိုတာ မရှိတော့ဘူး"
T/N - For those who are confused with SXH's words :
It means that if SJ broke up with him again, SXH will not wait for him again.
ZAWGYI
အဆုံးတွင်မှ ရှုကျင်းလည်း လွတ်လွတ်လပ်လပ် အသက်ရှူခွင့်ရတော့သည်။
"ဒါတွေ ဘယ်ကတတ်လာတာလဲ?"
"မင်း စွပ်ပေး"
"ကိုယ် အားမနေဘူးနော်"
ရှုကျင်း : "...."
".... ဘယ်သူလဲ?"
"အိုး"
~~~
"ကို....."
Advertisement
- In Serial47 Chapters
She Belongs To The King | ✓
"She's hot.""Yeah, I know. I'm kinda jealous...""I'm gonna ask her out.""Are you crazy? You're asking for a death wish.""What's so wrong with me asking her out?""Everything! You just can't.""Why!?""Because she belongs to the king."-Mia White was just an ordinary girl that walked the face of earth. She was who people looked up to. She had good grades, was the kindest person you'd ever meet, and was breathtakingly beautiful. Everyone in ClearHills Academy loved her. But, there were also some who feared and despised her.Some people hated Mia because she was known as 'little miss perfect' and because she was claimed by the one who practically owned everything. Besides her best friend, Sarah, not many people approached her.Most people feared that if they were to do something wrong, it would anger him. And that was the last thing people wanted.Ace King was someone not to mess with. His father owns a powerful company that he would soon take over. He was what parents told their kids not become. He was the bad boy of ClearHills Academy.Ever since Ace first laid eyes on her as kids, she was what he wanted most. Mia was the only person who he'd drop on his knees and bow down to, she was the only person he cared not to be feared by.She was the only who could tame him.-"What is it dear? Do you want something else?" his mother asked, looking down to see his attention focused on something.Or rather, someone."Her," he said, pointing at a girl, sitting on a small wooden stool with a book in her hands. "I want her."-❝Everyone knows she belongs to him.❞-WARNING[ contains mature language ]Highest Ranking#1 - 01/27/18 | Billionaire#1 - 02/01/18 | RomanceSTARTED on November 7, 2017
8 322 - In Serial10 Chapters
How to get away with murder
How do you commit murder without anyone suspecting? Is the perfect murder really possible or does it just require the perfect man? When she finds a piece of paper that includes a murder plan written by the idol of the school, it includes nothing but scenarios that may or may not end in deadly accidents, not worthy of being called a plan. She dismisses it as fantasy... But then someone dies. An accident...
8 331 - In Serial30 Chapters
The Ride to Love
Corina Hamilton - biker chick. That's how I'm labeled by anyone and everyone. I mean, they're not wrong. I treat my Harley's like they're babies; baths everyday, buy new parts to make them happy, give them endless love and affection. Hell, I even up and left my entire life, moving from Ohio to Florida one winter because I got fed up with leaving my bikes in the garage. Florida gave me more than just unlimited Harley riding though. It gave me Ryder Cunningham.
8 110 - In Serial20 Chapters
You can't run me, can you
Reporter: Excuse me, officer mu, what is the most fundamental reason that affects the detection rate of a city? Moyuan: me.
8 281 - In Serial10 Chapters
Babysitting the Demon's baby ✔️
If it wasn't for the rent due, Ria wouldn't have found herself caught in the dark lair of a demon named August Knight, the devil himself. In the pages of the contract, she didn't sign up for handling fire spitting babies or having to wipe tears that are onyx like the twilight sky. But as unusual as the world of August Knight's may have been, she finds herself quickly falling for the man.
8 240 - In Serial26 Chapters
Bad things- BILLIE EILISH SMUT
Luna's love life is inexistent at the moment but that slowly changes as her life begins to fall apart. Meanwhile the famous billionaire Billie Eilish indulges into new fantasies.smut/g!p⚠️ HEAVY CONTENT! viewer discretion is advised! this story may contain trigegering scenes including: rape, sexual abuse, death, self harm and substance abuse. SMUT scenes will have an asterix (*) incase you want to skip.⚠️Read at your own risk...
8 200

