《Please Don't See Me [Mm Transl. || Completed]》CHAPTER-13
Advertisement
UNICODE
ရှန့်ရှင်းဟယ်က ရှုကျင့်၏အိမ်အနီး၌ တည်းခိုခဲ့သည်ဖြစ်၍ အသွားအပြန်သိပ်မကြာခဲ့။
ရှုကျင်းက ရှန့်ရှင်းဟယ် သူဝယ်ပေးထားသည့်ဖိနပ်ပါးကို စီးထားကြောင်းမြင်လိုက်ရ၏။ ဖိနပ်ဆိုဒ်အနေတော်ဖြစ်၍ အတော်အတန်စိတ်သက်သာရာရသွားလေသည်။ သူခန့်မှန်းခဲ့သည့်အတိုင်း ရှန့်ရှင်းဟယ်က ဤနှစ်များအတွင်း အနည်းငယ်အရပ်ရှည်လာခဲ့ခြင်းပင်။
ရှုကျင်းက သူတို့နှစ်ဦး မည်မျှကြာကြာ အတူတကွရှိနိုင်ကြောင်း မေးမြန်းချင်ပါသော်ငြား ယခုအခြေအနေကို သုံးသပ်ခြင်းဖြင့် နောက်တစ်ဖန်ထပ်မေးနေရန်မလိုအပ်တော့။
ရှန့်ရှင်းဟယ်က အဝတ်အစားများများပြားပြား ယူဆောင်မလာ။ အဝတ်သေတ္တာထဲမှ ကုတ်အင်္ကျီကို ယူထုတ်၍ ဗီရိုထက်၌ ချိတ်လိုက်၏။ စီရီနေစရာပင်မလို။
တစ်ရက်တာဟာ လျင်မြန်စွာ ကုန်ဆုံးသွားလေသည်။
ညနေခင်း၌ နှစ်ဦးသား ရုပ်ရှင်သွားကြည့်ကြ၏။ ဒုတိယအကြိမ်ထပ်မကြည့်လိုတော့သည့်ရုပ်ရှင်၏ ဒုတိယအပိုင်းကိုပင် ရုံတင်ပြသနေချေပြီ။ ငါးနှစ်တာကုန်လွန်ခဲ့ပြီးနောက် ရုပ်ရှင်၏အပိုင်းဆက်ဟာလည်း ဒါရိုက်တာပြောင်းလဲသွားခဲ့၏။ ထို့ကြောင့် ဇာတ်လမ်းဇာတ်ကွက်ကိုဖြင့် အလွယ်တကူ ခန့်မှန်းမတတ်တော့။
[T/N- အပိုင်း(၂)မှာတုန်းက သူတို့အချင်းချင်းစာပို့ရင်းပြောဖြစ်တဲ့ ရုပ်ရှင်အကြောင်းပါ။ ]
ရှုကျင်းက ဖုန်းကိုဖွင့်ကာ လက်မှတ်ဝယ်ရန်အတွက် ထိုင်ခုံနေရာရှာဖွေနေ၏။
"အစက ရှစ်လိုင်းမြောက်မှာ ထိုင်ရတော့မလို့.. ဒါပေမယ့် ကံကောင်းလို့ အလယ်နားမှာ ထိုင်ခုံနေရာအလွတ်ရှိနေတယ်"
ရှန့်ရှင်းဟယ်လည်း မီးဖိုချောင်၌ လက်ဆေးနေရင်း ပြန်ပြောလိုက်သည်။
"တော်သေးတာပေ့ါ"
ထို့နောက် ရှန့်ရှင်းဟယ်က ရှုကျင်း၏'အာ'ဟု မကျေမချမ်းရေရွတ်သံကို ကြားလိုက်ရ၏။ ထို့နောက် ရှုကျင်းက သူ့ဘာသာသူ တတွတ်တွတ် ရေရွတ်ပြောလေသည်။
"အခုမှ ဒီappကို စသုံးမယ့်လူတွေအတွက် ကူပွန်အစောင်သုံးဆယ်တောင် ပေးထားထာပဲ.. တစ်ခုစမ်းဝယ်ကြည့်လိုက်မယ်"
ချက်ချင်းဆိုသလို နောက်ဆက်တွဲ'ဟာ'ခနဲ အသံက လိုက်ပါလာ၏ : "ဘယ်လိုလုပ် ကျွန်တော်ရွေးလိုက်တဲ့နေရာက မရတော့တာလဲ?"
ရှုကျင်းက စာရင်းကို မှားမသွင်းမိမှန်းသေချာသည့်အလျောက် ကြောင်ကြောင်အအဖြစ်သွား၏။ ရှန့်ရှင်းဟယ်လည်း လက်အမြန်သုတ်ပြီး ရှုကျင်းဆီ လျှောက်သွားသည်။
"ကိုယ့်ကို ပြကြည့်"
ရှုကျင်းလည်း အံ့ဩတကြီး ပြောပြန်၏။
"ကျွန်တော်က ကူပွန်ကို နှိပ်ရုံပဲရှိသေး.. ပျောက်သွားရော.. ကျွန်တော် နှိပ်လိုက်တာ သေချာရဲ့သားနဲ့... အား အကုန်လုံးကုန်သွားပြီ"
ရှန့်ရှင်းဟယ်က ဖုန်းကို အသေအချာယူကြည့်ပြီးမှ ရှုကျင်း၏ခေါင်းအား ညင်သာစွာပုတ်လိုက်သည်။
"မင်းက အကြာကြီးစဥ်းစားနေပြီးမှ ရွေးတာကိုး.. သူများ ဦးသွားလောက်ရောပေါ့.. တခြားဟာလေး ထပ်ရွေးကြည့်"
ရှုကျင်း၏မျက်လုံးများ ပြူးကျယ်သွား၏။
"အဲ့လောက်မြန်တယ်လား? ပိတ်ရက်မှာ တခြားလုပ်စရာမရှိကြဘူးလားဟ"
ရှုကျင်း ရုပ်ရှင်ရုံသို့မရောက်ဖြစ်သည်မှာ ကာလအတော်ကြာမြင့်ခဲ့ပြီ။ ကြည့်ဖူးခဲ့သည့်ရုပ်ရှင်အရေအတွက်ဟာလည်း လက်တစ်ဆုပ်စာမျှသာရှိလေ၏။ ဖုန်းအက်ပလီကေးရှင်း၌ ရုပ်ရှင်လက်မှတ်ဝယ်ယူဖူးသည်မှာလည်း ပထမဆုံးအကြိမ်ပင်။ ယခုတော့ နောက်ဆုံးကျန်မည့် ထိုင်ခုံနေရာကို အလျင်အမြန်ရှာဖွေလိုက်၏။ သို့သော် နေရာလွတ်များက ဒုတိယတန်း၌သာ ကျန်တော့လေသည်။
ရှုကျင်းက စိတ်ပျက်လက်ပျက်ဖြင့် ဆိုလိုက်၏။
"ထိုင်ခုံနေရာက အရမ်းနီးသွားပြီ.. တခြားနေရာ ရှာကြည့်ဦးမယ်"
"ဒုတိယတန်းလည်း အရမ်းမဆိုးလှပါဘူး.. ကို့မျက်မှန်ပါဝါက ၅.၀လေ.. အဆင်ပြေပါတယ်"
ရှုကျင်းက ရှန့်ရှင်းဟယ် အမြင်အာရုံ ပိုဆိုးရွားသွားမည်ကို စိတ်ပူနေမိသည်။ ယခင်ကဆိုလျှင်လည်း ရုပ်ရှင်ရုံသို့သွားတိုင်း အနောက်ခုံ၌သာ တမင်သက်သက် ရွေးထိုင်ဖြစ်၏။
ရှန့်ရှင်းဟယ်၏စကားဆုံးသော် ရှုကျင်းက ခေတ္တခဏ တုံ့ဆိုင်းသွားရသည်။ သို့သော်လည်း နာခံစွာဖြင့်ပင် ဒုတိယလိုင်းရှိ ထိုင်ခုံနှစ်နေရာစာအတွက် ကူပွန်ကို သုံးလိုက်လေ၏။
နွေဦးပွဲတော်အားလပ်ရက်အတွင်း ဈေးဝယ်စင်တာများ၌သာမက ရုပ်ရှင်ရုံများတွင်ပါ ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။
ရုပ်ရှင်က ယခင်တစ်ခါကနှင့်ယှဥ်လျှင် သာတူညီမျှ ညံ့ဖျင်းနေဆဲပင်။ သို့သော်လည်း ဟာသအကွက်ဆန်းများ အနည်းငယ် ပါလာသည်ဟု ဆို၍ရသည်။ မကြာမကြာဆိုသလို ရုပ်ရှင်ရုံထဲတွင် ရယ်သံမောသံဆဲဆိုသံများကို ကြားနိုင်သည့်အတွက် ဤတစ်ကားဟာဖြင့် rating ၃.၁ ခန့်ရလောက်ကြောင်း ရှုကျင်း ခန့်မှန်းမိ၏။
နှစ်ဦးသား ဒုတိယတန်း၏ဘယ်ဘက်ထောင့်၌ ထိုင်နေကြခြင်းပင်။ ရှုကျင်းက ဟာသဇာတ်ကွက်ကြောင့် တခစ်ခစ် ရယ်မောနေချိန် ရှန့်ရှင်းဟယ်က ရှုကျင်း၏လက်အား ဆုပ်ကိုင်လိုက်၏။ ရှုကျင်း တစ်ဖက်သို့ ခေါင်းလှည့်လိုက်သော် ရှန့်ရှင်းဟယ်က သူ့အား ပြုံးပြုံးလေး စိုက်ကြည့်နေသည်ကို သတိထားမိသည်။
လက်နှစ်ဖက်၊ လက်ချောင်းဆယ်ချောင်းဟာ ဖြည်းညင်းစွာ ညင်ညင်ဖွဖွ ပွတ်သပ်နေကြချေ၏။ လျှပ်စီးကြောင်းပါးပါးလေးတစ်ခုပင် ဖြစ်တည်တော့မတတ်။ ရှုကျင်းက ရုပ်ရှင်၏ကျန်တစ်ဝက် မည်သို့မည်ပုံဖြစ်သွားမည်ကို လုံးလုံးမျှ စိတ်မဝင်စားတော့ချေ။
ရုပ်ရှင်ကြည့်ပြီးသော် နှစ်ဦးသား ညစာသွားစားကြလေသည်။
အားလပ်ရက်ကို အတူတကွ အချိန်ဖြုန်းကြသော စုံတွဲများကဲ့သို့ပင် ရှုကျင်းနှင့် ရှန့်ရှင်းဟယ်သည်လည်း ချိန်းတွေ့ခြင်းလုပ်ငန်းစဥ်ကို အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ခဲ့လေပြီ။
ည၁၀နာရီ၌ နှစ်ဦးသား နေထိုင်ရာတိုက်ခန်းနံဘေးရှိ လမ်းကြားလေး၌ လမ်းလျှောက်နေကြ၏။
နှင်းအတိ ဖုံးလွှမ်းနေသော ရှန့်ချန်းမြို့တော်၏လမ်းကြားတစ်နေရာ၌ ရှုကျင်းဟာ အတိတ်ကို ပြန်လည်တွေးတောမိသည်။ အရာအားလုံးဟာ ကြယ်စင်များတဖြုတ်ဖြုတ်ကြွေကျသည့်ပမာ ပြောင်းလဲနေခြင်းသာ။ ယခင်အတိတ်ကာလနှင့် တူသယောင်ယောင် ထင်ရသော်လည်း လုံးဝဥဿုံ ကွာခြားလေသည်။
ရှန့်ရှင်းဟယ်လည်း ထိုသို့ပင် ခံစားမိ၏။
ရုပ်ရှင်ရုံထဲမှ ထွက်လာခဲ့စဥ်ကတည်းက ရှန့်ရှင်းဟယ်က ရှုကျင်း၏လက်အား ဆုပ်ကိုင်ထားသည်။ ထို့နောက် ရှုကျင်းအား အမေးပြုလိုက်၏။
"ပတ်ဖ် ဘယ်တုန်းက ဆုံးသွားတာလဲ?"
ယခင်ကဆိုလျှင် လမ်းလျှောက်ထွက်တိုင်း သူတို့နှစ်ဦးအနား ပတ်ပတ်လည် ခုန်ပေါက်ပြေးလွှားဆော့ကစားတတ်သည့် ခွေးလေးဟာလည်း လွန်ခဲ့သည့်နှစ်များအတွင်း လောကမှ အပြီးအပိုင် ထွက်သွားခဲ့ပြီ။
သူတို့နှစ်ဦးလည်း အရွယ်ရောက်လာကြချေပြီ။
ရှုကျင်းက ပြန်ဖြေ၏။
"ကို ထွက်သွားပြီး နောက်နှစ်နှစ်ကြာတော့"
ရှန့်ရှင်းဟယ်၏လက်ဖဝါးများက နွေးထွေးနေ၏။ ရှုကျင်းက ထိုစကားကို ပြောဖြစ်စဥ် ဝမ်းမနည်းခဲ့ချေ။
Advertisement
"သူ ငြိမ်းငြိမ်းချမ်းချမ်းလေး ထွက်သွားခဲ့ရတာပါ.. နာတာကျင်တာလည်း မရှိဘူး.. ကျွန်တော် အဲ့နေ့တုန်းက သူ့ဘေးမှာပဲ တစ်နေကုန်နေပေးပြီး စကားတွေ ပြောနေခဲ့တာ.. သူ အကုန်နားလည်တယ်ထင်တယ်"
"အိမ်မွေးတိရစ္ဆာန်သင်္ချိုင်းမှာလား?"
အမှန်ဆိုရလျှင် ယခင်အချိန်ကာလများ၌ ပတ်ဖ် အသက်ကြီးလာလျှင် လုပ်ပေးဖြစ်မည့်အရာများကိုပါ အတူတူတိုင်ပင်ခဲ့ကြပြီးဖြစ်၏။
ရှုကျင်းက ခေါင်းခါယမ်းလိုက်သည်။
"ဟင့်အင်း ကျွန်တော် အဲ့တုန်းက အရမ်းအလုပ်များနေခဲ့တာ.. သူ့ကို ခြံဝင်းထဲက သစ်ပင်အောက်မှာပဲ မြှုပ်ပေးနိုင်တယ်.. ကျွန်တော် သစ်ပင်လေးတစ်ပင်လည်း စိုက်ထားတယ်.. အဲ့ဒီ သစ်ပင်လေး ကြီးလာတာကို ပြတင်းပေါက်ကနေ မြင်နေရအောင်ဆိုပြီး"
ရှုကျင်း ခေတ္တခဏ နှုတ်ဆိတ်သွားကာ ဆက်ပြော၏။
"ဒါပေမယ့် အခုကျတော့ အိမ်ကို ရောင်းလိုက်ပြီ.. သစ်ပင်လေးကိုလည်း မမြင်ရတော့ဘူး"
ရှန့်ရှင်းဟယ် မျက်မှောင်ကြုတ်လိုက်သည်။
"အိမ်ကို ရောင်းလိုက်တယ်?"
ရှုကျင်းလည်း ခေါင်းညိတ်ပြပြီးနောက် ရုတ်တရက် ပြော၏။
"ကို အာလူးအချိုကင် စားချင်လား?"
လမ်းနှင့် မလှမ်းမကမ်း၌ ဆိုင်တန်းလေးများ ရှိသည်။ ရှုကျင်းလည်း ရှန့်ရှင်းဟယ်၏လက်အား ဆွဲပြီး ထိုနေရာသို့ ဦးတည်သွားလျက် စကားလက်စသတ်လိုက်လေ၏။
ရှုကျင်းက အာလူးအချိုကင်အား ယူဆောင်လာပြီးနောက် လက်ဖဝါးနှစ်ဖက်၌ ထည့်လိုက်၏။ မျက်ဝန်းများက တဖိတ်ဖိတ်တောက်လျက် အလွန်အမင်း ပျော်ရွှင်နေပုံပေါက်လေသည်။
"မနှစ်က ဆောင်းရာသီမှာဆိုရင် ကျွန်တော်တို့ အိုဗာတိုင်ဆင်းတိုင်း လင်ဝမ်းက ဒီမှာ အမြဲလာလာဝယ်နေကျ.. စားပြီးသွားတာနဲ့ အမြဲနေလို့ထိုင်လို့ ပိုကောင်းသွားသလိုပဲ"
ကြည့်ရသည်မှာ ရှုကျင်း ယခုလက်ရှိအလုပ်ကို အင်မတန် သဘောကျသည့်ပုံပင်။ ရှန့်ရှင်းဟယ်က စနောက်လိုက်၏။
"ဒီဇိုင်းပညာရှင်တော့ ဖြစ်ချင်တယ်.. အချိန်ပိုဆင်းရတာတော့ မကြိုက်ဘူးပေါ့"
"အဲ့လောက်ကြီးတော့ မဟုတ်ပါဘူး.. ဒါပေမယ့် ဘယ်သူမှ မခိုင်းဘဲ ကိုယ်တိုင်ကိုယ်ကျလုပ်ရရင်တော့ ပိုပျော်ဖို့ကောင်းမှာ"
ရှန့်ရှင်းဟယ်လည်း ရှုကျင်း၏စကားအနောက်မှ သံယောင်လိုက်ပေးသည်။
"ဒီဇိုင်းပညာရှင်ခေါင်းဆောင်ဖြစ်ဖို့ လုပ်သက်ဘယ်လောက်လိုလဲ?"
"နှစ်နှစ် သုံးနှစ်လောက်ပေါ့.. နှစ်ကုန်သုံးသပ်ချက်တွေနဲ့လည်း ဆိုင်သေးတယ်.. ကျွန်တော့်အထင်လေ အလုပ်မှာဆို ကျွန်တော့်ကံဇာတာက အမြဲကောင်းတတ်တယ်.. နှစ်နှစ်လောက်ဆို ဖြစ်လောက်ပြီထင်တာပဲ.. ကိုရော ဘယ်လိုထင်လဲ?"
"ဒါပေါ့ အဲ့အချိန်လောက်ဆို အောင်မြင်နေလောက်ပြီ.. ဘာပဲပြောပြော အလုပ်ဝင်တဲ့ ပထမဆုံးနှစ်မှာတင် ဇိမ်ခံခရီးစဥ်ဆုကို ရခဲ့တာဆိုတော့ ကံကောင်းချက်က နည်းနည်းနောနော မဟုတ်လောက်ဘူး"
ရှုကျင်း၏စကားကြောင့် ရှန့်ရှင်းဟယ်၏မျက်နှာမှာ ဖျင်းကနဲ ပူတက်သွားရသည်။ သို့သော်လည်း ဂုဏ်ယူဝံ့ကြွားမနေချင်တော့။
ဆိုရလျှင် ဤသည်က သူ၏ကံကောင်းမှုတစ်ရပ်ဟုပင် အတပ်ပြောနိုင်ပါသည်။ နှစ်ကုန်သုံးသပ်ပွဲ၏ဆုကြေးများက ထိုမျှ အရေးမကြီး။ သာမညဖြစ်ရပ်များထဲမှပင် ထိုခရီးစဥ်၌ ရှန့်ရှင်းဟယ်နှင့် တွေ့ဆုံနိုင်ခဲ့ခြင်းကသာ သူ့အတွက် ကောင်းချီးတစ်ရပ်ပင် ဖြစ်ချေ၏။
ထိုသို့သော တွေ့ဆုံမှုတစ်ခုအတွက် ကံကောင်းခြင်းဆယ်ခါပြန် ပေးဆပ်စွန့်လွှတ်ရမည်ဆိုလွှတ်တောင် ပျော်ပျော်ကြီး အနစ်နာခံလိုက်ပေဦးမည်။
အိမ်သို့ပြန်ရောက်ကြသော် ရှုကျင်းက ရေအရင်သွားချိုး၏။ သူ့ကိုယ်သူ တစ်ကိုယ်လုံး အာလူးချိုအနံ့များ စွဲနေသလို ခံစားရခြင်းကြောင့်။
ရှန့်ရှင်းဟယ် သတိထားမိသည်က ရှုကျင်း ပစ်စလတ်ခတ် ချွတ်ထားရစ်ခဲ့သော ဖိနပ်တစ်ရံဟာ ယခင်ကလို နာမည်ကြီးတံဆိပ် မဟုတ်တော့ကြောင်း။ ရှုကျင်း၏အဝတ်အစားများဟာလည်း သာမန်တံဆိပ်များထဲကဖြစ်သလို ပို၍ပင် အကြမ်းခံအပေခံသည့်ပုံပေါက်၏။ ဧည့်ခန်းထဲရှိ ဂိမ်းစက်ဟာလည်း တစ်မျိုးတစ်ဖုံ ဟောင်းနွမ်းနေပြီဖြစ်ကာ အသစ်ဝယ်ဖို့ရန်ပင် အစီအစဥ်ရှိပုံမပေါ်။ သို့သော်လည်း နေ့လည်ဘက်ကပင် ဆိုင်၌ ရောင်းချနေသည့် ဂိမ်းများကို ရှာကြည့်နေသေးသည်။
မိသားစုနေအိမ်ဟာလည်း ရောင်းချခံလိုက်ရပြီး ယခု ငှားရမ်းနေထိုင်နေသည့်အိမ်ဟာလည်း ကောင်းမွန်လှသည့်အခြေအနေမဟုတ်။ ထို့အပြင် ရုပ်ရှင်လက်မှတ်အတွက် ဈေးလျှော့ပေးသည့် ကူပွန်များကိုပင် သုံးစွဲလိုက်သေးသည်။ ဤသို့သော အခြေအနေအရပ်ရပ်ဟာ အတိတ်ကာလက ရှုကျင်း၏နေထိုင်မှုဘဝနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားလျက်ရှိလေ၏။
သို့သော်ငြား ရှုကျင်းကို သုံးသပ်ကြည့်ရသလောက် ထိုသို့သော နေထိုင်မှုဘဝကို ကောင်းမွန်စွာ အသားကျနေပုံရသည်။
ရှန့်ရှင်းဟယ် သိပါသည်။ ရှုကျင်း မပြောပြရသေးသည့် အကြောင်းတချို့ရှိနေသေးကြောင်းကို။ သို့သော်လည်း အလောတကြီး အလျင်မလို။ အတင်းအကြပ်လည်း ဖိအားမပေးလို။ အချိန်တန်သော် အလိုလို သိရှိခွင့်ရလိမ့်မည်သာ။
ထိုစဥ် ဖုန်းမှ တဒေါင်ဒေါင်အသံများက တစ်ကြိမ်ပြီးတစ်ကြိမ် မြည်လာလေ၏။
ရှုကျင်းထံ ပို့လာသော မက်ဆေ့ချ်များသာ။
ရှန့်ရှင်းဟယ်က ဆိုဖာထက်၌ ဖုန်းကို ရှာတွေ့သွား၏။ ဖုန်းမျက်နှာပြင်တွင်ပေါ်နေသည်က 'မက်ဆေ့ချ်တစ်စောင် သင့်ထံ ပေးပို့လာသည်'ဟူသော စာများသာ အထပ်ထပ်။ မည်သူပို့လာကြောင်းလည်း မသိရှိသလို အရေးကြီးကိစ္စ ဟုတ်လော၊ မဟုတ်လောပင် မသုံးသပ်နိုင်။
ထိုလူ.. ရှုကျင်းဟာ အင်မတန်မှ ရိုးရှင်းလှသည်။ ယခင်ကလျှို့ဝှက်နံပါတ်ကိုသာ အသုံးပြုဆဲဖြစ်မည်ကို ရှန့်ရှင်းဟယ် အတပ်ခန့်မှန်းနိုင်၏။ သို့သော်လည်း ရှုကျင်း၏ကိုယ်ရေးကိုယ်တာအကြောင်းအရာများကိုတော့ မစူးစမ်းလို။
"ကျွန်တော် ပြီးပြီ"
ရှုကျင်းက တံဘက်ဖြင့် ဆံပင်သုတ်ရင်း ရေချိုးခန်းထဲမှ ထွက်လာသည်။ နှုတ်ခမ်းတစ်ချက်စေ့ကာ အမေးပြုလိုက်၏။
"ကို ရေမချိုးသေးဘူးလား?"
"အမ်"
ရှန့်ရှင်းဟယ်လည်း ပြန်လည်တုံ့ပြန်လိုက်သည်။
"မက်ဆေ့ချ်တွေ ရောက်နေတယ်နော်"
ရွှဲရွှဲစိုနေသည့် ရှုကျင်းလည်း ခေါင်းတစ်ချက်ညိတ်ပြလိုက်၏။
ရှုကျင်းခမျာ ရေချိုးစဥ်တုန်းက ရှန့်ရှင်းဟယ် အထဲဝင်လာမည်လောကိုသာ ဆက်တိုက်တွေးမျှော်နေခဲ့သည်။ ထို့ကြောင့် အပြင်ဖက်မှ အခြေအနေကို အစဥ်အာရုံပြုနေမိ၏။ သို့သော်လည်း စိတ်ကူးသလို ဖြစ်မလာခဲ့ချေ။ ရှန့်ရှင်းဟယ်ဟာ ငယ်ရွယ်စဥ်တုန်းကထက် ပိုမိုတည်ငြိမ်လာခဲ့သည်။ သို့ပေတည့် ဖီလာအားဖြင့် ဟိုတယ်ခန်းထဲရှိ နေ့ရက်များအား ပြန်တွေးတောကြည့်ပြန်လျှင်လည်း ယခုရှန့်ရှင်းဟယ်နှင့် ကွာခြားနေပြန်၏။
Advertisement
ဟိုတယ်ခန်း၌သာ နှစ်ရက်ဆက်တိုက် တွင်းအောင်းနေထိုင်ခဲ့ရပြီးနောက် ရှုကျင်းခမျာ အရိုးရော အသားပါမကျန် သုံးဆောင်ခံခဲ့ရလေသည်။ ရှုကျင်း အတွေးနှင့်ပင် မပြစ်မှားဖူးသည့် အနေအထားမျိုး၊ ယခင်က လုံးဝမသိခဲ့ရသည့် အနေအထားမျိုးဖြင့် အကြိမ်ကြိမ်အခါခါ ဆန္ဒအထွတ်အထိပ်သို့ ဆိုက်ရောက်ပြီးဆုံးခဲ့ရလေ၏။
ထိုအချိန်များနှင့်ယှဥ်လိုက်လျှင်လည်း ငယ်ရွယ်စဥ်က လက်တည့်စမ်းခဲ့ဖူးကြသည့် အကြိမ်အချို့က ဘာဆိုဘာမှမဟုတ်တော့သကဲ့သို့။
ဘယ်သောအခါမှ ထပ်မဆုံဖြစ်ကြမည့် နောက်ဆုံးအကြိမ်များဟု တွေးတောရင်းနှင့်ပင် ထိုရက်များ၌ ရှုကျင်း စိတ်တင်းကြပ်ခဲ့ရဖူးသည်။
နေအိမ်သို့ပြန်ရောက်သည့်အချိန်၌လည်း ထိုပုံရိပ်များအား တမင်တကာ ခေါင်းထဲမှ ထုတ်ထားမိ၏။ ယခုအချိန်တွင်လည်း ထိုသို့သော အနေအထားအမျိုးမျိုးကို ပြန်စမ်းနိုင်လောက်အံ့မထင်။
ရှန့်ရှင်းဟယ် နံဘေးမှ ဖြတ်လျှောက်သွားသည့်အခိုက် ရှုကျင်း သူ၏လက်မောင်းကို စိတ်လိုလက်ရ ဆွဲကိုင်ကာ လက်ဦးမှုရယူပစ်လိုက်ချင်သည့် ဆန္ဒများ တဖွားဖွား ပေါ်ပေါက်လာရသည်။
ရှုကျင်းက အင်မတန်မှ အရေပါးသူဖြစ်၏။ လုပ်ချင်သည့်အရာကို ချက်ချင်းလုပ်လေ့ရှိသူဖြစ်သည့်တိုင် ထိုအကြောင်းတွေးမိလျှင် မရှက်ရွံ့ဘဲ မနေနိုင်ချေ။
မျက်လုံးမှိတ်ကာ အသက်ဝဝရှူလိုက်ပြီးနောက် ဖုန်းဖွင့်ကြည့်လိုက်၏။
အမှန်တွင် ရှုကျင်းက ရှုကျုံးယွမ်စာပို့လာခြင်းဟု တွေးထင်ခဲ့မိသည်။ ယခုထိတိုင် ဟိုတယ်၌သာ နေထိုင်နေသည့် ရှုကျုံးယွမ်နှင့် မဆက်သွယ်ဖြစ်သေးလေ။ ရှုကျုံးယွမ်နှင့် သူ့သူငယ်ချင်းများ မည်သို့သွားသည်ကိုလည်း မသိရှိ။ သို့သော် ဖုန်းဖွင့်လိုက်ပြီးနောက် မက်ဆေ့ချ်ပို့သူက HR ဌာနက လုပ်ဖော်ကိုင်ဖက်များဖွဲ့ထားသည့် group chat မှ ဖြစ်ကြောင်းသိလိုက်ရ၏။ နှစ်ကုန်စုဝေးပွဲပြီးနောက် ခရီးမသွားလိုက်ရသည့် ရှန့်ချန်းမြို့တော်မှ ကုမ္ပဏီဝန်ထမ်းများအား ကုမ္ပဏီက ညစာစားပွဲကျင်းပပေးမည်ဖြစ်ကြောင်း အကြောင်းကြားစာဖြစ်၏။ လာနိုင်ပါက '၁'ဟု စာပြန်ပို့ပြီး မလာနိုင်ပါက '၂'ဟု စာပြန်ပို့ရပေမည်။
ရှုကျင်းလည်း သွားဖြစ်မည်မဟုတ်၍ '၂'ဟု စာပြန်လိုက်သည်။
ထိုစဥ် ရှုကျင်း၏လုပ်ဖော်ကိုင်ဖက်က ချက်ချင်းစာပြန်ပို့လာ၏ : [ရှုကျင်း ဘာလို့မလာတာလဲ? (စိတ်ဆိုးနေ) ]
ရှုကျင်းလည်း ခေတ္တတွေးတောပြီးနောက် စာထပ်ပို့သည် : [အဝေးရောက်နေလို့ ]
ရှုကျင်း၏လုပ်ဖော်ကိုင်ဖက်မှာ အသည်းတစ်စစီ ကြေမွသွားရလေ၏ : [မင်း ဘယ်လိုတောင် ညာပြောနိုင်ရတာလဲကွာ? တစ်ယောက်ယောက်က မင်းကို ခုနကပဲ တွေ့လိုက်တယ်တဲ့! မင်းရယ် အဆင်လေးတစ်ယောက်ရယ်ကို XXရုပ်ရှင်ရုံမှာ တွေ့လိုက်တာတဲ့နော်! ]
ရှုကျင်း : [အဲ့ဒါ ငါ့အစ်ကိုပါကွာ ]
လုပ်ဖော်ကိုင်ဖက် : [မင်းကောင်လေးမှ မဟုတ်ဘဲကို! မနက်ဖြန်ည လာကိုလာရမယ် ဒါပဲ! ]
ရှုကျင်း : "..."
ရှန့်ရှင်းဟယ်က ယခု သူ့နံဘေးရှိနေပြီဖြစ်၍ ညစာစားပွဲ၌ အမှန်တကယ် မသွားလိုပါ။ အခြားဆင်ခြေဖြင့် ငြင်းရန်အတွက် နောက်တစ်နေ့ကိုသာ ထိုင်စောင့်ဖို့သာ ကြံရွယ်လိုက်၏။
ထို့နောက် ရေချိုးခန်းထဲမှ ရေပန်းဖွင့်သံကို ကြားလိုက်ရလေသည်။
ရှုကျင်းလည်း ဂိမ်းစက်ဖွင့်ကာ ဆော့ကစား၏။
ဒုတိယမြောက်ပွဲစဥ်ကို အစပျိုးနေစဥ် ရှန့်ရှင်းဟယ် ရေချိုးခန်းထဲမှ ထွက်လာသည်။ ထို့နောက် ရှန့်ရှင်းဟယ်၏ခြေသံများက သူ့ဆီ ဦးတည်လာကြောင်း ခံစားမိ၏။
စက္ကန့်ပိုင်းအတွင်းပင် ရှန့်ရှင်းဟယ်က ရှုကျင်း၏ခါးသွယ်သွယ်ကို သိမ်းကြုံးပွေ့ဖက်လိုက်သည်။
"ဆက်ဆော့"
ရှန့်ရှင်းဟယ်၏လေသံအနေအထားက အလွန်တရာအေးစက်လှ၏။ သူစိမ်းသူရံများပမာ ပြောနေသော်လည်း အမှန်မှာ ထိုသို့မဟုတ်။
ရှုကျင်း၏ဝမ်းဗိုက်ပိုင်းကြွက်သားများက တင်းကြပ်သွားရ၏။ ချက်ချင်းမဆိုင်းပင် ကြက်သီးမွေးညင်းများ တဖြန်းဖြန်း ထလာလေသည်။
စက္ကန့်ပိုင်းမျှ အသက်အောင့်ထားမိပြီးနောက် ဂိမ်း remote control မှာ နံဘေးသို့ ပြုတ်ကျသွား၏။ ချက်ချင်းမဆိုင်းပင် လေပြန်ရှိုက်လိုက်ရာ ခန္ဓာကိုယ်တစ်ခုလုံး လောင်ကျွမ်းသွားသကဲ့သို့။
ဂိမ်းမျက်နှာပြင်၌ ဇာတ်လိုက်ကစားသမားက ချောက်ကမ်းပါးစွန်းမှ ပြုတ်ကျသွားလေပြီ။
"သေသွားပြီ"
ရှန့်ရှင်းဟယ်က ခံစားချက်ကင်းမဲ့စွာဖြင့် အေးတိအေးစက် နှုတ်ဟစကားဆို၏။
ရှုကျင်းက ရှန့်ရှင်းဟယ်၏မာကျောလှသည့် လက်မောင်းကို တင်းတင်းဖက်လိုက်သည်။ လက်ချောင်းထိပ်များမှာ အသားစိုင်ထဲ နစ်ဝင်တော့မယောင်။ အသံထွက်မည်အပြု ရှန့်ရှင်းဟယ်က တင်းတင်းကြပ်ကြပ် ထပ်ဖက်ပြန်၏။ ထို့နောက် ရှန့်ရှင်းဟယ်က ရှုကျင်း၏နှုတ်ခမ်းအား လက်ညှိုးဖြင့် ဖိပိတ်ထားလိုက်သည်။
"ဂိမ်းကို save ထားပေးရမလား?"
ရှန့်ရှင်းဟယ်က ဤသို့လျှင် အမေးပြုလိုက်၏။
သူ ရှုကျင်း၏နားရွက်အနီး၌ လေးပင်စွာ ပင့်သက်ရှိုက်နေပုံမှာ ကြားရသူအဖို့ လွန်စွာပြင်းမက်ဖွယ်ကောင်းလှသည်။ ထို့နောက် နားရွက်က စူးခနဲ နာကျင်သွား၏။
"မလိုဘူး...... ပိတ်လိုက်တော့!"
ရှုကျင်း၏အသံဟာလည်း ဖျော့တော့လှပြီး အနည်းငယ် ငိုညည်းချင်သကဲ့သို့။
"ပိတ်လိုက်ပြီ"
ရှန့်ရှင်းဟယ်လည်း ဂိမ်းစက်ခလုတ်ကို ပိတ်ပြီးနောက် နာမည်ခေါ်လိုက်လေသည်။
"ရှုကျင်း"
★彡★彡★彡★彡★彡★彡★彡★彡★彡★彡
Zawgyi
အပိုင္း (၁၃)
Movie Date
ရွန့္ရွင္းဟယ္က ရွုက်င့္၏အိမ္အနီး၌ တည္းခိုခဲ့သည္ျဖစ္၍ အသြားအျပန္သိပ္မၾကာခဲ့။
ရွုက်င္းက ရွန့္ရွင္းဟယ္ သူဝယ္ေပးထားသည့္ဖိနပ္ပါးကို စီးထားေၾကာင္းျမင္လိုက္ရ၏။ ဖိနပ္ဆိုဒ္အေနေတာ္ျဖစ္၍ အေတာ္အတန္စိတ္သက္သာရာရသြားေလသည္။ သူခန့္မွန္းခဲ့သည့္အတိုင္း ရွန့္ရွင္းဟယ္က ဤႏွစ္မ်ားအတြင္း အနည္းငယ္အရပ္ရွည္လာခဲ့ျခင္းပင္။
ရွုက်င္းက သူတို႔ႏွစ္ဦး မည္မၽွၾကာၾကာ အတူတကြရွိနိုင္ေၾကာင္း ေမးျမန္းခ်င္ပါေသာ္ျငား ယခုအေျခအေနကို သုံးသပ္ျခင္းျဖင့္ ေနာက္တဖန္ထပ္ေမးေနရန္မလိုအပ္ေတာ့။
ရွန့္ရွင္းဟယ္က အဝတ္အစားမ်ားမ်ားျပားျပား ယူေဆာင္မလာ။ အဝတ္ေသတၱာထဲမွ ကုတ္အကၤ်ီကို ယူထုတ္၍ ဗီရိုထက္၌ ခ်ိတ္လိုက္၏။ စီရီေနစရာပင္မလို။
တစ္ရက္တာဟာ လ်င္ျမန္စြာ ကုန္ဆုံးသြားေလသည္။
ညေနခင္း၌ ႏွစ္ဦးသား ႐ုပ္ရွင္သြားၾကည့္ၾက၏။ ဒုတိယအႀကိမ္ထပ္မၾကည့္လိုေတာ့သည့္႐ုပ္ရွင္၏ ဒုတိယအပိုင္းကိုပင္ ႐ုံတင္ျပသေနေခ်ၿပီ။ ငါးႏွစ္တာကုန္လြန္ခဲ့ၿပီးေနာက္ ႐ုပ္ရွင္၏အပိုင္းဆက္ဟာလည္း ဒါရိုက္တာေျပာင္းလဲသြားခဲ့၏။ ထို႔ေၾကာင့္ ဇာတ္လမ္းဇာတ္ကြက္ကိုျဖင့္ အလြယ္တကူ ခန့္မွန္းမတတ္ေတာ့။
[T/N- အပိုင္း(၂)မွာတုန္းက သူတို႔အခ်င္းခ်င္းစာပို႔ရင္းေျပာျဖစ္တဲ့ ႐ုပ္ရွင္အေၾကာင္းပါ။ ]
ရွုက်င္းက ဖုန္းကိုဖြင့္ကာ လက္မွတ္ဝယ္ရန္အတြက္ ထိုင္ခုံေနရာရွာေဖြေန၏။
"အစက ရွစ္လိုင္းေျမာက္မွာ ထိုင္ရေတာ့မလို႔.. ဒါေပမယ့္ ကံေကာင္းလို႔ အလယ္နားမွာ ထိုင္ခုံေနရာအလြတ္ရွိေနတယ္"
ရွန့္ရွင္းဟယ္လည္း မီးဖိုေခ်ာင္၌ လက္ေဆးေနရင္း ျပန္ေျပာလိုက္သည္။
"ေတာ္ေသးတာေပ့ါ"
ထို႔ေနာက္ ရွန့္ရွင္းဟယ္က ရွုက်င္း၏'အာ'ဟု မေက်မခ်မ္းေရရြတ္သံကို ၾကားလိုက္ရ၏။ ထို႔ေနာက္ ရွုက်င္းက သူ႔ဘာသာသူ တတြတ္တြတ္ ေရရြတ္ေျပာေလသည္။
"အခုမွ ဒီappကို စသုံးမယ့္လူေတြအတြက္ ကူပြန္အေစာင္သုံးဆယ္ေတာင္ ေပးထားထာပဲ.. တစ္ခုစမ္းဝယ္ၾကည့္လိုက္မယ္"
ခ်က္ခ်င္းဆိုသလို ေနာက္ဆက္တြဲ'ဟာ'ခနဲ အသံက လိုက္ပါလာ၏ : "ဘယ္လိုလုပ္ ကၽြန္ေတာ္ေရြးလိုက္တဲ့ေနရာက မရေတာ့တာလဲ?"
ရွုက်င္းက စာရင္းကို မွားမသြင္းမိမွန္းေသခ်ာသည့္အေလ်ာက္ ေၾကာင္ေၾကာင္အအျဖစ္သြား၏။ ရွန့္ရွင္းဟယ္လည္း လက္အျမန္သုတ္ၿပီး ရွုက်င္းဆီ ေလၽွာက္သြားသည္။
"ကိုယ့္ကို ျပၾကည့္"
ရွုက်င္းလည္း အံ့ဩတႀကီး ေျပာျပန္၏။
"ကၽြန္ေတာ္က ကူပြန္ကို ႏွိပ္႐ုံပဲရွိေသး.. ေပ်ာက္သြားေရာ.. ကၽြန္ေတာ္ ႏွိပ္လိုက္တာ ေသခ်ာရဲ့သားနဲ႔... အား အကုန္လုံးကုန္သြားၿပီ"
ရွန့္ရွင္းဟယ္က ဖုန္းကို အေသအခ်ာယူၾကည့္ၿပီးမွ ရွုက်င္း၏ေခါင္းအား ညင္သာစြာပုတ္လိုက္သည္။
"မင္းက အၾကာႀကီးစဥ္းစားေနၿပီးမွ ေရြးတာကိုး.. သူမ်ား ဦးသြားေလာက္ေရာေပါ့.. တျခားဟာေလး ထပ္ေရြးၾကည့္"
ရွုက်င္း၏မ်က္လုံးမ်ား ျပဴးက်ယ္သြား၏။
"အဲ့ေလာက္ျမန္တယ္လား? ပိတ္ရက္မွာ တျခားလုပ္စရာမရွိၾကဘူးလားဟ"
ရွုက်င္း ႐ုပ္ရွင္႐ုံသို႔မေရာက္ျဖစ္သည္မွာ ကာလအေတာ္ၾကာျမင့္ခဲ့ၿပီ။ ၾကည့္ဖူးခဲ့သည့္႐ုပ္ရွင္အေရအတြက္ဟာလည္း လက္တစ္ဆုပ္စာမၽွသာရွိေလ၏။ ဖုန္းအက္ပလီေကးရွင္း၌ ႐ုပ္ရွင္လက္မွတ္ဝယ္ယူဖူးသည္မွာလည္း ပထမဆုံးအႀကိမ္ပင္။ ယခုေတာ့ ေနာက္ဆုံးက်န္မည့္ ထိုင္ခုံေနရာကို အလ်င္အျမန္ရွာေဖြလိုက္၏။ သို႔ေသာ္ ေနရာလြတ္မ်ားက ဒုတိယတန္း၌သာ က်န္ေတာ့ေလသည္။
ရွုက်င္းက စိတ္ပ်က္လက္ပ်က္ျဖင့္ ဆိုလိုက္၏။
"ထိုင္ခုံေနရာက အရမ္းနီးသြားၿပီ.. တျခားေနရာ ရွာၾကည့္ဦးမယ္"
"ဒုတိယတန္းလည္း အရမ္းမဆိုးလွပါဘူး.. ကို႔မ်က္မွန္ပါဝါက ၅.၀ေလ.. အဆင္ေျပပါတယ္"
ရွုက်င္းက ရွန့္ရွင္းဟယ္ အျမင္အာ႐ုံ ပိုဆိုးရြားသြားမည္ကို စိတ္ပူေနမိသည္။ ယခင္ကဆိုလၽွင္လည္း ႐ုပ္ရွင္႐ုံသို႔သြားတိုင္း အေနာက္ခုံ၌သာ တမင္သက္သက္ ေရြးထိုင္ျဖစ္၏။
ရွန့္ရွင္းဟယ္၏စကားဆုံးေသာ္ ရွုက်င္းက ေခတၱခဏ တုံ႔ဆိုင္းသြားရသည္။ သို႔ေသာ္လည္း နာခံစြာျဖင့္ပင္ ဒုတိယလိုင္းရွိ ထိုင္ခုံႏွစ္ေနရာစာအတြက္ ကူပြန္ကို သုံးလိုက္ေလ၏။
ေႏြဦးပြဲေတာ္အားလပ္ရက္အတြင္း ေဈးဝယ္စင္တာမ်ား၌သာမက ႐ုပ္ရွင္႐ုံမ်ားတြင္ပါ ႀကိတ္ႀကိတ္တိုး စည္ကားလ်က္ရွိသည္။
႐ုပ္ရွင္က ယခင္တစ္ခါကႏွင့္ယွဥ္လၽွင္ သာတူညီမၽွ ညံ့ဖ်င္းေနဆဲပင္။ သို႔ေသာ္လည္း ဟာသအကြက္ဆန္းမ်ား အနည္းငယ္ ပါလာသည္ဟု ဆို၍ရသည္။ မၾကာမၾကာဆိုသလို ႐ုပ္ရွင္႐ုံထဲတြင္ ရယ္သံေမာသံဆဲသံဆိုသံမ်ားကို ၾကားနိုင္သည့္အတြက္ ဤတစ္ကားဟာျဖင့္ rating ၃.၁ ခန့္ရေလာက္ေၾကာင္း ရွုက်င္း ခန့္မွန္းမိ၏။
ႏွစ္ဦးသား ဒုတိယတန္း၏ဘယ္ဘက္ေထာင့္၌ ထိုင္ေနၾကျခင္းပင္။ ရွုက်င္းက ဟာသဇာတ္ကြက္ေၾကာင့္ တခစ္ခစ္ ရယ္ေမာေနခ်ိန္ ရွန့္ရွင္းဟယ္က ရွုက်င္း၏လက္အား ဆုပ္ကိုင္လိုက္၏။ ရွုက်င္း တစ္ဖက္သို႔ ေခါင္းလွည့္လိုက္ေသာ္ ရွန့္ရွင္းဟယ္က သူ႔အား ျပဳံးျပဳံးေလး စိုက္ၾကည့္ေနသည္ကို သတိထားမိသည္။
လက္ႏွစ္ဖက္၊ လက္ေခ်ာင္းဆယ္ေခ်ာင္းဟာ ျဖည္းညင္းစြာ ညင္ညင္ဖြဖြ ပြတ္သပ္ေနၾကေခ်၏။ လၽွပ္စီးေၾကာင္းပါးပါးေလးတစ္ခုပင္ ျဖစ္တည္ေတာ့မတတ္။ ရွုက်င္းက ႐ုပ္ရွင္၏က်န္တစ္ဝက္ မည္သို႔မည္ပုံျဖစ္သြားမည္ကို လုံးလုံးမၽွ စိတ္မဝင္စားေတာ့ေခ်။
႐ုပ္ရွင္ၾကည့္ၿပီးေသာ္ ႏွစ္ဦးသား ညစာသြားစားၾကေလသည္။
အားလပ္ရက္ကို အတူတကြ အခ်ိန္ျဖဳန္းၾကေသာ စုံတြဲမ်ားကဲ့သို႔ပင္ ရွုက်င္းႏွင့္ ရွန့္ရွင္းဟယ္သည္လည္း ခ်ိန္းေတြ႕ျခင္းလုပ္ငန္းစဥ္ကို ေအာင္ေအာင္ျမင္ျမင္ ျဖတ္သန္းနိုင္ခဲ့ေလၿပီ။
ညဘက္ (၁၀)နာရီ၌ ႏွစ္ဦးသား ေနထိုင္ရာတိုက္ခန္းနံေဘးရွိ လမ္းၾကားေလး၌ လမ္းေလၽွာက္ေနၾက၏။
ႏွင္းအတိ ဖုံးလႊမ္းေနေသာ ရွန့္ခ်န္းၿမိဳ႕ေတာ္၏လမ္းၾကားတစ္ေနရာ၌ ရွုက်င္းဟာ အတိတ္ကို ျပန္လည္ေတြးေတာမိသည္။ အရာအားလုံးဟာ ၾကယ္စင္မ်ားတျဖဳတ္ျဖဳတ္ေႂကြက်သည့္ပမာ ေျပာင္းလဲေနျခင္းသာ။ ယခင္အတိတ္ကာလႏွင့္ တူသေယာင္ေယာင္ ထင္ရေသာ္လည္း လုံးဝဥႆုံ ကြာျခားေလသည္။
ရွန့္ရွင္းဟယ္လည္း ထိုသို႔ပင္ ခံစားမိ၏။
႐ုပ္ရွင္႐ုံထဲမွ ထြက္လာခဲ့စဥ္ကတည္းက ရွန့္ရွင္းဟယ္က ရွုက်င္း၏လက္အား ဆုပ္ကိုင္ထားသည္။ ထို႔ေနာက္ ရွုက်င္းအား အေမးျပဳလိုက္၏။
"ပက္ဖ္ ဘယ္တုန္းက ဆုံးသြားတာလဲ?"
ယခင္ကဆိုလၽွင္ လမ္းေလၽွာက္ထြက္တိုင္း သူတို႔ႏွစ္ဦးအနား ပတ္ပတ္လည္ ခုန္ေပါက္ေျပးလႊားေဆာ့ကစားတတ္သည့္ ေခြးေလးဟာလည္း လြန္ခဲ့သည့္ႏွစ္မ်ားအတြင္း ေလာကမွ အၿပီးအပိုင္ ထြက္သြားခဲ့ၿပီ။
သူတို႔ႏွစ္ဦးလည္း အရြယ္ေရာက္လာၾကေခ်ၿပီ။
ရွုက်င္းက ျပန္ေျဖ၏။
"အစ္ကို ထြက္သြားၿပီး ေနာက္ႏွစ္ႏွစ္ၾကာေတာ့"
ရွန့္ရွင္းဟယ္၏လက္ဖဝါးမ်ားက ေႏြးေထြးေန၏။ ရွုက်င္းက ထိုစကားကို ေျပာျဖစ္စဥ္ ဝမ္းမနည္းခဲ့ေခ်။
"သူ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေလး ထြက္သြားခဲ့ရတာပါ.. နာတာက်င္တာလည္း မရွိဘူး.. ကၽြန္ေတာ္ အဲ့ေန႔တုန္းက သူ႔ေဘးမွာပဲ တစ္ေနကုန္ေနေပးၿပီး စကားေတြ ေျပာေနခဲ့တာ.. သူ အကုန္နားလည္တယ္ထင္တယ္"
"အိမ္ေမြးတိရစၧာန္သခၤ်ိဳင္းမွာလား?"
အမွန္ဆိုရလၽွင္ ယခင္အခ်ိန္ကာလမ်ား၌ ပက္ဖ္ အသက္ႀကီးလာလၽွင္ လုပ္ေပးျဖစ္မည့္အရာမ်ားကိုပါ အတူတူတိုင္ပင္ခဲ့ၾကၿပီးျဖစ္၏။
Advertisement
- In Serial203 Chapters
Married Contract With You, My Perfect Husband
Never imagined getting married in such an unusual way. Married without the basis of love. And marrying basis on mutual need.
8 619 - In Serial57 Chapters
All The Broken Liars || **COMPLETED** || An Every Made Man Novel (Book Two)
BOOK TWO in the Every Made Man series **Make sure you have read book one (Every Made Man) first! **Arturo lying dead in a pool of blood. Her Uncle the same, stabbed twice...by her. This is what Florence Genovese remembers of that day three years ago, and it's everything she wants to forget. Just graduating from Cambridge University with a degree in law, she has the world at her feet and can finally put the past behind her. Until a mysterious bunch of flowers arrives at her flat on graduation day...Watch the trailer: https://youtu.be/AgP4YpMwcGA
8 172 - In Serial18 Chapters
Today, tomorrow and the day after ||Completed||
This is about a high schooler who unconditionally fell in love with his homeroom teacher.Wang Yi Bo 💙 Xiao ZhanThe original doujinshi: Today, tomorrow and the day after (Gintama dj)Mangaka: PLUG (Nagisa)
8 224 - In Serial38 Chapters
Games of Jealousy (BG Fanfiction)
Първата любов... това е най-прекрасното усещане, което ще помниш през целият си живот. Да, тази любов, може да има финал, изпълнен с щастие, но... може да бъде и трагична. Може да доведе до раздяла. Да омраза. До болка. А, това е нещото, от което всички се страхуват. Връзките са сложни. Любовта е съпътствана с препятствия. И все пак..., когато живееш в онзи свят, наречен „Шоубизнес", сякаш всичко е много по-трудно. Ясмин Родригес. Момиче на двадесет и три. Примерът за това. Изживяла първата си любов, но с трагичен завършек. Раздели, събирания, безбройни шансове и огорчения. Нищо не е помогнало. Нищо не е успяло да спаси бурната връзка, която е водила с една от най-големите музикални звезди - Хари Стайлс. Всичко се проваля, когато Хейли Фишър се появява. Една... стара причи.на за раздяла. Уж грешка от миналото. Неочакваният и внезапен годеж между нея и Хари съсипва Ясмин. Във всеки мрачен тунел, винаги има светлина. А, светлината на Ясмин... е друга огромна звезда. Малума. Колумбийският изпълнител навлиза в живота й, помагайки й да разбере, че понякога ревността, върши по-добра работа от всичко остана
8 67 - In Serial35 Chapters
Torturing The Billionaire Book 2
#2 in Romance 16/12/2016#2 ambivalent love series #2 romance12/12/2016Sequel to Tempting the Billionaire Book1 Sebastian has gotten the help he so badly needed and after two years of suffering without them, he is ready to win his girls back. He grew up in a broken home and wants the best for his family(and himself) But are they willing to accept back so quickly after all that had happened in the past?What happens when miss Luca formulates a plan of vengeance(revenge is sweet. Yea)?Will she be successful in Torturing the Billionaire without her innocent little heart becoming involved? Or will she end up falling right back in his arms and in his bed?After all first loves never die. Yea? (or so they say)Again there is a book1 Tempting the Billionaire Book1
8 133 - In Serial45 Chapters
Badly Broken
We all know the cliché story of the bad boy falling for the nerdy girl, but what about a bad boy falling for another bad boy?Every Friday, Kai Yoon and Lucas Beck fight. Not only for the enjoyment of the sport, but to release the pent-up hatred they have for one another.After a drunken night, their loathe changes into something else, something new, and their school rivalry becomes insignificant. Unforeseen romance blossoms between the two, but broken families and deadly secrets prove to be perilous obstacles.Mix hidden pasts, a thirst for revenge, and an underground fight club with two of the most lethal and dangerous fighters in the state to unravel the mysteries that lay behind the badly broken.(Under editing)
8 90

