《Please Don't See Me [Mm Transl. || Completed]》CHAPTER-10
Advertisement
UNICODE
ရှုကျင်း၏နှလုံးခုန်သံများက တဖြည်းဖြည်း မြန်ဆန်လာခဲ့ပြီ။ မြင်ကွင်းပို၍ရှင်းလင်းစေရန် ခြေလှမ်းများကို ရပ်တန့်လိုက်၏။
တစ်ဖက်လူ၏မျက်နှာကို မမြင်နိုင်သော်ငြား ထိုမြင့်မားသည့် အရပ်အမောင်းကို ကြည့်ရုံဖြင့် လူမှားနိုင်စရာအကြောင်းမရှိ။ ထိုလူမည်သူဖြစ်ကြောင်း အတည်ပြုပြီးသည်နှင့် ထိုသို့သော ပြောင်းလဲတိုးတက်မှုမျိုးက မဖြစ်သင့်ကြောင်း အကျိုးအကြောင်းဆက်စပ်တွေးတောမိသည်။ သို့သည့်တိုင် တစ်ဖက်လူက သံလိုက်ပမာ ရှုကျင်းအား ထိန်းချုပ်နိုင်စွမ်းကင်းမဲ့စွာဖြင့် အနားသို့ ချဥ်းကပ်ခိုဝင်လာရန် ဆွဲငင်နေလေ၏။
ရှန့်ရှင်းဟယ်၌ မည်သည့်လက်ဆွဲအိတ်မှ ပါမလာ။ လက်နှစ်ဖက်စလုံးကို အင်္ကျီအိတ်ကပ်ထဲ လျှိုထည့်ထား၏။ ဆံပင်က လေအဝှေ့၌ အနည်းငယ်ရှုပ်ပွနေသည်။ နှင်းပွင့်နှင်းဖတ်လေးများက သူ၏ပခုံး၌ တင်ကျန်နေလျက်။
ရှုကျင်းက ရှိုးတိုးရှန့်တန့်ဖြင့် ခေါ်လိုက်၏။
"ကို"
ရှန့်ရှင်းဟယ်က အသံခပ်ပြတ်ပြတ်နှင့် အမေးပြုလာသည်။
"ဘယ်သွားနေတာလဲ?"
ရှုကျင်းမှာ ပူလောင်လှသည့် ကမ်းနားမြို့လေးမှသည် နှင်းအတိဖုံးလွှမ်းသည့် မြောက်ပိုင်းမြို့တော်အထိ ရှန့်ရှင်းဟယ်ကို မတွေ့ဖြစ်သည်မှာ လဝက်မျှ ကြာမြင့်ခဲ့ပြီ။
ရှန့်ရှင်းဟယ်က ထူထပ်သည့် သိုးမွေးကုတ်အင်္ကျီကို ဝတ်ဆင်ထားသည်။ အေးတိအေးစက် တည်ငြိမ်အသွင်ကို ဆောင်၏။ နောက်ဆုံးအကြိမ်တွေ့ခဲ့စဉ်က ရှပ်အင်္ကျီအဖြူရောင်လေးကို ဝတ်ဆင်ခဲ့သည့် ကောလိပ်နေ့ရက်များကို ပြန်တမ်းတစေသော ရှန့်ရှင်းဟယ်နှင့် လုံးလုံးလျားလျား ကွာခြားလျက်။ မျက်စိရှေ့မှောက်က ရှန့်ရှင်းဟယ်၏ပုံစံက လူမှုစွယ်စုံကျမ်း၌မြင်ခဲ့ဖူးသော သူဌေးလက်သစ်ပုံစံပေါက်နေသဖြင့် ရှုကျင်းအတွက် အနည်းငယ် ထူးဆန်းစိမ်းသက်နေ၏။
လှေကားရင်း၌ အခြားလူများ ရှိမနေ။ ပတ်ဝန်းကျင်ရှိ သစ်ပင်များ၊ မြက်ခင်းစိမ်းများမှလွဲ၍ အဆောက်အအုံတစ်ခုလုံး တိတ်ဆိတ်ခြောက်ကပ်နေသည်။
လေအေးများက ဖြည်းညင်းစွာဖြင့် ပုံမှန်တိုက်ခတ်နေ၏။ ရှုကျင်းခမျာ ခိုက်ခိုက်တုန်အောင် ချမ်းလာရသည်။
"ဈေးသွားဝယ်တာ"
ရှန့်ရှင်းဟယ်က ထပ်မေး၏။
"ဝယ်လာခဲ့တဲ့ပစ္စည်းတွေရော?"
လက်ဗလာဖြစ်နေသည့် ရှုကျင်းခမျာ မေးခွန်းကြောင့် ကြောင်အမ်းအမ်းဖြစ်သွားရသည်။
"ကျွန်တော်လိုချင်တဲ့ဟာကို မရခဲ့ဘူး"
ရှန့်ရှင်းဟယ်လည်း ရှုကျင်းနှင့်အတူ တိုက်ခန်းထက်သို့ တက်လာခဲ့တော့၏။
နှစ်ဦးစလုံး ဓာတ်လှေကားထဲ ဝင်လာပြီး ရှုကျင်းက ခလုတ်နှိပ်လိုက်သည်။
မသိစိတ်၏လှုံ့ဆော်မှုအရ ရှုကျင်းက ရှန့်ရှင်းဟယ်၏ညာဘက်၌ ရပ်နေမိ၏။ ထို့နောက် ခေါင်းလှည့်ကာ ရှန့်ရှင်းဟယ်အား တစ်ချက်ကြည့်ပြီးနောက် ခေါင်းပြန်ငုံ့သွားရ၏။ စကားပြောဖို့ရာ မဝံ့ရဲ။ မျက်နှာတစ်ပြင်လုံး နီရဲတွတ်နေပြီ။
ဓာတ်လှေကားတက်သည့်အချိန်မှစ၍ အိမ်တံခါးဖွင့်သည့်အချိန်အထိ ရှန့်ရှင်းဟယ် ဤကို ရောက်လာရခြင်းအကြောင်းရင်းကို စဥ်းစားခန်းမပြတ်သေး။
ရှန့်ရှင်းဟယ်အား ကုမ္ပဏီနာမည်ကို တစ်ခါပြောပြဖူး၏။ ဤသည်ကို မှတ်မိနေ၍လော။ ဆိုရပါလျှင် ရှန့်ရှင်းဟယ် ရှန့်ချန်းမြို့တော်သို့ လာဖို့ရာ အနည်းဆုံး နှစ်နာရီမျှ လေယာဥ်စီးခဲ့ရလိမ့်မည်။ စီးပွားရေးကိစ္စနှင့် ရောက်လာခဲ့ခြင်းလော သို့တည်းမဟုတ်.......
နောက်ဆုံးအကြိမ်တွေ့ဖြစ်ခဲ့စဥ်က ကောင်းသောနှုတ်ဆက်ခြင်းမျိုးနှင့် ခွဲခွာခဲ့ခြင်း မဟုတ်ကြောင်း ရှုကျင်း ကောင်းစွာသိလို့နေ၏။ ရှန့်ရှင်းဟယ်က ရှုကျင်း အဖြေပြန်မပေးနိုင်ရခြင်းအတွက် ဒေါသူပုန်ထသွားခဲ့ခြင်းပင်။ သို့သော် အဘယ့်ကြောင့် ယခုလို ဆက်တွေ့နေရသေးသနည်း။
ရှုကျင်းခမျာ စိတ်လှုပ်ရှားလွန်း၍ သော့တံကပင် သော့ခလောက်ထဲ မဝင်နိုင်တော့။ အကြိမ်ကြိမ်အခါခါ ချော်ထွက်နေ၏။
ရှန့်ရှင်းဟယ်က 'ကိုယ် လုပ်လိုက်မယ်'ဟု ဆိုကာ ရှုကျင်းလက်ထဲမှ သော့အား ဆွဲယူသွားသည်။ ထိုအခါ ရှန့်ရှင်းဟယ်၏လက်က အလွန်တရာ အေးစက်မိကြောင်း ခံစားလိုက်မိ၏။ လှေကားရင်း၌ သူရောက်မလာခင်အချိန်အထိ မည်မျှကြာကြာ ရပ်စောင့်နေခဲ့ရမှန်း မသိ။
ဧည့်ခန်းက လင်းထိန်နေ၏။ ခုနလေးတင် အိမ်က ထွက်သွားတုန်းက မီးပိတ်ဖို့ရာ မေ့လျော့သွားခဲ့ခြင်းပင်။
ရှုကျင်းလည်း နှင်းများဖြင့် စိုစွတ်နေသည့် ဖိနပ်အား ကန်ချွတ်ကာ ရှန့်ရှင်းဟယ်အတွက် အိမ်တွင်းစီးဖိနပ်ယူပေး၏။ ရှုကျင်းကိုယ်တိုင်က ခြေအိတ်တစ်ခုတည်းဖြင့် အိမ်ထဲ ဝင်လာလေသည်။
"ကို ဝင်လာလေ"
အိမ်တွင်းဟာ အပြင်ဘက်အခြေအနေနှင့်ကွာခြားကာ နွေးထွေးလွန်းနေ၏။ သို့သော် ရှန့်ရှင်းဟယ်က ရှုကျင်း၏လက်မောင်းအား ရုတ်ခနဲ လှမ်းဆွဲ၍ ပြောလာသည်။
"ဖိနပ်စီးထားလိုက်"
ရှုကျင်း : "အိမ်မှာ နောက်တစ်ရန်မရှိတော့ဘူး"
ရှန့်ရှင်းဟယ်က မျက်ခုံးများ ပင့်လျက် စကားဆို၏။
"ကိုယ်ကရော စီးနိုင်မယ်ထင်လို့လား?"
နှစ်ဦးသား၏အရပ်အမောင်းက ခေါင်းတစ်ဝက်မျှ ကွာခြားသည်။ ဖိနပ်အရွယ်အစားကလည်း မတူချေ။
ရှုကျင်းလည်း အောင့်သက်သက်ဖြင့် အိမ်တွင်းစီးဖိနပ်ကို စီးကာ သုန်သုန်မှုန်မှုန် ဝင်လာ၏။
"ကို ရေသောက်မလား?"
ရှန့်ရှင်းဟယ်လည်း ကုတ်အင်္ကျီကို ချွတ်ကာ ဆင်ဝင်ရှိ အဝတ်ချိတ်တန်း၌ ချိတ်လိုက်သည်။ သို့သော် ထိုနေရာကို ဆင်ဝင်ဟုပင် မခေါ်နိုင်လောက်။ အကြောင်းမှာ ထိုနေရာ၌ မတ်တပ်ရပ်လိုက်သည်နှင့် ဧည့်ခန်းတစ်ခန်းလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရသည့်အတွက်။ ဖိနပ်စင်နိမ့်လေးတစ်ခုကသာ အခန်းနှစ်ခန်းကို ပိုင်းခြားထားပေးသည့်ပမာ။
အိမ်က အလွန်ဟောင်းနွမ်းစုတ်ပြတ်နေ၏။ တစ်ချက်လောက်ကြည့်လိုက်ရုံမျှနှင့် ငှားရမ်းထားမှန်း သိသာသည်။ ထို့အပြင် နေရာအကျယ်အဝန်းကလည်း အင်မတန်ကျဥ်းမြောင်းလှ၏။
ဧည့်ခန်းထဲတွင် ရက်ထည်ဆိုဖာနှင့် တီဗီသာ ရှိ၏။ ဆိုဖာ၌ထိုင်ကာ တီဗီကြည့်နေသည့်လူက မတ်တပ်ထရပ်ကာ ခြေလှမ်းသုံးလှမ်းမျှ လှမ်းလိုက်ပါလျှင် ထမင်းစားစားပွဲခုံနှင့် ထိနေပြီဖြစ်သည်။
ဆိုရပါလျှင် ဧည့်ခန်းတစ်ခန်းလုံးက ယခင်က ရှုကျင်း၏အိပ်ခန်းမျှပင် မရှိ။
ရှုကျင်းပုံစံမှာ ဤရပ်ဝန်းကို ကျင့်သားရသွားသည့်ပုံပင်။
ရေပူတည်စက်ကို ကျွမ်းကျွမ်းကျင်ကျင် နှိပ်ပြီး ကြောင်အိမ်ထဲမှ ခွက်တစ်ခွက်ကို ယူကာ ပွတ်တိုက်သန့်ရှင်း၏။ ထို့နောက် လက်ဖက်ရည်အိတ်ကို တွေ့သည်နှင့် ခွက်ထဲထည့်ချလိုက်သည်။ အချိန်က အံကိုက်ပင်။ တစ်ဖက်လှည့်လိုက်သည်နှင့် ရေပူဆူနေပြီဖြစ်၏။
အသက်(၁၉)နှစ်မှ (၂၄)နှစ်အတွင်း ဟောဟောဒိုင်းဒိုင်းရှိကာ ပျက်စီးနေသည့် ဆယ်ကျော်သက်တစ်ယောက်၏ပုံစံမျိုး ရှုကျင်းထံ၌ လုံးဝမတွေ့ရတော့။
Advertisement
ရှန့်ရှင်းဟယ်က မေးမြန်း၏။
"ဘာလို့ ဒီမှာနေနေတာလဲ?"
"ဈေးလည်း သိပ်မကြီးဘူး.. အလုပ်နဲ့လည်း နီးတယ်လေ.. ဒါကြောင့် မနက်ဆို အလုပ်သွားဖို့ အစောကြီးထစရာလည်း မလိုတော့ဘူး.. ပိုကြာကြာမှေးလို့ရတယ်"
ရှုကျင်းက ရှန့်ရှင်းဟယ်ထံ ခွက်ကမ်းပေးလိုက်သည်။
"လွတ်ကျမယ်နော်.. လက်ကို အရင်နွေးအောင် လုပ်လိုက်ဦး"
ရှန့်ရှင်းဟယ်က မျက်မှောင်ကြုတ်လိုက်၏။ ထို့နောက် အကြည့်က ကော်ဖီစားပွဲထက်သို့ရောက်ကာ မေးမြန်းလာသည်။
"ဧည့်သည်လာသွားတာလား ခုနက?"
ကော်ဖီစားပွဲထက်၌ ခွက်နှစ်ခွက်ရှိနေသေး၏။ ရှုကျုံးယွမ် လာစဥ်က သုံးသွားခဲ့သည့်ခွက်ပင်။ ရှုကျင်းက နေရာတကျ ပြန်ထားဖို့ရာ အချိန်မရှိသောကြောင့် လက်တန်းဖြေလိုက်ရသည်။
"အလုပ်က သူငယ်ချင်းတစ်ယောက်ပါ"
"ဟိုတစ်ခါ မင်းနဲ့ ခရီးတူတူသွားတဲ့တစ်ယောက်လား?"
လင်ဝမ်းခမျာ ဝင်ရောက်စွက်ဖက်ခြင်းမပြုသည့်တိုင် နှစ်ဦးကြား ရောပါသွားလေပြီ။ ရှုကျင်းက ခေါင်းညိတ်ပြလိုက်၏။
ယနေ့ ဤမျှအထိ သက်ဝင်လှုပ်ရှားရှိလိမ့်မည်ဟု ရှုကျင်း တစ်ခါမျှ စိတ်မကူးဖူး။ လုပ်ဖော်ကိုင်ဖက်အား စာပြန်ပို့ရန်သာ မိမိကိုယ်ကိုယ် သတိပေးနေမိ၏။ မဟုတ်လျှင် စိုးရိမ်စိတ်ဖြင့် အိမ်အထိ တကူးတကရောက်လာကြမည်စိုးရသည်။
ရှန့်ရှင်းဟယ်က ထိုင်မချသေး၍ ရှုကျင်းအမေးပြုလိုက်၏။
"ကို ညစာမစားရသေးဘူးလား?"
ကျဥ်းမြောင်းလှသည့် အိမ်ခန်းအတွင်း ရှုကျင်းခမျာ ရှန့်ရှင်းဟယ်၏မျက်ဝန်းများကို ရှောင်မလွှဲနိုင်။
"ဒီမှာတော့ ရိုးရိုးစားစရာတွေပဲရှိတယ်.. ပေါက်စီ၊ ခေါက်ဆွဲနဲ့ တခြားအဆာပြေမုန့်တွေပဲ.. ကျွန်တော်လည်း ရှုပ်ရှုပ်ယှက်ယှက်တွေ မချက်တတ်တော့.. ကို ဗိုက်ဆာနေပြီဆိုရင် ကျွန်တော်တစ်ခုခု ပြင်ပေးပါ့မယ်"
မီးဖိုခန်းထဲ နောက်တစ်ကြိမ် ပုန်းခိုရန်အရွယ် ရှကျင်း၏လက်ကောက်ဝတ်က ရုတ်ခနဲ လှမ်းဆွဲခံလိုက်ရသည်။
ရှန့်ရှင်းဟယ်လက်ထဲ၌ ကိုင်ထားသည့် ခွက်က စားပွဲထက် ရောက်သွားသည့်အသံကို ကြားသော် ကျောပေးထားသည့် ရှုကျင်းတစ်ယောက် လန့်ဖျပ်သွားခဲ့၏။ ထို့နောက် နောက်ကျောဘက်မှနေ၍ ခပ်နွေးနွေး ပွေ့ဖက်မှုကို လက်ခံရရှိလိုက်လေသည်။
ရှန့်ရှင်းဟယ်က လက်တံရှည်ကြီးများဖြင့် ရှုကျင်း၏ပိန်ပိန်သွယ်သွယ်ခန္ဓာကိုယ်ကို အားပါးတရ ထွေးပတ်ရင်း ခေါင်းကိုမူ ရှုကျင်း၏နွေးထွေးလှသည့်လည်ပင်းထက် မြှုပ်နှံလိုက်သည်။
ပွေ့ဖက်မှုက ကြားလေပင် မဝင်နိုင်လောက်အောင် တင်းကြပ်လွန်းပြီး ပိုင်စိုးပိုင်နင်းလည်း နိုင်လှ၏။
ရှုကျင်း၏နှာခေါင်းက နီရဲတွတ်လာကာ တစ်ကိုယ်လုံး တုန်ယင်လာတော့သည်။
နှစ်ဦးသား အချိန်အတန်ကြာသည်အထိ စကားမပြောဖြစ်ကြ။
"ချက်စရာမလိုဘူး.. ကိုယ် စားလာခဲ့ပြီးပြီ"
ရှန့်ရှင်းဟယ်၏အသံက အော၍ အနည်းငယ် ပြာနေ၏။ အားပြင်းကာ နက်ရှိုင်းလှသော ခံစားချက်များကို သိုဝှက်ထားချင်သည့်နှယ်။
ရှုကျင်းလည်း စကားအထစ်ထစ်အငေါ့ငေါ့နှင့် ပြန်လည်တုံ့ပြန်လိုက်၏။
"အွန်း ဟုတ်ပြီ ဟုတ်ပြီ"
"ရှုကျင်း"
ရုတ်တရက် ရှန့်ရှင်းဟယ်က နာမည်ခေါ်လာခြင်းပင်။
ရှုကျင်းက ရှန့်ရှင်းဟယ် နောက်ဆက်တွဲ မည်သည်ကိုဆက်ပြောမည်မှန်း ကြိုတင်ခန့်မှန်းနိုင်သည့်ပမာ ခန္ဓာကိုယ်တစ်ခုလုံး ပို၍တုန်တုန်ယင်ယင်ဖြစ်လာရသည်။
ရှန့်ရှင်းဟယ်က ရှုကျင်းအား တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားဆဲ။ ရင်အုပ်ကျယ်ကြီးက ရှုကျင်း၏နောက်ကျော၌ ကပ်ငြိနေလျက်။ ထို့နောက် အသံခပ်မြုံမြုံနှင့် ပြောလာ၏။
"ကိုယ့်ကို မလိုချင်တော့တဲ့ မင်းက အခုကျတော့ ကိုယ့်ကို မငြင်းတော့ပြန်ဘူးနော်.. ဒီကမ္ဘာပေါ်မှာ ကိုယ့်လောက် ကံကောင်းတဲ့လူ ရှိပါဦးမလား?
... ထားပါ မင်း မပြောချင်လည်း ရပါတယ်.. ကိုယ် ထပ်မမေးတော့ပါဘူး
နောက်နောင် ကိုယ် ဘာပဲလုပ်ချင်လုပ်ချင် မင်း ဆုံးမနိုင်ခွင့်ရှိတယ် တားပိုင်ခွင့်ရှိတယ်.. မင်းတစ်ယောက်တည်း မဟုတ်တော့သလို ကိုယ်တစ်ယောက်တည်းလည်း မဟုတ်တော့ဘူး.. ကိုယ်တို့နှစ်ယောက် အသစ်ကပြန်စကြရအောင်"
ရှုကျင်းမှာ ဆွံ့အနေတော့၏။ ခေါင်းပင် မညိတ်ပြနိုင်တော့။
ထို့ကြောင့် ရှန့်ရှင်းဟယ်လည်း စကားကို အကျဥ်းချုပ်ပြန်ပြောပြ၏။
"မင်း ကိုယ့်အပေါ်လုပ်ခဲ့တာတွေအတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသလို ခံစားနေရသေးတယ်ဆိုရင်လည်း အခုကစပြီး မင်း အပြစ်ကြွေးပြန်ဆပ်နေတယ်လို့ သဘောထားလိုက်.. ကိုယ် ခြိမ်းခြောက်ထားတယ်လို့ပဲ တွေးလိုက်"
ရှန့်ရှင်းဟယ်က စကားဆုံးသော် ရှုကျင်း၏ကိုယ်ကို မျက်နှာချင်းဆိုင်လှည့်လိုက်သည်။
ရှုကျင်း၏မျက်ဝန်းများက နီရဲနေ၏။ မာနပလွှားနေကျ ရှန့်ရှင်းဟယ်သည်လည်း ရှုကျင်းထက် မသာလျှင်တောင် လျော့တော့မလျော့နိုင်။
ရှုကျင်းက တစ်စုံတစ်ရာကို ပြောချင်နေသော်လည်း ရှန့်ရှင်းဟယ်၏မျက်နှာကိုသာ အကြိမ်ကြိမ်မော့ကြည့်ပြီး နှုတ်က ဖွင့်မဟနိုင်ခဲ့။
ရှန့်ရှင်းဟယ်က လက်မြှောက်ကာ ရှုကျင်း၏မျက်လုံးများကို ဖုံးကာလိုက်၏။ ထို့နောက် တိုးညင်းစွာ ပြောလာသည်။
"မကြည့်နဲ့"
ထို့နောက် လက်တစ်ဖက်က ရှုကျင်း၏မေးအား ဆွဲမော့၍ ညင်သာစွာ နမ်းရှိုက်တော့၏။ တဖြည်းဖြည်းနှင့် အနမ်းများက ပြင်းထန်နက်ရှိုင်းလာသည်။ ရှုကျင်းက အနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ရာ မီးဖိုချောင်တံခါးဘောင်နှင့် တိုက်မိ၏။ အသံရှူရခက်၍ ရှိုက်သံများအလီလီထွက်လာပြီး ခေါင်းမော့ကာ ရှန့်ရှင်းဟယ်၏မျက်နှာအား တစ်ခါပြန် ထပ်ကြည့်မိသည်။
ရှုကျင်းက အပြစ်ကင်းစင်လှသည့် ကလေးငယ်လေးတစ်ဦးသဖွယ် ရှိုက်ငင်နေတော့၏။
မည်သို့ပင်ဆိုစေကာမူ လက်ကဖြင့် ရှန့်ရှင်းဟယ်၏ဆွယ်တာအား တင်းကြပ်စွာ ဆုပ်ကိုင်ထားမိသည်။
ရှန့်ရှင်းဟယ်ပြောသည့်အတိုင်းပင် ရှုကျင်းက ခေါင်းမော့မကြည့်ခဲ့။ ထို့အတူ ငြင်းဆန်ထွက်ပြေးခြင်းလည်း မပြုခဲ့။ ပျော်ရွှင်မှုတဒင်္ဂလေးအတွင်း၌သာ နစ်ဝင်စီးမြောနေမိသည်။ ရွေးချယ်ခြင်းမပြုခဲ့သည့်အပြင် ကတိကဝတ်ပေးခြင်းလည်း မပြုခဲ့သည့် သူရဲဘောကြောင်သူတစ်ယောက်အနေဖြင့်သာ ရှန့်ရှင်းဟယ်၏အနွေးဓာတ်အား ခိုလှုံနေမိခဲ့၏။
~~~
ထိုည၌ အမျိုးသားနှစ်ဦးဟာ ကုတင်တစ်ခုတည်းအပေါ် နောက်တစ်ဖန် လှဲလျောင်းအိပ်စက်ခဲ့ကြလေသည်။
ရှန့်ရှင်းဟယ်က ရှုကျင်းအား လက်မောင်းများအကြား ထွေးပတ်ထား၏။ လွန်ခဲ့သည့်လဝက်ခန့်က လက်လျှော့ခဲ့သော လုပ်ပိုင်ခွင့်တစ်ခုအား အပြည့်အဝပေးဆပ်လိုသည့်နှယ်။
သို့သော် သူတို့မပြုခဲ့ကြ။
Advertisement
ရေမိုးချိုးရာ၌ ရှုကျင်းက အပြင်ဘက်တွင် တဘက်ကျန်ခဲ့၏။ ခရီးဆောင်အိတ်ထဲ ထည့်သိမ်းထားနှင့်သော တဘက်အား ရှန့်ရှင်းဟယ်က ရှာဖွေပေးပြီး တံခါးခေါက်ကာ ကမ်းပေးခဲ့သည်။
ရေချိုးခန်းက ရေနွေးငွေ့များဖြင့် ပြည့်နှက်နေ၏။ တံခါးဘောင်နံဘေးရှိ ရှုကျင်း၏မျက်နှာတစ်ဝက်သည်လည်း ရေနွေးငွေ့များဖြင့် ပန်းနုရောင်သန်းနေသည်။ မျက်ဝန်းများ၌လည်း ရေစက်များက တပေါက်ပေါက်ကျလျက်။ ထို့နောက် ရှန့်ရှင်းဟယ်အား ကျေးဇူးတင်စကားဆိုလိုက်သည်။
ရှန့်ရှင်းဟယ်က ရှုကျင်းအား တစ်ချက်ဝေ့ကြည့်လိုက်၏။ လည်စလုတ်က အထက်အောက် လူးလိမ့်သွားသည်။
"ဘယ်သွားဖို့လဲ?"
"အမေ့ဆီ ပြန်ဖို့"
ရှုကျင်းက အလျင်အမြန် ထပ်ပြောလိုက်သည်။
"အခုတော့ မသွားတော့ဘူး"
"အမ်"
ရှန့်ရှင်းဟယ်က အင်မတန် စိတ်ကျေနပ်သွားသည့်လေသံဖြင့် ဆိုကာ ရေချိုးခန်းတံခါး ပြန်ပိတ်လိုက်၏။
ရှုကျင်းလည်း ရေစင်အောင်သုတ်ကာ ဘောင်းဘီဝတ်ပြီးနောက် ရေချိုးခန်းအပြင်ဘက်သို့ ထွက်သင့်မထွက်သင့် အကြပ်ရိုက်နေတော့သည်။ အတွေးများက ရှန့်ရှင်းဟယ်၏အင်မတန်ဆွဲဆောင်မှုရှိလှသော လည်စလုတ်ကိုသာ ဦးတည်နေမိ၏။ ထိုအရာအား သွားရာဖွဖွဖြင့် ကိုက်ခဲ့သည့်အချိန်များကို မတွေးဘဲ မနေနိုင်တော့။
ရှုကျင်းလည်း အခန်းထဲမှ ထွက်လာကာ ကုတင်ပေါ်တက်၍ လှဲလျောင်းလိုက်သည်။ မျက်လုံးများပွင့်လျက် တောင်တွေးမြောက်တွေးတွေးနေ၏။ အိပ်မပျော်ဘဲ အကြည့်များက အမှောင်ထုထဲရှိ ရှန့်ရှင်းဟယ်၏မျက်နှာကိုသာ အကြိမ်ကြိမ်ဆိုက်ရောက်လာသည်။
ရှန့်ရှင်းဟယ်က မေး၏။
"ဘာတွေ စဥ်းစားနေတာလဲ?"
ရှုကျင်းက ပြန်မဖြေခင်မှာပင် ရှန့်ရှင်းဟယ်က ရှေ့တိုးလာကာ မေးစေ့ကို မော့စေလျက် ထပ်မေးသည်။
"ရှုကျင်း ဘာတွေတွေးနေတာလဲလို့?"
ရှုကျင်းက ရှန့်ရှင်းဟယ်၏လက်အား ညင်ညင်သာသာ ကိုင်၍ ပြန်ဖြေလေ၏။
"ကို.. တကယ်ဆိုလေ ကျွန်တော်လေ ငယ်ငယ်တုန်းကကိစ္စကို နည်းနည်းလေး မှတ်မိတယ်"
ထို့နောက် ရှန့်ရှင်းဟယ်၏ရင်ခွင်ထဲ နစ်မြုပ်လျက် စကားဆိုနေတော့သည်။
"လွန်ခဲ့တဲ့နှစ်တွေတုန်းကပေါ့.. အဲ့တုန်းက ကျွန်တော် ဘွဲ့မရသေးဘူး.. ပတ်ဝန်းကျင်အစီရင်ခံစာနဲ့ သုတေသနအတွက်ဆိုပြီး ဆောက်လုပ်ရေးဆိုက်ကို နောက်တစ်ခါ ထပ်သွားခဲ့တယ်
အဲ့တုန်းက ကလေးသေးသေးလေးတွေက ဆောက်လုပ်ရေးဆိုက်မှာ ကစားနေကြတာ.. သူတို့က နှစ်ဖွဲ့ခွဲပြီးဆော့တယ်.. တံမြက်စည်းနဲ့ ချတိုင်း ကစားကြတာလားဘာလားပဲ
ကျွန်တော် ရေးရေးလေး ပြန်မှတ်မိသွားတယ်.. ကျွန်တော်လည်း ငယ်ငယ်တုန်းက အဲ့ကစားနည်း ကစားဖူးတာပဲဆိုပြီး.. အဲ့ဒီတုန်းက ကျွန်တော်က တံမြက်စည်းကို ကောက်ကိုင်လိုက်တယ်.. ပထမဆုံးတစ်ခုက ကိုင်ဖို့ ကြီးလွန်းတယ်ဆိုပြီး ထပ်ရှာတော့ နည်းနည်းသေးတဲ့ဟာလေးကို တွေ့တော့ ထပ်ကောက်လိုက်တယ်.. နှစ်ခုလုံး လက်ထဲမှာပဲ"
စကားပြောရင်းနှင့် ရှုကျင်းတစ်ခုလုံး ကြက်သီးမွေးညင်းများ ထလာရသည်။ သွားကို တင်းတင်းစေ့၍ အံမကြိတ်ဘဲ မနေနိုင်တော့ချေ။ ရှိသမျှအားအင်ကို စုစည်း၍ ထပ်မံပြော၏။
"အကုန်လုံးက အော်နေကြတာ.. ကျွန်တော်လည်း စဆော့တာပေါ့.. ပြီးတာနဲ့ ကျွန်တော်တစ်ခုခုကို တံမြက်စည်းအချွန်နဲ့ ထိုးမိသွားသလိုပဲ"
အခန်းတစ်ခန်းလုံး ငြိမ်သက်တိတ်ဆိတ်မှုတွင်းနက်ထဲ ကျဆုံးသွားသည်။
အဆုံးတွင်တော့ ရှန့်ရှင်းဟယ်က ရှုကျင်းအား ပြန်ဖက်လိုက်ပြီး နူးညံ့ညင်သာစွာ စကားဆိုလိုက်၏။
"ဖြစ်မှာပေါ့.. ကိုယ်တော့ မမှတ်မိတော့ဘူး"
ZAWGYI
ရွုက်င္း၏ႏွလုံးခုန္သံမ်ားက တျဖည္းျဖည္း ျမန္ဆန္လာခဲ့ၿပီ။ ျမင္ကြင္းပို၍ရွင္းလင္းေစရန္ ေျခလွမ္းမ်ားကို ရပ္တန့္လိုက္၏။
တစ္ဖက္လူ၏မ်က္ႏွာကို မျမင္နိုင္ေသာ္ျငား ထိုျမင့္မားသည့္ အရပ္အေမာင္းကို ၾကည့္႐ုံျဖင့္ လူမွားနိုင္စရာအေၾကာင္းမရွိ။ ထိုလူမည္သူျဖစ္ေၾကာင္း အတည္ျပဳၿပီးသည္ႏွင့္ ထိုသို႔ေသာ ေျပာင္းလဲတိုးတက္မွုမ်ိဳးက မျဖစ္သင့္ေၾကာင္း အက်ိဳးအေၾကာင္းဆက္စပ္ေတြးေတာမိသည္။ သို႔သည့္တိုင္ တစ္ဖက္လူက သံလိုက္ပမာ ရွုက်င္းအား ထိန္းခ်ဳပ္နိုင္စြမ္းကင္းမဲ့စြာျဖင့္ အနားသို႔ ခ်ဥ္းကပ္ခိုဝင္လာရန္ ဆြဲငင္ေနေလ၏။
ရွန့္ရွင္းဟယ္၌ မည္သည့္လက္ဆြဲအိတ္မွ ပါမလာ။ လက္ႏွစ္ဖက္စလုံးကို အကၤ်ီအိတ္ကပ္ထဲ လၽွိုထည့္ထား၏။ ဆံပင္က ေလအေဝွ႕၌ အနည္းငယ္ရွုပ္ပြေနသည္။ ႏွင္းပြင့္ႏွင္းဖတ္ေလးမ်ားက သူ၏ပခုံး၌ တင္က်န္ေနလ်က္။
ရွုက်င္းက ရွိုးတိုးရွန့္တန့္ျဖင့္ ေခၚလိုက္၏။
"ကို"
ရွန့္ရွင္းဟယ္က အသံခပ္ျပတ္ျပတ္ႏွင့္ အေမးျပဳလာသည္။
"ဘယ္သြားေနတာလဲ?"
ရွုက်င္းမွာ ပူေလာင္လွသည့္ ကမ္းနားၿမိဳ႕ေလးမွသည္ ႏွင္းအတိဖုံးလႊမ္းသည့္ ေျမာက္ပိုင္းၿမိဳ႕ေတာ္အထိ ရွန့္ရွင္းဟယ္ကို မေတြ႕ျဖစ္သည္မွာ လဝက္မၽွ ၾကာျမင့္ခဲ့ၿပီ။
ရွန့္ရွင္းဟယ္က ထူထပ္သည့္ သိုးေမြးကုတ္အကၤ်ီကို ဝတ္ဆင္ထားသည္။ ေအးတိေအးစက္ တည္ၿငိမ္အသြင္ကို ေဆာင္၏။ ေနာက္ဆုံးအႀကိမ္ေတြ႕ခဲ့စဥ္က ရွပ္အကၤ်ီအျဖဴေရာင္ေလးကို ဝတ္ဆင္ခဲ့သည့္ ေကာလိပ္ေန႔ရက္မ်ားကို ျပန္တမ္းတေစေသာ ရွန့္ရွင္းဟယ္ႏွင့္ လုံးလုံးလ်ားလ်ား ကြာျခားလ်က္။ မ်က္စိေရွ႕ေမွာက္က ရွန့္ရွင္းဟယ္၏ပုံစံက လူမွုစြယ္စုံက်မ္း၌ျမင္ခဲ့ဖူးေသာ သူေဌးလက္သစ္ပုံစံေပါက္ေနသျဖင့္ ရွုက်င္းအတြက္ အနည္းငယ္ ထူးဆန္းစိမ္းသက္ေန၏။
ေလွကားရင္း၌ အျခားလူမ်ား ရွိမေန။ ပတ္ဝန္းက်င္ရွိ သစ္ပင္မ်ား၊ ျမက္ခင္းစိမ္းမ်ားမွလြဲ၍ အေဆာက္အအုံတစ္ခုလုံး တိတ္ဆိတ္ေျခာက္ကပ္ေနသည္။
ေလေအးမ်ားက ျဖည္းညင္းစြာျဖင့္ ပုံမွန္တိုက္ခတ္ေန၏။ ရွုက်င္းခမ်ာ ခိုက္ခိုက္တုန္ေအာင္ ခ်မ္းလာရသည္။
"ေဈးသြားဝယ္တာ"
ရွန့္ရွင္းဟယ္က ထပ္ေမး၏။
"ဝယ္လာခဲ့တဲ့ပစၥည္းေတြေရာ?"
လက္ဗလာျဖစ္ေနသည့္ ရွုက်င္းခမ်ာ ေမးခြန္းေၾကာင့္ ေၾကာင္အမ္းအမ္းျဖစ္သြားရသည္။
"ကၽြန္ေတာ္လိုခ်င္တဲ့ဟာကို မရခဲ့ဘူး"
ရွန့္ရွင္းဟယ္လည္း ရွုက်င္းႏွင့္အတူ တိုက္ခန္းထက္သို႔ တက္လာခဲ့ေတာ့၏။
ႏွစ္ဦးစလုံး ဓာတ္ေလွကားထဲ ဝင္လာၿပီး ရွုက်င္းက ခလုတ္ႏွိပ္လိုက္သည္။
မသိစိတ္၏လွုံ႔ေဆာ္မွုအရ ရွုက်င္းက ရွန့္ရွင္းဟယ္၏ညာဘက္၌ ရပ္ေနမိ၏။ ထို႔ေနာက္ ေခါင္းလွည့္ကာ ရွန့္ရွင္းဟယ္အား တစ္ခ်က္ၾကည့္ၿပီးေနာက္ ေခါင္းျပန္ငုံ႔သြားရ၏။ စကားေျပာဖို႔ရာ မဝံ့ရဲ။ မ်က္ႏွာတစ္ျပင္လုံး နီရဲတြတ္ေနၿပီ။
ဓာတ္ေလွကားတက္သည့္အခ်ိန္မွစ၍ အိမ္တံခါးဖြင့္သည့္အခ်ိန္အထိ ရွန့္ရွင္းဟယ္ ဤကို ေရာက္လာရျခင္းအေၾကာင္းရင္းကို စဥ္းစားခန္းမျပတ္ေသး။
ရွန့္ရွင္းဟယ္အား ကုမၸဏီနာမည္ကို တစ္ခါေျပာျပဖူး၏။ ဤသည္ကို မွတ္မိေန၍ေလာ။ ဆိုရပါလၽွင္ ရွန့္ရွင္းဟယ္ ရွန့္ခ်န္းၿမိဳ႕ေတာ္သို႔ လာဖို႔ရာ အနည္းဆုံး ႏွစ္နာရီမၽွ ေလယာဥ္စီးခဲ့ရလိမ့္မည္။ စီးပြားေရးကိစၥႏွင့္ ေရာက္လာခဲ့ျခင္းေလာ သို႔တည္းမဟုတ္.......
ေနာက္ဆုံးအႀကိမ္ေတြ႕ျဖစ္ခဲ့စဥ္က ေကာင္းေသာႏွုတ္ဆက္ျခင္းမ်ိဳးႏွင့္ ခြဲခြာခဲ့ျခင္း မဟုတ္ေၾကာင္း ရွုက်င္း ေကာင္းစြာသိလို႔ေန၏။ ရွန့္ရွင္းဟယ္က ရွုက်င္း အေျဖျပန္မေပးနိုင္ရျခင္းအတြက္ ေဒါသူပုန္ထသြားခဲ့ျခင္းပင္။ သို႔ေသာ္ အဘယ့္ေၾကာင့္ ယခုလို ဆက္ေတြ႕ေနရေသးသနည္း။
ရွုက်င္းခမ်ာ စိတ္လွုပ္ရွားလြန္း၍ ေသာ့တံကပင္ ေသာ့ခေလာက္ထဲ မဝင္နိုင္ေတာ့။ အႀကိမ္ႀကိမ္အခါခါ ေခ်ာ္ထြက္ေန၏။
ရွန့္ရွင္းဟယ္က 'ကိုယ္ လုပ္လိုက္မယ္'ဟု ဆိုကာ ရွုက်င္းလက္ထဲမွ ေသာ့အား ဆြဲယူသြားသည္။ ထိုအခါ ရွန့္ရွင္းဟယ္၏လက္က အလြန္တရာ ေအးစက္မိေၾကာင္း ခံစားလိုက္မိ၏။ ေလွကားရင္း၌ သူေရာက္မလာခင္အခ်ိန္အထိ မည္မၽွၾကာၾကာ ရပ္ေစာင့္ေနခဲ့ရမွန္း မသိ။
ဧည့္ခန္းက လင္းထိန္ေန၏။ ခုနေလးတင္ အိမ္က ထြက္သြားတုန္းက မီးပိတ္ဖို႔ရာ ေမ့ေလ်ာ့သြားခဲ့ျခင္းပင္။
ရွုက်င္းလည္း ႏွင္းမ်ားျဖင့္ စိုစြတ္ေနသည့္ ဖိနပ္အား ကန္ခၽြတ္ကာ ရွန့္ရွင္းဟယ္အတြက္ အိမ္တြင္းစီးဖိနပ္ယူေပး၏။ ရွုက်င္းကိုယ္တိုင္က ေျခအိတ္တစ္ခုတည္းျဖင့္ အိမ္ထဲ ဝင္လာေလသည္။
"ကို ဝင္လာေလ"
အိမ္တြင္းဟာ အျပင္ဘက္အေျခအေနႏွင့္ကြာျခားကာ ေႏြးေထြးလြန္းေန၏။ သို႔ေသာ္ ရွန့္ရွင္းဟယ္က ရွုက်င္း၏လက္ေမာင္းအား ႐ုတ္ခနဲ လွမ္းဆြဲ၍ ေျပာလာသည္။
"ဖိနပ္စီးထားလိုက္"
ရွုက်င္း : "အိမ္မွာ ေနာက္တစ္ရန္မရွိေတာ့ဘူး"
ရွန့္ရွင္းဟယ္က မ်က္ခုံးမ်ား ပင့္လ်က္ စကားဆို၏။
"ကိုယ္ကေရာ စီးနိုင္မယ္ထင္လို႔လား?"
ႏွစ္ဦးသား၏အရပ္အေမာင္းက ေခါင္းတစ္ဝက္မၽွ ကြာျခားသည္။ ဖိနပ္အရြယ္အစားကလည္း မတူေခ်။
ရွုက်င္းလည္း ေအာင့္သက္သက္ျဖင့္ အိမ္တြင္းစီးဖိနပ္ကို စီးကာ သုန္သုန္မွုန္မွုန္ ဝင္လာ၏။
"ကို ေရေသာက္မလား?"
ရွန့္ရွင္းဟယ္လည္း ကုတ္အကၤ်ီကို ခၽြတ္ကာ ဆင္ဝင္ရွိ အဝတ္ခ်ိတ္တန္း၌ ခ်ိတ္လိုက္သည္။ သို႔ေသာ္ ထိုေနရာကို ဆင္ဝင္ဟုပင္ မေခၚနိုင္ေလာက္။ အေၾကာင္းမွာ ထိုေနရာ၌ မတ္တပ္ရပ္လိုက္သည္ႏွင့္ ဧည့္ခန္းတစ္ခန္းလုံးကို ရွင္းရွင္းလင္းလင္း ျမင္ေနရသည့္အတြက္။ ဖိနပ္စင္နိမ့္ေလးတစ္ခုကသာ အခန္းႏွစ္ခန္းကို ပိုင္းျခားထားေပးသည့္ပမာ။
အိမ္က အလြန္ေဟာင္းႏြမ္းစုတ္ျပတ္ေန၏။ တစ္ခ်က္ေလာက္ၾကည့္လိုက္႐ုံမၽွႏွင့္ ငွားရမ္းထားမွန္း သိသာသည္။ ထို႔အျပင္ ေနရာအက်ယ္အဝန္းကလည္း အင္မတန္က်ဥ္းေျမာင္းလွ၏။
ဧည့္ခန္းထဲတြင္ ရက္ထည္ဆိုဖာႏွင့္ တီဗီသာ ရွိ၏။ ဆိုဖာ၌ထိုင္ကာ တီဗီၾကည့္ေနသည့္လူက မတ္တပ္ထရပ္ကာ ေျခလွမ္းသုံးလွမ္းမၽွ လွမ္းလိုက္ပါလၽွင္ ထမင္းစားစားပြဲခုံႏွင့္ ထိေနၿပီျဖစ္သည္။
ဆိုရပါလၽွင္ ဧည့္ခန္းတစ္ခန္းလုံးက ယခင္က ရွုက်င္း၏အိပ္ခန္းမၽွပင္ မရွိ။
ရွုက်င္းပုံစံမွာ ဤရပ္ဝန္းကို က်င့္သားရသြားသည့္ပုံပင္။
ေရပူတည္စက္ကို ကၽြမ္းကၽြမ္းက်င္က်င္ ႏွိပ္ၿပီး ေၾကာင္အိမ္ထဲမွ ခြက္တစ္ခြက္ကို ယူကာ ပြတ္တိုက္သန့္ရွင္း၏။ ထို႔ေနာက္ လက္ဖက္ရည္အိတ္ကို ေတြ႕သည္ႏွင့္ ခြက္ထဲထည့္ခ်လိုက္သည္။ အခ်ိန္က အံကိုက္ပင္။ တစ္ဖက္လွည့္လိုက္သည္ႏွင့္ ေရပူဆူေနၿပီျဖစ္၏။
အသက္(၁၉)ႏွစ္မွ (၂၄)ႏွစ္အတြင္း ေဟာေဟာဒိုင္းဒိုင္းရွိကာ ပ်က္စီးေနသည့္ ဆယ္ေက်ာ္သက္တစ္ေယာက္၏ပုံစံမ်ိဳး ရွုက်င္းထံ၌ လုံးဝမေတြ႕ရေတာ့။
ရွန့္ရွင္းဟယ္က ေမးျမန္း၏။
"ဘာလို႔ ဒီမွာေနေနတာလဲ?"
"ေဈးလည္း သိပ္မႀကီးဘူး.. အလုပ္နဲ႔လည္း နီးတယ္ေလ.. ဒါေၾကာင့္ မနက္ဆို အလုပ္သြားဖို႔ အေစာႀကီးထစရာလည္း မလိုေတာ့ဘူး.. ပိုၾကာၾကာေမွးလို႔ရတယ္"
ရွုက်င္းက ရွန့္ရွင္းဟယ္ထံ ခြက္ကမ္းေပးလိုက္သည္။
"လြတ္က်မယ္ေနာ္.. လက္ကို အရင္ေႏြးေအာင္ လုပ္လိုက္ဦး"
ရွန့္ရွင္းဟယ္က မ်က္ေမွာင္ၾကဳတ္လိုက္၏။ ထို႔ေနာက္ အၾကည့္က ေကာ္ဖီစားပြဲထက္သို႔ေရာက္ကာ ေမးျမန္းလာသည္။
"ဧည့္သည္လာသြားတာလား ခုနက?"
ေကာ္ဖီစားပြဲထက္၌ ခြက္ႏွစ္ခြက္ရွိေနေသး၏။ ရွုက်ဳံးယြမ္ လာစဥ္က သုံးသြားခဲ့သည့္ခြက္ပင္။ ရွုက်င္းက ေနရာတက် ျပန္ထားဖို႔ရာ အခ်ိန္မရွိေသာေၾကာင့္ လက္တန္းေျဖလိုက္ရသည္။
"အလုပ္က သူငယ္ခ်င္းတစ္ေယာက္ပါ"
"ဟိုတစ္ခါ မင္းနဲ႔ ခရီးတူတူသြားတဲ့တစ္ေယာက္လား?"
လင္ဝမ္းခမ်ာ ဝင္ေရာက္စြက္ဖက္ျခင္းမျပဳသည့္တိုင္ ႏွစ္ဦးၾကား ေရာပါသြားေလၿပီ။ ရွုက်င္းက ေခါင္းညိတ္ျပလိုက္၏။
ယေန႔ ဤမၽွအထိ သက္ဝင္လွုပ္ရွားရွိလိမ့္မည္ဟု ရွုက်င္း တစ္ခါမၽွ စိတ္မကူးဖူး။ လုပ္ေဖာ္ကိုင္ဖက္အား စာျပန္ပို႔ရန္သာ မိမိကိုယ္ကိုယ္ သတိေပးေနမိ၏။ မဟုတ္လၽွင္ စိုးရိမ္စိတ္ျဖင့္ အိမ္အထိ တကူးတကေရာက္လာၾကမည္စိုးရသည္။
ရွန့္ရွင္းဟယ္က ထိုင္မခ်ေသး၍ ရွုက်င္းအေမးျပဳလိုက္၏။
"ကို ညစာမစားရေသးဘူးလား?"
က်ဥ္းေျမာင္းလွသည့္ အိမ္ခန္းအတြင္း ရွုက်င္းခမ်ာ ရွန့္ရွင္းဟယ္၏မ်က္ဝန္းမ်ားကို ေရွာင္မလႊဲနိုင္။
"ဒီမွာေတာ့ ရိုးရိုးစားစရာေတြပဲရွိတယ္.. ေပါက္စီ၊ ေခါက္ဆြဲနဲ႔ တျခားအဆာေျပမုန့္ေတြပဲ.. ကၽြန္ေတာ္လည္း ရွုပ္ရွုပ္ယွက္ယွက္ေတြ မခ်က္တတ္ေတာ့.. ကို ဗိုက္ဆာေနၿပီဆိုရင္ ကၽြန္ေတာ္တစ္ခုခု ျပင္ေပးပါ့မယ္"
မီးဖိုခန္းထဲ ေနာက္တစ္ႀကိမ္ ပုန္းခိုရန္အရြယ္ ရွက်င္း၏လက္ေကာက္ဝတ္က ႐ုတ္ခနဲ လွမ္းဆြဲခံလိုက္ရသည္။
ရွန့္ရွင္းဟယ္လက္ထဲ၌ ကိုင္ထားသည့္ ခြက္က စားပြဲထက္ ေရာက္သြားသည့္အသံကို ၾကားေသာ္ ေက်ာေပးထားသည့္ ရွုက်င္းတစ္ေယာက္ လန့္ဖ်ပ္သြားခဲ့၏။ ထို႔ေနာက္ ေနာက္ေက်ာဘက္မွေန၍ ခပ္ေႏြးေႏြး ေပြ႕ဖက္မွုကို လက္ခံရရွိလိုက္ေလသည္။
Advertisement
- In Serial39 Chapters
Terra: Dawn of War
Crown Prince Valamar - who had just returned from crushing a tiring rebellion - is thrown into a political marriage set up by his father to solidify an alliance with a neighbouring kingdom and in the midst of rising tensions between his Kingdom of Rumasil and the Kingdom of Provaria, Valamar must ready himself to fight in a war he may not be prepared for... A war that might just be the dawn of an even larger conflict, one that may plunge Terra once again into a state of near global destruction...
8 221 - In Serial7 Chapters
The pregnant Initiate
Four and Tris were dating when he left for dauntless after he got into dauntless for good he came and visited Tris and they had sex and she got pregnant 2 years later with her baby she transferred to Dauntless. (She was only a year younger than four but they let her have her baby before she decided what fraction she goes into.) (She practiced fighting before dauntless)Warning ⚠️ I wrote this a while ago meaning like 6th grade so the grammar and the flow is dreadful ⚠️
8 83 - In Serial40 Chapters
Unexpected Hope (Book 2 in the Red Valley series)
This is the second book but it can be read independently. Disowned by his family and trapped into a loveless marriage Levi Matthews thought his life is over. The one bright spot is his beautiful daughter. Then his wife dies suddenly freeing him, or so he thought. Now he's a single father fighting to keep his daughter and the only way is to remarry. Deciding that he wants a marriage in name only he places an ad for a mail order bride. Hope Saunders is from a well to do family in Savannah Georgia that has fallen on hard times due to her father's gambling. She learns that she is to be married off to pay for her father's debts. Her fiance is a cold heartless man that has already buried two healthy wives and she has no intentions of being the third. Hope decides to take control of her own fate and answers an ad for a mail order bride. But is she making the right decision? She knows nothing of the man placing the ad except that he is a widower with a little girl and he lives out west. At least she was making her own decisions and being a romantic at heart she could only hope that she would find love with this stranger.
8 130 - In Serial31 Chapters
Sinful Aroma { k.Th}
I'm the broken piece of his lustful temptations or vengeance? Starts = 7-1-21End = 29-09-2021~#3rd place in ebullient awards #1 in battleoflove #1 in lustlove #6 in brokenlove ~ mature stuff~ thriller ~suspense ~vengeance ~ 18+ scenes A Kim Taehyung fan fiction 💜
8 190 - In Serial9 Chapters
"Just Friends"
Mackenzie and Dexter were always best friends, ever since they were youngsters but everyone saw them as a couple. They always told everyone they were "just friends" till they were court at a party and soon the two realise the feelings for each other.
8 82 - In Serial98 Chapters
I Save The Disabled Villain by Pretending to be Pitiful (Wearing A Book)
I Save The Disabled Villain by Pretending to be Pitiful (Wearing A Book)我靠裝可憐拯救殘疾反派(穿書)Author:東舟茶Status:97 Chapters (Completed)Description:Chi Han read a dog-blood abuse article all night.The scumbag in the article was separated from Bai Yueguang because of a misunderstanding. Under the pain, his personality completely changed, becoming sullen and irritable. By chance, he saw a male partner who was five-pointed to Bai Yueguang, and he immediately chased him and played it as a stand-in.During this period, the male supporting role of cannon fodder was all determined, until after Bai Yueguang returned to China, Slag Gong kicked him away, and the male supporting actor finally realized that he had embarked on the road of blackening to death, and finally was driven crazy by Bai Yueguang and Slag Gong together. Locked up in a mental hospital until the end. And the biggest villain who was used by Bai Yueguang had a very tragic ending. After being overthrown by the scum attack, he couldn't help it, his family property was mortgaged, and he committed suicide not long after.Chi Han saw that after the author forced the villain to forcibly lose his intelligence in order to win the scum attack, he abandoned the article on the spot, and left a line in the comment area with great pride: "If I were this male supporting character, this pair of dogs Boys will never live to the end!" Then he became a cannon fodder male supporting role in the novel that day.Chi Han: "..."Don't you? Is it too late to delete comments now?Chi Han, who was so remorseful until he saw the underage villain sitting in a wheelchair, brushed the peach blossoms off his shoulders indifferently, and passed by him coldly and arrogantly, he suddenly felt that this wave didn't seem... deficit?***
8 634

