《Please Don't See Me [Mm Transl. || Completed]》CHAPTER-9
Advertisement
UNICODE
ရှုကျင်း၏စကားဆုံးသည်နှင့် လင်ဝမ်းခမျာ ကြက်သေသေကာ မည်သို့မည်နှယ် ပြန်လည်တုံ့ပြန်ရတော့မည်မှန်းပင် မသိတော့။
ရှုကျင်း တူကို ချကာ စားပွဲထက်ရှိ သောက်စရာကိုသာ တိတ်တဆိတ် ယူကာ သောက်လိုက်၏။ လျှို့ဝှက်ချက်ကို စိတ်ထဲ ပြောချင်လာ၍ ပြောလိုက်ပြီးပြီ။ ဤသို့နှယ်။
လင်ဝမ်းက အသံတိုးတိုးဖြင့် မေး၏။
"တကယ်? တကယ်ကြီးလား?"
"အင်း"
လင်ဝမ်းက အသံတိတ် ငြိမ်သက်သွားပြီးနောက်မှ တစ်စုံတစ်ရာအား ရုတ်ခြည်း အမှတ်ရမိသွားသည်။ ဟိုတယ်၌ နောက်ဆုံးတွေ့ဖြစ်ခဲ့သည့် အချိန်တုန်းက လင်ဝမ်းဟာ ရှန့်ရှင်းဟယ်အား ဒုက္ခိတဖြစ်နေ၍ ကံဆိုးမိုးမှောင်ကျသည်ဟု ပြောဖူး၏။ ထို့အပြင် ရှုကျင်းက သူဟာ ရှန့်ရှင်းဟယ်အပေါ် အမှားတစ်ခု ကျူးလွန်မှုကြောင်း ပြောပြရာတွင်လည်း လင်ဝမ်းက ရှုကျင်းအား အရှက်မရှိ နှစ်သိမ့်ပေးလိုက်သည်။ ရှန့်ရှင်းဟယ်က ခွင့်လွှတ်ပေးပါလိမ့်မည်ဟူ၍။
ထိုအတွေးများ စိမ့်ဝင်လာသည့်အခါ လင်ဝမ်းလည်း အနည်းငယ် ရှက်ရွံ့သွားရသည်။
"တောင်းပန်ပါတယ်.. ငါ မသိခဲ့လို့ပါ.. နောက်ဆုံးတစ်ခေါက်တုန်းက ငါပြောခဲ့တာကို စိတ်ထဲမထားနဲ့နော်"
ရှုကျင်းလည်း အဆင်ပြေကြောင်း ပြန်လည်ပြောဆို၏။
သို့သော်ငြား ရှုကျင်း၏ပုံစံက အစစ်အမှန် အဆင်ပြေနေပုံမပေါ်။
လင်ဝမ်းလည်း ရှုကျင်းအား နှစ်သိမ့်ပေးသည်။
"ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတယ်ဆိုပြီး အရမ်းမတွေးပါနဲ့.. ဟိုတစ်ခါ ရှန့်ရှင်းဟယ် မင်းကို ဟိုတယ်မှာ နေရစ်ခိုင်းတာကို ကြည့်ရသလောက် သူ မင်းကို ဟိုးအရင်ကတည်းက ခွင့်လွှတ်ပေးပြီးသားပါ.. အရမ်းမတွေးနဲ့"
အချို့သော ရှုပ်ထွေးပွေလီသည့် ကိစ္စများအတွက်တော့ လင်ဝမ်း အများကြီး မတွေးချင်။ ရှုကျင်းအား နှစ်သိမ့်ပေးပြီးနောက် အခြားခေါင်းစဥ်တစ်ခုကို ပြောင်းပြောလိုက်၏။
နှစ်ဦးသား ဘေးချင်းကပ်လျက် ထိုင်ရင်း တိုးတိုး တိုးတိုး ပြောနေကြသည်ကို လုပ်ဖော်ကိုင်ဖက်များက မြင်သော် စနောက်ကြသည်။ ခရီးတစ်ခေါက်လောက် အတူသွားလိုက်သည်နှင့် သမီးယောက်ဖများပမာ ပို၍ရင်းနှီးလာကြပြီဟူ၍။
လုပ်ဖော်ကိုင်ဖက်တစ်ဦးက နှမြောတသဖြစ်ဟန်ဖြင့် ဆို၏။
"ငါက ရှုကျင်းကို introvert လို့ပဲ ထင်ထားခဲ့တာ.. ကြာကြာပေါင်းကြည့်တော့မှ အဲ့လိုဟုတ်မနေဘူးဟ.. အဲ့လိုမှန်းသိရင် အစကတည်းက လာပေါင်းခဲ့တာပေါ့ကွာ"
"ရှုကျင်း ကုမ္ပဏီကို စဝင်ခါစတုန်းကဆို အေးတိအေးစက်နဲ့လေ"
"အေးဆို အဲ့တုန်းကဆို ငါတောင် စဥ်းစားမိသေး.. သူနဲ့ ရှေ့လျှောက် အဆင်ပြေနိုင်ပါ့မလားဆိုပြီး.. နောက်တော့မှ ဒီကလေးက introvert ဖြစ်နေမှန်း သတိထားမိတယ် ဟားဟားဟားဟားဟား"
"Introvert တွေက စိတ်ထားနူးညံ့ပြီး လွယ်လွယ်နဲ့ အနိုင်ကျင့်ခံရတတ်တယ်"
ညစာစားပြီးနောက် လင်ဝမ်းနှင့် အချို့သော လုပ်ဖော်ကိုင်ဖက်များက ဒုတိယပွဲဆီ ဆက်ချီတက်ကြ၏။ ရှုကျင်းက သူ အနည်းငယ် ပင်ပန်းနေပြီဖြစ်၍ မလိုက်လိုကြောင်း ပြောသည့်နောက် အားလုံးကလည်း အတင်းမတိုက်တွန်းတော့ချေ။ အရက်မသောက်ထားသည့် လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ကားမောင်းလာကာ မှန်ပြတင်းပေါက်ကို ဖွင့်၍ ရှုကျင်းအား ကားကြုံလိုက်လိုသလော မေးမြန်း၏။
တလူလူတိုက်ခတ်နေသည့် လေအေးများအကြား ရှုကျင်းက လည်စီးပဝါကို အထက်သို့ ဆွဲတင်လိုက်သည်။ ထို့နောက် လည်ပင်းလေးကျုံ့၍ ပြောလေ၏။
"မလိုက်တော့ဘူးဗျ.. ကျွန်တော့်အိမ်က နီးနီးလေး.. လမ်းလျှောက်ရုံနဲ့ ရောက်တယ်"
အားလုံးအား နှုတ်ဆက်စကားဆိုပြီးနောက် ရှုကျင်းက လမ်းဆုံ၌ မတ်တပ်ရပ်ကာ မီးပွိုင့်မီးနီမည့်အချိန်ကို စောင့်ဆိုင်းနေသည်။
မျက်ရည်များက တပေါက်ပေါက် စီးကျလာသည်။ သတိလက်လွတ်ဖြစ်သွားပြီးနောက် ဘေးမှ လမ်းသွားလမ်းလာများအနောက်သို့ လိုက်ကာ လူကူးမျဥ်းကျားကို ဖြတ်လျှောက်လာခဲ့သည်။
ဝေးဝေးမရောက်သေးခင်အချိန်ဝယ် ကောင်းကင်ယံမှ မိုးဖွဲလေးများ သက်ဆင်းလာ၏။
ရှုကျင်းလည်း လမ်းများ၊ လူအုပ်များကို အလျင်အမြန် ဖြတ်ကျော်လာပြီးနောက် လူသူကင်းမဲ့သည့် လမ်းဆုံသို့ ရောက်လာလေသည်။ ခွေးတစ်ကောင်ကို မ,ချီထားသည့် လူငယ်လေးတစ်ဦးက ရှုကျင်းအား စူးစမ်းလိုစိတ်ဖြင့် စိုက်ကြည့်နေ၏။
လမ်းသွားလမ်းလာကို ကြောက်ရွံ့၍ တဂိန်ဂိန်အော်နေသည့် အရွယ်အစားကြီးမားလွန်းသော ခွေးအား လူငယ်လေးက ငေါက်လိုက်သည်။
သိမ်မွေ့ကျိုးနွံကာ သခင့်စကား နာခံတတ်သော နှင်းဖြူတမျှ စွတ်စွတ်ဖြူနေသည့် Samoyed ခွေးတစ်ကောင်ဖြစ်၏။
ရှုကျင်းလည်း တစ်ချက်မျှ ကြည့်လိုက်ပြီးနောက် ခေါင်းငုံ့ကာ ဘေးမှ ဖြတ်လျှောက်သွားလေသည်။
~~~
လဝက်မျှကြာသော် ရှုကျင်းက ကုမ္ပဏီ၏စီစဥ်မှုအရ အလုပ်ကိစ္စဖြင့် ခရီးသွားခဲ့၏။
နှစ်သစ်ကူးပွဲတော်မကျရောက်သေးသော်လည်း ကုမ္ပဏီ၌ အလုပ်များက တောင်လိုယာလိုပုံနေတော့သည်။ ရှုကျင်းလည်း အလွန်အမင်း အလုပ်များနေရ၏။ ဒီဇိုင်းအကြမ်းပုံများက လက်ထဲ တစ်သုတ်ပြီးတစ်သုတ်ရောက်လာသောကြောင့် ကော်ဖီကိုသာ တစ်ခွက်ပြီးတစ်ခွက် အဆက်မပြတ်သောက်နေရသည်။
အားလပ်ချိန်ပင် လုံလုံလောက်လောက်မရှိသည့် အလုပ်အချိန်ဇယားကြောင့် ရှုကျင်းခမျာ မကြာမကြာ စိတ်လွတ်ထွက်သွားရသည်။ ကုမ္ပဏီ၏နှစ်ပတ်လည်ပျော်ပွဲရွှင်ပွဲ၌ ကံစမ်းမဲပေါက်ခဲ့ခြင်းက အိပ်မက်တစ်ခုနှယ်။ ရှန့်ရှင်းဟယ်နှင့် အမှတ်မထင် ဆုံဖြစ်ခဲ့ခြင်းသည်လည်း ကိုယ်ပိုင်စိတ်ကူးသက်သက် ဖြစ်ခဲ့သလို။
ဖေဖော်ဝါရီလကုန်ပိုင်းရောက်သော် နွေဦးပွဲတော်ပိတ်ရက် စတင်ချေပြီ။
ရှုကျင်းလည်း မိခင်ဖြစ်သူထံမှ မက်ဆေ့ချ်တစ်စောင်ကို လက်ခံရရှိ၏။ နှစ်သစ်ကူးအကြိုနေ့၌ သူ(မ)ဆီ လာလည်ပါရန် ဖိတ်ခေါ်ခြင်းပင်။
အလုပ်ပိတ်ရက်၏ပထမဆုံးည၌ ယူဆောင်သွားမည့် အဝတ်များကို သိမ်းဆည်းနေ၏။
ကြိုတင်၍ မစီစဥ်ထားမိသောကြောင့် မည်သည့်အရာအား နှစ်သစ်ကူးလက်ဆောင်အဖြစ် ယူသွားရမည်မှန်း စဥ်းစားမရ။ ထို့ကြောင့် လင်ဝမ်း ပေးထားသည့် ဒေသထွက်ထုတ်ကုန်များကိုသာ ရွေးချယ်လိုက်၏။
ထိုအချိန်ဝယ် တစ်စုံတစ်ယောက်က တံခါးဝရှိ လူခေါ်ခေါင်းလောင်းကို တီးလာသည်။
Advertisement
ဤအိမ်၌ ရှုကျင်းက ဧည့်သည်ခေါ်လာလေ့မရှိ။ ထို့ကြောင့် ခေါင်းလောင်းသံကြားသော် အနည်းငယ် ကြောင်အမ်းအမ်းဖြစ်သွား၏။
ထို့နောက် အိမ်တွင်းစီးဖိနပ်ကောက်စီးကာ ခရီးဆောင်အရွယ်အစား တစ်ကိုယ်ရည်သုံးပစ္စည်းများကို ရင်ဘတ်ထဲ ပွေ့ပိုက်၍ တံခါးဖွင့်ပေးလိုက်သည်။
နေရာမှာတင် ကြက်သေသေသွားရတော့၏။
ရှုကျုံးယွမ်က အနက်ရောင်ကုတ်အင်္ကျီရှည်ကို ဝတ်ဆင်ထားပြီး မှုန်ကုပ်ကုပ်နှင့် တံခါးရှေ့တွင် ရပ်နေသည်။
လူနှစ်ယောက်၊ တံခါးအတွင်းဘက်တွင် လူတစ်ယောက်၊ တံခါးအပြင်ဘက်တွင် နောက်ထပ်လူတစ်ယောက်။ မိနစ်ဝက်မျှထိ မည်သူမှ စကားမဆိုလာကြသေး။ အိမ်နီးချင်းတစ်ဦး ဘေးမှ ဖြတ်လျှောက်သွားသည့်အချိန်အထိ။ ရှုကျင်းလည်း အိပ်မက်မှ နိုးထလာသကဲ့သို့ 'အဖေ'ဟု ခေါ်လိုက်ပြီး ဘေးသို့ ကပ်ပေးလိုက်သည်။
ရှုကျုံးယွမ် တိုက်ခန်းငယ်လေးထဲ ဝင်လာပြီးနောက် ကုတ်အင်္ကျီနှင့် လည်စီးပဝါကို ချွတ်ကာ ဆိုဖာထက် ပစ်တင်လိုက်၏။
"အခန်းက ဘာလို့အဲ့လောက်ကျဥ်းနေရတာလဲ? တိုက်ခန်းကျယ်ကျယ်တောင် မဝယ်နိုင်ဘူးလား?"
အခန်းထဲ လုံလုံလောက်လောက် နွေးနေ၍ ရှုကျင်းက ဆွယ်တာပါးပါးလေးတစ်ထည်သာ ဝတ်ထားလေသည်။
တံခါးအပြင်ဘက်ရှိ လေအေးများ ဝင်ရောက်တိုက်ခတ်သော် ရှုကျင်းတစ်ကိုယ်လုံး တုန်တက်သွားပြီး တံခါးအမြန်သွားပိတ်လိုက်ရ၏။
ရှုကျုံးယွမ်က ကျေနပ်မှုကင်းမဲ့စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
"ငါ မင်းကို ပေးထားတဲ့ ပိုက်ဆံတွေရော?"
"အကုန် ကဒ်ထဲမှာ"
ရှုကျုံးယွမ်က ပို၍ပိုကာ မကျေမနပ်ဖြစ်တော့၏။
"ဒါက ငါ ခိုးဆိုးလုယက်ပြီး ရှာထားတဲ့ငွေတွေ မဟုတ်ဘူးကွ.. ငါ သေမတတ် ရှာထားရတာ.. ငွေမည်းတွေသာ အစစ်ခံရကတည်းက ပြန်သိမ်းသွားတာ.. ဒီပိုက်ဆံတွေကို မင်း မသုံးရဲတာလား?"
ရှုကျင်းက ဖခင်ဖြစ်သူ မည်သည့်အချိန်က ထွက်လာခဲ့မှန်း မေးမနေတော့။ ရေခပ်ပေးရန်အတွက် မီးဖိုချောင်ထဲ ဝင်သွားပြီးနောက် အမေးပြု၏။
"အဖေ.. ကျွန်တော် ဒီမှာနေနေမှန်း ဘယ်လိုသိတာလဲ?"
"ဒီမှာ ငါ့အသိမိတ်ဆွေတွေ ရှိတယ်.. သူတို့နဲ့ စီးပွားရေးအကြောင်း ဆွေးနွေးဖို့လာခဲ့တာ.. လမ်းကြုံတော့ မင်းကို ဝင်လာကြည့်ဖို့ကို မင်းဖုန်းနံပါတ်မရှိတော့ ကုမ္ပဏီမှာ သွားတောင်းလိုက်ရသေးတယ်"
တိုက်ခန်းငယ်လေး၌ အဝတ်အစားများ၊ အခြားပစ္စည်းပစ္စယအစုံအလင်ဖြင့် ရှုပ်ပွနေချေသည်။ တစ်ချက်ဝေ့ကြည့်လိုက်ရုံနှင့်ပင် ရှုကျင်း တစ်နေနေရာသွားတော့မည့်အကြောင်းကို တန်းသဘောပေါက်နိုင်၏။
ရှုကျုံးယွမ်က အမေးပြုလာသည်။
"ဘယ်သွားဖို့လဲ?"
"နှစ်သစ်ကူးမှာ အမေ့ဆီသွားဖို့"
ရှုကျုံးယွမ်လည်း ရေတစ်ငုံသောက်ကာ လက်ခါပြရင်း ဆို၏။
"မသွားနဲ့.. ငါလည်း ဒီနှစ်မသွားဘူး.. ဒီမှာပဲ ငါတို့တူတူ နှစ်သစ်ကူးပွဲလုပ်ကြရအောင်"
"အင်း"
ထို့နောက် ရှုကျင်း ခေတ္တမျှ တွေးတောပြီး ဆက်ပြောလာ၏။
"ဒါပေမယ့် အဖေ ဒီမှာနေဖို့ အရမ်းကျဥ်းနေမယ်.. ကျွန်တော် ဟိုတယ်မှာ အခန်းတစ်ခန်း ငှားပေးမယ်လေ"
ရှုကျုံးယွမ်က ချက်ချင်း ခေါင်းခါကာ ရှုကျင်း၏မျက်နှာကိုသာ အချိန်ကြာမြင့်စွာ စိုက်ကြည့်နေတော့သည်။
ရှုကျင်းလည်း ပြန်ကြည့်လိုက်ရာ အဖေဖြစ်သူမှာ အိုမင်းရင့်ရော်နေကြောင်း သတိထားမိလိုက်၏။ မျက်လုံးထောင့်များ၌လည်း အရေးအကြောင်းများဖြင့်။ ပိန်ချိကာ ဆံပင်ဖြူများလည်း ပေါက်နေချေပြီ။
ရှုကျုံးယွမ်က တိုးညင်းသော်လည်း မပျော့လှသည့်အသံဖြင့် ငေါက်လာ၏။
"အခုထိ ရှန့်ရှင်းဟယ်နဲ့ ယောက်ျားချင်း ကြိုက်နေတုန်းပဲလား?"
ရှုကျင်း ခေါင်းခါပြလိုက်သည်။
"စိတ်မပူပါနဲ့ ကျွန်တော်တစ်ယောက်တည်းနေတာပါ"
ရှုကျုံးယွမ်က ယခုထက်ထိ အကြည့်မလွှဲသေး။ သားဖြစ်သူ မျက်နှာထက်ရှိ ပျက်ယွင်းသွားသော အမူအရာသဲလွန်စကို ရှာဖွေရန် ကြိုးစားနေသည့်နှယ်။ လွန်ခဲ့သည့် နှစ်များကနှင့် တစ်ထေရာတည်းပင်။
"သေချာရဲ့လား?"
"အင်း.. သူနဲ့ အဆက်အသွယ်မလုပ်ဖြစ်တာတောင် ကြာလှပြီ"
ရှုကျုံးယွမ်၏ဆိုက်ရောက်လာမှုက ရှုကျင်း၏နောက်ဆက်တွဲစီစဥ်မှုများကို နှောင့်ယှက်လိုက်သလို။
ထိုည၌ ကုမ္ပဏီက ဘောနပ်စ်ပေးလိုက်သည့် အနီရောင်စာအိတ်ထဲရှိ ငွေဖြင့် ရှုကျုံးယွမ်အတွက် ဟိုတယ်အကောင်းစားတွင် အခန်းငှားပေးလိုက်သည်။ အိမ်နှင့်လည်း သိပ်မဝေးလှသည့် နေရာမျိုးပေ။ ဟိုတယ်သို့ လိုက်ပို့ပေးသည့်လမ်း၌ ရှုကျုံးယွမ်အား ဘဏ်ကဒ်ပြန်အပ်လိုက်သည်။ ရှုကျုံးယွမ်ကလည်း မငြင်းချေ။ ယခုအချိန်၌ ပိုက်ဆံလိုအပ်နေသောကြောင့်။ သို့သော်ငြား သားဖြစ်သူ နေထိုင်နေသည့် တိုက်ခန်းငယ်လေးနှင့်ပတ်သက်၍ အလွန်အမင်း စိတ်မချမ်းမသာဖြစ်နေကာ နောက်နှစ်၌အလုပ်ကြိုးစားပြီး ရှန့်ချမ်းမြို့တော်၌ အိမ်ကြီးတစ်အိမ်ဝယ်ပေးမည့်အကြောင်းသာ တဖွဖွ ပြောနေ၏။
ရှုကျုံးယွမ်အား ညစာလိုက်ဝယ်ကျွေးပြီး လိုအပ်သည်များကို အစစအရာရာ ဂရုစိုက်ပေးပြီးသော် အချိန်က အတော်အတန် နောက်ကျနေနှင့်ပြီ။
ရှုကျင်းလည်း အိမ်ပြန်လမ်းလျှောက်ရင်း အမေဖြစ်သူအား အခြေအနေရှင်းပြချင်သည့်အတွက် ဖုန်းယူထုတ်လိုက်ပြီးမှ ဖုန်းက မည်သည့်အချိန်ကတည်းက စက်ပိတ်သွားမှန်းပင် မသိတော့ချေ။ တစ်နေ့ခင်းလုံး အဝတ်အစားများ သိမ်းဆည်းကာ အလုပ်ရှုပ်နေရင်း မတော်တဆနှိပ်မိသွားခြင်း ဖြစ်ရမည်။
ဖုန်းအဆက်အသွယ်ရသည်နှင့် မိခင်ဖြစ်သူက ရှုကျင်းအား ရှုကျုံးယွမ်အနား၌သာနေကာ စိတ်ပြေလက်ပျောက်ဖြစ်အောင် ဂရုစိုက်ပေးရန် ပြောကြားလေသည်။ သို့သော်ငြား ရှုကျင်းကတော့ နှစ်ကူးအကြိုအမှီ မိခင်ဖြစ်သူထံ လေယာဥ်ဖြင့် လာဦးမည်ဟု ပြော၏။
"ထောင်သက်က အလျှော့ခံလိုက်ရတော့ ထောင်ထဲက ထွက်လာပြီးနောက်ပိုင်း ဘယ်မှ သွားစရာမှ မရှိတာကွယ်.. ယွဲ့ချန်းကို ပြန်လာဖို့ကိုလည်း ရှက်နေလောက်မှာ.. သူကတော့ သားကို ဒုက္ခပေးမှာ မဟုတ်ပေမဲ့ သူ့ကိစ္စတွေကို မစွက်ဖက်တာကောင်းမယ်.. အခုလောလောဆယ်တော့ သူ့ခမျာ တစ်နေကုန်တစ်နေခမ်း အရင်လိုအခြေအနေပြန်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာပဲ စဥ်းစားနေတော့မှာ.. သားတော့ နည်းနည်းစိတ်ရှုပ်ရလိမ့်မယ်"
ရှုကျင်းက တိတ်တဆိတ်သာ နားထောင်နေ၏။
Advertisement
အမေဖြစ်သူက ဆက်ပြောသည်။
"အရင်တုန်းက မှားတာက မှားတာပဲ.. ဒါပေမဲ့ အမေ သူ့ကို ကောင်းကောင်းသိတယ်.. သူက သာမန်လူတစ်ယောက် ဘယ်တော့မှဖြစ်ချင်မှာမဟုတ်ဘူး.. မဟုတ်ရင် ဘာလို့တခြားလူတွေကို ညာပြောပါ့မလဲ.. ပြီးတော့ ဒီလောက် နှစ်တွေအကြာကြီး ရှန့်ရှင်းဟယ်ကို အသုံးချခဲ့မှာမဟုတ်ဘူး"
ရှုကျင်းက ဤစကားကို ကြားသည်နှင့် အသံတိုးညင်းညင်သာစွာဖြင့် ကြားဖြတ်ဝင်ပြော၏။
"အမေ ကျွန်တော်သိပါတယ်"
ထို့နောက် မျက်ဝန်းအစုံကို မှိတ်ထားလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် သူက ကျွန်တော့်အဖေပဲကို.. သူ့ဘေးနားမှာ တစ်နှစ်လောက်နေပြီး ဂရုစိုက်ပေးပါ့မယ်"
ရှုကျင်း၏အမေလည်း ရွေးစရာမရှိတော့သည့်အဆုံး သတိပေးရန်သာ တတ်နိုင်တော့သည်။
"ဒါဆို သားပဲ ဂရုစိုက်ပေးလိုက်ပါနော်"
"အမေ စိတ်ဆိုးလား?"
မိခင်ဖြစ်သူက ရယ်ရယ်မောမောဖြင့် ပြန်ပြော၏။
"ဘာလို့ စိတ်ဆိုးရမှာလဲ? သားကို နည်းနည်းလေး သတိရရုံလေးပါ"
ဖုန်းချပြီးသည်နှင့် ရုံးမပိတ်ခင် နောက်ဆုံးနေ့၌ ဂျူတီကျနေသော လုပ်ဖောက်ကိုင်ဖက်တစ်ဦးက စာနှစ်စောင် ပို့ထားသည်ကို မြင်လိုက်ရသည်။
နေ့လည်ခင်း၌ ပို့ထားသည့်စာ : [ရှောင်ရှုကျင်း.. ဘာလို့ ဒီနေ့ ဖုန်းပိတ်ထားတာတုန်း? ခုနကပဲ မင်းအဖေ မင်းကို ဆက်သွယ်လို့မရလို့ဆိုပြီး ရုံးခန်းမှာ မင်းအိမ်လိပ်စာလာတောင်းသွားတယ်။ နောက်ဆို ဖုန်းလေးဘာလေး ဖွင့်ထားဦး။ ]
ညနေခင်း၌ ပို့ထားသည့်စာ : [အခုထိ ဖုန်းမဖွင့်သေးဘူးလား? အဆင်ပြေရဲ့လားဟ။ ငါ့ကို ကြောက်အောင် မခြောက်နဲ့နော်။ မင်းအစ်ကိုလည်း ကုမ္ပဏီကို ဖုန်းဆက်ပြီး မင်းလိပ်စာတောင်းသွားတယ်။ ]
နောက်စာနှစ်စောင်သည်ကား ဖုန်းပိတ်ထား၍ အဆင်ပြေ၊ မပြေ လှမ်းမေးထားသည့်အကြောင်းများပင်။ စာမပြန်ပါက အိမ်သို့ အခြေအနေလာကြည့်တော့မည်ဟူ၍။
ရှုကျင်း ဒုတိယမြောက်စာကို မြင်သော် ကြက်သေသေသွားတော့သည်။
လှေကားထက်တက်လာသည့်အချိန်၌ လမ်းမီးတိုင်က တောက်တောက်ပပ လင်းထိန်ခြင်းမရှိဘဲ လမ်းဘေးဝဲယာတစ်ဖက်တစ်ချက်ရှိ နှင်းခဲများပေါ်သို့ ဝါကျင့်ကျင့်အရောင် ထွန်းလင်းပေးနေ၏။
ကုတ်အင်္ကျီအနက်ရောင်ကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးက ရှုကျင်းအား ခပ်လှမ်းလှမ်းအရပ်မှ စောင့်ကြည့်နေလေသည်။
ZAWGYI
ရွုက်င္း၏စကားဆုံးသည္ႏွင့္ လင္ဝမ္းခမ်ာ ၾကက္ေသေသကာ မည္သို႔မည္ႏွယ္ ျပန္လည္တုံ႔ျပန္ရေတာ့မည္မွန္းပင္ မသိေတာ့။
ရွုက်င္း တူကို ခ်ကာ စားပြဲထက္ရွိ ေသာက္စရာကိုသာ တိတ္တဆိတ္ ယူကာ ေသာက္လိုက္၏။ လၽွို႔ဝွက္ခ်က္ကို စိတ္ထဲ ေျပာခ်င္လာ၍ ေျပာလိုက္ၿပီးၿပီ။ ဤသို႔ႏွယ္။
လင္ဝမ္းက အသံတိုးတိုးျဖင့္ ေမး၏။
"တကယ္? တကယ္ႀကီးလား?"
"အင္း"
လင္ဝမ္းက အသံတိတ္ ၿငိမ္သက္သြားၿပီးေနာက္မွ တစ္စုံတစ္ရာအား ႐ုတ္ျခည္း အမွတ္ရမိသြားသည္။ ဟိုတယ္၌ ေနာက္ဆုံးေတြ႕ျဖစ္ခဲ့သည့္ အခ်ိန္တုန္းက လင္ဝမ္းဟာ ရွန့္ရွင္းဟယ္အား ဒုကၡိတျဖစ္ေန၍ ကံဆိုးမိုးေမွာင္က်သည္ဟု ေျပာဖူး၏။ ထို႔အျပင္ ရွုက်င္းက သူဟာ ရွန့္ရွင္းဟယ္အေပၚ အမွားတစ္ခု က်ဴးလြန္မွုေၾကာင္း ေျပာျပရာတြင္လည္း လင္ဝမ္းက ရွုက်င္းအား အရွက္မရွိ ႏွစ္သိမ့္ေပးလိုက္သည္။ ရွန့္ရွင္းဟယ္က ခြင့္လႊတ္ေပးပါလိမ့္မည္ဟူ၍။
ထိုအေတြးမ်ား စိမ့္ဝင္လာသည့္အခါ လင္ဝမ္းလည္း အနည္းငယ္ ရွက္ရြံ႕သြားရသည္။
"ေတာင္းပန္ပါတယ္.. ငါ မသိခဲ့လို႔ပါ.. ေနာက္ဆုံးတစ္ေခါက္တုန္းက ငါေျပာခဲ့တာကို စိတ္ထဲမထားနဲ႔ေနာ္"
ရွုက်င္းလည္း အဆင္ေျပေၾကာင္း ျပန္လည္ေျပာဆို၏။
သို႔ေသာ္ျငား ရွုက်င္း၏ပုံစံက အစစ္အမွန္ အဆင္ေျပေနပုံမေပၚ။
လင္ဝမ္းလည္း ရွုက်င္းအား ႏွစ္သိမ့္ေပးသည္။
"ကိုယ့္ကိုယ္ကိုယ္ အျပစ္ရွိတယ္ဆိုၿပီး အရမ္းမေတြးပါနဲ႔.. ဟိုတစ္ခါ ရွန့္ရွင္းဟယ္ မင္းကို ဟိုတယ္မွာ ေနရစ္ခိုင္းတာကို ၾကည့္ရသေလာက္ သူ မင္းကို ဟိုးအရင္ကတည္းက ခြင့္လႊတ္ေပးၿပီးသားပါ.. အရမ္းမေတြးနဲ႔"
အခ်ိဳ႕ေသာ ရွုပ္ေထြးေပြလီသည့္ ကိစၥမ်ားအတြက္ေတာ့ လင္ဝမ္း အမ်ားႀကီး မေတြးခ်င္။ ရွုက်င္းအား ႏွစ္သိမ့္ေပးၿပီးေနာက္ အျခားေခါင္းစဥ္တစ္ခုကို ေျပာင္းေျပာလိုက္၏။
ႏွစ္ဦးသား ေဘးခ်င္းကပ္လ်က္ ထိုင္ရင္း တိုးတိုး တိုးတိုး ေျပာေနၾကသည္ကို လုပ္ေဖာ္ကိုင္ဖက္မ်ားက ျမင္ေသာ္ စေနာက္ၾကသည္။ ခရီးတစ္ေခါက္ေလာက္ အတူသြားလိုက္သည္ႏွင့္ သမီးေယာက္ဖမ်ားပမာ ပို၍ရင္းႏွီးလာၾကၿပီဟူ၍။
လုပ္ေဖာ္ကိုင္ဖက္တစ္ဦးက ႏွေျမာတသျဖစ္ဟန္ျဖင့္ ဆို၏။
"ငါက ရွုက်င္းကို introvert လို႔ပဲ ထင္ထားခဲ့တာ.. ၾကာၾကာေပါင္းၾကည့္ေတာ့မွ အဲ့လိုဟုတ္မေနဘူးဟ.. အဲ့လိုမွန္းသိရင္ အစကတည္းက လာေပါင္းခဲ့တာေပါ့ကြာ"
"ရွုက်င္း ကုမၸဏီကို စဝင္ခါစတုန္းကဆို ေအးတိေအးစက္နဲ႔ေလ"
"ေအးဆို အဲ့တုန္းကဆို ငါေတာင္ စဥ္းစားမိေသး.. သူနဲ႔ ေရွ႕ေလၽွာက္ အဆင္ေျပနိုင္ပါ့မလားဆိုၿပီး.. ေနာက္ေတာ့မွ ဒီကေလးက introvert ျဖစ္ေနမွန္း သတိထားမိတယ္ ဟားဟားဟားဟားဟား"
"Introvert ေတြက စိတ္ထားႏူးညံ့ၿပီး လြယ္လြယ္နဲ႔ အနိုင္က်င့္ခံရတတ္တယ္"
ညစာစားၿပီးေနာက္ လင္ဝမ္းႏွင့္ အခ်ိဳ႕ေသာ လုပ္ေဖာ္ကိုင္ဖက္မ်ားက ဒုတိယပြဲဆီ ဆက္ခ်ီတက္ၾက၏။ ရွုက်င္းက သူ အနည္းငယ္ ပင္ပန္းေနၿပီျဖစ္၍ မလိုက္လိုေၾကာင္း ေျပာသည့္ေနာက္ အားလုံးကလည္း အတင္းမတိုက္တြန္းေတာ့ေခ်။ အရက္မေသာက္ထားသည့္ လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္က ကားေမာင္းလာကာ မွန္ျပတင္းေပါက္ကို ဖြင့္၍ ရွုက်င္းအား ကားၾကဳံလိုက္လိုသေလာ ေမးျမန္း၏။
တလူလူတိုက္ခတ္ေနသည့္ ေလေအးမ်ားအၾကား ရွုက်င္းက လည္စီးပဝါကို အထက္သို႔ ဆြဲတင္လိုက္သည္။ ထို႔ေနာက္ လည္ပင္းေလးက်ဳံ႕၍ ေျပာေလ၏။
"မလိုက္ေတာ့ဘူးဗ်.. ကၽြန္ေတာ့္အိမ္က နီးနီးေလး.. လမ္းေလၽွာက္႐ုံနဲ႔ ေရာက္တယ္"
အားလုံးအား ႏွုတ္ဆက္စကားဆိုၿပီးေနာက္ ရွုက်င္းက လမ္းဆုံ၌ မတ္တပ္ရပ္ကာ မီးပြိဳင့္မီးနီမည့္အခ်ိန္ကို ေစာင့္ဆိုင္းေနသည္။
မ်က္ရည္မ်ားက တေပါက္ေပါက္ စီးက်လာသည္။ သတိလက္လြတ္ျဖစ္သြားၿပီးေနာက္ ေဘးမွ လမ္းသြားလမ္းလာမ်ားအေနာက္သို႔ လိုက္ကာ လူကူးမ်ဥ္းက်ားကို ျဖတ္ေလၽွာက္လာခဲ့သည္။
ေဝးေဝးမေရာက္ေသးခင္အခ်ိန္ဝယ္ ေကာင္းကင္ယံမွ မိုးဖြဲေလးမ်ား သက္ဆင္းလာ၏။
ရွုက်င္းလည္း လမ္းမ်ား၊ လူအုပ္မ်ားကို အလ်င္အျမန္ ျဖတ္ေက်ာ္လာၿပီးေနာက္ လူသူကင္းမဲ့သည့္ လမ္းဆုံသို႔ ေရာက္လာေလသည္။ ေခြးတစ္ေကာင္ကို မ,ခ်ီထားသည့္ လူငယ္ေလးတစ္ဦးက ရွုက်င္းအား စူးစမ္းလိုစိတ္ျဖင့္ စိုက္ၾကည့္ေန၏။
လမ္းသြားလမ္းလာကို ေၾကာက္ရြံ႕၍ တဂိန္ဂိန္ေအာ္ေနသည့္ အရြယ္အစားႀကီးမားလြန္းေသာ ေခြးအား လူငယ္ေလးက ေငါက္လိုက္သည္။
သိမ္ေမြ႕က်ိဳးႏြံကာ သခင့္စကား နာခံတတ္ေသာ ႏွင္းျဖဴတမၽွ စြတ္စြတ္ျဖဴေနသည့္ Samoyed ေခြးတစ္ေကာင္ျဖစ္၏။
ရွုက်င္းလည္း တစ္ခ်က္မၽွ ၾကည့္လိုက္ၿပီးေနာက္ ေခါင္းငုံ႔ကာ ေဘးမွ ျဖတ္ေလၽွာက္သြားေလသည္။
~~~
လဝက္မၽွၾကာေသာ္ ရွုက်င္းက ကုမၸဏီ၏စီစဥ္မွုအရ အလုပ္ကိစၥျဖင့္ ခရီးသြားခဲ့၏။
ႏွစ္သစ္ကူးပြဲေတာ္မက်ေရာက္ေသးေသာ္လည္း ကုမၸဏီ၌ အလုပ္မ်ားက ေတာင္လိုယာလိုပုံေနေတာ့သည္။ ရွုက်င္းလည္း အလြန္အမင္း အလုပ္မ်ားေနရ၏။ ဒီဇိုင္းအၾကမ္းပုံမ်ားက လက္ထဲ တစ္သုတ္ၿပီးတစ္သုတ္ေရာက္လာေသာေၾကာင့္ ေကာ္ဖီကိုသာ တစ္ခြက္ၿပီးတစ္ခြက္ အဆက္မျပတ္ေသာက္ေနရသည္။
အားလပ္ခ်ိန္ပင္ လုံလုံေလာက္ေလာက္မရွိသည့္ အလုပ္အခ်ိန္ဇယားေၾကာင့္ ရွုက်င္းခမ်ာ မၾကာမၾကာ စိတ္လြတ္ထြက္သြားရသည္။ ကုမၸဏီ၏ႏွစ္ပတ္လည္ေပ်ာ္ပြဲရႊင္ပြဲ၌ ကံစမ္းမဲေပါက္ခဲ့ျခင္းက အိပ္မက္တစ္ခုႏွယ္။ ရွန့္ရွင္းဟယ္ႏွင့္ အမွတ္မထင္ ဆုံျဖစ္ခဲ့ျခင္းသည္လည္း ကိုယ္ပိုင္စိတ္ကူးသက္သက္ ျဖစ္ခဲ့သလို။
ေဖေဖာ္ဝါရီလကုန္ပိုင္းေရာက္ေသာ္ ေႏြဦးပြဲေတာ္ပိတ္ရက္ စတင္ေခ်ၿပီ။
ရွုက်င္းလည္း မိခင္ျဖစ္သူထံမွ မက္ေဆ့ခ်္တစ္ေစာင္ကို လက္ခံရရွိ၏။ ႏွစ္သစ္ကူးအႀကိဳေန႔၌ သူ(မ)ဆီ လာလည္ပါရန္ ဖိတ္ေခၚျခင္းပင္။
အလုပ္ပိတ္ရက္၏ပထမဆုံးည၌ ယူေဆာင္သြားမည့္ အဝတ္မ်ားကို သိမ္းဆည္းေန၏။
ႀကိဳတင္၍ မစီစဥ္ထားမိေသာေၾကာင့္ မည္သည့္အရာအား ႏွစ္သစ္ကူးလက္ေဆာင္အျဖစ္ ယူသြားရမည္မွန္း စဥ္းစားမရ။ ထို႔ေၾကာင့္ လင္ဝမ္း ေပးထားသည့္ ေဒသထြက္ထုတ္ကုန္မ်ားကိုသာ ေရြးခ်ယ္လိုက္၏။
ထိုအခ်ိန္ဝယ္ တစ္စုံတစ္ေယာက္က တံခါးဝရွိ လူေခၚေခါင္းေလာင္းကို တီးလာသည္။
ဤအိမ္၌ ရွုက်င္းက ဧည့္သည္ေခၚလာေလ့မရွိ။ ထို႔ေၾကာင့္ ေခါင္းေလာင္းသံၾကားေသာ္ အနည္းငယ္ ေၾကာင္အမ္းအမ္းျဖစ္သြား၏။
ထို႔ေနာက္ အိမ္တြင္းစီးဖိနပ္ေကာက္စီးကာ ခရီးေဆာင္အရြယ္အစား တစ္ကိုယ္ရည္သုံးပစၥည္းမ်ားကို ရင္ဘတ္ထဲ ေပြ႕ပိုက္၍ တံခါးဖြင့္ေပးလိုက္သည္။
ေနရာမွာတင္ ၾကက္ေသေသသြားရေတာ့၏။
ရွုက်ဳံးယြမ္က အနက္ေရာင္ကုတ္အကၤ်ီရွည္ကို ဝတ္ဆင္ထားၿပီး မွုန္ကုပ္ကုပ္ႏွင့္ တံခါးေရွ႕တြင္ ရပ္ေနသည္။
လူႏွစ္ေယာက္၊ တံခါးအတြင္းဘက္တြင္ လူတစ္ေယာက္၊ တံခါးအျပင္ဘက္တြင္ ေနာက္ထပ္လူတစ္ေယာက္။ မိနစ္ဝက္မၽွထိ မည္သူမွ စကားမဆိုလာၾကေသး။ အိမ္နီးခ်င္းတစ္ဦး ေဘးမွ ျဖတ္ေလၽွာက္သြားသည့္အခ်ိန္အထိ။ ရွုက်င္းလည္း အိပ္မက္မွ နိုးထလာသကဲ့သို႔ 'အေဖ'ဟု ေခၚလိုက္ၿပီး ေဘးသို႔ ကပ္ေပးလိုက္သည္။
ရွုက်ဳံးယြမ္ တိုက္ခန္းငယ္ေလးထဲ ဝင္လာၿပီးေနာက္ ကုတ္အကၤ်ီႏွင့္ လည္စီးပဝါကို ခၽြတ္ကာ ဆိုဖာထက္ ပစ္တင္လိုက္၏။
"အခန္းက ဘာလို႔အဲ့ေလာက္က်ဥ္းေနရတာလဲ? တိုက္ခန္းက်ယ္က်ယ္ေတာင္ မဝယ္နိုင္ဘူးလား?"
အခန္းထဲ လုံလုံေလာက္ေလာက္ ေႏြးေန၍ ရွုက်င္းက ဆြယ္တာပါးပါးေလးတစ္ထည္သာ ဝတ္ထားေလသည္။
တံခါးအျပင္ဘက္ရွိ ေလေအးမ်ား ဝင္ေရာက္တိုက္ခတ္ေသာ္ ရွုက်င္းတစ္ကိုယ္လုံး တုန္တက္သြားၿပီး တံခါးအျမန္သြားပိတ္လိုက္ရ၏။
ရွုက်ဳံးယြမ္က ေက်နပ္မွုကင္းမဲ့စြာျဖင့္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။
"ငါ မင္းကို ေပးထားတဲ့ ပိုက္ဆံေတြေရာ?"
"အကုန္ ကဒ္ထဲမွာ"
ရွုက်ဳံးယြမ္က ပို၍ပိုကာ မေက်မနပ္ျဖစ္ေတာ့၏။
"ဒါက ငါ ခိုးဆိုးလုယက္ၿပီး ရွာထားတဲ့ေငြေတြ မဟုတ္ဘူးကြ.. ငါ ေသမတတ္ ရွာထားရတာ.. ေငြမည္းေတြသာ အစစ္ခံရကတည္းက ျပန္သိမ္းသြားတာ.. ဒီပိုက္ဆံေတြကို မင္း မသုံးရဲတာလား?"
ရွုက်င္းက ဖခင္ျဖစ္သူ မည္သည့္အခ်ိန္က ထြက္လာခဲ့မွန္း ေမးမေနေတာ့။ ေရခပ္ေပးရန္အတြက္ မီးဖိုေခ်ာင္ထဲ ဝင္သြားၿပီးေနာက္ အေမးျပဳ၏။
"အေဖ.. ကၽြန္ေတာ္ ဒီမွာေနေနမွန္း ဘယ္လိုသိတာလဲ?"
"ဒီမွာ ငါ့အသိမိတ္ေဆြေတြ ရွိတယ္.. သူတို႔နဲ႔ စီးပြားေရးအေၾကာင္း ေဆြးေႏြးဖို႔လာခဲ့တာ.. လမ္းၾကဳံေတာ့ မင္းကို ဝင္လာၾကည့္ဖို႔ကို မင္းဖုန္းနံပါတ္မရွိေတာ့ ကုမၸဏီမွာ သြားေတာင္းလိုက္ရေသးတယ္"
တိုက္ခန္းငယ္ေလး၌ အဝတ္အစားမ်ား၊ အျခားပစၥည္းပစၥယအစုံအလင္ျဖင့္ ရွုပ္ပြေနေခ်သည္။ တစ္ခ်က္ေဝ့ၾကည့္လိုက္႐ုံႏွင့္ပင္ ရွုက်င္း တစ္ေနေနရာသြားေတာ့မည့္အေၾကာင္းကို တန္းသေဘာေပါက္နိုင္၏။
ရွုက်ဳံးယြမ္က အေမးျပဳလာသည္။
"ဘယ္သြားဖို႔လဲ?"
"ႏွစ္သစ္ကူးမွာ အေမ့ဆီသြားဖို႔"
ရွုက်ဳံးယြမ္လည္း ေရတစ္ငုံေသာက္ကာ လက္ခါျပရင္း ဆို၏။
"မသြားနဲ႔.. ငါလည္း ဒီႏွစ္မသြားဘူး.. ဒီမွာပဲ ငါတို႔တူတူ ႏွစ္သစ္ကူးပြဲလုပ္ၾကရေအာင္"
"အင္း"
ထို႔ေနာက္ ရွုက်င္း ေခတၱမၽွ ေတြးေတာၿပီး ဆက္ေျပာလာ၏။
"ဒါေပမယ့္ အေဖ ဒီမွာေနဖို႔ အရမ္းက်ဥ္းေနမယ္.. ကၽြန္ေတာ္ ဟိုတယ္မွာ အခန္းတစ္ခန္း ငွားေပးမယ္ေလ"
ရွုက်ဳံးယြမ္က ခ်က္ခ်င္း ေခါင္းခါကာ ရွုက်င္း၏မ်က္ႏွာကိုသာ အခ်ိန္ၾကာျမင့္စြာ စိုက္ၾကည့္ေနေတာ့သည္။
ရွုက်င္းလည္း ျပန္ၾကည့္လိုက္ရာ အေဖျဖစ္သူမွာ အိုမင္းရင့္ေရာ္ေနေၾကာင္း သတိထားမိလိုက္၏။ မ်က္လုံးေထာင့္မ်ား၌လည္း အေရးအေၾကာင္းမ်ားျဖင့္။ ပိန္ခ်ိကာ ဆံပင္ျဖဴမ်ားလည္း ေပါက္ေနေခ်ၿပီ။
ရွုက်ဳံးယြမ္က တိုးညင္းေသာ္လည္း မေပ်ာ့လွသည့္အသံျဖင့္ ေငါက္လာ၏။
"အခုထိ ရွန့္ရွင္းဟယ္နဲ႔ ေယာက္်ားခ်င္း ႀကိဳက္ေနတုန္းပဲလား?"
ရွုက်င္း ေခါင္းခါျပလိုက္သည္။
"စိတ္မပူပါနဲ႔ ကၽြန္ေတာ္တစ္ေယာက္တည္းေနတာပါ"
ရွုက်ဳံးယြမ္က ယခုထက္ထိ အၾကည့္မလႊဲေသး။ သားျဖစ္သူ မ်က္ႏွာထက္ရွိ ပ်က္ယြင္းသြားေသာ အမူအရာသဲလြန္စကို ရွာေဖြရန္ ႀကိဳးစားေနသည့္ႏွယ္။ လြန္ခဲ့သည့္ ႏွစ္မ်ားကႏွင့္ တစ္ေထရာတည္းပင္။
"ေသခ်ာရဲ့လား?"
"အင္း.. သူနဲ႔ အဆက္အသြယ္မလုပ္ျဖစ္တာေတာင္ ၾကာလွၿပီ"
ရွုက်ဳံးယြမ္၏ဆိုက္ေရာက္လာမွုက ရွုက်င္း၏ေနာက္ဆက္တြဲစီစဥ္မွုမ်ားကို ေႏွာင့္ယွက္လိုက္သလို။
ထိုည၌ ကုမၸဏီက ေဘာနပ္စ္ေပးလိုက္သည့္ အနီေရာင္စာအိတ္ထဲရွိ ေငြျဖင့္ ရွုက်ဳံးယြမ္အတြက္ ဟိုတယ္အေကာင္းစားတြင္ အခန္းငွားေပးလိုက္သည္။ အိမ္ႏွင့္လည္း သိပ္မေဝးလွသည့္ ေနရာမ်ိဳးေပ။ ဟိုတယ္သို႔ လိုက္ပို႔ေပးသည့္လမ္း၌ ရွုက်ဳံးယြမ္အား ဘဏ္ကဒ္ျပန္အပ္လိုက္သည္။ ရွုက်ဳံးယြမ္ကလည္း မျငင္းေခ်။ ယခုအခ်ိန္၌ ပိုက္ဆံလိုအပ္ေနေသာေၾကာင့္။ သို႔ေသာ္ျငား သားျဖစ္သူ ေနထိုင္ေနသည့္ တိုက္ခန္းငယ္ေလးႏွင့္ပတ္သက္၍ အလြန္အမင္း စိတ္မခ်မ္းမသာျဖစ္ေနကာ ေနာက္ႏွစ္၌အလုပ္ႀကိဳးစားၿပီး ရွန့္ခ်မ္းၿမိဳ႕ေတာ္၌ အိမ္ႀကီးတစ္အိမ္ဝယ္ေပးမည့္အေၾကာင္းသာ တဖြဖြ ေျပာေန၏။
ရွုက်ဳံးယြမ္အား ညစာလိုက္ဝယ္ေကၽြးၿပီး လိုအပ္သည္မ်ားကို အစစအရာရာ ဂ႐ုစိုက္ေပးၿပီးေသာ္ အခ်ိန္က အေတာ္အတန္ ေနာက္က်ေနႏွင့္ၿပီ။
Advertisement
- In Serial1534 Chapters
Beauty and the Beasts
As soon as she fell into the world of beastmen, a leopard forcibly took her back to his home. Indeed, Bai Qingqing is at a complete and utter loss. The males in this world are all handsome beyond compare, while the women are all so horrid that even the gods shudder at their sight. As a first-rate girl from the modern world (she’s also a quarter Russian), Bai Qingqing finds herself sitting at the center of a harem filled with beautiful men — at the very peak of existence.
8 473 - In Serial36 Chapters
Thirst of the Heart (COMPLETE)
*Mature content and sexual references*Yasmin grew up with everything she wanted, two loving parents, nice house, great clothes and good friends. So the last thing she expected was to be sold to the highest bidder by her parents.Running from the family she trusted, Yasmin finds her heart thirsting for the guy who saves her from death not knowing he thirst for her blood.Can Yasmin make this work, or will the past get in the way of her future.#1 in cage (2022)#1 in Heat (2020)#1 in sexscenes (2021)#2 in supernatural (2021)#2 in vampire (2021)#3 in mates (2021)
8 329 - In Serial30 Chapters
Invoker
An excellent gamer in the virtual world, but an absolute klutz in the real world. Julius is completely besotted with the school's prettiest flower, Vanessa, and has racked his brains dry on how he is to even get a chance to talk to her, but to no avail. One day, the Game of the Millenium, RoyalRoad, has finished its Beta phase and was finally going public. People were talking about it, and almost everyone was starting to play the game. Julius overheard from his friends that Vanessa was not only a player, but was also one of RoyalRoad's first few Beta testers, which meant only one thing to him. Julius was going to meet his first love in the game of RoyalRoad.
8 162 - In Serial12 Chapters
" It all started with the hate "
so if you cannot take some wet gay erotica you can skippppp/ Madara, the head of his own huge company and Hashirama, a total stranger meet each other at a wrong time and place.But... /
8 171 - In Serial12 Chapters
Meant To Be Luna
She's been rejected.She's been beaten.She's been used.She's been made for a position of power.***When Kristin Knight is rejected and sold at the hands of her mate, she spends two years in captivity, beaten and used. She keeps up with the time through a sky light window, watching the sun rise and fall, marking each new day without a rescue from the man that put her there.So, when given a fleeting moment to escape, she takes it and runs with the sole purpose of not being caught. Only to end up in Black River territory, the fastest growing pack in the nation, found bloody and freezing to death at the hands of Alpha Grayson Black's guards. And the last thing she expects to find is that unmistakable pull of the mate bond to an entirely new Alpha - one stronger than she's ever encountered before.
8 292 - In Serial9 Chapters
How i started to love you (Todobaku)
This is an arrange marriage auTodoroki and Bakugous parents made an agreement that their son's are gonna marry each other for the sake of their business. But of course we all know that those two don't get along so their parents force them to spend time with each other but they both are pretty stubborn to obey orders. What will happen next? Read and find out in "How i started to love you"!Toga and Bakugou are siblings in this story because i really like the idea of them being siblings and toga is not a villain in here, i know that Toga is around the age of Katsuki but i want her to be 4 year's older than Katsuki also this is a second year au, please respect my au that's all and thank you in advance.This is my first MHA fanfic and I'm gonna apologize in advance for spelling and grammar mistakes and also for a crappy story and description so I'm sorry, that's all.Disclaimer: The characters and the cover are not mine.hope you enjoy!
8 159

