《Please Don't See Me [Mm Transl. || Completed]》CHAPTER-7
Advertisement
UNICODE
ရုတ်ခြည်းဆိုသလို နွေးထွေးလှသည့် ခန္ဓာကိုယ်တစ်ခုက ရှုကျင်းနောက်ကျောကို လာမှီ၏။
အတွေးကမ္ဘာထဲ တဝဲလည်လည်ရောက်ရှိနေသည့် ရှုကျင်းခမျာ လန့်ဖျပ်၍ လက်ထဲ၌ ကိုင်ထားသည့် ဖုန်းက ဆိုဖာထက် ဘုတ်ခနဲ ပြုတ်ကျလေသည်။
ရှန့်ရှင်းဟယ်မှာ ခုနလေးတင်မှ ရေမိုးချိုးပြီးစီးသွားခြင်းဖြစ်၏။ ဆံနွယ်မှ တဒေါက်ဒေါက်စီးကျနေသည့် ရေစက်ရေပေါက်များက ရှုကျင်း၏လည်ပင်းအစပ်သို့ ခိုနားသည်။ ထို့နောက် ရှုကျင်းနားရွက်အနီးသို့ ကပ်၍ မေးလိုက်၏။
"ဘယ်သူနဲ့ မက်ဆေ့ချ်တွေ ပို့နေတာလဲ?"
မျက်နှာအနားပို၍ပိုကာ နီးကပ်လာသည်ကို သတိပြုမိသော် ရှုကျင်းက မိမိလက်မိမိ ပြန်ဆုပ်ထားရသည်။
"ကျွန်တော့်လုပ်ဖော်ကိုင်ဖက်ပါ"
ရှုကျင်းက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်ရာ ရှန့်ရှင်းဟယ်က ရှုကျင်း၏ပါးအား ညင်သာစွာ ညှစ်၍ တဘက်ဖြင့် ခေါင်းသုတ်ရန် ထထွက်သွားလေ၏။
နောက်ဆုံးအကြိမ်က ဖြစ်ပွားခဲ့သည့် ရှုကျင်း၏အဖျားနုကြောင့် လွန်ခဲ့သည့်နှစ်ရက်အတွင်း ရှန့်ရှင်းဟယ်က ရှုကျင်းအား ပေါင်ထက်၌ ထိုင်စေခြင်း၊ နှစ်ကြိမ်နှစ်ခါ နမ်းရှိုက်ခြင်းတို့ဖြင့်သာ ဖြေဖျောက်ခဲ့ရသည်။
သို့သည့်တိုင် ရှုကျင်း၏ခန္ဓာကိုယ်က အမြဲပူလောင်မြဲ။
ဘောက်မဲ့ကြောင့် ထိုကဲ့သို့ ဖြစ်နေသည်မှန်းလည်း ပြောပြမတတ်ပါချေ။ ရှန့်ရှင်းဟယ်၏အထိအတွေ့များအား လက်ခံလိုက်ပြီးသည်နှင့် မိမိဘာသာမိမိ ထိန်းချုပ်ထားမနိုင်တော့။
နှစ်ရက်ဟူသော အချိန်ကား မျက်တောင်တစ်ဖျတ်အခတ်တွင် ကုန်လွန်ချေပြီ။
ရှန့်ရှင်းဟယ်နှင့် သူ၏အတွင်းရေးမှူးတို့ နောက်ခရီးစဥ်အတွက် စီစဥ်နေသည်ကို ရှုကျင်း ကြားလိုက်ရပြီးဖြစ်သည်။ ဤနေရာရှိအလုပ်ပြီးမြောက်သည်နှင့် တန်းပြန်ကြမည်မဟုတ်သော်လည်း နောက်ရက်အနည်းငယ်အတွင်း အခြားမြို့တစ်မြို့သို့ သွားကြတော့မည်သာ။
ရှုကျင်း၏ကုမ္ပဏီခွင့်ရက်ကလည်း မကြာမီပြည့်တော့မည်ဖြစ်၏။ သို့သော် HR ဌာနရှိ လုပ်ဖော်ကိုင်ဖက်များအား နောက်ရက်နည်းနည်းမျှ ခွင့်ယူ၍ရ၊မရကို တိတ်တဆိတ် မေးမြန်းခဲ့သည်။
ဘွဲ့ရပြီးသည့်နောက် ရှုကျင်းက ဟိုဟိုသည်သည်၌ အလုပ်ဝင်ကာ အတွေ့အကြုံများစုဆောင်းဖြစ်ခဲ့၏။ လွန်ခဲ့သည့်တစ်နှစ်ခန့်ကမှ ကုမ္ပဏီတစ်ခု၌ လက်ထောက်ဒီဇိုင်နာအဖြစ် တရားဝင်လုပ်ကိုင်ဖြစ်ခဲ့ခြင်း။
ရှုကျင်းက အလုပ်ကြိုးစားကာ စိတ်ကူးစိတ်သန်းအလွန်ကောင်းမွန်သူဖြစ်သည်။ ကုမ္ပဏီ၌လည်း လူသိများ၏။ မိမိပျော်ရွှင်မှုအတွက် အလုပ်ကို ပစ်ပယ်ထားတတ်သည့်လူစားမျိုးမဟုတ်သော်လည်း ခွင့်ရက်အပြင် ပျက်ကွက်ရက်က အင်မတန်များနေပြီ။ နှစ်ကုန်လစာအတိုးအလျော့ကိစ္စ၌လည်း ထိခိုက်နိုင်သည့်အတွက် အသေအချာစဥ်းစားချင့်ချိန်ရန် လုပ်ဖော်ကိုင်ဖက်များက ဖြောင်းဖြကြ၏။
ရှုကျင်းက နှုတ်ပြောအရသာ လက်ခံဖြစ်ခဲ့သော်လည်း ခွင့်ရက်ထပ်ယူရန် နှလုံးသားက ဆုံးဖြတ်ထားပြီးဖြစ်သည်။
သူနှင့် ရှန့်ရှင်းဟယ်က လွန်ခဲ့သည့်နှစ်ရက်ကမှ အတူတူပြန်ရှိခဲ့ကြခြင်းဖြစ်သော်လည်း အနာဂတ်အကြောင်း မည်သူကမှ စကားမစဖြစ်ခဲ့ကြ။
သို့တစေ ရှန့်ရှင်းဟယ်က နောက်တစ်မြို့သို့ သွားရာ၌ သူ့ကိုပါ ခေါ်ဆောင်သွားလျှင်တော့ အကျိုးသင့်အကြောင်းသင့်ပိုရှိမည်သာ။ မည်သို့ပင်ဆိုစေကာမူ နှစ်ဦးအတူတူရှိနိုင်ဖို့ရာ နောက်ရက်အနည်းငယ်မျှ ကျန်သေးသည်ပင်။
"ကို.. လမ်းသွားလျှာက်ချင်လား?"
ရှုကျင်းက သတ္တိမွေး၍ မေးမြန်းခဲ့ခြင်း။
ဆည်းဆာချိန်က တဖြည်းဖြည်း ကျရောက်လာတော့မည်ဖြစ်၍ နေရောင်ခြည်က ရွှေရောင်အလင်းတန်းဖျော့ဖျော့လေးများအဖြစ် နေရာအနှံ့ ပက်ဖျန်းထား၏။
ရှန့်ရှင်းဟယ်က ခေါင်းသုတ်ကာ တဘက်ကို နံဘေး၌ ချထားလိုက်သည်။
"ဟင့်အင်း ကိုယ် မသွားဘူး.. ကိုယ်ဖတ်လို့မပြီးသေးတဲ့ စာရွက်စာတန်းတွေ ကျန်သေးတယ်"
ရှုကျင်းက ရှင်းပြ၏။
"အရမ်းအရေးကြီးလို့လားဟင်? ကျွန်တော်တို့ ပြန်ရောက်လာမှ ဖတ်လို့မရဘူးလား? ကျွန်တော် မနက်ဖြန် ပြန်တော့မှာ.. ဟိုဟိုဒီဒီ လျှောက်ပတ်ကြည့်ချင်သေးတယ်"
ရှန့်ရှင်းဟယ်က ရှုကျင်းအား လှည့်ကြည့်ပြီးနောက် ဝတ်စရာတီရှပ်ကို ရှာဖွေနေသည်။
"နေလို့မကောင်းတာမျိုး မဖြစ်တော့ဘူးပေါ့?"
"အမ်"
ဖျားနာခြင်းအပြင် ခန္ဓာကိုယ်အောက်ပိုင်းက အင်မတန် နာကျင်နေသည်မှာ နှစ်ရက်မျှရှိနေပြီဖြစ်သော်ငြား ယခု သက်သာသွားပြီဖြစ်၏။
ရှန့်ရှင်းဟယ်က မျက်နှာကျက်မှသည် ကြမ်းပြင်အထိ အနံကျယ်သော ပြတင်းပေါက်ရှေ့၌ မတ်တပ်ရပ်ကာ အဝတ်ဝတ်နေသည်။ လှုပ်ရှားလိုက်တိုင်း ရပ်အုပ်ကျယ်ကျယ်၊ ဝမ်းဗိုက်ကြွက်သားများဟာ ဆည်းဆာရောင်ခြည်အောက်၌ အင်မတန် နွေးထွေးကြည့်ကောင်း၏။ သို့သော် နှုတ်ဖျားမှ ထွက်လာသည့် စကားများကတော့ မနွေးထွေးနိုင်တော့။
"မြန်မြန်သွားပြီး ကြည့်ရုံပဲကြည့်ခဲ့နော်.. အဝေးကြီး လျှောက်မသွားရဘူး"
ဤသို့ စကားဆိုပြီးသည်နှင့် ရေခွက်တင်ထားသည့် စားပွဲဆီ သွားကာ စာရွက်စာတမ်းများကို ယူဆောင်ပြီးနောက် အပြင်သို့ လမ်းလျှောက်ထွက်သွားလေသည်။
ရှုကျင်းမှာ နှာခေါင်းထဲမှ ဖြစ်တည်လာသည့် နာကျင်ခြင်းဒဏ်ကို အောင့်အည်းမထားနိုင်တော့။ ပြတင်းပေါက်အပြင်ဘက်သို့ အမြန်ကြည့်ကာ မျက်ရည်များကို ထိန်းထားလိုက်ရသည်။
အပြင်ဘက်သို့ရောက်သည့်တိုင် အခြေအနေ ပိုမကောင်းလာ။
ဤသည်က သူ၏အမြင်အာရုံသက်သက်လော မရှင်းပြတတ်ပါချေ။ အပြင်ဘက်၌ မျက်မှန်းတန်းမိသမျှ လူတိုင်းက အတွဲကိုယ်စီနှင့် လက်တွဲရင်း ကမ်းခြေ၌ အပျင်းပြေလမ်းလျှောက်နေကြလေသည်။ ရှုကျင်းတစ်ယောက်တည်းကသာ အဖော်မပါ တစ်ကိုယ်ထီးတည်း ဖြစ်နေရ၏။
ကောင်းကင်မှောင်မည်းလာသည်အထိနေပြီးမှ ဟိုတယ်သို့ ပြန်လာခဲ့သည်။ ရှန့်ရှင်းဟယ်က အခန်းထဲ၌ ရှိမနေချေ။ ရှုကျင်းလည်း ကိုယ့်အခန်းကိုယ် ပြန်သွားကာ ရေချိုးပြီးနောက် အိပ်ရာဝင်တော့သည်။
သန်းခေါင်ကျော်အချိန်အထိ အိပ်ပျော်သွားခဲ့၏။
တစ်စုံတစ်ယောက်က သူ၏ခြေသလုံးအား လာဆွဲနေမှန်း ခံစားမိသည်။
အခန်းထဲ၌ မီးအမှောင်ချထား၍ သဲသဲကွဲကွဲမမြင်ရ။ ရှုကျင်းက ရင်းနှီးကျွမ်းဝင်နေသည့် အနံ့အား ရှူရှိုက်မိပြီးနောက် နှုတ်မှ 'ကို'ဟု လွှတ်ခနဲ ထွက်လာသည်။
ရှန့်ရှင်းဟယ်က မလှုပ်ရန် ဆိုပြီးနောက် ဖြည်းညင်းညင်သာစွာ စတင်လှုပ်ရှားတော့သည်။
ရှုကျင်းက ရှန့်ရှင်းဟယ်၏လည်ပင်းကို လက်မောင်းများဖြင့် ဖက်တွယ်ထားချင်သော်ငြား အသံမထွက်ဘဲ မနေနိုင်သည့်အဆုံး ခေါင်းအုံးစကိုသာ ကိုက်ခဲထားရ၏။ ဆယ်ကျော်သက်အရွယ်၊ ဒုတိယအထပ်ရှိ အခန်းထဲ၌ ပုန်းနေခဲ့စဥ်တုန်းကအတိုင်း။
ပတ်ဖ်က ကုတင်အောက်၌ အိပ်နေကာ မကြာမကြာဆိုသလို ကုတင်ထက်ရှိ ဆယ်ကျော်သက်ကောင်ငယ်လေးနှစ်ဦး၏ဆူဆူညံညံအသံများကို နားစွင့်လျက်ရှိ၏။
Advertisement
ရှက်သွေးဖြာနေသည့် တစ်ဆယ့်ရှစ်နှစ်အရွယ်ရှုကျင်းက မကျေမနပ်ပြောလေသည်။
"မလုပ်ဘူးလား?"
ထို့နောက် ခန္ဓာကိုယ်ကို တစ်ဖက်လှည့်ရင်း ရန်စပြန်၏။
"မလုပ်ရဲသေးဘူးပေါ့?"
အတိတ်၌ မိန်းမောတွေဝေနေမိဆဲမှာပင် ရှန့်ရှင်းဟယ်၏အမေးစကားကို ကြားလိုက်ရသည်။
"ကိုယ့်အခန်းနံပါတ်ကို ဘာလို့တောင်းခဲ့တာလဲ?"
ရှုကျင်း၏အသည်းစိုင်တစ်ခုလုံး တုန်လှုပ်သွားရ၏။ ပြန်လည် မဖြေကြားရဲ။
အမှောင်ထုထဲမှာပင် ရှန့်ရှင်းဟယ်က မေးလာပြန်သည်။
"ကိုယ့်ကိုတွေ့တော့ ဘာလို့ငိုတာလဲ?"
ရှန့်ရှင်းဟယ်က ကုတင်နံဘေးရှိ မီးအိမ်လေးကို ဖွင့်လိုက်၏။
ရှုကျင်းက အရှက်ကြီးစွာဖြင့် ခေါင်းကို ဘေးလှည့်လိုက်လေသည်။ မျက်နှာပြင်တစ်ခုလုံး၌ မျက်ရည်များဖြင့် ပြည့်နှက်နေကာ နှာခေါင်းနှင့် ပါးများဟာလည်း နီရဲတွတ်နေ၏။ နှုတ်ခမ်းကိုလည်း စေ့စေ့ကိုက်ထားသေးသည်။
နောက်ဆုံးတော့ ရှန့်ရှင်းဟယ်လည်း သည်းမခံနိုင်တော့ဘဲ ဒေါသအလိပ်လိပ်ထွက်ချေပြီ။ ရှုကျင်း၏မေးဖျားအား လက်ဖြင့် ဆွဲလှည့်ကာ မျက်နှာအား ဖုံးကွယ်ဖို့ရာ အခွင့်အရေးမပေးတော့။ ထို့နောက် အေးစက်စွာ ပြောလိုက်သည်။
"ရှုကျင်း ငါ့ကိုကြည့်"
ရှုကျင်း၏မျက်ရည်စများက မျက်လုံးထောင့်မှတစ်ဆင့် ခေါင်းအုံးထက်သို့ လိမ့်ဆင်းသွား၏။ သို့သော်လည်း ရှန့်ရှင်းဟယ်၏လက်မှ လွတ်အောင် မျက်နှာအား ဟိုဖက်သည်ဖက်လှည့်နေသေးသည်။ ရှန့်ရှင်းဟယ်အား တည့်တည့်ကြည့်ဖို့ရာ မဝံ့မရဲဖြစ်နေရ၏။
ရှန့်ရှင်းဟယ်၏ဒေါသထွက်နေသော မျက်နှာအမူအရာနှင့် ညီတူညီမျှနီရဲနေသည့် မျက်ဝန်းများကို မြင်လိုက်ရချေသည်။ သို့သော် ရှုကျင်း၏အကြည့်က မီးခိုးမှိုင်းရောင်သန်းနေပါသော ဖန်ထည်မျက်လုံးထံ ကျရောက်သွားချိန်ဝယ် အသိစိတ်များ ပြန်ကပ်ကာ ကျောချမ်းသွားရ၏။
ရှန့်ရှင်းဟယ်က အံကြိတ်ကာ ဆိုသည်။
"မင်း ပြောတာနဲ့ ကိုယ် မင်းဆီ ပြန်လာမှာ.. အရင်တုန်းက ပြောခဲ့တဲ့စကားကို ပြန်ရုပ်သိမ်း.. ငါတို့ မတွေ့ဖြစ်ခဲ့တဲ့ ဒီငါးနှစ်က ဘာမှဟုတ်တော့မှာမဟုတ်ဘူး.. စကားတစ်ခွန်းသာ ပြောလိုက်.. ကိုယ် ပြန်လာမယ်"
မြန်ဆန်လှသော တစ်မိနစ်က ယခုကျမှ ဖြည်းညင်းလွန်းနေသလို။
ရှန့်ရှင်းဟယ်၏အသံက အနည်းငယ် တုန်ယင်နေ၏။ ထို့နောက် ကျယ်လောင်စွာ အော်ငေါက်လိုက်လေသည်။
"ပြောလို့!"
ရှုကျင်းက ယခုထိတိုင် စကားတစ်ခွန်းမျှ မဟနိုင်သေး။
အဆုံးတွင်တော့ ရှန့်ရှင်းဟယ်လည်း လွှတ်ပေးလိုက်ကာ ရှုကျင်းအား ဗလာသဖွယ် ငေးစိုက်ကြည့်နေတော့သည်။ ဆယ်စက္ကန့်မျှအကြာ၌ ရှုကျင်းအား ကျောပေးလိုက်၏။
နံနက်ရောက်၍ ရှုကျင်းနိုးလာသော် ရှန့်ရှင်းဟယ် ထွက်သွားလေပြီ။
ဟိုတယ်ဧည့်ကြိုကောင်တာမှ ဖုန်းဆက်လာ၏။
"မစ္စတာရှန့်က အခန်းခရှင်းပေးခဲ့ပြီးပါပြီ.. ဧည့်သည် စိတ်တိုင်းကျ ဆက်နေလို့ရပါတယ်"
ညအိတ်ဝတ်စုံဝတ်ထားဆဲ ရှုကျင်းလည်း ဟိုတယ်ဧည့်ခန်းရှိ ဆိုဖာထက်၌ ထိုင်ချလိုက်သည်။ ရှန့်ရှင်းဟယ်ပိုင်ဆိုင်သည့် အရာအားလုံး ပြန်လည်ပျောက်ကွယ်သွားချေပြီ။ နေ့လယ်ခင်း နှစ်နှာရီထွက်မည့် လေယာဥ်လက်မှတ်ပါးပါးလေးတစ်ချပ်သာ စားပွဲထက်၌ တင်ထားလေ၏။
ပြတင်းပေါက်မှတစ်ဆင့် ပြာနုနုပင်လယ်ပြင်ကြီးအား လှမ်းကြည့်လိုက်သော် လွန်ခဲ့သည့်နှစ်ရက်က ဖြစ်ပျက်ခဲ့သော အရာအားလုံးဟာ အိပ်မက်သာသာ။
ရှုကျင်းလည်း တွေဝေစွာ ရေရွတ်လေသည်။
"မဟုတ်ဘူး.. ငါလည်း ပြန်မှကို ရမယ်"
~~~
ရှန့်ချန်းမြို့တော်သို့ ပြန်ရောက်သော ရှုကျင်းက ခွင့်တစ်ရက်ယူကာ အလုပ်သို့ ပြန်မသွားမီည၌ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ညစာသွားစားလေ၏။
ဆောင်းရာသီအစ၌ပင် အပူချိန်က အလျင်အမြန် ကျဆင်းသည်။ ရှုကျင်း မြို့တော်မှထွက်ခွာခဲ့စဥ်က အပေါ်ထပ်ဂျာကင်လေးတစ်ထည်သာ ဝတ်ရန်လိုခဲ့သော်လည်း ပြန်လည်ရောက်ရှိလာချိန်ဝယ် ဆောင်းရာသီအဝတ်အစားများအား လုံလုံခြုံခြုံဝတ်နေရပြီ။
ရှုကျင်းလည်း သိုးမွေးကုတ်တစ်ထည်ကို ဝတ်ဆင်လိုက်ပြီးနောက် လှေကားမှ ဆင်းလာခဲ့သည်။ ခိုက်ခိုက်တုန်အောင် ချမ်းနေရသဖြင့် အပေါ်သို့ပြန်တက်ကာ သိုးမွေးဂျာကင်ပါးပါးလေးတစ်ထည်ကို ထပ်ဝတ်လိုက်ရသေး၏။ သို့သည့်တိုင် အပြင်သို့ ရောက်သည်နှင့် ဆောင်းလေအဝှေ့တွင် အသည်းခိုက်အောင် ချမ်းလာရသည်။ ထို့နောက်တွင်မှ သူနားလည်လိုက်သည်က အေးစက်မှုဟာ အပြင်ပန်းကြောင့် မဟုတ်ဟူ၍။
အိမ်မှထွက်ခွာလာသည့် ပထမနှစ်ကျောင်းသားအရွယ်တွင်လည်း ထိုကဲ့သို့ ခံစားခဲ့ရဖူးလေသည်။
ကောလိပ်အဆောင်၌နေစဥ်အခါကလည်း အခန်းဖော်များက အခန်းအပူချိန်ကို အမြင့်ဆုံးအထိ မြှင့်ထားပြီးဖြစ်ကြောင်း ပြောသည့်တိုင် ရှုကျင်းတစ်ယောက်တည်းကသာ မနေထိမထိုင်သာ ချမ်းနေရ၏။ အားလပ်ရက်များရောက်၍ အဆောင်က လူရှင်းသွားသည့်အခါ စောင်ဖြင့် တစ်ကိုယ်လုံးကို ပတ်ခြုံထားသည်တိုင် ကြက်သီးတဖြန်းဖြန်းထ၍ ချမ်းနေသေးသည်။
ကောလိပ်မှ ဘွဲ့ရသည်နှင့် အဆောင်မှထွက်ခွာလာခဲ့၏။ သုံးအိမ်မြောက် ငှားနေသည့်တိုင် အိမ်ရှင်၏အိမ်၌ တစ်စုံတစ်ခု လစ်ဟာနေသည်ဟုသာ ထင်နေမြဲ။
တဖြည်းဖြည်းနှင့် သူလည်း အိမ်ဆက်မပြောင်းဖြစ်တော့။
ဖြည်းညင်းစွာဖြင့် လူများနှင့် ပို၍သိကျွမ်းလာကာ သူငယ်ချင်းများလည်း ပိုမိုရရှိလာခဲ့သည်။ အအေးဓာတ်က တိတ်တဆိတ် မှိန်လျော့သွားချေပြီ။ ရှုကျင်းလည်း လွယ်လွယ်အထီးမကျန်တတ်တော့။
ခန့်မှန်းထားသည့်အတိုင်းပင် လုပ်ဖော်ကိုင်ဖက်များက ဘူဖေးစားသောက်ဆိုင်ကိုသာ ရွေးချယ်ဖြစ်ကြသည်။
ဌာနမှ တစ်ဒါဇင်ကျော်သော လုပ်ဖော်ကိုင်ဖက်များ မြိုင်မြိုင်ဆိုင်ဆိုင် ရောက်လာကြကာ ဟိုအကြောင်းစပ်စပ် သည်အကြောင်းစပ်စပ် တတွတ်တွတ် ပြောကြ၏။ လင်ဝမ်းက ပြောသည့်စကားအတိုင်း လက်တွေ့လုပ်ဆောင်ခဲ့သည်ပင်။ ရှုကျင်းအား ကျေးဇူးပြန်ဆပ်သည့်အနေဖြင့် လူတိုင်းအတွက် ကုန်ကျငွေကို ရှင်းပေးခဲ့သည်။
လူငယ်များက ပိုမိုတက်ကြွ၏။ အစာစားနေရင်း ဂိမ်းဆော့လိုက်၊ ဟာသပြောလိုက်ဖြင့် မြူးကြွနေတော့သည်။
ရှုကျင်းက ပုံမှန်ထက် ပို၍တိတ်ဆိတ်နေ၏။ လူတိုင်းက သူ့အား ခရီးပန်းနေဆဲဟုသာ မှတ်ထင်ထားသည်။
လင်ဝမ်းက ခရီးစဥ်တစ်လျှောက် ရိုက်ယူခဲ့သည့် ဓာတ်ပုံများကို အားလုံးနှင့် ဝေမျှထားခဲ့ပြီးဖြစ်၏။ ရှုကျင်း ပြန်လာသည်နှင့် လူတိုင်းက ရှန့်ရှင်းဟယ်အကြောင်းကိုသာ စုပြုံမေးကြလေသည်။
ရှုကျင်းကတော့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးဖြစ်၍ မယိုင်မလဲ ဟန်ဆောင်နိုင်ခဲ့၏။ သဘာဝကျကျသာ သရုပ်ဆောင်၍ ပြန်လည်ဖြေကြားလေသည်။
Advertisement
"ရှန့်ရှင်းဟယ်က ယွဲ့ချန်ကလို့ပဲ ကြားဖူးတာ"
အခြားလုပ်ဖော်ကိုင်ဖက်တစ်ဦးက ထပ်ပြော၏။
"ရှုကျင်းလည်း ယွဲ့ချန်ကပဲလေ.. ဒါပေမယ့် သူတို့နှစ်ယောက်က သိနေကြမယ်လို့ မထင်ထားခဲ့ဘူး! နာမည်ကြီးတစ်ယောက်ရဲ့ မိတ်ဆွေက ငါနဲ့ရင်းနှီးနေတယ်ဆိုတာ ငါ့အတွက် ပထမဆုံးပဲ.. အရမ်းမိုက်တာပဲကွာ"
နောက်ထပ်တစ်ဦးကလည်း ထပ်မံပြောဆိုသည်။
"ရိုးရိုးမိတ်ဆွေတောင် မဟုတ်သေးဘူးကွ.. ရှုကျင်းက ရှန့်ရှင်းဟယ်ရဲ့ညီလေးဆိုပြီး သူကိုယ်တိုင် ပြောခဲ့တာမလား"
လူတိုင်းကလည်း စိတ်ဝင်တစားဖြင့် သူတို့နှစ်ဦးကြားက ဆက်ဆံရေးအကြောင်းကို မေးမြန်းကြတော့၏။
ရှုကျင်းလည်း ပြန်ဖြေသည်။
"သူက ကျွန်တော့်ထက် အသက်လည်း ကြီးတယ်လေ.. ကျွန်တော်တို့အိမ်မှာလည်း တစ်ခါနေဖူးတော့.. အဲ့ဒါကြောင့်ပါ.. တကယ်တော့ ကျွန်တော်တို့က အဲ့လောက်ကြီးထိ မရင်းနှီးပါဘူး"
တစ်စုံတစ်ဦးက အမေးပြုလာ၏။
"ဟေး.. သူ့မျက်လုံးတစ်ဖက်လေ... အဲ့ဒါ မင်းတို့ စတွေ့တုန်းကရော အဲ့လိုပဲလား?"
ရှုကျင်းက စားပွဲရှည်ကြီး၏အစွန်းတစ်ဖက်၌ ထိုင်နေခြင်းဖြစ်သည်။ ပွက်ပွက်ဆူနေသည့် ဟော့ပေါ့အိုးထဲမှ ဟင်းသီးဟင်းရွက်အား တူဖြင့် ညှပ်ယူနေသည့် ရှုကျင်း၏လက်များ ရုတ်ခနဲ ရပ်တန့်သွား၏။
"အမ်.."
လင်ဝမ်းလည်း ရှုကျင်းထံ တိုးလာကာ ပခုံးအား တွတ်ရင်း မေးမြန်းလိုက်သည်။
"မစ္စတာရှန့်က သူ့ကစားဖော်တစ်ယောက်ကြောင့် ကန်းသွားတာဆို.. တကယ်ကြီးလား? ဟမ်?"
တူကိုင်ထားသည့် လက်ချောင်းများက တဖြည်းဖြည်း အားလျော့သွားကာ နောက်ဆုံး၌ ဟင်းသီးဟင်းရွက်လည်း အိုးထဲ ပြန်ပြုတ်ကျသွားတော့သည်။
ထို့နောက် သူကိုယ်တိုင် ပြောသည်ကို သူ့နားထဲ ပြန်ကြားနေရ၏။
"ကျွန်တော် မသိဘူး"
လင်ဝမ်းလည်း ပခုံးတွန့်ပြကာ ဤခေါင်းစဥ်အား ရပ်တန့်လိုက်တော့သည်။
လုပ်ဖော်ကိုင်ဖက်များက အခြားသော အကြောင်းအရာများကို စီကာပတ်ကုံးပြောနေကြစဥ် လင်ဝမ်းက နေရာ၌ ငုတ်တုတ်ထိုင်ကာ စိတ်နှင့်လူနှင့်မကပ်သော ရှုကျင်းအား အဆင်ပြေ၊ မပြေ မေးမြန်းလိုက်၏။
ရှုကျင်းက မော့ကြည့်လိုက်သည်။ မျက်နှာများက အဆမတန် ဖြူလျော့နေရင်း ရုတ်တရက် ပြောလိုက်၏။
"အဲ့ဒါ ကျွန်တော်ပဲ"
အခန်းထဲ၌ အသံက အင်မတန် ဆူညံနေ၍ လင်ဝမ်း ကောင်းကောင်းမွန်မွန် ကြားဖို့ရာ ရှုကျင်း၏အသံက လုံလောက်စွာ မကျယ်ချေ။
"ဘာကို?"
ရှုကျင်းလည်း ထိုအသံအနေအထားအတိုင်း ထိန်းရင်း လင်ဝမ်းအား ဖွင့်ဟပြောလိုက်၏။
"ရှန့်ရှင်းဟယ်ရဲ့မျက်လုံးတစ်ဖက်ကို ဖျက်ဆီးခဲ့တာက ကျွန်တော်ပဲလို့"
ZAWGYI
႐ုတ္ျခည္းဆိုသလို ေႏြးေထြးလွသည့္ ခႏၶာကိုယ္တစ္ခုက ရွုက်င္းေနာက္ေက်ာကို လာမွီ၏။
အေတြးကမၻာထဲ တဝဲလည္လည္ေရာက္ရွိေနသည့္ ရွုက်င္းခမ်ာ လန့္ဖ်ပ္၍ လက္ထဲ၌ ကိုင္ထားသည့္ ဖုန္းက ဆိုဖာထက္ ဘုတ္ခနဲ ျပဳတ္က်ေလသည္။
ရွန့္ရွင္းဟယ္မွာ ခုနေလးတင္မွ ေရမိုးခ်ိဳးၿပီးစီးသြားျခင္းျဖစ္၏။ ဆံႏြယ္မွ တေဒါက္ေဒါက္စီးက်ေနသည့္ ေရစက္ေရေပါက္မ်ားက ရွုက်င္း၏လည္ပင္းအစပ္သို႔ ခိုနားသည္။ ထို႔ေနာက္ ရွုက်င္းနားရြက္အနီးသို႔ ကပ္၍ ေမးလိုက္၏။
"ဘယ္သူနဲ႔ မက္ေဆ့ခ်္ေတြ ပို႔ေနတာလဲ?"
မ်က္ႏွာအနားပို၍ပိုကာ နီးကပ္လာသည္ကို သတိျပဳမိေသာ္ ရွုက်င္းက မိမိလက္မိမိ ျပန္ဆုပ္ထားရသည္။
"ကၽြန္ေတာ့္လုပ္ေဖာ္ကိုင္ဖက္ပါ"
ရွုက်င္းက ေပါ့ေပါ့ပါးပါး ျပန္ေျဖလိုက္ရာ ရွန့္ရွင္းဟယ္က ရွုက်င္း၏ပါးအား ညင္သာစြာ ညႇစ္၍ တဘက္ျဖင့္ ေခါင္းသုတ္ရန္ ထထြက္သြားေလ၏။
ေနာက္ဆုံးအႀကိမ္က ျဖစ္ပြားခဲ့သည့္ ရွုက်င္း၏အဖ်ားႏုေၾကာင့္ လြန္ခဲ့သည့္ႏွစ္ရက္အတြင္း ရွန့္ရွင္းဟယ္က ရွုက်င္းအား ေပါင္ထက္၌ ထိုင္ေစျခင္း၊ ႏွစ္ႀကိမ္ႏွစ္ခါ နမ္းရွိုက္ျခင္းတို႔ျဖင့္သာ ေျဖေဖ်ာက္ခဲ့ရသည္။
သို႔သည့္တိုင္ ရွုက်င္း၏ခႏၶာကိုယ္က အျမဲပူေလာင္ျမဲ။
ေဘာက္မဲ့ေၾကာင့္ ထိုကဲ့သို႔ ျဖစ္ေနသည္မွန္းလည္း ေျပာျပမတတ္ပါေခ်။ ရွန့္ရွင္းဟယ္၏အထိအေတြ႕မ်ားအား လက္ခံလိုက္ၿပီးသည္ႏွင့္ မိမိဘာသာမိမိ ထိန္းခ်ဳပ္ထားမနိုင္ေတာ့။
ႏွစ္ရက္ဟူေသာ အခ်ိန္ကား မ်က္ေတာင္တစ္ဖ်တ္အခတ္တြင္ ကုန္လြန္ေခ်ၿပီ။
ရွန့္ရွင္းဟယ္ႏွင့္ သူ၏အတြင္းေရးမွူးတို႔ ေနာက္ခရီးစဥ္အတြက္ စီစဥ္ေနသည္ကို ရွုက်င္း ၾကားလိုက္ရၿပီးျဖစ္သည္။ ဤေနရာရွိအလုပ္ၿပီးေျမာက္သည္ႏွင့္ တန္းျပန္ၾကမည္မဟုတ္ေသာ္လည္း ေနာက္ရက္အနည္းငယ္အတြင္း အျခားၿမိဳ႕တစ္ၿမိဳ႕သို႔ သြားၾကေတာ့မည္သာ။
ရွုက်င္း၏ကုမၸဏီခြင့္ရက္ကလည္း မၾကာမီျပည့္ေတာ့မည္ျဖစ္၏။ သို႔ေသာ္ HR ဌာနရွိ လုပ္ေဖာ္ကိုင္ဖက္မ်ားအား ေနာက္ရက္နည္းနည္းမၽွ ခြင့္ယူ၍ရ၊မရကို တိတ္တဆိတ္ ေမးျမန္းခဲ့သည္။
ဘြဲ႕ရၿပီးသည့္ေနာက္ ရွုက်င္းက ဟိုဟိုသည္သည္၌ အလုပ္ဝင္ကာ အေတြ႕အၾကဳံမ်ားစုေဆာင္းျဖစ္ခဲ့၏။ လြန္ခဲ့သည့္တစ္ႏွစ္ခန့္ကမွ ကုမၸဏီတစ္ခု၌ လက္ေထာက္ဒီဇိုင္နာအျဖစ္ တရားဝင္လုပ္ကိုင္ျဖစ္ခဲ့ျခင္း။
ရွုက်င္းက အလုပ္ႀကိဳးစားကာ စိတ္ကူးစိတ္သန္းအလြန္ေကာင္းမြန္သူျဖစ္သည္။ ကုမၸဏီ၌လည္း လူသိမ်ား၏။ မိမိေပ်ာ္ရႊင္မွုအတြက္ အလုပ္ကို ပစ္ပယ္ထားတတ္သည့္လူစားမ်ိဳးမဟုတ္ေသာ္လည္း ခြင့္ရက္အျပင္ ပ်က္ကြက္ရက္က အင္မတန္မ်ားေနၿပီ။ ႏွစ္ကုန္လစာအတိုးအေလ်ာ့ကိစၥ၌လည္း ထိခိုက္နိုင္သည့္အတြက္ အေသအခ်ာစဥ္းစားခ်င့္ခ်ိန္ရန္ လုပ္ေဖာ္ကိုင္ဖက္မ်ားက ေျဖာင္းျဖၾက၏။
ရွုက်င္းက ႏွုတ္ေျပာအရသာ လက္ခံျဖစ္ခဲ့ေသာ္လည္း ခြင့္ရက္ထပ္ယူရန္ ႏွလုံးသားက ဆုံးျဖတ္ထားၿပီးျဖစ္သည္။
သူႏွင့္ ရွန့္ရွင္းဟယ္က လြန္ခဲ့သည့္ႏွစ္ရက္ကမွ အတူတူျပန္ရွိခဲ့ၾကျခင္းျဖစ္ေသာ္လည္း အနာဂတ္အေၾကာင္း မည္သူကမွ စကားမစျဖစ္ခဲ့ၾက။
သို႔တေစ ရွန့္ရွင္းဟယ္က ေနာက္တစ္ၿမိဳ႕သို႔ သြားရာ၌ သူ႔ကိုပါ ေခၚေဆာင္သြားလၽွင္ေတာ့ အက်ိဳးသင့္အေၾကာင္းသင့္ပိုရွိမည္သာ။ မည္သို႔ပင္ဆိုေစကာမူ ႏွစ္ဦးအတူတူရွိနိုင္ဖို႔ရာ ေနာက္ရက္အနည္းငယ္မၽွ က်န္ေသးသည္ပင္။
"ကို.. လမ္းသြားလၽွာက္ခ်င္လား?"
ရွုက်င္းက သတၱိေမြး၍ ေမးျမန္းခဲ့ျခင္း။
ဆည္းဆာခ်ိန္က တျဖည္းျဖည္း က်ေရာက္လာေတာ့မည္ျဖစ္၍ ေနေရာင္ျခည္က ေရႊေရာင္အလင္းတန္းေဖ်ာ့ေဖ်ာ့ေလးမ်ားအျဖစ္ ေနရာအႏွံ့ ပက္ဖ်န္းထား၏။
ရွန့္ရွင္းဟယ္က ေခါင္းသုတ္ကာ တဘက္ကို နံေဘး၌ ခ်ထားလိုက္သည္။
"ဟင့္အင္း ကိုယ္ မသြားဘူး.. ကိုယ္ဖတ္လို႔မၿပီးေသးတဲ့ စာရြက္စာတန္းေတြ က်န္ေသးတယ္"
ရွုက်င္းက ရွင္းျပ၏။
"အရမ္းအေရးႀကီးလို႔လားဟင္? ကၽြန္ေတာ္တို႔ ျပန္ေရာက္လာမွ ဖတ္လို႔မရဘူးလား? ကၽြန္ေတာ္ မနက္ျဖန္ ျပန္ေတာ့မွာ.. ဟိုဟိုဒီဒီ ေလၽွာက္ပတ္ၾကည့္ခ်င္ေသးတယ္"
ရွန့္ရွင္းဟယ္က ရွုက်င္းအား လွည့္ၾကည့္ၿပီးေနာက္ ဝတ္စရာတီရွပ္ကို ရွာေဖြေနသည္။
"ေနလို႔မေကာင္းတာမ်ိဳး မျဖစ္ေတာ့ဘူးေပါ့?"
"အမ္"
ဖ်ားနာျခင္းအျပင္ ခႏၶာကိုယ္ေအာက္ပိုင္းက အင္မတန္ နာက်င္ေနသည္မွာ ႏွစ္ရက္မၽွရွိေနၿပီျဖစ္ေသာ္ျငား ယခု သက္သာသြားၿပီျဖစ္၏။
ရွန့္ရွင္းဟယ္က မ်က္ႏွာက်က္မွသည္ ၾကမ္းျပင္အထိ အနံက်ယ္ေသာ ျပတင္းေပါက္ေရွ႕၌ မတ္တပ္ရပ္ကာ အဝတ္ဝတ္ေနသည္။ လွုပ္ရွားလိုက္တိုင္း ရပ္အုပ္က်ယ္က်ယ္၊ ဝမ္းဗိုက္ႂကြက္သားမ်ားဟာ ဆည္းဆာေရာင္ျခည္ေအာက္၌ အင္မတန္ ေႏြးေထြးၾကည့္ေကာင္း၏။ သို႔ေသာ္ ႏွုတ္ဖ်ားမွ ထြက္လာသည့္ စကားမ်ားကေတာ့ မေႏြးေထြးနိုင္ေတာ့။
"ျမန္ျမန္သြားၿပီး ၾကည့္႐ုံပဲၾကည့္ခဲ့ေနာ္.. အေဝးႀကီး ေလၽွာက္မသြားရဘူး"
ဤသို႔ စကားဆိုၿပီးသည္ႏွင့္ ေရခြက္တင္ထားသည့္ စားပြဲဆီ သြားကာ စာရြက္စာတမ္းမ်ားကို ယူေဆာင္ၿပီးေနာက္ အျပင္သို႔ လမ္းေလၽွာက္ထြက္သြားေလသည္။
ရွုက်င္းမွာ ႏွာေခါင္းထဲမွ ျဖစ္တည္လာသည့္ နာက်င္ျခင္းဒဏ္ကို ေအာင့္အည္းမထားနိုင္ေတာ့။ ျပတင္းေပါက္အျပင္ဘက္သို႔ အျမန္ၾကည့္ကာ မ်က္ရည္မ်ားကို ထိန္းထားလိုက္ရသည္။
အျပင္ဘက္သို႔ေရာက္သည့္တိုင္ အေျခအေန ပိုမေကာင္းလာ။
ဤသည္က သူ၏အျမင္အာ႐ုံသက္သက္ေလာ မရွင္းျပတတ္ပါေခ်။ အျပင္ဘက္၌ မ်က္မွန္းတန္းမိသမၽွ လူတိုင္းက အတြဲကိုယ္စီႏွင့္ လက္တြဲရင္း ကမ္းေျခ၌ အပ်င္းေျပလမ္းေလၽွာက္ေနၾကေလသည္။ ရွုက်င္းတစ္ေယာက္တည္းကသာ အေဖာ္မပါ တစ္ကိုယ္ထီးတည္း ျဖစ္ေနရ၏။
ေကာင္းကင္ေမွာင္မည္းလာသည္အထိေနၿပီးမွ ဟိုတယ္သို႔ ျပန္လာခဲ့သည္။ ရွန့္ရွင္းဟယ္က အခန္းထဲ၌ ရွိမေနေခ်။ ရွုက်င္းလည္း ကိုယ့္အခန္းကိုယ္ ျပန္သြားကာ ေရခ်ိဳးၿပီးေနာက္ အိပ္ရာဝင္ေတာ့သည္။
သန္းေခါင္ေက်ာ္အခ်ိန္အထိ အိပ္ေပ်ာ္သြားခဲ့၏။
တစ္စုံတစ္ေယာက္က သူ၏ေျခသလုံးအား လာဆြဲေနမွန္း ခံစားမိသည္။
အခန္းထဲ၌ မီးအေမွာင္ခ်ထား၍ သဲသဲကြဲကြဲမျမင္ရ။ ရွုက်င္းက ရင္းႏွီးကၽြမ္းဝင္ေနသည့္ အနံ႔အား ရွူရွိုက္မိၿပီးေနာက္ ႏွုတ္မွ 'ကို'ဟု လႊတ္ခနဲ ထြက္လာသည္။
ရွန့္ရွင္းဟယ္က မလွုပ္ရန္ ဆိုၿပီးေနာက္ ျဖည္းညင္းညင္သာစြာ စတင္လွုပ္ရွားေတာ့သည္။
ရွုက်င္းက ရွန့္ရွင္းဟယ္၏လည္ပင္းကို လက္ေမာင္းမ်ားျဖင့္ ဖက္တြယ္ထားခ်င္ေသာ္ျငား အသံမထြက္ဘဲ မေနနိုင္သည့္အဆုံး ေခါင္းအုံးစကိုသာ ကိုက္ခဲထားရ၏။ ဆယ္ေက်ာ္သက္အရြယ္၊ ဒုတိယအထပ္ရွိ အခန္းထဲ၌ ပုန္းေနခဲ့စဥ္တုန္းကအတိုင္း။
ပတ္ဖ္က ကုတင္ေအာက္၌ အိပ္ေနကာ မၾကာမၾကာဆိုသလို ကုတင္ထက္ရွိ ဆယ္ေက်ာ္သက္ေကာင္ငယ္ေလးႏွစ္ဦး၏ဆူဆူညံညံအသံမ်ားကို နားစြင့္လ်က္ရွိ၏။
ရွက္ေသြးျဖာေနသည့္ တစ္ဆယ့္ရွစ္ႏွစ္အရြယ္ရွုက်င္းက မေက်မနပ္ေျပာေလသည္။
"မလုပ္ဘူးလား?"
ထို႔ေနာက္ ခႏၶာကိုယ္ကို တစ္ဖက္လွည့္ရင္း ရန္စျပန္၏။
"မလုပ္ရဲေသးဘူးေပါ့?"
အတိတ္၌ မိန္းေမာေတြေဝေနမိဆဲမွာပင္ ရွန့္ရွင္းဟယ္၏အေမးစကားကို ၾကားလိုက္ရသည္။
"ကိုယ့္အခန္းနံပါတ္ကို ဘာလို႔ေတာင္းခဲ့တာလဲ?"
ရွုက်င္း၏အသည္းစိုင္တစ္ခုလုံး တုန္လွုပ္သြားရ၏။ ျပန္လည္ မေျဖၾကားရဲ။
အေမွာင္ထုထဲမွာပင္ ရွန့္ရွင္းဟယ္က ေမးလာျပန္သည္။
"ကိုယ့္ကိုေတြ႕ေတာ့ ဘာလို႔ငိုတာလဲ?"
ရွန့္ရွင္းဟယ္က ကုတင္နံေဘးရွိ မီးအိမ္ေလးကို ဖြင့္လိုက္၏။
ရွုက်င္းက အရွက္ႀကီးစြာျဖင့္ ေခါင္းကို ေဘးလွည့္လိုက္ေလသည္။ မ်က္ႏွာျပင္တစ္ခုလုံး၌ မ်က္ရည္မ်ားျဖင့္ ျပည့္ႏွက္ေနကာ ႏွာေခါင္းႏွင့္ ပါးမ်ားဟာလည္း နီရဲတြတ္ေန၏။ ႏွုတ္ခမ္းကိုလည္း ေစ့ေစ့ကိုက္ထားေသးသည္။
ေနာက္ဆုံးေတာ့ ရွန့္ရွင္းဟယ္လည္း သည္းမခံနိုင္ေတာ့ဘဲ ေဒါသအလိပ္လိပ္ထြက္ေခ်ၿပီ။ ရွုက်င္း၏ေမးဖ်ားအား လက္ျဖင့္ ဆြဲလွည့္ကာ မ်က္ႏွာအား ဖုံးကြယ္ဖို႔ရာ အခြင့္အေရးမေပးေတာ့။ ထို႔ေနာက္ ေအးစက္စြာ ေျပာလိုက္သည္။
"ရွုက်င္း ငါ့ကိုၾကည့္"
ရွုက်င္း၏မ်က္ရည္စမ်ားက မ်က္လုံးေထာင့္မွတစ္ဆင့္ ေခါင္းအုံးထက္သို႔ လိမ့္ဆင္းသြား၏။ သို႔ေသာ္လည္း ရွန့္ရွင္းဟယ္၏လက္မွ လြတ္ေအာင္ မ်က္ႏွာအား ဟိုဖက္သည္ဖက္လွည့္ေနေသးသည္။ ရွန့္ရွင္းဟယ္အား တည့္တည့္ၾကည့္ဖို႔ရာ မဝံ့မရဲျဖစ္ေနရ၏။
ရွန့္ရွင္းဟယ္၏ေဒါသထြက္ေနေသာ မ်က္ႏွာအမူအရာႏွင့္ ညီတူညီမၽွနီရဲေနသည့္ မ်က္ဝန္းမ်ားကို ျမင္လိုက္ရေခ်သည္။ သို႔ေသာ္ ရွုက်င္း၏အၾကည့္က မီးခိုးမွိုင္းေရာင္သန္းေနပါေသာ ဖန္ထည္မ်က္လုံးထံ က်ေရာက္သြားခ်ိန္ဝယ္ အသိစိတ္မ်ား ျပန္ကပ္ကာ ေက်ာခ်မ္းသြားရ၏။
ရွန့္ရွင္းဟယ္က အံႀကိတ္ကာ ဆိုသည္။
"မင္း ေျပာတာနဲ႔ ကိုယ္ မင္းဆီ ျပန္လာမွာ.. အရင္တုန္းက ေျပာခဲ့တဲ့စကားကို ျပန္႐ုပ္သိမ္း.. ငါတို႔ မေတြ႕ျဖစ္ခဲ့တဲ့ ဒီငါးႏွစ္က ဘာမွဟုတ္ေတာ့မွာမဟုတ္ဘူး.. စကားတစ္ခြန္းသာ ေျပာလိုက္.. ကိုယ္ ျပန္လာမယ္"
ျမန္ဆန္လွေသာ တစ္မိနစ္က ယခုက်မွ ျဖည္းညင္းလြန္းေနသလို။
ရွန့္ရွင္းဟယ္၏အသံက အနည္းငယ္ တုန္ယင္ေန၏။ ထို႔ေနာက္ က်ယ္ေလာင္စြာ ေအာ္ေငါက္လိုက္ေလသည္။
"ေျပာလို႔!"
ရွုက်င္းက ယခုထိတိုင္ စကားတစ္ခြန္းမၽွ မဟနိုင္ေသး။
အဆုံးတြင္ေတာ့ ရွန့္ရွင္းဟယ္လည္း လႊတ္ေပးလိုက္ကာ ရွုက်င္းအား ဗလာသဖြယ္ ေငးစိုက္ၾကည့္ေနေတာ့သည္။ ဆယ္စကၠန့္မၽွအၾကာ၌ ရွုက်င္းအား ေက်ာေပးလိုက္၏။
နံနက္ေရာက္၍ ရွုက်င္းနိုးလာေသာ္ ရွန့္ရွင္းဟယ္ ထြက္သြားေလၿပီ။
ဟိုတယ္ဧည့္ႀကိဳေကာင္တာမွ ဖုန္းဆက္လာ၏။
"မစၥတာရွန့္က အခန္းခရွင္းေပးခဲ့ၿပီးပါၿပီ.. ဧည့္သည္ စိတ္တိုင္းက် ဆက္ေနလို႔ရပါတယ္"
Advertisement
- In Serial748 Chapters
Strongest Eccentric Consort
As the daughter chosen by the Heavens, she was already extraordinary from birth. However, with her talents concealed, she was treated like tr*sh and mercilessly betrayed. So, she decided to let her supreme capabilities shine! From then on, her bloodline had been awoken. Everything was possible—refining antidotes and weapons through alchemy, taming the dragons and phoenixes, and even being the ultimate ruler of the world. Since then, millions of people admired her and she lived up to her name as the strongest concubine in the world! Only that cold, evil and immensely domineering Ice Emperor, whom she had accidentally provoked, loved, protected and helped her everywhere… “Oh dear, after he has treated me like that, how can I ever like someone else? This man is really cunning!”
8 355 - In Serial84 Chapters
A Trade Of Hearts |✔
Hate at first sight, revenge at next and then comes total chaos!∆∆∆"The ones you love the most have the power to hurt you the most."Vanessa Catherine Hudson at twenty-four is more familiar with this statement than she'd like to be.The tabloids would say that she has it all, until someone looks at her from her own looking glass. With bitter memories of an incident that changed her life for the worse, she returns back home to New York, after three long years, with just one goal: She has to become the next CEO of Hudson Enterprises...then things get complicated.This complication's name is Adrian Greys, CEO of Greys & Co. by day and playboy by night. He is ambitious, arrogant and has quite the temper. He is certainly not the type one should mess with.He looks like just another rich brat who inherited his father's legacy but is there more to those moody blue eyes?So what happens when Vanessa decides to put the haughty 'playboy billionaire' in his place?Afterall, what can go wrong......except everything?|#1 in Love||#2 in Romance||#1 in Billionaire||#1 in Chicklit||#1 in Drama||#1 in CEO|
8 412 - In Serial21 Chapters
royalty || beomryu
[ completed + edited ]in which, where a royalty ran away, from her own kingdom and family.just for somebody's sake.but, little did she know, after an encounter with somebody, her life starts to turn, once again.this book, took inspiration from "akagami no shirayukihime" or "snow white with the red hair".book one of the royalty series.↦ royalty series:↠ royalty || beomryu heiress || beomryu memoirs || beomryumost impressive ranking:#2 chaeryeong: 06 - 29 - 2020date published: 05 - 01 - 2020date ended: 06 - 12 - 2020date republished: 08 - 13 - 2020date edited: 07 - 26 - 2020© Center_Queen
8 141 - In Serial60 Chapters
If You Let Me
"Cause if you let me, here's what I'll doI'll take care of you"Allaya is just a girl from the Caribbean trying to make it in NYC. She's too busy going after everything she's ever wanted to be bothered with the drama that comes with love and relationships. She's so used to being alone that she doesn't know how to let someone in. So, what happens when she falls in love with her boss, rapper, and mogul Dave East?I do not own any of the images used in this book or on the cover. All fictional characters do not reflect the names and face claims in reality.
8 129 - In Serial39 Chapters
As Long As I Live
Marriage. A bond made by ties of love, respect, trust and companionship. But not all marriages are blessed.Mayra has suffered at the hands of her husband until she reached breaking point. Left alone to suffer in a house full of her family, Mayra battles every moment of her life as it comes.Will Aamir realize his mistake or will the repentance of his crimes come too late, when all is lost and the secrets of the past are slowly unearthed, forcing them apart, and breaking Mayra's oft broken heart beyond repair?
8 207 - In Serial40 Chapters
The Fuentes Family
What are the odds of moving to a new state, and having to live with the hottest family in school- no, scratch that. The hottest family in the WORLD. Some would say I'm the luckiest girl in history. Some would say I walked straight into hell. Amelia has to adjust with living in the same house as a family of ten children. Nine boys - one girl. With the arrest of their father, they are left with nothing but a mother who works too much, and each other. Alex Fuentes involuntarily gets involved with his father's boss - a dangerous man with too much money and a couple of jobs for eighteen year old Alex. It's either him or one of his other brothers. There is simply no way of saying no. Is Amelia the only one who notices him sneaking out, and coming home with bloodied knuckles? But how can you help someone who doesn't want to be helped? And what the heck are you supposed to do when you fall for the only Fuentes brother who hates you? A Spanish family filled with secrets. A boy caught up in the dangerous world his dad left behind. A girl who gets all too curious about where he goes at night. It's a recipe for disaster.WARNING: contains mature scenes, drug use and vulgar language.
8 202

