《Please Don't See Me [Mm Transl. || Completed]》CHAPTER-5
Advertisement
UNICODE
နံနက်ရောက်သော် ရှုကျင်း အိပ်ရာမှ နိုးထလာချိန်၌ ရှုကျုံးယွမ် အိမ်မှထွက်သွားနှင့်ပြီဖြစ်သည်။
ရှုကျင်းအတွက်တော့ ဤဘဝမျိုးကို ငယ်ရွယ်စဥ်ကတည်းက နေသားကျနှင့်ပြီးဖြစ်၏။ အိမ်တော်ထိန်းအဒေါ်သုံးဦးကသာလျှင် ရှုကျင်းအား ဂရုစိုက်ပေးနေခြင်းပင်။ ဤရက်ပိုင်းအတွင်း၌ အဒေါ်သုံးယောက်စလုံးက ခွင့်ယူထားလေရာ အိမ်၌ ရှုကျင်းတစ်ဦးတည်းသာ ရှိနေတော့၏။ ထို့ကြောင့် အိပ်ရာမှနိုးစဥ် အောက်ထက်၌ ဂလုံးဂလွမ်းအသံများ ကြားခိုက် သူ၏ပထမဆုံးအတွေးက ခွေးလေး ပတ်ဖ် လျှောက်မွှေနေပြီဟူ၍။
"ပတ်ဖ်ရေ...."
ညအိပ်ဝတ်စုံဝတ်ဆင်ထားဆဲဖြစ်သည့် ရှုကျင်းလည်း အိပ်မှုန်စုတ်ဖွားဖြင့် အောက်ထပ်သို့ဆင်းလာရာ ဧည့်ခန်းထဲရှိ အခြေအနေကို မြင်လိုက်ရချိန်၌ ကြက်သေသေသွားတော့သည်။
ရှန့်ရှင်းဟယ်က ရှုကျင်းအား ကျောပေးကာ ကော်ဇောထက်၌ ထိုင်ရင်း ခွေးလေးနှင့် ဆော့ကစားနေခြင်းသာ။
ရှုကျင်းက နံနက်မိုးသောက်အရုဏ်တက်ချိန်မှသာ အိပ်ပျော်သွားခြင်းဖြစ်၏။ ထို့ကြောင့် နိုးလာချိန်၌လည်း အိမ်၌ အခြားလူတစ်ဦး ရှိနေသေးသည်ကို လုံးလုံးလျားလျား မေ့လျော့သွားခဲ့သည်။ ရှုကျင်းလည်း မျက်နှာထားကို ချက်ချင်းတည်လိုက်ကာ မျက်နှာသေဖြင့် မီးဖိုချောင်ဆီ တည့်တည့်လျှောက်သွား၏။
ရှန့်ရှင်းဟယ်နံဘေးမှ ဖြတ်လျှောက်သွားသည်နှင့် တစ်ဖက်လူက ခေါင်းစောင်းလာကာ ရှုကျင်းအား စကားဆိုလိုက်သည်။
"မောနင်း"
ရှုကျင်းကတော့ လျစ်လျူရှုဆဲ။ 'ပတ်ဖ်'ဟု တစ်ခွန်းခေါ်လိုက်ပြီးနောက် မီးဖိုခန်းဆီ ဆက်လျှောက်သွား၏။
ရှုကျင်းလည်း ရေခဲသေတ္တာထဲမှ နွားနို့ဘူးကိုယူထုတ်ပြီးနောက် တမင်တကာရည်ရွယ်၍ ရေခဲသေတ္တာတံခါးကို ဗုန်းခနဲ အကြမ်းပတမ်း ပိတ်ပစ်လိုက်သည်။ အပြင်လူက ရှင်းလင်းပြတ်သားစွာ ကြားနိုင်စေရန်အတွက်။ ထို့နောက် ခွက်တစ်ခွက်ရှာကာ နွားနို့လောင်းထည့်လိုက်သည်။
နွားနို့ကို မိုက်ခရိုဝေ့ဗ်ထဲ ထည့်နွှေးပြီးသည်အထိ ရှုကျင်း တစ်စုံတစ်ရာကို ပျောက်ဆုံးနေကြောင်း မခံစားမိသေး။ ထို့နောက်တွင်မှ ယခင်အချိန်ကဆိုလျှင် ပတ်ဖ်တစ်ကောင် လျှာလေးတန်းလန်းတန်းလန်းဖြင့် ရှုကျင်း၏ခြေထောက်များအကြား ချွဲနွဲ့နေတတ်မြဲ။ သို့သော်ငြား သည်တစ်ခါတွင်တော့ ရှုကျင်းအနောက်ကိုပင် လိုက်မလာတော့။ ဤသည်က ပျောက်ဆုံးလစ်ဟာနေခဲ့သော အရာသာ။
ဤအခြေအနေကြီးက ရှုကျင်းအတွက်တော့ အောင့်သက်သက်နှင့် သူစိမ်းဆန်လွန်းနေခဲ့သည်။
ရှုကျင်းလည်း ဧည့်ခန်းဆီ ပြန်လျှောက်ထွက်လာရာ ရှန့်ရှင်းဟယ်အရှေ့၌ ရိုကျိုးစွာ ထိုင်နေသည့် ပတ်ဖ်အား မြင်တွေ့လိုက်ရ၏။ ပတ်ဖ်က မျက်နှာချိုသွေးကာ ခခယယဖြင့် ရှန့်ရှင်းဟယ်အား မော့ကြည့်နေလေသည်။
ပတ်ဖ်က ငါးနှစ်အရွယ် Samoyed အမျိုးအစားခွေးဖြစ်၏။ တစ်ကိုယ်လုံး ဖွေးဆွတ်နေကာ ဉာဏ်ကောင်းပြီး လူကပ်တတ်သည်။
ရှုကျင်း၏မိဘနှစ်ပါး မကွာရှင်းမီက အမေဖြစ်သူ ဝယ်လာပေးခဲ့ခြင်းပင်။
ရှုကျင်းက 'ပတ်ဖ်'ဟု နှစ်ခါခေါ်သည်။ ဤတစ်ခါတွင်တော့ ပတ်ဖ်လည်း ပြန်လည်တုံ့ပြန်ကာ ရှုကျင်းဆီ ပြေးလာ၏။ နှစ်ခါမျှ ဝိုင်းကြီးပတ်ပတ်လှည့်ပြီးနောက် နှာမှုတ်လိုက်သည်။ ပတ်ဖ်က ရှုကျင်းထံမှ နှစ်ခါမျှ အသာအယာ အပုတ်ခံလိုက်ပြီးနောက် ရှန့်ရှင်းဟယ်ထံ ပြန်ပြေးသွား၏။
__ဪ.. ခွေးတောင်မှ ပြောင်းလဲသွားပြီပဲ။
ရှုကျင်း၏လက်က ဗလာလေထုထဲ ရပ်တန့်နေခဲ့ပြီးနောက် မျက်လုံးများက ရုတ်တရက် ပူကျစ်တောက်လာတော့သည်။
မည်သည့်စကားမျှမဆိုတော့ဘဲ ဧည့်ခန်းထဲ လျှောက်သွားကာ ရှန့်ရှင်းဟယ်၏လက်ထဲမှ အဆာပြေမု့န်ထုပ်ကို ဆတ်ခနဲ လုယူလိုက်၏။
"ပတ်ဖ်ကို ဘာမှလျှောက်မကျွေးနဲ့.. သူက ခွေးစာတောင် စားရသေးတာ မဟုတ်ဘူး.. ဘာအစာမှ မဝင်သေးဘဲ လျှောက်ကျွေးမနေနဲ့"
ရှန့်ရှင်းဟယ်က ရှုကျင်းအား မော့ကြည့်လာသည်။
အနှီကောင်လေး၏မီးခိုးမှိုင်းရောင်မျက်ဆန်၌ ခံစားမှုများဟာ နတ္ထိ။ ထို့ကြောင့် ကြည့်ရသည်မှာပင် အသက်မပါဘဲ လေးလံထိုင်းမှိုင်းနေပုံနှင့်ပင် ပိုတူတော့၏။ အခြားမျက်ဝန်းတစ်ဖက်ကသာ မြူတိမ်ကင်းစိမ်ကာ ပကတိ ကြည်လင်နေပြီး ထိုမျက်ဝန်းထဲမှ စိတ်ခံစားမှုအငွေ့အသက်များကလည်း သိသာထင်ရှားနေလေ၏။
ရှန့်ရှင်းဟယ် : "ငါ ခွေးစာ ကျွေးထားပြီးပြီ"
ယခုဆိုလျှင် ခွေးကလေးက ရှုကျင်းအနား၌ ချွဲနွဲ့ကာ ဟိုပတ်ပြေးသည်ပတ်ပြေးလုပ်နေသည်။
သို့သည့်တိုင် ရှုကျင်းက စိတ်ချမ်းသာမနေခဲ့။ ကြောင်အိမ်ထဲသိမ်းထားသည့် ခွေးစာကို ရှန့်ရှင်းဟယ်က မည်သို့မည်ပုံ ရှာတွေ့ခဲ့လေသနည်း? ရှုကျင်းလည်း အသံကျယ်လောင်စွာဖြင့် မေးမြန်းလိုက်တော့သည်။
"ဘာလို့ သူများအိမ်မှာ ပစ္စည်းတွေ လျှောက်မွှေရတာလဲ? ကိုယ့်ကျင့်တရားလေးတော့ ထိန်းစမ်းပါ"
ရှန့်ရှင်းဟယ်က စိတ်မာန်ဒေါသမထွက်ခဲ့။ ဖြည်းဖြည်းအေးအေးသာ ပြန်ပြော၏။
"မနက်က ဦးလေး အိမ်ကမထွက်ခင် မင်း ဒီထက် ကြာကြာအိပ်လို့ရအောင် ဆိုပြီး ခွေးစာကျွေးဖို့တာဝန်ကို ငါ့ကို ပေးခဲ့တာ"
ရှုကျင်းက အာစေးမိသွားတော့သည်။
သူလုပ်နိုင်သည်က နှုတ်ခမ်းကိုက်ကာ ရောက်ရာအရပ်၌သာ မတ်တပ်ဆက်ရပ်နေရုံသာ။ နောက်ထပ် ဘာလုပ်လို့ ဘာကိုင်ရမှန်းပင် မသိတော့။
ရှန့်ရှင်းဟယ်က ဆို၏။
"မင်း စိတ်ပူစရာ မလိုပါဘူး.. ငါက ဦးလေးရဲ့ တရားမဝင်သားလည်း မဟုတ်ဘူး.. ဘာသွေးမှလည်း မတော်ဘူး.. ငါ မင်းကို အဆင်မပြေဖြစ်အောင် လုပ်မိတယ်ဆိုရင် တောင်းပန်ပါတယ်.. ကျောင်းစဖွင့်တာနဲ့ အဆောင်မှာ သွားနေဖို့ စီစဥ်မှာပါ"
ပတ်ဖ်က အမြီးတနှံ့နှံ့ဖြင့် ရှန့်ရှင်းဟယ်၏မျက်နှာတစ်ပြင်လုံးကို နမ်းရှုံ့နေတော့၏။
ရှန့်ရှင်းဟယ်လည်း ခေါင်းရှောင်လိုက်ကာ ပတ်ဖ်၏အမွေးနုနုများကို လက်ဖဝါးနှစ်ဖက်ဖြင့် အားပါးတရ ဆုပ်နယ်လိုက်သည်။
နွေရာသီ၏နံနက်ခင်းနေရောင်ခြည်က ပြတင်းပေါက်မှတစ်ဆင့် ဖြာကျသက်ဆင်းနေ၏။ ခွေးအမွေးတချို့ကပင် လေထဲ လွင့်မျောနေသည်။
ရှုကျင်းထက် အသက်နှစ်နှစ်သာကြီးသည့် ကောင်လေး၌ အေးဆေးတည်ငြိမ်သည့် ရောင်ဝါလက္ခဏာများ ရှိနေ၏။ တောင်ကျစမ်းရေသဖွယ် အနီးတဝိုက်ပတ်ဝန်းကျင်အား အေးစိမ့်စေရန် စွမ်းဆောင်ပေးနိုင်ပါသကဲ့သို့။
"တင်း~~~"
မိုက်ခရိုဝေ့ဗ်ထံမှ အသံထွက်ပေါ်လာပြီ။
ရှုကျင်းလည်း ပတ်ဖ်၏အဆာပြေမုန့်ထုပ်ကို ဘေးတွင် ချထားလိုက်ကာ မီးဖိုချောင်ထဲ ဝင်သွား၏။
Advertisement
ရှုကျင်းဟာ အနေအထိုင်မတတ်သူလည်း မဟုတ်ရပါချေ။ ယဥ်ကျေးရည်မွန်ကာ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းရှိသူတစ်ဦးသာ။
သို့သော်ငြား ယမန်နေ့ညက တွေ့ဆုံမှုမှစတင်၍ ဤနံနက်မိုးလင်းထိတိုင် ကိုယ်တိုင်ကိုယ်ကျ ပြုမူခဲ့သည့်အရာများအတွက် ရှုကျင်း သူ့ကိုယ်သူ မနှစ်မြို့နိုင်ဘဲ ရှိနေတော့သည်။
ရှုကျင်း ဖြည်းညင်းစွာ အံကြိတ်မိ၏။ ထို့နောက် မျက်ဝန်းအစုံကို မှိတ်ကာ လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။
__ရှန့်ရှင်းဟယ်က ဘာအမှားလုပ်မိလို့လဲ? ဘယ်လိုပဲပြောပြော သူက ဆင်းရဲတဲ့ မသန်စွမ်းတစ်ယောက် ဖြစ်နေတာလေ။
ယခင်ကဆိုလျှင်လည်း ရှုကျင်း၏မိခင်က ဖခင်ဖြစ်သူလုပ်ဆောင်သမျှကို အနောက်မှ အမြဲတစေ ကူညီပံ့ပိုးပေးခဲ့သည်။ ရှုကျင်းကိုလည်း ဈေးဝယ်စင်တာသို့ ခေါ်သွားကာ ရှန့်ရှင်းဟယ်၏မိသားစုအတွက် နှစ်သစ်ကူးလက်ဆောင်များကို ရွေးခိုင်းစေ၏။ မှုန်ရီမှုန်ဝါးမှတ်ဉာဏ်များထဲ၌ မူလတန်းကျောင်းသားလေးရှုကျင်းက ဖခင်ဖြစ်သူ၏တောင်းဆိုမှုအရ ရှန့်ရှင်းဟယ်ထံ စာတစ်စောင် ပေးပို့ခဲ့ဖူးသည်။ ရှန့်ရှင်းဟယ် စာမေးပွဲ အောင်အောင်မြင်မြင် ဖြေဆိုနိုင်ရန်နှင့် အမှတ်ကောင်းကောင်းရစေရန် ဆုတောင်းပေးလျက်။
ရှုကျင်းတစ်ယောက် ယခုပုံစံအတိုင်း ဆက်သွား၍မရချေ။
ရှန့်ရှင်းဟယ်က ပတ်ဖ်နှင့် ဆက်မဆော့တော့ဘဲ အစာကျွေးခြင်းကိုလည်း ရပ်တန့်လိုက်သည်။ မတ်တပ်ထကာ အခန်းထဲသို့ ပြန်ဝင်မည်အပြု ရှုကျင်းက မီးဖိုချောင်ထဲမှ ထွက်လာ၏။
"နံနက်စာစားပြီးပြီလား?"
ရှုကျင်း၏မျက်လုံးများက နီရဲနေကာ ဆံပင်ကလည်း ငှက်သိုက်သဖွယ် ရှုပ်ပွလျက်။
သူ၏အသံကို အတတ်နိုင်ဆုံး ထိန်းပြောနေရသည်ကို သူ့ကိုယ်သူ ပြန်သတိထားမိနေသည်။ အသံဟာလည်း အနည်းငယ် ကတုန်ကယင်ဖြစ်နေသေး၏။
ရှုကျင်းလည်း ရှက်ရွံ့စိတ်များ ကြီးစိုးလာပြီးနောက် ဆောင့်ကြီးအောင့်ကြီး ဆိုလိုက်သည်။
"မစားရသေးရင်လည်း ကျွန်တော် ခင်ဗျားအတွက် ပိုလုပ်ပေးမလို့"
ရှန့်ရှင်းဟယ် : "ကောင်းပြီလေ ကျေးဇူးပါ"
ရှုကျင်းလည်း 'အင်'ဟု အသံပြုပြီးနောက် မီးဖိုချောင်ထဲ ပြန်ဝင်သွား၏။
ရှုကျင်းသည် နောက်ထပ်နို့တစ်ခွက်ကို မိုက်ခရိုဝေ့ဗ်ထဲ ထည့်နွှေးလိုက်သည်။ ကြောင်အိမ်ထဲမှ ပန်းကန်လုံးကြီးနှစ်လုံး ယူထုတ်ပြီး နံရံကပ်ဗီရိုထဲမှ ကွေကာအုပ်ကို လောင်းထည့်လိုက်၏။
ရှန့်ရှင်းဟယ် ဝင်လာသည်ကို မြင်သည်နှင့် မျက်နှာတစ်ပြင်လုံး ပူတက်သွားပြီး စကားမြန်မြန်ပြောလေသည်။
"ဒီကိစ္စကို အရင်ရှင်းပြမယ်.. ကျွန်တော် နံနက်စာကို လှတပတတွေ မပြင်ပေးတတ်ဘူး.. ဒီမှာလည်း ကွေကာရောထားတဲ့ နို့တစ်ခွက်ပဲ.. အိမ်အလုပ်ကူလုပ်ပေးတဲ့အန်တီက ခွင့်ယူထားတယ်.. သန်ဘက်ခါလောက်ဆို ပြန်လာလိမ့်မယ်.. အဲ့ကျမှ သူ ဒီထက်ပိုကောင်းကောင်းပြင်ပေးလိမ့်မယ်"
ဤသို့ဆိုပြီးနောက် ရှုကျင်း၌ ဆက်ပြောစရာစကားမရှိတော့သည့်အဆုံး စကားဝိုင်းနှင့် အနည်းငယ်မသက်ဆိုင်သည့်အကြောင်းအရာကို ပြောလိုက်သည်။
"ခင်ဗျား ကွေကာအုပ်နဲ့ မတည့်တာဘာညာရှိလား?"
ရှန့်ရှင်းဟယ် : "အဲ့လိုမျိုး မရှိပါဘူး"
ရှုကျင်းလည်း စကားကို တောင်ရောက်မြောက်ရောက်နှင့် ထပ်ပြောလေ၏။
"ပြီးတာပဲ ကွေကာအုပ်လိုမျိုးဟာတွေနဲ့ ဓာတ်မတည့်တဲ့သူငယ်ချင်းတစ်ယောက်ရှိလို့"
ထို့နောက် နှစ်ဦးသား စားပွဲအမြင့်ရှေ့၌ ထိုင်ရင်း နံနက်စာကို ဆက်လက်စားသောက်ကြသည်။
စကားသံတစ်သံမျှ ထွက်မလာတော့ဘဲ တိတ်ဆိတ်မှုသာ ကြီးစိုးလျက်။
ရှုကျင်းက ဇွန်းကို ချလိုက်သည်နှင့် ရှန့်ရှင်းဟယ်၏အမေးစကားကို ကြားလိုက်ရသည်။
"ဗိုက်မဝသေးဘူးလားမလား?"
ရှုကျင်းက ဂရုမစိုက်။
"နေ့လယ်မှ အော်ဒါမှာစားလိုက်မယ်"
ကိုယ့်အလုပ်ကိုယ်လုပ်၍ အိမ်ရှေ့အိမ်နောက် ခေါက်တုံ့ခေါက်ပြန် လျှောက်ကြပြီးနောက် နှစ်ယောက်စလုံး အနေမခက်တော့ချေ။
ရှန့်ရှင်းဟယ်က စကားဆိုလာ၏။
"ကြက်ဥကြော်စားချင်လို့.. မင်းအတွက်ပါ ကြော်ပေးမယ်"
ရှုကျင်းလည်း သင်္ကာမကင်းဖြစ်မှုများနှင့်အတူ ရှန့်ရှင်းဟယ်အား မော့ကြည့်လိုက်သည်။
ရှန့်ရှင်းဟယ်လည်း မီးဖိုချောင်ထဲဝင်သွားကာ ရေခဲသေတ္တာကို ဖွင့်၍ ကြက်ဥအပြည့်ဖြည့်ထားသည့် ကတ်ထူဘူးထဲမှ ကြက်ဥနှစ်လုံး ယူထုတ်လိုက်၏။ ထို့နောက် ရှုကျင်းအား ဒယ်ပြားထားသည့်နေရာကို မေးမြန်းလာသည်။
ဆင်းရဲနွမ်းပါးသည့် ကလေးသူငယ်များက သာမန်လူများထက် အိမ်မှုကိစ္စကို စောလျင်စွာ တတ်ကျွမ်း၏။
ရှုကျင်းက အနှီစာကြောင်းဟာ အလွန်မှန်ကန်ကြောင်း တွေးထင်မိသည်။ ဟုတ်တိုင်းမှန်ရာဆိုရသော် ရှုကျင်းကိုယ်တိုင်က မည်သို့မည်နှယ် ကြော်လှော်ရမည်မသိချေ။ အမြဲတစေ ပျင်းရိနေတတ်သည်။ သို့တစေ ရှန့်ရှင်းဟယ်ကို ကြည့်ရသည်မှာတော့ ဟင်းချက်ခြင်းအမှု၌ လွန်စွာကျွမ်းကျင်မည့်ပုံပင်။
ရှန့်ရှင်းဟယ်လည်း ရှုကျင်းညွှန်သည့်နေရာ၌ ရှာဖွေကြည့်ရင်း ဒယ်ပြားနှင့် အခြားအိုးခွက်ပန်းကန်များကို ရှာတွေ့သွား၏။ စကားတပြောပြောနှင့် လက်တစ်ဖက်တည်းကိုအသုံးပြု၍ ကြက်ဥကို ခွဲလိုက်သည်။
"ဒီကြက်ဥတွေကို မနေ့ညက ဦးလေးနဲ့ငါ ဒီကို ပြန်လာတော့ ယူလာတာလေ.. အိမ်မွေးကြက်တွေ ဥထားတာ"
ရှန့်ရှင်းဟယ်က ရှုကျင်းထက် အရပ်ပိုရှည်၏။ ထို့ကြောင့် ရှုကျင်းက ရှန့်ရှင်းဟယ်အနီးသို့ တိုးကပ်၍ ဒယ်ပြားကို လှမ်းကြည့်ပြီးနောက် စပ်စပ်စုစုဖြင့် မေးလိုက်သည်။
"ဒီကြက်ဥက ခင်ဗျားမိသားစုဟာပေါ့?"
"အင်း အဖိုးက ကြက်အကောင်နှစ်ဆယ်ကျော်လောက်ကို မွေးခဲ့တာလေ.. နေ့တိုင်းနေ့တိုင်း ကြက်ဥအများကြီးရတာပေါ့.. ဒီကြက်ဥတွေကတော့ နောက်ဆုံးအသုတ်ကဟာတွေပဲ.. သူ ဆုံးသွားတော့ အဲ့ကြက်တွေအကုန်လုံးကို အိမ်နီးနားချင်းတွေနဲ့ ဆွေမျိုးတွေကို ပေးပစ်လိုက်တယ်"
ရှုကျင်း : "..."
ရှုကျင်းကိုယ်တိုင်သည်လည်း အခြားလူအပေါ် နှစ်သိမ့်မပေးတတ်တော့ အခက်သားပေ။
ရှုကျင်းက ပန်းကန်ပြားထက်မှ မွှေးပျံ့ပျံ့ ဝါသင်းသင်း ကြက်ဥမွှေကြော်များကို အပြောင်ရှင်းလိုက်ပြီးနောက် တစ်စုံတစ်ရာကို ခပ်ရေးရေးလေး အမှတ်ရမိသွားသည်။
ရှုကျုံးယွမ် တစ်ခါ ပြောဖူးသည်ပဲ။ ဤနှစ်များအတွင်း၌ အိမ်တွင် ချက်ပြုတ်စားသုံးနေသော ကြက်ဥများအားလုံးကို ရှန့်ရှင်းဟယ်၏အဖိုးဖြစ်သူက ထောက်ပံ့ပေးထားခြင်းဖြစ်ကြောင်း။ အဖိုးအို ပြောခဲ့သည်က ရှုမိသားစုအတွက် ဘာဆိုဘာမှ မလုပ်ပေးနိုင်သည့်အတွက် မေတ္တာအသွားအပြန်သဘောအရ ဤသေးနုပ်ညံ့ဖျင်းလှသည့်အရာလေးနှင့် ကျေးဇူးတရားကို ပြန်လည်တုံ့ပြန်ပါရစေဟူ၍။
Advertisement
~~~
မိုးစင်စင်လင်းသော် ရှုကျင်း၌ အဖျားအနည်းငယ် ရှိနေလေသည်။
နိုးလာသည်နှင့် လည်ချောင်းတစ်လျှောက် အင်မတန် ခြောက်ကပ်နေပြီး ရေကိုသာ သောက်ပြီးရင်း သောက်ချင်နေသည်။ ရှန့်ရှင်းဟယ်အား အကြိမ်ရေ အနည်းငယ်မျှ ခေါ်ကြည့်သော်ငြား တုံ့ပြန်သံ ထွက်မလာ၍ ကိုယ်တိုင်ကိုယ်ကျ အိပ်ယာမှထကာ ရေသွားသောက်ရလေ၏။
ဟိုတယ်တစ်ခန်းလုံး၌ ပတ်ရှာကြည့်သော်လည်း ရှန့်ရှင်းဟယ်အား ရှာမတွေ့။
နေရောင်ခြည်က မျက်စိစူးလောက်အောင် စူးရှတောက်ပနေပြီး မျက်နှာကျက်မှ ကြမ်းပြင်ထိ တွဲလျားကျနေသာ လိုက်ကာကိုလည်း မပိတ်ထားချေ။
ရှုကျင်း မျက်ဝန်းအစုံကို လက်များဖြင့် ကာပြီးသည့်နောက် အပြင်ဖက်ရှိ အပြာရောင်ဖျော့ဖျော့ပင်လယ်ရေမျက်နှာပြင်ကို ဝိုးတိုးဝိုးတားမြင်လိုက်ရသည်။
အိပ်ခန်းထဲတွင်လည်း မျက်နှာကျက်မှ ကြမ်းပြင်ထိအရှည်ရှိသော ပြတင်းပေါက်များရှိနေသေး၏။
ဒွိဟဖြစ်စေသည့် ယမန်နေ့ည၏ မှတ်ဉာဏ်အပိုင်းအစများက ရှုကျင်း၏မှတ်ဉာဏ်ထဲတွင် အစီအရီ နေရာယူလာတော့သည်။ ထိုအခါ သူ၏လည်ချောင်းက ပိုမိုနာကျင်လာပါသယောင်။ ယမန်နေ့ည၌ သူတို့လုပ်ခဲ့သည်က အတော်များသွားကြောင်း တွေးလိုက်မိ၏။
ထို့အပြင် တနင်္လာနေ့အထိ ဤနေရာတွင် နေရပေဦးမည်။
__သူ ဒီနှစ်ရက်လုံးတော့ ဆက်တိုက်မလုပ်လောက်ပါဘူးနော်?
ရှုကျင်းလည်း မျက်နှာပူပူနှင့် တွေးမိသည်။
မည်သို့ပင်ဖြစ်စေ ထိုအရာမှလွဲ၍လည်း အခြားလုပ်စရာကိစ္စဟူ၍ ရေရေရာရာမှ မရှိသည်ပဲ။
လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း သူ ရှန့်ရှင်းဟယ်အား ထားသွားပြီးနောက် မည်သည့်အရာများ နောက်ဆက်တွဲဖြစ်ပေါ်နိုင်ကြောင်း စိတ်ကူးယဥ်ကြည့်ဖူးသည်။ သူ တွေးထင်ထားသည်က ထိုနှစ်များအတွင်း အကြင်လူကို မေ့နိုင်သွားလောက်ပြီဟူ၍။ ထို့နောက် ဘဝအသစ်တစ်ခုကို စတင်ကာ မြို့တစ်မြို့၌ မိတ်သစ်ဆွေသစ်များနှင့်တွေ့ဆုံနိုင်လောက်မည်ဟု မှန်းဆထားခဲ့သည်။ သို့သော် လက်တွေ့တွင်တော့ ထိုစိတ်ကူးယဥ်မှု၏လားရာလမ်းအတိုင်း ကြိုးစားပမ်းစား အသက်ရှင်လာခဲ့သည့်တိုင် ရှန့်ရှင်းဟယ်အား နောက်တဖန် ဆုံတွေ့ခဲ့ပြီးချိန်၌ ဤတစ်သက် သူဟာ အချစ်စစ်ကို ရှာမတွေ့နိုင်ခြင်း မဟုတ်ကြောင်း သဘောပေါက်နိုင်သွားလေ၏။ ရှန့်ရှင်းဟယ်မှလွဲ၍ အခြားလူတစ်ဦးအပေါ် စိတ်မတိမ်းညွှတ်နိုင်ခြင်းသာ။
ယခုအကြိမ်ဆိုလျှင်တော့ မေ့ပစ်ဖို့ရာ ပို၍ခက်ခဲချေပြီ။
ရှုကျင်းလည်း ရေခဲသေတ္တာထဲမှ ရေခဲရေဘူးကို ယူထုတ်ပြီးနောက် ဘူးအဖုံးဖွင့်ကာ ရေတစ်ဝက်ခန့်ကို တစ်ကျိုက်တည်း မော့သောက်ပစ်လိုက်သည်။
လည်ချောင်းခြောက်ခြင်းအမှုက သက်သာသွားသော်ငြား ခေါင်းက ပို၍ပိုကာ ထိုးကိုက်နာကျင်လာတော့၏။
တစ်ခဏမျှ ကိုယ်ဟန်ကို ပြန်လည်ထိန်းယူရင်း ရေဘူးပြန်ထည့်ကာ ကုတင်ရှိရာထံ ပြန်သွားရန် ပြင်လိုက်သည်။
မိန်းမောတွေဝေနေစဥ် ရှုကျင်းက အခန်းထဲရှိ ဖုန်းမြည်သံကို ကြားလိုက်ရ၏။
ဖုန်းဖြေကြားဖို့ရန်ပင် အားအင်ကုန်ခမ်းနေသည့်အလျောက် မျက်လုံးမှိတ်ကာ ပြန်သွားအိပ်နေလိုက်တော့သည်။ သို့သည့်တိုင် ဖုန်းမြည်သံက အဆက်မပြတ် ထွက်ပေါ်နေလေ၏။ ဖုန်းခေါ်ဆိုသူက အင်မတန် စိတ်ရှည်သူဖြစ်ရမည်။
ရှုကျင်းလည်း အိပ်ယာထက်မှ အားကုန်သုံး၍ ထပြီး ဖုန်းဖြေကြားလိုက်၏။
"အိပ်နေတုန်းလား?"
ရှန့်ရှင်းဟယ်၏အသံက ဖုန်းထဲမှ ထွက်ပေါ်လာသည်။
ရှုကျင်းလည်း အနည်းငယ် နိုးနိုးကြားကြားရှိနေ၍ ပြန်ဖြေလိုက်၏။
"အင်း.. ကျွန်တော် တစ်ခါနိုးလာသေးတယ်.. ဒါပေမဲ့ လုပ်စရာလည်း မရှိတာနဲ့ ပြန်အိပ်နေလိုက်တာ.. ကို အပြင်မှာလား?"
"အလုပ်ကိစ္စလေး နည်းနည်းရှိနေသေးလို့ပါ.. ကိုယ် မင်းအတွက် ပြင်ပေးထားတဲ့ နံနက်စာ စားပြီးပြီလား?"
ရှန့်ရှင်းဟယ်က ရှုကျင်း ထိုနံနက်စာ မစားရသေးမှန်း သိနေသည့်ပုံပင်။
"ထမင်းစားပွဲပေါ်မှာ ထားပေးထားတယ်နော်"
ရှုကျင်းလည်း ရှန့်ရှင်းဟယ်၏ညွှန်ကြားချက်အတိုင်း သွားကြည့်လိုက်ရာ စားပွဲထက်၌ အုပ်ဆောင်းဖြင့် အုပ်ပေးထားသည်ကို တွေ့လိုက်ရ၏။
ရှန့်ရှင်းဟယ် : "အခုဆို အေးနေလောက်ရောပေါ့.. ဟိုတယ်ကို ဖုန်းဆက်လိုက်မယ်.. အသစ်ထပ်လုပ်ပေးပြီး မင်းဆီကို ပို့ပေးဖို့"
ရှုကျင်းလည်း 'အင်း'ဟု ပြန်ဖြေလိုက်သည်။
ထို့နောက် ဖုန်းခေါ်ဆိုမှု အဆုံးသတ်သွားလေ၏။ ရိုးရိုးအသိအကျွမ်းများပမာ စကားအပြောအဆိုက သာမန်ဆန်လွန်းနေခဲ့သည်ပင်။
ရှုကျင်းက အုပ်ဆောင်းကို လှန်ကာ တစ်ချက်ကြည့်လိုက်သေး၏။ သို့သော် စားချင်စိတ် မရှိသေးပေ။ ခန္ဓာကိုယ်၌လည်း အားအင်ပြတ်တောက်နေသလို ခံစားနေရ၍ ဧည့်ခန်းထဲရှိ ဆိုဖာထက်၌သာ ရိုးရိုးရှင်းရှင်း လှဲလျောင်းအိပ်စက်လိုက်ပြန်သည်။
မျက်လုံးပြန်ဖွင့်လိုက်သည့်နောက် ရှန့်ရှင်းဟယ်၏ပုံရိပ်က သူ့အရှေ့တွင် နောက်တစ်ဖန် ထပ်မံပေါ်လာ၏။ ရှုကျင်းအာခံတွင်းထဲမှ သာမိုမီတာကို ယူထုတ်လိုက်ပြီးနောက် ရှန့်ရှင်းဟယ် မျက်မှောင်တစ်ချက်ကြုတ်လိုက်သည်။
"၃၈.၅ ဒီဂရီတဲ့"
ထို့နောက် ရှန့်ရှင်းဟယ်က ခေါင်းလှည့်ကာ ဘေး၌ထိုင်နေသည့် လူတစ်ဦးကို မှာကြားနေ၏။
"အဖျားပျောက်ဆေးတချို့ဝယ်လာခဲ့.. ဖျားရင် သုံးတဲ့ ကပ်ခွာလေးတွေလည်း ဝယ်လာခဲ့ပေး"
ထို့နောက် ရှန့်ရှင်းဟယ်က အခြားတစ်ဖက်သို့ လှည့်ကာ နောက်လူတစ်ယောက်ကို ဆက်ပြော၏။
"ငါ ဟိုကို လောလောဆယ် မသွားဖြစ်သေးဘူး.. ညီမပဲ လက်စသတ်ခဲ့လိုက်တော့"
အမျိုးသမီးတစ်ဦး၏အသံ ထွက်ပေါ်လာသည်။
"ကောင်းပါပြီ မစ္စတာရှန့်"
ရှုကျင်း နားလည်လိုက်ပြီ။ ဤဟိုတယ်ခန်းထဲတွင် သူနှင့်ရှန့်ရှင်းဟယ်အပြင် အခြားလူများလည်း ထပ်ရှိနေသေးသည်ဟု။ ရှန့်ရှင်းဟယ်၏အတွင်းရေးမှူးကလည်း ရှိနေသေးသည်။
__သူတို့ အလုပ်ပြီးသွားတာလား?
__တစ်ဝက်တစ်ပျက်နဲ့ ပြန်လာတာတော့ မဟုတ်လောက်ပါဘူးနော်?
ရှန့်ရှင်းဟယ်၏အတွင်းရေးမှူးက သူတို့နှစ်ဦး၏ဆက်ဆံရေးအား မည်သို့ ထင်ကုန်တော့မည်နည်း?
ရှုကျင်း၏စိတ်အစဥ်က ဂျုံကော်သဖွယ် မည်သည်ကိုမျှ ကျိုးကြောင်းစပ်ဆက်ပြီး မတွေးနိုင်တော့ချေ။
အတွင်းရေးမှူး ထွက်သွားသည်နှင့် ရှုကျင်း မေးခွန်းတစ်ခုကို မေးချင်သည့်အားလျော်စွာ 'ကို'ဟုခေါ်ရန် နှုတ်ခမ်းလွှာကို ဖွင့်ဟသော်ငြား သူ့အသံက အလွန်တရာ တိုးညင်းနေခဲ့သည်။
ရှန့်ရှင်းဟယ်လည်း ကိုယ်ကို ညွတ်ကိုင်းကာ ရှုကျင်း၏နဖူးပြင်ကို နှုတ်ခမ်းဖြင့် နမ်းရှိုက်ထိတွေ့ပြီးနောက် အသံနက်ရှရှဖြင့်သာ ပြန်လည်တုံ့ပြန်လိုက်လေ၏။
"အင်း.. အိပ်မပျော်သွားခင် ဆေးသောက်လိုက်နော်"
★彡★彡★彡★彡★彡★彡★彡
ZAWGYI
နံနက္ေရာက္ေသာ္ ရွုက်င္း အိပ္ရာမွ နိုးထလာခ်ိန္၌ ရွုက်ဳံးယြမ္ အိမ္မွထြက္သြားႏွင့္ၿပီျဖစ္သည္။
ရွုက်င္းအတြက္ေတာ့ ဤဘဝမ်ိဳးကို ငယ္ရြယ္စဥ္ကတည္းက ေနသားက်ႏွင့္ၿပီးျဖစ္၏။ အိမ္ေတာ္ထိန္းအေဒၚသုံးဦးကသာလၽွင္ ရွုက်င္းအား ဂ႐ုစိုက္ေပးေနျခင္းပင္။ ဤရက္ပိုင္းအတြင္း၌ အေဒၚသုံးေယာက္စလုံးက ခြင့္ယူထားေလရာ အိမ္၌ ရွုက်င္းတစ္ဦးတည္းသာ ရွိေနေတာ့၏။ ထို႔ေၾကာင့္ အိပ္ရာမွနိုးစဥ္ ေအာက္ထက္၌ ဂလုံးဂလြမ္းအသံမ်ား ၾကားခိုက္ သူ၏ပထမဆုံးအေတြးက ေခြးေလး ပတ္ဖ္ ေလၽွာက္ေမႊေနၿပီဟူ၍။
"ပတ္ဖ္ေရ...."
ညအိပ္ဝတ္စုံဝတ္ဆင္ထားဆဲျဖစ္သည့္ ရွုက်င္းလည္း အိပ္မွုန္စုတ္ဖြားျဖင့္ ေအာက္ထပ္သို႔ဆင္းလာရာ ဧည့္ခန္းထဲရွိ အေျခအေနကို ျမင္လိုက္ရခ်ိန္၌ ၾကက္ေသေသသြားေတာ့သည္။
ရွန့္ရွင္းဟယ္က ရွုက်င္းအား ေက်ာေပးကာ ေကာ္ေဇာထက္၌ ထိုင္ရင္း ေခြးေလးႏွင့္ ေဆာ့ကစားေနျခင္းသာ။
ရွုက်င္းက နံနက္မိုးေသာက္အ႐ုဏ္တက္ခ်ိန္မွသာ အိပ္ေပ်ာ္သြားျခင္းျဖစ္၏။ ထို႔ေၾကာင့္ နိုးလာခ်ိန္၌လည္း အိမ္၌ အျခားလူတစ္ဦး ရွိေနေသးသည္ကို လုံးလုံးလ်ားလ်ား ေမ့ေလ်ာ့သြားခဲ့သည္။ ရွုက်င္းလည္း မ်က္ႏွာထားကို ခ်က္ခ်င္းတည္လိုက္ကာ မ်က္ႏွာေသျဖင့္ မီးဖိုေခ်ာင္ဆီ တည့္တည့္ေလၽွာက္သြား၏။
ရွန့္ရွင္းဟယ္နံေဘးမွ ျဖတ္ေလၽွာက္သြားသည္ႏွင့္ တစ္ဖက္လူက ေခါင္းေစာင္းလာကာ ရွုက်င္းအား စကားဆိုလိုက္သည္။
"ေမာနင္း"
ရွုက်င္းကေတာ့ လ်စ္လ်ဴရွုဆဲ။ 'ပတ္ဖ္'ဟု တစ္ခြန္းေခၚလိုက္ၿပီးေနာက္ မီးဖိုခန္းဆီ ဆက္ေလၽွာက္သြား၏။
ရွုက်င္းလည္း ေရခဲေသတၱာထဲမွ ႏြားနို႔ဘူးကိုယူထုတ္ၿပီးေနာက္ တမင္တကာရည္ရြယ္၍ ေရခဲေသတၱာတံခါးကို ဗုန္းခနဲ အၾကမ္းပတမ္း ပိတ္ပစ္လိုက္သည္။ အျပင္လူက ရွင္းလင္းျပတ္သားစြာ ၾကားနိုင္ေစရန္အတြက္။ ထို႔ေနာက္ ခြက္တစ္ခြက္ရွာကာ ႏြားနို႔ေလာင္းထည့္လိုက္သည္။
ႏြားနို႔ကို မိုက္ခရိုေဝ့ဗ္ထဲ ထည့္ေႏႊးၿပီးသည္အထိ ရွုက်င္း တစ္စုံတစ္ရာကို ေပ်ာက္ဆုံးေနေၾကာင္း မခံစားမိေသး။ ထို႔ေနာက္တြင္မွ ယခင္အခ်ိန္ကဆိုလၽွင္ ပတ္ဖ္တစ္ေကာင္ လၽွာေလးတန္းလန္းတန္းလန္းျဖင့္ ရွုက်င္း၏ေျခေထာက္မ်ားအၾကား ခၽြဲႏြဲ႕ေနတတ္ျမဲ။ သို႔ေသာ္ျငား သည္တစ္ခါတြင္ေတာ့ ရွုက်င္းအေနာက္ကိုပင္ လိုက္မလာေတာ့။ ဤသည္က ေပ်ာက္ဆုံးလစ္ဟာေနခဲ့ေသာ အရာသာ။
ဤအေျခအေနႀကီးက ရွုက်င္းအတြက္ေတာ့ ေအာင့္သက္သက္ႏွင့္ သူစိမ္းဆန္လြန္းေနခဲ့သည္။
ရွုက်င္းလည္း ဧည့္ခန္းဆီ ျပန္ေလၽွာက္ထြက္လာရာ ရွန့္ရွင္းဟယ္အေရွ႕၌ ရိုက်ိဳးစြာ ထိုင္ေနသည့္ ပတ္ဖ္အား ျမင္ေတြ႕လိုက္ရ၏။ ပတ္ဖ္က မ်က္ႏွာခ်ိဳေသြးကာ ခခယယျဖင့္ ရွန့္ရွင္းဟယ္အား ေမာ့ၾကည့္ေနေလသည္။
ပတ္ဖ္က ငါးႏွစ္အရြယ္ Samoyed အမ်ိဳးအစားေခြးျဖစ္၏။ တစ္ကိုယ္လုံး ေဖြးဆြတ္ေနကာ ဉာဏ္ေကာင္းၿပီး လူကပ္တတ္သည္။
ရွုက်င္း၏မိဘႏွစ္ပါး မကြာရွင္းမီက အေမျဖစ္သူ ဝယ္လာေပးခဲ့ျခင္းပင္။
ရွုက်င္းက 'ပတ္ဖ္'ဟု ႏွစ္ခါေခၚသည္။ ဤတစ္ခါတြင္ေတာ့ ပတ္ဖ္လည္း ျပန္လည္တုံ႔ျပန္ကာ ရွုက်င္းဆီ ေျပးလာ၏။ ႏွစ္ခါမၽွ ဝိုင္းႀကီးပတ္ပတ္လွည့္ၿပီးေနာက္ ႏွာမွုတ္လိုက္သည္။ ပတ္ဖ္က ရွုက်င္းထံမွ ႏွစ္ခါမၽွ အသာအယာ အပုတ္ခံလိုက္ၿပီးေနာက္ ရွန့္ရွင္းဟယ္ထံ ျပန္ေျပးသြား၏။
__ဪ.. ေခြးေတာင္မွ ေျပာင္းလဲသြားၿပီပဲ။
ရွုက်င္း၏လက္က ဗလာေလထုထဲ ရပ္တန့္ေနခဲ့ၿပီးေနာက္ မ်က္လုံးမ်ားက ႐ုတ္တရက္ ပူက်စ္ေတာက္လာေတာ့သည္။
မည္သည့္စကားမၽွမဆိုေတာ့ဘဲ ဧည့္ခန္းထဲ ေလၽွာက္သြားကာ ရွန့္ရွင္းဟယ္၏လက္ထဲမွ အဆာေျပမု႔န္ထုပ္ကို ဆတ္ခနဲ လုယူလိုက္၏။
"ပတ္ဖ္ကို ဘာမွေလၽွာက္မေကၽြးနဲ႔.. သူက ေခြးစာေတာင္ စားရေသးတာ မဟုတ္ဘူး.. ဘာအစာမွ မဝင္ေသးဘဲ ေလၽွာက္ေကၽြးမေနနဲ႔"
ရွန့္ရွင္းဟယ္က ရွုက်င္းအား ေမာ့ၾကည့္လာသည္။
အႏွီေကာင္ေလး၏မီးခိုးမွိုင္းေရာင္မ်က္ဆန္၌ ခံစားမွုမ်ားဟာ နတၳိ။ ထို႔ေၾကာင့္ ၾကည့္ရသည္မွာပင္ အသက္မပါဘဲ ေလးလံထိုင္းမွိုင္းေနပုံႏွင့္ပင္ ပိုတူေတာ့၏။ အျခားမ်က္ဝန္းတစ္ဖက္ကသာ ျမဴတိမ္ကင္းစိမ္ကာ ပကတိ ၾကည္လင္ေနၿပီး ထိုမ်က္ဝန္းထဲမွ စိတ္ခံစားမွုအေငြ႕အသက္မ်ားကလည္း သိသာထင္ရွားေနေလ၏။
ရွန့္ရွင္းဟယ္ : "ငါ ေခြးစာ ေကၽြးထားၿပီးၿပီ"
ယခုဆိုလၽွင္ ေခြးကေလးက ရွုက်င္းအနား၌ ခၽြဲႏြဲ႕ကာ ဟိုပတ္ေျပးသည္ပတ္ေျပးလုပ္ေနသည္။
သို႔သည့္တိုင္ ရွုက်င္းက စိတ္ခ်မ္းသာမေနခဲ့။ ေၾကာင္အိမ္ထဲသိမ္းထားသည့္ ေခြးစာကို ရွန့္ရွင္းဟယ္က မည္သို႔မည္ပုံ ရွာေတြ႕ခဲ့ေလသနည္း? ရွုက်င္းလည္း အသံက်ယ္ေလာင္စြာျဖင့္ ေမးျမန္းလိုက္ေတာ့သည္။
"ဘာလို႔ သူမ်ားအိမ္မွာ ပစၥည္းေတြ ေလၽွာက္ေမႊရတာလဲ? ကိုယ့္က်င့္တရားေလးေတာ့ ထိန္းစမ္းပါ"
ရွန့္ရွင္းဟယ္က စိတ္မာန္ေဒါသမထြက္ခဲ့။ ျဖည္းျဖည္းေအးေအးသာ ျပန္ေျပာ၏။
"မနက္က ဦးေလး အိမ္ကမထြက္ခင္ မင္း ဒီထက္ ၾကာၾကာအိပ္လို႔ရေအာင္ ဆိုၿပီး ေခြးစာေကၽြးဖို႔တာဝန္ကို ငါ့ကို ေပးခဲ့တာ"
ရွုက်င္းက အာေစးမိသြားေတာ့သည္။
သူလုပ္နိုင္သည္က ႏွုတ္ခမ္းကိုက္ကာ ေရာက္ရာအရပ္၌သာ မတ္တပ္ဆက္ရပ္ေန႐ုံသာ။ ေနာက္ထပ္ ဘာလုပ္လို႔ ဘာကိုင္ရမွန္းပင္ မသိေတာ့။
ရွန့္ရွင္းဟယ္က ဆို၏။
"မင္း စိတ္ပူစရာ မလိုပါဘူး.. ငါက ဦးေလးရဲ့ တရားမဝင္သားလည္း မဟုတ္ဘူး.. ဘာေသြးမွလည္း မေတာ္ဘူး.. ငါ မင္းကို အဆင္မေျပျဖစ္ေအာင္ လုပ္မိတယ္ဆိုရင္ ေတာင္းပန္ပါတယ္.. ေက်ာင္းစဖြင့္တာနဲ႔ အေဆာင္မွာ သြားေနဖို႔ စီစဥ္မွာပါ"
ပတ္ဖ္က အၿမီးတႏွံ့ႏွံ့ျဖင့္ ရွန့္ရွင္းဟယ္၏မ်က္ႏွာတစ္ျပင္လုံးကို နမ္းရွုံ႔ေနေတာ့၏။
ရွန့္ရွင္းဟယ္လည္း ေခါင္းေရွာင္လိုက္ကာ ပတ္ဖ္၏အေမြးႏုႏုမ်ားကို လက္ဖဝါးႏွစ္ဖက္ျဖင့္ အားပါးတရ ဆုပ္နယ္လိုက္သည္။
ေႏြရာသီ၏နံနက္ခင္းေနေရာင္ျခည္က ျပတင္းေပါက္မွတစ္ဆင့္ ျဖာက်သက္ဆင္းေန၏။ ေခြးအေမြးတခ်ိဳ႕ကပင္ ေလထဲ လြင့္ေမ်ာေနသည္။
ရွုက်င္းထက္ အသက္ႏွစ္ႏွစ္သာႀကီးသည့္ ေကာင္ေလး၌ ေအးေဆးတည္ၿငိမ္သည့္ ေရာင္ဝါလကၡဏာမ်ား ရွိေန၏။ ေတာင္က်စမ္းေရသဖြယ္ အနီးတဝိုက္ပတ္ဝန္းက်င္အား ေအးစိမ့္ေစရန္ စြမ္းေဆာင္ေပးနိုင္ပါသကဲ့သို႔။
"တင္း~~~"
မိုက္ခရိုေဝ့ဗ္ထံမွ အသံထြက္ေပၚလာၿပီ။
ရွုက်င္းလည္း ပတ္ဖ္၏အဆာေျပမုန့္ထုပ္ကို ေဘးတြင္ ခ်ထားလိုက္ကာ မီးဖိုေခ်ာင္ထဲ ဝင္သြား၏။
Advertisement
- In Serial55 Chapters
Fight For You
When Emily applies for a position as a caregiver for Daniel, a boy with a permanent spinal cord injury, she never thought she'd also be dealing with his brash fighter of a brother, Lucas. Emily soon becomes involved in the world of fighting that seems to constantly surround Lucas as he attempts to find retribution for his brother. Can Emily help heal the relationship between the two brothers while also caring for the seemingly brute professional fighter? Will Lucas lower his barriers enough for Emily to do so?
8 122 - In Serial130 Chapters
When Bad Boys Fall
T E A S E R:"Open your mouth," he whispered and I looked at him in confusion. "Open your mouth, Jackie."•••When Bad Boys Fall is a Standalone from the When Worlds Collide timeline.•••Jackie Garner has always been the type of girl who minds her business, stays unknown and studies hard to get a scholarship for her dream college. She has never had a boyfriend, being in a relationship or even done any intimate thing with anyone until things starts to change. Jackie gets trapped in the boys' locker room by the bullies at school and realizes it's not empty. For the first time, she meets Lucas Hamilton, the school basketball player and playboy and things might get steamy being alone with a half naked boy she's been hearing about. Most of all, now she gets noticed by him and Lucas has not left her since then.Passion, tension, feelings and heartaches is the order of the day when these two begin to go deeper than what they both wanted.🥇🥈🥉RANKS#1 Passion#2 Youngadult#3 Teenromance#2 Protective#5 Billionaire#6 Roommates#7 Hot#7 Playboy
8 368 - In Serial8 Chapters
Love Of Baybur [Participant in the Royal Road Writathon challenge]
The Sultanate won a huge battle against their enemies of different religion, and now left them with only a piece of land surrounded by Sultanate's forces. Baybur, a yerliyya from a backwater place, is hailed as a hero after the war for his past contributions in a strange manner and is, thus, invited to a banquet prepared by the Sultan and attended by many Great Nobles. To Baybur, who had dreams of stepping on a higher stage in Sultanate's politics, and in his Orta's ranks, this is a chance for him to shine and rise. Yet he, and many in the banquet, knows that victory is far from over. And this presents a chance, with greater risk than before, to impress the Sultan and the Pashas of the Sultanate. Sanjak-beys and Aghas of the Janissary Corps all seek to devour their enemies, both in and out of the Sultanate. And Baybur, in the midst of this brewing storm, is no different from a fish dreaming to be a dragon. But a woman he meets at the banquet changes everything; his goals, his dreams, and his fate. After all, love, without expression, is a deadly curse. As a note, Cover is not mine obviosuly, and I write this both for NaNoWriMo and Writathon. To some history lovers and nerds who specialize in it, I know you might be angered quite a deal with some things I've written.(I get the feeling when someone talks wrong foolish things in a study I know, no hate) But this is a historical fiction written by a seventeen-year-old, don't expect much from me to know every single detail. Much of my research is surface level and some things are, well, to fit plot, are changed. So bear that in mind. For schedule/chapter thingt, there will be at most five chapters until I pass the 55.555 words mark. Each chapter will be around or above 10k+ words. It is also not edited, and probably won't be unless I find a great deal of time in my hands after November to see what I lack in where. That's all. Now go read, or leap to another fiction. Enjoy!
8 106 - In Serial28 Chapters
The Devil's Mate
Don't mess with the devil Momma always said Don't mess with the devil or you'll end up deadDon't look at his dagger-like eyes, they'll make you bleed Don't listen to his words, he'll lead you into fulfilling evil deedsMaking him mad would be your biggest regret He'll make sure you pay an extra fee with your debt He slits throats and crunches bones with emotionless eyes While smirking maliciously with those dark red lips that spill lies He'll pretend to be friendly, give your cheek a poisonous peck But once he's done with you, he won't think twice before snapping your neck
8 84 - In Serial58 Chapters
Her Prince
(COMPLETED) "I will break her into million pieces until she turns into ashes." - Brandon Maxwell. "I will always be yours even if you don't want me." - Sofia Martin.Book Published: 03/02/2017Completed: 28/03/2018#289 in Romance - 09/02/2017#102 in Romance - 20/02/2017#62 in Romance - 05/03/2017WARNING:This story is meant for the audience of 18+. This Story's content is not meant for any innocent adult or sensitive reader. This story also uses strong language, violence, and rape so if you are of under age or sensitive to such things then continuing to read is strongly not advised. Please do not read the book only to leave hateful comments.
8 435 - In Serial7 Chapters
My only one // Killugon // Contains Yaoi {COMPLETE}
In this story, Killua falls inlove and tries to confess to Gon. Meanwhile, More situations start to begin
8 81

