《Please Don't See Me [Mm Transl. || Completed]》CHAPTER-3
Advertisement
UNICODE
နံနက်ရောက်သော် ရှုကျင်း၏မျက်လုံးအစုံမှာ မို့မောက်ဖောင်းအစ်လျက်။
ရှုကျင်း၏လုပ်ဖော်ကိုင်ဖက်မှာတော့ လန့်ထိတ်သွားရကာ ဒူးခေါင်းဒဏ်ရာက အင်မတန်ပြင်းထန်သည်ဟုသာ ထင်နေတော့သည်။ ကုမ္ပဏီ၌ ရှုကျင်းက အသက်အငယ်ဆုံးဖြစ်၏။ အပေါ်ယံ ခြုံငုံကြည့်မည်ဆိုလျှင်လည်း ရှုကျင်းဟာ မိသားစုထဲ၌ အလိုလိုက်ခံထားရပြီး ကြီးပြင်းလာသကဲ့သို့။ ယမန်နေ့က ရှုကျင်းမှာ အိမ်၌ မည်သူမျှမရှိကြောင်း ပြောပြခဲ့သည်။ လုပ်ဖော်ကိုင်ဖက်က ဦးစွာပထမ တွေးထင်လိုက်သည်က ဆုံးပါးသွားကြလေပြီလောဟူ၍။ သို့သော် အသေအချာ တစ်ခါပြန် မှန်းဆကြည့်ပါက ရှုကျင်းဟာ မိသားစုနှင့် အချေအတင်ဖြစ်ကာ အိမ်ခွဲနေခြင်းလည်း ဖြစ်နိုင်သည်လေ။
လုပ်ဖော်ကိုင်ဖက်က မေးမြန်းလိုက်၏။
"တော်တော်နာနေလား? ငါ ဆရာဝန်ခေါ်ပေးရမလား?"
"ဟင့်အင်း.. ကျွန်တော် ညက ကောင်းကောင်းအိပ်မပျော်လို့နေမယ်"
နှစ်ဦးသား နံနက်စာစားကြပြီးနောက် အခန်း၌ အထုပ်အပိုးများ ပြန်လည်သိမ်းဆည်း၏။ ထို့နောက် ဧည့်ကြိုကောင်တာ၌ အခကြေးငွေ သွားရှင်းတော့သည်။
နံနက်ခင်း၌ ဟိုတယ်ခန်းများအတွက် ကျသင့်ငွေပေးသွင်းနေကြသည့်လူများက ငါးပိသိပ်ငါးချဥ်သိပ်ဖြစ်လျက်။ ဧည့်သည်တစ်ဦးဆိုလျှင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရလွန်း၍ ဟိုတယ်ဝန်ထမ်းနှင့်ပင် ရန်ဖြစ်နေလိုက်သေးသည်။
ရှုကျင်း၏လုပ်ဖော်ကိုင်ဖက်ဖြစ်သူမှာတော့ နာရီကိုသာ မလွတ်တမ်း မျှော်ကြည့်ရင်း လေယာဥ်ချိန်နောက်မကျရေးအတွက် ပူပန်စွာဖြင့် နှုတ်မှ တတွတ်တွတ် ရွတ်နေတော့သည်။
ရှုကျင်းမှာတော့ လုပ်ဖော်ကိုင်ဖက်အနောက်၌ အဝတ်သေတ္တာများဖြင့် မတ်တပ်ရပ်ကာ ဓာတ်လှေကားဘက်ကိုသာ ဒုတိယအကြိမ်မြောက် ငေးမောကြည့်နေမိ၏။
ယမန်နေ့က ဓာတ်လှေကားအရှေ့၌ ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းက သူ၏အတွေးစများထဲ လိုက်လံမွှေနှောက်နေဆဲ။
ထိုအချိန်ဝယ် ဟိုတယ်အတွင်း၌ ဧည့်သည်များက ဝင်လိုက်၊ ထွက်လိုက်ဖြင့် လူပင်လယ်ကြီးဖြစ်နေတော့သည်။
အကယ်၍များ သူတို့နှစ်ဦး လေယာဥ်ချိန်နှင့် လွဲသွားပါက ဟိုတယ်၌ နောက်တစ်နေ့ ထပ်နေရပေတော့မည်။
သို့သည့်တိုင် အံ့ဩစရာကောင်းလောက်အောင်ပင် ရှုကျင်းဟာ စိတ်ပျက်လက်ပျက်မဖြစ်ခဲ့။ ယခုအခြေအနေကိုပင် ကျေနပ်နေသည်လောဟု မေးယူရပေမည်။
အဆုံးတွင်တော့ ကြံဆထားသည့်အချိန်အတွင်း ကျသင့်ငွေရှင်းနိုင်ခဲ့လေပြီ။ ဟိုတယ်က တာဝန်ယူကာ သူတို့အား လေဆိပ်လိုက်ပို့မည်ဖြစ်သည့်အားလျော်စွာ ဧည့်တွေ့ခန်း၌ ခေတ္တခဏ စောင့်ဆိုင်းပေးပါရန် တောင်းဆိုထား၏။
စောင့်ဆိုင်းနေသည့်အချိန်အတွင်းမှာပင် chat box အတွင်းရှိ ကုမ္ပဏီမှလုပ်ဖော်ကိုင်ဖက်များဖြင့် ဖွဲ့စည်းထားသည့် group၌ အားကျမှုအဖြာဖြာဖြင့် စည်ကားတက်ကြွလာလေသည်။
ရှုကျင်းသည်လည်း လူတိုင်းပို့ထားသည့်စာများကို ဖတ်ရင်း ပျင်းရိလာ၏။ ထို့အပြင် တစ်စုံတစ်ဦးဆိုလျှင် သူ့အား mention ခေါ်ကာ လင်ဝမ်းအပေါ်တွင်တော့ ကောင်းကောင်းဆက်ဆံပေးသည့်တိုင် ကျန်လုပ်ဖော်ကိုင်ဖက်များကိုတော့ မည်သို့မည်နှယ် အလျော်ပေးမည်နည်းဟု အပျော်အပြက်မေးမြန်းထားသေးသည်။
လင်ဝမ်းဟူသည် ရှုကျင်းနှင့်အတူ ခရီးသို့လိုက်ပါလာသည့် လုပ်ဖော်ကိုင်ဖက်၏အမည်နာမဖြစ်သည်။ လွန်ခဲ့သည့် ရက်များအတွင်း လင်ဝမ်းက ရှုကျင်းဟာ ခရီးစရိတ်တစ်ဝက် ပေးချေဖို့ရာတောင်းဆိုခဲ့သော်လည်း ရှုကျင်းက ငြင်းပယ်ခဲ့သည်လေ။ ထို့ကြောင့် လောလောလတ်လတ်ရက်များအတွင်း မနာလိုအူတိုမှုဟူသော ဤချဥ်ခါးခါးခံစားချက်က လူတိုင်း၏စိတ်နှလုံးတွင် အနည်ထိုင်လျက်ရှိဖြစ်၏။
ကုမ္ပဏီ၌ ရှုကျင်း၏ရေပန်းစားမှုက မနည်းလှချေ။ ပြုံးရယ်ကာ ဟာသလုပ်နေသည့် emoji လေးဖြင့် စာပြန်လိုက်၏။
[ကျွန်တော် ဒီနေ့ ပြန်လာမှာဆိုတော့ကာ.. မနက်ဖြန် အားလုံးအတွက် ညစာ ကျွန်တော် ဒကာခံပါ့မယ်။]
[ရှောင်ရှုရေ.. ကျေနပ်တယ်ဝေ့.. တို့တော့ ဘာဘီကျူးစားချင်တယ်။]
[ဟော့ပေါ့မှ ဟော့ပေါ့နော်။ တစ်ပြားမှ မလျော့ဘူး။]
[သုံးထပ်သားကင်လေး တစ်လုပ်လောက် စားလိုက်ရရင် လူဖြစ်ရကျိုးနပ်ပါပြီ ကိုယ့်လူ။]
"Fxck... ရှုကျင်း... မင်း ဘာလို့ အားလုံးကို သဘောတူလိုက်ရတာလဲ?"
ရှုကျင်းက ပြန်ဖြေ၏။
"ဘာမှမဖြစ်ပါဘူး.. ဘူဖေးကျွေးမှာပဲကို"
လင်းဝမ်ကလည်း ပြုံးစစနှင့် ဆိုလိုက်သည်။
"အာ.. ဟုတ်သား.. မနက်ဖြန်ကတော့ ငါ ကျွေးမှာနော်.. လာမလုနဲ့တော့"
စကားပြောလက်စနှင့် ရှုကျင်း ဟိုတယ်စင်္ကြံလမ်းဘက်သို့ ခေါင်းလှည့်လိုက်သည်။ တစ်စုံတစ်ဦး သူ့အမည်နာမအား ခေါ်သံကို ကြားလိုက်ရသလိုလို။
"ရှုကျင်း!"
လင်ဝမ်းသည်လည်း တစ်စုံတစ်ဦး သူတို့ထံ ဦးတည်လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသည်။
'ရှုကျင်း'ဟု လှမ်းခေါ်လိုက်သူဟာ ယမန်နေ့က ဓာတ်လှေကားထဲ၌ ဆုံဖြစ်ခဲ့ကြသည့် ရှန့်ရှင်းဟယ်၏အတွင်းရေးမှူးပင်။
ရှုကျင်းမှာလည်း အံ့ဩမှင်တက်သွားရသည်။
ရှုကျင်းတို့ထံ မနှေးမမြန်လှသော ခြေလှမ်းများဖြင့် ချဥ်းကပ်လာသူက ညင်သာလှသော အပြုံးကို ဆင်မြန်းလျက် စကားဆိုလိုက်၏။
"မောင်လေး ထွက်သွားတာ အစောကြီးပဲ.. အစ်မက မမှီတော့ဘူးလို့တောင် ထင်နေတာ"
ရှုကျင်း : "ဘာကိစ္စရှိလို့လဲဗျ?"
"ဒီလိုပါ.. မစ္စတာရှန့်က မောင်လေးကို မေးခိုင်းလိုက်လို့.. ဒီမှာ နောက်နှစ်ရက်လောက် ထပ်နေဖို့ အဆင်ပြေလားတဲ့.. သူက နောက်တစ်မြို့ကို တနင်္လာနေ့မှ သွားဖြစ်မှာဆိုတော့ အရင်တုန်းက အကြောင်းလေးတွေလည်း မောင်လေးနဲ့ ပြောချင်လို့ပါတဲ့.. ဖြစ်နိုင်မယ်ဆိုရင် အစ်မ အခုချက်ချင်း မောင်လေးရဲ့လေယာဥ်ချိန်ကိုပြောင်းပြီး လက်မှတ်ပြန်လဲလိုက်ပါ့မယ်"
ရှုကျင်းခမျာ တစ်မုဟုတ်ချင်း ကြက်သေသေသွားရတော့သည်။
ရှုကျင်းမှာလည်း ခေါင်းတဆတ်ဆတ်ညိတ်ပြလျက် လက်သင့်ခံမည်ပြုအံ့ဆဲဆဲ၊ 'ကောင်းသားပဲ'ဟူသည့် စကားလုံးများကို နှုတ်မှ သွန်မှောက်တော့အံ့ဆဲဆဲမှာပင် လေးစက္ကန့်၊ ငါးစက္ကန့်မျှ စဥ်းစားခန်းဝင်ပြီးနောက် လည်ချောင်းမှ ထွက်ပြေးသွားသည့်စကားလုံးများသည်ကား : "ဟုတ် ရပါတယ်"ဟူ၍။
နှလုံးစိုင်ကို ဆုပ်ညှစ်ထားသည့် အားတစ်မျိုးသည်လည်း ပြေလျော့သွားခဲ့ချေပြီ။
ကြွက်သားများကပင် လုံးလုံးလျားလျား အညောင်းအညာပြေသွားပါသကဲ့သို့။ ထိုသို့သော စကားအရာချုပ်တည်းမှုမျိုးကို မည်မျှလိုလားတောင့်တနေပါကြောင်း သက်သေသက္ကာရပြုနေသည့်ပမာ။
အူလည်လည်ဖြစ်နေသော လင်ဝမ်းအား နှုတ်ဆက်စကားဆိုပြီးနောက် တနင်္လာနေ့အမှီ အားလုံးနှင့်ညစာစားရန် အပြေးပြန်လာခဲ့မည်ဟုပင် ကတိပေးလိုက်သေးသည်။ ထို့နောက်တွင်တော့ ခရီးဆောင်လက်ဆွဲသေတ္တာအား တရွတ်တိုက်ဆွဲရင်း ရှန့်ရှင်းဟယ်၏အတွင်းရေးမှူးနှင့်အတူ ဓာတ်လှေကားထဲသို့ ဝင်သွားလေတော့၏။
Advertisement
အတွင်းရေးမှူးက အဆိုရှိလာသည်။
"စိတ်မရှိရင် မောင်လေးကို ရှုကျင်းလို့ပဲ ခေါ်မယ်နော်.. မစ္စတာရှန့်ဆီက ကြားထားတာကတော့ ရှုကျင်းက အစ်မထက် တစ်နှစ်ငယ်တယ်ဆိုပဲ"
ရှုကျင်းသည်လည်း ကိစ္စမရှိပါကြောင်း ပြန်လည်တုံ့ပြန်လိုက်၏၊
ရှန့်ရှင်းဟယ် သူ၏အတွင်းရေးမှူးအား မည်သို့မည်နှယ် ပြောပြထားကြောင်းကိုတော့ အလွန်အမင်း သိချင်စိတ်ပြင်းပြလျက်ရှိသည်။
အတွင်းရေးမှူးသည်လည်း စိတ်ပူပူဖြင့် ဒူးခေါင်းဒဏ်ရာအခြေအနေ သက်သာလောဟူ၍ သတင်းမေးလိုက်သေး၏။
ဓာတ်လှေကားသည်လည်း အလင်းအလျင်ဖြင့် အထက်သို့ ဆန်တက်လျက်။ ချက်ချင်းမဆိုင်းပင် ၅၂ထပ်သို့ ရောက်သွားချေပြီ။
ဓာတ်လှေကားအထွက် စင်္ကြံလမ်း၏ကော်ဇောခင်းသည်ကား ကျန်အောက်ထပ်များနှင့် ခြားနားစွာ အရောင်မတူဘဲ ပို၍ထူထူထပ်ထပ်ရှိသေးသည်။ ခန်းဆီးများ၊ အခန်းအပြင်ဘက်ဒီဇိုင်းများကလည်း ကွဲပြားနေ၏။ ဟိုဟိုသည်သည်စပ်စုရင်း အခန်းနံပါတ် (၅၂၀၁)အရှေ့သို့ ရောက်ရှိသွားပြီ။
ရှုကျင်းမှာတော့ ထိန်းမနိုင်သိမ်းမရ ရင်ခုန်စိတ်လှုပ်ရှားလျက်ရှိသည်။
အတွင်းရေးမှူးက အခန်းသော့ကဒ်ကို တံခါးပေါ် ပွတ်ဆွဲလိုက်ပြီးနောက် တံခါးဘေး၌ ကပ်ရပ်ကာ ဆို၏။
"ဝင်သွားလိုက်လေ"
သို့ပေတည့် ကြိုတင်မျှော်မှန်းတွေးဆထားပါသော ရှန့်ရှင်းဟယ်နှင့် မျက်နှာချင်းဆိုင်တွေ့ခွင့်ရရေးကိုတော့ အကောင်အထည်မဖော်နိုင်သေး။ ရှန့်ရှင်းဟယ်က အခန်းထဲ၌ ရှိမနေ။
"မစ္စတာရှန့်က ဌာနက ဖိတ်ထားလို့ ဒီမနက်စောစောပဲ ထွက်သွားတာ.. သူက ဒီရောက်တိုင်း ဒီဟိုတယ်မှာပဲ တည်းနေကျ.. ဒီဟိုတယ်ခန်းမှာက အိပ်ခန်းနှစ်ခန်းပါတယ်.. မစ္စတာရှန့်က ဘယ်ဘက်အခန်းမှာနေတာဆိုတော့ ညာဘက်အခန်းကတော့ လွတ်နေတယ်.. နောက်ရက်တွေထိ ဒီမှာနေရမှာ.. အဆင်ပြေရဲ့လား?"
ရှုကျင့်လည်း အဆင်ပြေကြောင်း ပြန်လည်ဖြေကြားလိုက်သည်။
အတွင်းရေးမှူးလည်း အခန်းထဲမှ ထွက်သွား၏။ မထွက်ခွာမီ ရှန့်ရှင်းဟယ်က မကြာခင် ရောက်လာတော့မည်ဖြစ်ကြောင်း၊ အကယ်၍များ ရှုကျင်း တစ်ခုခုလိုအပ်သည်ရှိသော် ဟိုတယ်ဝန်ဆောင်မှုဌာနကိုလည်းကောင်း၊ သူ(မ)၏ဖုန်းနံပါတ်ကိုလည်းကောင်း ဆက်သွယ်၍ရကြောင်း အကြောင်းကြားသွားသေးသည်။
ရှုကျင်းလည်း လက်ဆွဲသေတ္တာကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည့် လက်များကို ပြေလျော့လိုက်ပြီးနောက် ဧည့်ခန်းထဲ၌ အချိန်အတန်ကြာ မတ်တပ်ရပ်နေသေး၏။
ဧည့်ခန်းထဲတွင်တော့ စားပွဲခုံထက်ရှိ မတ်ခွက်မှလွဲ၍ လူနေသည့် အရိပ်အယောင် တစ်စိုးတစ်စိမျှ မရှိ။
ရှုကျင်း ဟိုဟိုသည်သည် လျှောက်ကြည့်မိသည်။ ထို့နောက် ရှန့်ရှင်းဟယ်၏အိပ်ခန်းတံခါးဆီသို့ လျှောက်သွားကာ တံခါးကို တွန်းဖွင့်လိုက်သည်။
ဧည့်ခန်းနှင့်ယှဥ်လျှင်တော့ ဤနေရာက အနည်းငယ် ပို၍ရှုပ်ပွနေ၏။ ရှန့်ရှင်းဟယ်က အခြားလူများ သူ့ပိုင်နက်ထဲ ကျူးကျော်သည်ကို တစ်ခါမျှ မနှစ်သက်ခဲ့ချေ။ ကုတင်နံဘေးရှိ စားပွဲထက်တွင် နက်ခ်တိုင်တစ်ခုရှိနေကာ စောင်ကိုလည်း မခေါက်ရသေး။ ကြည့်ရသည့်မှာ အခန်းပိုင်ရှင်က အလျင်စလို ထွက်သွားရပုံပင်။
မျက်နှာကျက်မှသည် ကြမ်းပြင်ထက်သို့ တွဲလောင်းကျနေသည့် ခန်းဆီးလိုက်ကာဟာလည်း တစ်ဝက်တစ်ပျက် ဖွင့်လျက်သား။ လျှော်ဖွတ်ရန်ပင် အချိန်မမှီလိုက်ပုံပေါ်သည့် ရှပ်အင်္ကျီတစ်ထည်ကလည်း ချိတ်ဖြင့် အခန့်သား တည်ရှိနေသည်။
ဤသည်ကား ယမန်နေ့က ရှုကျင်း ငိုယိုလျက် မျက်ရည်များဖြင့် ပေပွစေခဲ့သည့် တွန့်ခေါက်နေသည့် ရှပ်အင်္ကျီပင်ဖြစ်ချေ၏။
ရှုကျင်းလည်း အနည်းငယ် ရှက်ရွံ့သွားခဲ့ရသည်ပင်။ မျက်ဝန်းနှစ်စုံကို မီးအရှိန်ဟပ်ခြင်းခံရသကဲ့သို့ တစ်မုဟုတ်ချင်း မှိတ်ပစ်လိုက်ကာ ရှန့်ရှင်းဟယ်၏အခန်းထဲမှ အလျင်အမြန်ထွက်လာခဲ့တော့သည်။
~~~
ရှန့်ရှင်းဟယ်က ပြန်ရောက်လာသည့်အချိန်က မှန်းထားသည်ထက်ပင် နောက်ကျသေး၏။ သူပြန်လာချိန်၌ ရှုကျင်းမှာ အိပ်မောကျလျက်ရှိနေပြီဖြစ်သည်။
အိပ်ခန်းက အလင်းစိုးစင်းမျှ မရှိဘဲ မည်းမှောင်နေ၏။ ရှုကျင်းက လိုက်ကာကိုလည်း မဖွင့်ထားချေ။ အဝတ်အစားပင် မလဲတော့ဘဲ ကုတင်ထောင့်စွန်းလေးအနား၌ ကွေးကွေးလေး အိပ်စက်နေသော အကြင်လူဟာ ဝင်သက်ထွက်သက်တိုင်း၌ ခန္ဓာကိုယ်လေးက စည်းချက်ကျလျက်။
ရှုကျင်း နိုးမလာခင်အချိန်အထိ ရှန့်ရှင်းဟယ်က သူ့ကိုသာ တစိမ့်စိမ့် ငေးမောကြည့်နေသည်။
"ကို?"
ရှုကျင်း အိပ်ယာမှနိုးလာခဲ့ပြီ။ အသံသည်လည်း ခပ်ဩဩ။ ကြားနေကျ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်၏လေသံကဲ့သို့ မဟုတ်တော့။
ရှန့်ရှင်းဟယ်က စကားပြန်မပြောခဲ့။
ရှုကျင်းသည်လည်း မှောင်ပိန်းနေသည့် အခန်းထဲ၌ ရှန့်ရှင်းဟယ်၏မျက်နှာအား ကွဲကွဲပြားပြား မမြင်တွေ့နိုင်ခဲ့ချေ။ ရုတ်ခြည်းဆိုသလို ကြက်သီးမွေးညင်းများ ထသွားရကာ ကုတင်နံဘေးရှိ စားပွဲတင်မီးအိမ်လေးအား ချက်ချင်းမဆိုင်း ထဖွင့်လိုက်သည်။
ထိုအခါတွင်မှ မီးအိမ်၏အလင်းရောင်အကူအညီဖြင့် သူ့အရှေ့ရှိလူ၏မျက်နှာအား ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။
ရှန့်ရှင်းဟယ်က ယခုထိ ရှပ်အအင်္ကျီကို ဝတ်ဆင်ထားဆဲ။ ညိုနက်နက်မျက်ခုံးအောက်မှ မီးခိုးမှိုင်းရောင် မျက်ဝန်းလေးက ရှုကျင်းအား တိတ်တဆိတ် စိုက်ကြည့်လျက်။
ရှန့်ရှင်းဟယ်က ဆိုလိုက်သည်။
"ထတော့"
"ဟမ်?"
"မင်း ငါးရှဥ့်ထမင်း စားချင်တယ်မဟုတ်ဘူးလား? ကိုယ် တစ်ယောက်ယောက်ကို ဘိုကင်တင်ခိုင်းထားတယ်"
ရုတ်တရက် နိုးလာရသည့် ရှုကျင်း၏စိတ်အစဥ်သည်လည်း ယခုထက်တိုင် ရှုပ်ထွေးနေဆဲ။
"အခုက ဘယ်အချိန်ရှိပြီလဲ?"
ရှုကျင်းက ရှန့်ရှင်းဟယ်၏လက်မောင်းအား လှမ်းဆွဲကာ လက်ကောက်ဝတ်ထက်ရှိ နာရီကို ကြည့်လိုက်သည်။ ၁၂နာရီပင် ထိုးတော့မည်။
ရှုကျင်းလည်း ရှန့်ရှင်းဟယ်၏လက်ကောက်ဝတ်ကို လွှတ်ကာ မျက်လုံးအစုံကို ပွတ်သပ်လိုက်၏။
"ကျွန်တော် အကြာကြီး အိပ်ပျော်သွားတာပဲ.. ဘယ်တုန်းက ပြန်လာတာလဲ?"
ရှန့်ရှင်းဟယ်က ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။
"အခုလေးတင်ပဲ ပြန်ရောက်တာ.. ကိုယ် အပြင်မှာ စောင့်နေမယ်"
ရှန့်ရှင်းဟယ် ထွက်သွားသည်နှင့် ရှုကျင်းလည်း အိပ်ယာထက်မှ ငေါက်ခနဲ ထရပ်ကာ အလျင်အမြန် မျက်နှာသွားသစ်သည်။ ထို့နောက် အဝတ်အစားများက သူ လှဲလျောင်းအိပ်စက်ထားသည့် ဒဏ်ကြောင့် မပြောပလောက်ဖွယ်ရာ တွန့်ကြေနေကြောင်း သတိထားမိသွား၏။ လက်ကိုင်ဖုန်းထဲတွင် လုပ်ဖော်ကိုင်ဖက်များ ပို့ထားသည့် မြောက်များလှစွာသော မက်ဆေ့ချ်များကို တွေ့ရလေသည်။ လင်ဝမ်းကပင် မစ္စတာရှန့်အကြောင်းကို မေးမြန်းထား၏။ ထို့အပြင် ရှုကျင်းအား လာခေါ်သည့် အမျိုးသမီးက ရှန့်ရှင်းဟယ်၏လက်ထောက်နှင့် အင်မတန် ဆင်တူလှကြောင်း ပြောထားသေးသည်။
Advertisement
နောက်ဆုံးတွင်တော့ လင်ဝမ်းက မေးထား၏ : [မင်း ရှန့်ရှင်းဟယ်ကို တကယ်သိတယ်ပေါ့? မင်းတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ဘာလဲ? ]
ထိုအချိန်ဝယ် လင်ဝမ်းက လေယာဥ်ပေါ် ရောက်နေလောက်ပြီ။
ရှုကျင်းလည်း ဖုံးကွယ်ရန် မရည်ရွယ်ထားသောကြောင့် ပြန်ဖြေလိုက်၏ : [သူက ကျွန်တော့်ရဲ့အစ်ကိုပါ ]
အိပ်ခန်းထဲမှ ထွက်လာသည်နှင့် ဧည့်ခန်းထဲ၌ စောင့်ဆိုင်းနေသည့် ရှန့်ရှင်းဟယ်အား တွေ့လိုက်ရသည်။
ရှန့်ရှင်းဟယ်သည်လည်း အဝတ်အစားလဲထားပြီးဖြစ်၏။ ကောလိပ်နေ့ရက်များ၏ အငွေ့အသက်လွှမ်းမိုးနေသည့် ရိုးရိုးရှင်းရှင်း တီရှပ်လေးကို ဝတ်ဆင်ထားခြင်းဖြစ်သည်။
အင်တာနက်၌နာမည်ကြီးနေသည့် စားသောက်ဆိုင်သည်ကား သူတို့တည်းခိုရာဟိုတယ်နှင့် အနည်းငယ် ကွာဝေးလေသည်။ ရှန့်ရှင်းဟယ်က နဂိုကတည်းက ကားစီစဥ်ထားပြီးဖြစ်၏။ အတွင်းရေးမှူးကတော့ လိုက်မလာတော့ချေ။
နေက အလွန်ပူပြင်းလှ၏။
ပင်လယ်ပြင်မှ တိုက်ခတ်လိုက်သော လေညင်းလေးများက ကမ်းရိုးတန်းတစ်လျှောက်ရှိ ထန်းရွက်များကို မွှေနှောက်ကျီစယ်လိုက်သည်။ လမ်းတစ်လျှောက် အဆောက်အအုံများအကြားမှ အပြာဖျော့ဖျော့ပင်လယ်ကိုလည်း ဟိုတစ်စသည်တစ်စ မြင်တွေ့နေရ၏။
ရှန့်ရှင်းဟယ်က အနောက်ခုံ၏ဘယ်ဘက်နေရာတွင် ထိုင်သည်။ ကားပေါ်မတက်မီအထိ စကားများများစားစား မပြောဖြစ်ကြ။
ရှုကျင်း ကားထက်သို့ ဝင်ထိုင်လိုက်သည်နှင့် ရှန့်ရှင်းဟယ်က မေးလာတော့သည်။
"ဒူးခေါင်း သက်သာရဲ့လား?"
ရှုကျင်းက ရှန့်ရှင်းဟယ်၏ညာဘက်ခြမ်းတွင် ထိုင်ရခြင်းကို သဘောကျ၏။
ရှန့်ရှင်းဟယ်က ကားပြတင်းပေါက်မှန်မှတစ်ဆင့် အပြင်သို့ ကြည့်နေစဥ် ရှုကျင်းသည်လည်း ရှန့်ရှင်းဟယ်၏မျက်နှာတစ်ဖက်ခြမ်းကို မရိုးဖြောင့်စွာဖြင့် တိတ်တခိုးရှုစားခွင့်ရတော့သည်။ ဆင်ခြင်တုံတရားများက ထိုသို့မလုပ်ရန် တားမြစ်သည့်တိုင်။
ရှန့်ရှင်းဟယ်လည်း ရုတ်တရက် ရှုကျင်းဘက်သို့ လှည့်ကာ မေးမြန်း၏။
"ဘာတွေစဥ်းစားနေတာလဲ?"
ရှုကျင်းက ရှန့်ရှင်းဟယ်၏အကြည့်စူးစူးများကို မလွန်ဆန်နိုင်ခဲ့။ ပြတင်းပေါက်ဘက်သို့သာ ရုတ်ခနဲ လှည့်ကာ ပြန်ဖြေသည်။
"မနက်ဖြန်ရယ်၊ သန်ဘက်ခါရယ်မှာ ဘာတွေလုပ်ရမလဲ စဥ်းစားနေတာ.. ကျွန်တော်က နေရာတော်တော်များများကို ရောက်ဖူးပြီးသားဆိုတော့ သိပ်ပျော်စရာမကောင်းတော့သလိုပဲ.. ကမ်းခြေဆိုရင်လည်း ရိုးတောင်ရိုးနေပြီ"
ရှန့်ရှင်းဟယ်က အမေးပြုလာ၏။
"ဒီမှာ နေရစ်ခဲ့တာကို နောင်တရတာလား?"
ရှုကျင်းက ရုတ်ခြည်း ခေါင်းပြန်လှည့်ကာ အကျောက်အကန် ငြင်းဆိုသည်။
"မဟုတ်ပါဘူး! ကျွန်တော် ပြောချင်တာက အစ်ကို အားတယ်ဆိုရင် နောက်တစ်ခါ သွားရလည်း အဆင်ပြေတယ်လို့"
ရှန့်ရှင်းဟယ်က ပြတင်းပေါက်ဘက်သို့ မျက်နှာပြန်လှည့်သွား၏။ ရှုကျင်း၏အဖြေအား မှတ်ချက်မပြုတော့။
အင်တာနက်၌ နာမည်ကြီးနေသည့်စားသောက်ဆိုင်၌ ငါးရှဥ့်ထမင်းကို မြိန်ရေယှက်ရေ စားသုံးခဲ့ကြသည်။ ထို့နောက် အခြားမည်သည့်နေရာကိုမျှ မလည်ပတ်တော့ဘဲ ဟိုတယ်သို့သာ တန်းတန်းမတ်မတ် ပြန်လာခဲ့တော့၏။
ဟိုတယ်အခန်းသို့ ပြန်ရောက်သော် ရှန့်ရှင်းဟယ်က လုပ်စရာအလုပ်များ ကျန်ရှိသေးသည့်အတွက် ရှုကျင်းအား ခဏတစ်ဖြုတ် အိပ်စက်အနားယူရန် ဆို၏။
ရှုကျင်းမှာ ကုတင်ထက်၌ ဟိုဘက်လှိမ့်၊ သည်ဘက်လှိမ့်နှင့် လှဲလျောင်းနေခဲ့သည်။ ထို့နောက် ဗီရိုထဲမှ ပါးပါးလျလျ စောင်လေးတစ်ထည်ကို ယူကာ ရှန့်ရှင်းဟယ်၏အခန်းတံခါးအား သွားခေါက်၏။
ရှန့်ရှင်းဟယ်က ကွန်ပျူတာအား မျက်နှာချင်းဆိုင်လျက် လက်ထဲတွင်လည်း စာရင်းစာရွက်များက အပြည့်။
ရှုကျင်းက မေးမြန်းလိုက်သည်။
"ကျွန်တော် ဒီမှာအိပ်လို့ရလား?"
တစ်ဖက်လူမှ ဖြေကြားလာမည့် အဖြေစကားကိုတောင် မစောင့်ဆိုင်းနိုင်တော့ဘဲ ရှုကျင်းက အခန်းထဲသို့ ဝင်လာကာ နောက်မှီထိုင်ခုံထက်၌ ကွေးကွေးလေး ကျောခင်းရင်း မျက်လုံးအစုံကို မှိတ်လိုက်တော့သည်။
ရှုကျင်းခမျာ ယမန်နေ့ညက မပြည့်ဝခဲ့ရသော အိပ်စက်ခြင်းနာရီများကို အစားပြန်ဖြည့်နေသည့်ပုံပင်။
မှောင်ရီမှိုင်းစပျိုးလာသည့်အခါ ရှန့်ရှင်းဟယ်က ရှုကျင်းအား နောက်တစ်ကြိမ် ထပ်မံနှိုးယူရ၏။
"ရှုကျင်း.. ရှုကျင်း.. ညစာစားပွဲရှိတယ်.. မင်း ကိုယ်နဲ့ လိုက်ခဲ့ရမယ်"
ရှပ်အင်္ကျီကို တစ်ဖန် ဝတ်ဆင်ပြီးသော ရှန့်ရှင်းဟယ်က ခေါင်းငုံ့ကာ နာရီကို စိမ်ပြေနပြေ ပြင်ဝတ်နေသည်။
ရှုကျင်းက အင်မတန်မှ အံ့အားသင့်သွားရ၏။
ရှန့်ရှင်းဟယ်က ဆိုလေသည်။
"ပွဲအကြီးကြီးတော့ မဟုတ်ဘူး.. ဒီအတိုင်း ညစာစားရုံပဲ"
ရှုကျင်းလည်း သဘောတူလိုက်သည်။
ညစာစားပွဲကို ဌာနအကြီးအကဲက အနှီဟိုတယ်၌ပင် စီစဥ်ပေးထားခြင်းဖြစ်၏။ ဤပွဲက ကိန်းကြီးခန်းကြီးနိုင်သည့် ညစာစားပွဲမဟုတ်သကဲ့သို့ အလုပ်ကိစ္စနှင့်လည်း မသက်ဆိုင်ချေ။ ရှန့်ရှင်းဟယ်နံဘေး၌ ရှုကျင်းပါ ပါလာသည်ကို မြင်သော် နယမေးမြန်းကြ၏။ ရှန့်ရှင်းဟယ်သည်လည်း ရှုကျင်းအား အတွင်းရေးမှူးဟူ၍ မိတ်ဆက်ပေးခဲ့သည်။
သူတို့နှစ်ဦး၏ ဆက်ဆံရေးအား အပြင်လူများက ထဲထဲဝင်ဝင် အသေးစိတ်မသိရှိကြသေးသည်ကတော့ အမှန်တရားပင်။ သဲလွန်စပင် ရှာနိုင်လောက်အံ့မထင်။
ရှုကျင်းသည်လည်း ရှန့်ရှင်းဟယ်၏အတွင်းရေးမှူးဂုဏ်ပုဒ်အတွက် မျက်စိမှိတ်ခေါင်းညိတ်လိုက်၏။ စားပွဲ၌လည်း စကားကို ရောရောဝင်ဝင် မပြောဖြစ်။
ထိုနေ့ဟာ ပျင်းရိဖွယ်ကောင်းသော နေ့တစ်နေ့ပင်တည်း။
သူတို့နှစ်ဦး အတိတ်ကအကြောင်းများကို ပြန်ပြောင်းလွမ်းဆွတ်ခြင်း မပြုခဲ့သလို ဘာဆိုဘာမှကို မပြောဖြစ်ခဲ့သည်ပင်။
ရှန့်ရှင်းဟယ်က ရှုကျင်းအား အခန်းကဒ်ပေးလိုက်၏။
"ရော့.. မအိပ်နဲ့ဦးနော်"
ရှုကျင်းဟာလည်း အအိပ်မက်သူတစ်ဦး မဟုတ်ရပါချေ။ တစ်ချိန်လုံး အိပ်စက်အနားယူပြီးဖြစ်သည့်အလျောက် ခေါင်းညိတ်ပြကာ အခန်းဆီသို့သာ ပြန်လာလိုက်တော့သည်။
(၁၂)မိနစ်ခန့်ကြာမြင့်ပြီးနောက် ရှန့်ရှင်းဟယ်လည်း နှစ်ဆယ့်လေးနာရီစတိုးဆိုင်လေး၏စက္ကူအိတ်လေးနှင့်အတူ အခန်းထဲ ရောက်လာ၏။ ဆုံလည်စားပွဲထက်၌ ထိုအိတ်ကို ချထားလိုက်ပြီး ရေခဲသေတ္တာထဲသို့ ဝယ်ယူလာသည့်ပစ္စည်းများအား ဖြည့်သွင်းလေသည်။ အတော်များများက အဆာပြေမုန့်များ၊ သစ်သီးဝလံများနှင့် အခြားအရာများပင်ဖြစ်၏။
ရှုကျင်းလည်း ရေမိုးချိုးသန့်စင်ပြီး ကုလားထိုင်၌ထိုင်ကာ ရှန့်ရှင်းဟယ်အား ကူထည့်ပေးသည်။
စက္ကူအိတ်ထဲမှ ပစ္စည်းများလည်း ကုန်သလောက်ရှိနေပြီ။
ကွန်ဒုံးတစ်ထုပ်နှင့် ချောဆီတစ်ဘူးသာ အိတ်ထဲ၌ ကျန်ရှိတော့၏။
ရှုကျင်းက စူးစိုက်ကြည့်ရင်းနှင့်မှ ရုတ်တရက် လက်ထဲမှ လွှတ်ချလိုက်သည်။
ရှန့်ရှင်းဟယ်က ရှုကျင်းဘက်သို့ လှည့်လာကာ ပုံမှန်အတိုင်း မေးမြန်းလေ၏။
"ဘာဖြစ်တာလဲ?"
ရှုကျင်း၏မျက်နှာတွင်တော့ ပန်းရောင်လေး ဖြတ်ပြေးသွားသည်။ အတတ်နိုင်ဆုံး တည်ငြိမ်ဟန်ဆောင်ရင်း စကားလမ်းကြောင်းလွှဲ၏။
"အစ်ကို ပြန်လာတာ စောသားပဲ.. ကျွန်တော်က အစ်ကို အလုပ်ရှုပ်နေဦးမယ်ထင်နေတာ"
ရှန့်ရှင်းဟယ် : "ကိုယ် ဒီနေ့နေ့လယ်က အလုပ်ရှုပ်ပြီးသားလေ"
ရှုကျင်း : "ဒါဆို ဒီနေ့ည ဘာမှလုပ်စရာမရှိတော့ဘူးပေါ့"
"အင်......"
ရှန့်ရှင်းဟယ်က ဆုံလည်စားပွဲဆီသို့ လျှောက်သွားကာ ရှုကျင်းအား ကောက်ပွေ့လိုက်ရင်း အခန်းဆီသို့ ဦးတည်သွားလေတော့၏။
"ဒီညတော့ ကိုယ့်မှာ တခြားလုပ်စရာတစ်ခုခုရှိနေသေးတယ်"
★彡★彡★彡★彡★彡★彡★彡★彡
ZAWGYI
ရှုကျင်းက ပြန်ဖြေ၏။
"ရှုကျင်း!"
Advertisement
- In Serial38 Chapters
Saving Scout O'Brian
•GirlxGirl• Scout O'Brian hasn't had the greatest start at life. Growing up in countless foster homes, hasn't been her ideal childhood. One of the worst ones gifted her with a gorgeous little girl, and although she was young, Scout knew she'd work as hard as she could to be the best mother she could. In order to protect her, Scout plays it off like Charlotte is her sister. Over the years She's done odd jobs to earn money that she put away so she could leave on her 18th birthday. They've ranged from dog walking to selling drugs on the street. She's in no way proud of this, but she did what she did in order to protect herself and Charlotte. She's been arrested many times, in countless fist-fights protecting her "sister" from creepy foster siblings. But when she turns eighteen and finally frees her and Charlotte from their latest "Family from Hell" and books it three thousand miles all the way to Oregon, things finally start to look up. Until she falls for her gorgeous but mean as hell principle, and then everything she's ever known falls apart.
8 187 - In Serial31 Chapters
World Quest
Year 3065, after billions of years , the planet earth of milky way galaxy finally dried out of its life . Several human made their new way to another planetary system for another life. Despite of the great voyage, not all of the earths people are granted of a pass. Only scientists, patriots, nobles, government officials, high ranking officials of both military, doctors and educators were prioritized and granted of a pass. Some of the people from lower society have to find their way to obtain pass from the world organization.Riots and Fights arises due to the crisis. In the end, quarter of the lower society were able to get a pass and those quarter were composed of selected couples from different races.Sad reality of life came up.Wailing and grieving resounded when the great voyage started, for not all of the earths people were given a new chance to live their new life.One of those unfortunate is jacob spinger. A teen ager who comes from the lower society. His family were only one of the numbers of casualties that the world government recorded when the global catastrophy happen. Jacob lived all by himself, supporting his daily needs working as call center agent on one of the online shopping companies of the world, Zalada. Despite of his earnings,he didnt have the chance to get a ticket to the new planet.Brought down by his miserable fate, Jacob speak out to his hearts content.jacob: I guess this is it, even the gods of heavens have forsaken me.Claimed by jacob as he made his way out from the crowd. He slowly raises his head as he watched the dark grey clouds from the sky, giving out a weary smile as tears flows on both sides of his eyes.Jacob looks very miserable, as he walks away from the sideline crying in silence. He gripped his hands tightly until his fingers dugged deeply on his palms leaking out traces of blood.An unbearable pain of dying man with out any other choices hits jacobs awareness.Not far from him were hundreds and hundreds of earth people who were crying out for help just like him.Thunder came up and lightning strike the ground near them.Even the Heavens above them cannot help it but be angry with those uncanny officials of the world, saving themselves from the great tragedy. Yet whose to blame for it, that's the reality of life.Jacob walked and walk until he reached the nearby fissure. A gigantic crack because of the dying planet. Underneath were composition of melting lava and boiling magma ready to devour the land of earth. Jacob unable to see his future on the current world, jumped out ,letting himself be free from his miserable fate. As he falls down to the great fire of the earths core, he closed his eyes and wished for a new beginning.Jacob: If heavens would grant me a second life, ill promise to make it even better, ill promise that i will live it to the fullest that everyone will acknowledge the importance of worlds nature. However, i guess its not possible, if not, i wished i live in a new world. Jacob tears floated mid air as his body falls directly down to the fire blazing inferno of the earths core.sfx: Crisp!!!Like a burned paper, jacobs body fell down.Jacob could feel the heat flowing from his body, from his skin, to his flesh, to his bones and finally down to his soul. It was a surge of unbearable pain and heat, that as much as jacob wants to shout he wasnt able to , that even if he wants to move away he wasnt able to. It was a never ending torture for jacob, a literal hell of torture.Darkness covered him up. Jacob Springer died.It is said that once a person is dead, time flows in an imaginary long period. A soul is said to be affected by it, so as once consciousness, and ofcourse memory.Jacobs memory of his past rush out to his consciousness, like he is watching a preview of his past life. He wants to correct it but he can't. He can't even talk nor move. A paralized audience watching a cinematic movie, that's what Jacob is like. For a long period of time Jacob watch the movie of his life. Until darkness once again covered him up. The second death.This time, like a paralityc person, Jacob was covered in darkness. He wants to shout but he can't. He wants to move but he cannot. Time passed, and he finally lost his consciousness in the dark.The last death.It is said that in the world of darkness there is light. In death, there is life.After a very long time of being dead in the dark, a surge of distressing call of nature, rose up on the sleeping Jacob.He wants to pee, and because of it he was able to open his eyes. Light welcomed him up, a vast universe filled with light appears right in his naked eyes.Then a strong force tapped his back and his consciousness was sent flying to the vast universe.This time, a new world appear right before his naked eyes. A world different from the dead earth that Jacob knows.Then once again Jacob felt something that had bumped into him and he felt dizzy and went asleep.Time passed by and finally Jacob Springer woke up. Unable to understand what happened Jacob springer asked.Jacob: Where am i? What happened to me? Arent I dead already.Asked by jacob. Never did he know that his wish before his death was granted by the heavens. He wants to live in a new world, and as of right now, jacob springer, a human from the future earth, was transfered in another world.Transferred to the earth of the ancient times, to the time where magic still exist, to the time where the great flood from the bible has not happened yet, to the time where in ancient bloodline of the world still exist.This is the story of the future earthling Jacob springer in the Ancient Earth.
8 168 - In Serial6 Chapters
A Safe Place
A young woman meets a prestigious Actor by chance on the busy streets. Little does she know she where life will take her. Will he stay at her side? * note this is my first time writing my own story ...
8 208 - In Serial41 Chapters
The Asher Complex
After an embarrassing night out, ambitious college student Poppy finds herself assigned to tutor New York's most infamous bad boy heir. *****Asher Prescott didn't want to come back to New York. But when a family scandal makes him the new heir to the Carlisle fortune, there's not much he can do to avoid it. And it doesn't help that his attitude and wild partying have brought forth an ultimatum from his mother: either get his grades up or be cut off. Enter Poppy Sinclair. Hardworking and ambitious, Poppy works as a tutor to pay for her way out of New York - and guess who her newest client is. Asher is determined to add Poppy to his list of conquests, but what he doesn't expect is for his feelings to slowly start extending past the bedroom. They couldn't be more different, but toss in a couple of messy break-ups, shocking revelations, trust issues, and a heap of flirtatious banter and it's going to be one intense semester.[[Word count: 80,000 - 90,000]]Cover designed by Ren TThis book is a spin-off of Against the Odds and contains major spoilers, but it can be read as a standalone
8 115 - In Serial52 Chapters
Paper Bride ✔️ (Book 4 - DP Series - COMPLETE)
{Complete}{Book 4 in Dismantled Pride Series}---It's been four years since they sealed the deal, and yet he still makes her heart flutter with the undeniable ache of desire. She loves him. More than she's loved anyone else before.It's just too bad he no longer feels the same way.Now it's up to Mercy to save her marriage, and she will do everything in her power to bring the passion back into their lives. But, while struggling to hold the broken fragments of her marriage together, tragedy strikes. With no other options, she's forced to abandon her hopes of rekindling that dying flame. But sometimes it takes letting go to realize that you weren't holding brokenness together at all... you were holding restoration back.---Book 4 of The Dismantled Pride Series (though it can be read as a standalone... sorta.)Book 1: Porcelain SkinBook 2 : (coming soon)Book 3: Liquid FeelsNote: This story has not been edited, so enter at your own risk. :)
8 167 - In Serial43 Chapters
Moon Born
Elanor belongs to the Moon Mist pack and is happy going to school, anxiously waiting for her 18th birthday when she'll be able to finally turn into her wolf. A being that she has been able to feel deep inside her soul since a small child.She's also anxious to be mated with her boyfriend, Alex, the future Alpha of the pack.That is until the King of all Lycan packs descends on her little village to discuss war tactics with the Alpha. A strange feeling arouses in the pit of her stomach. A feeling she's never had before.
8 162