《Please Don't See Me [Mm Transl. || Completed]》CHAPTER-1
Advertisement
UNICODE
အေးစက်လွန်းသည်။
ရှုကျင်းဟာ ရေထဲတွင် ပေါလောမျောနေ၏။ ရေကူးခြင်းအမှုကို မရပ်နားမီ ကန်ဘောင်ဟိုဘက်သည်ဘက်ကို အကြိမ်ပေါင်းဒါဇင်ကျော်မျှ ကူးခတ်လိုက်သေးသည်။ အချိန်တရွေ့ရွေကုန်ဆုံးလာပြီးနောက် ရေကန်အတွင်းမှ အအေးဓာတ်ဟာ အသည်းခိုက်လောက်အောင် လွန်စွာအေးစက်လှကြောင်း တဖြည်းဖြည်းခံစားမိလာရ၏။
သိပ်မကြာမီမှာပင် ကောင်းကင်ယံထက်မှ ရေစက်များ ကမ္ဘာမြေပေါ် တပေါက်ပေါက် ပြိုကျလာသည်။ မျက်တောင်ခတ်လိုက်ပြီးချိန်တွင် ရေတစ်စက်က မျက်တောင်များထဲ စီးဖြာကျသွား၏။ ချက်ချင်းမဆိုင်းပင် မရေမတွက်နိုင်သော ရေစက်ရေပေါက်အနန္တက နဖူး၊ ပါးပြင်နှင့် ငြိမ်သက်နေသောရေပြင်ကို ရိုက်နှက်ပုတ်ခတ်လေတော့သည်။
မိုးစရွာလေပြီ။
ရေကူးကန်ပတ်ပတ်လည်တွင် လူအနည်းငယ်သာ ရှိနေ၏။ အနည်းငယ်သော လူများအနက် မိုးရွာမည်မှန်းသိလျက်နှင့် လဟာပြင်ရေကူးကန်သို့ တမင်တကာလာရောက်သူကတော့ ရှုကျင်းတစ်ယောက်တည်းသာ ရှိလိမ့်မည်။
ရေကန်စပ်သို့ ဖြည်းညင်းလေးကန်စွာ ကူးခတ်လာပြီးနောက် လှေကားလက်ရန်းကို ကိုင်၍ ကုန်းထက်သို့တက်လာကာ ပစ္စည်းများထားခဲ့သော ခုံတန်းရှည်ရှိရာသို့ ပြန်လာခဲ့သည်။ ထို့နောက် တဘက်ဖြင့် မိမိကိုယ်ကို အလျင်စလို သုတ်လိုက်၏။ တီရှပ်ကို ဝတ်ဆင်နေရင်း ခြေထောက်က ကုတ်အင်္ကျီကြိုးနှင့် ရုတ်တရက် ငြိသွားကာ ကျွမ်းထိုးမှောက်ခုန် လဲကျလေတော့သည်။
အနှီလဲကျမှုကြီးက အတော်အတန်ဆိုးရွားပေ၏။ ရေကန်အနီးတစ်ဝိုက်ရှိ ကြမ်းခင်းပြင်ကိုလည်း တော်ရုံချော်မလဲစေမည့် မညီမညာအသားဖြင့် ခင်းကျင်းထားသဖြင့် မာကျောကာ ကြမ်းတမ်းလွန်းသည်။ ရှုကျင်း၏ဒူးခေါင်းက အဝေးမှလှမ်းကြည့်လျှင်တောင် ဒဏ်ရာကို သိသိသာသာ မြင်နိုင်သည်အထိ ဟက်တက်ကွဲသွားရ၏။
မည်မျှပင် မခံမရပ်နိုင်အောင် နာကျင်လွန်းပါစေ၊ ယောက်ျားရင့်မာကြီးတစ်ယောက်အနေနှင့် အော်ကြီးဟစ်ကျယ်ငိုယိုဖို့ရာအတွက်တော့ လွန်စွာမှရှက်ရွံ့ဖွယ်ကောင်းသည်လေ။
ရှုကျင်းက ဝေ့ဝဲတိုက်ခတ်နေသော လေအေးသုန်သုန်အလယ် အချိန်အတန်ကြာအထိ မတုန်မလှုပ် ငြိမ်သက်နေမိသေး၏။ ထို့နောက် နီရဲနေသော မျက်ခမ်းစပ်များကို သိုဝှက်ရင်း ပစ္စည်းပစ္စယများကို ကောက်သိမ်းကာ ဟိုတယ်ထဲသို့ ထော့နဲ့ထော့နဲ့ ဝင်သွားတော့သည်။
မိုးက အငြှိုးနှင့်ရွာသွန်းနေသလောဟု ထင်မှတ်မှားရလောက်အောင် သည်းကြီးမည်းကြီး သွန်းဖြိုးနေ၏။ မိုးရေစက်များဟာ စိမ်းစိမ်းစိုစို ငှက်ပျောရွက်များထက်သို့ သက်ဆင်းလာသည့်အခါ တဖတ်ဖတ်မြည်သံများက မရပ်မနား ထွက်ပေါ်လေသည်။
ရှုကျင်းလည်း ဒဏ်ရာကို အောင့်အည်းသည်းခံလျက် ဓာတ်လှေကားဆင်းအလာကို စောင့်ဆိုင်းနေရင်း တစ်စုံတစ်ယောက်က သူ့နာမည်အား ခေါ်လိုက်သံကို ကြားလိုက်ရ၏။
"ရှုကျင်း..."
နက်ရှိုင်းကာ အနည်းငယ်အေးစက်ခက်ထန်သည့် အမျိုးသားတစ်ဦး၏အသံ။
နာမည်၏အဆုံးသတ်စာလုံးကို ရင်းနှီးကျွမ်းဝင်လှသည့် အသံမျိုးဖြင့် ခပ်ဖွဖွလေးခေါ်လိုက်ခြင်းဖြစ်သည်။
ရှုကျင်းလည်း ရုတ်တရက်ခေါင်းမော့ကြည့်လိုက်၏။ ဘေးမှအနှီလူကို မြင်လိုက်ရချိန်ဝယ် ခန္ဓာကိုယ်တစ်ခုလုံး မလှုပ်မယှက် တန့်သွားရသည်။ ဦးနှောက်ထဲတွင်လည်း ဗလာဖြစ်သွားရသလို။
အရှေ့တွင် မတ်တပ်ရပ်နေသော ရှန့်ရှင်းဟယ်ဟု အမည်တွင်သည့် အမျိုးသားမှာ ရှုကျင်း၏မှတ်ဉာဏ်ထဲကထက် ပို၍ပိုကာ အရပ်ရှည်နေ၏။
ရှပ်အင်္ကျီကိုဝတ်ဆင်ထားပြီး အင်္ကျီလက်အနားများကို ခေါက်တင်ထားသဖြင့် တောင့်တင်းလှသည့်လက်ဖျံရိုးကို အထင်းသား မြင်တွေ့နေရ၏။ လက်ကောက်ဝတ်၌လည်း ရိုးရှင်းလှသည့် လက်ပတ်နာရီကို တပ်ဆင်ထားသည်။ ရှင်းလင်းကာ ချောမောကြည့်ကောင်းလှပါသော မျက်နှာထက်ဝယ် မျက်ခုံးမွေးထူထူနက်နက်များ၊ ဖြောင့်တန်းနေသော နှာတံသွယ်သွယ်နှင့် မျက်နှာ၏အစိတ်အပိုင်းတစ်ခုချင်းစီတိုင်း၌ အပြစ်အနာအဆာဟာ နတ္ထိ။ ဖော်ရွေမှုကင်းကွာလျက် မီးခိုရောင်သန်းနေပါသော အမြင်အာရုံကင်းမဲ့နေသည့် ညာဖက်မျက်လုံးလေးကပင် တွေ့မြင်ရသူအဖို့ စိတ်ချမ်းမြေ့ဖွယ်ကောင်းနေတော့သည်။
ထိုတဒင်္ဂတွင် ရှန့်ရှင်းဟယ်က ရှုကျင်းအား ဘယ်ဖက်မျက်လုံးဖြင့် ကြည့်နေ၏။ သူ၏မျက်ဝန်းအစုံက အရောင်မှိန်ပေါ့ပါးလွန်းလှသည်။ ထို့အပြင် သာမန်လူများနှင့်မအက်စပ်နိုင်သည့် တည်ငြိမ်အေးစက်လှသော စိတ်နေသဘောထားမျိုးက ရှုကျင်းအား နေမထိထိုင်မသာဖြစ်စေ၏။
ရှုကျင်းဘက်မှ စကားစဆိုလိုက်သည်။
"တိုက်ဆိုင်လိုက်တာ"
ရှန့်ရှင်းဟယ် : "အင်း"
ဓာတ်လှေကားတံခါး ပွင့်လာချေပြီ။
ရှန့်ရှင်းဟယ်က တစ်ဦးတည်းလာခြင်းဖြစ်ဟန်မတူ။ အတွင်းရေးမှူးကဲ့သို့ ဆင်မြန်းထားသည့် အမျိုးသမီးတစ်ဦးလည်း ဘေးမှပါလာ၏။ သူတို့နှစ်ဦးက ဓာတ်လှေကားအတွင်းသို့ ဦးစွာ ဝင်သွားကြသည်။ သို့သည့်တိုင် ဓာတ်လှေကားက ချောင်ချောင်ချိချိဖြစ်နေဆဲ။ ရှုကျင်းလည်း အခြားဓာတ်လှေကားတစ်ခုကိုသာ ဆက်လက်စောင့်ဆိုင်းရန် စဥ်းစားလိုက်သေးသည်။ သို့သော်ငြား ဤအပြုအမူက လွန်စွာသိသာသွားမည်စိုးသဖြင့် သူပါ လိုက်ဝင်သွားတော့၏။
ဒေါက်မြင့်ဖိနပ် စီးထားသည့် အမျိုးသမီးက အထပ်နံပါတ်ခလုတ်ကို နှိပ်ရန် လက်ရွယ်ရင်း ရှုကျင်းအား ယဥ်ကျေးသိမ်မွေ့စွာ အမေးပြုလိုက်သည်။
"လူကြီးမင်းက ဘယ်အထပ်ကို သွားမှာပါလဲရှင့်?"
ရှုကျင်းက ပြန်ဖြေလိုက်ပါ၏။
"(၄၆)ထပ်ပါ.. ကျေးဇူး"
"ရပါတယ်ရှင်"
အမျိုးသမီးက ဖိုင်တွဲစာအိတ်တစ်အိတ်ကို ရင်ဝယ်ပိုက်ရင်း ခလုတ်နှိပ်လိုက်သည်။ (၅၂)ထပ်မြောက်ခလုတ်ကိုပါ နှိပ်လိုက်ကြောင်း ရှုကျင်း သတိပြုမိ၏။
ထိုအခိုက်အတန့်ဝယ် မေးမြန်းသံတစ်သံကို မမျှော်လင့်ဘဲ ကြားလိုက်ရသည်။
"ခြေထောက်က ဘာဖြစ်တာလဲ?"
ရှုကျင်း လှည့်ကြည့်လိုက်သည့်အခါ ရှန့်ရှင်းဟယ်က သူ့အနောက်တွင် ရပ်နေ၏။ ကျယ်ကျယ်ဝန်းဝန်းရှိလှသော ဓာတ်လှေကား၌ ရုတ်တရက် ကျဥ်းထဲကြပ်ထဲရောက်သွားရသလိုပင်။
ရှုကျင်းလည်း မသိစိတ်၏စေ့ဆော်မှုအရ ရှန့်ရှင်းဟယ်၏မြင်ကွင်းမှ လွတ်ကင်းနိုင်မည့် ညာဘက်သို့ တရွေ့ရွေ့ တိုးကပ်သွားလိုက်သည်။
မေးခွန်းအမေးခံလိုက်ရချိန်မှ မေ့မေ့ပျောက်ပျောက်ဖြစ်နေသည့် ဒဏ်ရာက တဆစ်ဆစ် ပြန်လည်နာကျင်လာရပါသလို။ ရှုကျင်းက ပြန်ဖြေလိုက်၏။
"အိုး.. ခုနက ချော်လဲသွားလို့"
ထိုသို့ပြောပြီးနောက် ကိုယ့်နှုတ်ခမ်းကိုယ် ဖိကိုက်လိုက်ရသည်။
ရှန့်ရှင်းဟယ်က နားလည်သဘောပေါက်သွားကာ ပြန်လည်တိတ်ဆိတ်သွား၏။
ရှန့်ရှင်းဟယ်.. ရှုကျင်းအား စကားပြောဆိုရသည်ကို မနှစ်သက်သည့် အကြင်လူက ညာဘက်တွင် မတ်တပ်ရပ်နေလေသည်။
ရှုကျင်းက ရှန့်ရှင်းဟယ်မမြင်နိုင်မည့်နေရာတွင် ကျိန်ဆဲစကားကို တိုးတိုးတိတ်တိတ်ရေရွတ်လိုက်၏။ ထိုစဥ် ရှန့်ရှင်းဟယ်က ရှုကျင်းအား စိုက်ကြည့်ရင်း ဆိုပြန်သည်။
"ငါက မျက်စိပဲမမြင်တာ.. နားမကန်းသေးဘူး.. ကိုယ့်ကိုယ်ကိုယ် ဘယ်အရွယ်ပဲရှိသေးတယ်လို့ ထင်နေတာလဲ?"
Advertisement
အမျိုးသမီးက ကြားဖြတ်ဝင်ပြော၏။
"ဒဏ်ရာက တော်တော်နက်မယ့်ပုံပဲ.. အခုတောင် ယောင်နေပြီ"
ရှုကျင်း၏နှုတ်ခမ်းဖျားများ တွန့်လိမ်သွားရသည်။ ထို့နောက် မာဆတ်ဆတ် ပြန်ပြောလိုက်၏။
"ရပါတယ်"
ထို့နောက် စကားထပ်မဆိုတော့။
ဓာတ်လှေကားထဲမှအသံက သုဿန်တစပြင်ပမာ ရုတ်ခြည်းတိတ်ဆိတ်သွားရပြန်သည်။
ရှုကျင်း၏ဆံပင်ဖျားမှ ရေများ တစက်စက် စီးကျနေပြီး ရှည်လျားထူထပ်လွန်းသည့် မျက်တောင်မွေးများက မျက်လုံးကို ဖုံးကာထား၏။ သူ၏ရှုပ်ထွေးပွေလီနေသည့် စိတ်ခံစားချက်များကို ကူညီသိုဝှက်ပေးနေပါသကဲ့သို့။
တဘက်နှင့် အဝတ်အိတ်ကိုတော့ လက်ထဲတွင် ကိုင်ဆောင်ထားဆဲ။ ချော်လဲကျပြီးနောက် ဘောင်းဘီကို မလဲလှယ်တော့ဘဲ တီရှပ်ခပ်ပွပွတစ်ထည်ကိုသာ ကောက်စွပ်ထားခြင်းဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့်ပင် ရေကူးဘောင်းဘီက အတော်အတန်ရှည်လျားသောကြောင့် ဖြူဖွေးကျစ်လျစ်လှသော ခြေသလုံးကိုသာ မြင်တွေ့နိုင်၏။ တခမ်းတနားဝတ်ဆင်ထားသည့် ကျန်လူနှစ်ယောက်နှင့်ယှဥ်လိုက်လျှင် ကိုးယိုးကိုးယားနိုင်မနေ၍ တော်ပါသေးသည်။
__ဘာလို့များ လျှာရှည်ပြီး ရေသွားကူးရတာတုန်း?
နောက်တစ်ဖန်ထပ်ပြီး မိမိကိုယ်ကိုယ် နောင်တများစွာနှင့် မေးမိသည်။ ပြန်လည်ဆုံစည်းမှုကို ဘောက်မဲ့ကြောင့် အောင့်သက်သက်နိုင်အောင် ဖန်တီးမိခဲ့ရလေသနည်း။
ထိပ်တန်းဟိုတယ်များ၏ဓာတ်လှေကားအမြန်နှုန်းကတော့ အံ့မခန်းဖြစ်ရလောက်ပေသည်။
စိတ်ကျဥ်းကျပ်မှုများက သိပ်မကြာလိုက်။ ချက်ချင်းမဆိုင်းပင် တတီတီမြည်သံလေးက ဓာတ်လှေကားမှ ထွက်ပေါ်လာသည်။
ရှုကျင်းလည်း ဓာတ်လှေကားထဲမှ ထော့ကျိုးထော့ကျိုး ထွက်လာခဲ့၏။ နောက်လှည့်ကြည့်ကာ နှုတ်ဆက်ရန် သင့်မသင့် တွေဝေနေဆဲမှာပင် ဓာတ်လှေကားတံခါးက ပိတ်သွားလေပြီ။ ရှုကျင်း မြင်တွေ့ခွင့်ရလိုက်သည်က တစ်ဖက်လူ၏ မျက်တောင် အောက်စိုက်ကျနေသည့် မျက်နှာတစ်ခြမ်းသာ။ အနှီလူ မည်သည်ကိုတွေးတောမှန်းတော့ သူမသိ။ အလုပ်ကိစ္စအကြောင်း စဥ်းစားနေခြင်းသာ ဖြစ်ပါလိမ့်မည်။
အခန်းကဒ်ကို တံခါး၌ပွတ်ဆွဲကာ အခန်းထဲဝင်လာ၏။ အခန်းစင်္ကြံလမ်း၌ ထွန်းလင်းနေသည့် မီးရောင်များအောက်ဝယ် မှန်ကြေးမုံထဲ မြင်တွေ့လိုက်ရသည့် သူ့ရုပ်သူ လန့်ဖျတ်သွားတော့သည်။
ရေထဲ အနေကြာမှုကြောင့် နှုတ်ခမ်းဖျားက သွေးရောင်ဖျော့နေကာ ချော်လဲကျပြီးကတည်းက မငိုကြွေးရသေးသောကြောင့် မျက်လုံးများက နီရဲတွတ်နေ၏။ ဆံပင်ဟာလည်း ငှက်သိုက်သဖွယ် ရှုပ်ပွပွ။ တစ္ဆေသရဲများကပင် သူ့ထက် ကြည့်ပျော်ရှုပျော်ရှိဦးတော့မည်။
ကုတင်ဆီ ယိမ်းထိုးစွာ လျှောက်လှမ်းသွားပြီးနောက် နူးညံ့ပျော့အိနေသော မွေ့ယာထက်သို့ ဝုန်းခနဲ ပစ်လှဲလိုက်သည်။
ဗလာဖြစ်နေသည့် မျက်နှာကျက်ကို ငေးစိုက်ကြည့်ရင်း ဒူးထက်ရှိ ဟက်တက်ကွဲဒဏ်ရာက နာကျင်ကိုက်ခဲလာရသည်။ သို့သည့်တိုင် မကြာသေးမီက တွေ့ဆုံခဲ့ရသည့် ရှန့်ရှင်းဟယ်အကြောင်းကိုသာ တွေးတောနေဆဲ။
အသက် ၁၉နှစ်မှတိုင် ၂၄နှစ်အထိ။
သူ ရှန့်ရှင်းဟယ်ကို မမြင်တွေ့ရသည်မှာ ငါးနှစ်နီးပါး ကြာမြင့်ခဲ့ပြီပဲ။
ရှုကျင်းက ယခု မည်သို့မည်နှယ် ခံစားနေရကြောင်း အမည်မဖော်တတ်ပါချေ။ လိုရင်းတိုရှင်းဆိုရသော် အလွန်အမင်း ဝမ်းနည်းနေမိသည်။ စိတ်နေသဘောထားများသည်လည်း အနည်းငယ် အလဲလဲအပြိုပြိုဖြစ်နေ၏။
ဆယ်မိနစ်ခန့်ကြာသော် အခန်းတံခါး ဘဲလ်တီးသံကို ကြားလိုက်ရသည်။
ရှုကျင်းလည်း ဒဏ်ရာရနေသည့် ဒူးခေါင်းဖြင့် ကတိမ်းကပါး လျှောက်လှမ်းရင်း တံခါးဖွင့်လိုက်သည်။ ဟိုတယ်ဝန်ထမ်းတစ်ဦးက သူ့အား အိတ်တစ်အိတ်ကမ်းပေးလိုက်သည်။
"မင်္ဂလာပါ.. ဒါ ဧည့်သည်အတွက် ဆေးအိတ်ပါ"
အိတ်ထဲတွင် အိုင်အိုဒင်းဂွမ်းဖတ်များနှင့် တရုတ်ရိုးရာဆေးဘူးတစ်ဘူးရှိနေသည်။
ရှုကျင်းက တဒင်္ဂမျှ ကြောင်အမ်းအမ်းဖြစ်သွားရသည်။
"ကျွန်တော် ဒီဆေးတွေကို မမှာထားပါဘူး"
ဟိုတယ်ဝန်ထမ်းက ဆို၏။
"ရှန့်မျိုးနွယ်လူကြီးမင်းတစ်ယောက်က ဧည့်သည်ဆီ ဒါပို့ပေးဖို့ မှာလိုက်လို့ပါ"
ရှုကျင်းလည်း ကုတင်ထက်သို့ ပြန်တက်ပြီး အချိန်အတန်ကြာသည်အထိ ငုတ်တုတ်ထိုင်နေမိ၏။ ပြည်လျှံနေသည့် သတ္တိက လှိုင်းလုံးသဖွယ် တလိမ့်လိမ့်ထွက်ပေါ်လာလေသည်။
အနှီသတ္တိအရာ ပျောက်ကွယ်မသွားခင် ကျိုးကြောင်းစဥ်းစားမနေတော့ဘဲ ဧည့်ကြိုဌာနဆီ ချက်ချင်းလက်ငင်း ဖုန်းဆက်ကာ တဲ့တိုးမေးမြန်းလိုက်၏။
"ဟယ်လို.. ကျွန်တော် (၅၂)ထပ်မှာ တည်းနေတဲ့ မစ္စတာရှန့်ရှင်းဟယ်ရဲ့အခန်းနံပါတ်ကို သိချင်လို့ပါ"
ဧည့်ကြိုဌာနမှ ဝန်ထမ်းငယ်လေးသည်လည်း ယဥ်ကျေးပျူငှာစွာ ပြန်ဖြေလေ၏။
"တောင်းပန်ပါတယ်ရှင့်.. မစ္စတာရှန့်ရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို လွယ်လွယ်ပြောပြပေးလို့ မဖြစ်လို့ပါ.. ကျွန်မ မစ္စတာရှန့်ဆီ ဖုန်းဆက်မေးပြီး သူ ဘယ်လိုသဘောရလဲဆိုတာကို မေးပေးပါ့မယ်.. အခု ဖုန်းဆက်နေတဲ့ ဧည့်သည်နာမည်ကို ပြောပြပေးလို့ရမလားရှင့်?"
"ရှုကျင်း"
ရှုကျင်းက မျက်ရည်များ ဒလဟောထွက်မကျလာအောင် နှာတစ်ချက် ရှုံ့လိုက်၏။ ခေတ္တမျှ အသံတိတ်သွားပြီးနောက် ထပ်ပြောသည်။
"ကျွန်တော့်နာမည်က ရှုကျင်းလို့ သူ့ကို ပြောပေးပါ"
ဖုန်းချပြီးနောက် ရှုကျင်းဟာ အချိန်အကြာကြီး ငေးမှိုင်တွေဝေနေမိ၏။
ရုတ်တရက် ဖုန်းမြည်သံကို ကြားလိုက်ရသည်နှင့် လိပ်ပြာလွင့်မတတ် လန့်ထိတ်သွားရသည်။ နှလုံးသားဟာလည်း အဟန့်အတားမရှိ မြန်ဆန်ကြမ်းတမ်းစွာ ခုန်လာရ၏။ ဖုန်းကို ကောက်ကိုင်လိုက်ပြီးနောက် တစ်ဖက်မှ ဖုန်းဆက်လာသူထံ မေးမြန်းလိုက်သည်။
"သူက ဘာတဲ့လဲဗျ?"
"မင်း ဘာပြောချင်လို့လဲ?"
ဤသည်က မလွဲမသွေ ရှန့်ရှင်းဟယ်၏အသံပင်။
ဖုန်းမှတစ်ဆင့် ကြားနေရသည့် အသံက ဓာတ်လှေကားထဲမှအသံနှင့် အနည်းငယ် ကွာခြားသည်။
ရှုကျင်းက စိတ်လှည့်စားခံနေရသလောဟုပင် ထင်ယောင်ထင်မှားဖြစ်နေမိတော့၏။ နှလုံးသားဟာလည်း မြန်သည်ထက်မြန်ကာ ပိုပိုခုန်လာပြီး တယ်လီဖုန်းကိုပင် အဝေးသို့ကောက်ပေါက်ပစ်မိတော့မယောင်။
ရှုကျင်း : "............."
ရှန့်ရှင်းဟယ်၏လေသံအနေအထားကတော့ အတက်အကျမရှိ။ လွန်စွာမှ ပုံမှန်ဆန်လွန်းနေ၏။
"ဆေး ရပြီးသွားပြီလား?"
ရှုကျင်းက ပြန်လည်ဖြေကြားသည်။
"အင်း ကျေးဇူး"
ရှန့်ရှင်းဟယ်က တစ်ဖန် ထပ်မေးသည်။
"ငါ ဘာထပ်လုပ်ပေးရဦးမလဲ?"
ဖုန်းထဲ၌ ကီးဘုတ်ရိုက်နှိပ်သံတဖျောက်ဖျောက်ကို ကြားနေရ၏။ ထို့ကြောင့် ရှန့်ရှင်းဟယ်က ကီးဘုတ်များထက်၌ လက်ချောင်းများပျံသန်းရိုက်နှိပ်နေရင်း ဖုန်းပြောနေခြင်းဖြစ်ကြောင်း ရှုကျင်း နားလည်လိုက်သည်။
Advertisement
ယခု ရှန့်ရှင်းဟယ် အလုပ်လုပ်နေခြင်းသာ။
ရှုကျင်း၏လည်စေ့က ဖြည်းညင်းစွာ လူးလိမ့်သွားပြီးနောက် တိုးတိတ်ညင်သာစွာဆိုလိုက်သည်။
"ကျေးဇူးတင်ပါတယ်လို့ ပြောချင်လို့ပါ.. ပြီးတော့ ဟိုဆေးကို ဘယ်လိုသုံးရမလဲ မေးချင်လို့.. ဘယ်လိုလိမ်းရမှန်း ကျွန်တော်မသိဘူး"
တစ်ဖက်ဖုန်းထဲမှအသံက ဆယ်စက္ကန့်မျှ အသံတိတ်ငြိမ်သက်သွားသည်။
ထိုအချိန်ဝယ် ရှုကျင်း၏မျက်နှာပြင်တစ်ခုလုံး ပူရဲနီတက်နေကာ လက်ဖဝါးများ၌လည်း ချွေးပြန်နေပြီး ခြေချောင်းလေးများကပင် ကွေးတက်ကုန်တော့၏။
ရှုကျင်းလည်း မျက်လုံးများကို သူရဲဘောင်ကြောင်လှစွာဖြင့် မှိတ်ထားလိုက်သည်။ ထို့နောက် ရှန့်ရှင်းဟယ်တစ်ယောက် ဖုန်းကို တစ်ခါတည်း ချပစ်လိုက်မည်လော၊ သို့တည်းမဟုတ် 'ဆေးဘူးပေါ်မှာ အညွှန်းပါပြီးသား'ဟု ကတောက်ကဆတ် ပြောလေမည်လောဟူ၍ မှန်းဆတွေးတောနေမိ၏။
အဖြေကို စောင့်ဆိုင်းနေရခြင်းက တရားသူကြီး၏ဆုံးဖြတ်ချက်အမိန့်ကို မျှော်ကိုးနေရသည့်ပမာ။
ကီးဘုတ်၏တီးတိုးရိုက်ခတ်သံများ ပြန်လည်ထွက်ပေါ်လာပြီးနောက် ရှန့်ရှင်းဟယ်က စကားဆိုလာ၏။
"ဆယ်မိနစ်လောက် စောင့်နေ"
ရှုကျင်းက ရှည်လျားလှသည့် ဆယ်မိနစ်ကို ကုန်လွန်ခဲ့ရသည်။
ထို့နောက် ရှန့်ရှင်းဟယ် သူ၏တံခါးပေါက်ဝသို့ ရောက်ရှိလာသည့်အချိန်အထိ မြူဆိုင်းအိပ်မက်အကြား ရောက်ရှိနေခြင်းလောဟုပင် သင်္ကာမကင်းဖြစ်မိပြန်သည်။
ရှန့်ရှင်းဟယ်က ယခုထိတိုင် အဝတ်အစားမလဲရသေး။ အမှန်ဆိုလျှင် ရှန့်ရှင်းဟယ်မှာ မကြာသေးခင်ကအထိ မရပ်မနား အလုပ်လုပ်နေခြင်းသာ။ သူ မည်မျှအလုပ်ရှုပ်ကြောင်း ရှုကျင်း ကောင်းစွာသဘောပေါက်ပါသည်။ ရှန့်ရှင်းဟယ် အခန်းထဲဝင်နိုင်ရန် ရှုကျင်းက ဘေးသို့ဖယ်ပေးလိုက်၏။ ရှန့်ရှင်းဟယ်ထံမှ ကိုယ်ငွေ့နှင့် ရောယှက်နေသည့် အမျိုးသားသုံး ရေမွှေးရနံ့သင်းသင်းလေးကို ရှူမိသည့်အခိုက် အတွေးစများကြားထဲ အနည်းငယ် လမ်းပျောက်သွားရသလို။
ရှုကျင်းက တံခါးပြန်ပိတ်ပြီးနောက် ဆိုဖာထက်၌ ထိုင်လိုက်၏။ ရှန့်ရှင်းဟယ်၏အရပ်က လွန်စွာမြင့်မားလွန်းလှသည်။ ထို့ကြောင့် မည်သို့သော အဝတ်အစားမျိုးကို ဝတ်ဆင်ထားပါစေ၊ အဝတ်ချိတ်တံကြီးနှင့် တူနေမည်သာ။ ရှုကျင်းက အခန်းတစ်ဝိုက် ဝေ့ဝဲကြည့်နေသည့် ရှ့န်ရှင်းဟယ်၏နောက်ကျောကို ငေးမောနေ၏။ ရှန့်ရှင်းဟယ်က မေးမြန်းလာသည်။
"နှစ်ယောက်ခန်းလား?"
ဤသည်က နှစ်ယောက်ခန်းဖြစ်၏။
ကုတင်နှစ်ခုစလုံးအထက်၌ ဆိုင်ရာဆိုင်ရာပစ္စည်းများ တင်ထားကြသည်။
ရှုကျင်းက ပြန်ဖြေလိုက်၏။
"အင်း.. ကျွန်တော့်လုပ်ဖော်ကိုင်ဖက်နဲ့"
ရှုကျင်းက စကားဆုံးသည့်တိုင် သူ၏အဖြေက အနည်းငယ် ခြောက်ကပ်ကပ်ဖြစ်နေကြောင်း ခံစားမိ၍ ထပ်ဖြည့်ပြောလိုက်သည်။
"အခုတော့ ပစ္စည်းဝယ်ဖို့ ထွက်သွားတယ်"
ရှုကျင်း ထင်ထားသည်က ရှန့်ရှင်းဟယ်ဟာ သူ့အား အဘယ်ကြောင့် သူပါမလိုက်သွားကြောင်း၊ ဤကို မည်သို့လာခဲ့ကြောင်း၊ အပျော်ခရီးလော၊ အလုပ်ကိစ္စနှင့်လာခဲ့သည့် ခရီးလော အစရှိသဖြင့် မေးခွန်းအလီလီကို မေးမြန်းလိမ့်မည်ဟူ၍။ သို့ပေတည့် ရှန့်ရှင်းဟယ် မေးခွန်းတစ်ခွန်းတစ်ပါဒကိုမျှ နှုတ်မှမဟခဲ့။
ရှန့်ရှင်းဟယ်က အနောက်လှည့်၍ ရှုကျင်းအား အပေါ်စီးမှ ကြည့်လိုက်၏။
"ဆေးက ဘယ်မှာလဲ?"
ရှုကျင်းက လက်ညှိုးထိုးပြလိုက်သည်။
"ကုတင်ဘေးက စားပွဲပေါ်မှာ"
ရှန့်ရှင်းဟယ်လည်း ဆေးယူကာ သူ့ဆီတည့်တည့်လျှောက်လာသည်။
ရှုကျင်းမှာတော့ စိတ်လှုပ်ရှားလွန်း၍ နှုတ်ခမ်းနှစ်လွှာကို အထက်အောက် ဖိထားရ၏။ ရှန့်ရှင်းဟယ်က သူ့နံဘေး၌ ထိုင်ချလိုက်ကာ ကျင့်သားရနေသည့်အလား သဘာဝဆန်လှစွာဖြင့် ရှုကျင်း၏ခြေသလုံးကို ပင့်မြှောက်လိုက်သည်။ ရှုကျင်းမှာတော့ အသက်ကင်းမဲ့နေသည့် ရုပ်သေးရုပ်ပမာ ကြက်သေသေသွားရ၏။ ထိုကဲ့သို့ နီးကပ်လွန်းသည့်အကွာအဝေး၌ သူသည် ရှန့်ရှင်းဟယ်၏ရှည်လျားလှသည့် မျက်တောင်များကို မြင်ရသည့်အပြင် မီးခိုရောင်မျက်ဆန်လေးကိုလည်း တွေ့နိုင်ပေသည်။ ရုတ်ခြည်းဆိုသလို သူ စတင်တုန်ရီလာ၏။ မျက်ဝန်းအစုံသည်လည်း အထိန်းအကွပ်ကင်းမဲ့စွာဖြင့် စိုစွတ်လာတော့သည်။
သူသည် ရှန့်ရှင်းဟယ်၏ညာဖက်ခြမ်းတွင် ရှိနေသည့်အတွက် ရှန့်ရှင်းဟယ်က သူ့အား မြင်နိုင်မည်မဟုတ်ပေ။
အစွဲအလန်းကြီးစွာဖြင့် ရှန့်ရှင်းဟယ်၏ပုံရိပ်သဏ္ဍာန် အပြည့်အစုံကို စိတ်ထဲတွင် အသံတိတ် ထွင်းမှတ်နေ၏။
ရှန့်ရှင်းဟယ်က ရှုကျင်း၏ဒူးခေါင်းကို ညှစ်လိုက်ပြီး အိုင်အိုဒင်းဆေးရည်ဖြင့် ဒဏ်ရာကို ညင်သာစွာ သုတ်လိမ်းပေးသည်။ ထို့နောက် တရုတ်ရိုးရာဆေးကို အနွေးဓာတ်ရစေရန်အလို့ငှာ လက်ဖဝါးနှစ်ဖက်အတွင်းသို့ ညှပ်ထားလိုက်၏။
ရှုကျင်းတစ်ကိုယ်လုံးဟာ ပိုမိုပြင်းထန်စွာ တုန်လှုပ်လာလေသည်။
"မလှုပ်နဲ့"
ရှန့်ရှင်းဟယ်က ဆေးလိမ်းမပေးခင် ဤသို့ဆိုရင်း ခေါင်းအနည်းငယ်ငုံ့လိုက်၏။
ရှန့်ရှင်းဟယ် ဆေးထည့်ပေးပြီးနောက် သူ၏သန်စွမ်းလှသည့် လက်ချောင်းများဖြင့် အတော်အတန်ကြာသည်အထိ နှိပ်နယ်ပေးသည်။
ရှန့်ရှင်းဟယ်ဟာ အင်မတန် စိတ်ရှည်သူတစ်ဦးဖြစ်ကာ နှိပ်နယ်ပေးရင်း အားအလွန်အကျွံမထည့်မိလေအောင် မိမိကိုယ်ကိုယ် ထိန်းနိုင်ပေ၏။ ဝတ်ကျေတမ်းကျေမဟုတ်သည့် အကူအညီကြောင့် ရှုကျင်း၏ဒဏ်ရာမှာ အချိန်နှင့်အမျှ တဖြည်းဖြည်း လျော့ပါးသက်သာသွားတော့သည်။
ဆယ်မိနစ်ခန့် ဖိနှိပ်ထားပေးပြီးနောက် ရှန့်ရှင်းဟယ် ရပ်တန့်လိုက်သည်။
"ရှုကျင်း နာလား?"
"......"
"မင်း ငိုနေတာပဲ"
"......"
ရှုကျင်း၏အမြင်အာရုံက ဝေဝေဝါးဝါးဖြစ်သွားကာ ရှန့်ရှင်းဟယ်၏မျက်နှာကိုပင် ကွဲကွဲပြားပြား မမြင်နိုင်တော့။
အသုံးတစ်စက်မျှမကျစွာဖြင့် မျက်ရည်စက်များက ပိုးပိုးပေါက်ပေါက် ကျလာကာ ရှန့်ရှင်းဟယ်၏ခါးကို လက်မောင်းများဖြင့် ထွေးပိုက်လိုက်၏။
ဆိုရပါလျှင် ရှုကျင်းက ရှန့်ရှင်းဟယ်၏ပခုံးထက်သို့ သူ၏ခေါင်းကို မြှုပ်အပ်လိုက်သည့်အနေအထားမျိုးပင် ဖြစ်တော့သည်။
ZAWGYI
ေအးစက္လြန္းသည္။
ရွုက်င္းဟာ ေရထဲတြင္ ေပါေလာေမ်ာေန၏။ ေရကူးျခင္းအမွုကို မရပ္နားမီ ကန္ေဘာင္ဟိုဘက္သည္ဘက္ကို အႀကိမ္ေပါင္းဒါဇင္ေက်ာ္မၽွ ကူးခတ္လိုက္ေသးသည္။ အခ်ိန္တေရြ႕ေရြကုန္ဆုံးလာၿပီးေနာက္ ေရကန္အတြင္းမွ အေအးဓာတ္ဟာ အသည္းခိုက္ေလာက္ေအာင္ လြန္စြာေအးစက္လွေၾကာင္း တျဖည္းျဖည္းခံစားမိလာရ၏။
သိပ္မၾကာမီမွာပင္ ေကာင္းကင္ယံထက္မွ ေရစက္မ်ား ကမၻာေျမေပၚ တေပါက္ေပါက္ ၿပိဳက်လာသည္။ မ်က္ေတာင္ခတ္လိုက္ၿပီးခ်ိန္တြင္ ေရတစ္စက္က မ်က္ေတာင္မ်ားထဲ စီးျဖာက်သြား၏။ ခ်က္ခ်င္းမဆိုင္းပင္ မေရမတြက္နိုင္ေသာ ေရစက္ေရေပါက္အနႏၲက နဖူး၊ ပါးျပင္ႏွင့္ ၿငိမ္သက္ေနေသာေရျပင္ကို ရိုက္ႏွက္ပုတ္ခတ္ေလေတာ့သည္။
မိုးစရြာေလၿပီ။
ေရကူးကန္ပတ္ပတ္လည္တြင္ လူအနည္းငယ္သာ ရွိေန၏။ အနည္းငယ္ေသာ လူမ်ားအနက္ မိုးရြာမည္မွန္းသိလ်က္ႏွင့္ လဟာျပင္ေရကူးကန္သို႔ တမင္တကာလာေရာက္သူကေတာ့ ရွုက်င္းတစ္ေယာက္တည္းသာ ရွိလိမ့္မည္။
ေရကန္စပ္သို႔ ျဖည္းညင္းေလးကန္စြာ ကူးခတ္လာၿပီးေနာက္ ေလွကားလက္ရန္းကို ကိုင္၍ ကုန္းထက္သို႔တက္လာကာ ပစၥည္းမ်ားထားခဲ့ေသာ ခုံတန္းရွည္ရွိရာသို႔ ျပန္လာခဲ့သည္။ ထို႔ေနာက္ တဘက္ျဖင့္ မိမိကိုယ္ကို အလ်င္စလို သုတ္လိုက္၏။ တီရွပ္ကို ဝတ္ဆင္ေနရင္း ေျခေထာက္က ကုတ္အကၤ်ီႀကိဳးႏွင့္ ႐ုတ္တရက္ ၿငိသြားကာ ကၽြမ္းထိုးေမွာက္ခုန္ လဲက်ေလေတာ့သည္။
အႏွီလဲက်မွုႀကီးက အေတာ္အတန္ဆိုးရြားေပ၏။ ေရကန္အနီးတစ္ဝိုက္ရွိ ၾကမ္းခင္းျပင္ကိုလည္း ေတာ္႐ုံေခ်ာ္မလဲေစမည့္ မညီမညာအသားျဖင့္ ခင္းက်င္းထားသျဖင့္ မာေက်ာကာ ၾကမ္းတမ္းလြန္းသည္။ ရွုက်င္း၏ဒူးေခါင္းက အေဝးမွလွမ္းၾကည့္လၽွင္ေတာင္ ဒဏ္ရာကို သိသိသာသာ ျမင္နိုင္သည္အထိ ဟက္တက္ကြဲသြားရ၏။
မည္မၽွပင္ မခံမရပ္နိုင္ေအာင္ နာက်င္လြန္းပါေစ၊ ေယာက္်ားရင့္မာႀကီးတစ္ေယာက္အေနႏွင့္ ေအာ္ႀကီးဟစ္က်ယ္ငိုယိုဖို႔ရာအတြက္ေတာ့ လြန္စြာမွရွက္ရြံ႕ဖြယ္ေကာင္းသည္ေလ။
ရွုက်င္းက ေဝ့ဝဲတိုက္ခတ္ေနေသာ ေလေအးသုန္သုန္အလယ္ အခ်ိန္အတန္ၾကာအထိ မတုန္မလွုပ္ ၿငိမ္သက္ေနမိေသး၏။ ထို႔ေနာက္ နီရဲေနေသာ မ်က္ခမ္းစပ္မ်ားကို သိုဝွက္ရင္း ပစၥည္းပစၥယမ်ားကို ေကာက္သိမ္းကာ ဟိုတယ္ထဲသို႔ ေထာ့နဲ႔ေထာ့နဲ႔ ဝင္သြားေတာ့သည္။
မိုးက အျငႇိုးႏွင့္ရြာသြန္းေနသေလာဟု ထင္မွတ္မွားရေလာက္ေအာင္ သည္းႀကီးမည္းႀကီး သြန္းၿဖိဳးေန၏။ မိုးေရစက္မ်ားဟာ စိမ္းစိမ္းစိုစို ငွက္ေပ်ာရြက္မ်ားထက္သို႔ သက္ဆင္းလာသည့္အခါ တဖတ္ဖတ္ျမည္သံမ်ားက မရပ္မနား ထြက္ေပၚေလသည္။
ရွုက်င္းလည္း ဒဏ္ရာကို ေအာင့္အည္းသည္းခံလ်က္ ဓာတ္ေလွကားဆင္းအလာကို ေစာင့္ဆိုင္းေနရင္း တစ္စုံတစ္ေယာက္က သူ႔နာမည္အား ေခၚလိုက္သံကို ၾကားလိုက္ရ၏။
"ရွုက်င္း..."
နက္ရွိုင္းကာ အနည္းငယ္ေအးစက္ခက္ထန္သည့္ အမ်ိဳးသားတစ္ဦး၏အသံ။
နာမည္၏အဆုံးသတ္စာလုံးကို ရင္းႏွီးကၽြမ္းဝင္လွသည့္ အသံမ်ိဳးျဖင့္ ခပ္ဖြဖြေလးေခၚလိုက္ျခင္းျဖစ္သည္။
ရွုက်င္းလည္း ႐ုတ္တရက္ေခါင္းေမာ့ၾကည့္လိုက္၏။ ေဘးမွအႏွီလူကို ျမင္လိုက္ရခ်ိန္ဝယ္ ခႏၶာကိုယ္တစ္ခုလုံး မလွုပ္မယွက္ တန့္သြားရသည္။ ဦးေႏွာက္ထဲတြင္လည္း ဗလာျဖစ္သြားရသလို။
အေရွ႕တြင္ မတ္တပ္ရပ္ေနေသာ ရွန့္ရွင္းဟယ္ဟု အမည္တြင္သည့္ အမ်ိဳးသားမွာ ရွုက်င္း၏မွတ္ဉာဏ္ထဲကထက္ ပို၍ပိုကာ အရပ္ရွည္ေန၏။
ရွပ္အကၤ်ီကိုဝတ္ဆင္ထားၿပီး အကၤ်ီလက္အနားမ်ားကို ေခါက္တင္ထားသျဖင့္ ေတာင့္တင္းလွသည့္လက္ဖ်ံရိုးကို အထင္းသား ျမင္ေတြ႕ေနရ၏။ လက္ေကာက္ဝတ္၌လည္း ရိုးရွင္းလွသည့္ လက္ပတ္နာရီကို တပ္ဆင္ထားသည္။ ရွင္းလင္းကာ ေခ်ာေမာၾကည့္ေကာင္းလွပါေသာ မ်က္ႏွာထက္ဝယ္ မ်က္ခုံးေမြးထူထူနက္နက္မ်ား၊ ေျဖာင့္တန္းေနေသာ ႏွာတံသြယ္သြယ္ႏွင့္ မ်က္ႏွာ၏အစိတ္အပိုင္းတစ္ခုခ်င္းစီတိုင္း၌ အျပစ္အနာအဆာဟာ နတၳိ။ ေဖာ္ေရြမွုကင္းကြာလ်က္ မီးခိုေရာင္သန္းေနပါေသာ အျမင္အာ႐ုံကင္းမဲ့ေနသည့္ ညာဖက္မ်က္လုံးေလးကပင္ ေတြ႕ျမင္ရသူအဖို႔ စိတ္ခ်မ္းေျမ့ဖြယ္ေကာင္းေနေတာ့သည္။
ထိုတဒဂၤတြင္ ရွန့္ရွင္းဟယ္က ရွုက်င္းအား ဘယ္ဖက္မ်က္လုံးျဖင့္ ၾကည့္ေန၏။ သူ၏မ်က္ဝန္းအစုံက အေရာင္မွိန္ေပါ့ပါးလြန္းလွသည္။ ထို႔အျပင္ သာမန္လူမ်ားႏွင့္မအက္စပ္နိုင္သည့္ တည္ၿငိမ္ေအးစက္လွေသာ စိတ္ေနသေဘာထားမ်ိဳးက ရွုက်င္းအား ေနမထိထိုင္မသာျဖစ္ေစ၏။
ရွုက်င္းဘက္မွ စကားစဆိုလိုက္သည္။
"တိုက္ဆိုင္လိုက္တာ"
ရွန့္ရွင္းဟယ္ : "အင္း"
ဓာတ္ေလွကားတံခါး ပြင့္လာေခ်ၿပီ။
ရွန့္ရွင္းဟယ္က တစ္ဦးတည္းလာျခင္းျဖစ္ဟန္မတူ။ အတြင္းေရးမွူးကဲ့သို႔ ဆင္ျမန္းထားသည့္ အမ်ိဳးသမီးတစ္ဦးလည္း ေဘးမွပါလာ၏။ သူတို႔ႏွစ္ဦးက ဓာတ္ေလွကားအတြင္းသို႔ ဦးစြာ ဝင္သြားၾကသည္။ သို႔သည့္တိုင္ ဓာတ္ေလွကားက ေခ်ာင္ေခ်ာင္ခ်ိခ်ိျဖစ္ေနဆဲ။ ရွုက်င္းလည္း အျခားဓာတ္ေလွကားတစ္ခုကိုသာ ဆက္လက္ေစာင့္ဆိုင္းရန္ စဥ္းစားလိုက္ေသးသည္။ သို႔ေသာ္ျငား ဤအျပဳအမူက လြန္စြာသိသာသြားမည္စိုးသျဖင့္ သူပါ လိုက္ဝင္သြားေတာ့၏။
ေဒါက္ျမင့္ဖိနပ္ စီးထားသည့္ အမ်ိဳးသမီးက အထပ္နံပါတ္ခလုတ္ကို ႏွိပ္ရန္ လက္ရြယ္ရင္း ရွုက်င္းအား ယဥ္ေက်းသိမ္ေမြ႕စြာ အေမးျပဳလိုက္သည္။
"လူႀကီးမင္းက ဘယ္အထပ္ကို သြားမွာပါလဲရွင့္?"
ရွုက်င္းက ျပန္ေျဖလိုက္ပါ၏။
"(၄၆)ထပ္ပါ.. ေက်းဇူး"
"ရပါတယ္ရွင္"
အမ်ိဳးသမီးက ဖိုင္တြဲစာအိတ္တစ္အိတ္ကို ရင္ဝယ္ပိုက္ရင္း ခလုတ္ႏွိပ္လိုက္သည္။ (၅၂)ထပ္ေျမာက္ခလုတ္ကိုပါ ႏွိပ္လိုက္ေၾကာင္း ရွုက်င္း သတိျပဳမိ၏။
ထိုအခိုက္အတန့္ဝယ္ ေမးျမန္းသံတစ္သံကို မေမၽွာ္လင့္ဘဲ ၾကားလိုက္ရသည္။
"ေျခေထာက္က ဘာျဖစ္တာလဲ?"
ရွုက်င္း လွည့္ၾကည့္လိုက္သည့္အခါ ရွန့္ရွင္းဟယ္က သူ႔အေနာက္တြင္ ရပ္ေန၏။ က်ယ္က်ယ္ဝန္းဝန္းရွိလွေသာ ဓာတ္ေလွကား၌ ႐ုတ္တရက္ က်ဥ္းထဲၾကပ္ထဲေရာက္သြားရသလိုပင္။
ရွုက်င္းလည္း မသိစိတ္၏ေစ့ေဆာ္မွုအရ ရွန့္ရွင္းဟယ္၏ျမင္ကြင္းမွ လြတ္ကင္းနိုင္မည့္ ညာဘက္သို႔ တေရြ႕ေရြ႕ တိုးကပ္သြားလိုက္သည္။
ေမးခြန္းအေမးခံလိုက္ရခ်ိန္မွ ေမ့ေမ့ေပ်ာက္ေပ်ာက္ျဖစ္ေနသည့္ ဒဏ္ရာက တဆစ္ဆစ္ ျပန္လည္နာက်င္လာရပါသလို။ ရွုက်င္းက ျပန္ေျဖလိုက္၏။
Advertisement
- In Serial65 Chapters
ʟᴏꜱᴛ ʟᴏᴠᴇ
Why are you doing this?" I whispered, my head dropped to the floor as the floor began to blur with my tears. "Pardon?" "Please stop, Khyson." "Ms. Kingston, if this is some sort of joke you are not very amusing." "How can you just sit here! Sit here and pretend like we never had something! Like we're-we're complete strangers! Why don't you remember!" •They were friends, best friends. But then they weren't. Funny how a relationship could disappear in the matter of seconds. She never wanted to see him again, she carried a piece of him that he could never know about. She was in a stable relationship, happy. He was running his own empire and had just gotten out of an relationship. Now after all these years he comes back, back into her twisted life.After all, she did have his son. Their son that he had no living idea about. Their love was lost. - This book contains mature themes.All content belongs to moi.With help from: bestie KayleannFinished - 20/3/2022
8 267 - In Serial39 Chapters
Sweet Tooth
Jon Williams is a 29 year old reclusive man who owns a car workshop. Growing up as an orphan his whole life has taken a huge toll on him. Being thrown from one foster home to an other throughout his childhood, didn't do any justice to the parental attention he craved for. Emma Daniels is a 24 year old, lively, bubbly girl who owns a cozy little bakery, Sweet Tooth. She is the epitome of optimism. Despite the harsh events that has taken place in her life, she manages to see the good in everything. Losing her parents at the ripe age of 18 and taking over their bakery has put huge responsibilities on her shoulder. This story embarks on a journey of two broken souls who find solace in each other.
8 121 - In Serial59 Chapters
Splattered Paint - Dan Howell
Darcy Thompson, kidnapped for four years. The painter, orphan, with memories haunting her from the back of her mind. But when she finally snaps, paint will splatter, hearts will be broken and a new life ruined. Can a young man and his friend with matching fringes help Darcy rebuild her life? Start again, a new beginning. Who will mend her, and who will break her?
8 103 - In Serial46 Chapters
The Insemination
"You where going to do what?" he shouts causing me to jump a bit. I look at his face and see anger on it. "I said I was thinking about it. I changed my mind," I rush to say. "I'm sorry." As he runs a hand through his hair he picks up the glass vase and throws it against the wall. Rushing past him, I hurry to the door. Once my hand is on the silver doorknob I pull it open only to have it closed. Turning around I meet his gaze. His normal blue eyes are now black with a hint of gold. "I think I should go," I say barely as a whisper. "Mine," he growls. "Yes, I know it's yours but-," I say but he cuts me off again. "Mine," he growls again. Before I have the chance to ask him what he meant, he hovers over my body, and before I have the chance to move, I feel sharp teeth penetrate my skin. Kicking and screaming, I try to move out of his grasp. Yelping out in pain, he finally takes his teeth out, and looks at me with his blue eyes. He looks at me in horror. "What did you do to me?"
8 265 - In Serial36 Chapters
A Mindful Old Soul
AVAILABLE ON KINDLE AMAZONA girl of sixteen lives in a small family with her widowed father and her infant sister. After months of homeschooling along with raising Serena, her father finally decides he send his daughter off to a public school. Lena has to face a society she was never used to, but things change when she meets the inseparable James Allan and his grandmother, Amelia Allan.Everything turns out perfectly fine until a hardship befalls one of them. Her lover, James Allan, finds himself a wreck and can hardly bear the pain any longer. He has no choice but to leave his beloved town.All those years of waiting patiently for him, she, Lena Foster, starts to wonder if all of it is going to be worth it in the end.(Written by: Andina F. K)
8 223 - In Serial42 Chapters
The Sleepy Princess Loves The Cold Duke
"What is she doing?" The Duke stood in his bedroom door frame, eyeing the lump under his comforter. Steven, peaked around the door frame. The sight before him was so unbelievable he wasn't sure if he should say it out loud. "Um, sire I believe she is sleeping."•••The romantic and adventurous life of the cold hearted Duke, Loki Frost and his fiancé, Princess Poppy Lullaby.Princess Poppy is the 12th princess of the Lullaby Kingdom. She is an introvert who loves two things in this world. Experimenting with her potions and sleep! She also hates two things of this world. Boring places and boring people. Sadly, she grew up surrounded by both. And now she is suddenly being put in an arranged engagement with the most boring person in the world! Loki Frost. A workaholic who spends his life in the office. But as the days go by Poppy is learning that Loki is a lot less boring than it seems. Monster attacks, betrayal, scheming enemies, and hidden secrets seem to push these two farther apart. But also closer together?The Sleepy Princess Loves the Cold Duke, a fantasy romance. •••Started:July 21, 202210:50pmFinished:July 25, 20227:00pm•••NONE of the art in this book is mine!This book is UNEDITED•••Achievements: #1 historical#1 duke#1 frost#1 magicalcreatures#1 sliceoflife#1 sleep#2 nosmut#3 poppy#5 magician#6 wizardsandwitches #8 swordandsorcery#9 monarchy#13 lullaby#13 potions#15 magic(#67 romance)
8 506

