《My Father Wants to Kill Me《COMPLETED》》[2]
Advertisement
UNICODE
အဲ့တုန်းက ငါ တစ်ဆယ့်သုံးနှစ်ပဲရှိသေးတယ်။ စစ်သူကြီးယွမ်တစ်ယောက် နိုင်ငံကိုပုန်ကန်ချင်နေတယ်ဆိုပြီး မှူးမတ်တွေက ဧကရာဇ်ကို သွေးဝိုင်းထိုးကြတော့ စစ်သူကြီးအိမ်တော်အပြင် ခြံဝန်းတစ်ဝန်းလုံး ရှို့မီးနဲ့လုပ်ကြံပါလေရော။
အပျက်အစီးတွေကြားထဲ ငါ့အဖေက ငါ့ဆီ ဓားရှည်တစ်လက် ဆွဲလာတာကို မြင်လိုက်ရတယ်။ သူ့မျက်လုံးတွေထဲမှာ မချင့်မရဲဖြစ်နေတာရယ်၊ စိတ်ပိုင်းဖြတ်ထားတာရယ်က အချင်းချင်းလွန်ဆွဲနေကြသလို။ စစ်သူကြီးအိမ်တော်မှာ အသက်မတိမ်းမယိမ်းဆိုလို့ ငါနဲ့သခင်လေးပဲရှိတာ။ ဘဝတစ်လျှောက်လုံး စစ်သူကြီးဆီ သစ္စာခံခဲ့တဲ့ ငါ့အဖေက အခုလည်း စစ်သူကြီးရဲ့နောက်ဆုံးမျိုးဆက် အသက်ရှင်ကျန်ခဲ့ဖို့ သူ့ရဲ့သားအရင်းဖြစ်တဲ့ငါ့ကို စွန့်လွှတ်ချင်နေခဲ့တာပဲ။ အဲ့လိုတွေးကြည့်တော့ စိတ်မကောင်းဖြစ်မိတယ်။ အကြောင်းရင်းကိုလည်း နားမလည်ပြန်ဘူး။
ဒါပေမဲ့ ဓားသွားကနေ အေးမြမြအလင်းတစ်စက် ရောင်ပြန်ဟပ်လိုက်တဲ့အခါ ငါ အသက်ရှင်ဖို့ ဘာဆက်လုပ်ရမလဲဆိုတာကို သဘောပေါက်သွားတယ်။ ငါ မသေချင်သေးဘူး။ အကောင်းစားပိုးထည်တွေကိုလည်း မဝတ်ဖူးသေးဘူး။ ကမ္ဘာပတ်ပြီး စားစရာအစုံကို မမြည်းဖူးသေးဘူး။ တောတောင်တွေကိုဖြတ်၊ ပင်လယ်ကိုကျော်ပြီး ခရီးမသွားရသေးဘူး။ ငါ့အဖေ ငါ့ကို သေခိုင်းစေချင်တာနဲ့ပဲ ငါက ဘာလို့သေပေးရမှာလဲ?
ဓားမြောင်က ခန္ဓာကိုယ်အသားစိုင်ကို ဟတ်တက်ခွဲလိုက်တယ်။ နီရဲရဲသွေးတွေက အဲ့ဒီလေးစားဖို့ကောင်းတဲ့မျက်နှာပေါ် စင်သွားတယ်။ ငါ ရုတ်တရက်ခံစားလိုက်မိတာက ငါ့အဖေနဲ့ငါက လုံးဝတခြားစီပဲလို့။ ရုပ်ရည်ကအစ စိတ်ထားအထိ ဘာဆိုဘာမှတူမနေတာ။ အဖေက လဲကျသွားတော့ အနောက်က ကြောက်အားလန့်အားဖြစ်နေတဲ့သခင်လေးမျက်နှာကို မြင်လိုက်ရတယ်။ သူ့လက်သေးသေးလေးနဲ့ သူ့အင်္ကျီသူ တင်းတင်းဆုပ်ထားလိုက်တာများ။ မျက်နှာကလည်း တစ္ဆေလို ဖြူဖတ်ဖြူရော်နဲ့။ နည်းနည်းလေး ပျင်းဖို့ကောင်းသလို ခံစားမိရင်း ဓားမြောင်ပေါ်က သွေးတွေကို သုတ်လိုက်တယ်။ ပြီးတာနဲ့ မြေအောက်ခန်းထဲက လျှို့ဝှက်ထွက်ပေါက်ဆီ လှည့်ထွက်လာခဲ့လိုက်တယ်။
~~~~~~~~~~~~~~~~~~
ZAWGYI
အဲ့တုန္းက ငါ တစ္ဆယ့္သုံးႏွစ္ပဲရွိေသးတယ္။ စစ္သူႀကီးယြမ္တစ္ေယာက္ နိုင္ငံကိုပုန္ကန္ခ်င္ေနတယ္ဆိုၿပီး မွူးမတ္ေတြက ဧကရာဇ္ကို ေသြးဝိုင္းထိုးၾကေတာ့ စစ္သူႀကီးအိမ္ေတာ္အျပင္ ၿခံဝန္းတစ္ဝန္းလုံး ရွို႔မီးနဲ႔လုပ္ႀကံပါေလေရာ။
အပ်က္အစီးေတြၾကားထဲ ငါ့အေဖက ငါ့ဆီ ဓားရွည္တစ္လက္ ဆြဲလာတာကို ျမင္လိုက္ရတယ္။ သူ႔မ်က္လုံးေတြထဲမွာ မခ်င့္မရဲျဖစ္ေနတာရယ္၊ စိတ္ပိုင္းျဖတ္ထားတာရယ္က အခ်င္းခ်င္းလြန္ဆြဲေနၾကသလို။ စစ္သူႀကီးအိမ္ေတာ္မွာ အသက္မတိမ္းမယိမ္းဆိုလို႔ ငါနဲ႔သခင္ေလးပဲရွိတာ။ ဘဝတစ္ေလၽွာက္လုံး စစ္သူႀကီးဆီ သစၥာခံခဲ့တဲ့ ငါ့အေဖက အခုလည္း စစ္သူႀကီးရဲ့ေနာက္ဆုံးမ်ိဳးဆက္ အသက္ရွင္က်န္ခဲ့ဖို႔ သူ႔ရဲ့သားအရင္းျဖစ္တဲ့ငါ့ကို စြန့္လႊတ္ခ်င္ေနခဲ့တာပဲ။ အဲ့လိုေတြးၾကည့္ေတာ့ စိတ္မေကာင္းျဖစ္မိတယ္။ အေၾကာင္းရင္းကိုလည္း နားမလည္ျပန္ဘူး။
ဒါေပမဲ့ ဓားသြားကေန ေအးျမျမအလင္းတစ္စက္ ေရာင္ျပန္ဟပ္လိုက္တဲ့အခါ ငါ အသက္ရွင္ဖို႔ ဘာဆက္လုပ္ရမလဲဆိုတာကို သေဘာေပါက္သြားတယ္။ ငါ မေသခ်င္ေသးဘူး။ အေကာင္းစားပိုးထည္ေတြကိုလည္း မဝတ္ဖူးေသးဘူး။ ကမၻာပတ္ၿပီး စားစရာအစုံကို မျမည္းဖူးေသးဘူး။ ေတာေတာင္ေတြကိုျဖတ္၊ ပင္လယ္ကိုေက်ာ္ၿပီး ခရီးမသြားရေသးဘူး။ ငါ့အေဖ ငါ့ကို ေသခိုင္းေစခ်င္တာနဲ႔ပဲ ငါက ဘာလို႔ေသေပးရမွာလဲ?
ဓားေျမာင္က ခႏၶာကိုယ္အသားစိုင္ကို ဟတ္တက္ခြဲလိုက္တယ္။ နီရဲရဲေသြးေတြက အဲ့ဒီေလးစားဖို႔ေကာင္းတဲ့မ်က္ႏွာေပၚ စင္သြားတယ္။ ငါ ႐ုတ္တရက္ခံစားလိုက္မိတာက ငါ့အေဖနဲ႔ငါက လုံးဝတျခားစီပဲလို႔။ ႐ုပ္ရည္ကအစ စိတ္ထားအထိ ဘာဆိုဘာမွတူမေနတာ။ အေဖက လဲက်သြားေတာ့ အေနာက္က ေၾကာက္အားလန့္အားျဖစ္ေနတဲ့သခင္ေလးမ်က္ႏွာကို ျမင္လိုက္ရတယ္။ သူ႔လက္ေသးေသးေလးနဲ႔ သူ႔အကၤ်ီသူ တင္းတင္းဆုပ္ထားလိုက္တာမ်ား။ မ်က္ႏွာကလည္း တေစၧလို ျဖဴဖတ္ျဖဴေရာ္နဲ႔။ နည္းနည္းေလး ပ်င္းဖို႔ေကာင္းသလို ခံစားမိရင္း ဓားေျမာင္ေပၚက ေသြးေတြကို သုတ္လိုက္တယ္။ ၿပီးတာနဲ႔ ေျမေအာက္ခန္းထဲက လၽွို႔ဝွက္ထြက္ေပါက္ဆီ လွည့္ထြက္လာခဲ့လိုက္တယ္။
~~~~~~~~~~~~~~~~~~~~~~~
Advertisement
- In Serial18 Chapters
A Bully's Regret
Grace was relentlessly bullied by her former childhood friend now popular jock, Harrison. She rose above, focused on her studies and went off to college - leaving the memory of her horrible highschool years and Harrison behind.Now, she's back for her best friend's wedding. Is she ready to confront her past? And why is Harrison suddenly playing nice with her?
8 250 - In Serial44 Chapters
I Am The Evil Duchess
I am a 30 years old woman who lives alone. My parents passed away in my early days and I became an orphan. I strive so hard in life to earn anything that I want. I worked so hard that I didn't even bother to look for a partner in life. All that matters to me is my cafe that I worked so hard to built. But all of it went for naught when I suddenly found myself reincarnated in some kind of fantasy novel.It is one of the best selling novel back in seoul. It's all about the male lead's abusive and dark past in the dukedom with his tyrant mother.Now come to think of it, I reincarnated in the novel as the duchess and guess what!!!I reincarnated inside this novel, just after the consummation night!!!©LIZZANNAWRITES
8 420 - In Serial46 Chapters
The Artist & The Q.B.
Briar Roberts is a struggling artist who can't help clash with her best friends brother and Quarterback Truex Marshall. When Truex starts dropping hints of interest in her, Briar's vain attempts to keep him away are laughable. This is a pretty humorous story. One of my favorites that I have done for sure. Hope you like it! XO
8 77 - In Serial43 Chapters
Fate (Niall Horan - Completed)
She's used to staying at home, studying, reading and writing.He's used to being on tour, girls screaming his name and singing number one hits.The day they meet, they will never forget. From then on she's constantly in his head. She thought that they would never meet each other again, but she thought wrong.They see each other again. Maybe it was a coincident, maybe it was fate that brought him to her.Her 13 year old self would call him distraction but her 18 year old self calls him Niall.Enjoy reading, vote and comment.It would mean a lot.All the love. C xx
8 150 - In Serial4 Chapters
Scarred Memories ••• Book One ••• Child!MikeSchmidt X Child!Fem!Reader
(Book One of the Scarred Memories series) Y/N L/N is 8 years old. She had no friends, until she met 9-year old Mike Schmidt.
8 69 - In Serial26 Chapters
12:22
-When two strangers, a fashion designer crosses paths with a model, they always find their way back to one another.
8 200

