《ကိုကိုကားနှင့်Puppyငယ်(Complete)(Unicode )》Puppy *14*
Advertisement
အိပ်ယာကနိူးလာတာနဲ့ ခေါင်းတစ်ခုလုံးကိုက်နေတာကိုသိလိုက်ရသည်။ ထုံပြီးကိုက်လွန်းနေတာ ဘာကြောင့်မှန်းမသိ။
ဒါနဲ့ပဲ ငြိမ်ငြိမ်လေးပြန်မှေးနေမိသည်။ ဒါလဲမ
ပျောက် ။
တဆစ်ဆစ်ထိုးကိုက်နေသည်။
ပြီးတော့လူကနုံးနုံးချိချိနှင့် ့ဖြစ်နေသေးသည်။
ဘယ်သူမှမရှိကြဘူးလား။ တစ်ယောက်လေးမှရှိမနေကြဘူးလားဒီမှာ ခေါင်းကိုက်လို့ ပါဆို..
စိတ်ထဲကနေသာအော်နေမိတာ လူကတော့
မလှုပ်။
''Baekhyun နိူးနေပြီမလား??"
ဗုဒေ္ဓာ မြတ်စွာဘုရား.!!!
Baekhyunမှာ လန့်ပြီး အိပ်နေရာက
ကိုယ့်နောက်ကျောဘက်ကအသံလာရာဆီ ဆတ်
ခနဲလှည့်ကြည့်မိလိုက်တော့ ခုနက တဆစ်ဆစ်ထိုးကိုက်နေသော ခေါင်းကြောင့် မျက်လုံး
တွေပြာဝေပြီး ဘယ်သူဘယ်ဝှာမှန်းတောင်မမြင်
လိုက်ရဘဲ ခေါင်းအုံးပေါ်ပြန်လဲကျသည်။
ရံှု့မဲ့ပြီး ပြန်အိပ်ချလိုက်တဲ့Baekhyunk ကြောင့်
Chanyeol စိတ်ပူသွားကာ မျက်နှာကိုလက်နဲ့
အုပ်ထားတဲ့ Baekhyunရဲ့လက်ချောင်းရှည်ရှည်
သွယ်သွယ်လေးတွေကိုဆွဲခွာမိလိုက်သည်။
''ဘာဖြစ်တာလဲ Baekhyun!!"
"ခေါင်းတွေအရမ်းကိုက်နေတယ် !!"
လို့အသံတိုးတိုးလေးနဲ့ပြောတော့ Chanyeolက Baekhyunရဲ့ခေါင်းအောက်ထဲလက်ကိုသျှိုသွင်း
ပြီး မျက်နှာကိုဒီဘက်ဆွဲလှည့်လိုက်တော့ ဖြူနုနေတဲ့ခပ်မဲ့မဲ့မျက်နှာလေးတစ်ခု Chanyeolမျက်နှာနဲ့ နီးကပ်လို့သွားသည်။
ကြည့်ပါဦး ပျက်လုပျက်ခင် Eyelinerလေးတွေဟိုတစ်စဒီတစ်စနဲ့ ကပိုကရိုနဲ့ကိုချစ်ဖို့ကောင်းနေတာ
Puppy ပေါက်လေးအတိုင်း…
''သံပုရာရည်ဖျော်ထားပေးတယ် ထ သောက်လိုက်
ဦး !!"
ပြောပြီး ဆွဲထူလိုက်တော့ ပျော့တိပျော့ဖတ်နဲ့ပါလာသေးသည်။ ကျောရိုးမရှိတဲ့သတ္တဝါလေး
အတိုင်း သူ့ဟာသူကတောင့်တောင့်တင်းတင်းမထိုင် Chanyeolကို မှီပြီးထိုင်နေသည်။
အာ့တွေရင်ခုန် ရတာ ရင်ထဲ တဒုန်းဒုန်းနဲ့..မသိရင် တစ်ခုခုကိုပဲထုနေသလိုလို
''ဖွီး းးးး''
''ဘာဖြစ်တာတုန်း ဘာလို့ပြန်ထွေးပစ်တာတုန်းသံပုရာရည် ကိုနှမြောစရာကွာ!!"
''ငန် လိုက်တာကို ဘာသံပုရာရည်တုန်း ငန်ကျွတ်
နေတာကြီး ဗြဲ.....''
''ဟာ !!ဟုတ်လို့လား နေပါဦး"
Chanyeolလဲကိုယ့်သံပုရာရည်ကို ကိုယ် အခုမှ
သောက်ကြည့်မိပြီး
''ဖွီး းးးးဝေါ့''
ဟုပကွာ ..ငန်လိုက်တာ..
Baekhyunကတော့တဗြဲဗြဲ ငိုနေ
ပြီ..သူ့သံပုရာရည်ငန်တော်မူနေလို့
''.ကိုယ် သကြားနဲ့ဆားမှားထည့်မိပြီထင်တယ်!! ဟဲ…ဟဲ Sorry ကု်ယ်နောက်တစ်ခွက်ပြန်ဖျော်ပေးမယ် !!"
"မဖျော်နဲ့ မသောက်ဘူး မသောက်ဘူး !!"
ဟော..ပိစိလေး သူ့လက်ထဲကရုန်းထွက်ပြီး c)Chanyeolထိုင်နေတာနဲ့ ဝေးဝေးတိုးသွားပြီး ဟိုဘက်ကုတင်စွန်းလေးမှာသွားအိပ်လေသည်။
ကြည့်ဦး..အဲ့ဒါစိတ်ကောက်တာတဲ့
''Baekhyun !! Baekhyun လို့..''
ရုပ်ကြမ်းကြီးနဲ့လာနွှဲ့နေတယ်ထင်တော့မှာပဲ ။
ခေါ်လိုက်မှဒင်းလေးက စောင်ကိုတောင် ခေါင်းမြီး ဆွဲခြုံလိုက်သေးသည်။
ဘယ်ရမလဲ ဒီကလဲ နားကားကားနဲ့စွမ်းပကား Park Chanyeolလေ။
အဲ့ဒီစောင်ကိုမရမက ဆွဲခွာပြီး သူ့ခန္ဓာကိုယ်ကိုပါBaekhyunရဲ့စောင်အောက်ထဲဝင်လိုက်မိတာ
ပြီးတော့Baekhyun ကိုနောက်နေ သိုင်းဖက်တော့ သူက ရုန်းတယ်။
ရုန်းလေလေ ဒီကလဲ ဖက်လေလေ ။ တွန်းတယ် ကန်တယ် ။
အဲ့လိုရုန်းရင်းဆန်ခတ်ဖြစ်မှန်းမသိဖြစ်ရင်း
ကုတင်စွန်းထိရောက်နေတဲ့ Baekhyun ခမျာ
စောင်နဲ့လုံးထွေးပြီး ဝုန်း ခနဲ့
ကုတင်ပေါ်က ပြုတ်ကျတော့တယ်
''အား းးးးအီး းးးဟီး းးးးဟီး းးး!!"
''ဟာ !!Baekhyun''
စောင်နဲ့လုံးထွေးပြီးတော်တော်နဲ့ မထနိူင်တဲ့
Baekhyun
Chanyeolကလဲရယ်ချင်သဖြင့်မျက်နှာကပြုံးစိစိ..
''.တောင်းပန်ပါကွာ…ဘယ် ဘယ်နားနာ
သွားသေးလဲ အုံဖွ အုံဖွ !!"
''.ဗြဲ...''
ဟော ..ဗြဲ ပြန်ပြီ သူအဲ့လိုဆူညံပွက်နေတော့Chen
ကပါအခန်းထဲရောက်လာလေသည်။
ဘုမသိဘမသိ Chenက Baekhyunအာပြဲနေတာတွေ့တော့ Chanyeolကိုပြဲလန်နေသော အသံနှင့်..
''Yarrr !!ခင်ဗျားကြီးကျွန်တော့်ညီကိုငိုအောင်
လုပ်ရအောင် ခင်ဗျားကြီးက အာကျယ်မ လား.."
ဟ..ဘာတုန်းဟ !!Chanyeolမှာ ဗလိုင်းကြီးဆဲခံ
လိုက်ရသဖြင့် အောက်သက်သက်အနေအထား…
''ကိုယ်တောင်းပန်နေတာChen ရ''
''Yarr တောင်းပန်တဲ့သူက အပေါ်က !! တောင်းပန်ခံရတဲ့သူက အောက်က ဆိုတော့ ဘယ်ကောင်းမလဲ??"
"Arrr အေးဟုတ်သား ဒါဆို Baekhyunအပေါ်ကနေ…ကိုယ်အောက်ကနေမယ်ဒါဆိုပိုအဆင်ပြေမယ်''
'' အာ့ဘာစကားတုန်း!!"
"ဗြဲ....!!"
Chenရဲ့အော်သံအပြီးမှာ Baekhyun ကလဲပို ဗြဲ..ပြန်သည်။
ကိုယ့်ဟာကို ဘာပြောလို့ပြောမိမှန်းမသိတဲ့
Chanyeolကကုတင်ပေါ်ကနေ ပြူးတိပြူး
ကြောင်
''ညကလဲ အိမ်မက်မက်တယ် မကောင်းဆိုးဝါးကြီး
တစ်ကောင်ငါ့ကိုလာနမ်းနေတယ်လို့ အံဲဒီ
မကောင်းဆိုးဝါးကလည်း နားတောင်ကားနေသလိုလို !!"
ငင့်..သေပျစေ
ညက တဲ့ ဒီက သူ့နဖူးလေးကို တစ်ခါလေးပဲငုံ့နမ်းမိတာပါ ။ နမ်းမိတာမှားများသွားလား မကောင်းဆိုးဝါးအဖြစ်တောင် နေ့ချင်းညချင်းရောက်သွားပါပကောလား
".အေး ပါ baekbaekရယ်နောက်တစ်ခါ အဲ့ဒီ
မကောင်းဆိုးဝါးကြီးလာနမ်းလို့ရှိရင် နားကို
လိမ်ဆွဲပစ်လိုက်သိလား??"
ငှီး…နားတွေကျိန်းသွားသလို…
…………………………………………………………
''ဘာ !!"
''ဪ ငါ့သူငယ်ချင်းလေးပျော်သွားပုံက 'ဘာ'
ခနဲ နေတာပဲ''
အမယ်လေး ဒါကပျော်လို့ ဘာ တာ မဟုတ်ဘူး
ဒီအချိန်မှာ ဘယ်သူ့မျက်နှာကိုမမြင်ချင်ဆုံးလဲမေးရင် Suhoမျက်နှာကြီးမမြင်ချင်ဆုံးပဲ။
မမြင်ချင်ပါဘူးဆိုမှပဲ ဒင်းက သုံးရင်အတွင်း ဆိုးလ် ကိုပြန်လာတော့မလို့ဆိုပဲ.
Baekhyunလိုပဲအော်ငိုပစ်လိက်ချင်တယ်
ဗြဲဟဲဟဲ..
''.မင်း မင်းကလဲကွာ မင်းဦးလေးကကျန်းမာရေးလဲကောင်းသေးတာမဟုတ်ဘဲနဲ့!!"
'Ohh ဒေါင်ဒေါင်ကိုမြည်နေတာပဲ''
''အလုပ်တွေကလဲ ဒီအတိုင်းပစ်ထားခဲ့လို့ဖြစ်ပါ့မလား''
''ခုတောင် အိမ်မှာနားနေရတာ အလုပ်မရှိ လို့!!"
"ဒါပေမဲ့ တစ်လလောက်တော့နေသင့်သေးတယ်မဟုတ်လား??"
''ငါကတစ်လနေပြီးဘာလုပ်ရမှာလဲ ငါ့မျောက်နှစ်
ကောင်ကိုလဲငါလွမ်းလှပြီကွ ငါ့မှာ သူတို့အသံ
လေးမကြားရတာ ကြာတော့ တစ်ခုခုလိုနေတာပဲ''
ဟူး းးဘယ်လိုမှကို ဖျောင်းဖျမရပါလားကွာ
ဒီမှာBaekhyunနဲ့ ဘာမှမ ဘာရသေးဘူး ဒင်းကြီးက..
''မင်းက ခုထိမပြောရသေးဘူးလားကွ!!"
"ဘယ်ပြောရဦးမလဲ မင်းညီက ရိုးရိုးတန်းတန်းမှမဟုတ်တဲ့ဟာကြီးကို"
"ဟမ် !!ငါ့ညီဟာက မွေးကတည်းက ရိုးရိုးဖြောင့်
ဖြော့င်ပါကွ''
''အမ် !!ဟုတ်ဘူးလေ မင်းညီက ရိုးရိုးပြောတံဲ့ရည်းစားစကားကို မလိုချင်ဘူးတဲ့လေ သူရင်ခုန်အောင်
ဆန်းဆန်းပြားပြားဘိုပြောရမလဲဆိုတာလဲငါမသိဘူးကွ..!!"
''.ေဩာ် ဒါများ ဟားဟားဟား ဟားဟား"
အဲ့မှာအရယ်လွန်ပြီးဂန့်နေပါဦးမယ် Suhoရယ်
ပြောမိတဲ့အထဲမှာရယ်စရာစကားလေးမပါမိပါကလား..
သူရယ်နေတော့ Chanyeolဖုန်းကိုကိုင်ပြီးနား
းထောင်နေမိသည်။
ရယ်ရယ် ခွက်ထိုးခွက်လန်ရယ်
''ရယ်ပြီးပြီလား''
''.မင်းကလဲရယ်ရတာဖီးမရှိလိုက်တာတကယ်
တမ်းဆိုဘာလို့ရယ်တာလဲဘာညာမေးပေါ့ကွ''
''မင်းကရယ်ချင်တဲ့အချိန်ထရယ်တာပဲငါက
ဘာမေးရမှာတုန်း''
''ဒီမှာငါကအကြံဉာဏ်ပေးမလို့ကွ''
''အကြံဉာဏ်ပေးရင်ရယ်ရတယ်ပေါ့ဟုတ်လား''
''လခွီ းးးဒီမှာ BaekBaekအကြောင်းငါ့ထက်ဘယ်
သူပိုသိမှာလဲ ဒီမှာ သူလက်ခံနိူင်တဲ့ရည်းစားစကားပြောနည်းကိုမင်း ဒီလိုလုပ်...!!"
……………………………………………………………
Cute
TBC
(30.3.2019)
4:34pm
Advertisement
- In Serial157 Chapters
Safe as Houses
Hissing crowds of vampires clog every street at night. But Sally Yan must win the race to a building four blocks away or her sister dies. How can she reach the goal without leaving the safety of a home? And will the dark-haired woman she meets on the way be her lover – or her death? The story begins with two preludes which introduce the world...
8 190 - In Serial6 Chapters
A Fate Shaped by Magick
This fiction was (and is) published on fanfiction dot net under the same title; though as I slowly transfer it to here, I am editing and smoothing it. This story takes place in the Elder Scrolls (TES) Universe mostly ending up in Morrowind. This is a slice of life meant to answer the questions of how (in the TES universe) do mages study and learn, and exploring some of the in-game differences between TES 2 and 3. This book has minimal spoilers for the Morrowind main quest and does not fully explore it. If you think that giant insects would make cool pets - if you like the idea of exploring magic NOT intended simply as killing something better, faster or more gore-ridden, then come on in and enjoy.
8 98 - In Serial29 Chapters
Bleeding Out
The Confederate Battle Flag is alive- But it isn't what you might think. Dixie (as he goes by nowadays) has been stuck inside America's head all these years. First a voice of opposition, then blunt annoyance. Then council. He has changed. And America needs him more than ever.*may be offensive. Dixie is a good guy in this. Do not read if this offends you or if you are triggered by violence*
8 116 - In Serial15 Chapters
avniel one shots
I would love to take some random plots from the show n write it on my own..just give a read...
8 173 - In Serial124 Chapters
Love In Hell (D.D.)
Kendall Grimes." Look around us! We're in the middle of the f*cking apocalypse! No one cares that your feelings got hurt!" - Kendall Grimes I don't own TWD or the photos i post. i only own Kendall and her storyline.
8 220 - In Serial17 Chapters
Please...Wake Up
Raph and Leo have had lots of luck in their relationship, but luck runs out eventually. Eventually lies and truths surface after the return from the farm house, what happens to Raph when he finds out. Does Leo even love Raph at all?
8 190

