《❣️ မောင့်ကကြိုးရုပ် ❣️》❣️ 1 ❣️

Advertisement

"ကလင်.." "ကလင်..." "ကလင်.."

အိမ်ရှေ့က...စက်ဘီးဘဲသံလေး...ကြားရပီဆိုတာနဲ့ မေမေ့ဆီကပွစိပွစိ....အော်သံလေးစကြားရသည်။

..."Jimin...." ".. Park Jimin..."

"ဗျာ...."

"ဗျာမနေနဲ့......‌အိမ်ရှေ့မှာJung...တို့ရောက်နေကြပီလေ..မြန်မြန်လုပ်..တစ်နေ့လဲမဟုတ်နေ့တိုင်း...Jungတို့မာ..နင့်ကိုအမြဲစောင့်ခေါ်ရတယ်မြန်မြန်လုပ်...ဒီမာထမင်းဘူးပြင်ပြီးပြီ...ယူသွား..."

လှေကားထစ်တွေကနေJiminတ ဒုန်းဒုန်းပြေးဆင်းလာရင်း...ဘိုသီဘပ်သီရယ်ပါ...

"မေမေကလဲဗျာ.......အမြဲစောင့်ပေး‌တဲ့ Jungနဲ့Taeကတောင်ဘာမှမပြောဘူး...မေမေပဲမနက်တိုင်းပွစိပွစိနဲ့......"

"ငါ့ကိုပွစိပွစိ..ပြန်လုပ်မနေနဲ့....နောက်ကြနေပီမြန်မြန်သွား....."

Jiminလွယ်အိတ်လွယ်ပီးတစ်ဖက်ကထမင်းဘူးကိုင်ရင်းဖိနပ်ကိုကပျာကယာစီးပီးအိမ်ရှေ့ပြေးထွက်သွားသည်......

အသင့်စောင့်နေတဲ့Jungနဲ့TaeကJiminပြောသလိုပဲတစ်ချက်မငြူစူပါဘူး...

"Jimin...ထွက်လာပြီလား...ငါ့စက်ဘီးနောက်ကလိုက်မာလား...Jungနောက်ကလိုက်မာလား.....စက်ဘီးကိုတွန်းသွားမယ်လို‌့တော့မပြောနဲ့နော်...ဒီနေ့နောက်ကျနေပီ.."

"Tae...ရော့မင်းကငါ့လွယ်‌အိတ်လေးတင်နင်းပေးနော်

....ငါJungနောက်ကပဲလိုက်တော့မယ်..."

"အေးပါ...သဘော"

Jungကတော့ခပ်အေးအေးပင်...ကျွန်တော်စက်ဘီးနောက်ခုံမှာထိုင်မိသည်နှင့်..စတင်နင်း‌တော့သည်...ဘာရယ်သိပ်မပြောနေပါ.......

ကျွန်တော်တို့3ယောက်ကငယ်သူငယ်ချင်းတေဖြစ်သည်မူလတန်းထဲကကျောင်းအတူသွားအတူပြန်တစ်ခန်းထဲနေလာတဲ့သူတေပါ...သူများတေBusကားတေနဲ့သွားနေလဲကျွန်တော်တို့ကတော့...စက်ဘီးနဲ့ပဲကွန့်နေတုန်းဖြစ်သည်.....ဒီလိုပဲနေလာတာခုဆိုကျွန်တော်တို့အထက်တန်းနောက်ဆုံးနှစ်တောင်ရောက်ပီ..........

ကျောင်းရောက်သည်နှင့်စာသင်ချိန်တွေတစ်ချိန်ပီးတစ်ချိန်စတင်ကုန်ဆုံးတော့သည်.........Jungကစာကိုအရမ်းအာရုံစိုက်သလိုထူးချွန်ပီးတော်တဲ့ကျောင်းသားတစ်ယောက်ပါ....TaeလဲJungနဲ့သိပ်မကွာလှဘူး....တော်တဲ့သူတေပါပဲ........

"ကလင်,ကလင်,ကလင်,ကလင်,ကလင်"

ထမင်းစားချိန်ဆင်းပီ.........

ကျွန်တော်တို့သုံးယောက်...အတူထမင်းစားနေကြ..သစ်ပင်လေးအောက်ကို..ဝင်ထိုင်လိုက်သည်......ထမင်းဘူးကိုယ်ဆီဖွင့်မိကြသည်နှင့်.........ရှုံ့မဲ့သွားတာကJiminတစ်ယောက်...........

"မေမေကလဲကွာ....အသီးအရွက်တေမစားချင်ပါဘူးဆိုအသီးအရွက်တေချည်းပဲ........"

ဆူလုံးလုံးနှုတ်ခမ်းလေးကသိပ်အူယားစရာကောင်းနေခဲ့တာပါ..............

"..ဒီမာငါ့အိမ်က...အသားတေထည့်ပေးလိုက်တယ်Jiminမင်းကအသားကြိုက်တော့အသားစားပါ.......ငါကအသီးအရွက်ပဲကြိုက်တယ်......."

"တကယ်နော်...Jung.."

ပြုံးစိစိနဲ့ထမင်းဘူးကိုယူပီးအသားတေထည့်နေတဲ့အကောင်ပေါက်လေးသိပ်အူယားစရာကောင်းတာပေါ့ဗျာ.....

Taeကတော့ငြိမ်သက်နေဆဲ.....သို့သော်အကြာကြီးမငြိမ်နေရပါ......

အစပ်ကြောက်တဲ့Taeကို...အစပ်တေဇွတ်ကြွေးပီးစပ်နေတာလေးကိုကြည့်ရီတတ်တဲ့....အကောင်ပေါက်လေးကဉာဏ်များတဲ့ကြွေရုပ်လေးပါပဲ...

.

"...Jimin..ငါအစပ်မစားဘူးလို့........"

"Tae...နဲနဲစားကြည့်သိပ်ကောင်းတယ်.....ယောက်ျားကြီးဖြစ်နေပီးကွာ..အစပ်ကမစားရဲဘူး..."

"င့ါဘာသာ...မကြိုက်လို့မစားတာဘာဖြစ်လဲ....."

မစားဘူးဆိုပီး‌ရန်စောင်နေတဲ့Taeပါးစပ်ထဲကိုအတင်းထည့်ကျွေးနေတဲ့တကယ့်ညစ်တီးညစ်ပတ်လေးရယ်ပါ......

Jiminနဲ့Tae...ဆက်ဆံရေးကအမြဲလိုလို...ရင်းရင်းနှီးနှီးရှိကြသည်...ကျွန်တော်နဲ့ကတော့..အမြဲအေးစက်စက်ပါပဲ...ဒါမဲ့ကျွန်တော်သူ့အပေါ်သွေးအေးနေတာတော့မဟုတ်ဘူးနော်...ထုတ်မပြတတ်သေးတာ...ကံကြမ္မာဇာတ်ဆရာကအထင်လွဲတတ်လွန်းလို့ရှင်းပြထားရတာပါ........

စာသင်‌ချိန်တွေတစ်ချိန်ပီးတစ်ချိန်ကုန်ဆုံးရင်း.......ညနေကျောင်းဆင်းချိန်တောင်ရောက်လာခဲ့ပီလေ......

ကျောင်းဆင်းတော့လဲတစ်‌ရက်မဟုတ်.......တစ်နှစ်မဟုတ်....အတူတူရှိခဲ့ကြတဲ့ဒီလမ်းလေးပေါ်မာ...စက်ဘီးလေးကိုယ်စီနဲ့....သိပ်လှတဲ့ကျွန်တော့်ကကြိုးရုပ်လေးကTaeနဲ့ဖက်ထုပ်အကြောင်းလေးတေငြင်းခုံရင်း....‌‌အနောက်ရပ်ဆီမာနေမင်းကြီးကသိပ်လှတဲ့...ဆည်းဆာချိန်လေးဖန်တီးနေဆဲ...............................

🌼ဖတ်ရတာအဆင်ပြေရဲ့လားမသိဘူး

ခုမှစရေးတာဆိုတော့အဆင်မပြေတာလေးတေရှိရင်ပြောပါနော်...

🌼တကယ်လို့များဒီFicလေးကိုဖတ်ဖြစ်ကြရင်ဝေဖန်ပေးပါအုံးနော်🌼

🏵️နောက်အပိုင်းမာငယ်ဘဝလေးတေ‌ကိုမိတ်ဆက်လိုက်မယ်နော်🏵️

    people are reading<❣️ မောင့်ကကြိုးရုပ် ❣️>
      Close message
      Advertisement
      You may like
      You can access <East Tale> through any of the following apps you have installed
      5800Coins for Signup,580 Coins daily.
      Update the hottest novels in time! Subscribe to push to read! Accurate recommendation from massive library!
      2 Then Click【Add To Home Screen】
      1Click