《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 144
Advertisement
Unicode
မုယန်မုန့်၏ကောင်းချီး
____________
Systemက နဉ်ရှုရဲ့စိတ်တိုနေမှုကို ခံစားမိလိုက်ကာ ဤသို့သာပြောနိုင်တော့၏။
"မင်း အဲ့နေရာကနေ မူလအစဖရိုဖရဲစွမ်းအင်နည်းနည်းစုပ်ယူနိုင်ခဲ့တာမို့ ဘေးဒုက္ခကြားထဲက ကောင်းချီးကိုလက်ခံရတာလို့ ပြောလို့ရတယ်။ အဲ့ဒါတွေက ကမ္ဘာရဲ့တန်ဖိုးအရှိဆုံးဟာတွေပဲ။ မူလအစဖရိုဖရဲစွမ်းအင်က ကမ္ဘာနဲ့လောကတွေအများကြီးကို ဖန်တီးနိုင်တယ်။ ဒါကြောင့်မို့ အခု မင်းဝိဉာဉ်က အရမ်းသန်မာနေပြီ။"
"ဒါပေမယ့် ငါကျတော့ရော? ငါ့စွမ်းအားတွေ အကုန်ပြောင်သွားပြီး ဘာမှမရဘူး။ ငါလေး အရမ်းသနားဖို့ကောင်း~"
2333ရဲ့အသံက ရှိုက်သံတွေပါနေပြီး သူက ငိုတော့မလို နှာတရှုံ့ရှုံ့လုပ်နေ၏။
နဉ်ရှုမှာ ပါးစပ်ဟလိုက်သော်လည်း ဘာပြောရမှန်းမသိချေ။ အဆုံးတွင်တော့ သူမက နှစ်သိမ့်သလိုဆို၏။
"ကိစ္စမရှိဘူး။ နင် စွမ်းအင် ဒါမှမဟုတ် တစ်ခုခုလိုရင် ငါ နင့်ကို ကူရှာပေးမယ်လေ။"
"နဉ်ရှု၊ မင်းက အကောင်းဆုံးပဲ!"
2333က ပျော်ရွှင်စွာပြောလာသည်။
နဉ်ရှု : ...
"ဒီတစ်ခေါက် ငါတို့ အမှတ်ဘယ်လာက်ရလဲကြည့်ရအောင်။"
နဉ်ရှုက အားပျော့စွာဆိုသည်။
"ကောင်းပြီ!"
ထို့နောက် သူမရဲ့အခြေအနေတွေက သူမရှေ့မှာပေါ်လာသည်။
အမည် : နဉ်ရှု
အသက် : 27
အတွေ့အကြုံ : 50000
ဝိဉာဉ် : 200
သပ်တမ်း : 50
ဉာဏ်ပညာ : 80 (+5)
ဆွဲဆောင်မှု : 1 (+2)
ကံကောင်းမှု : 31 (+3)
စိတ်ခွန်အား : 120
သိုင်းပညာ : 10
ပါရမီ : 26
ကောင်းမြတ်သောအောင်မြင်မှု : 2
စွမ်းရည်များ : ငါးကွင်းပစ်စွမ်းရည်၊ အမှိုက်အဆင့်တိုက်ခိုက်ရေးစွမ်းရည်၊ ပြိုင်ဘက်ကင်းသိုင်းပညာ၏အမှိုက်အဆင့်စတင်လေ့ကျင့်သူ
ရရှိခဲ့သောခေါင်းစဉ်များ : စစ်နတ်ဘုရားမ
တာဝန်ပြီးမြောက်နှုန်း : 100%
အရည်အချင်းမှတ်20မှတ်ရရှိ။
ဒီတစ်ခေါက် တကယ်ကြီး အမှတ်ငါးသောင်းရတယ်။ ထင်တဲ့အတိုင်း ချမ်းသာမှုက စွန့်စားမှုကနေလာတာပဲ။ ပြီးတော့ သူမမှာ ဝိဉာဉ်မှတ်60ပဲရှိခဲ့တာ၊ ဒါပေမယ့် အခုတော့ အမှတ်200ဖြစ်သွားပြီ။ သူမ အောင်ပွဲမခံဘဲမနေနိုင်တော့ဘူး။
အဆုံးသတ်ကျတော့လည်း ဝိဉာဉ်က အရာအားလုံးရဲ့ဗဟိုပဲလေ။
2333ကပြောလာသည်။
"ဒါတွေက တာဝန်က ရမှတ်တွေပဲရှိသေးတာ။ မုယန်မုန့်က မင်းကို ကျန်နေသေးတဲ့သူ့ဝိဉာဉ်မပေးရသေးဘူး။"
သူမချမ်းသာတော့မယ်လို့ နဉ်ရှုတွေးလိုက်မိသည်။
မုယန်မုန့်ရဲ့ပုံရိပ်က နယ်မြေထဲမှာ ဖြည်းညင်းစွာပေါ်လာသည်။ မုယန်မုန့်ရဲ့မျက်နှာကိုမြင်လိုက်ရသည်၌ နဉ်ရှုမှာ သည်မျက်နှာကို အချိန်အတော်ကြာသုံးခဲ့ရတာမို့ အင်မတန်ရင်းနှီးနေသည့်ခံစားချက်ကြီးကိုခံစားလိုက်ရလေ၏။
နဉ်ရှုကိုမြင်တဲ့အခါ မုယန်မုန့်ရဲ့မျက်နှာထက်မှာ အပြုံးလေးတစ်ခု ချက်ချင်းဖြစ်တည်လာသည်။ သူမက တင်ပါးတွေကိုလှုပ်ခါကာ ကျက်သရေရှိစွာလျှောက်လှမ်းလာပြီး နဉ်ရှုရဲ့လက်ကို စိတ်လှုပ်ရှားစွာဆုပ်ကိုင်၏။
"ကျေးဇူးတင်ပါတယ် မမ!"
နဉ်ရှုက ယဉ်ယဉ်ကျေးကျေးလေးသာရယ်လိုက်သည်။ မုယန်မုန့်က အဲ့ကမ္ဘာက သူမနေရာကိုယူဖို့ တာဝန်ထမ်းဆောင်သူတစ်ယောက်ကို လှည့်စားဖို့ကြိုးစားနေတာလားဆိုတာ သိချင်နေမိရင်း မုယန်မုန့်ရဲ့မျက်နှာကို သူမ သေချာအကဲခတ်စစ်ဆေးလိုက်သည်။
သို့သော်လည်း မုယန်မုန့်ရဲ့မျက်နှာထက်က ပျော်ရွှင်မှုက အစစ်အမှန်ဖြစ်ပုံရကာ စိတ်ထဲက တကယ်လာပုံပေါ်သည်။ သူမရဲ့မျက်လုံးတွေက ကြည်လင်နေပြီး ကျေးဇူးတင်မှုတွေနဲ့ပြည့်နေသည်။
"မမ တာဝန်ထမ်းဆောင်ဖို့သဘောတူလိုက်တည်းက ယန်မုန့် မမကို ပါဝင်ပတ်သက်စေမိပြီလို့တွေးမိတာကြောင့် ယန်မုန့် နောင်တရနေခဲ့တာ။ ဒါပေမယ့် မထင်ထားဘဲ မမက ယန်မုန့်ကံကြမ္မာကို တကယ်ပြောင်းလဲနိုင်ခဲ့တယ်။ အခု ယန်မုန့်က ပြန်မွေးဖွားမယ့်အစား ပြန်ဝင်စားဖို့သွားရတော့မယ်။ ကျေးဇူးတင်ပါတယ် မမ!"
[T/N : ပြန်မွေးဖွား(reborn)နဲ့ ပြန်ဝင်စား(reincarnate)က မတူပါဘူးနော်။ သိကြမယ်ထင်ပါတယ်။]
နဉ်ရှုက နူးညံ့စွာဆိုသည်။
"ကိစ္စမရှိဘူး၊ ဒါက ပုံမှန်ပါပဲ။ ငါ တာဝန်ကိုလက်ခံလိုက်မှတော့ သေချာပေါက်ပြီးအောင်လုပ်သင့်တာပေါ့။"
မုယန်မုန့်က နဉ်ရှုကို ရုတ်တရက်ဖက်လိုက်ကာ ငိုကြွေးလေတော့၏။ နဉ်ရှုမှာ အံ့အားသင့်သွားရပြီး ဘာလုပ်ရမှန်းမသိတော့ချေ။ ဒီလောက်များတဲ့ စိတ်ရူးပေါက်နေတဲ့ယောက်ျားတွေအများကြီးနဲ့ကြုံခဲ့ရပြီး စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ နာကျင်ခံစားခဲ့ရတာက မုယန်မုန့်အတွက် တကယ်ခက်ခဲခဲ့တာပဲ။
နဉ်ရှုက မုယန်မုန့်ရဲ့ကျောကိုပုတ်ပေးကာဆို၏။
"အခု အဆင်ပြေသွားပြီနော်၊ အားလုံး အဆင်ပြေသွားပါပြီ။ မငိုနဲ့တော့။"
မုယန်မုန့်က နဉ်ရှုကို ဖြည်းညင်းစွာလွှတ်ပေးလိုက်ပြီး မျက်ရည်သုတ်၏။
"ကျေးဇူးတင်ပါတယ်။"
"သဘောတူညီချက်အရ၊ ညီမ မမကို ညီမရဲ့ဝိဉာဉ်စွမ်းအားတွေအားလုံးပေးသင့်ပြီ။"
မုယန်မုန့်က လုံးဝတုန့်ဆိုင်းနေပုံမပေါ်ဘဲ သူမမျက်နှာထက်မှာ စိတ်သက်သာရာရသည့်အမူအရာသာရှိနေ၏။
သူမ ထိုသို့ပြောပြီးသည်နှင့် သူမရဲ့ဝိဉာဉ်က စတင်မှိန်ဖျော့လာသည်။ ခဏလေးအတွင်းမှာပင် သူမရဲ့ဝိဉာဉ်က ဖောက်ထွင်းမြင်ရတော့မတတ်ဖြစ်သွား၏။ မုယန်မုန့်က နဉ်ရှုဘက်ကို အပြုံးလေးဖြင့်လှည့်ကြည့်သည်။
"ညီမ အခု ပြန်ဝင်စားဖို့သွားသင့်ပြီ။ မမ အကောင်းဆုံးတွေရရှိပါစေလို့ ယန်မုန့်ဆုတောင်းပါတယ်။"
မုယန်မုန့်ရဲ့ဝိဉာဉ်က အားမနည်းဘူးကို၊ ပုံမှန်ဆို သူက တာဝန်ထမ်းဆောင်သူဖြစ်လာသင့်တာလေ၊ ဟုတ်တယ်မလား? နဉ်ရှုကမေးသည်။
"နင် ဘာလို့ တာဝန်ထမ်းဆောင်သူမလုပ်တာလဲ? ဒါက နင့်ကို ပြန်ဝင်စားရတဲ့ဒုက္ခတွေကနေ ကင်းလွတ်စေနိုင်တယ်။"
မုယန်မုန့်က ခေါင်းယမ်းသည်။
"ညီမ ဒီလိုဘဝမျိုးနဲ့ မနေချင်ဘူးရယ်၊ ပြီးတော့ ညီမရဲ့အကျင့်စရိုက်က တာဝန်ထမ်းဆောင်သူဖြစ်ဖို့ မသင့်တော်ဘူးလို့လည်း တစ်ခြားလူတွေကပြောတယ်။ ယန်မုန့် ဘဝသစ်တစ်ခုပဲလိုချင်ပါတယ်။"
သူမ ကိစ္စတွေကိုအတွေးလွန်နေခဲ့တာပဲလို့ နဉ်ရှုခံစားလိုက်ရသည်။ မုယန်မုန့်လိုလူမျိုးက အဲ့ကမ္ဘာက သူမနေရာကို တစ်ယောက်ယောက်ယူအောင်ကြိုးစားဖို့ကိုတောင် တွေးမိမှာမဟုတ်ဘူး။ မုယန်မုန့်က ရှားပါးပြီး တကယ်ကြင်နာတတ်တဲ့သူပဲ။
...
Zawgyi
မုယန္မုန႔္၏ေကာင္းခ်ီး
____________
Systemက နဉ္ရႈရဲ့စိတ္တိုေနမႈကို ခံစားမိလိုက္ကာ ဤသို႔သာေျပာႏိုင္ေတာ့၏။
"မင္း အဲ့ေနရာကေန မူလအစဖရိုဖရဲစြမ္းအင္နည္းနည္းစုပ္ယူႏိုင္ခဲ့တာမို႔ ေဘးဒုကၡၾကားထဲက ေကာင္းခ်ီးကိုလက္ခံရတာလို႔ ေျပာလို႔ရတယ္။ အဲ့ဒါေတြက ကမ႓ာရဲ့တန္ဖိုးအရိွဆံုးဟာေတြပဲ။ မူလအစဖရိုဖရဲစြမ္းအင္က ကမ႓ာနဲ႔ေလာကေတြအမ်ားႀကီးကို ဖန္တီးႏိုင္တယ္။ ဒါေၾကာင့္မို႔ အခု မင္းဝိဉာဉ္က အရမ္းသန္မာေနၿပီ။"
Advertisement
"ဒါေပမယ့္ ငါက်ေတာ့ေရာ? ငါ့စြမ္းအားေတြ အကုန္ေျပာင္သြားၿပီး ဘာမွမရဘူး။ ငါေလး အရမ္းသနားဖို႔ေကာင္း~"
2333ရဲ့အသံက ရိႈက္သံေတြပါေနၿပီး သူက ငိုေတာ့မလို ႏွာတရႈံ႔ရႈံ႔လုပ္ေန၏။
နဉ္ရႈမွာ ပါးစပ္ဟလိုက္ေသာ္လည္း ဘာေျပာရမွန္းမသိေခ်။ အဆံုးတြင္ေတာ့ သူမက ႏွစ္သိမ့္သလိုဆို၏။
"ကိစၥမရိွဘူး။ နင္ စြမ္းအင္ ဒါမွမဟုတ္ တစ္ခုခုလိုရင္ ငါ နင့္ကို ကူရွာေပးမယ္ေလ။"
"နဉ္ရႈ၊ မင္းက အေကာင္းဆံုးပဲ!"
2333က ေပ်ာ္ရႊင္စြာေျပာလာသည္။
နဉ္ရႈ : ...
"ဒီတစ္ေခါက္ ငါတို႔ အမွတ္ဘယ္လာက္ရလဲၾကၫ့္ရေအာင္။"
နဉ္ရႈက အားေပ်ာ့စြာဆိုသည္။
"ေကာင္းၿပီ!"
ထို႔ေနာက္ သူမရဲ့အေျခအေနေတြက သူမေရ႔ွမွာေပၚလာသည္။
အမည္ : နဉ္ရႈ
အသက္ : 27
အေတြ့အႀကံဳ : 50000
ဝိဉာဉ္ : 200
သပ္တမ္း : 50
ဉာဏ္ပညာ : 80 (+5)
ဆြဲေဆာင္မႈ : 1 (+2)
ကံေကာင္းမႈ : 31 (+3)
စိတ္ခြန္အား : 120
သိုင္းပညာ : 10
ပါရမီ : 26
ေကာင္းျမတ္ေသာေအာင္ျမင္မႈ : 2
စြမ္းရည္မ်ား : ငါးကြင္းပစ္စြမ္းရည္၊ အမိႈက္အဆင့္တိုက္ခိုက္ေရးစြမ္းရည္၊ ၿပိဳင္ဘက္ကင္းသိုင္းပညာ၏အမိႈက္အဆင့္စတင္ေလ့က်င့္သူ
ရရိွခဲ့ေသာေခါင္းစဉ္မ်ား : စစ္နတ္ဘုရားမ
တာဝန္ၿပီးေျမာက္ႏႈန္း : 100%
အရည္အခ်င္းမွတ္20မွတ္ရရိွ။
ဒီတစ္ေခါက္ တကယ္ႀကီး အမွတ္ငါးေသာင္းရတယ္။ ထင္တဲ့အတိုင္း ခ်မ္းသာမႈက စြန႔္စားမႈကေနလာတာပဲ။ ၿပီးေတာ့ သူမမွာ ဝိဉာဉ္မွတ္60ပဲရိွခဲ့တာ၊ ဒါေပမယ့္ အခုေတာ့ အမွတ္200ျဖစ္သြားၿပီ။ သူမ ေအာင္ပြဲမခံဘဲမေနႏိုင္ေတာ့ဘူး။
အဆံုးသတ္က်ေတာ့လည္း ဝိဉာဉ္က အရာအားလံုးရဲ့ဗဟိုပဲေလ။
2333ကေျပာလာသည္။
"ဒါေတြက တာဝန္က ရမွတ္ေတြပဲရိွေသးတာ။ မုယန္မုန႔္က မင္းကို က်န္ေနေသးတဲ့သူ႔ဝိဉာဉ္မေပးရေသးဘူး။"
သူမခ်မ္းသာေတာ့မယ္လို႔ နဉ္ရႈေတြးလိုက္မိသည္။
မုယန္မုန႔္ရဲ့ပံုရိပ္က နယ္ေျမထဲမွာ ျဖည္းညင္းစြာေပၚလာသည္။ မုယန္မုန႔္ရဲ့မ်က္ႏွာကိုျမင္လိုက္ရသည္၌ နဉ္ရႈမွာ သည္မ်က္ႏွာကို အခ်ိန္အေတာ္ၾကာသံုးခဲ့ရတာမို႔ အင္မတန္ရင္းႏွီးေနသၫ့္ခံစားခ်က္ႀကီးကိုခံစားလိုက္ရေလ၏။
နဉ္ရႈကိုျမင္တဲ့အခါ မုယန္မုန႔္ရဲ့မ်က္ႏွာထက္မွာ အၿပံဳးေလးတစ္ခု ခ်က္ခ်င္းျဖစ္တည္လာသည္။ သူမက တင္ပါးေတြကိုလႈပ္ခါကာ က်က္သေရရိွစြာေလ်ွာက္လွမ္းလာၿပီး နဉ္ရႈရဲ့လက္ကို စိတ္လႈပ္ရွားစြာဆုပ္ကိုင္၏။
"ေက်းဇူးတင္ပါတယ္ မမ!"
နဉ္ရႈက ယဉ္ယဉ္ေက်းေက်းေလးသာရယ္လိုက္သည္။ မုယန္မုန႔္က အဲ့ကမ႓ာက သူမေနရာကိုယူဖို႔ တာဝန္ထမ္းေဆာင္သူတစ္ေယာက္ကို လွၫ့္စားဖို႔ႀကိဳးစားေနတာလားဆိုတာ သိခ်င္ေနမိရင္း မုယန္မုန႔္ရဲ့မ်က္ႏွာကို သူမ ေသခ်ာအကဲခတ္စစ္ေဆးလိုက္သည္။
သို႔ေသာ္လည္း မုယန္မုန႔္ရဲ့မ်က္ႏွာထက္က ေပ်ာ္ရႊင္မႈက အစစ္အမွန္ျဖစ္ပံုရကာ စိတ္ထဲက တကယ္လာပံုေပၚသည္။ သူမရဲ့မ်က္လံုးေတြက ၾကည္လင္ေနၿပီး ေက်းဇူးတင္မႈေတြနဲ႔ျပၫ့္ေနသည္။
"မမ တာဝန္ထမ္းေဆာင္ဖို႔သေဘာတူလိုက္တည္းက ယန္မုန႔္ မမကို ပါဝင္ပတ္သက္ေစမိၿပီလို႔ေတြးမိတာေၾကာင့္ ယန္မုန႔္ ေနာင္တရေနခဲ့တာ။ ဒါေပမယ့္ မထင္ထားဘဲ မမက ယန္မုန႔္ကံၾကမၼာကို တကယ္ေျပာင္းလဲႏိုင္ခဲ့တယ္။ အခု ယန္မုန႔္က ျပန္ေမြးဖြားမယ့္အစား ျပန္ဝင္စားဖို႔သြားရေတာ့မယ္။ ေက်းဇူးတင္ပါတယ္ မမ!"
[T/N : ျပန္ေမြးဖြား(reborn)နဲ႔ ျပန္ဝင္စား(reincarnate)က မတူပါဘူးေနာ္။ သိၾကမယ္ထင္ပါတယ္။]
နဉ္ရႈက ႏူးညံ့စြာဆိုသည္။
"ကိစၥမရိွဘူး၊ ဒါက ပံုမွန္ပါပဲ။ ငါ တာဝန္ကိုလက္ခံလိုက္မွေတာ့ ေသခ်ာေပါက္ၿပီးေအာင္လုပ္သင့္တာေပါ့။"
မုယန္မုန႔္က နဉ္ရႈကို ရုတ္တရက္ဖက္လိုက္ကာ ငိုေႂကြးေလေတာ့၏။ နဉ္ရႈမွာ အံ့အားသင့္သြားရၿပီး ဘာလုပ္ရမွန္းမသိေတာ့ေခ်။ ဒီေလာက္မ်ားတဲ့ စိတ္ရူးေပါက္ေနတဲ့ေယာက္်ားေတြအမ်ားႀကီးနဲ႔ႀကံဳခဲ့ရၿပီး စိတ္ပိုင္းဆိုင္ရာေရာ၊ ရုပ္ပိုင္းဆိုင္ရာပါ နာက်င္ခံစားခဲ့ရတာက မုယန္မုန႔္အတြက္ တကယ္ခက္ခဲခဲ့တာပဲ။
နဉ္ရႈက မုယန္မုန႔္ရဲ့ေက်ာကိုပုတ္ေပးကာဆို၏။
"အခု အဆင္ေျပသြားၿပီေနာ္၊ အားလံုး အဆင္ေျပသြားပါၿပီ။ မငိုနဲ႔ေတာ့။"
မုယန္မုန႔္က နဉ္ရႈကို ျဖည္းညင္းစြာလႊတ္ေပးလိုက္ၿပီး မ်က္ရည္သုတ္၏။
"ေက်းဇူးတင္ပါတယ္။"
"သေဘာတူညီခ်က္အရ၊ ညီမ မမကို ညီမရဲ့ဝိဉာဉ္စြမ္းအားေတြအားလံုးေပးသင့္ၿပီ။"
မုယန္မုန႔္က လံုးဝတုန႔္ဆိုင္းေနပံုမေပၚဘဲ သူမမ်က္ႏွာထက္မွာ စိတ္သက္သာရာရသၫ့္အမူအရာသာရိွေန၏။
သူမ ထိုသို႔ေျပာၿပီးသည္ႏွင့္ သူမရဲ့ဝိဉာဉ္က စတင္မိွန္ေဖ်ာ့လာသည္။ ခဏေလးအတြင္းမွာပင္ သူမရဲ့ဝိဉာဉ္က ေဖာက္ထြင္းျမင္ရေတာ့မတတ္ျဖစ္သြား၏။ မုယန္မုန႔္က နဉ္ရႈဘက္ကို အၿပံဳးေလးျဖင့္လွၫ့္ၾကၫ့္သည္။
"ညီမ အခု ျပန္ဝင္စားဖို႔သြားသင့္ၿပီ။ မမ အေကာင္းဆံုးေတြရရိွပါေစလို႔ ယန္မုန႔္ဆုေတာင္းပါတယ္။"
မုယန္မုန႔္ရဲ့ဝိဉာဉ္က အားမနည္းဘူးကို၊ ပံုမွန္ဆို သူက တာဝန္ထမ္းေဆာင္သူျဖစ္လာသင့္တာေလ၊ ဟုတ္တယ္မလား? နဉ္ရႈကေမးသည္။
"နင္ ဘာလို႔ တာဝန္ထမ္းေဆာင္သူမလုပ္တာလဲ? ဒါက နင့္ကို ျပန္ဝင္စားရတဲ့ဒုကၡေတြကေန ကင္းလြတ္ေစႏိုင္တယ္။"
မုယန္မုန႔္က ေခါင္းယမ္းသည္။
"ညီမ ဒီလိုဘဝမ်ိဳးနဲ႔ မေနခ်င္ဘူးရယ္၊ ၿပီးေတာ့ ညီမရဲ့အက်င့္စရိုက္က တာဝန္ထမ္းေဆာင္သူျဖစ္ဖို႔ မသင့္ေတာ္ဘူးလို႔လည္း တစ္ျခားလူေတြကေျပာတယ္။ ယန္မုန႔္ ဘဝသစ္တစ္ခုပဲလိုခ်င္ပါတယ္။"
သူမ ကိစၥေတြကိုအေတြးလြန္ေနခဲ့တာပဲလို႔ နဉ္ရႈခံစားလိုက္ရသည္။ မုယန္မုန႔္လိုလူမ်ိဳးက အဲ့ကမ႓ာက သူမေနရာကို တစ္ေယာက္ေယာက္ယူေအာင္ႀကိဳးစားဖို႔ကိုေတာင္ ေတြးမိမွာမဟုတ္ဘူး။ မုယန္မုန႔္က ရွားပါးၿပီး တကယ္ၾကင္နာတတ္တဲ့သူပဲ။
...
Advertisement
- In Serial57 Chapters
The Necromancer in Magic School
"Magic cannot create life." This is one of the most basic tenets of magic. And yet, when Professor Adelyn Mackenzie investigates rumours of a talented prospective student in a small village in the middle of nowhere, she finds that he has managed to create the world's first living homunculus. "Magic is miracle given form." That is what Cadmus Guiles' sister always said. So, when she died, it was only natural for Cadmus to believe that he could bring her back to life through magic. Now, offered the resources he needs to pursue this path of research, Cadmus gladly accepts to go to the most distinguished school of magic on the continent: The Laurucian Academy of Magic. However, the Academy is a place of intense competition, and only those who rise to the top may recieve the services and resources that the Academy has to offer. Cadmus believes that he can easily defeat his peers due to him already having broken one of magic's most basic tenets, but it's time for him to learn that talent comes in many different forms...
8 212 - In Serial15 Chapters
Disciple.
I was there before Death was born. I was there when the Sea of Chaos formed. I was there when the first universe was born. I was there when life appeared for the first time. I was there at the dawn of time, and will be there for its twilight. Long story short I am old and powerful. I would be called an Eldritch Abomination by many among you. This however is not my story. This is the story of my favourite human, a man who managed to surpass my expectations until the day of his death. A man to whom I personally taught the deepest secrets of Creation. The story of my Disciple, born to a world within the Fayd. A man who was called many names. Godkiller, Guardian of the Gates of Death, My Left Hand, Destroyer, The End by his enemies. That Crazy Dude by his allies. I call him Sam-Sam, mainly to annoy him. But primarily, this is a story of a man doing his life right. With all my wisdom I can’t think of him living a better life than he did, given his circumstances. So gather round, for the story of my dear friend. Not a litrpg.
8 207 - In Serial6 Chapters
CHAOS: The Youth and The World of Wonders.
What had been forgotten, wasn't worth the memory. The youth woke up with no memories of his past. He didn't know his own name or his own origin, but he knew he wasn't alone, at least in this body. There was another one, and both of them didn't know much about each other. They had a conversation, but their conversation ended with a darkening world. The youth woke again, inside a chamber made of rocks. Two kids around- a twin of girl and a boy- told him that he fell from the upper world into the deepest place, where the sun could never reach and a single-season took all of the year. The youth didn't wait long until he voiced his desire of returning to the upper world, but for some reason, the humans here would prevent him and chase him away... and the little girl who only glared at him eventually told him that someone inside her was saying that youth was the worst being he had ever seen. Not to cause trouble to anyone, the youth decided to go away... but he didn't know that wherever he went trouble would always await.
8 219 - In Serial7 Chapters
Supers Arena Solo
~~~Readers interact with the chapters to co-create a story in which a human is given succeedingly greater degrees of super powers depending on his ability to survive succeeding rounds of super gladiatorial combat.
8 80 - In Serial13 Chapters
探し出す | t. inumaki
『toge inumaki x reader』探し出す /sagashidasu/: find out or discover - nothing can stop someone curious from discovering someone else. {manga spoilers, so anime watchers only, beware}[started : december 31, 2020 | ended : ~]
8 173 - In Serial26 Chapters
Legends meet the 100
DC's Legends of Tomorrow accidentally end up on Earth 100 (which is where the events of the 100 take place) right before S3 E07 and without the whole Alie problem going on. The legends are the group at the end of season 5 plus Charlie and without Mick's daughter (Zari, Nate, Charlie, Behrad, Constantine, Ava, Mick, Sara, Astra).This crossover wasn't originally my idea, but I'll try to stay true to most events and characters.
8 176

