《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 143
Advertisement
Unicode
ငါလည်းအသစ်ပဲလေ
____________
"မမလေး၊ မမလေး!"
ယွဲ့လန်က မုယန်မုန့်ရဲ့ပခုံးတွေကို အထိတ်ထိတ်အပျာပျာဖြင့်လှုပ်ခါလိုက်သည်။
"ဆရာတူအစ်မ၊ ဆရာတူအစ်မ..."
ကောင်ပေါက်စလေးရွှီယွီက မယုံကြည်နိုင်တဲ့အမူအရာနဲ့ သူမသွေးကြောကိုစမ်းကြည့်ဖို့ပြေးလာ၏။
"ဆရာတူအစ်မ၊ အစ်မ ဘယ်လိုလုပ်ပြီး ဒီလိုသေသွားနိုင်ရတာလဲ?"
ဝဲကတော့တစ်ခုက လေထဲမှာဖြစ်ပေါ်လာကာ နဉ်ရှုရဲ့ဝိဉာဉ်ကိုစုပ်ယူသွားသည်။ သူမရဲ့ဝိဉာဉ်က စုတ်ဖြဲခံနေရသလိုခံစားလိုက်ရပြီး သူမ သတိမေ့သွားတော့သည်။
သူမ သတိပြန်ရလာချိန်မှာတော့ systemနယ်မြေနဲ့ အရမ်းကိုတူတဲ့ မြူတွေဆိုင်းနေသည့်နေရာတစ်ခုမှာရောက်နေတာကို တွေ့လိုက်ရ၏။ systemနယ်မြေကိုပြန်ရောက်လာတာဖြစ်ရမယ်လို့တွေးလိုက်မိတာကြောင့် သူမက အားပျော့စွာအော်သည်။
"System 2333-sama၊ နင်ရှိလား?"
2333က သူမကို တုန့်ပြန်လာခြင်းမရှိပေ။ ပတ်ဝန်းကျင်ကလည်း ဘာသံမှမကြားရဘဲ ခြောက်ကပ်တိတ်ဆိတ်နေ၏။ နဉ်ရှုဆစ်ယောက် မကောင်းတဲ့ခံစားချက်ကြီးရလာတော့သည်။ systemက ဘာလို့ ဒီမှာမရှိတာတုန်း? သူမ ဘယ်ရောက်နေတာလဲ?
"ဟေး၊ ဟေ့! System..."
နဉ်ရှုက အော်သည်။ သို့သော်လည်း ပတ်ဝန်းကျင်က တိတ်ဆိတ်နေဆဲဖြစ်ကာ သူမအသံက မြူဆိုင်းနေတဲ့ဒီနေရာမှာ ပဲ့တင်ထပ်နေ၏။
ဘာဖြစ်နေတာတုန်းဟ? သူမ နည်းနည်းတော့ကြောက်စပြုလာသည်။
ဒီနေရာက systemနယ်မြေမဟုတ်ဘူး၊ ဒါပေမယ့် systemနယ်မြေမဟုတ်ရင် ဒီနေရာက ဘာတုန်း? လက်ရှိအချိန်၌ သူမသည် ဝိဉာဉ်သာဖြစ်သော်ငြား အန္တရာယ်တစ်ခုချဉ်းကပ်လာနေသည်ကို ခံစားနေရပြီး သူမရဲ့ဆံပင်တွေက အဆုံးထိထောင်ထသွားရသည်။
သူမက သူမရဲ့မှိန်ဖျော့နေတဲ့ဝိဉာဉ်ကိုငုံ့ကြည့်လိုက်ပြီး systemနဲ့ဆက်သွယ်ဖို့ ဘာနည်းလမ်းမှမရှိတာကြောင့် အင်မတန်စိုးရိမ်လာ၏။
သို့သော်လည်း သူမက သူမကိုယ်သူမ တည်ငြိမ်နေဖို့ ဖိအားပေးလိုက်သည်။ ပုံမှန်ဆိုရင်တော့ ကောင်းချီးပေးမှုက ကံဆိုးမှုမဟုတ်ဘဲ ကံဆိုးမှုကလည်း မင်းရှောင်ရှားနိုင်တဲ့အရာမဟုတ်ဘူး။ သူမက ကြမ်းပေါ်မှာထိုင်ချလိုက်ကာ ဒီနယ်မြေထဲကအရာတွေက systemနယ်မြေထဲကဟာတွေလို အလုပ်လုပ်မလားဆိုတာ မသိတာတောင်မှ သူမရဲ့ဝိဉာဉ်သန်မာလာစေဖို့အတွက် systemနယ်မြေမှာလုပ်နေကျအတိုင်း အဲ့အရာတွေကို စုပ်ယူဖို့ကြိုးစားလိုက်သည်။
တကယ်တမ်းကျ ဒီနေရာအရာတွေက systemနယ်မြေထဲကအရာတွေထက်တောင် ပိုကောင်းနေသေးတာမို့ သူမကို အတော်လေးအံ့ဩသွားစေသည်။ အဲ့အရာတွေ သူမရဲ့ဝိဉာဉ်ထဲဝင်သွားတဲ့အခါ သူမ ချက်ချင်းပင်လန်းဆန်းလာရသည်မို့ သူမက အဲ့အရာတွေကို မြန်နိုင်သမျှမြန်မြန်စုပ်ယူတော့၏။ သူမမှာသာ ဝိဉာဉ်ကိုပိုသန်မာစေနိုင်တဲ့နည်းလမ်းတွေနဲ့ လျှို့ဝှက်အညွှန်းစာအုပ်ရှိရင် သူမ ဒါတွေကို ပိုမြန်အောင်စုပ်ယူနိုင်လောက်တယ်။
နဉ်ရှုက မျက်လုံးတွေမှိတ်ကာ ဒီအရာတွေကိုစုပ်ယူတဲ့ဆီမှာပဲ အာရုံစူးစိုက်ထား၏။ အချိန်တချို့ကုန်လွန်သွားပြီးနောက်တွင် 2333ရဲ့အသံက နဉ်ရှုစိတ်ထဲ ရုတ်တရက်ပေါ်လာသည်။
"နဉ်ရှု၊ မင်း ငါ့အသံကိုကြားရလား?"
"ငါ ကြားရတယ်။"
နဉ်ရှုက အလောတကြီးပြန်ဖြေသည်။ 2333ရဲ့အသံက မကောင်းတာတစ်ခုခုဖြစ်နေသည့်အလား တိုးတစ်ခါကျယ်တစ်လှည့်ဖြစ်နေသည်။
"ကောင်းတယ်၊ ငါ မင်းကို အခု ပြန်ပို့ပေးမယ်။"
2333ရဲ့အသံက အတားအဆီးတစ်ခုရှိနေသည့်နှယ့် လျှပ်စီးသံ 'ဂျိဂျိဂျိ'နဲ့မြည်နေသည်။
နဉ်ရှုတစ်ယောက် မတုန့်ပြန်နိုင်သေးခင်မှာပင် သူမရဲ့အသိစိတ်က ဖမ်းဆုပ်ခံလိုက်ရသလိုခံစားလိုက်ရကာ သတိမေ့သွားတော့သည်။
'အားနည်းလိုက်တာ၊ အား'ဆိုတာက နဉ်ရှုရဲ့ နောက်ဆုံးအတွေးပင်။
သူမ သတိပြန်ရလာချိန်မှာတော့ systemနယ်မြေကိုပြန်ရောက်နေပေပြီ။ systemနယ်မြေက လုံခြုံမှုကို ပိုခံစားရစေ၏။
"System 2333-sama၊ အခု ဘာဖြစ်သွားတာလဲ? အဲ့နေရာက ဘာနေရာကြီးလဲ?"
နဉ်ရှုကမေးသည်။
ပြန်ဖြေလာသည့်2333ရဲ့အသံက အတော်လေးပင်ပန်းနေပုံပေါ်သည်။
"လောလောဆယ်တော့ မင်း အဲ့အရာတွေအကြောင်း သိခွင့်မရှိသေးဘူး။ လွယ်လွယ်ပြောရရင်တော့ မင်းက ဇာတ်ကြောင်းကိုဖျက်ဆီးလိုက်တာမို့ ကမ္ဘာ့စည်းမျဉ်းက မင်းကို ဗိုင်းရပ်စ်လို့သတ်မှတ်လိုက်ပြီး ပြန်မွေးဖွားလာစေဖို့ ဆုံးဖြတ်လိုက်တာ။ အဲ့ဒါက ဇာတ်ကြောင်းကိုပြန်စဖို့အတွက် ဇာတ်လမ်းအစကို ပြန်သွားဖို့လုပ်နေတာ။"
နဉ်ရှုရဲ့ဆံပင်တွေက အဆုံးထိထောင်ထသွားရသည်။
"ဆိုတော့ နင်သာငါ့ကိုပြန်မပို့ခဲ့ဘူးဆိုရင် ငါက မုယန်မုန့်လိုပဲ မရပ်မနားပြန်မွေးဖွားနေရတာနဲ့အဆုံးသတ်သွားမှာပေါ့?"
သူမရဲ့ဝိဉာဉ် စုတ်ပြတ်သတ်သွားပြီး လောကကြီးကနေ နဉ်ရှုလို့ခေါ်တဲ့လူ ပျောက်ကွယ်သွားတဲ့အချိန်အထိ သူမက မုယန်မုန့်နေရာကနေပြီး အဲ့ဇာတ်ကြောင်းကိုဖြတ်သန်းရမှာပေါ့လေ?
လီး၊ ဘာလို့မှန်းမသိပေမယ့် သူမ မုယန်မုန့်လှည့်စားတာခံလိုက်ရသလို ခံစားလိုက်ရတယ်။ တကယ်တမ်းကျ၊ မုယန်မုန့်က အစားထိုးလူတစ်ယောက်လိုက်ရှာနေခဲ့တာပဲ။
"ဟုတ်တယ်၊ မင်းက ဇာတ်ကြောင်းကိုလိုက်နာဖို့ ကမ္ဘာ့စည်းမျဉ်းက ဖိအားပေးတာခံရလိမ့်မယ်။"
ထို့နောက် 2333က အင်မတန်စိတ်ညစ်နေသည့်လေသံဖြင့်ပြောလာသည်။
"မင်းကိုကယ်ဖို့ ငါ့စွမ်းအားတွေအကုန်သုံးခဲ့ရတာ။ ငါ ပြန်ဆင့်ခေါ်တာခံရတော့မလို့။ ဘုရားရေ၊ ဒါ ငါ့ကို တကယ်လန့်သွားစေတယ်။"
လီးလား? ငါကမှ လန့်သွားတဲ့လူပါနော်! နဉ်ရှုမှာ ယခုအချိန်ထိ လန့်နေဆဲဖြစ်၏။
"ဒီတာဝန်က အဲ့လောက်တောင်အန္တရာယ်များတာကို နင် ဘာလို့ ငါ့ကိုယူခွင့်ပြုလိုက်တာတုန်း?"
နဉ်ရှုကမေးသည်။
"ဒီတာဝန်က အရမ်းအန္တရာယ်များတယ်ဆိုတာ ငါ တကယ်မသိဘူး။ အဆုံးကျတော့ ငါကလည်း အသစ်လေးပဲလေ။ နောက်ပိုင်းကျရင် ငါ အကောင်းဆုံးလေ့လာပြီး အရည်အချင်းပြည့်မှီတဲ့system-samaဖြစ်လာစေရပါ့မယ်။"
2333ကကျိန်ဆိုသည်။
နဉ်ရှု : ...
...
Zawgyi
ငါလည်းအသစ်ပဲလေ
____________
"မမလေး၊ မမလေး!"
"ဆရာတူအစ်မ၊ ဆရာတူအစ်မ..."
Advertisement
"ဟေး၊ ဟေ့! System..."
"ငါ ကြားရတယ်။"
နဉ်ရှုကမေးသည်။
နဉ်ရှုကမေးသည်။
2333ကကျိန်ဆိုသည်။
နဉ်ရှု : ...
...
Advertisement
- In Serial64 Chapters
Twenty Minutes Into The Future (DROPPED)
The year is 2095. Mankind survives in vast megastructures, fighting a war that cannot be won, with machines they do not understand. In this world, this future, a young man is striving to make sense of it all. Where did it all begin? Where will his choices take him? Updates once a week, Saturday, the chapter being in the excess of 1800 words. Cover by Hridiv
8 97 - In Serial18 Chapters
A Colonist's Woes - Warhammer Fantasy
The Hanoschafts, a family of Imperial loyalists residing within Marienburg city, decides to move away and start a new life. Following the rumours of bountiful wealth from a distant land, the family decides to move into the fabled continent, called Lustria and fortunately Emperor Karl Franz has decided to send an expedition to it. A vast fleet gathered within the river Reik, and the pair decided to volunteer as the very first Imperial sanctioned colonists. The continent full of gold and opportunities but peril and danger lurks in every corner. Sadist elves, ratmen, lizardmen and vampires stand between them and the colonist’s goal to fulfil the Emperor’s mandate. Will they succeed or will they die trying?
8 299 - In Serial21 Chapters
The Top Six
Strike me in anger, Scream at me in hate, I will take it because that is my fate. For I was born in coldness and in warmth, born to a family from the North, I was born into a family just as they appear, then I became the one to fear, I was born in a place that was torn, born into a family filled with scorn, I was born to a family forever gone, born to be nothing more than a pawn, I was born to be sold, born so my family could get more gold, I was born to a world that has no strife, yet born to never have a life. So how do I tell you of the things that I know? How do I make you see? That you and I are not so different from each other, The only difference is that you are you and I am… Hi everyone, this is my first time writing a novel, so let me know what you think. I'd appreciate all your feedback on how to make this work better. Also, the chapters I will be posting will be first drafts, so semi-rough editing and proofing. I will usually post on weekends (Saturday and/orSunday), but sometimes I will post during the week.
8 90 - In Serial24 Chapters
I'm The Protagonist Now
What if you were the Protagonist in your own story? Would you be worthy? When escapism becomes reality. **DISCLAIMER** Updates will be slow and or inconsistent. Any and all feedback is welcomed.
8 181 - In Serial9 Chapters
The Glue That Held Us Together
A modern family consisting of a mother, father, and three boys lived the average life of any family in the rural state of Ohio. Everyone was happy, the children Levi, Dante, and Genesis, were focusing on their future and school. The parents, Skye and Demetrius had a few years of work in them before they could finally retire. Things were looking up for all of them until suddenly, after a 3 day prayer retreat, Skye went missing. Filled with sadness and dread the family must now deal with the lost of a loved one as they keep moving towards their goals, but one question still remains, where did Skye go?
8 151 - In Serial127 Chapters
BIG HIT GIRLS | ROSE QUARTZ
➡BIG HIT's GIRLS | ROSE QUARTZ"2, 3! BE AS ONE! HELLO, WE'RE ROSE QUARTZ"
8 126