《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 142
Advertisement
Unicode
လှပသောထွက်ခွာခြင်း
_______________
ချီရှန်းက ယပ်တောင်ကိုကိုင်ကာ အပြုံးနုနုဖြင့်ဝင်လာ၏။ မုယန်မုန့်ကိုမြင်ချိန်၌ ထူးဆန်းလှသောစွဲလန်းနေဟန်ခံစားချက်တို့က သူ့မျက်ဝန်းတွေထဲဖြတ်ပြေးသွားကာ သူက သက်ပြင်းချသည်။
"ထင်တဲ့အတိုင်း မင်းက မုယန်မုန့်ပဲ၊ ဒါပေမယ့် မင်းက ငါ့ကိုလိမ်နေပြီး မဟုတ်ဘူးပဲပြောတယ်။"
ချီရှန်းရဲ့အပြုံးက ပျောက်ကွယ်မသွားပါချေ။
"ဒါပေမယ့် အခုသိတာကလည်း အရမ်းကြီးနောက်မကျသေးပါဘူး။"
နဉ်ရှုက ခေါင်းမော့ကာ ကောင်းကင်ကိုကြည့်လိုက်ပြီး သက်ပြင်းချသည်။ ဘူးညီနောင်ခုနစ်ဖော် စုစည်းသွားခဲ့ပြီ။ နောက်ဇာတ်ကွက်က ဒီမကောင်းဆိုးဝါးဝိဉာဉ် သူမကို အနိုင်ယူကြမယ့်ဇာတ်ကွက်လား?
အပြင်ကနေ ရှုပ်ရှုပ်ယှက်ယှက်ခြေသံတွေထပ်ထွက်လာပြန်၏။ သိုင်းလောက,ကလူအုပ်ကြီးတစ်အုပ်က ခြံဝင်းထဲဝင်လာသည်။ ရန်နန်ကျူးကိုမြင်သည့်အခါ သူတို့ကအော်သည်။
"ခေါင်းဆောင်၊ ခေါင်းဆောင် အသက်ရှင်နေသေးတာပဲ! ကောင်းလိုက်တာ၊ ခေါင်းဆောင် တစ်ခုခုဖြစ်သွားပြီလို့ ကျုပ်တို့ထင်နေတာ!"
နဉ်ရှုမှာ လူတွေအုံတိုးနေတဲ့ခြံဝင်းကို ဝေ့ဝဲကြည့်လိုက်မိပြီး သူမတော့ တစ်လောကလုံးနဲ့ ရန်သူလုပ်မိပြီလို့ ရုတ်တရက်ခံစားသွားရရှာ၏။
တစ်ခါက မုယန်မုန့်ကို အရိုးထဲစွဲနေအောင်ချစ်ကြတဲ့အမျိုးသားဇာတ်လိုက်တွေက ယခုတော့ဖြင့် သူမကို တစ်စစီစုတ်ဖြဲပစ်ချင်နေသည်အထိ အင်မတန်မုန်းတီးနေကြသည်။
စစ်ထူချင်းယွီ : "ငါ သူ့ကို သေတဲ့အထိ နှိပ်စက်မယ်။"
လော်ကျွင့်ယန် : "ငါ သူ့ကိုသတ်မယ်။"
ချီရှန်း : "ငါ့ကြာပွတ်အောက်မှာ အညံ့ခံလိုက်တော့။"
ဝမ်ရူဟွား : "ငါ သူ့ကိုအဓမ္မကျင့်ပြီးသတ်ပစ်မယ်။"
နတ်ဆေးသမားတော် : "သူက ငါ့တပည့်လေ၊ မသေလို့ရမလား?"
ကုန်းဝူမေ့ : "ငါ့ကို ဖြေဆေးပေး၊ ငါ မင်းအလောင်းကို အကောင်းအတိုင်းထားပေးမယ်။"
ရန်နန်ကျုး : "နတ်ဆိုးဂိုဏ်းရဲ့ဆက်ခံခွင့်တံဆိပ်ပြားကိုထုတ်ပေး၊ ငါ မင်းအသက်ကိုချမ်းသာပေးမယ်။"
ပြီးတော့ အော်ဟစ်နေကြတဲ့သိုင်းပညာရှင်အုပ်စုကြီး။
"ခေါင်းဆောင်၊ ဘာပဲဖြစ်ဖြစ် ခေါင်းဆောင် အဲ့စုန်းမရဲ့ပြုစားမှုမှာ ကျရှုံးသွားလို့မရဘူးနော်။ ဒီစုန်းမက သူ့အပြစ်တွေအတွက် အကြိမ်တစ်ထောင်သေသင့်တယ်။"
နဉ်ရှု : ငါလေး အရမ်းတွေကြောက်နေပါပြီနော် →_→
အခု ဘာလုပ်ရမလဲ?
"မမလေး၊ ကျွန်မတို့ မမလေးကိုကယ်ဖို့လာပြီ။"
ယွဲ့လန်က တစ်ကိုယ်လုံးအနက်ရောင်သာဆင်မြန်းထားဆဲဖြစ်သည့် လေးထောင့်မျက်နှာပိုင်ရှင် သက်တော်စောင့်အစ်ကိုကြီးနဲ့အတူ ခြံဝင်းထဲပြေးဝင်လာ၏။
ယွဲ့လန်က နဉ်ရှုရဲ့ရှေ့မှာရပ်ကာ သူမကိုဒိုင်းလိုကာလိုက်ပြီး အော်သည်။
"ရှင်တို့တွေ မမလေးကို ထိခိုက်အောင်လုပ်ဖို့မကြိုးစားနဲ့။"
လျှို့ဝှက်သက်တော်စောင့်က ဘေးဘီကိုဝေ့ကြည့်ကာ နဉ်ရှုကိုပြောလာသည်။
"ကျုပ် ဒီလူတွေကို မနိုင်ဘူး။"
နဉ်ရှု : ...
ဒီမှာရှိနေတဲ့ အမျိုးသားဇာတ်လိုက်အများစုက သိုင်းပညာအရမ်းတော်တယ်။ သက်တော်စောင့်အတွက် တစ်ယောက်လောက်ကိုတားဖို့တောင် ခက်ခက်ရယ်။ ဒီလောက်အများကြီးဆိုရင်တော့ သူက လုံးဝအသုံးမဝင်ဘူး။
နဉ်ရှုက ယွဲ့လန်ကိုမေးလိုက်သည်။
"နင် ဘာလို့ ဒီကိုရောက်လာတာလဲ?"
အမျိုးသားဇာတ်လိုက်တွေ ဘယ်လိုစုစည်းသွားကြတယ်ဆိုတာ သူမ မတွေးတောနိုင်ပေမယ့် တကယ်တော့ ဒီကိစ္စက ဖြစ်လာရမယ့်ကိစ္စပဲဆိုတာတော့ သူမ သိတယ်။ မူလဇာတ်ကြောင်းမှာလည်း ဒီအချိန်လောက်မှာပဲ အမျိုးသားဇာတ်လိုက်တွေစုမိသွားကြပြီး မုယန်မုန့်ကို စပြီးဝေမျှခဲ့ကြတာလေ။ ဒါပေမယ့် အခု သူမက အမျိုးသမီးဇာတ်လိုက်ဖြစ်နေတော့ ဒီလူတွေက သူမကိုသတ်ဖို့ စုဝေးလာကြတယ်။
လူတစ်ယောက်နဲ့တစ်ယောက်ကြားကကွာခြားချက်က တကယ်ကိုနည်းတာမဟုတ်ဘူးပဲ။
"မမလေး၊ အခု မမလေးက လူတိုင်းသတ်ချင်နေတဲ့ နတ်ဆိုးဂိုဏ်းရဲ့စုန်းမဖြစ်နေပြီ။ ပြီးတော့ နန်းတော်ကလည်း မမလေးကို ဖမ်းမိန့်တွေထုတ်ထားသေးတယ်၊ ဒါကြောင့်မို့ မမလေး ဒီမှာဆိုတာကြားကြားချင်း မမလေးကိုကယ်ဖို့ ကျွန်မတို့ ဒီကို အပြေးလာခဲ့တာ။"
နဉ်ရှု : ပင်ပန်းလိုက်တာ။
သူမက သူမကို သားကောင်တစ်ကောင်လို စူးစိုက်ကြည့်နေကြတဲ့ ယောက်ျားအုပ်ကြီးကိုကြည့်ကာ အသာအယာချောင်းဟန့်၏။
"အားလုံးပဲ၊ ကျေးဇူးပြုပြီး စိတ်ငြိမ်ငြိမ်ထားကြပါ။ ကျွန်မ စကားလေးနည်းနည်းပြောချင်လို့ပါရှင်။"
နဉ်ရှုက လှေကားပေါ်ကဆင်းဖို့လုပ်လိုက်သော်လည်း ခြေချော်သွားတာနဲ့အဆုံးသတ်၏။ ဒုန်းကနဲမြည်သံနဲ့အတူ သူမနောက်စေ့က လှေကားထစ်တွေနဲ့ရိုက်မိသွားတာကို ခံစားလိုက်ရပြီး သူမရဲ့ဝိဉာဉ်က ဒီခန္ဓာကိုယ်ထဲကနေ ကန်ထွက်လာသည်ကို ခံစားလိုက်ရသည်။
နဉ်ရှုမှာ လေထဲကနေလှည့်ကြည့်လိုက်မိပြီး မုယန်မုန့်ရဲ့ခန္ဓာကိုယ်လှလှလေးမှာ အသက်ရှူရပ်နေပြီဖြစ်ကာ သူမရဲ့ခေါင်းနောက်ကနေ သွေးတွေစီးကျလာသည်ကို တွေ့လိုက်ရ၏။
နဉ်ရှု : လီးးးးး....
သူမက ဒီလိုနဲ့ပဲသေသွားတယ်ပေါ့? ဒီလိုနဲ့ပဲ? ကောင်းကောင်းဆိုးဆိုး အနည်းဆုံးတော့ သူတို့တွေက သူမကို သူမနဲ့အတူ တစ်ယောက်ယောက်ကိုဆွဲချသွားခွင့်ပြုသင့်တယ်လေ။ ဒီလိုကြီးသေသွားရတာက တကယ်အကျိုးမရှိဘူးဟဲ့။
...
Zawgyi
လွပေသာထြက္ခြာျခင္း
_______________
ခ်ီရွန္းက ယပ္ေတာင္ကိုကိုင္ကာ အၿပံဳးႏုႏုျဖင့္ဝင္လာ၏။ မုယန္မုန႔္ကိုျမင္ခ်ိန္၌ ထူးဆန္းလွေသာစြဲလန္းေနဟန္ခံစားခ်က္တို႔က သူ႔မ်က္ဝန္းေတြထဲျဖတ္ေျပးသြားကာ သူက သက္ျပင္းခ်သည္။
"ထင္တဲ့အတိုင္း မင္းက မုယန္မုန႔္ပဲ၊ ဒါေပမယ့္ မင္းက ငါ့ကိုလိမ္ေနၿပီး မဟုတ္ဘူးပဲေျပာတယ္။"
ခ်ီရွန္းရဲ့အၿပံဳးက ေပ်ာက္ကြယ္မသြားပါေခ်။
"ဒါေပမယ့္ အခုသိတာကလည္း အရမ္းႀကီးေနာက္မက်ေသးပါဘူး။"
နဉ္ရႈက ေခါင္းေမာ့ကာ ေကာင္းကင္ကိုၾကၫ့္လိုက္ၿပီး သက္ျပင္းခ်သည္။ ဘူးညီေနာင္ခုနစ္ေဖာ္ စုစည္းသြားခဲ့ၿပီ။ ေနာက္ဇာတ္ကြက္က ဒီမေကာင္းဆိုးဝါးဝိဉာဉ္ သူမကို အႏိုင္ယူၾကမယ့္ဇာတ္ကြက္လား?
အျပင္ကေန ရႈပ္ရႈပ္ယွက္ယွက္ေျခသံေတြထပ္ထြက္လာျပန္၏။ သိုင္းေလာက,ကလူအုပ္ႀကီးတစ္အုပ္က ၿခံဝင္းထဲဝင္လာသည္။ ရန္နန္က်ူးကိုျမင္သၫ့္အခါ သူတို႔ကေအာ္သည္။
"ေခါင္းေဆာင္၊ ေခါင္းေဆာင္ အသက္ရွင္ေနေသးတာပဲ! ေကာင္းလိုက္တာ၊ ေခါင္းေဆာင္ တစ္ခုခုျဖစ္သြားၿပီလို႔ က်ဳပ္တို႔ထင္ေနတာ!"
နဉ္ရႈမွာ လူေတြအံုတိုးေနတဲ့ၿခံဝင္းကို ေဝ့ဝဲၾကၫ့္လိုက္မိၿပီး သူမေတာ့ တစ္ေလာကလံုးနဲ႔ ရန္သူလုပ္မိၿပီလို႔ ရုတ္တရက္ခံစားသြားရရွာ၏။
တစ္ခါက မုယန္မုန႔္ကို အရိုးထဲစြဲေနေအာင္ခ်စ္ၾကတဲ့အမ်ိဳးသားဇာတ္လိုက္ေတြက ယခုေတာ့ျဖင့္ သူမကို တစ္စစီစုတ္ၿဖဲပစ္ခ်င္ေနသည္အထိ အင္မတန္မုန္းတီးေနၾကသည္။
စစ္ထူခ်င္းယြီ : "ငါ သူ႔ကို ေသတဲ့အထိ ႏိွပ္စက္မယ္။"
ေလာ္ကြၽင့္ယန္ : "ငါ သူ႔ကိုသတ္မယ္။"
ခ်ီရွန္း : "ငါ့ၾကာပြတ္ေအာက္မွာ အညံ့ခံလိုက္ေတာ့။"
ဝမ္ရူဟြား : "ငါ သူ႔ကိုအဓမၼက်င့္ၿပီးသတ္ပစ္မယ္။"
နတ္ေဆးသမားေတာ္ : "သူက ငါ့တပၫ့္ေလ၊ မေသလို႔ရမလား?"
ကုန္းဝူေမ့ : "ငါ့ကို ေျဖေဆးေပး၊ ငါ မင္းအေလာင္းကို အေကာင္းအတိုင္းထားေပးမယ္။"
ရန္နန္က်ဳး : "နတ္ဆိုးဂိုဏ္းရဲ့ဆက္ခံခြင့္တံဆိပ္ျပားကိုထုတ္ေပး၊ ငါ မင္းအသက္ကိုခ်မ္းသာေပးမယ္။"
ၿပီးေတာ့ ေအာ္ဟစ္ေနၾကတဲ့သိုင္းပညာရွင္အုပ္စုႀကီး။
"ေခါင္းေဆာင္၊ ဘာပဲျဖစ္ျဖစ္ ေခါင္းေဆာင္ အဲ့စုန္းမရဲ့ျပဳစားမႈမွာ က်ရႈံးသြားလို႔မရဘူးေနာ္။ ဒီစုန္းမက သူ႔အျပစ္ေတြအတြက္ အႀကိမ္တစ္ေထာင္ေသသင့္တယ္။"
နဉ္ရႈ : ငါေလး အရမ္းေတြေၾကာက္ေနပါၿပီေနာ္ →_→
အခု ဘာလုပ္ရမလဲ?
"မမေလး၊ ကြၽန္မတို႔ မမေလးကိုကယ္ဖို႔လာၿပီ။"
ယြဲ႔လန္က တစ္ကိုယ္လံုးအနက္ေရာင္သာဆင္ျမန္းထားဆဲျဖစ္သၫ့္ ေလးေထာင့္မ်က္ႏွာပိုင္ရွင္ သက္ေတာ္ေစာင့္အစ္ကိုႀကီးနဲ႔အတူ ၿခံဝင္းထဲေျပးဝင္လာ၏။
ယြဲ႔လန္က နဉ္ရႈရဲ့ေရ႔ွမွာရပ္ကာ သူမကိုဒိုင္းလိုကာလိုက္ၿပီး ေအာ္သည္။
"ရွင္တို႔ေတြ မမေလးကို ထိခိုက္ေအာင္လုပ္ဖို႔မႀကိဳးစားနဲ႔။"
လ်ိႈ႔ဝွက္သက္ေတာ္ေစာင့္က ေဘးဘီကိုေဝ့ၾကၫ့္ကာ နဉ္ရႈကိုေျပာလာသည္။
"က်ဳပ္ ဒီလူေတြကို မႏိုင္ဘူး။"
နဉ္ရႈ : ...
ဒီမွာရိွေနတဲ့ အမ်ိဳးသားဇာတ္လိုက္အမ်ားစုက သိုင္းပညာအရမ္းေတာ္တယ္။ သက္ေတာ္ေစာင့္အတြက္ တစ္ေယာက္ေလာက္ကိုတားဖို႔ေတာင္ ခက္ခက္ရယ္။ ဒီေလာက္အမ်ားႀကီးဆိုရင္ေတာ့ သူက လံုးဝအသံုးမဝင္ဘူး။
နဉ္ရႈက ယြဲ႔လန္ကိုေမးလိုက္သည္။
"နင္ ဘာလို႔ ဒီကိုေရာက္လာတာလဲ?"
အမ်ိဳးသားဇာတ္လိုက္ေတြ ဘယ္လိုစုစည္းသြားၾကတယ္ဆိုတာ သူမ မေတြးေတာႏိုင္ေပမယ့္ တကယ္ေတာ့ ဒီကိစၥက ျဖစ္လာရမယ့္ကိစၥပဲဆိုတာေတာ့ သူမ သိတယ္။ မူလဇာတ္ေၾကာင္းမွာလည္း ဒီအခ်ိန္ေလာက္မွာပဲ အမ်ိဳးသားဇာတ္လိုက္ေတြစုမိသြားၾကၿပီး မုယန္မုန႔္ကို စၿပီးေဝမ်ွခဲ့ၾကတာေလ။ ဒါေပမယ့္ အခု သူမက အမ်ိဳးသမီးဇာတ္လိုက္ျဖစ္ေနေတာ့ ဒီလူေတြက သူမကိုသတ္ဖို႔ စုေဝးလာၾကတယ္။
လူတစ္ေယာက္နဲ႔တစ္ေယာက္ၾကားကကြာျခားခ်က္က တကယ္ကိုနည္းတာမဟုတ္ဘူးပဲ။
"မမေလး၊ အခု မမေလးက လူတိုင္းသတ္ခ်င္ေနတဲ့ နတ္ဆိုးဂိုဏ္းရဲ့စုန္းမျဖစ္ေနၿပီ။ ၿပီးေတာ့ နန္းေတာ္ကလည္း မမေလးကို ဖမ္းမိန႔္ေတြထုတ္ထားေသးတယ္၊ ဒါေၾကာင့္မို႔ မမေလး ဒီမွာဆိုတာၾကားၾကားခ်င္း မမေလးကိုကယ္ဖို႔ ကြၽန္မတို႔ ဒီကို အေျပးလာခဲ့တာ။"
နဉ္ရႈ : ပင္ပန္းလိုက္တာ။
သူမက သူမကို သားေကာင္တစ္ေကာင္လို စူးစိုက္ၾကၫ့္ေနၾကတဲ့ ေယာက္်ားအုပ္ႀကီးကိုၾကၫ့္ကာ အသာအယာေခ်ာင္းဟန႔္၏။
"အားလံုးပဲ၊ ေက်းဇူးျပဳျပီး စိတ္ၿငိမ္ၿငိမ္ထားၾကပါ။ ကြၽန္မ စကားေလးနည္းနည္းေျပာခ်င္လို႔ပါရွင္။"
နဉ္ရႈက ေလွကားေပၚကဆင္းဖို႔လုပ္လိုက္ေသာ္လည္း ေျခေခ်ာ္သြားတာနဲ႔အဆံုးသတ္၏။ ဒုန္းကနဲျမည္သံနဲ႔အတူ သူမေနာက္ေစ့က ေလွကားထစ္ေတြနဲ႔ရိုက္မိသြားတာကို ခံစားလိုက္ရၿပီး သူမရဲ့ဝိဉာဉ္က ဒီခႏၶာကိုယ္ထဲကေန ကန္ထြက္လာသည္ကို ခံစားလိုက္ရသည္။
နဉ္ရႈမွာ ေလထဲကေနလွၫ့္ၾကၫ့္လိုက္မိၿပီး မုယန္မုန႔္ရဲ့ခႏၶာကိုယ္လွလွေလးမွာ အသက္ရႉရပ္ေနၿပီျဖစ္ကာ သူမရဲ့ေခါင္းေနာက္ကေန ေသြးေတြစီးက်လာသည္ကို ေတြ့လိုက္ရ၏။
နဉ္ရႈ : လီးးးးး....
သူမက ဒီလိုနဲ႔ပဲေသသြားတယ္ေပါ့? ဒီလိုနဲ႔ပဲ? ေကာင္းေကာင္းဆိုးဆိုး အနည္းဆံုးေတာ့ သူတို႔ေတြက သူမကို သူမနဲ႔အတူ တစ္ေယာက္ေယာက္ကိုဆြဲခ်သြားခြင့္ျပဳသင့္တယ္ေလ။ ဒီလိုႀကီးေသသြားရတာက တကယ္အက်ိဳးမရိွဘူးဟဲ့။
...
Advertisement
- In Serial11 Chapters
Mechanical Friend The wonders of every therapy machines
Enter the attention of the spiritual world of having a car and what it means when it is seen more than just a car. It is a lot of things. Cars are more than just a mode of transportation to get from point A to point B. Ever since I was a kid and grew up with my family driving in our 84 Buick Regal, I knew I had some sort of special understanding with these vehicles. I know many of you out there have communicated with your vehicles in one fashion or another, but with me personally, Ive always understood and heard the soul of these classic cars. Its made me feel more empathy and understanding of some of the situations they get in, but also understand the joy they feel when they are with whom they call their road partners. When we go to car shows or dealerships, it's mainly for the cars. We don't know what we want or how old we want the car to be. There is a mechanical friend for each of us to learn more about their scientific background. This takes the reader far beyond the facts of what the car breed is. Everything has a spirituality side of it. A Tao; The Tao or Dao is a Chinese word signifying the "way", "path", "route", "road" or sometimes more loosely "doctrine" of cars. If we are looking for a classic car tht we dream of then the message is "Having an old American car is that it doesn't have to be very pretty. It's a satisfactory pleasure of building it and getting together to talk about the American classic, muscle car or not, it's how you connect with others into a community that holds together community. It is much safer to be riding around in a standard classic car from the 60s an 70s because you are aware of your responsibility driving it plus if you're hit, the armor protecting you is the car itself with no huge lethal damage to the car or yourself" Others' tastes are going to be different and unusual.but it is best to find what cars are going to say when we bond with them in every day in all the ways possible. This book teaches how to connect with the vehicle and how to detect gender energies within the machine and waht the machine can do for you.
8 132 - In Serial7 Chapters
Dungeon Diving
A world mostly devoid of magic and monsters is suddenly overwhelmed by the apparition of "Dungeons".The new order of the society is now focused around the elements which were previously missing, as everyone's attention is grabbed by the new phenomenon.Tailor Cross, a young lad whose father left in search of greater power is now taking on the quest of becoming a hero.But, as expected, life never goes one's way. Will he be able to overcome the challenges ahead of him?My first webnovel, updated every two weeks or less (let's hope). Feedback is welcome and greatly appreciated!
8 127 - In Serial8 Chapters
Astin
Ray Villan, a university student finds himself transported in a fantasy world. It excited him greatly, but what he didn't expect was the one who summoned him were strange cultists. And around him were bodies upon bodies placed in chains and cages. "Um, who are you people?" "Please liberate us God Astin!" A typical portal/isekai fantasy set in a medieval type world. University student, Ray Villan, travels to a world of swords and magic because of his horny ass. Yet this was not quite simple as he thought. Summoned by otherworldy cultists and called as Emperor of the Deep Astin, Ray tries to survive and possibly uncover the secrets of his summon. But how can he seek his answer when his summoners did that?
8 102 - In Serial50 Chapters
Game World (The Game Masters Saga)
After having memory loss, Marcus Blank (a name he decided himself) decided to be an adventurer, exploring the world of Una and explore its mysteries along with finding himself on the way. Join Marcus (the amnesiac) and other adventurers he meets along the way to complete the questline set in the Game World of Una. Is everything simply rosy or does the Game World hide some sinister secret? LitRPG Elements
8 208 - In Serial43 Chapters
lies | taennie √
you told me "did you know i love you?", but now i know you never really meant it.a taennie fanfic.© 𝒋𝒊 𝒂𝒉highest ranking; #35 in poetry
8 151 - In Serial12 Chapters
Tanka and Haiku
Overview TankaThe tanka poem is very similar to haiku but tanka poems have more syllables and it uses simile, metaphor and personifacation. There are five lines in a Tanka poem. Tanka poems are written about nature, seasons, love, sadness and other strong emotions. This form of poetry dates back almost 1200 years ago.HaikuHaiku poetry hails from Japan and uses strict syllable guidelines rather than focusing on meter or rhyme. Because the poem is short only three lines with 17 total syllables writers must choose words carefully to create meaning. Haiku poetry is typically simplistic, but its meaning can have great depth. Source : Wikipedia You can share my poem but dont copy, Piglarism is a crime. Enjoy reading po. 💕😊💕Ms. Eryl
8 65

