《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 141
Advertisement
Unicode
ဘူးညီနောင်ခုနစ်ဖော််စုစည်းမိခြင်း
________________
"ဒါတွေအားလုံးက အထင်လွဲတာပါလို့ ကျွန်မပြောရင် ရှင်တို့ ယုံမှာလားဟင်?"
နဉ်ရှုက နောက်ဆုံးအကြိမ်ရုန်းကန်ရန်ကြိုးစားလိုက်သည်။
သူတို့ထဲက ဘယ်သူကမှ နဉ်ရှုရဲ့စကားတွေကို ကြားပုံမပေါ်ဘဲ သူမကို မုန်းတီးမှုတွေပြည့်နေတဲ့မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြ၏။
ခြံအပြင်ဘက်က ခြေသံတွေထပ်ထွက်လာသည်။ နဉ်ရှုက လက်မြှောက်လိုက်ကာ ဒီတစ်ခေါက်ဝင်လာတဲ့သူက ဘယ်သူဖြစ်မလဲဆိုတာ သိချင်နေမိရင်း လှေကားပေါ်ထိုင်ချလိုက်၏။
ဒီတစ်ကြိမ်ပေါ်လာသူက ဝမ်ရူဟွားဖြစ်သည်။ သူ့နောက်မှာတော့ ဓားပြအုပ်ကြီးပါ၏။ ဓားပြတစ်ယောက်ဖြစ်လာပြီးနောက်တွင် ဝမ်ရူဟွားမှာ ပိုအားကောင်းသည့်ရိုင်းပျခက်ထန်သောအော်ရာတို့ကို ထုတ်လွှတ်လာ၏။ နေရာအတော်များများကိုဓားပြတိုက်ပြီးနောက်တွင် သူ့ခန္ဓာကိုယ်က ခက်ထန်ကြမ်းကြုတ်လာက ယခင်က အားနည်းပြီး ပညာရှိဆန်သည့်ပုံရိပ်မှာ ပျောက်ကွယ်သွားပြီဖြစ်၏။
သူ ဝင်လာချိန် ဝမ်ရူဟွား ပထမဆုံးလုပ်တဲ့အရာမှာ ခြံထဲကအမျိုးသားတွေကို အကဲခတ်တာပင်။ ထို့နောက် သူက လှေကားပေါ်ထိုင်နေသည့် နဉ်ရှုကိုကြည့်လာ၏။
"မင်းက ငါ့ဝမ်းကွဲညီမလုံးဝမဟုတ်ဘူး။ မင်း ငါ့ကို တကယ်လိမ်ရဲတယ်၊ ငါ မင်းကို သတ်မယ်။"
"ဝမ်းကွဲအစ်ကို၊ ကောင်းကောင်းဆိုးဆိုး ညီမတို့က တစ်ခါတော့ ဆွေမျိုးတွေဖြစ်ဖူးတာပဲလေ။ ဘာလို့ အရမ်းရက်စက်ရတာလဲ?"
နဉ်ရှုက မေးကိုမော့ရင်းဆိုသည်။
ဝမ်ရူဟွားက အော်သည်။
"မင်း ငါ့ကိုနှိပ်စက်ခဲ့တာတွေအတွက် လက်စားမချေရင် ငါက ယောက်ျားတစ်ယောက်ဖြစ်ဖို့မတန်ဘူး။ ငါ မင်းကို အဓမ္မကျင့်ပြီးသတ်ပစ်မယ်။ ခုတစ်လော ငါ့နောက်ကညီအစ်ကိုတွေကလည်း အုပ်စုလိုက်ဆက်ဆံရတာကို သဘောကျနေကြတာ။"
နဉ်ရှု : ...
"ဒီတော့ မင်းတို့အားလုံး ဒီမိန်းမနောက်ကိုလိုက်နေကြတာပေါ့လေ။"
ကုန်းဝူမေ့က ဘေးဘီကိုဝေ့ကြည့်သည်။
"ဒီမိန်းမကို ငါ အရင်ရသင့်တယ်၊ သူ ငါ့ကို အဆိပ်ခတ်ထားတယ်။"
"မိန်းကလေး၊ မင်း လူတော်တော်များများကို ဆန့်ကျင်မိထားတာပဲ။"
ကုန်းဝူမေ့က နဉ်ရှုကို ခက်ထန်စွာပြုံးပြလာသည်။
စစ်ထူချင်းယွီက ရှေ့ထွက်လာသည်။ သူက ကုန်းဝူမေ့ကို စူးစူးနစ်နစ်စိုက်ကြည့်နေရင်းဆို၏။
"မင်းကို တစ်ခါလုပ်ခွင့်ပေးရင် ငါ ဒီမိန်းမကို မင်းဆီအရင်လွှဲပေးမယ်။ မဟုတ်လို့ကတော့ ငါ့နောက်ကစစ်သည်တွေက သဘောတူမှာမဟုတ်ဘူး။"
ကုန်းဝူမေ့မှာ ထိုယောက်ျားကို ဓားနဲ့သာအသေထိုးသတ်ချင်နေတော့သည်။
"စစ်ထူချင်းယွီ၊ မင်းက ရွံစရာကောင်းတယ်!"
လော်ကျွင့်ယန်က ရွံရှာနေသည့်အမူအရာဖြင့်အော်၏။
စစ်ထူချင်းယွီက လော်ကျွင့်ယန်ကို အပြုံးလေးဖြင့်ကြည့်လာသည်။
"အစကနေအဆုံးထိ ကိုယ့်နှလုံးသားကို မင်းတစ်ယောက်တည်းပိုင်တာပါ။"
သို့သော်လည်း သူက ခြံထဲရှိအမျိုးသားအားလုံးကို ဆက်ကြည့်နေဆဲဖြစ်၏။ ဒီယောက်ျားတွေအကုန်လုံးက အတော်လေးကြည့်ကောင်းသားပဲ။
"ထွက်သွားစမ်း! ဒီမင်းသားကို ရွံအောင်လာမလုပ်နဲ့!"
လော်ကျွင့်ယန်က မနာလိုဖြစ်နေငည့်အလား ဒေါသတကြီးဆို၏။
"ဆရာတူအစ်မ၊ ဆရာတူအစ်မ၊ အစ်မ အထဲမှာလား?"
ရွှီယွီ့အသံက အပြင်ကနေပေါ်လာသည်။
နဉ်ရှုမှာ ဒီအသံလေးကိုကြားလိုက်ရသည်၌ စိတ်လှုပ်ရှားလွန်းသွားသဖြင့် ထခုန်မိတော့မလို့ပင်။ နောက်ဆုံးတော့ သူမဘက်မှာရှိတဲ့သူရောက်လာပြီ။
"ဆရာတူမောင်လေး၊ အစ်မ အထဲမှာ။ နင့်ဆရာတူအစ်မကို မြန်မြန်လာကယ်ပါဦး!"
နဉ်ရှုကအော်သည်။
ရန်နန်ကျူးက သတိအပြည့်ဖြင့်ကြည့်လာသည်။
"မင်းမှာ ဆရာတူမောင်လေးရှိတယ်ပေါ့? နတ်ဆိုးဂိုဏ်းချုပ်ဟောင်းက နောက်ထပ်တပည့်တစ်ယောက်လက်ခံထားသေးတာလား?"
ရွှီယွီက အထဲဝင်လာသည်။ နဉ်ရှုကိုမြင်သည့်အခါ သူက အော်သည်။
"ဆရာတူအစ်မ၊ အစ်မ ဘာတွေလုပ်ထားတာလဲ? အစ်မရဲ့ဖမ်းဝရမ်းတွေနဲ့ သိုင်းလောကသတ်မိန့်တွေက ဘာလို့ နေရာအနှံ့ရှိနေတာလဲ?"
"ငါ တကယ်ဘာမှလုပ်မထားဘူးရယ်၊ နင် ငါ့ကို ယုံရမယ်! ငါ ဘာမှလုပ်မထားဘူး။"
နဉ်ရှုမှာ ဘာပြောရမှန်းပင်မသိတော့။
"ဆရာလာတာလား?"
ထို့နောက်တွင်တော့ အဖြူရောင်ဝတ်ဆင်ထားသူတစ်ယောက် ဝင်လာသည်ကို သူမတွေ့လိုက်ရသည်။ နတ်ဆေးသမားတော်ကိုမြင်ချိန်၌ သူမက အော်လေ၏။
"ဆရာ!"
နတ်ဆေးသမားတော်က သူမကိုကြည့်လာသည်။
"စိတ်မပူနဲ့။ မင်းက ငါ့တပည့်ပဲ၊ ငါ မင်းကို သေချာပေါက်ကာကွယ်ပေးမှာ။"
"ကျေးဇူးတင်ပါတယ် ဆရာ။"
နဉ်ရှုက ပျော်ရွှင်စွာဆို၏။
ကျန်အမျိုးသားတွေက နတ်ဆေးသမားတော်ကို အင်မတန်စိမ်းကားသည့်အမူအရာများဖြင့်ကြည့်လာသော်လည်း နတ်ဆေးသမားတော်ရဲ့အမူအရာကတော့ သူတို့ကို လုံးဝသတိမထားမိသည့်အလား မပြောင်းမလဲပင်ရှိနေ၏။
"ငါလာတာ နောက်ကျသွားတဲ့ပုံပဲ။"
အင်မတန်ကြည်လင်ကာဆွဲဆောင်မှုရှိလှသည့်အသံတစ်သံထွက်ပေါ်လာ၏။
...
Zawgyi
ဘူးညီေနာင္ခုနစ္ေဖာ္္စုစည္းမိျခင္း
________________
"ဒါေတြအားလံုးက အထင္လြဲတာပါလို႔ ကြၽန္မေျပာရင္ ရွင္တို႔ ယံုမွာလားဟင္?"
နဉ္ရႈက ေနာက္ဆံုးအႀကိမ္ရုန္းကန္ရန္ႀကိဳးစားလိုက္သည္။
သူတို႔ထဲက ဘယ္သူကမွ နဉ္ရႈရဲ့စကားေတြကို ၾကားပံုမေပၚဘဲ သူမကို မုန္းတီးမႈေတျြပၫ့္ေနတဲ့မ်က္ဝန္းမ်ားျဖင့္ စိုက္ၾကၫ့္ေနၾက၏။
ၿခံအျပင္ဘက္က ေျခသံေတြထပ္ထြက္လာသည္။ နဉ္ရႈက လက္ေျမႇာက္လိုက္ကာ ဒီတစ္ေခါက္ဝင္လာတဲ့သူက ဘယ္သူျဖစ္မလဲဆိုတာ သိခ်င္ေနမိရင္း ေလွကားေပၚထိုင္ခ်လိုက္၏။
ဒီတစ္ႀကိမ္ေပၚလာသူက ဝမ္ရူဟြားျဖစ္သည္။ သူ႔ေနာက္မွာေတာ့ ဓားျပအုပ္ႀကီးပါ၏။ ဓားျပတစ္ေယာက္ျဖစ္လာၿပီးေနာက္တြင္ ဝမ္ရူဟြားမွာ ပိုအားေကာင္းသၫ့္ရိုင္းပ်ခက္ထန္ေသာေအာ္ရာတို႔ကို ထုတ္လႊတ္လာ၏။ ေနရာအေတာ္မ်ားမ်ားကိုဓားျပတိုက္ၿပီးေနာက္တြင္ သူ႔ခႏၶာကိုယ္က ခက္ထန္ၾကမ္းၾကဳတ္လာက ယခင္က အားနည္းၿပီး ပညာရိွဆန္သၫ့္ပံုရိပ္မွာ ေပ်ာက္ကြယ္သြားၿပီျဖစ္၏။
သူ ဝင္လာခ်ိန္ ဝမ္ရူဟြား ပထမဆံုးလုပ္တဲ့အရာမွာ ၿခံထဲကအမ်ိဳးသားေတြကို အကဲခတ္တာပင္။ ထို႔ေနာက္ သူက ေလွကားေပၚထိုင္ေနသၫ့္ နဉ္ရႈကိုၾကၫ့္လာ၏။
"မင္းက ငါ့ဝမ္းကြဲညီမလံုးဝမဟုတ္ဘူး။ မင္း ငါ့ကို တကယ္လိမ္ရဲတယ္၊ ငါ မင္းကို သတ္မယ္။"
"ဝမ္းကြဲအစ္ကို၊ ေကာင္းေကာင္းဆိုးဆိုး ညီမတို႔က တစ္ခါေတာ့ ေဆြမ်ိဳးေတျြဖစ္ဖူးတာပဲေလ။ ဘာလို႔ အရမ္းရက္စက္ရတာလဲ?"
နဉ္ရႈက ေမးကိုေမာ့ရင္းဆိုသည္။
ဝမ္ရူဟြားက ေအာ္သည္။
"မင္း ငါ့ကိုႏိွပ္စက္ခဲ့တာေတြအတြက္ လက္စားမေခ်ရင္ ငါက ေယာက္်ားတစ္ေယာက္ျဖစ္ဖို႔မတန္ဘူး။ ငါ မင္းကို အဓမၼက်င့္ၿပီးသတ္ပစ္မယ္။ ခုတစ္ေလာ ငါ့ေနာက္ကညီအစ္ကိုေတြကလည္း အုပ္စုလိုက္ဆက္ဆံရတာကို သေဘာက်ေနၾကတာ။"
နဉ္ရႈ : ...
"ဒီေတာ့ မင္းတို႔အားလံုး ဒီမိန္းမေနာက္ကိုလိုက္ေနၾကတာေပါ့ေလ။"
ကုန္းဝူေမ့က ေဘးဘီကိုေဝ့ၾကၫ့္သည္။
"ဒီမိန္းမကို ငါ အရင္ရသင့္တယ္၊ သူ ငါ့ကို အဆိပ္ခတ္ထားတယ္။"
"မိန္းကေလး၊ မင္း လူေတာ္ေတာ္မ်ားမ်ားကို ဆန႔္က်င္မိထားတာပဲ။"
ကုန္းဝူေမ့က နဉ္ရႈကို ခက္ထန္စြာၿပံဳးျပလာသည္။
စစ္ထူခ်င္းယြီက ေရ႔ွထြက္လာသည္။ သူက ကုန္းဝူေမ့ကို စူးစူးနစ္နစ္စိုက္ၾကၫ့္ေနရင္းဆို၏။
"မင္းကို တစ္ခါလုပ္ခြင့္ေပးရင္ ငါ ဒီမိန္းမကို မင္းဆီအရင္လႊဲေပးမယ္။ မဟုတ္လို႔ကေတာ့ ငါ့ေနာက္ကစစ္သည္ေတြက သေဘာတူမွာမဟုတ္ဘူး။"
ကုန္းဝူေမ့မွာ ထိုေယာက္်ားကို ဓားနဲ႔သာအေသထိုးသတ္ခ်င္ေနေတာ့သည္။
"စစ္ထူခ်င္းယြီ၊ မင္းက ရြံစရာေကာင္းတယ္!"
ေလာ္ကြၽင့္ယန္က ရြံရွာေနသၫ့္အမူအရာျဖင့္ေအာ္၏။
စစ္ထူခ်င္းယြီက ေလာ္ကြၽင့္ယန္ကို အၿပံဳးေလးျဖင့္ၾကၫ့္လာသည္။
"အစကေနအဆံုးထိ ကိုယ့္ႏွလံုးသားကို မင္းတစ္ေယာက္တည္းပိုင္တာပါ။"
သို႔ေသာ္လည္း သူက ၿခံထဲရိွအမ်ိဳးသားအားလံုးကို ဆက္ၾကၫ့္ေနဆဲျဖစ္၏။ ဒီေယာက္်ားေတြအကုန္လံုးက အေတာ္ေလးၾကၫ့္ေကာင္းသားပဲ။
"ထြက္သြားစမ္း! ဒီမင္းသားကို ရြံေအာင္လာမလုပ္နဲ႔!"
ေလာ္ကြၽင့္ယန္က မနာလိုျဖစ္ေနငၫ့္အလား ေဒါသတႀကီးဆို၏။
"ဆရာတူအစ္မ၊ ဆရာတူအစ္မ၊ အစ္မ အထဲမွာလား?"
ရႊီယြီ႔အသံက အျပင္ကေနေပၚလာသည္။
နဉ္ရႈမွာ ဒီအသံေလးကိုၾကားလိုက္ရသည္၌ စိတ္လႈပ္ရွားလြန္းသြားသျဖင့္ ထခုန္မိေတာ့မလို႔ပင္။ ေနာက္ဆံုးေတာ့ သူမဘက္မွာရိွတဲ့သူေရာက္လာၿပီ။
"ဆရာတူေမာင္ေလး၊ အစ္မ အထဲမွာ။ နင့္ဆရာတူအစ္မကို ျမန္ျမန္လာကယ္ပါဦး!"
နဉ္ရႈကေအာ္သည္။
ရန္နန္က်ူးက သတိအျပၫ့္ျဖင့္ၾကၫ့္လာသည္။
"မင္းမွာ ဆရာတူေမာင္ေလးရိွတယ္ေပါ့? နတ္ဆိုးဂိုဏ္းခ်ဳပ္ေဟာင္းက ေနာက္ထပ္တပၫ့္တစ္ေယာက္လက္ခံထားေသးတာလား?"
ရႊီယြီက အထဲဝင္လာသည္။ နဉ္ရႈကိုျမင္သၫ့္အခါ သူက ေအာ္သည္။
"ဆရာတူအစ္မ၊ အစ္မ ဘာေတြလုပ္ထားတာလဲ? အစ္မရဲ့ဖမ္းဝရမ္းေတြနဲ႔ သိုင္းေလာကသတ္မိန႔္ေတြက ဘာလို႔ ေနရာအႏွံ႔ရိွေနတာလဲ?"
"ငါ တကယ္ဘာမွလုပ္မထားဘူးရယ္၊ နင္ ငါ့ကို ယံုရမယ္! ငါ ဘာမွလုပ္မထားဘူး။"
နဉ္ရႈမွာ ဘာေျပာရမွန္းပင္မသိေတာ့။
"ဆရာလာတာလား?"
ထို႔ေနာက္တြင္ေတာ့ အျဖဴေရာင္ဝတ္ဆင္ထားသူတစ္ေယာက္ ဝင္လာသည္ကို သူမေတြ့လိုက္ရသည္။ နတ္ေဆးသမားေတာ္ကိုျမင္ခ်ိန္၌ သူမက ေအာ္ေလ၏။
"ဆရာ!"
နတ္ေဆးသမားေတာ္က သူမကိုၾကၫ့္လာသည္။
"စိတ္မပူနဲ႔။ မင္းက ငါ့တပၫ့္ပဲ၊ ငါ မင္းကို ေသခ်ာေပါက္ကာကြယ္ေပးမွာ။"
"ေက်းဇူးတင္ပါတယ္ ဆရာ။"
နဉ္ရႈက ေပ်ာ္ရႊင္စြာဆို၏။
က်န္အမ်ိဳးသားေတြက နတ္ေဆးသမားေတာ္ကို အင္မတန္စိမ္းကားသၫ့္အမူအရာမ်ားျဖင့္ၾကၫ့္လာေသာ္လည္း နတ္ေဆးသမားေတာ္ရဲ့အမူအရာကေတာ့ သူတို႔ကို လံုးဝသတိမထားမိသၫ့္အလား မေျပာင္းမလဲပင္ရိွေန၏။
"ငါလာတာ ေနာက္က်သြားတဲ့ပံုပဲ။"
အင္မတန္ၾကည္လင္ကာဆြဲေဆာင္မႈရိွလွသၫ့္အသံတစ္သံထြက္ေပၚလာ၏။
...
Advertisement
- In Serial218 Chapters
Secrets of the Universe
What is strength before me? What is talent before me? What are you--before me?I am Chaos, The Destroyer of worlds, The God of Combat, The Purple Demon, The Akashic Eye.Do you want to be like me? It wasn’t an easy feat. How to be a badass? I can’t teach you that for I was born that way.Okay, I will compromise and teach you this time, but beware, the way of a badass is filled with obstacles.What are you waiting for? Read my book.*Sighs* I am too lonely. Is this what it means to be unparalleled? I guess I will take a nap now.When will that youngster finish reading my book? Don’t keep me waiting too long, young lad.
8 163 - In Serial28 Chapters
Warfare Between Lost Hearts
During the long awaited war crisis in Manila, every legal-aged inhabitant, specifically voters, are required to work for the government in order to reestablish the living land and battle against a mass terrorist attack. The country where the terrorist originated are still in the unknown and under further research. Juveniles haven’t got any choice yet to live by themselves. Building a town, planting food crops, hunting animals and even manslaughter is required in the generation by means of survival. Keisha and his brother, Jaden, are left alone haunted by vicious brutes hiding from the shadows. Until then they found hope wherein they can rule over and persist the ongoing catastrophe.
8 210 - In Serial13 Chapters
The Guild of Black Sheep
A group of 9 members, in a fantasy world with litrpg elements, form together to become a guild. From meeting one another, to creating the guild ‘Black-sheep’ and the adventures from there on, will everyone achieve their own goals? (Thanks for Whisper for doing the cover.)
8 204 - In Serial56 Chapters
Roses & Thorns : poetry ✓
[English]#1 in puisi/ 8.11.18#3 in poetry/5.11.18#2 in poem/ 7.20.18An anthology poetry. About heartbreak, mostly. Because love is like roses and thorns.
8 213 - In Serial20 Chapters
Stuck in Between (Reaper!Sans X Reader)
When your heart stops, you're supposed to stop there. But when your heart stops in the Underground, your soul resets. But what if the reset doesn't work. You're stuck in a stalemate between life and death after your attempted reset glitches. Memories fuzzy and distant, lonely and cold, what does one do to survive their own personal purgatory? Average word count: 1800 - 2200REAPERTALE FANFIC
8 103 - In Serial13 Chapters
Hammer Of The Gods
(THIS WAS PREVIOUSLY ON MY LAST PROFILE- I STILL HAVE COMPLETE OWNERSHIP! DO NOT SAY ANYTHING ABOUT ME STEALING THE BOOK!) BOOK FOUR OF THE SOULMATES SERIESSam, Dean, and (Y/n) are held hostage by a group of gods who want to use them as bargaining chips to stop the apocalypse.(I do not own Supernatural or (Y/n), the only thing I own is the not-really-romantic subplot.)Warning: This is an entire episode of Supernatural: Season 5 Episode 19, so buckle up for the matching scenes and incredibly long chapters.Book One: Tall TalesBook Two: Mystery SpotBook Three: Changing ChannelsBook Four: Hammer of the GodsBook Five: Bring 'Em Back Alive & Unfinished Business(THIS WAS PREVIOUSLY ON MY LAST PROFILE- I STILL HAVE COMPLETE OWNERSHIP! DO NOT SAY ANYTHING ABOUT ME STEALING THE BOOK!)
8 114

