《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 140
Advertisement
Unicode
ဘူးညီနောင်ခုနစ်ဖော်စုစည်းတာလား? _______________
နဉ်ရှုထွက်ပြေးသွားတာကို တွေ့လိုက်ရတာကြောင့် ကုန်းဝူမေ့က ရန်နန်ကျူးကို "သွားစမ်း!"လို့အော်လိုက်ပြီး နဉ်ရှုနောက်ကပြေးလိုက်သွားသည်။
"ကုန်းဝူမေ့၊ ငါရှိနေသရွေ့ မင်း ငါ့လက်ထဲကလွတ်ဖို့ကြိုးစားနေတာကို အရှုံးပေးလိုက်သင့်တယ်။"
ရန်နန်ကျူးက ကုန်းဝူမေ့ရဲ့လမ်းမှာ ပိတ်ရပ်လိုက်ပြီး နှစ်ယောက်သား ထပ်မံတိုက်ခိုက်ကြတော့သည်။
သို့သော်လည်း ထွက်ပြေးသွားပြီးနောက်တွင် နဉ်ရှုမှာ ပြန်လှည့်ပြေးလာပြန်၏။ နဉ်ရှုကိုမြင်တဲ့အခါ ကုန်းဝူမေ့က အေးစက်စွာအော်သည်။
"ဖြေဆေးပေးစမ်း!"
နဉ်ရှုက သူ့ကို အရေးမလုပ်ဘဲ ခြံထဲဝင်လာတဲ့လူအုပ်ကြီးကို ပြန်လှည့်ကြည့်လိုက်သည်။ ခေါင်းဆောင်လာတဲ့လူက နဉ်ရှုကိုကြည့်ရင်း ဒေါသတကြီးအံကြိတ်နေသည်။ အော်ဟစ်လာတဲ့သူ့အသံက မုန်းတီးမှုတွေနဲ့ပြည့်နေ၏။
"မုယန်မုန့်!"
"နေကောင်းရဲ့လား မင်းသား? တကယ်ပဲ တိုက်ဆိုင်လိုက်တာနော်။ ရှင်လည်း ဒီမှာ အမွှေးတိုင်ထွန်းဖို့ရောက်နေတာလား?"
နဉ်ရှုက သူမ သေတော့မယ်လို့ခံစားနေရတာတောင်မှ လော်ကျွင့်ယန်ကို တောက်ပစွာပြုံးပြကာ နှုတ်ဆက်လိုက်၏။ သူမ ဘာလို့ ဒီကောင်နဲ့တိုးတာနဲ့ အဆုံးသတ်သွားရတာလဲ?
"မုယန်မုန့်၊ ဒီမင်းသားက မင်း သေချင်စိတ်ပေါက်သွားအောင်လုပ်ပေးမယ်။"
လော်ကျွင့်ယန်က အံကြိတ်ထားရင်း ကျိန်ဆို၏။
နဉ်ရှု : ...
လောလောဆယ် ခြံထဲမှာ လော်ကျွင့်ယန်၊ ရန်နန်ကျူးနဲ့ ကုန်းဝူမေ့တို့ရှိနေတယ်။ အမျိုးသားဇာတ်လိုက်သုံးယောက်လေ။ ဘူးညီနောင်ခုနစ်ဖော် စုစည်းမိတော့မှာတော့ မဟုတ်လောက်ပါဘူးနော်၊ ဟုတ်တယ်မလား?
နဉ်ရှုက နံရံကိုကြည့်လိုက်ကာ သူမ အဲ့ပေါ်ကခုန်ချပြီး အပြင်ထွက်နိုင်မလားဆိုတာ စူးစမ်းကြည့်ဖို့ ကြိုးစားလိုက်သည်။
ရန်နန်ကျူးနဲ့ကုန်းဝူမေ့တို့ကလည်း တိုက်ခိုက်နေတာ ရပ်လိုက်ကြပြီဖြစ်၏။ ကုန်းဝူမေ့က နဉ်ရှုဆီသွားလိုက်သော်လည်း ရန်နန်ကျူးက သူ့ကိုတားလာသည်မို့ သူက ရန်နန်ကျူးကို အေးစက်စွာသရော်၏။
"မင်း အဲ့မိန်းမကိုချစ်သွားတာလား? သူက ငါတို့နတ်ဆိုးဂိုဏ်းရဲ့ မြင့်မြတ်တဲ့အပျိုစင်ဆိုတာ မင်း မမေ့သင့်ဘူး။ မင်းလို သိုင်းလောကခေါင်းဆောင်က တကယ်ကြီးနတ်ဆိုးဂိုဏ်းဝင်ကို ချစ်မိသွားတယ်လား?"
ရန်နန်ကျူးရဲ့အမူအရာက နည်းနည်းလေးပင်ပြောင်းလဲမသွားချေ။
"ငါ့ပစ်မှတ်က မင်းပဲ။ ငါ မင်းကိုသတ်ပြီးတာနဲ့ သူ တစ်ခြားလူတွေကို အန္တရာယ်မပေးနိုင်တော့အောင်လုပ်မှာ။"
"ငါ့ကိုဖြေဆေးပေးစမ်း!"
ကုန်းဝူမေ့က အေးစက်စွာဆိုသည်။ သူ့ရဲ့နီရဲနေတဲ့မျက်လုံးတွေက လူသတ်လိုစိတ်တွေနဲ့ပြည့်နေသည်။ ဆံပင်တွေဝဲလွင့်နေတဲ့သူ့ပုံစံက ငရဲကတွားထွက်လာသလိုပင်။ သူ့ကိုယ်ကို သည်းမခံနိုင်လောက်စရာ သွေးနံ့တွေနဲ့ဆီးနံ့တွေက ဝန်းရံထား၏။
နဉ်ရှုက နောက်ပြန်ဆုတ်သည်။ အခု သူမ ဘာလုပ်သင့်လဲ?
အပြင်က ခြေသံတွေထပ်ထွက်လာချိန်မှာ သူမက ဘယ်လိုထွက်ပြေးရမလဲဆိုတာ စဉ်းစားနေတုန်းရှိသေးသည်။ ခြေသံတွေက အင်မတန်စနစ်ကျလှသော်လည်း အတော်လေးပြင်းထန်၏။
ထို့နောက်တွင်တော့ သံချပ်ကာဝတ်ဆင်ထားတဲ့စစ်ထူချင်းယွီက စစ်သည်တစ်စုကိုဦးဆောင်လျက် လျှောက်လှမ်းလာလေ၏။ စစ်ထူချင်းယွီဝင်လာချိန်၌ လော်ကျွင့်ယန်က အမြီးတက်နင်းခံလိုက်ရတဲ့ကြောင်တစ်ကောင်နှယ် တောင့်တင်းသွားကာ စစ်ထူချင်းယွီကိုအော်သည်။
"မင်းက ဒီကို ဘာကိစ္စလာတာတုန်း?"
စစ်ထူချင်းယွီက လော်ကျွင့်ယန်ဆီလျှောက်သွားကာ သူ့ခေါင်းကိုပွတ်သည်။ စကားပြောလာတဲ့သူ့အသံက ဆွဲဆောင်မှုရှိကာ ပြင်းပြလွန်းတဲ့ချစ်မြတ်နိုးမှုတွေနဲ့ပြည့်နေသည်။
"မင်း ရှန်းကော်ဘုရားကျောင်းကိုသွားတယ်ကြားလို့ မင်းကို ကာကွယ်ဖို့လာခဲ့တာ။"
"ငါ မင့်အကာအကွယ်မလိုဘူး။ စစ်ထူချင်းယွီ၊ ဒီကထွက်သွားစမ်း!"
လော်ကျွင့်ယန်က အော်သည်။ သူ့မျက်နှာက လုံးဝနီရဲနေ၏။
"အင်း၊ မင်းက ဒီစစ်သူကြီးရဲ့ကာကွယ်ပေးမှုကို မလိုပါဘူး၊ မင်းကို ကာကွယ်ပေးချင်နေတာက ဒီစစ်သူကြီးပါ။"
စစ်ထူချင်းယွီက အလိုလိုက်စွာဆို၏။ သူ့မျက်လုံးတွေက ချစ်ခင်မြတ်နိုးမှုတွေ၊ အရူးအမူးချစ်ခြင်းတွေနဲ့ပြည့်နေသည်။
လော်ကျွင့်ယန်ကိုကြည့်နေတဲ့သူ့မျက်လုံးတွေထဲမှာ အားကောင်းတဲ့ပိုင်ဆိုင်လိုမှုတွေနဲ့ လိုအင်ဆန္ဒတွေရှိနေတာကြောင့် သူတို့ကြားရှိလေထုက အင်မတန်ထူးဆန်းလို့နေ၏။
ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ ရန်နန်ကျူးနဲ့ကုန်းဝူမေ့တို့ရဲ့မျက်နှာထက်မှာ ထူးဆန်းတဲ့အကြည့်တွေရှိနေသည်။ ထို့နောက်တွင်တော့ ကုန်းဝူမေ့က ရယ်မောကာ ကြောက်မက်ဖွယ်ကောင်းစွာဆိုလာ၏။
"ဒီတော့ သူတို့က ရေထဲမှာခရီးသွားရတာထက် ခြောက်သွေ့နေတဲ့လမ်းပေါ်မှာ လမ်းလျှောက်ရတာကို ပိုသဘောကျတဲ့ယောက်ျားတွေပေါ့လေ။"
စစ်ထူချင်းယွီရဲ့ အကြည့်စူးစူးက ပျံ့လွင့်ရောက်ရှိလာသော်လည်း ကုန်းဝူမေ့ရဲ့မျက်နှာကိုမြင်လိုက်ရချိန်၌မူ သူ အံ့အားသင့်သွားပါလေ၏။ ထို့နောက် သူကပြုံးသည်။
"မင်းလည်းမဆိုးပါဘူး။ ဒီစစ်သူကြီးက မင်းကိုလုပ်ချင်တယ်။"
ကုန်းဝူမေ့ရဲ့မျက်နှာအရောင်က ချေးတုံးမြိုချမိသည့်နှယ် ဖြူစုတ်သွားလေ၏။ ထို့နောက် စစ်ထူချင်းယွီက ကျန်လူတွေရဲ့မျက်နှာကို ခပ်ပေါ့ပေါ့ပင်ကြည့်လိုက်၏။ နဉ်ရှုကိုမြင်ချိန်၌ သူက အံကြိတ်ကာအော်သည်။
"မုယန်မုန့်!"
နဉ်ရှု ငိုချင်သွားသည်။ ဒါကဘာတုန်း? သူမက စစ်ထူချင်းယွီကို နှုတ်ဆက်လိုက်သည်။
"မတွေ့ရတာကြာပြီနော် စစ်သူကြီး။ ဘယ်လိုနေလဲ?"
"မင်းကျေးဇူးနဲ့ ဒီစစ်သူကြီးအရမ်းကိုနေလို့ကောင်းနေတယ်။ ဒီကျေးဇူးကိုပြန်ဆပ်ဖို့အတွက် ဒီစစ်သူကြီးက မင်းကို တစ်ဘဝလုံးညှင်းပန်းပြီး အသက်တစ်ရာထိနေခိုင်းဖို့ ဆုံးဖြတ်ထားတယ်။"
စစ်ထူချင်းယွီက ရက်စက်စွာပြုံး၏။
နဉ်ရှု : ...
...
ဟိုးအစပိုင်းတွေတုန်းက သေချာမကြည့်ဘဲ လော်ကျွင့်ယွမ်လို့ပြန်ခဲ့မိတာ။ အမှန်က Luo Junyan (လော်ကျွင့်ယန်)။ ဘာသာပြန်အမှားအတွက် တောင်းပန်ပါတယ်။
...
Zawgyi
ဘူးညီေနာင္ခုနစ္ေဖာ္စုစည္းတာလား?
_______________
နဉ္ရႈထြက္ေျပးသြားတာကို ေတြ့လိုက္ရတာေၾကာင့္ ကုန္းဝူေမ့က ရန္နန္က်ူးကို "သြားစမ္း!"လို႔ေအာ္လိုက္ၿပီး နဉ္ရႈေနာက္ကေျပးလိုက္သြားသည္။
"ကုန္းဝူေမ့၊ ငါရိွေနသေရြ့ မင္း ငါ့လက္ထဲကလြတ္ဖို႔ႀကိဳးစားေနတာကို အရႈံးေပးလိုက္သင့္တယ္။"
ရန္နန္က်ူးက ကုန္းဝူေမ့ရဲ့လမ္းမွာ ပိတ္ရပ္လိုက္ၿပီး ႏွစ္ေယာက္သား ထပ္မံတိုက္ခိုက္ၾကေတာ့သည္။
သို႔ေသာ္လည္း ထြက္ေျပးသြားၿပီးေနာက္တြင္ နဉ္ရႈမွာ ျပန္လွၫ့္ေျပးလာျပန္၏။ နဉ္ရႈကိုျမင္တဲ့အခါ ကုန္းဝူေမ့က ေအးစက္စြာေအာ္သည္။
"ေျဖေဆးေပးစမ္း!"
နဉ္ရႈက သူ႔ကို အေရးမလုပ္ဘဲ ၿခံထဲဝင္လာတဲ့လူအုပ္ႀကီးကို ျပန္လွၫ့္ၾကၫ့္လိုက္သည္။ ေခါင္းေဆာင္လာတဲ့လူက နဉ္ရႈကိုၾကၫ့္ရင္း ေဒါသတႀကီးအံႀကိတ္ေနသည္။ ေအာ္ဟစ္လာတဲ့သူ႔အသံက မုန္းတီးမႈေတြနဲ႔ျပၫ့္ေန၏။
"မုယန္မုန႔္!"
"ေနေကာင္းရဲ့လား မင္းသား? တကယ္ပဲ တိုက္ဆိုင္လိုက္တာေနာ္။ ရွင္လည္း ဒီမွာ အေမႊးတိုင္ထြန္းဖို႔ေရာက္ေနတာလား?"
Advertisement
နဉ္ရႈက သူမ ေသေတာ့မယ္လို႔ခံစားေနရတာေတာင္မွ ေလာ္ကြၽင့္ယန္ကို ေတာက္ပစြာၿပံဳးျပကာ ႏႈတ္ဆက္လိုက္၏။ သူမ ဘာလို႔ ဒီေကာင္နဲ႔တိုးတာနဲ႔ အဆံုးသတ္သြားရတာလဲ?
"မုယန္မုန႔္၊ ဒီမင္းသားက မင္း ေသခ်င္စိတ္ေပါက္သြားေအာင္လုပ္ေပးမယ္။"
ေလာ္ကြၽင့္ယန္က အံႀကိတ္ထားရင္း က်ိန္ဆို၏။
နဉ္ရႈ : ...
ေလာေလာဆယ္ ၿခံထဲမွာ ေလာ္ကြၽင့္ယန္၊ ရန္နန္က်ူးနဲ႔ ကုန္းဝူေမ့တို႔ရိွေနတယ္။ အမ်ိဳးသားဇာတ္လိုက္သံုးေယာက္ေလ။ ဘူးညီေနာင္ခုနစ္ေဖာ္ စုစည္းမိေတာ့မွာေတာ့ မဟုတ္ေလာက္ပါဘူးေနာ္၊ ဟုတ္တယ္မလား?
နဉ္ရႈက နံရံကိုၾကၫ့္လိုက္ကာ သူမ အဲ့ေပၚကခုန္ခ်ၿပီး အျပင္ထြက္ႏိုင္မလားဆိုတာ စူးစမ္းၾကၫ့္ဖို႔ ႀကိဳးစားလိုက္သည္။
ရန္နန္က်ူးနဲ႔ကုန္းဝူေမ့တို႔ကလည္း တိုက္ခိုက္ေနတာ ရပ္လိုက္ၾကၿပီျဖစ္၏။ ကုန္းဝူေမ့က နဉ္ရႈဆီသြားလိုက္ေသာ္လည္း ရန္နန္က်ူးက သူ႔ကိုတားလာသည္မို႔ သူက ရန္နန္က်ူးကို ေအးစက္စြာသေရာ္၏။
"မင္း အဲ့မိန္းမကိုခ်စ္သြားတာလား? သူက ငါတို႔နတ္ဆိုးဂိုဏ္းရဲ့ ျမင့္ျမတ္တဲ့အပ်ိဳစင္ဆိုတာ မင္း မေမ့သင့္ဘူး။ မင္းလို သိုင္းေလာကေခါင္းေဆာင္က တကယ္ႀကီးနတ္ဆိုးဂိုဏ္းဝင္ကို ခ်စ္မိသြားတယ္လား?"
ရန္နန္က်ူးရဲ့အမူအရာက နည္းနည္းေလးပင္ေျပာင္းလဲမသြားေခ်။
"ငါ့ပစ္မွတ္က မင္းပဲ။ ငါ မင္းကိုသတ္ၿပီးတာနဲ႔ သူ တစ္ျခားလူေတြကို အႏၲရာယ္မေပးႏိုင္ေတာ့ေအာင္လုပ္မွာ။"
"ငါ့ကိုေျဖေဆးေပးစမ္း!"
ကုန္းဝူေမ့က ေအးစက္စြာဆိုသည္။ သူ႔ရဲ့နီရဲေနတဲ့မ်က္လံုးေတြက လူသတ္လိုစိတ္ေတြနဲ႔ျပၫ့္ေနသည္။ ဆံပင္ေတြဝဲလြင့္ေနတဲ့သူ႔ပံုစံက ငရဲကတြားထြက္လာသလိုပင္။ သူ႔ကိုယ္ကို သည္းမခံႏိုင္ေလာက္စရာ ေသြးနံ႔ေတြနဲ႔ဆီးနံ႔ေတြက ဝန္းရံထား၏။
နဉ္ရႈက ေနာက္ျပန္ဆုတ္သည္။ အခု သူမ ဘာလုပ္သင့္လဲ?
အျပင္က ေျခသံေတြထပ္ထြက္လာခ်ိန္မွာ သူမက ဘယ္လိုထြက္ေျပးရမလဲဆိုတာ စဉ္းစားေနတုန္းရိွေသးသည္။ ေျခသံေတြက အင္မတန္စနစ္က်လွေသာ္လည္း အေတာ္ေလးျပင္းထန္၏။
ထို႔ေနာက္တြင္ေတာ့ သံခ်ပ္ကာဝတ္ဆင္ထားတဲ့စစ္ထူခ်င္းယြီက စစ္သည္တစ္စုကိုဦးေဆာင္လ်က္ ေလ်ွာက္လွမ္းလာေလ၏။ စစ္ထူခ်င္းယြီဝင္လာခ်ိန္၌ ေလာ္ကြၽင့္ယန္က အၿမီးတက္နင္းခံလိုက္ရတဲ့ေၾကာင္တစ္ေကာင္ႏွယ္ ေတာင့္တင္းသြားကာ စစ္ထူခ်င္းယြီကိုေအာ္သည္။
"မင္းက ဒီကို ဘာကိစၥလာတာတုန္း?"
စစ္ထူခ်င္းယြီက ေလာ္ကြၽင့္ယန္ဆီေလ်ွာက္သြားကာ သူ႔ေခါင္းကိုပြတ္သည္။ စကားေျပာလာတဲ့သူ႔အသံက ဆြဲေဆာင္မႈရိွကာ ျပင္းျပလြန္းတဲ့ခ်စ္ျမတ္ႏိုးမႈေတြနဲ႔ျပၫ့္ေနသည္။
"မင္း ရွန္းေကာ္ဘုရားေက်ာင္းကိုသြားတယ္ၾကားလို႔ မင္းကို ကာကြယ္ဖို႔လာခဲ့တာ။"
"ငါ မင့္အကာအကြယ္မလိုဘူး။ စစ္ထူခ်င္းယြီ၊ ဒီကထြက္သြားစမ္း!"
ေလာ္ကြၽင့္ယန္က ေအာ္သည္။ သူ႔မ်က္ႏွာက လံုးဝနီရဲေန၏။
"အင္း၊ မင္းက ဒီစစ္သူႀကီးရဲ့ကာကြယ္ေပးမႈကို မလိုပါဘူး၊ မင္းကို ကာကြယ္ေပးခ်င္ေနတာက ဒီစစ္သူႀကီးပါ။"
စစ္ထူခ်င္းယြီက အလိုလိုက္စြာဆို၏။ သူ႔မ်က္လံုးေတြက ခ်စ္ခင္ျမတ္ႏိုးမႈေတြ၊ အရူးအမူးခ်စ္ျခင္းေတြနဲ႔ျပည့္ေနသည္။
ေလာ္ကြၽင့္ယန္ကိုၾကၫ့္ေနတဲ့သူ႔မ်က္လံုးေတြထဲမွာ အားေကာင္းတဲ့ပိုင္ဆိုင္လိုမႈေတြနဲ႔ လိုအင္ဆႏၵေတြရိွေနတာေၾကာင့္ သူတို႔ၾကားရိွေလထုက အင္မတန္ထူးဆန္းလို႔ေန၏။
ဒီျမင္ကြင္းကိုျမင္လိုက္ရတဲ့ ရန္နန္က်ူးနဲ႔ကုန္းဝူေမ့တို႔ရဲ့မ်က္ႏွာထက္မွာ ထူးဆန္းတဲ့အၾကၫ့္ေတြရိွေနသည္။ ထို႔ေနာက္တြင္ေတာ့ ကုန္းဝူေမ့က ရယ္ေမာကာ ေၾကာက္မက္ဖြယ္ေကာင္းစြာဆိုလာ၏။
"ဒီေတာ့ သူတို႔က ေရထဲမွာခရီးသြားရတာထက္ ေျခာက္ေသြ့ေနတဲ့လမ္းေပၚမွာ လမ္းေလ်ွာက္ရတာကို ပိုသေဘာက်တဲ့ေယာက္်ားေတြေပါ့ေလ။"
စစ္ထူခ်င္းယြီရဲ့ အၾကၫ့္စူးစူးက ပ်ံ့လြင့္ေရာက္ရိွလာေသာ္လည္း ကုန္းဝူေမ့ရဲ့မ်က္ႏွာကိုျမင္လိုက္ရခ်ိန္၌မူ သူ အံ့အားသင့္သြားပါေလ၏။ ထို႔ေနာက္ သူကၿပံဳးသည္။
"မင္းလည္းမဆိုးပါဘူး။ ဒီစစ္သူႀကီးက မင္းကိုလုပ္ခ်င္တယ္။"
ကုန္းဝူေမ့ရဲ့မ်က္ႏွာအေရာင္က ေခ်းတံုးၿမိဳခ်မိသၫ့္ႏွယ္ ျဖဴစုတ္သြားေလ၏။ ထို႔ေနာက္ စစ္ထူခ်င္းယြီက က်န္လူေတြရဲ့မ်က္ႏွာကို ခပ္ေပါ့ေပါ့ပင္ၾကၫ့္လိုက္၏။ နဉ္ရႈကိုျမင္ခ်ိန္၌ သူက အံႀကိတ္ကာေအာ္သည္။
"မုယန္မုန႔္!"
နဉ္ရႈ ငိုခ်င္သြားသည္။ ဒါကဘာတုန္း? သူမက စစ္ထူခ်င္းယြီကို ႏႈတ္ဆက္လိုက္သည္။
"မေတြ့ရတာၾကာၿပီေနာ္ စစ္သူႀကီး။ ဘယ္လိုေနလဲ?"
"မင္းေက်းဇူးနဲ႔ ဒီစစ္သူႀကီးအရမ္းကိုေနလို႔ေကာင္းေနတယ္။ ဒီေက်းဇူးကိုျပန္ဆပ္ဖို႔အတြက္ ဒီစစ္သူႀကီးက မင္းကို တစ္ဘဝလံုးၫွင္းပန္းၿပီး အသက္တစ္ရာထိေနခိုင္းဖို႔ ဆံုးျဖတ္ထားတယ္။"
စစ္ထူခ်င္းယြီက ရက္စက္စြာၿပံဳး၏။
နဉ္ရႈ : ...
...
ဟိုးအစပိုင္းေတြတုန္းက ေသခ်ာမၾကၫ့္ဘဲ ေလာ္ကြၽင့္ယြမ္လို႔ျပန္ခဲ့မိတာ။ အမွန္က Luo Junyan (ေလာ္ကြၽင့္ယန္)။ ဘာသာျပန္အမွားအတြက္ ေတာင္းပန္ပါတယ္။
...
Advertisement
- In Serial20 Chapters
Void Mana
Alex has lived is entire life as an orphan. Now with his time at the Orphanage coming to an end, A Grimoire might be just what he needs.
8 97 - In Serial596 Chapters
Rage: Crisis / Consequence / ???
Its been ten years since Seth was given his powers, ten years since his town was driven mad by that very same power, and ten years since its source was shunted into his head. A species of energy beings, a people filled with regret for what their entrance onto this world caused. Regret for the deaths that town perpetuated, the devastation they brought, the blow they served to the once proud heroes of this world. Heroes Seth now hopes to join, hopes to heal and atone to for what transpired. But their wounds run deep, their ire sharp, and their acceptance thin. And to top it all off... Seth's power is run far deeper than he knows, and sees his world in a light all its own. This series is my first foray into authoring, with two parts out of at best four if the readership stands. But part three will still book end nicely otherwise. And I'm not stopping till then. It is action heavy with varied and ramping up fight scenes through out. (Book 1 is heavy / Book 2 a little lighter) It is bloody in places, mildly gory in others, and heavily gory in simulated places. Nothing truly horrifying, I think, but be warned. It has trauma. PTSD is a major part of the story, but I will never trust that I got it completely right, so your mileage may vary on how believable or impactful it is. Lastly it has language. Swearing ebbs and flows as the story progresses and attitudes harden or soften. Sometimes bleeding through into the narration... somehow.
8 77 - In Serial12 Chapters
Affection || Lee Know
26-year-old Annie Wang, school teacher to 7-year-old Lee Dami, falls for her student's father, 28-year-old Lee Minho.TR: Speaks of Domestic Abuse, Pedestrian AccidentStarted: 18.09.18Completed: 30.09.18
8 101 - In Serial61 Chapters
wires, steve harrington
❝ the wires got the best of him ❞s. harrington x henderson!ocstranger things seasons two, three, and fourlowercase intended© hollywillow-- awarded best steve harrington fanfic 2022
8 149 - In Serial12 Chapters
The Owl House: Wolfwalkers on the Boiling Isles
Takes place after Young Blood, Old Souls; Luz suddenly has gain the power of a Wolfwalker. A being that posseses the power to talk to wolves, and turn into one when they sleep. Now, with this new power, she must learn how to be a wolf, and keep this power a secret from her friends, including Amity. If she can be able to keep it a secret...
8 190 - In Serial82 Chapters
THE WHITE ROSE PAINTED WITH BLOOD
[ poetry story / teen fiction ] : about teens, who were afraid. NOTE : feel free to skip the entirety of book i ; autumn and jump straight to book ii ; winter // © 2021-2022 @uranium-girl
8 176

