《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 138
Advertisement
Unicode
ကျွန်မက ဒီအတိုင်းလှနေတာပဲလေ
_____________
နဉ်ရှုက ဓားသွားကို လက်ညှိုးလက်မသုံးကာ ဂရုတစိုက်ညှပ်လိုက်ပြီး အပြုံးလေးနှင့် ဘေးကိုဖယ်သည်။
"ပွင့်ပွင့်လင်းလင်းပြောကြရအောင်ပါ လူကြီးမင်းရယ်၊ ဟုတ်ပြီလား? ဘာတွေများလောစရာလိုလို့လဲ? ရှင်က ကျွန်မကို ရှန်းကော်ဘုရားကျောင်းကိုသွားစေချင်တာ၊ ဟုတ်တယ်နော်? ကျွန်မကံက အခုတလော အရမ်းဆိုးနေတယ်လို့ ခံစားနေရတယ်။ ကံဆိုးမှုတွေပျောက်သွားအောင် အမွှေးတိုင်လေးနည်းနည်းလောက်သွားထွန်းတာ ကောင်းမယ်ထင်တယ်။"
"ပြီးတော့ ကျွန်မက နတ်ဆိုးဂိုဏ်းရဲ့မြင့်မြတ်တဲ့အပျိုစင်မဟုတ်ဘဲ မိသားစုကောင်းကသမီးလေးဆိုတာကို သက်သေပြဖို့နဲ့ သိုင်းလောကရဲ့ကျင့်ဝတ်သိက္ခာတွေကို ထိန်းသိမ်းနိုင်ဖို့အတွက် အဲ့မကောင်းဆိုးဝါးကောင်ကုန်းဝူမေ့ကိုဖမ်းဖို့ သိုင်းလောကခေါင်းဆောင်ကို သေချာပေါက်ကူညီမှာပါ။"
နဉ်ရှုက အင်မတန်စိတ်အားထက်သန်နေသည့်လေသံဖြင့်ဆိုသည်။
ရန်နန်ကျူးက ဓားကိုအောက်နှိမ့်ကာ ဓားအိမ်ထဲပြန်သွင်းလိုက်သည်။
"နတ်ဆိုးဂိုဏ်းကလူဆိုတဲ့အတိုင်း အပြောကောင်းသားပဲ။ ဒါပေမယ့် မင်းဘာပြောပြော ငါမင်းကိုယုံမှာမဟုတ်ဘူး။ နတ်ဆိုးဂိုဏ်းကလူတွေက အလိမ်အညာစကားတွေနဲ့ လူတွေရဲ့ခံယူချက်တွေကို ရှုပ်ထွေးအောင်လုပ်တဲ့နေရာမှာ အကျွမ်းကျင်ဆုံးပဲ။"
ရန်နန်ကျူးက အေးစက်စွာဆိုလေ၏။
နဉ်ရှု : ...
နဉ်ရှုမှာ ရန်နန်ကျူးနဲ့အတူ ရှန်းကော်ဘုရားကျောင်းကိုသွားဖို့ ဖိအားအပေးခံရလေ၏။ သို့သော်လည်း ကုန်းဝူမေ့ပေါ်မလာလောက်ဘူးဆိုတာကို သူမ အတော်လေးသေချာနေသည်။
ရှန်းကော်ဘုရားကျောင်းဆီသွားတဲ့လမ်းမှာ နဉ်ရှုရဲ့ရုပ်ရည်က ဆူပူမှုတစ်ချို့ဖြစ်စေခဲ့သည်။ အဆုံးတွင်တော့ မိန်းမတွေကို ဇွတ်အတင်းလုယူချင်ကြတဲ့ မကောင်းတဲ့နိုင်ထက်စီးနင်းသမားတွေ အမြဲရှိနေတတ်သည်ပဲ။ ရန်နန်ကျူးက သိုင်းပညာထူးချွန်တာမို့ သူတို့တွေ့ခဲ့ရတဲ့လူဆိုးကောင်များမှာ နဉ်ရှုရဲ့ဆံပင်ကိုထိရန်ပင် မစွမ်းနိုင်ကြချေ။
သို့သော်လည်း ရန်နန်ကျူးရဲ့အမူအရာကတော့ မည်းမှောင်လျက်သာရှိနေ၏။ သူက နဉ်ရှုကို အေးစက်စွာကြည့်ကာဆိုသည်။
"စုန်းမဆိုတဲ့အတိုင်း ဘယ်သွားသွား ယောက်ျားတွေကိုဖျားယောင်းနေတော့တာပဲ။"
လက်ရှိတွင် နဉ်ရှုသည် မီးပုံဘေးတွင်ထိုင်ကာ ကြက်ပေါင်ကိုက်လျက်ရှိ၏။ သူမက အရိုးကို ဘေးဘက်ဆီလွှင့်လိုက်ပြီး ပါးစပ်မှာပေနေတဲ့ဆီတွေကိုသုတ်ပြီးမှ နူးညံ့စွာဆိုသည်။
"ကျွန်မကတော့ အဲ့စကားကိုကြားရတာ တကယ်သဘောမကျဘူးလို့ ပြောရလိမ့်မယ်။"
"မင်းက အဲ့ယောက်ျားတွေကိုဖျားယောင်းတဲ့သူမဟုတ်လို့လား?"
ရန်နန်ကျူးက သူမကို စူးစိုက်ကြည့်လာသည်။ သူ့မျက်လုံးတွေထဲ ရောင်ပြန်ဟပ်နေတဲ့ ယိုင်ထိုးနေတဲ့မီးညွန့်တွေက သူ့မျက်လုံးတွေကို ထူးထူးခြားခြားဆွဲဆောင်မှုရှိနေစေသည်။
နဉ်ရှုက ပခုံးတွန့်ကာဆို၏။
"ကျွန်မအမှားလို့ပြောနေတာထက် အဲ့ယောက်ျားတွေရဲ့အမှားလို့ ဘာကြောင့်မပြောတာလဲ? ကျွန်မ ငယ်ငယ်လေးတည်းက ဒီအတိုင်းပဲဟာ၊ ကျွန်မက ဒီအတိုင်းလှနေတာပဲလေ။ ကျွန်မရဲ့ရုပ်ရည်က ကျွန်မမိဘတွေပေးထားတဲ့လက်ဆောင်ပဲကို။ ကျွန်မ တစ်ခြားသူတွေကို ကျွန်မရုပ်ရည်နဲ့အန္တရာယ်မပေးဖူးဘူးရော၊ တကယ်တမ်း အဲ့လူတွေကသာ ကျွန်မကလှလို့ လုချင်နေကြတာလေ။ အဲ့ဒါအဲ့ယောက်ျားတွေရဲ့အပြစ်ဆိုတာ အသိသာကြီးကို ရှင်က ဘာကိစ္စ ကျွန်မကိုအပြစ်တင်နေတာတုန်း? တဏှာရူးတဲ့လူတွေက ယောက်ျားတွေလေ၊ ဒါပေမယ့် ရှင်က ကျွန်မကို လှလို့ဆိုပြီး အပြစ်လာတင်နေတယ်။ သိုင်းလောကခေါင်းဆောင်ကြီးရယ်၊ ရှင် ကျွန်မကို လူတွေကိုဖျားယောင်းလို့ဆိုပြီး အပြစ်တင်နေမယ့်အစား ဘာကြောင့်များ အဲ့ယောက်ျားတွေကို မိန်းမနဲ့ကလေးတွေကိုအနိုင်ကျင့်တဲ့အတွက် မဝေဖန်ရတာလဲ? ယောက်ျားတွေက သူတို့ရဲ့အောက်ပိုင်းကိုတောင်မထိန်းနိုင်ဘဲနဲ့များ မိန်းမတွေကို အပြစ်လာတင်နေသေးတယ်။"
ရန်နန်ကျူးက ခဏမျှငေးငိုင်ကာကြည့်နေပြီးမှဆို၏။
"စုန်းမဆိုတဲ့အတိုင်း မင်းက လူတွေကို အလိမ်အညာတွေပြောပြီး အမှန်တရားကိုပြောင်းပစ်နိုင်တာပဲ။"
ဒီကိစ္စရဲ့အဓိကပြသနာကတော့ ယောက်ျားဝါဒပဲ။ အားလုံးက မိန်းမတွေအမှား။ ကျွတ် ကျွတ် ကျွတ်။ ဒီသခင်မကြီးကလှတာနဲ့ပဲ ဒီမိန်းမက ဖျားယောင်းဖို့အတွက် ဖော်ချွတ်ဝတ်စားထားတယ်ဆိုတဲ့ သောက်ရေးမပါတဲ့စကားတွေပြောပြီး ငါ့ကိုအနိုင်ကျင့်စော်ကားလို့မရဘူးဟဲ့။
နဉ်ရှုမှာ သူ့ကို စကားဆက်ပြောချင်စိတ်မရှိတော့။ အဆုံးကျတော့လည်း ဒီမိန်းမက နိမ့်ကျတဲ့အဆင့်အတန်းနဲ့မို့ မတရားတဲ့စွပ်စွဲချက်တွေကို သည်းခံနေရုံကလွဲပြီး ရွေးစရာမှမရှိတာ။
သူမက သစ်ပင်တစ်ပင်ကိုမှီကာ အိပ်ဖို့ပြင်သည်။ ရုတ်တရက် သူမက တစ်စုံတစ်ခုကိုသတိရသွားကာ မျက်လုံးဖွင့်၏။
"သိုင်းလောကခေါင်းဆောင်ကြီး၊ သိုင်းလောကရဲ့ဖြောင့်မတ်မှန်ကန်တဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ ရှင်ကတော့ အဲ့ယောက်ျားတွေနဲ့မတူဘဲ ကျွန်မခန္ဓာကိုယ်ကို မတပ်မက်လောက်ပါဘူးနော်?"
ရန်နန်ကျူးရဲ့မျက်နှာက ချက်ချင်းဆိုသလိုရှုံ့မဲ့သွားကာ သူက ရွံရှာမှုတွေပြည့်နေသည့်လေသံဖြင့်ဆိုလာ၏။
"မင်းလိုစုန်းမမျိုးကို ငါ ခံစားချက်ရှိလာဖို့ လုံးဝမဖြစ်နိုင်ဘူး။ ငါက အပြန်အလှန်ချစ်ကြတဲ့ဆက်ဆံရေးမျိုးပဲလိုချင်တာ။"
"ကောင်းတယ်၊ ရှင်လည်း ကျွန်မအလှကိုစွဲလန်းသွားပြီး မိုက်မဲတာတစ်ခုခုလုပ်မှာ ကျွန်မ တကယ်စိုးရိမ်နေတာ။"
နဉ်ရှုက စိတ်သက်သာရာရသွားသည့်လေသံလေးဖြင့်ဆိုသည်။
ရန်နန်ကျူး : ...
...
Zawgyi
ကြၽန္မက ဒီအတိုင္းလွေနတာပဲေလ
_____________
နဉ္ရႈက ဓားသြားကို လက္ၫွိုးလက္မသံုးကာ ဂရုတစိုက္ၫွပ္လိုက္ၿပီး အၿပံဳးေလးႏွင့္ ေဘးကိုဖယ္သည္။
"ပြင့္ပြင့္လင္းလင္းေျပာၾကရေအာင္ပါ လူႀကီးမင္းရယ္၊ ဟုတ္ၿပီလား? ဘာေတြမ်ားေလာစရာလိုလို႔လဲ? ရွင္က ကြၽန္မကို ရွန္းေကာ္ဘုရားေက်ာင္းကိုသြားေစခ်င္တာ၊ ဟုတ္တယ္ေနာ္? ကြၽန္မကံက အခုတေလာ အရမ္းဆိုးေနတယ္လို႔ ခံစားေနရတယ္။ ကံဆိုးမႈေတြေပ်ာက္သြားေအာင္ အေမႊးတိုင္ေလးနည္းနည္းေလာက္သြားထြန္းတာ ေကာင္းမယ္ထင္တယ္။"
"ၿပီးေတာ့ ကြၽန္မက နတ္ဆိုးဂိုဏ္းရဲ့ျမင့္ျမတ္တဲ့အပ်ိဳစင္မဟုတ္ဘဲ မိသားစုေကာင္းကသမီးေလးဆိုတာကို သက္ေသျပဖို႔နဲ႔ သိုင္းေလာကရဲ့က်င့္ဝတ္သိကၡာေတြကို ထိန္းသိမ္းႏိုင္ဖို႔အတြက္ အဲ့မေကာင္းဆိုးဝါးေကာင္ကုန္းဝူေမ့ကိုဖမ္းဖို႔ သိုင္းေလာကေခါင္းေဆာင္ကို ေသခ်ာေပါက္ကူညီမွာပါ။"
နဉ္ရႈက အင္မတန္စိတ္အားထက္သန္ေနသၫ့္ေလသံျဖင့္ဆိုသည္။
ရန္နန္က်ူးက ဓားကိုေအာက္ႏိွမ့္ကာ ဓားအိမ္ထဲျပန္သြင္းလိုက္သည္။
"နတ္ဆိုးဂိုဏ္းကလူဆိုတဲ့အတိုင္း အေျပာေကာင္းသားပဲ။ ဒါေပမယ့္ မင္းဘာေျပာေျပာ ငါမင္းကိုယံုမွာမဟုတ္ဘူး။ နတ္ဆိုးဂိုဏ္းကလူေတြက အလိမ္အညာစကားေတြနဲ႔ လူေတြရဲ့ခံယူခ်က္ေတြကို ရႈပ္ေထြးေအာင္လုပ္တဲ့ေနရာမွာ အကြၽမ္းက်င္ဆံုးပဲ။"
ရန္နန္က်ူးက ေအးစက္စြာဆိုေလ၏။
နဉ္ရႈ : ...
နဉ္ရႈမွာ ရန္နန္က်ူးနဲ႔အတူ ရွန္းေကာ္ဘုရားေက်ာင္းကိုသြားဖို႔ ဖိအားအေပးခံရေလ၏။ သို႔ေသာ္လည္း ကုန္းဝူေမ့ေပၚမလာေလာက္ဘူးဆိုတာကို သူမ အေတာ္ေလးေသခ်ာေနသည္။
ရွန္းေကာ္ဘုရားေက်ာင္းဆီသြားတဲ့လမ္းမွာ နဉ္ရႈရဲ့ရုပ္ရည္က ဆူပူမႈတစ္ခ်ိဳ႕ျဖစ္ေစခဲ့သည္။ အဆံုးတြင္ေတာ့ မိန္းမေတြကို ဇြတ္အတင္းလုယူခ်င္ၾကတဲ့ မေကာင္းတဲ့ႏိုင္ထက္စီးနင္းသမားေတြ အၿမဲရိွေနတတ္သည္ပဲ။ ရန္နန္က်ူးက သိုင္းပညာထူးခြၽန္တာမို႔ သူတို႔ေတြ့ခဲ့ရတဲ့လူဆိုးေကာင္မ်ားမွာ နဉ္ရႈရဲ့ဆံပင္ကိုထိရန္ပင္ မစြမ္းႏိုင္ၾကေခ်။
သို႔ေသာ္လည္း ရန္နန္က်ူးရဲ့အမူအရာကေတာ့ မည္းေမွာင္လ်က္သာရိွေန၏။ သူက နဉ္ရႈကို ေအးစက္စြာၾကၫ့္ကာဆိုသည္။
"စုန္းမဆိုတဲ့အတိုင္း ဘယ္သြားသြား ေယာက္်ားေတြကိုဖ်ားေယာင္းေနေတာ့တာပဲ။"
လက္ရိွတြင္ နဉ္ရႈသည္ မီးပံုေဘးတြင္ထိုင္ကာ ၾကက္ေပါင္ကိုက္လ်က္ရိွ၏။ သူမက အရိုးကို ေဘးဘက္ဆီလႊင့္လိုက္ၿပီး ပါးစပ္မွာေပေနတဲ့ဆီေတြကိုသုတ္ၿပီးမွ ႏူးညံ့စြာဆိုသည္။
"ကြၽန္မကေတာ့ အဲ့စကားကိုၾကားရတာ တကယ္သေဘာမက်ဘူးလို႔ ေျပာရလိမ့္မယ္။"
"မင္းက အဲ့ေယာက္်ားေတြကိုဖ်ားေယာင္းတဲ့သူမဟုတ္လို႔လား?"
ရန္နန္က်ူးက သူမကို စူးစိုက္ၾကၫ့္လာသည္။ သူ႔မ်က္လံုးေတြထဲ ေရာင္ျပန္ဟပ္ေနတဲ့ ယိုင္ထိုးေနတဲ့မီးၫြန႔္ေတြက သူ႔မ်က္လံုးေတြကို ထူးထူးျခားျခားဆြဲေဆာင္မႈရိွေနေစသည္။
နဉ္ရႈက ပခံုးတြန႔္ကာဆို၏။
"ကြၽန္မအမွားလို႔ေျပာေနတာထက္ အဲ့ေယာက္်ားေတြရဲ့အမွားလို႔ ဘာေၾကာင့္မေျပာတာလဲ? ကြၽန္မ ငယ္ငယ္ေလးတည္းက ဒီအတိုင္းပဲဟာ၊ ကြၽန္မက ဒီအတိုင္းလွေနတာပဲေလ။ ကြၽန္မရဲ့ရုပ္ရည္က ကြၽန္မမိဘေတြေပးထားတဲ့လက္ေဆာင္ပဲကို။ ကြၽန္မ တစ္ျခားသူေတြကို ကြၽန္မရုပ္ရည္နဲ႔အႏၲရာယ္မေပးဖူးဘူးေရာ၊ တကယ္တမ္း အဲ့လူေတြကသာ ကြၽန္မကလွလို႔ လုခ်င္ေနၾကတာေလ။ အဲ့ဒါအဲ့ေယာက္်ားေတြရဲ့အျပစ္ဆိုတာ အသိသာႀကီးကို ရွင္က ဘာကိစၥ ကြၽန္မကိုအျပစ္တင္ေနတာတုန္း? တဏွာရူးတဲ့လူေတြက ေယာက္်ားေတြေလ၊ ဒါေပမယ့္ ရွင္က ကြၽန္မကို လွလို႔ဆိုၿပီး အျပစ္လာတင္ေနတယ္။ သိုင္းေလာကေခါင္းေဆာင္ႀကီးရယ္၊ ရွင္ ကြၽန္မကို လူေတြကိုဖ်ားေယာင္းလို႔ဆိုၿပီး အျပစ္တင္ေနမယ့္အစား ဘာေၾကာင့္မ်ား အဲ့ေယာက္်ားေတြကို မိန္းမနဲ႔ကေလးေတြကိုအႏိုင္က်င့္တဲ့အတြက္ မေဝဖန္ရတာလဲ? ေယာက္်ားေတြက သူတို႔ရဲ့ေအာက္ပိုင္းကိုေတာင္မထိန္းႏိုင္ဘဲနဲ႔မ်ား မိန္းမေတြကို အျပစ္လာတင္ေနေသးတယ္။"
ရန္နန္က်ူးက ခဏမ်ွေငးငိုင္ကာၾကၫ့္ေနၿပီးမွဆို၏။
"စုန္းမဆိုတဲ့အတိုင္း မင္းက လူေတြကို အလိမ္အညာေတြေျပာၿပီး အမွန္တရားကိုေျပာင္းပစ္ႏိုင္တာပဲ။"
ဒီကိစၥရဲ့အဓိကျပသနာကေတာ့ ေယာက္်ားဝါဒပဲ။ အားလံုးက မိန္းမေတြအမွား။ ကြၽတ္ ကြၽတ္ ကြၽတ္။ ဒီသခင္မႀကီးကလွတာနဲ႔ပဲ ဒီမိန္းမက ဖ်ားေယာင္းဖို႔အတြက္ ေဖာ္ခြၽတ္ဝတ္စားထားတယ္ဆိုတဲ့ ေသာက္ေရးမပါတဲ့စကားေတြေျပာၿပီး ငါ့ကိုအႏိုင္က်င့္ေစာ္ကားလို႔မရဘူးဟဲ့။
နဉ္ရႈမွာ သူ႔ကို စကားဆက္ေျပာခ်င္စိတ္မရိွေတာ့။ အဆံုးက်ေတာ့လည္း ဒီမိန္းမက နိမ့္က်တဲ့အဆင့္အတန္းနဲ႔မို႔ မတရားတဲ့စြပ္စြဲခ်က္ေတြကို သည္းခံေနရံုကလြဲၿပီး ေရြးစရာမွမရိွတာ။
သူမက သစ္ပင္တစ္ပင္ကိုမွီကာ အိပ္ဖို႔ျပင္သည္။ ရုတ္တရက္ သူမက တစ္စံုတစ္ခုကိုသတိရသြားကာ မ်က္လံုးဖြင့္၏။
"သိုင္းေလာကေခါင္းေဆာင္ႀကီး၊ သိုင္းေလာကရဲ့ေျဖာင့္မတ္မွန္ကန္တဲ့ေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ ရွင္ကေတာ့ အဲ့ေယာက္်ားေတြနဲ႔မတူဘဲ ကြၽန္မခႏၶာကိုယ္ကို မတပ္မက္ေလာက္ပါဘူးေနာ္?"
ရန္နန္က်ူးရဲ့မ်က္ႏွာက ခ်က္ခ်င္းဆိုသလိုရႈံ႔မဲ့သြားကာ သူက ရြံရွာမႈေတျြပၫ့္ေနသၫ့္ေလသံျဖင့္ဆိုလာ၏။
"မင္းလိုစုန္းမမ်ိဳးကို ငါ ခံစားခ်က္ရိွလာဖို႔ လံုးဝမျဖစ္ႏိုင္ဘူး။ ငါက အျပန္အလွန္ခ်စ္ၾကတဲ့ဆက္ဆံေရးမ်ိဳးပဲလိုခ်င္တာ။"
"ေကာင္းတယ္၊ ရွင္လည္း ကြၽန္မအလွကိုစြဲလန္းသြားၿပီး မိုက္မဲတာတစ္ခုခုလုပ္မွာ ကြၽန္မ တကယ္စိုးရိမ္ေနတာ။"
နဉ္ရႈက စိတ္သက္သာရာရသြားသၫ့္ေလသံေလးျဖင့္ဆိုသည္။
ရန္နန္က်ူး : ...
...
Advertisement
- End835 Chapters
Terror Infinity
“Want to know the meaning of life? Want to live… a real life?” The world shall change when you click YES. In God’s dimension, you have to keep getting stronger, keep evolving to survive the never-ending horrors. Will you kill everyone in your way to reach the end as a lone king? Or fight along with your comrades and survive through the support of friends? Everything is just for staying alive, until you find the secret of God’s dimension. Who is the true enemy?
8 229 - In Serial12 Chapters
The One Born from Stars
Death. The end to the story of a man’s pained journey. A journey of pain and suffering. Of sights no man should’ve seen or experienced. A life he wished to have taken no part of. But if he were given a chance to relive another life. Would he? Would he mould the future to what he sees fit? Or escape it’s grasp before it could do anymore harm to him or those he loves? What would he do? What will he do? Cover is found here and all credit goes to the origninal producer of the artwork: https://www.pinterest.com.au/pin/847732329833010318/ Note: There is not set release schedule and there likely won't be one. There may be a month's between releases which are only 1000 ish words in size. So I highly reccomend coming back when there is a decent amount of reading material present. There is also no set plan for this fiction and it'll be used to release some stress, improve my writing, and to list down concept ideas possibly.
8 115 - In Serial25 Chapters
Filters
In March of 1954, Earth is covered in a month-long fog. This is what follows. (Updates Fridays)
8 325 - In Serial25 Chapters
Overlord Fanfic
MC died, meet a god, agreed to be isekai'd in isekai to be isekai'd later on isekai where magic is real. Makes sense right? Now read it.
8 164 - In Serial28 Chapters
Lilly's Adventures In the Old World
Lilly has recently entered marriage and motherhood with the best attitude she could muster. She has a sports-hero husband who loves her, and beautiful twin girls. But she is dismayed as she still has episodes of lucid dreaming and other neurological disturbances that have haunted her throughout life. She is about to enter another world, far away and long past, through her dreams. Experiences in this dream world will not only change her life, but, potentially, the lives of everyone in her waking world. She brings knowledge of gizmos and science demonstrations, along with a dire warning... [participant in the Royal Road Writathon challenge]
8 117 - In Serial15 Chapters
The Affair
Published: April 21, 2016Completed: May 2, 2016|Edited|~ I suck at descriptions, don't judge ~Nicolas claims he's been attending some business meetings out of town but every time his wife asks to join him, he declines. That is, until, he takes her on one where she decides to follow him and see for herself what he's really out doing.When she discovers he'd been cheating the entire time, she puts herself down but as soon as she lifts herself back up, she goes out and confronts the woman only to discover it's someone she cherished.What will happen? Find out in the story!!**Property of PrincessLiza95's creativity, therefore, no copying or posting on social media of any sort without my consent.**
8 124

