《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 136
Advertisement
Unicode
လူတွေကိုဖျားယောင်းနိုင်တဲ့ပင်ကိုယ်အရည်အချင်း
_______________
"စုန်းမ၊ ဒီလိုနိမ့်ကျတဲ့နည်းလမ်းတွေနဲ့ ငါ့ကို စိတ်ရှုပ်ထွေးအောင်လုပ်နေတာ တော်လိုက်တော့။"
ရန်နန်ကျူးက ခက်ထန်စွာဆိုသည်။
နဉ်ရှုက သက်ပြင်းရှည်ကြီးချသည်။
"ကျွန်မမှာ ဆက်ခံခွင့်တံဆိပ်ပြားရှိတယ်လို့ ရှင်မပြောခဲ့ဘူးလား? ဒါကြောင့်မို့ အဲ့တံဆိပ်ပြားထွက်လာအောင် ခါချဖို့ အဝတ်အစားချွတ်နေတာလေ။ 'ဆက်ခံခွင့်တံဆိပ်ပြား'ဆိုတာကြီး ကျလာမလားကြည့်ကြတာပေါ့။"
ရန်နန်ကျူးက ကျောပေးထား၏။ နဉ်ရှုက သူမရဲ့အဝတ်အစားတွေအားလုံးကို ခါချကာဆိုသည်။
"တွေ့လား? ဘာမှမရှိဘူး။"
ရန်နန်ကျူးက သူမကိုကြည့်လာကာဆို၏။
"တံဆိပ်ပြားက မင်းကိုယ်ပေါ်မှာမရှိပေမယ့် ဘယ်နေရာမှာရှိတယ်ဆိုတာ မင်းမသိဘူးလို့တော့ မဆိုလိုဘူးလေ။ ငါ မင်းကိုမယုံဘူး။"
နဉ်ရှုက အကူအညီကင်းမဲ့စွာဖြင့် လက်ဖြန့်၏။
"ကောင်းပြီလေ၊ သဘောပဲ။"
ထို့နောက် သူမက လှည့်ထွက်သွားတော့သည်။
"မင်း ဘယ်သွားနေတာလဲ? မင်းက နတ်ဆိုးဂိုဏ်းဝင်ပဲ။ မင်း ငါနဲ့လိုက်ခဲ့ရမယ်။"
ရန်နန်ကျူးက နဉ်ရှုကို အမီလိုက်လာသည်။
"အပြစ်မဲ့တဲ့လူတွေကို မင်း ထပ်ပြီးအန္တရာယ်မပေးနိုင်အောင်လို့ ငါ မင်းကိုဖမ်းရမယ်။"
နဉ်ရှု : ...
"သိုင်းလောကခေါင်းဆောင်ကြီးရှင့်၊ ကျွန်မ ဘယ်လောက်တောင်အားနည်းလဲဆိုတာ ကြည့်ပါဦး။ ကျွန်မက ဘယ်သူ့ကိုများ အန္တရာယ်ပေးနိုင်မှာလဲ?"
နဉ်ရှုက သူမရဲ့ဆံပင်ကိုဆွဲသည်။
"ရှင်က ဘာလို့ အဲ့မကောင်းဆိုးရွားကောင် ကုန်းဝူမေ့ကို ထွက်ပြေးလွတ်မြောက်ခွင့်ပေးပြီး ကျွန်မကို ဖမ်းဖို့ကြိုးစားနေရတာလဲ? ကျွန်မကိုဖမ်းတာက ဘာများအသုံးဝင်လို့လဲ? ရှင်တို့သိုင်းလောကဆိုတာကြီးက အားနည်းတဲ့အမျိုးသမီးတွေကို အနိုင်ကျင့်ဖို့ပဲသိတာများလား?"
"မင်းက အားနည်းတဲ့မိန်းမ?"
ရန်နန်ကျူးက သူမကိုကြည့်လာသည်။
"မင်းက လူတွေကိုဖျားယောင်းနိုင်တဲ့ မွေးရာပါအရည်အချင်းရှိပြီး နတ်ဆိုးဂိုဏ်းရဲ့ မြင့်မြတ်တဲ့အပျိုစင်လေ။ မင်းက မင်းရဲ့အလှကိုအသုံးပြုပြီး ယောက်ျားတွေကို ဆွဲဆောင်လို့ ကပ်ဘေးဒုက္ခတွေ ဖြစ်လာစေမှာသေချာပေါက်ပဲ။ သိုင်းလောက,ကလူတိုင်း ရွေးချယ်တင်မြှောက်ထားတဲ့ သိုင်းလောကခေါင်းဆောင်အနေနဲ့ သိုင်းလောကရဲ့တည်ငြိမ်မှုအတွက် သိုင်းလောကကို အန္တရာယ်ပြုမယ့် ဘယ်သူ့ကိုမဆို ငါ လွှတ်မပေးနိုင်ဘူး။"
နဉ်ရှုက သူ့ကို ကြည့်နေလိုက်တော့သည်။ ဒီလူက ဖြောင့်မတ်ပြီးတည်ကြည်လွန်းတယ်။ သူမ ဘာပြောရမှန်းတောင်မသိတော့ဘူးရယ်။
မူလဇာတ်ကြောင်းမှာတော့ မုယန်မုန့်က ကုန်းဝူမေ့အကျဉ်းချတာခံရပြီး အိပ်ရာပေါ်ကကျွန်အနေနဲ့ သုံးတာခံခဲ့ရတယ်။ နောက်တော့ နတ်ဆိုးဂိုဏ်းက တိုက်ခိုက်ခံလိုက်ရပြီး ကုန်းဝူမေ့က မုယန်မုန့်ကိုခေါ်သွားဖို့ အခွင့်အရေးမရခဲ့တာကြောင့် မုယန်မုန့်က ရန်နန်ကျူးကယ်တာခံလိုက်ရပြီး သူ့တိမ်လွှာနီအိမ်တော်ကိုခေါ်သွားတာခံရတယ်။
အဲ့မှာ အကယ်ခံထားရတဲ့တစ်ခြားမိန်းမတွေလည်းရှိတယ်။ မုယန်မုန့်ရောက်လာပြီးတည်းက ကုန်းဝူမေ့က သူတို့ကို မျက်နှာသာမပေးတော့တာမို့ သူတို့ထဲကတစ်ချို့က မုယန်မုန့်ကို မနာလိုဖြစ်နေကြတာ။ ဒါကြောင့်မို့ သူတို့က မုယန်မုန့်က ကုန်းဝူမေ့ရဲ့မိန်းကလေးဖြစ်ပြီး နတ်ဆိုးဂိုဏ်းဝင်တစ်ယောက်လို့ ရန်နန်ကျူးကိုပြောလိုက်ကြတယ်။ မုယန်မုန့်က လူတွေကို ဖျားယောင်းနိုင်တဲ့အရည်အချင်းရှိပြီး ဘယ်ယောက်ျားမှ သူမရဲ့ပြုစားမှုတွေက မလွတ်မြောက်နိုင်ဘူးလို့ ပြောလိုက်ကြသေးတယ်။
ရန်နန်ကျူးကလည်း မုယန်မုန့်နဲ့အတူတူရှိနေရင် တစ်ခါတစ်လေ သူ့မသိစိတ်က မုယန်မုန့်ကိုစိတ်ဝင်စားနေတာကို ကြုံခဲ့ရတယ်။ တစ်ခြားမိန်းမတွေက သူ့ကို မုယန်မုန့်ရဲ့လူတွေကိုဖျားယောင်းနိုင်တဲ့အရည်အချင်းအကြောင်းပြောခဲ့တာကို ပြန်သတိရသွားတဲ့အခါ သူ စိတ်မရှုပ်ထွေးဘဲမနေနိုင်တော့ဘူး။
သူ့နှလုံးသားက တစ်ခုခုကိုခံစားနေရပေမယ့် တစ်ချိန်တည်းမှာပဲ သိုင်းလောကရဲ့စည်းမျဉ်းတွေကိုလည်း ထိန်းသိမ်းနေရပြန်တယ်။ သူက သိုင်းလောကခေါင်းဆောင်ပါ၊ ဘယ်လိုလုပ်ပြီး နတ်ဆိုးဂိုဏ်းကမိန်းမတစ်ယောက်နဲ့ အတူရှိနေလို့ရမှာလဲ? သူက ဘယ်လိုလုပ်ပြီး စုန်းမတစ်ယောက်ရဲ့ပြုစားမှုအောက်မှာ သူ့ကိုယ်သူကျရှုံးခွင့်ပြုနိုင်မှာလဲ? ရန်နန်ကျူးက ဒီကိစ္စကြောင့် ရုန်းကန်နေရရင်း မုယန်မုန့်အပေါ် သူ့သဘောထားကလည်း ခက်ထန်လွန်းတာနဲ့အေးစက်လွန်းတာကြား ယိမ်းယိုင်နေတယ်။
သူမက နတ်ဆိုးဂိုဏ်းဝင်တစ်ယောက်မဟုတ်ဘဲ ကုန်းဝူမေ့ပြန်ပေးဆွဲခဲ့တဲ့သူပါလို့ မုယန်မုန့် ဘယ်လောက်ပဲကြိုးစားပြီးရှင်းပြရှင်းပြ၊ ရန်နန်ကျူးကတော့ သူမကို မယုံကြည်ခဲ့ဘူး။ ကုန်းဝူမေ့က တိမ်လွှာနီအိမ်တော်ကိုလာပြီး မုယန်မုန့်ကိုကယ်ဖို့ကြိုးစားတဲ့အခါမှာတော့ ရန်နန်ကျူးက သူမလိမ်နေတာလို့ ပိုပြီးယုံကြည်လာတယ်။
ထပ်ပြောရမယ်ဆိုရင် ပုပ်ပွနေတဲ့ကုန်းဝူမေ့ဆိုတဲ့ကောင်က တစ်ခါတစ်လေ တိမ်လွှာနီအိမ်တော်ထဲ ခိုးဝင်ပြီး မုယန်မုန့်နဲ့ လူးလှိမ့်တတ်သေးရဲ့။ ရန်နန်ကျူးက သူတို့ကို တစ်ခါမိသွားသေးတယ်၊ ဒါပေမယ့် သူက သွေးတွေပွက်ပွက်ဆူနေရင်းနဲ့ပဲ ပုန်းနေရာကနေကြည့်နေခဲ့တာ။
သူ မုယန့်မုန့်ကိုမုန်းတယ်၊ ပြီးတော့ သူ့ကိုယ်သူလည်းမုန်းတယ်။ မုယန်မုန့်ရဲ့ပြုစားမှုမှာ ကျရှုံးသွားလို့ သူ့ကိုယ်သူမုန်းတယ်၊ ဒါပေမယ့် ကိုယ့်ကိုကိုယ်တန်ဖိုးမထားဘဲ ယောက်ျားတစ်ယောက်ကို စိတ်တိုင်းကျအသုံးပြုခွင့်ပေးထားတဲ့ မုယန်မုန့်ကို ပိုမုန်းတယ်။
အတိုချုံးပြောရရင် ရန်နန်ကျူးက အရမ်းကိုဖြောင့်မတ်တည်ကြည်တဲ့ယောက်ျားမို့ မုယန်မုန့်က ယောက်ျားတွေကိုလှည့်စားဖို့ သနားစရာကောင်းသလိုဟန်ဆောင်နေတယ်လို့ ခံစားလာရတယ်။ သူ့ကို စိတ်အနှောင့်အယှက်အပေးဆုံးကတော့ သူလည်း အဲ့လှည့်ကွက်ထဲကျရောက်သွားတဲ့အချက်ပဲ။
...
စကားပြောသလိုရေးပြတာကလေ နဉ်ရှုက မူလဇာတ်ကြောင်းကို ပြန်ပြောပြနေတဲ့ပုံစံမျိုးအနေနဲ့ရေးထားတာပါ။ စကားပြေရောက်လိုက်၊ စကားပြောရောက်လိုက်ဆိုတော့ ရှုပ်ကုန်မှာစိုးလို့။ ရှေ့တုန်းကလည်း အဲ့လိုပဲရေးခဲ့တာထင်တယ်။
...
Zawgyi
လူေတြကိုဖ်ားေယာင္းႏိုင္တဲ့ပင္ကိုယ္အရည္အခ်င္း
_______________
"စုန္းမ၊ ဒီလိုနိမ့္က်တဲ့နည္းလမ္းေတြနဲ႔ ငါ့ကို စိတ္ရႈပ္ေထြးေအာင္လုပ္ေနတာ ေတာ္လိုက္ေတာ့။"
ရန္နန္က်ူးက ခက္ထန္စြာဆိုသည္။
နဉ္ရႈက သက္ျပင္းရွည္ႀကီးခ်သည္။
"ကြၽန္မမွာ ဆက္ခံခြင့္တံဆိပ္ျပားရိွတယ္လို႔ ရွင္မေျပာခဲ့ဘူးလား? ဒါေၾကာင့္မို႔ အဲ့တံဆိပ္ျပားထြက္လာေအာင္ ခါခ်ဖို႔ အဝတ္အစားခြၽတ္ေနတာေလ။ 'ဆက္ခံခြင့္တံဆိပ္ျပား'ဆိုတာႀကီး က်လာမလားၾကၫ့္ၾကတာေပါ့။"
ရန္နန္က်ူးက ေက်ာေပးထား၏။ နဉ္ရႈက သူမရဲ့အဝတ္အစားေတြအားလံုးကို ခါခ်ကာဆိုသည္။
"ေတြ့လား? ဘာမွမရိွဘူး။"
ရန္နန္က်ူးက သူမကိုၾကၫ့္လာကာဆို၏။
"တံဆိပ္ျပားက မင္းကိုယ္ေပၚမွာမရိွေပမယ့္ ဘယ္ေနရာမွာရိွတယ္ဆိုတာ မင္းမသိဘူးလို႔ေတာ့ မဆိုလိုဘူးေလ။ ငါ မင္းကိုမယံုဘူး။"
နဉ္ရႈက အကူအညီကင္းမဲ့စြာျဖင့္ လက္ျဖန႔္၏။
"ေကာင္းၿပီေလ၊ သေဘာပဲ။"
ထို႔ေနာက္ သူမက လွၫ့္ထြက္သြားေတာ့သည္။
"မင္း ဘယ္သြားေနတာလဲ? မင္းက နတ္ဆိုးဂိုဏ္းဝင္ပဲ။ မင္း ငါနဲ႔လိုက္ခဲ့ရမယ္။"
ရန္နန္က်ူးက နဉ္ရႈကို အမီလိုက္လာသည္။
"အျပစ္မဲ့တဲ့လူေတြကို မင္း ထပ္ၿပီးအႏၲရာယ္မေပးႏိုင္ေအာင္လို႔ ငါ မင္းကိုဖမ္းရမယ္။"
Advertisement
နဉ္ရႈ : ...
"သိုင္းေလာကေခါင္းေဆာင္ႀကီးရွင့္၊ ကြၽန္မ ဘယ္ေလာက္ေတာင္အားနည္းလဲဆိုတာ ၾကၫ့္ပါဦး။ ကြၽန္မက ဘယ္သူ႔ကိုမ်ား အႏၲရာယ္ေပးႏိုင္မွာလဲ?"
နဉ္ရႈက သူမရဲ့ဆံပင္ကိုဆြဲသည္။
"ရွင္က ဘာလို႔ အဲ့မေကာင္းဆိုးရြားေကာင္ ကုန္းဝူေမ့ကို ထြက္ေျပးလြတ္ေျမာက္ခြင့္ေပးၿပီး ကြၽန္မကို ဖမ္းဖို႔ႀကိဳးစားေနရတာလဲ? ကြၽန္မကိုဖမ္းတာက ဘာမ်ားအသံုးဝင္လို႔လဲ? ရွင္တို႔သိုင္းေလာကဆိုတာႀကီးက အားနည္းတဲ့အမ်ိဳးသမီးေတြကို အႏိုင္က်င့္ဖို႔ပဲသိတာမ်ားလား?"
"မင္းက အားနည္းတဲ့မိန္းမ?"
ရန္နန္က်ူးက သူမကိုၾကၫ့္လာသည္။
"မင္းက လူေတြကိုဖ်ားေယာင္းႏိုင္တဲ့ ေမြးရာပါအရည္အခ်င္းရိွၿပီး နတ္ဆိုးဂိုဏ္းရဲ့ ျမင့္ျမတ္တဲ့အပ်ိဳစင္ေလ။ မင္းက မင္းရဲ့အလွကိုအသံုးျပဳျပီး ေယာက္်ားေတြကို ဆြဲေဆာင္လို႔ ကပ္ေဘးဒုကၡေတြ ျဖစ္လာေစမွာေသခ်ာေပါက္ပဲ။ သိုင္းေလာက,ကလူတိုင္း ေရြးခ်ယ္တင္ေျမႇာက္ထားတဲ့ သိုင္းေလာကေခါင္းေဆာင္အေနနဲ႔ သိုင္းေလာကရဲ့တည္ၿငိမ္မႈအတြက္ သိုင္းေလာကကို အႏၲရာယ္ျပဳမယ့္ ဘယ္သူ႔ကိုမဆို ငါ လႊတ္မေပးႏိုင္ဘူး။"
နဉ္ရႈက သူ႔ကို ၾကၫ့္ေနလိုက္ေတာ့သည္။ ဒီလူက ေျဖာင့္မတ္ၿပီးတည္ၾကည္လြန္းတယ္။ သူမ ဘာေျပာရမွန္းေတာင္မသိေတာ့ဘူးရယ္။
မူလဇာတ္ေၾကာင္းမွာေတာ့ မုယန္မုန္႔က ကုန္းဝူေမ့အက်ဉ္းခ်တာခံရၿပီး အိပ္ရာေပၚကကြၽန္အေနနဲ႔ သံုးတာခံခဲ့ရတယ္။ ေနာက္ေတာ့ နတ္ဆိုးဂိုဏ္းက တိုက္ခိုက္ခံလိုက္ရၿပီး ကုန္းဝူေမ့က မုယန္မုန႔္ကိုေခၚသြားဖို႔ အခြင့္အေရးမရခဲ့တာေၾကာင့္ မုယန္မုန႔္က ရန္နန္က်ူးကယ္တာခံလိုက္ရၿပီး သူ႔တိမ္လႊာနီအိမ္ေတာ္ကိုေခၚသြားတာခံရတယ္။
အဲ့မွာ အကယ္ခံထားရတဲ့တစ္ျခားမိန္းမေတြလည္းရိွတယ္။ မုယန္မုန႔္ေရာက္လာၿပီးတည္းက ကုန္းဝူေမ့က သူတို႔ကို မ်က္ႏွာသာမေပးေတာ့တာမို႔ သူတို႔ထဲကတစ္ခ်ိဳ႕က မုယန္မုန႔္ကို မနာလိုျဖစ္ေနၾကတာ။ ဒါေၾကာင့္မို႔ သူတို႔က မုယန္မုန႔္က ကုန္းဝူေမ့ရဲ့မိန္းကေလးျဖစ္ၿပီး နတ္ဆိုးဂိုဏ္းဝင္တစ္ေယာက္လို႔ ရန္နန္က်ူးကိုေျပာလိုက္ၾကတယ္။ မုယန္မုန႔္က လူေတြကို ဖ်ားေယာင္းႏိုင္တဲ့အရည္အခ်င္းရိွၿပီး ဘယ္ေယာက္်ားမွ သူမရဲ့ျပဳစားမႈေတြက မလြတ္ေျမာက္ႏိုင္ဘူးလို႔ ေျပာလိုက္ၾကေသးတယ္။
ရန္နန္က်ူးကလည္း မုယန္မုန႔္နဲ႔အတူတူရိွေနရင္ တစ္ခါတစ္ေလ သူ႔မသိစိတ္က မုယန္မုန႔္ကိုစိတ္ဝင္စားေနတာကို ႀကံဳခဲ့ရတယ္။ တစ္ျခားမိန္းမေတြက သူ႔ကို မုယန္မုန႔္ရဲ့လူေတြကိုဖ်ားေယာင္းႏိုင္တဲ့အရည္အခ်င္းအေၾကာင္းေျပာခဲ့တာကို ျပန္သတိရသြားတဲ့အခါ သူ စိတ္မရႈပ္ေထြးဘဲမေနႏိုင္ေတာ့ဘူး။
သူ႔ႏွလံုးသားက တစ္ခုခုကိုခံစားေနရေပမယ့္ တစ္ခ်ိန္တည္းမွာပဲ သိုင္းေလာကရဲ့စည္းမ်ဉ္းေတြကိုလည္း ထိန္းသိမ္းေနရျပန္တယ္။ သူက သိုင္းေလာကေခါင္းေဆာင္ပါ၊ ဘယ္လိုလုပ္ၿပီး နတ္ဆိုးဂိုဏ္းကမိန္းမတစ္ေယာက္နဲ႔ အတူရိွေနလို႔ရမွာလဲ? သူက ဘယ္လိုလုပ္ၿပီး စုန္းမတစ္ေယာက္ရဲ့ျပဳစားမႈေအာက္မွာ သူ႔ကိုယ္သူက်ရႈံးခြင့္ျပဳႏိုင္မွာလဲ? ရန္နန္က်ူးက ဒီကိစၥေၾကာင့္ ရုန္းကန္ေနရရင္း မုယန္မုန႔္အေပၚ သူ႔သေဘာထားကလည္း ခက္ထန္လြန္းတာနဲ႔ေအးစက္လြန္းတာၾကား ယိမ္းယိုင္ေနတယ္။
သူမက နတ္ဆိုးဂိုဏ္းဝင္တစ္ေယာက္မဟုတ္ဘဲ ကုန္းဝူေမ့ျပန္ေပးဆြဲခဲ့တဲ့သူပါလို႔ မုယန္မုန႔္ ဘယ္ေလာက္ပဲႀကိဳးစားၿပီးရွင္းျပရွင္းျပ၊ ရန္နန္က်ူးကေတာ့ သူမကို မယံုၾကည္ခဲ့ဘူး။ ကုန္းဝူေမ့က တိမ္လႊာနီအိမ္ေတာ္ကိုလာၿပီး မုယန္မုန႔္ကိုကယ္ဖို႔ႀကိဳးစားတဲ့အခါမွာေတာ့ ရန္နန္က်ူးက သူမလိမ္ေနတာလို႔ ပိုၿပီးယံုၾကည္လာတယ္။
ထပ္ေျပာရမယ္ဆိုရင္ ပုပ္ပြေနတဲ့ကုန္းဝူေမ့ဆိုတဲ့ေကာင္က တစ္ခါတစ္ေလ တိမ္လႊာနီအိမ္ေတာ္ထဲ ခိုးဝင္ၿပီး မုယန္မုန႔္နဲ႔ လူးလိွမ့္တတ္ေသးရဲ့။ ရန္နန္က်ူးက သူတို႔ကို တစ္ခါမိသြားေသးတယ္၊ ဒါေပမယ့္ သူက ေသြးေတြပြက္ပြက္ဆူေနရင္းနဲ႔ပဲ ပုန္းေနရာကေနၾကၫ့္ေနခဲ့တာ။
သူ မုယန႔္မုန႔္ကိုမုန္းတယ္၊ ၿပီးေတာ့ သူ႔ကိုယ္သူလည္းမုန္းတယ္။ မုယန္မုန႔္ရဲ့ျပဳစားမႈမွာ က်ရႈံးသြားလို႔ သူ႔ကိုယ္သူမုန္းတယ္၊ ဒါေပမယ့္ ကိုယ့္ကိုကိုယ္တန္ဖိုးမထားဘဲ ေယာက္်ားတစ္ေယာက္ကို စိတ္တိုင္းက်အသံုးျပဳခြင့္ေပးထားတဲ့ မုယန္မုန႔္ကို ပိုမုန္းတယ္။
အတိုခ်ံဳးေျပာရရင္ ရန္နန္က်ူးက အရမ္းကိုေျဖာင့္မတ္တည္ၾကည္တဲ့ေယာက္်ားမို႔ မုယန္မုန႔္က ေယာက္်ားေတြကိုလွၫ့္စားဖို႔ သနားစရာေကာင္းသလိုဟန္ေဆာင္ေနတယ္လို႔ ခံစားလာရတယ္။ သူ႔ကို စိတ္အေနွာင့္အယွက္အေပးဆံုးကေတာ့ သူလည္း အဲ့လွၫ့္ကြက္ထဲက်ေရာက္သြားတဲ့အခ်က္ပဲ။
...
စကားေျပာသလိုေရးျပတာကေလ နဉ္ရႈက မူလဇာတ္ေၾကာင္းကို ျပန္ေျပာျပေနတဲ့ပံုစံမ်ိဳးအေနနဲ႔ေရးထားတာပါ။ စကားေျပေရာက္လိုက္၊ စကားေျပာေရာက္လိုက္ဆိုေတာ့ ရႈပ္ကုန္မွာစိုးလို႔။ ေရ႔ွတုန္းကလည္း အဲ့လိုပဲေရးခဲ့တာထင္တယ္။
...
Advertisement
- In Serial86 Chapters
Loopkeeper (Mind-Bending Time-Looping LitRPG)
"We know how it ends. We know how we die. And then the Loop begins anew." On the thirteenth day of Harvest, a mysterious woman enters Haven’s house of government and unleashes a devastation unlike anything seen in this world before. Lonely police recruit, Sham, is caught in the blast—and with it is thrown back in time nine days armed with a Legendary new skill. Now, he has just over a week to find this would-be terrorist before she can destroy the city of Haven and take countless lives in the process. But an investigation like this is never so simple. Dark cabals sell black market skill vials in the shadows. A strange new church emerges from nothing. Trained operatives pursue Haven’s future saviour. And the voices in Sham’s head seem to be getting louder. Updates Wednesdays and Sundays.
8 172 - In Serial147 Chapters
I'm A Walking Disaster With My Unwanted Virginity
WPC 182 Gold Winner!
8 656 - In Serial19 Chapters
Immersion
A lover of stories, Mono has always preferred reading or writing about characters and their conflicts over dealing with his own. One night, he wakes up to an insane, yet familiar scene from a story he has read: a grey room, a goddess, and a journey to a fantasy-like world. Forced to leave Earth and survive in the other world for a year, Mono explores magic rooted in human perception while he confronts issues both external and internal.
8 240 - In Serial9 Chapters
The Withering of Gold Vol. 1
Enjoy the lives of two overly enthusiastic gamers who spend their days wasting away in front of a screen! But how long can they keep up this life, when many unexpected events come and go...
8 81 - In Serial27 Chapters
Date of Dawn
Time is running out! The world of Nelen has taken to using time as a literal energy resource. The more it's consumed, the less there is of the future to experience. This will eventually lead to an apocalypse known as the Dawn. A meeting between an adventurer, a rich girl and a petty thief in a nowhere fishing town might just be what it takes to tip the scales though. Unfortunately for our heroes, they're dogged every step of the way by mercenaries, criminal empires and the agents of megacorporations on their quest. Will they elude capture and accomplish their goal, or fall prey to their pursuers? Welcome to Nelen: a world running on borrowed time.
8 178 - In Serial13 Chapters
Wanderer: Life in a New World
After losing his life to lung cancer, Hugh Carters, is sent to an odd room where he meets a well-trimmed man claiming to be God, or rather the God of his world. After being told his life story back to him and being reminded some painful details, he is told that due to his livelihood and his greed he was picked to become a Wanderer. A Wanderer is a reincarnated soul that gets sent to a different world to make a better life than the one he originally had. The reason why Hugh became a wonderer was because his life was too short in his eyes to fit his ambitions and his marriage never came to fruition, so when given the option to start from the beginning he accepted. The world he chose was one where various sentient races coexist and the Gods, or rather Vitans, interact with the lower realms. It's a world with magic, a large variety of unique creatures, and a chance to give Hugh everything he couldn't get in his previous life. When he was reincarnated he became Lucien Mercelious and his new life began.
8 118

