《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 135
Advertisement
Unicode
အရှက်မဲ့ပြီးသိက္ခာမရှိတဲ့စုန်းမ
___________
ကုန်းဝူမေ့ပြေးသွားတာကိုမြင်တဲ့အခါ ရန်နန်ကျူးက အလျင်စလိုပင် သူ့နောက်ကလိုက်လာသည်။ လူနှစ်ယောက်၊ ကုန်းဝူမေ့က သူ့လက်မောင်းတွေကြားပွေ့ဖက်ထားတဲ့ နဉ်ရှုကိုပါထည့်တွက်ရင် တကယ်တမ်း သုံးယောက်၊ သူတို့တွေက သံမဏိကြိုးကိုပြင်းထန်စွာလှုပ်ခါနေစေသည်။
နဉ်ရှုမှာ "နင်တို့ကောင်တွေ ဖြည်းဖြည်းလုပ်လို့မရဘူးလား? ဒါကြီးက အန္တရာယ်များတယ်ဟဲ့!"ဟု တကယ်ပင်ပြောချင်နေခဲ့ရှာသည်။
ကုန်းဝူမေ့က နောက်လှည့်ကြည့်ကာ အေးစက်စွာရယ်၏။ သူ့ဒဏ်ရာက သွေးတွေဆိုးဆိုးဝါးဝါးထွက်နေပြီး နဉ်ရှုရဲ့အပိုဝိတ်က သူ့ဒဏ်ရာကို ပိုဆိုးသွားစေသည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး သူ့ရဲ့အမြဲလိုလိုပန်းရောင်သမ်းနေတဲ့နှုတ်ခမ်းက ဖြူဖျော့နေ၏။
သူမက ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုဖြစ်နေတာကိုတောင် ကုန်းဝူမေ့က ဘာကြောင့်မို့ သူမကိုပါခေါ်လာရလဲဆိုတာကို နဉ်ရှု နားမလည်နိုင်တော့။
သို့ဟော်လည်း ကုန်းဝူမေ့ တစ်ဖက်ကမ်းပါးဆီရောက်သွားတာက နဉ်ရှုကို စိတ်သက်သာရာရသွားစေသည်။
ကုန်းဝူမေ့က တစ်ဖက်ကမ်းကိုရောက်ချိန်၌ နဉ်ရှုကို ချပေးလိုက်၏။ သူက ကြိုးကိုဖြတ်လာနေဆဲဖြစ်သည့် ရန်နန်ကျူးကိုကြည့်လိုက်ပြီးနောက် နဉ်ရှုကို ခပ်ကျယ်ကျယ်လေးပြောလိုက်တော့သည်။
"မြင့်မြတ်တဲ့အပျိုစင်၊ ကျုပ် ဂိုဏ်းရဲ့ဆက်ခံခွင့်တံဆိပ်ပြားကို ခင်ဗျားနဲ့ထားခဲ့မယ်။ လူခွဲပြေးပြီး ရှန်းကော်ဘုရားကျောင်းမှာတွေ့ကြတာပေါ့။ အဲ့အချိန်မတိုင်ခင်အထိတော့ ခင်ဗျား ကျုပ်တို့ဂိုဏ်းရဲ့ဆက်ခံခွင့်တံဆိပ်ပြားကို ကာကွယ်ထားရမယ်! ဆက်ခံခွင့်တံဆိပ်ပြားရှိနေသရွေ့ ကျုပ်ရဲ့ဂိုဏ်းလည်း ဆက်ရှိနေမှာပဲ။ ကျုပ်တို့တွေက ဒီသမာသမတ်ဂိုဏ်းတွေဖျက်ဆီးတာကို ဘယ်တော့မှခံရမှာမဟုတ်ဘူး!"
ဆက်ခံခွင့်တံဆိပ်ပြား? ရှန်းကော်ဘုရားကျောင်းမှာတွေ့မယ်? နင် ဘာသောက်စကားတွေပြောနေတာလဲ? နဉ်ရှုမှာ လုံးဝရှုပ်ထွေးနေရပါသော်လည်း ကုန်းဝူမေ့ကတော့ သူမ မတုန့်ပြန်နိုင်ခင်မှာပင် ထွက်ပြေးသွားချေပြီ။
ရန်နန်ကျူးက သူမဆီပြေးလာတာကိုမြင်တဲ့အခါ နဉ်ရှုသည် ကုန်းဝူမေ့နောက်သို့ အလောတကြီးပြေးလိုက်သွားလေ၏။
လီး! သူ သူမကို လှည့်စားသွားပြီ! ဘာဆက်ခံခွင့်တံဆိပ်ပြားလဲ? သူက ရန်နန်ကျူးရဲ့အာရုံကို သူမဆီလွှဲပစ်ဖို့ကြိုးစားနေရုံပဲကို! ဒီအယုတ်တမာကောင်ကတော့!
ဒါဆို ဒီသခင်မကြီးကလည်း တစ်ခြားဘက်ကိုပြေးဖို့ ငြင်းတယ်ဟာ၊ ဒီသခင်မကြီးက နင့်နောက်ပဲပြေးလိုက်မှာ!
ထင်ထားသည့်အတိုင်း ရန်နန်ကျူးက နဉ်ရှုနောက်ကိုစလိုက်တော့သည်။ နဉ်ရှု ရှေ့ကိုကြည့်ထပ်ကြည့်လိုက်မိကာ ကုန်းဝူမေ့ရဲ့ပုံရိပ်ကို မှုန်ဝါးဝါးသာမြင်ရတော့သည်ကိုတွေ့လိုက်ရပြီး တိတ်တဆိတ်ကျိန်ဆဲလိုက်၏။
ရန်နန်ကျူးက သူမနောက်ကို ဇွဲကောင်းကောင်းနဲ့လိုက်နေပြီး မီကာနီးလာသည်ကိုမြင်လိုက်ရသည်၌ သူမမှာ ပျာယာမခတ်ဘဲမနေနိုင်တော့။ ခဏကြာပြေးလွှားပြီးနောက်တွင် သူမမှာ လုံးဝအားကုန်နေပြီဖြစ်ပြီး အသက်ရှူဖို့ ရပ်နားရန်လိုနေသည်။ ထို့နောက် သူမကပြောလိုက်သည်။
"ခဏလေးပါ လူကြီးမင်း။ ကျွန်မမှာ ပြောစရာရှိတယ်။"
ရန်နန်ကျူးက နဉ်ရှုကို သတိအပြည့်ဖြင့်ကြည့်ကာ ဘေးကင်းစိတ်ချရတဲ့အကွာအဝေးတစ်ခုမှာရပ်ကာ ခက်ထန်စွာဆို၏။
"မင်းမှာ နတ်ဆိုးဂိုဏ်းရဲ့ဆက်ခံခွင့်တံဆိပ်ပြားရှိနေတယ်၊ တံဆိပ်ပြားပေး! မင်း နောင်တရပြီး ဘဝသစ်စမယ်ဆို ငါ မင်းအသက်ကို ချမ်းသာပေးမယ်။"
နဉ်ရှုက အကူအညီမဲ့နေသည့်လေသံဖြင့်ဆိုသည်။
"ကျွန်မက ကုန်းဝူမေ့ပြန်ပေးဆွဲတာခံထားရတဲ့သနားစရာမိန်းမတွေထဲကတစ်ယောက်လို့ပြောရင် ရှင် ယုံမှာလား?"
"မယုံဘူး။ မင်းက သူ ပြန်ပေးဆွဲခဲ့တဲ့သူဆိုရင် သူက မင်းအသက်ကို လုံးဝဂရုစိုက်မှာမဟုတ်ဘူး။ ဒါပေမယ့် သူက မင်းနဲ့အတူတူထွက်ပြေးဖို့ကြိုးစားခဲ့တယ်၊ သူက မင်းကိုဂရုစိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ပဲ။ နတ်ဆိုးဂိုဏ်းရဲ့ဆက်ခံခွင့်တံဆိပ်ပြားကိုထုတ်ပေး!"
ရန်နန်ကျူးက မျက်နှာထက်မှာ ဖြောင့်မတ်မှန်ကန်သည့်အမူအရာရှိနေရင်း နဉ်ရှုကို ဓားဖြင့်ရွယ်လာသည်။
"မဟုတ်လို့ကတော့ မယဉ်ကျေးတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့။"
နဉ်ရှု : ကျွန်မ...
စိတ်ပင်ပန်းလိုက်တာ။
"ကျွန်မမှာ ဘာဆက်ခံခွင့်တံဆိပ်ပြားမှမရှိဘူးရယ်။ ရှင် ကုန်းဝူမေ့နောက်ကိုပဲလိုက်သင့်တယ်။ ကုန်းဝူမေ့က ဂိုဏ်းချုပ်ဆိုပေမယ့် ကျွန်မက နူးညံ့အားနည်းတဲ့မိန်းကလေးတစ်ယောက်ပါ။ ဆက်ခံခွင့်တံဆိပ်ပြားဆိုတာမျိုး ရှိနေမယ်ဆိုရင်လည်း သူ့ဆီမှာပဲရှိမှာ။ ကျွန်မမှာ ဘာတိုက်ခိုက်နိုင်စွမ်းမှမရှိဘူး။ ဘယ်သူမဆို ကျွန်မကို အနိုင်ယူနေနိုင်တဲ့ဟာ၊ ဆက်ခံခွင့်တံဆိပ်ပြားက ဘယ်လိုလုပ် ကျွန်မလိုလူမျိုးနဲ့ရှိနေမှာလဲ? ဟုတ်တယ်မလား အစ်ကိုကြီး?"
နဉ်ရှုမှာ အင်မတန်မှပင် အကူအညီကင်းမဲ့နေသလိုခံစားလိုက်ရ၏။
"နတ်ဆိုးဂိုဏ်းရဲ့စုန်းမ၊ လှည့်စားဖို့ကြိုးစားနေတာကို ရပ်လိုက်! ဒါကလည်း ကုန်းဝူမေ့ရဲ့ အာရုံလွှဲဖို့ကြိုးစားတဲ့နည်းလမ်းပဲဖြစ်မှာ! စောစောက မင်းတို့စကားပြောနေတာကိုကြားလိုက်လို့သာမဟုတ်ရင် ဆက်ခံခွင့်တံဆိပ်ပြားက မင်းနဲ့ရှိနေတာကို ငါ သိမှာမဟုတ်ဘူး။ ကုန်းဝူမေ့က တမင်လုပ်ထားတာပဲ၊ အဆုံးကျတော့လည်း တံဆိပ်ပြားက မင်းလိုအားနည်းတဲ့မိန်းမရဲ့လက်ထဲမှာရှိနေလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ?"
ရန်နန်ကျူးက နဉ်ရှုကို ဓားဖြင့်ရွယ်လာသည်။
"မင်းတို့နတ်ဆိုးဂိုဏ်းက လူတွေကို မတရားအနိုင်ကျင့်ပြီး အပြစ်မဲ့တဲ့လူတွေကို အပြုံလိုက်သတ်တယ်! ဒီလိုနတ်ဆိုးဂိုဏ်းမျိုး၊ ဒီလိုဆက်ခံခွင့်တံဆိပ်ပြားမျိုးက ရှိမနေသင့်ဘူး! ဒါကြောင့် တံဆိပ်ပြားကိုထုတ်ပေးလိုက်တော့။"
နဉ်ရှု : ...
ပေါင်ပေါင်လေး တကယ်ကိုမတရားသလိုခံစားရတယ်! အမျိုးသားဇာတ်လိုက်ဆိုတာမျိုးက လူတိုင်းပြောတဲ့စကားကိုယုံပေမယ့် အမျိုးသမီးဇာတ်လိုက်ပြောတဲ့စကားကိုတော့ မယုံတတ်တဲ့တည်ရှိမှုမျိုးပဲ။ ဘယ်သူတွေ ဘာပြောပြော သူယုံပေမယ့် အမျိုးသမီးဇာတ်လိုက်ပြောတဲ့စကားကိုတော့ သူမက လည်ချောင်းခြောက်သွားတဲ့အထိပြောရင်တောင် တစ်ခွန်းမှ ယုံမှာမဟုတ်ဘူး။
စိတ်တိုလိုက်တာ။
နဉ်ရှုက သူမရဲ့အဝတ်တွေကိုချွတ်ဖို့ ခါးပတ်ကိုစဖြည်တော့သည်။ ရန်နန်ကျူးက အလောတကြီးကိုယ်ကိုလှည့်လိုက်ပြီး ဝေဖန်လေ၏။
"အရှက်မဲ့ပြီးသိက္ခာမရှိတဲ့စုန်းမ! မင်းရဲ့ဖျားယောင်းမှုမှာ ငါကျရှုံးလိမ့်မယ်များထင်နေလား?"
နဉ်ရှုက နှုတ်ခမ်းတို့ကိုတွန့်၏။ နင် အတွေးလွန်နေပြီရယ်။
...
ပေါင် : ရတနာ
ပေါင်ပေါင် : ရတနာလေး
ကလေးလေးတွေကိုခေါ်တဲ့အခါသုံးပါတယ်။
...
Zawgyi
အရွက္မဲ့ၿပီးသိကၡာမရိွတဲ့စုန္းမ
___________
ကုန္းဝူေမ့ေျပးသြားတာကိုျမင္တဲ့အခါ ရန္နန္က်ူးက အလ်င္စလိုပင္ သူ႔ေနာက္ကလိုက္လာသည္။ လူႏွစ္ေယာက္၊ ကုန္းဝူေမ့က သူ႔လက္ေမာင္းေတြၾကားေပြ့ဖက္ထားတဲ့ နဉ္ရႈကိုပါထၫ့္တြက္ရင္ တကယ္တမ္း သံုးေယာက္၊ သူတို႔ေတြက သံမဏိႀကိဳးကိုျပင္းထန္စြာလႈပ္ခါေနေစသည္။
နဉ္ရႈမွာ "နင္တို႔ေကာင္ေတြ ျဖည္းျဖည္းလုပ္လို႔မရဘူးလား? ဒါႀကီးက အႏၲရာယ္မ်ားတယ္ဟဲ့!"ဟု တကယ္ပင္ေျပာခ်င္ေနခဲ့ရွာသည္။
ကုန္းဝူေမ့က ေနာက္လွၫ့္ၾကၫ့္ကာ ေအးစက္စြာရယ္၏။ သူ႔ဒဏ္ရာက ေသြးေတြဆိုးဆိုးဝါးဝါးထြက္ေနၿပီး နဉ္ရႈရဲ့အပိုဝိတ္က သူ႔ဒဏ္ရာကို ပိုဆိုးသြားေစသည္။ သူ႔မ်က္ႏွာက ျဖဴေဖ်ာ့ေနၿပီး သူ႔ရဲ့အၿမဲလိုလိုပန္းေရာင္သမ္းေနတဲ့ႏႈတ္ခမ္းက ျဖဴေဖ်ာ့ေန၏။
သူမက ဝန္ထုပ္ဝန္ပိုးႀကီးတစ္ခုျဖစ္ေနတာကိုေတာင္ ကုန္းဝူေမ့က ဘာေၾကာင့္မို႔ သူမကိုပါေခၚလာရလဲဆိုတာကို နဉ္ရႈ နားမလည္ႏိုင္ေတာ့။
Advertisement
သို႔ေဟာ္လည္း ကုန္းဝူေမ့ တစ္ဖက္ကမ္းပါးဆီေရာက္သြားတာက နဉ္ရႈကို စိတ္သက္သာရာရသြားေစသည္။
ကုန္းဝူေမ့က တစ္ဖက္ကမ္းကိုေရာက္ခ်ိန္၌ နဉ္ရႈကို ခ်ေပးလိုက္၏။ သူက ႀကိဳးကိုျဖတ္လာေနဆဲျဖစ္သၫ့္ ရန္နန္က်ူးကိုၾကၫ့္လိုက္ၿပီးေနာက္ နဉ္ရႈကို ခပ္က်ယ္က်ယ္ေလးေျပာလိုက္ေတာ့သည္။
"ျမင့္ျမတ္တဲ့အပ်ိဳစင္၊ က်ဳပ္ ဂိုဏ္းရဲ့ဆက္ခံခြင့္တံဆိပ္ျပားကို ခင္ဗ်ားနဲ႔ထားခဲ့မယ္။ လူခြဲေျပးၿပီး ရွန္းေကာ္ဘုရားေက်ာင္းမွာေတြ့ၾကတာေပါ့။ အဲ့အခ်ိန္မတိုင္ခင္အထိေတာ့ ခင္ဗ်ား က်ဳပ္တို႔ဂိုဏ္းရဲ့ဆက္ခံခြင့္တံဆိပ္ျပားကို ကာကြယ္ထားရမယ္! ဆက္ခံခြင့္တံဆိပ္ျပားရိွေနသေရြ့ က်ဳပ္ရဲ့ဂိုဏ္းလည္း ဆက္ရိွေနမွာပဲ။ က်ဳပ္တို႔ေတြက ဒီသမာသမတ္ဂိုဏ္းေတြဖ်က္ဆီးတာကို ဘယ္ေတာ့မွခံရမွာမဟုတ္ဘူး!"
ဆက္ခံခြင့္တံဆိပ္ျပား? ရွန္းေကာ္ဘုရားေက်ာင္းမွာေတြ့မယ္? နင္ ဘာေသာက္စကားေတြေျပာေနတာလဲ? နဉ္ရႈမွာ လံုးဝရႈပ္ေထြးေနရပါေသာ္လည္း ကုန္းဝူေမ့ကေတာ့ သူမ မတုန႔္ျပန္ႏိုင္ခင္မွာပင္ ထြက္ေျပးသြားေခ်ၿပီ။
ရန္နန္က်ူးက သူမဆီေျပးလာတာကိုျမင္တဲ့အခါ နဉ္ရႈသည္ ကုန္းဝူေမ့ေနာက္သို႔ အေလာတႀကီးေျပးလိုက္သြားေလ၏။
လီး! သူ သူမကို လွၫ့္စားသြားၿပီ! ဘာဆက္ခံခြင့္တံဆိပ္ျပားလဲ? သူက ရန္နန္က်ူးရဲ့အာရံုကို သူမဆီလႊဲပစ္ဖို႔ႀကိဳးစားေနရံုပဲကို! ဒီအယုတ္တမာေကာင္ကေတာ့!
ဒါဆို ဒီသခင္မႀကီးကလည္း တစ္ျခားဘက္ကိုေျပးဖို႔ ျငင္းတယ္ဟာ၊ ဒီသခင္မႀကီးက နင့္ေနာက္ပဲေျပးလိုက္မွာ!
ထင္ထားသၫ့္အတိုင္း ရန္နန္က်ူးက နဉ္ရႈေနာက္ကိုစလိုက္ေတာ့သည္။ နဉ္ရႈ ေရ႔ွကိုၾကၫ့္ထပ္ၾကၫ့္လိုက္မိကာ ကုန္းဝူေမ့ရဲ့ပံုရိပ္ကို မႈန္ဝါးဝါးသာျမင္ရေတာ့သည္ကိုေတြ့လိုက္ရၿပီး တိတ္တဆိတ္က်ိန္ဆဲလိုက္၏။
ရန္နန္က်ူးက သူမေနာက္ကို ဇြဲေကာင္းေကာင္းနဲ႔လိုက္ေနၿပီး မီကာနီးလာသည္ကိုျမင္လိုက္ရသည္၌ သူမမွာ ပ်ာယာမခတ္ဘဲမေနႏိုင္ေတာ့။ ခဏၾကာေျပးလႊားၿပီးေနာက္တြင္ သူမမွာ လံုးဝအားကုန္ေနၿပီျဖစ္ၿပီး အသက္ရႉဖို႔ ရပ္နားရန္လိုေနသည္။ ထို႔ေနာက္ သူမကေျပာလိုက္သည္။
"ခဏေလးပါ လူႀကီးမင္း။ ကြၽန္မမွာ ေျပာစရာရိွတယ္။"
ရန္နန္က်ူးက နဉ္ရႈကို သတိအျပၫ့္ျဖင့္ၾကၫ့္ကာ ေဘးကင္းစိတ္ခ်ရတဲ့အကြာအေဝးတစ္ခုမွာရပ္ကာ ခက္ထန္စြာဆို၏။
"မင္းမွာ နတ္ဆိုးဂိုဏ္းရဲ့ဆက္ခံခြင့္တံဆိပ္ျပားရိွေနတယ္၊ တံဆိပ္ျပားေပး! မင္း ေနာင္တရၿပီး ဘဝသစ္စမယ္ဆို ငါ မင္းအသက္ကို ခ်မ္းသာေပးမယ္။"
နဉ္ရႈက အကူအညီမဲ့ေနသၫ့္ေလသံျဖင့္ဆိုသည္။
"ကြၽန္မက ကုန္းဝူေမ့ျပန္ေပးဆြဲတာခံထားရတဲ့သနားစရာမိန္းမေတြထဲကတစ္ေယာက္လို႔ေျပာရင္ ရွင္ ယံုမွာလား?"
"မယံုဘူး။ မင္းက သူ ျပန္ေပးဆြဲခဲ့တဲ့သူဆိုရင္ သူက မင္းအသက္ကို လံုးဝဂရုစိုက္မွာမဟုတ္ဘူး။ ဒါေပမယ့္ သူက မင္းနဲ႔အတူတူထြက္ေျပးဖို႔ႀကိဳးစားခဲ့တယ္၊ သူက မင္းကိုဂရုစိုက္တယ္ဆိုတဲ့အဓိပၸာယ္ပဲ။ နတ္ဆိုးဂိုဏ္းရဲ့ဆက္ခံခြင့္တံဆိပ္ျပားကိုထုတ္ေပး!"
ရန္နန္က်ူးက မ်က္ႏွာထက္မွာ ေျဖာင့္မတ္မွန္ကန္သၫ့္အမူအရာရိွေနရင္း နဉ္ရႈကို ဓားျဖင့္ရြယ္လာသည္။
"မဟုတ္လို႔ကေတာ့ မယဉ္ေက်းတဲ့အတြက္ ငါ့ကို အျပစ္မတင္နဲ႔။"
နဉ္ရႈ : ကြၽန္မ...
စိတ္ပင္ပန္းလိုက္တာ။
"ကြၽန္မမွာ ဘာဆက္ခံခြင့္တံဆိပ္ျပားမွမရိွဘူးရယ္။ ရွင္ ကုန္းဝူေမ့ေနာက္ကိုပဲလိုက္သင့္တယ္။ ကုန္းဝူေမ့က ဂိုဏ္းခ်ဳပ္ဆိုေပမယ့္ ကြၽန္မက ႏူးညံ့အားနည္းတဲ့မိန္းကေလးတစ္ေယာက္ပါ။ ဆက္ခံခြင့္တံဆိပ္ျပားဆိုတာမ်ိဳး ရိွေနမယ္ဆိုရင္လည္း သူ႔ဆီမွာပဲရိွမွာ။ ကြၽန္မမွာ ဘာတိုက္ခိုက္ႏိုင္စြမ္းမွမရိွဘူး။ ဘယ္သူမဆို ကြၽန္မကို အႏိုင္ယူေနႏိုင္တဲ့ဟာ၊ ဆက္ခံခြင့္တံဆိပ္ျပားက ဘယ္လိုလုပ္ ကြၽန္မလိုလူမ်ိဳးနဲ႔ရိွေနမွာလဲ? ဟုတ္တယ္မလား အစ္ကိုႀကီး?"
နဉ္ရႈမွာ အင္မတန္မွပင္ အကူအညီကင္းမဲ့ေနသလိုခံစားလိုက္ရ၏။
"နတ္ဆိုးဂိုဏ္းရဲ့စုန္းမ၊ လွၫ့္စားဖို႔ႀကိဳးစားေနတာကို ရပ္လိုက္! ဒါကလည္း ကုန္းဝူေမ့ရဲ့ အာရံုလႊဲဖို႔ႀကိဳးစားတဲ့နည္းလမ္းပဲျဖစ္မွာ! ေစာေစာက မင္းတို႔စကားေျပာေနတာကိုၾကားလိုက္လို႔သာမဟုတ္ရင္ ဆက္ခံခြင့္တံဆိပ္ျပားက မင္းနဲ႔ရိွေနတာကို ငါ သိမွာမဟုတ္ဘူး။ ကုန္းဝူေမ့က တမင္လုပ္ထားတာပဲ၊ အဆံုးက်ေတာ့လည္း တံဆိပ္ျပားက မင္းလိုအားနည္းတဲ့မိန္းမရဲ့လက္ထဲမွာရိွေနလိမ့္မယ္လို႔ ဘယ္သူထင္မွာလဲ?"
ရန္နန္က်ူးက နဉ္ရႈကို ဓားျဖင့္ရြယ္လာသည္။
"မင္းတို႔နတ္ဆိုးဂိုဏ္းက လူေတြကို မတရားအႏိုင္က်င့္ၿပီး အျပစ္မဲ့တဲ့လူေတြကို အၿပံဳလိုက္သတ္တယ္! ဒီလိုနတ္ဆိုးဂိုဏ္းမ်ိဳး၊ ဒီလိုဆက္ခံခြင့္တံဆိပ္ျပားမ်ိဳးက ရိွမေနသင့္ဘူး! ဒါေၾကာင့္ တံဆိပ္ျပားကိုထုတ္ေပးလိုက္ေတာ့။"
နဉ္ရႈ : ...
ေပါင္ေပါင္ေလး တကယ္ကိုမတရားသလိုခံစားရတယ္! အမ်ိဳးသားဇာတ္လိုက္ဆိုတာမ်ိဳးက လူတိုင္းေျပာတဲ့စကားကိုယံုေပမယ့္ အမ်ိဳးသမီးဇာတ္လိုက္ေျပာတဲ့စကားကိုေတာ့ မယံုတတ္တဲ့တည္ရိွမႈမ်ိဳးပဲ။ ဘယ္သူေတြ ဘာေျပာေျပာ သူယံုေပမယ့္ အမ်ိဳးသမီးဇာတ္လိုက္ေျပာတဲ့စကားကိုေတာ့ သူမက လည္ေခ်ာင္းေျခာက္သြားတဲ့အထိေျပာရင္ေတာင္ တစ္ခြန္းမွ ယံုမွာမဟုတ္ဘူး။
စိတ္တိုလိုက္တာ။
နဉ္ရႈက သူမရဲ့အဝတ္ေတြကိုခြၽတ္ဖို႔ ခါးပတ္ကိုစျဖည္ေတာ့သည္။ ရန္နန္က်ူးက အေလာတႀကီးကိုယ္ကိုလွၫ့္လိုက္ၿပီး ေဝဖန္ေလ၏။
"အရွက္မဲ့ၿပီးသိကၡာမရိွတဲ့စုန္းမ! မင္းရဲ့ဖ်ားေယာင္းမႈမွာ ငါက်ရႈံးလိမ့္မယ္မ်ားထင္ေနလား?"
နဉ္ရႈက ႏႈတ္ခမ္းတို႔ကိုတြန႔္၏။ နင္ အေတြးလြန္ေနၿပီရယ္။
...
ေပါင္ : ရတနာ
ေပါင္ေပါင္ : ရတနာေလး
ကေလးေလးေတြကိုေခၚတဲ့အခါသုးပါတယ္။
...
Advertisement
- In Serial81 Chapters
The Humble Life of a Skill Trainer
For Joshua Still, Skills were the lifeblood of his business. He wanted to understand them, collect many of them, and teach a few of them. Which was a problem because while his profession of a Skill Trainer was perfectly legal, it was frowned upon by most of the kingdom. After all, it wouldn't do for a non-tailor to teach Tailoring. Or, so says the Tailors Guild. The same could be said by the Blacksmiths, the Bakers, the Butchers, the Candlestick Makers, the Mages, and every other Guild with enough money and clout to complain. But still, Skill Trainers provide a valuable service, and so he has managed to start his business and keep it under the table. To a degree. With many a bribe. But his quiet anonymous life of research, practice, and training was about to change. When the Baron demands you pay him a visit, you have little choice.
8 320 - In Serial52 Chapters
The Many Lives of Cadence Lee
Cadence Lee thought she was a normal girl, perhaps a little well to do, but not exceptionally so. She had her college classes, she had her job that her uncle gave her, and she had a nice boyfriend who was sweet if a little awkward. Except, when a mugger accosts Cadence and her boyfriend attempts to wrestle a gun away from the criminal, Cadence ends up shot. A normal girl, with the kind of wound Cadence had, would die. Cadence managed to do that part. But a normal girl wouldn't then open her eyes again and learn that death is not as permanant for her as it is for other people. She can be reborn again, and again. Each time stronger and with new abilities. The catch? Any world she is born into, she can never return to. She has infinite lives, but only one life for each. So begins The Many Lives of Cadence Lee. [participant in the Royal Road Writathon challenge]
8 127 - In Serial7 Chapters
Vampire: The Night Shift
A vampire enforcer with his newly appointed human partner must work together to solve case and find justice for the residents of the city: the mortal and the supernatural. Contain profanity, pornographic descriptions, and violence.
8 200 - In Serial17 Chapters
John Robbie, Transdimensional Slacker
John Robbie leads two lives. Most of the time, he is a mage of god-like power with flying horses, vast estates, mountains of gold and the veneration of an entire empire. The rest of the time, unfortunately, he is himself. When he’s not immersed in his favorite RPG video game, Nordic Runes, John is a slovenly, unemployed college drop-out, two years deep into a crippling depression and living with his parents. Having lost all hope for his real life, John spends his time on the couch, controller in hand, trying to forget it. When his two lives miraculously converge, however, John’s only hope for survival lies in overcoming his greatest obstacle - himself. ******* John Robbie, TS is a GameLit, Portal Fantasy with two primary objectives. The first, obviously, is to tell a great story. The second is to show a realistic depiction of depression - both in its impact on the protagonist and what he must do to overcome it. That doesn't mean it's self-help, necessarily, though it will present real therapeutic strategies. It should be noted that the author, in addition to writing humor and fantasy, practices as a clinical psychologist. He also refers to himself in the third person. On special occasions, he uses the royal we. 2-3 chapters per week!
8 124 - In Serial48 Chapters
Surviving the Dead
A world where the dead go after the living is all he had ever known. Living with the rest of his family in a bunker, the boy is sure they are the last of their kind. But what happens when they come across a woman named Holly? Fourteen-year-old Forest Shepherd was born into the apocalypse. As hard as surviving already was, he also has epilepsy. Will he be able to survive with this condition, or will it one day be the death of him?
8 145 - In Serial7 Chapters
Wanderings
From a clearing in an ancient forest an old man departs. Where he wanders he encounters people who find themselves telling of events far greater than themselves. The Hamlet... where a shrine stands, a memorial to a missing sibling. The Village... where a priest tells of the world's creation, and more than he may wish. The Town... where a great pilgrimage is starting, and a nobleman is more than he seems. The Graves... where monks tend to countless fields of the dead. The City... which stands in the shadow of a giant cannon. The War... the start and end of which are lost in time, and people are thrown into battle without regard.The stories of people thrown into events far greater than themselves, in a world spun on war and tragedy.
8 153

