《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 132
Advertisement
Unicode
ရှေးခေတ်စတိုင်ရဲဦးလေးကြီး
________________
ကုန်းဝူမေ့ရဲ့နောက်လိုက်က ရေခဲတွေယူလာပြီးနောက် နဉ်ရှုကို မျက်ခုံးပင့်ကာကြည့်၏။
သူက သူမကို ဘာကိစ္စကြည့်နေတာတုန်း?
"ငါ ဒါကို ဘယ်လိုသုံးရမလဲ?"
ကုန်းဝူမေ့ကမေးသည်။ နဉ်ရှုက ချက်ချင်းပြန်ဖြေ၏။
"ရှင့်ဘောင်းဘီထဲ ဒီအတိုင်းသာထည့်လိုက်။"
"မင်း ငါ့ကိုလာရှုပ်နေတာလား?"
ကုန်းဝူမေ့က အော်သည်။
"မင်းက ငါ့ကို ငါ့ဘောင်းဘီခွကြားကို ဆက်ကိုင်ထားစေချင်နေတာလား?"
နဉ်ရှုက နားကလော်လိုက်ပြီးနောက်ဆိုသည်။
"ဂိုဏ်းချုပ်ကြီး၊ ရှင် မလုပ်နိုင်ဘူးလို့ထင်ရင်လည်း ရေခဲရေချိုးဇလုံထဲစိမ်နေပြီးမှ အဲ့ဒါကိုလန်းဆန်းလာအောင်လုပ်ဖို့ ရေပူကိုသုံးလိုက်။ အဲ့ဒါကိုလန်းဆန်းလာစေဖို့ ကုသမှုနှစ်ခုကြား တစ်လှည့်စီကူးပြောင်းပြီးရင် ပိုကောင်းလာလိမ့်မယ်။"
ကုန်းဝူမေ့က အသက်ပြင်းပြင်းရှူလိုက်ပြီးမှ တီးတိုးဆို၏။
"မင်းက ငါ့ကိုလာရှုပ်နေတာပဲ။"
"ကျွန်မ...မရှုပ်..."
နဉ်ရှု စကားကိုဆုံးအောင်မပြောနိုင်သေးခင်မှာပင် ပုံရိပ်တစ်ခုက ရိပ်ကနဲလှုပ်ရှားသွားကာ သူမလည်ပင်းမှာ ဖမ်းဆုပ်ခြင်းခံလိုက်ရ၏။ ကုန်းဝူမေ့ရဲ့မျက်နှာက ရှုံ့မဲ့နေပြီး သူရှူထုတ်လိုက်တဲ့လေနွေးနွေးက သူမမျက်နှာကိုထိခတ်လာသည်။
"ငါ မင်းကိုမသတ်နိုင်ဘူးလို့များ ထင်နေလား?"
ကုန်းဝူမေ့က နဉ်ရှုရဲ့လည်ပင်းကို သူ့ရဲ့ကျောက်စိမ်းလိုလက်ချောင်းလေးတွေနဲ့ ဖမ်းဆုပ်လိုက်ရင်း သူ့မျက်နှာအမူအရာက ပို၍ပင်ခက်ထန်လာတော့သည်။
"အခု ငါ မင်းကိုသတ်ဖို့ကလွဲပြီး တစ်ခြားဘာမှမလိုချင်ဘူး။"
နဉ်ရှု သူမလက်ထဲက အဆိပ်ကိုစမ်းလိုက်သည်။ သို့သော်လည်း သူမ မသုံးခဲ့။ သူမ အဆိပ်သုံးလိုက်လျှင်တောင်မှ အဆိပ်က အကျိုးမသက်ရောက်ခင် ကုန်းဝူမေ့က သူမရဲ့လည်ပင်းကို ချိုးပစ်လိုက်နိုင်သေးတာကြောင့်ဖြစ်သည်။
သူမက သေတွင်းတူးတာကို အံ့ဩဖို့ကောင်းအောင်ကိုလုပ်နိုင်တာပဲ။
အသက်ရှူရတာက ပိုခက်ခဲလာပြီး သူမရဲ့အဆုပ်တွေက စတင်ပူလောင်လာသည်။
နဉ်ရှုက သူ့လက်တွေကိုရိုက်လိုက်ပြီးနောက် ဖြုတ်ချဖို့ကြိုးစားနေ၏။ ကုန်းဝူမေ့က အေးစက်စွာဆိုသည်။
"ပြောစမ်း။ မင်း ဘယ်လိုကုမှာလဲ?"
နဉ်ရှုက သူဆုပ်ကိုင်ထားတာကနေ ရုန်းကန်လိုက်ပြီး သူမလည်ပင်းကို လက်ညှိုးထိုးပြလိုက်သည်။ နင်က ငါ့ကိုလည်ပင်းညှစ်နေတာလေ၊ ငါ ဘယ်လိုလုပ် စကားပြောရမှာတုန်း?
ကုန်းဝူမေ့က အေးစက်စွာနှာမှုတ်လိုက်ပြီး နဉ်ရှုရဲ့လည်ပင်းကို လွှတ်ပေးလိုက်သည်။ နဉ်ရှုမှာ မျက်လုံးထဲကနေ မျက်ရည်တွေကျလာတဲ့အထိ အပြင်းအထန်ချောင်းဆိုးလေတော့၏။ သို့သော်လည်း သူမအနေဖြင့် စောစောတုန်းက ကုန်းဝူမေ့ရဲ့လက်မှာ အဆိပ်သုတ်လိုက်နိုင်ခဲ့တာမို့ ကြိတ်ပျော်နေသည်။
လီး! သူကသူမကို တကယ်ကြီးသတ်ဖို့ကြိုးစားတယ်! သူက မိန်းမစိုးတစ်ယောက်ဖြစ်ဖို့ ထိုက်တန်တယ်!
ကုန်းဝူမေ့က အေးစက်စွာဖြင့် သူမကို အပေါ်စီးမှငုံ့ကြည့်လာသည်။
"ဂိုဏ်းချုပ်၊ ဂိုဏ်းချုပ်၊ မကောင်းတော့ဘူး! သိုင်းလောက,ကလူတွေက သံမဏိကြိုးကိုကျော်လာပြီး အခု ဂူကိုတိုက်ခိုက်နေကြပြီ!"
ကြီးကြပ်ရေးမှူးလျိုက အခန်းထဲပြေးဝင်လာသည်။
အံ့အားသင့်မှုက ကုန်းဝူမေ့ရဲ့မျက်နှာထက်မှာဖြတ်ပြေးသွား၏။
"သူတို့ ဘယ်လိုလုပ်ပြီး သံမဏိကြိုးကို ဖြတ်လာနိုင်တာလဲ? အဲ့ဂိုဏ်းတွေ ငါတို့ကိုလာတိုက်တဲ့အချိန်တိုင်း ကြိုးကို ဖြည်ထားဖို့ ငါမပြောထားဘူးလား? မင်း ဘာလို့ အဲ့လူတွေကို ဒီနေရာရောက်လာခွင့်ပြုလိုက်တာလဲ?"
"တံတားကိုစောင့်ကြပ်ဖို့ ငါ လူလွှတ်ထားတယ်မဟုတ်ဘူးလား? ဘာဖြစ်နေတာလဲ!?"
ကုန်းဝူမေ့က ဒေါသတကြီးအော်သည်။ သူ့ခန္ဓာကိုယ်က နောက်ထပ်သည်းမခံနိုင်စရာအနံ့ဆိုးကို ထုတ်လွှတ်လာ၏။
နဉ်ရှုမှာ စိတ်ထဲကြိတ်ကာ သက်ပြင်းချလိုက်မိသည်။ လီး၊ နောက်ဆုံးတော့ အဲ့လူတွေရောက်လာပြီပဲ။ ထို့နောက် သူမက သူမရဲ့တည်ရှိမှုကိုလျှော့ချဖို့ အကောင်းဆုံးလုပ်ဆောင်လိုက်၏။ ကုန်းဝူမေ့ ဒီအခန်းထဲကထွက်သွားတာနဲ့ သူမ ထွက်ပြေးရမယ်။
ရန်သူတွေက တံခါးဝကိုရောက်နေပြီမို့ ကုန်းဝူမေ့မှာ သူ့အောက်ပိုင်းက တစ်စက်တစ်စက်စီးကျနေတာကို စိတ်မပူအားတော့။ သူက ရှေ့ကို ခြေလှမ်းနည်းနည်းလောက်လှမ်းပြီးမှ နဉ်ရှုဘက်ကိုလှည့်လာကာ သူမရဲ့အင်္ကျီကော်လာကိုဖမ်းဆုပ်လိုက်ပြီး သူမကို ဂူအဝင်ဝဆီဆွဲခေါ်သွားတော့၏။
နဉ်ရှု : ...
သူက ဘာလို့ သူမလိုအားနည်းတဲ့မိန်းမပျိုလေးကို တိုက်ပွဲထဲခေါ်သွားရတာလဲ? သူမမှာ တိုက်ခိုက်နိုင်စွမ်းလုံးဝမရှိဘူးလေ၊ သူမကို ဘာလို့ခေါ်သွားတာလဲလို့? နဉ်ရှုမှာ သေတော့မလိုခံစားလိုက်ရ၏။
သူမတို့ ဂူဝင်ပေါက်ကိုရောက်သွားချိန်မှာ အဲ့မှာ လူတွေအများကြီးရောက်နေပြီဖြစ်၏။ သူတို့အားလုံးက မတူညီတဲ့အဝတ်အစားတွေဝတ်ဆင်ထားကြပြီး တစ်ချို့ကတော့ သူတို့ဂိုဏ်းကိုယ်စားပြုအလံတွေကို ကိုင်စွဲထားကြသည်။
လက်ရှိအချိန်တွင် နတ်ဆိုးဂိုဏ်းကလူတွေက ဒီသမာသမတ်ဂိုဏ်းတွေရဲ့တိုက်ခိုက်မှုကို ခုခံနေကြ၏။ သူတို့ဂိုဏ်းချုပ်ရောက်လာသည်ကိုမြင်သည်၌ သူတို့က ချက်ချင်းပင်အော်ဟစ်လာကြသည်။
"ဂိုဏ်းချုပ်!"
နှစ်ဖက်လုံးက တိုက်ခိုက်နေတာကို တပြိုင်နက်တည်းရပ်လိုက်ကြသည်။ ကုန်းဝူမေ့က ဒါကိုကြည့်နေရင်း သူ့အမူအရာက ဆိုးရွားလာ၏။ သူ တန်ပြန်အစီအမံတွေကို သေချာစီမံထားခဲ့ပေမယ့် ဒီလူတွေက သံမဏိကြိုးကို ဖြတ်လာနေနိုင်တုန်းပဲ။ ဒီကိစ္စအတွက် တစ်ခုတည်းသောရှင်းပြချက်က သူတို့ဘက်မှာ သစ္စာဖောက်တစ်ယောက်ရှိနေတယ်ဆိုတာပဲ။
ကုန်းဝူမေ့ရဲ့ခက်ထန်တဲ့အကြည့်က နတ်ဆိုးဂိုဏ်းသားတွေရဲ့မျက်နှာပေါ် ဖြတ်ပြေးသွားသည်။
နဉ်ရှုက ထွက်သွားချင်နေသော်လည်း ကုန်းဝူမေ့က သူမရဲ့ကော်လာကို ခပ်တင်းတင်းဆုပ်ကိုင်ထားဆဲဖြစ်၏။ တိုက်ပွဲဖြစ်တော့မယ့်နှစ်ဖက်ကိုရင်ဆိုင်ပြီးရပ်နေရင်း အမှိုက်အဆင့်တိုက်ခိုက်စွမ်းရည်သာရှိသည့်နဉ်ရှုမှာ ဒူးတွေပျော့ခွေလာတော့သည်။ ပြိုင်ဘက်ကင်းသိုင်းပညာကိုလေ့ကျင့်တာသာ တကယ်အလုပ်ဖြစ်ခဲ့ရင် သူမလေ သံချိတ်တွေနဲ့ကြာပွတ်ကိုဝှေ့ယမ်းပြီး ဘယ်သူ့ကိုရိုက်မိတယ်ဆိုတာမတွေးဘဲ လူအုပ်ထဲပြေးသွားလောက်ပြီ၊ ဒါပေမယ့် အခုတော့ သူမရဲ့ခန္ဓာကိုယ်လေးက သနားစရာကောင်းလောက်အောင်ကို အားနည်းနေတယ်...
လီး၊ ကုန်းဝူမေ့က သူမကို သူနဲ့အတူတူသေရအောင်လုပ်ဖို့ကြံစည်နေတာတော့ မဖြစ်နိုင်ပါဘူးနော်၊ ဟုတ်တယ်မလား?
သမာသမတ်အဖွဲ့သားတွေဘက်မှ လူတစ်ယောက်က ရှေ့ကိုတိုးထွက်လာ၏။ သူက အပြာရောင်သိုင်းဝတ်စုံကိုဝတ်ဆင်ထားပြီး အဲ့မှာရပ်နေရုံလေးနဲ့တင် ဖြောင့်မတ်မှန်ကန်တဲ့အော်ရာကို ထုတ်လွှတ်နေ၏။
သူ့မျက်နှာအစိတ်အပိုင်းတွေက ဖြောင့်စင်းနေတဲ့နှာတံနဲ့အတူ ရှင်းလင်းပြတ်သားနေ၏။ သူက အင်မတန်ချောမောလှသည့် သိုင်းလောကခေါင်းဆောင်ပါပေ။
ထိုအမျိုးသားကိုမြင်သည်၌ ကုန်းဝူမေ့က အေးစက်စွာဆိုလာ၏။
"ရန်နန်ကျူး၊ ငါက ငါ့ကိစ္စတွေကိုပဲစိတ်ဝင်စားပြီး သိုင်းလောကအဖွဲ့အစည်းနဲ့မပတ်သက်ခဲ့ဘူး၊ ဒါတောင်မှ မင်းက ငါ့နေရာကိုတိုက်ခိုက်ဖို့ လူတွေခေါ်လာတယ်။ မင်း စစ်ပွဲစဖို့ကြိုးစားနေတာလား?"
Advertisement
"ကုန်းဝူမေ့။ မင်းတို့နတ်ဆိုးဂိုဏ်းက လူတွေကို မတရားအုပ်ချုပ်တယ်၊ အပြစ်မဲ့တဲ့လူတွေသတ်ပြီး သူတို့အိမ်တွေကို လုယူတယ်။ ပြီးတော့ မင်းက မရေမတွက်နိုင်တဲ့မိန်းမတွေအများကြီးကို ပြန်ပေးဆွဲပြီး သူတို့ကို မင်းရဲ့အဆုံးမဲ့နန်းတော်ထဲမှာ ဖမ်းဆီးထားတယ်။"
ရန်နန်ကျူးက ကျယ်လောင်စွာဆို၏။
"ငါတို့က မင်းလုပ်ချင်သလိုလုပ်ခွင့်ပြုထားရမှာလား?"
နဉ်ရှုမှာ သည်စကားများကိုနားထောင်ရင်း 'ကျေးဇူးပြုပြီး ကျွန်မကိုကယ်ပါ!'ဟု တကယ်ပင်အော်ချင်လာ၏။ သို့သော်လည်း သူမက ကုန်းဝူမေ့ဘေးမှာရှိနေသည်မို့ ပါးနပ်စွာဖြင့်ပင် ပါးစပ်ပိတ်ထားလိုက်တော့သည်။
"မင်းက ငါ့ကိုသတ်ချင်တယ်လား? မင်းလိုမျိုးအားနည်းတဲ့လူလေးတစ်စုနဲ့လေ? ဟာသပဲ။"
လေမတိုက်သော်လည်း ကုန်းဝူမေ့ရဲ့ဆံပင်တွေက မသိမသာလွင့်မျောနေ၏။ သူ့အမူအရာက မကောင်းဆိုးရွားဆန်ဆန်ဆွဲဆောင်မှုရှိနေပြီး သူ့ခန္ဓာကိုယ်ကတော့ ခက်ထန်ရက်စက်သည့်အော်ရာကို ထုတ်လွှတ်လို့နေသည်။
ရန်နန်ကျူးက ရှေ့ဆုံးမှာရပ်နေကာ ပြောလာသည်။
"ကုန်းဝူမေ့၊ မင်းက ကောင်းကင်ဘုံကိုတောင်ငိုကြွေးစေနိုင်တဲ့ ဆိုးရွားရက်စက်လွန်းတဲ့ကိစ္စတွေကို ကျူးလွန်ထားတာ။ ဒါပေမယ့် မင်း ဆက်မလုပ်ဘဲရပ်တန်းကရပ်မယ်ဆို ငါတို့ မင်းကို အသက်ရှင်ခွင့်ပေးမယ်။"
နဉ်ရှုမှာ ထိုစကားကိုနားထောင်ရင်း ရန်နန်ကျူးက ရှေးခေတ်စတိုင်ရဲဦးလေးကြီးနဲ့တူတယ်လို့ ခံစားလိုက်ရလေ၏။
...
The last one!! 。:゚(;´∩';)゚:。
....
Zawgyi
ေရွးေခတ္စတိုင္ရဲဦးေလးႀကီး
________________
ကုန္းဝူေမ့ရဲ့ေနာက္လိုက္က ေရခဲေတြယူလာၿပီးေနာက္ နဉ္ရႈကို မ်က္ခံုးပင့္ကာၾကၫ့္၏။
သူက သူမကို ဘာကိစၥၾကၫ့္ေနတာတုန္း?
"ငါ ဒါကို ဘယ္လိုသံုးရမလဲ?"
ကုန္းဝူေမ့ကေမးသည္။ နဉ္ရႈက ခ်က္ခ်င္းျပန္ေျဖ၏။
"ရွင့္ေဘာင္းဘီထဲ ဒီအတိုင္းသာထၫ့္လိုက္။"
"မင္း ငါ့ကိုလာရႈပ္ေနတာလား?"
ကုန္းဝူေမ့က ေအာ္သည္။
"မင္းက ငါ့ကို ငါ့ေဘာင္းဘီခြၾကားကို ဆက္ကိုင္ထားေစခ်င္ေနတာလား?"
နဉ္ရႈက နားကေလာ္လိုက္ၿပီးေနာက္ဆိုသည္။
"ဂိုဏ္းခ်ဳပ္ႀကီး၊ ရွင္ မလုပ္ႏိုင္ဘူးလို႔ထင္ရင္လည္း ေရခဲေရခ်ိဳးဇလံုထဲစိမ္ေနၿပီးမွ အဲ့ဒါကိုလန္းဆန္းလာေအာင္လုပ္ဖို႔ ေရပူကိုသံုးလိုက္။ အဲ့ဒါကိုလန္းဆန္းလာေစဖို႔ ကုသမႈႏွစ္ခုၾကား တစ္လွၫ့္စီကူးေျပာင္းၿပီးရင္ ပိုေကာင္းလာလိမ့္မယ္။"
ကုန္းဝူေမ့က အသက္ျပင္းျပင္းရႉလိုက္ၿပီးမွ တီးတိုးဆို၏။
"မင္းက ငါ့ကိုလာရႈပ္ေနတာပဲ။"
"ကြၽန္မ...မရႈပ္..."
နဉ္ရႈ စကားကိုဆံုးေအာင္မေျပာႏိုင္ေသးခင္မွာပင္ ပံုရိပ္တစ္ခုက ရိပ္ကနဲလႈပ္ရွားသြားကာ သူမလည္ပင္းမွာ ဖမ္းဆုပ္ျခင္းခံလိုက္ရ၏။ ကုန္းဝူေမ့ရဲ့မ်က္ႏွာက ရႈံ႔မဲ့ေနၿပီး သူရႉထုတ္လိုက္တဲ့ေလႏြေးေနြးက သူမမ်က္ႏွာကိုထိခတ္လာသည္။
"ငါ မင္းကိုမသတ္ႏိုင္ဘူးလို႔မ်ား ထင္ေနလား?"
ကုန္းဝူေမ့က နဉ္ရႈရဲ့လည္ပင္းကို သူ႔ရဲ့ေက်ာက္စိမ္းလိုလက္ေခ်ာင္းေလးေတြနဲ႔ ဖမ္းဆုပ္လိုက္ရင္း သူ႔မ်က္ႏွာအမူအရာက ပို၍ပင္ခက္ထန္လာေတာ့သည္။
"အခု ငါ မင္းကိုသတ္ဖို႔ကလြဲၿပီး တစ္ျခားဘာမွမလိုခ်င္ဘူး။"
နဉ္ရႈ သူမလက္ထဲက အဆိပ္ကိုစမ္းလိုက္သည္။ သို႔ေသာ္လည္း သူမ မသံုးခဲ့။ သူမ အဆိပ္သံုးလိုက္လ်ွင္ေတာင္မွ အဆိပ္က အက်ိဳးမသက္ေရာက္ခင္ ကုန္းဝူေမ့က သူမရဲ့လည္ပင္းကို ခ်ိဳးပစ္လိုက္ႏိုင္ေသးတာေၾကာင့္ျဖစ္သည္။
သူမက ေသတြင္းတူးတာကို အံ့ဩဖို႔ေကာင္းေအာင္ကိုလုပ္ႏိုင္တာပဲ။
အသက္ရႉရတာက ပိုခက္ခဲလာၿပီး သူမရဲ့အဆုပ္ေတြက စတင္ပူေလာင္လာသည္။
နဉ္ရႈက သူ႔လက္ေတြကိုရိုက္လိုက္ၿပီးေနာက္ ျဖဳတ္ခ်ဖို႔ႀကိဳးစားေန၏။ ကုန္းဝူေမ့က ေအးစက္စြာဆိုသည္။
"ေျပာစမ္း။ မင္း ဘယ္လိုကုမွာလဲ?"
နဉ္ရႈက သူဆုပ္ကိုင္ထားတာကေန ရုန္းကန္လိုက္ၿပီး သူမလည္ပင္းကို လက္ၫွိုးထိုးျပလိုက္သည္။ နင္က ငါ့ကိုလည္ပင္းၫွစ္ေနတာေလ၊ ငါ ဘယ္လိုလုပ္ စကားေျပာရမွာတုန္း?
ကုန္းဝူေမ့က ေအးစက္စြာႏွာမႈတ္လိုက္ၿပီး နဉ္ရႈရဲ့လည္ပင္းကို လႊတ္ေပးလိုက္သည္။ နဉ္ရႈမွာ မ်က္လံုးထဲကေန မ်က္ရည္ေတြက်လာတဲ့အထိ အျပင္းအထန္ေခ်ာင္းဆိုးေလေတာ့၏။ သို႔ေသာ္လည္း သူမအေနျဖင့္ ေစာေစာတုန္းက ကုန္းဝူေမ့ရဲ့လက္မွာ အဆိပ္သုတ္လိုက္ႏိုင္ခဲ့တာမို႔ ႀကိတ္ေပ်ာ္ေနသည္။
လီး! သူကသူမကို တကယ္ႀကီးသတ္ဖို႔ႀကိဳးစားတယ္! သူက မိန္းမစိုးတစ္ေယာက္ျဖစ္ဖို႔ ထိုက္တန္တယ္!
ကုန္းဝူေမ့က ေအးစက္စြာျဖင့္ သူမကို အေပၚစီးမွငံု႔ၾကၫ့္လာသည္။
"ဂိုဏ္းခ်ဳပ္၊ ဂိုဏ္းခ်ဳပ္၊ မေကာင္းေတာ့ဘူး! သိုင္းေလာက,ကလူေတြက သံမဏိႀကိဳးကိုေက်ာ္လာၿပီး အခု ဂူကိုတိုက္ခိုက္ေနၾကၿပီ!"
ႀကီးၾကပ္ေရးမွဴးလ်ိဳက အခန္းထဲေျပးဝင္လာသည္။
အံ့အားသင့္မႈက ကုန္းဝူေမ့ရဲ့မ်က္ႏွာထက္မွာျဖတ္ေျပးသြား၏။
"သူတို႔ ဘယ္လိုလုပ္ၿပီး သံမဏိႀကိဳးကို ျဖတ္လာႏိုင္တာလဲ? အဲ့ဂိုဏ္းေတြ ငါတို႔ကိုလာတိုက္တဲ့အခ်ိန္တိုင္း ႀကိဳးကို ျဖည္ထားဖို႔ ငါမေျပာထားဘူးလား? မင္း ဘာလို႔ အဲ့လူေတြကို ဒီေနရာေရာက္လာခြင့္ျပဳလိုက္တာလဲ?"
"တံတားကိုေစာင့္ၾကပ္ဖို႔ ငါ လူလႊတ္ထားတယ္မဟုတ္ဘူးလား? ဘာျဖစ္ေနတာလဲ!?"
ကုန္းဝူေမ့က ေဒါသတႀကီးေအာ္သည္။ သူ႔ခႏၶာကိုယ္က ေနာက္ထပ္သည္းမခံႏိုင္စရာအနံ႔ဆိုးကို ထုတ္လႊတ္လာ၏။
နဉ္ရႈမွာ စိတ္ထဲႀကိတ္ကာ သက္ျပင္းခ်လိုက္မိသည္။ လီး၊ ေနာက္ဆံုးေတာ့ အဲ့လူေတြေရာက္လာၿပီပဲ။ ထို႔ေနာက္ သူမက သူမရဲ့တည္ရိွမႈကိုေလ်ွာ့ခ်ဖို႔ အေကာင္းဆံုးလုပ္ေဆာင္လိုက္၏။ ကုန္းဝူေမ့ ဒီအခန္းထဲကထြက္သြားတာနဲ႔ သူမ ထြက္ေျပးရမယ္။
ရန္သူေတြက တံခါးဝကိုေရာက္ေနၿပီမို႔ ကုန္းဝူေမ့မွာ သူ႔ေအာက္ပိုင္းက တစ္စက္တစ္စက္စီးက်ေနတာကို စိတ္မပူအားေတာ့။ သူက ေရ႔ွကို ေျခလွမ္းနည္းနည္းေလာက္လွမ္းၿပီးမွ နဉ္ရႈဘက္ကိုလွၫ့္လာကာ သူမရဲ့အက်ႌေကာ္လာကိုဖမ္းဆုပ္လိုက္ၿပီး သူမကို ဂူအဝင္ဝဆီဆြဲေခၚသြားေတာ့၏။
နဉ္ရႈ : ...
သူက ဘာလို႔ သူမလိုအားနည္းတဲ့မိန္းမပ်ိဳေလးကို တိုက္ပြဲထဲေခၚသြားရတာလဲ? သူမမွာ တိုက္ခိုက္ႏိုင္စြမ္းလံုးဝမရိွဘူးေလ၊ သူမကို ဘာလို႔ေခၚသြားတာလဲလို႔? နဉ္ရႈမွာ ေသေတာ့မလိုခံစားလိုက္ရ၏။
သူမတို႔ ဂူဝင္ေပါက္ကိုေရာက္သြားခ်ိန္မွာ အဲ့မွာ လူေတြအမ်ားႀကီးေရာက္ေနၿပီျဖစ္၏။ သူတို႔အားလံုးက မတူညီတဲ့အဝတ္အစားေတြဝတ္ဆင္ထားၾကၿပီး တစ္ခ်ိဳ႕ကေတာ့ သူတို႔ဂိုဏ္းကိုယ္စားျပဳအလံေတြကို ကိုင္စြဲထားၾကသည္။
လက္ရိွအခ်ိန္တြင္ နတ္ဆိုးဂိုဏ္းကလူေတြက ဒီသမာသမတ္ဂိုဏ္းေတြရဲ့တိုက္ခိုက္မႈကို ခုခံေနၾက၏။ သူတို႔ဂိုဏ္းခ်ဳပ္ေရာက္လာသည္ကိုျမင္သည္၌ သူတို႔က ခ်က္ခ်င္းပင္ေအာ္ဟစ္လာၾကသည္။
"ဂိုဏ္းခ်ဳပ္!"
ႏွစ္ဖက္လံုးက တိုက္ခိုက္ေနတာကို တၿပိဳင္နက္တည္းရပ္လိုက္ၾကသည္။ ကုန္းဝူေမ့က ဒါကိုၾကၫ့္ေနရင္း သူ႔အမူအရာက ဆိုးရြားလာ၏။ သူ တန္ျပန္အစီအမံေတြကို ေသခ်ာစီမံထားခဲ့ေပမယ့္ ဒီလူေတြက သံမဏိႀကိဳးကို ျဖတ္လာေနႏိုင္တုန္းပဲ။ ဒီကိစၥအတြက္ တစ္ခုတည္းေသာရွင္းျပခ်က္က သူတို႔ဘက္မွာ သစၥာေဖာက္တစ္ေယာက္ရိွေနတယ္ဆိုတာပဲ။
ကုန္းဝူေမ့ရဲ့ခက္ထန္တဲ့အၾကၫ့္က နတ္ဆိုးဂိုဏ္းသားေတြရဲ့မ်က္ႏွာေပၚ ျဖတ္ေျပးသြားသည္။
နဉ္ရႈက ထြက္သြားခ်င္ေနေသာ္လည္း ကုန္းဝူေမ့က သူမရဲ့ေကာ္လာကို ခပ္တင္းတင္းဆုပ္ကိုင္ထားဆဲျဖစ္၏။ တိုက္ပြဲျဖစ္ေတာ့မယ့္ႏွစ္ဖက္ကိုရင္ဆိုင္ၿပီးရပ္ေနရင္း အမိႈက္အဆင့္တိုက္ခိုက္စြမ္းရည္သာရိွသၫ့္နဉ္ရႈမွာ ဒူးေတြေပ်ာ့ေခြလာေတာ့သည္။ ၿပိဳင္ဘက္ကင္းသိုင္းပညာကိုေလ့က်င့္တာသာ တကယ္အလုပ္ျဖစ္ခဲ့ရင္ သူမေလ သံခ်ိတ္ေတြနဲ႔ၾကာပြတ္ကိုေဝ႔ွယမ္းၿပီး ဘယ္သူ႔ကိုရိုက္မိတယ္ဆိုတာမေတြးဘဲ လူအုပ္ထဲေျပးသြားေလာက္ၿပီ၊ ဒါေပမယ့္ အခုေတာ့ သူမရဲ့ခႏၶာကိုယ္ေလးက သနားစရာေကာင္းေလာက္ေအာင္ကို အားနည္းေနတယ္...
လီး၊ ကုန္းဝူေမ့က သူမကို သူနဲ႔အတူတူေသရေအာင္လုပ္ဖို႔ႀကံစည္ေနတာေတာ့ မျဖစ္ႏိုင္ပါဘူးေနာ္၊ ဟုတ္တယ္မလား?
သမာသမတ္အဖြဲ႔သားေတြဘက္မွ လူတစ္ေယာက္က ေရ႔ွကိုတိုးထြက္လာ၏။ သူက အျပာေရာင္သိုင္းဝတ္စံုကိုဝတ္ဆင္ထားၿပီး အဲ့မွာရပ္ေနရံုေလးနဲ႔တင္ ေျဖာင့္မတ္မွန္ကန္တဲ့ေအာ္ရာကို ထုတ္လႊတ္ေန၏။
သူ႔မ်က္ႏွာအစိတ္အပိုင္းေတြက ေျဖာင့္စင္းေနတဲ့ႏွာတံနဲ႔အတူ ရွင္းလင္းျပတ္သားေန၏။ သူက အင္မတန္ေခ်ာေမာလွသၫ့္ သိုင္းေလာကေခါင္းေဆာင္ပါေပ။
ထိုအမ်ိဳးသားကိုျမင္သည္၌ ကုန္းဝူေမ့က ေအးစက္စြာဆိုလာ၏။
"ရန္နန္က်ူး၊ ငါက ငါ့ကိစၥေတြကိုပဲစိတ္ဝင္စားၿပီး သိုင္းေလာကအဖြဲ႔အစည္းနဲ႔မပတ္သက္ခဲ့ဘူး၊ ဒါေတာင္မွ မင္းက ငါ့ေနရာကိုတိုက္ခိုက္ဖို႔ လူေတြေခၚလာတယ္။ မင္း စစ္ပြဲစဖို႔ႀကိဳးစားေနတာလား?"
"ကုန္းဝူေမ့။ မင္းတို႔နတ္ဆိုးဂိုဏ္းက လူေတြကို မတရားအုပ္ခ်ဳပ္တယ္၊ အျပစ္မဲ့တဲ့လူေတြသတ္ၿပီး သူတို႔အိမ္ေတြကို လုယူတယ္။ ၿပီးေတာ့ မင္းက မေရမတြက္ႏိုင္တဲ့မိန္းမေတြအမ်ားႀကီးကို ျပန္ေပးဆြဲၿပီး သူတို႔ကို မင္းရဲ့အဆံုးမဲ့နန္းေတာ္ထဲမွာ ဖမ္းဆီးထားတယ္။"
ရန္နန္က်ူးက က်ယ္ေလာင္စြာဆို၏။
"ငါတို႔က မင္းလုပ္ခ်င္သလိုလုပ္ခြင့္ျပဳထားရမွာလား?"
နဉ္ရႈမွာ သည္စကားမ်ားကိုနားေထာင္ရင္း 'ေက်းဇူးျပဳျပီး ကြၽန္မကိုကယ္ပါ!'ဟု တကယ္ပင္ေအာ္ခ်င္လာ၏။ သို႔ေသာ္လည္း သူမက ကုန္းဝူေမ့ေဘးမွာရိွေနသည္မို႔ ပါးနပ္စြာျဖင့္ပင္ ပါးစပ္ပိတ္ထားလိုက္ေတာ့သည္။
"မင္းက ငါ့ကိုသတ္ခ်င္တယ္လား? မင္းလိုမ်ိဳးအားနည္းတဲ့လူေလးတစ္စုနဲ႔ေလ? ဟာသပဲ။"
ေလမတိုက္ေသာ္လည္း ကုန္းဝူေမ့ရဲ့ဆံပင္ေတြက မသိမသာလြင့္ေမ်ာေန၏။ သူ႔အမူအရာက မေကာင္းဆိုးရြားဆန္ဆန္ဆြဲေဆာင္မႈရိွေနၿပီး သူ႔ခႏၶာကိုယ္ကေတာ့ ခက္ထန္ရက္စက္သၫ့္ေအာ္ရာကို ထုတ္လႊတ္လို႔ေနသည္။
ရန္နန္က်ူးက ေရ႔ွဆံုးမွာရပ္ေနကာ ေျပာလာသည္။
"ကုန္းဝူေမ့၊ မင္းက ေကာင္းကင္ဘံုကိုေတာင္ငိုေႂကြးေစႏိုင္တဲ့ ဆိုးရြားရက္စက္လြန္းတဲ့ကိစၥေတြကို က်ူးလြန္ထားတာ။ ဒါေပမယ့္ မင္း ဆက္မလုပ္ဘဲရပ္တန္းကရပ္မယ္ဆို ငါတို႔ မင္းကို အသက္ရွင္ခြင့္ေပးမယ္။"
နဉ္ရႈမွာ ထိုစကားကိုနားေထာင္ရင္း ရန္နန္က်ူးက ေရွးေခတ္စတိုင္ရဲဦးေလးႀကီးနဲ႔တူတယ္လို႔ ခံစားလိုက္ရေလ၏။
...
The last one!! 。:゚(;´∩';)゚:。
....
Advertisement
- In Serial9 Chapters
Weakest Demon Queen Reincarnation: I Became a Living Armor?!
Veronica was a common woman on Earth, who once had dreams of having friends and forming a family. When this opportunity was finally presented to her, fate decided that she was not worthy...Dying of a car accident, alongside her coworkers who had invited her to a party after work, she was sent to a strange white space where a mysterious entity grants her and her coworkers souls the 'Samsara System' for beta testing purposes.However, even with a System, her second life ended by the hands of those who she thought wanted to be her friends in her first life.Due to the mercilessness of a wicked god, her soul was pierced in half, making her reincarnate twice in her third life.Being reborn both as a Living Armor and as a Half-Demon boy, she nows seeks to reunite with her other half and to have a relaxing third life... but in a world filled with monsters, demons, beastmen, and constant wars and discrimination, her path to a 'carefree life' will be filled with hardships and adventures. The cover art is not mine, if you're the artist and want me to take it down then kindly message me, thanks!
8 156 - In Serial38 Chapters
Labyrinthium
One day, the world as it was known, was fragmented and turned into a labyrinth. All the races and cities became separated by endless dungeons and mazes. Every few months, the labyrinth will send calamities to nations, unless a group of adventurers is sent to challenge it. The story follows Noemi, a girl with lizard blood, whose goal is to save her village and dream is to discover what lies deeper down the labyrinth. Cover by Marg_Naroth
8 184 - In Serial46 Chapters
Alaric: The Failed Project
Mark Fanjo’s first webnovel of Jiro Nakojima, an average teenager who has reincarnated into a world of swords and magic. His ambition to become someone vanishes as he soons discovers he has no magic, and is left as a completely vulnerable child. After losing everything and experiencing near-death, he inherits the powers of the world’s ancient nightmare. As his journey continues, he slowly unveils the truth of his powers and his new world.
8 197 - In Serial10 Chapters
Like Snow on Hungry Graves
The emperor's illegitimate son is forced to take his half-brother's place and travel to an enemy kingdom for an arranged marriage. If the bride's family find out about the deception they'll kill the prince. If they don't, his guards have orders to assassinate him during the wedding ceremony to provoke a war. Along the way the prince meets a stranger who is oddly eager to help him get out of this predicament... on condition that he helps her hunt a sea monster.
8 90 - In Serial67 Chapters
A sith dies, A huntsman rises.
The force surely works in mysterious ways, after his death, Darth Vader awakens in the world of Remnant. If he has truly been given a second chance, then he would make a symbol after the mask that had once terrorized a galaxy far, far away. He would create a beacon of hope. But he is nor a Sith nor a Jedi, he is only Vader.Highest Ranking: Number 1 in rwbyNumber 1 in VaderThe beginning is not my work. It is from fanfiction.net it stopped receiving updates, so I decided to take a crack at it.I have permission from the original author to continue this work.https://m.fanfiction.net/s/13756275/1/A-Sith-Ends-A-Huntsman-Rises Here is the link to the original story.
8 166 - In Serial28 Chapters
Blood and Shadow
On the eve of his discharge from the army, a soldier, Seth, and the rest of his team get roped into a suicide mission by their General. Armed with runescrived weapons, armors, and items, they're sent to investigate the ruined temple of a fallen god. Author's aside here: I am writing this mostly to improve my writing and storytelling skills. During the course of developing and writing the first volume of this project, I've learned a lot, but I've also come to realize I have so much more to learn. I appreciate any and all suggestions, comments, corrections, and observations if they are, of course, reasonable. I hope you genuinely enjoy the story.
8 196

