《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 131
Advertisement
Unicode
သူမက သူ့အမေလား?
___________
နဉ်ရှုမှာ ဘယ်လိုအမူအရာမျိုးနဲ့တုန့်ပြန်ရမလဲဆိုသည်ကိုပင် မသိတော့။ သူ့ရဲ့ 'မင်းဒါကိုပြင်ရမယ်'ဆိုတဲ့အမူအရာကိုမြင်သည်၌ သူမမှာ ပြားပြားဝပ်နေတာတောင် သေနတ်ကျည်ဆံအမှန်ခံလိုက်ရသလိုခံစားသွားရရှာ၏။
ကုန်းဝူမေ့က သူ့ခန္ဓာကိုယ် ဒီလိုဖြစ်လာတဲ့အထိ ထိန်းချုပ်ထားလိမ့်မယ်လို့ သူမ တကယ်မထင်ထားခဲ့ဘူး။ ပုံမှန်ဆို မင်း နားနေခန်းကိုသွားဖို့လိုနေရင် ဘာလို့ မသွားဘဲနေမှာတုန်း? ဘယ်သူက သူတို့ကိုယ်သူတို့ချုပ်တည်းတဲ့နေရာမှာ ဒီလောက်ခိုင်မာပြတ်သားနေမှာလဲလို့?
သူ အဲ့ဒါကို မိန်းမတွေနဲ့လုပ်လို့မရဘူးဆိုတာက တစ်ခြားရွေးချယ်စရာမရှိတော့ဘူးလို့ မဆိုလိုဘူးလေ! သူ သူ့လက်ကိုပဲ အသုံးပြုလို့မရဘူးလား?
ဒါကြီးက တကယ်ကိုမယုံနိုင်စရာကြီး။ သူ့လက်တွေက ဘာအတွက်လဲဆိုတာ သူမေ့သွားတာလား?
သူမက သူ့အမေလား? သူက ဘာလို့ အရမ်းနာခံနေရတာလဲ?
နဉ်ရှုက သူမရဲ့လည်ပင်းကိုပွတ်ကာဆို၏။
"ဒါ...ဒါ နည်းနည်းတော့ခက်တယ်။"
"မင်း မပြင်နိုင်ဘူးလား?"
ကုန်းဝူမေ့က ထထိုင်လိုက်ပြီးနောက် သူ့မျက်နှာအရောင်က အကြီးအကျယ်ပြောင်းလဲသွားကာ သူက ဖြည်းဖြည်းချင်းပြန်လှဲချလိုက်သည်။ သူ့အောက်ပိုင်းက ထပ်ပြီးစိုစွတ်လာပြန်ပြီ။ သူ့အောက်ပိုင်းက အချိန်အခါကိုလုံးဝအာရုံမထားတဲ့အချက်က သူ့ကို တကယ်သေချင်စိတ်ပေါက်လာစေတယ်။
နဉ်ရှုမှာ လေနှင့်ပါလာသည့် ထူးဆန်းသည့်ရနံ့တစ်ခုကို ထပ်ရလိုက်သည်။ စောစောက ကုန်းဝူမေ့ အရမ်းလှုံ့ဆော်မိသွားလို့ ထပ်လွှတ်လာတာဖြစ်မယ်။ ဒါက၊ ဒါက...
ကုန်းဝူမေ့ရဲ့မျက်နှာအရောင်က အလွန်ပင်ဆိုးဝါးလျက်ရှိသည်။ သူက နဉ်ရှုကိုကြည့်ကာ အေးစက်စွာဆိုလာ၏။
"မင်း ဒါကိုပြင်ရမယ်။"
"မဟုတ်လို့ကတော့ မင်း သေမယ်။"
ကုန်းဝူမေ့က ပြင်းထန်လွန်းလှသည့်လူသတ်လိုစိတ်တို့ကို ထုတ်လွှတ်လာသည်။
"မင်းကြောင့် ငါဒီလိုဖြစ်လာတာ။"
"ဒါပေမယ့် အဲ့ဒါက ကျွန်မနဲ့ ဘာမှမဆိုင်ဘူးလေ။"
နဉ်ရှုက လက်နှစ်ဖက်လုံးယမ်းသည်။
"အဲ့ဒါက ကျွန်မနဲ့ တကယ်ဘာမှမဆိုင်ပါဘူး။"
"မင်းနဲ့ဘာမှမဆိုင်ဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ? ငါ့ရမ္မက်တွေကို ထိန်းချုပ်ဖို့ မင်းမပြောခဲ့ဘူးဆိုတာ ပြောရဲလား? ငါ့ရဲ့မျိုးစေ့တွေကို ထိန်းချုပ်ရမယ်လို့ပြောခဲ့တဲ့တစ်ယောက်က မင်းမဟုတ်ဘူးလား? မင်းက အဲ့လိုပြောခဲ့တဲ့သူမဟုတ်ဘူးလား?".
ကုန်းဝူမေ့က နဉ်ရှုကိုအော်ဟစ်လိုက်သည်။ ထို့နောက်တွင်တော့ သူ့အောက်ပိုင်းက ထပ်မံယိုစိမ့်လာပြန်ပါ၏။ ကုန်းဝူမေ့က သူ့မျက်နှာကိုအုပ်လိုက်သည်၊ သူ့အမူအရာက ကြောက်မက်ဖွယ်မည်းမှောင်နေသည်။
ယခုအချိန်တွင်တော့ စိတ်တိုနေတယ်ဆိုတာက ကုန်းဝူမေ့ရဲ့မျက်နှာတစ်ပြင်လုံးမှာ စာရေးထားသလိုပေါ်နေသည်။ ထပ်ပြောရမည်ဆိုလျှင် သူ့မျက်လုံးတွေထဲမှာ ပြင်းထန်လွန်းသည့်လူသတ်လိုစိတ်တို့ရှိနေသည်။ သူက နဉ်ရှုကိုသတ်ချင်နေသည်မှာ သိသာလှသည်။ သို့သော်လည်း သူ့လက်ရှိအခြေအနေကိုလည်း စိုးရိမ်နေပြန်သဖြင့် ထိုစိတ်ကို ချိုးနှိမ်ထားရ၏။
နဉ်ရှု : ...
အခုတော့ သူမက ဒီကောင့်ရဲ့မိသားသားစုရတနာလေးကို ကုသဖို့ကူညီရတော့မယ်ပေါ့လေ? နဉ်ရှုက သူမ ကုသနိုင်တယ်၊ မကုသနိုင်ဘူးဆိုတဲ့ဘာအမူအရာကိုမှမပြသပေ။
"ဒီတော့ မင်းမှာ ဘာနည်းလမ်းရှိလဲ?"
ကုန်းဝူမေ့က သူမသာ နည်းလမ်းတစ်ခုမှရှိမနေရင် သူမကိုသတ်မယ်ဆိုတဲ့ပုံစံနဲ့ နဉ်ရှုကိုကြည့်လာသည်။
နဉ်ရှုမှာ ဤသို့သာလျှင်ပြောနိုင်တော့၏။
"လောလောဆယ်တော့ အဲ့ဟာလန်းဆန်းလာအောင် ရေခဲထုပ်တစ်ထုပ်နဲ့ပတ်ထားလိုက်။ ရှင့်ချီစွမ်းအင်စီးဆင်းတဲ့လမ်းကြောင်းတွေက အရမ်းကြီးထိန်းချုပ်ထားလို့ ရှုပ်ထွေးနေတာဖြစ်မယ်။"
ကုန်းဝူမေ့က ပေါ့ပါးစွာဆိုသည်။
"မင်းရဲ့နည်းလမ်းက အလုပ်ဖြစ်ပါစေလို့ဆုတောင်းနေတာ အကောင်းဆုံးပဲ၊ မဟုတ်လို့ကတော့ မင်းနာနာကျင်ကျင်သေရမယ်လို့ ငါကတိပေးတယ်။"
နဉ်ရှု : ...
အခု သူမလုပ်ချင်တာကတော့ ဒီကနေထွက်သွားဖို့ပဲ။ သူမ ဒီမှာဆက်နေနေရင် အသက်ရှည်ရှည်နေရတော့မှာမဟုတ်လောက်ဘူး။ နဉ်ရှုက ကိစ္စတွေကိုခဏမျှတွေးတောနေပြီးမှ မေးလိုက်သည်။
"အမ်း၊ အဲ့ဟာက မနားတမ်းစီးကျနေတာထက်လေ ထရောထနိုင်သေးရဲ့လား?"
"ထွက်သွား!"
ကုန်းဝူမေ့က အော်သည်။
"အခု ငါ့မှာ ပြသနာရှိနေတယ်ဆိုရင်တောင်မှ ငါ အခုထိ မင်းကိုလုပ်နိုင်သေးတယ်!"
"ဒင်! စိတ်ဒဏ်ရာမှတ် +80။ လက်ရှိစိတ်ဒဏ်ရာမှတ်စုစုပေါင်းက 90ပါ။"
...
Zawgyi
သူမက သူ့အမေလား?
___________
"မင်း ဒါကိုပြင်ရမယ်။"
နဉ်ရှု : ...
နဉ်ရှု : ...
"ထွက်သွား!"
ကုန်းဝူမေ့က အော်သည်။
...
Advertisement
- In Serial239 Chapters
Epic Of Bee
[♡volume 2: Epic of Bee: Swarm Wars is starting♡]
8 585 - In Serial16 Chapters
The Modern Domain
The creators of Baria have released a new game mode. A tournament for $ 1 000 000. Everyone has hardcore accounts, meaning you could only die once. The virtual world is modernized and in a few days there would be no place to hide. Luca gets recruited and becomes a participant in a 10 000 player versus player deathmatch. Will he survive and claim the $ 1 000 000 or will he succumb to a player or the elements?
8 84 - In Serial121 Chapters
Dao of Emperor
Where the demons invade Earth and everything seems lost, one man receive heritage of last immortal. Join him on his journey for enjoyment, pets and power with goal of reviving what’s lost. Other projects:The Way Of Ambitions Patreon:. https://www.patreon.com/user?u=3601183
8 140 - In Serial22 Chapters
The Rare KInd
Katherine Sage , a normal high school girl with a tragic past . but one day suddenly she is attacked out of nowhere she was protected by her freind Alex Walker , who wasnt as powerful as her. She must now fight with her friend to find out whats he hiding while her tragic past is trying to catch up with her .
8 189 - In Serial8 Chapters
List truyện showbiz
Mình thích đọc truyện sủng nên đa số list này là sủng, có 1 số ít ngược nhé.
8 111 - In Serial38 Chapters
Infected [killugon/killuaxgon]
In which all hell breaks loose.Gon never would have thought something so bizarre could happen, but yet, it somehow did. The dead had risen, and caused the end of the world.Was there a reason behind all of this?⚠️ WARNING ⚠️ -Switching POV's a bunch- basically walking corpses- gruesome scenes- blood- sharp objects-swearing⚠️ There will NOT be warnings at the beginning of the chapters!⚠️ ~Started so early because I started remaking it halfway~Started: July 24th, 2021Finished: ???🏆22- killugon🏆1- gruesome🏆34- zombieapocalypse🏆9- leopikaDont forgor to vote ⭐️
8 370