《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 130
Advertisement
Unicode
ဂိုဏ်းချုပ်က မိန်းကလေးကိုရှာနေတယ်
________________
ယခုအချိန်တွင်တော့ နဉ်ရှုသည် အားလပ်ချိန်များကို အထုပ်အပိုးပြင်ခြင်းဖြင့်ကုန်ဆုံးစေလျက်ရှိ၏။ ကျော်ကြားတဲ့သမာသမတ်ဂိုဏ်းတွေက နတ်ဆိုးဂိုဏ်းကို တရားမျှတမှုဆိုတဲ့နာမည်နဲ့ လာရောက်တိုက်ခိုက်တော့မည့်အချိန်ရောက်လာတော့မည်လေ။
ထပ်ပြောရလျှင် ယခုဆို ကုန်းဝူမေ့ရဲ့စိတ်အခြေအနေက ပိုဆိုးလာနေပြီဖြစ်၏။ သူမ သူ့အနားမှာ ရစ်သီရစ်သီထပ်မလုပ်ရဲတော့သည်အထိပင်။ သူက အမြဲလိုလို အခန်းထဲကပစ္စည်းတွေကိုပေါက်ခွဲတာ၊ ဒါမှမဟုတ် အစေခံတွေကိုသတ်တာလုပ်နေတတ်သည်။ သူ့ကို နည်းနည်းလေးစိတ်အနှောင့်အယှက်ဖြစ်စေတဲ့ဘယ်သူမဆို ဆိုးရွားလွန်းတဲ့အဆုံးသတ်နဲ့ရင်ဆိုင်ကြရသည်။
နဉ်ရှု အတော်လေးကြောက်ရွံ့နေပေသည်။ သူမမှာ ကျားဖင်ကိုသွားကိုင်ပြီးမှ ပုန်းရှောင်နေတဲ့သူလိုခံစားနေရသည်။ ကုန်းဝူမေ့က သူမအပေါ် ရုတ်တရက်ကြီးခုန်အုပ်လာမည်ကို သူမလန့်နေ၏။ သူမ သေမလိုကြောက်နေသည်။ သူမကြောက်တာက တွန်းလှဲခံရမှာကိုပင်။ အဆုံးကျတော့လည်း အမျိုးသမီးဇာတ်လိုက်က သေတွင်းတွေကို သူမတူးချင်သလောက်တူးနိုင်သည်လေ။
[သေတွင်းတူးရင်တောင် မသေဘူးလို့ပြောချင်တာ။]
ကုန်းဝူမေ့မှာ သမာသမတ်ဂိုဏ်းတွေက သူ့ဂိုဏ်းကိုတိုက်ခိုက်ဖို့ အစီအစဉ်ဆွဲနေတည်းက စိတ်အခြေအနေမကောင်းတော့တာမှန်း နဉ်ရှု အတော်လေးသေချာနေသည်။
"မိန်းကလေးရှောင်ဟုန်၊ ဂိုဏ်းချုပ်က မိန်းကလေးကိုရှာနေတယ်။"
ကြီးကြပ်ရေးမှူးလျိုက နဉ်ရှုကိုလာရှာသည်။ ယခုတော့ နဉ်ရှုမှာ သည်လူ့ကိုမြင်သည်နှင့်ပင် ရွံ့တွန့်တွန့်ဖြစ်နေမိသည်။ ဒီလူက နဉ်ရှု သူ့ဆီ အဆိပ်ထုပ်တစ်ထုပ်ပစ်ပေါက်ချင်ရလောက်အောင်အထိကို ကုန်းဝူမေ့အပေါ် သောက်ရမ်းသစ္စာရှိလွန်းသည်။ ဒါက မကောင်းကြောင်းပြောနေတုန်း ရောက်ချလာသလိုပင်။
နဉ်ရှုက ကြီးကြပ်ရေးမှူးလျိုရဲ့နောက်ကနေ ခပ်တည်တည်ဖြင့် ကုန်းဝူမေ့အခန်းဆီလိုက်လာသည်။ ရှားရှားပါးပါး တံခါးပိတ်ထားသည်မို့ သူမ အံ့ဩသွားရသည်။ ပုံမှန်ဆို ကုန်းဝူမေ့က လူးလှိမ့်နေချိန်မှာတောင် တံခါးမပိတ်တဲ့အထိကို အထိန်းအကွပ်မရှိတာကို ဘာလို့ နေ့ခင်းကြောင်တောင်ကြီး တံခါးပိတ်ထားရတာလဲ?
နဉ်ရှု အထဲကိုဝင်မသွားချင်ခဲ့။
"ရှင်တို့ဂိုဏ်းချုပ် အိပ်ပျော်နေတာဖြစ်မယ်၊ ဒါကြောင့်မို့ ကျွန်မ အရင်သွားနှင့်တော့မယ်နော်။"
နဉ်ရှုက လှည့်ထွက်လိုက်သည်။
ကြီးကြပ်ရေးမှူးလျိုက သူမရဲ့လမ်းကိုပိတ်ကာဆိုသည်။
"ဂိုဏ်းချုပ်က မိန်းကလေးကို အထဲမှာစောင့်နေပါတယ်။"
နဉ်ရှုက ကြီးကြပ်ရေးမှူးလျိုရဲ့ခါးပတ်မှာ ချိတ်ဆွဲထားသည့်ဓားကိုကြည့်လိုက်ပြီးနောက် တိတ်တဆိတ်ပြန်လှည့်ကာ တံခါးကိုမျက်နှာချင်းဆိုင်လိုက်သည်။
ကြီးကြပ်ရေးမှူးလျိုက နဉ်ရှုဝင်ဖို့အတွက် တံခါးဖွင့်ပေးသည်။
နဉ်ရှုက လက်ထဲဝှက်ယူလာတဲ့အဆိပ်ထုပ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လိုက်ပြီးနောက် အထဲကို လေးကန်စွာဝင်သွား၏။ သူမ အထဲကိုရာက်သည်နှင့် ကြီးကြပ်ရေးမှူးလျိုက တံခါးပိတ်လိုက်သည်။ သူမမှာ ချက်ချင်းဆိုသလိုပင် မကောင်းသည့်ခံစားချက်ကြီးရလာတော့သည်။ သူ ဘာလို့ တံခါးပိတ်လိုက်တာလဲ? ကုန်းဝူမေ့က သူမကိုသတ်ဖို့ဆုံးဖြတ်လိုက်တာတော့ မဟုတ်လောက်ပါဘူးနော်?
"မင်း ဘာလို့ အဲ့မှာရပ်နေသေးတာလဲ? ဒီကိုလာ။"
ရုတ်တရက် ကုန်းဝူမေ့ရဲ့အသံထွက်ပေါ်လာသည်။ သူ့အသံက အင်မတန်ထိတ်လန့်ဖွယ်ကောင်းနေ၏။
နဉ်ရှုက လေးကန်စွာဖြင့်ခြေရှပ်လှမ်းကာ ခန်းဆီးစကိုမလိုက်သည်။ သည်းမခံနိုင်လောက်သည့်အနံ့က သူမမျက်နှာဆီ ချက်ချင်းရိုက်ခတ်လာသည်။ အဲ့အနံ့က သေးစော်တွေနံဟောင်နေတဲ့ ဘောင်းဘီရှည်ဆီက အနံ့လိုပင်။ အဲ့ချဉ်စုပ်စုပ်အနံ့က သူမကို အန်ချင်စိတ်ပေါက်လာစေ၏။
သို့သော်လည်း ကုန်းဝူမေ့ရဲ့ဖြူစုတ်နေတဲ့မျက်နှာကိုမြင်လိုက်ရသည်၌ နဉ်ရှုက သူမကိုယ်သူမ အဲ့အနံ့ကိုသည်းခံဖို့ဖိအားပေးလိုက်ကာမေးသည်။
"ရှင် တစ်ခုခုအတွက် ကျွန်မကိုလိုလို့လား ဂိုဏ်းချုပ်?"
ကုန်းဝူမေ့ရဲ့မျက်နှာက အတော်လေးဖြူဖျော့နေသော်လည်း သူ့အမူအရာကတော့ အင်မတန်မှုန်မှိုင်းလို့နေ၏။ သူ့အသက်ရှူနှုန်းက မတည်ငြိမ်ဘဲ သူ့ဘေးပတ်လည်မှာ ပျက်စီးယိုယွင်းနေတဲ့ရောင်ဝါတို့ လွှမ်းခြုံလျက်ရှိသည်။ နဉ်ရှုကိုကြည့်နေတဲ့သူ့အမူအရာက နက်ရှိုင်းတဲ့သံသယတွေနဲ့ အမုန်းတရားတွေပါဝင်နေသော်ငြား သူ့မျက်လုံးတွေထဲမှာတော့ မျှော်လင့်ချက်လေးနည်းနည်းလည်း ရှိနေခဲ့သည်။
နဉ်ရှုမှာ ထိုအခြင်းအရာကြောင့် လုံးတရှုပ်ထွေးသွားရသည်။ အနံ့ဆိုးကြီးကိုသည်းခံရင်းဖြင့် သူမက ထပ်မေးလိုက်သည်။
"ဂိုဏ်းချုပ်၊ ရှင် ဘာဖြစ်လို့လဲ?"
ကုန်းဝူမေ့က ကုတင်ထက်မှာလဲလျောင်းနေသည်။ သူမ ဝင်လာချိန်တည်းက သူက လှုပ်တောင်မလှုပ်ဘဲ ရုပ်ထုကြီးတစ်ခုလို လှုပ်ရှားမှုကင်းမဲ့သည့်အနေအထားဖြင့်သာရှိနေသည်။ သူ ဘာဖြစ်နေလည်းဆိုတာ သူမ တကယ်မသိတော့ချေ။
ကုန်းဝူမေ့က သူမကိုကြည့်ကာမေးလာ၏။
"မင်း ငါ့ကို ဒီလိုဖြစ်အောင် တမင်လုပ်ခဲ့တာလား?"
နဉ်ရှု : ???
သူမ စိတ်ရှုပ်ထွေးသွားသည်။ ဘာဖြစ်နေတယ်ဆိုတာ သူမ တကယ်မသိ။ သူ့စိတ်အခြေအနေဆိုးလာတည်းက သူမ သူ့ကိုရှောင်နေခဲ့တာမို့ ဘာဖြစ်သွားတာလဲဆိုတာ သူမ တကယ်ကိုမသိပါချေ။
"ဂိုဏ်းချုပ်၊ တစ်ခုခုဖြစ်ရင် ရှင် ကျွန်မကို တည့်တိုးပြောသင့်ပါတယ်။ ကျွန်မ တတ်နိုင်သမျှအားလုံးလုပ်ပြီး ကူညီပေးမှာပါ။"
နဉ်ရှုက သူမရင်ဘတ်ကိုပုတ်ကာ အင်မတန်သစ္စာရှိလေဟန်ဖြင့် ထိုသို့ဆို၏။
ကုန်းဝူမေ့က ရှက်ရွံ့မှုနှင့်ရုန်းကန်နေရပုံပေါ်သော်လည်း အဆုံးတွင်တော့ သူက နဉ်ရှုကို သူ့လက်ရှိအခြေအနေအကြောင်းပြောပြလာလေ၏။
အမှန်တော့ နဉ်ရှုက သူ့ကို မိန်းမတွေနဲ့ထပ်မဆက်ဆံတော့ဖို့နဲ့ ထိန်းချုပ်ထားဖို့ပြောတည်းက သူ့ရဲ့အဲ့နေရာကလိုအပ်ချက်တွေက အဆမတန်များပြားသည့်တိုင် သူ ဒီတစ်ချိန်လုံး ထိန်းချုပ်ထားခဲ့သည်။ နဉ်ရှု သူ့ကို ပထမဆုံးအကြိမ်'ကုသ'ပေးပြီးနောက်တွင် အရင်ကထက်နေလို့ပိုကောင်းလာသည်မို့ သူက သူမရဲ့ညွှန်ကြားမှုတွေကိုနားထောင်ကာ အဲ့ဟာကိုချုပ်တည်းထားဖို့ အများကြီးကြိုးပမ်းခဲ့သည်။ သူ အပြင်းအထန်ဆန္ဒဇောကပ်လာလျှင်ပင် သူက ချုပ်တည်းထားဆဲဖြစ်၏။
တဖြည်းဖြည်းနဲ့ သူ နှီးနှောဆက်ဆံတာမရှိဘဲနဲ့တောင် ထုတ်လွှတ်ချင်လာသည်အထိဖြစ်လာသည်။ ဘောင်းဘီတွေရဲ့ပွတ်တိုက်မှုလေးကြောင့်နဲ့တင် သူ ထုတ်လွှတ်ပစ်ချင်စိတ်တွေအပြင်းအထန်ဖြစ်လာသော်လည်း သူကတော့ သူ့အသက်က အဲ့အပေါ်မှာမူတည်နေတဲ့အတိုင်း ဆက်ထိန်းချုပ်ထားဆဲပင်ဖြစ်၏။ သည်ကိစ္စက ခဏကြာအောင်ဖြစ်ပျက်ပြီးနောက်တွင် ပြသနာတစ်ခုပေါ်လာတော့သည်။ ယခုအချိန်တွင်မူ သူ့ရဲ့အဲ့အောက်ပိုင်းနေရာက တစ်ချိန်လုံး အဖြူရောင်အရည်တွေစီးကျလာနေ၏။
အဲ့ဒါက တစ်ချိန်လုံးထုတ်လွှတ်နေတော့တာပင်။ တစ်ယောက်ယောက် အဲ့ဒါကိုထိလိုက်သည်နှင့် အရည်တွေစီးကျလာကာ ဒါကပင် ကုန်းဝူမေ့ရဲ့ဒေါသထွက်လွယ်နေရခြင်းအကြောင်းအရင်းပင်ဖြစ်တော့သည်။ ထပ်ပြောရမည်ဆိုလျှင် သူ့ရဲ့ရင်းမြစ်နဲ့ဆိုင်တဲ့ဒီလိုကိစ္စမျိုးက သူပြောနိုင်သည့်ကိစ္စမျိုးမဟုတ်ပေ။ သို့သော်လည်း အဲ့ကိစ္စကို အချိန်အတော်ကြာအောင်ရုန်းကန်သည်းခံနေရပြီးနောက်တွင်တော့ သူ့ကိုဒီလိုဖြစ်လာစေသူက ဒီရမ်းကုသမားတော် နဉ်ရှုဖြစ်မယ်လို့ ယုံကြည်လေတာမို့ နဉ်ရှုကိုခေါ်လိုက်ခြင်းဖြစ်လေ၏။
နဉ်ရှု : ...
သူ့ရဲ့အဆီအနှစ်ပြွန်က ဖိအားတွေကြောင့် ပျက်သွားပြီ? ဘယ်လိုတောင်လား!!!?
အဲ့ဒါက ရေပိုက်ခေါင်းအဟောင်းတစ်ခုလိုပဲ ပျက်စီးသွားတယ်!
...
ဇာတ်လိုက်တွေထဲ ကုန်းဝူမေ့အဖြစ်အဆိုးဆုံးလိုပဲ -,-
Advertisement
...
Zawgyi
________________
နဉ်ရှု : ???
နဉ်ရှု : ...
...
...
Advertisement
- In Serial75 Chapters
RE:WRITE
Fed up with a world where science has made every fantasy a reality and people just don’t care about stories anymore, a young video game developer named Kai uses ancient black magic to transport himself into one of his games, titled: Choices. Disturbed by his powerlessness on Earth, Kai makes sure to give himself the ability to change this new world as he sees fit, literally. If you were ridiculously powerful, would you throw away all your morals and do whatever you wanted?Would you find happiness? Would you find love? Or would you end up realizing that… Absolute power is pretty depressing. Note: The format for chapter titles is: “Overall_chapter_number POV_chapter_number: Chapter_title." Look at the POV chapter number to see who is narrating. Thanks to Ia-shub niggurath and peacefulcatastrophe for editing. Also thanks peacefulcatastrophe for the idea for the new cover image: John Martin, 1789–1854. The Deluge. 1834. (Public Domain) You can read it on my website too!Please vote for my story on TopWebFictions! No sign up, just click on the link and vote for as many stories as you like. Signed and fulfilled the Pledge. ~~A Proud Member of Writers to The End; we finish our fictions!~~
8 178 - In Serial8 Chapters
Melio
A Stormy Beginning series is a lengthy world building prologue, setting the background for future events and detailing the history of the world called Melio. If you aren't interested in world building I suggest skipping onward to Chapter 1.----Synopsis----A young man and his father spend their days together in the outskirts of a small island settlement. The father spends his time focused on the synthesis of new and often strange tools, lost in a personal world of levers and gears, using small gems found within the worlds creatures called spirit cores to make everyday life easier. The son dreams of the life of a Hunter. A chance to venture beyond the settlement Wall and see the world, while participating in grand battles against the powerful creatures that stalk The Wild for a chance to gather new and rare materials. When he gets his opportunity to join in a venture, he discovers a strange spirit core that will turn his life, and the world, on its head.
8 163 - In Serial79 Chapters
WTF
When This Fella Went To Fight With This Fish What They Found Was That Friendship Was The Force Which Tethered Fates Warmly Together Forever. It's about magical fish, magical dudes, destiny, love, gang fights, cults, and aliens. Title says it all. A rewrite of an idea I started during writathon. Enjoy!
8 119 - In Serial63 Chapters
Billionaire's World
Collection of Billionaire's stories
8 187 - In Serial29 Chapters
Undertale Lemons
What the title saysI'd consider myself a good writer, when I'm in the mood.Update: REQUESTS ARE BACK UP AND RUNNING
8 209 - In Serial68 Chapters
The Tattooed Devil Wears Chucks
🥇 Highest Rankings: #1 Action#1 Chicklit#1 Mystery#1 Teen Fiction#1 Thriller 2018 Watty's Long List🥀 Trigger Warning/Sexual Assault⚠️Mature Sexual Content/Language R 🔞•The Tattooed Devil Wears Chucks•Gabby Brooks seemed to be a normal 18-year-old girl growing up on the edge of an Iowa lake. She enjoyed being off everyone's radar in the small town of Luxberg. She had a small group of friends, an adoring family, and a love for her town.That was until the Parkers moved in across the street. A new friend with a tattooed god for an older brother changes Gabby's normal little life upside down. She finds herself fascinated by Jackson Parker, especially by his criminal past-which is filed away in sealed records. Not even her father, the town police officer, will spill as to what her new neighbor did to put himself behind bars. Jackson seems to be just as fascinated with Gabby Brooks, the daughter of his probation officer/town cop. His eyes are set on making her the next victim of his playful games, just to piss off her dad.Even with her father's warnings to stay away from the new neighbors, Gabby finds herself breaking the rules for the first time in her life. It brings out the best and the worst of the people she trusts the most, including herself. Secrets she didn't even know she carried are brought to light, shaking the town to its core.What Jackson and Gabby don't realize, is how much their lives will change because they can't seem to stay away from each other. Sometimes change is not always for the best.
8 146