《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 128
Advertisement
Unicode
ရှင် ထပ်ပြီးPa-Pa-Paလို့မရတော့ဘူး
______________
နဉ်ရှုကမူ မကျေနပ်မှုကြောင့် ကုန်းဝူမေ့ထုတ်လွှတ်နေသည့် လူသတ်လိုသည့်အော်ရာတို့ကို ဂရုမထားဘဲဆိုလေ၏။
"ဒါတွေအားလုံးက ရှင့်စွမ်းအားအရင်းအမြစ်ပဲလေ။"
"ရှင်သာ ရှင့်ရောဂါကို အပြည့်အဝပျောက်ကင်းစေချင်တယ်ဆိုရင် ရှင့်ကိုယ်ထဲက ကမောက်ကမဖြစ်နေတဲ့အတွင်းအားတွေကို ငြိမ်အောင်ထိန်းချုပ်ပြီး အတွင်းအားကြောင့်ပျက်စီးသွားတဲ့ ရှင့်ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို နဂိုအတိုင်းဖြစ်အောင်ပြန်ကုသရမှာ။ စွမ်းအားအရင်းအမြစ်ဆုံးရှုံးတာက ရှင့်ခန္ဓာကိုယ်အတွက်မကောင်းဘူး။"
နဉ်ရှုက မျက်နှာသေဖြင့်ပင် ပေါက်ကရစကားဆို၏။
ကုန်းဝူမေ့ရဲ့မျက်နှာက ဖြူဖျော့နေကာ ပထမတော့ သူ စကားမပြောပေ။ သို့သော်လည်း သူစကားပြောလိုက်ချိန်မှာ သူ့အပြုံးက ခါတိုင်းလိုပင် ဆွဲဆောင်မှုရှိနေဆဲဖြစ်၏။
"ဒါဆို အခု ကိုယ်ဘာလုပ်ရမလဲ? ကိုယ် ဒီရောဂါကို ဒီအတိုင်းထားလိုက်ဖို့တော့ လုံးဝမဖြစ်နိုင်ဘူးလေ၊ ဟုတ်တယ်မလား?"
ကုန်းဝူမေ့က သူ့ခန္ဓာကိုအောက်ပိုင်းကို လက်ညှိုးထိုးလိုက်ပြီးနောက် မေးကိုမသိမသာမော့ကာဆို၏။
"အဲ့ဒါငုပ်ကျသွားတဲ့အတွက် မင်းတာဝန်ယူရမယ်။"
နဉ်ရှု : "ဟား၊ ဟား၊ ဟား။"
"ချုပ်တည်းထားစမ်းပါ။ ကျွန်မ ရှင့်ကို အရင်ကမပြောခဲ့ဘူးလား! ရှင် ချုပ်တည်းထားရမယ်။ ရှင် တကယ်ပဲသည်းမခံနိုင်တော့ရင် ကိုယ့်ဘာသာပွတ်သပ်လိုက်၊ ဒါပေမယ့် ဘာဖြစ်ဖြစ် မထုတ်လွှတ်လိုက်နဲ့။ ရှင် အဲ့ဒါကို ထွက်ခွင့်ပြုလို့မရဘူး။"
နဉ်ရှုမျက်နှာထက်တွင် ရှက်ရွံ့နေမှု တစ်စိုးတစ်စိမျှပင်ရှိမနေချေ။
ကုန်းဝူမေ့က ရေချိုးဇလုံထဲမှာ အားပျော့စွာလှဲလိုက်၏။ သူက သူမကိုကြည့်ပြီးနောက်မေးသည်။
"မင်းက တကယ်ပဲမိန်းမလား?"
"ကျွန်မက သမားတော်။ လိင်အမျိုးအစားက ကျွန်မအတွက်တော့ ဘာမှမဟုတ်ဘူး။"
အဆုံးသတ်ကျတော့လည်း ဘယ်သူက အသေးအမွှားလေးတွေကို ဂရုစိုက်နေလို့လဲ?
ကုန်းဝူမေ့က မျက်မှောင်ကုတ်သည်။ သူက နာကျင်နေပုံပေါ်တာမို့ နဉ်ရှုက သူ့ကို အားပေးဖို့ဆုံးဖြတ်လိုက်သည်။
"ရှင် လုပ်နိုင်ပါတယ်! ရှင်လုပ်နိုင်ပါတယ်! ချုပ်တည်းထားလိုက်စမ်းပါ!"
ကုန်းဝူမေ့ : ...
ကုန်းဝူမေ့က အဆင့်မြင့်သိုင်းပညာရှင်ဖြစ်တာမို့ အကြောအားပျော့ဆေးရဲ့အာနိသင်က ခဏအကြာတွင်ပြယ်သွားသည်။ ကုန်းဝူမေ့ ရေချိုးဇလုံထဲကထွက်လာသည်နှင့် နဉ်ရှုက ဆေးသေတ္တာကို အလျင်အမြန်ကောက်မက ထွက်သွားတော့၏။
ကုန်းဝူမေ့ အားနည်းမနေချိန်မှာ သူ့ကိုရင်ဆိုင်ဖို့ကြိုးစားရလောက်တဲ့အထိ သူမ မတုံးသေးပါဘူးနော်။
ထို့အတွက် သူမက အချိန်အများစုမှာ ကုန်းဝူမေ့ရဲ့မမြင်ကွယ်ရာမှာနေနေပြီး သူ့ချီစွမ်းအင်တွေ ကမောက်ကမဖြစ်မယ့်အချိန်ကိုစောင့်နေလေ၏။ ပြီးနောက်တွင်တော့ သူမက တရုတ်ရွှေချည်မျှင်နဲ့ရောစပ်ထားတဲ့ ဆေးရည်ပန်းကန်တွေအများကြီးကို သူ့ပါးစပ်ထဲ အမိအရလောင်းထည့်ပြီး သူက နောက်ပိုင်းမှာ သူမကို စာရင်းရှင်းမှာစိုးလေတာကြောင့် ထွက်ပြေးတတ်သည်။
[တရုတ်ရွှေချည်မျှင်က ရောဂါပိုးတိုက်ထုတ်တဲ့ဖို့၊ အဖျားလျှော့ချဖို့တွေမှာ အများဆုံးအသုံးပြုပြီး အသေခါးပါတယ်တဲ့။ ထိပ်ဆုံးမှာ ပုံထည့်ပေးထားတယ်။ အိုင်တော့ နနွင်းတက်တွေနဲ့တူတယ်ထင်တာပဲ။]
အရင်က သူ အလွန်အင်မတန်လွတ်လပ်စွာဖြင့် ပျော်မွေ့ခဲ့တာကြောင့်ဖြစ်မည်ထင်သည်၊ ယခုအချိန်၌ ကုန်းဝူမေ့မှာ သူ့ရောဂါထမလာတာတောင် မိန်းမတွေနဲ့အိပ်ချင်စိတ်ပြင်းပြနေလေ၏။ သို့သော်လည်း သူ မိန်းမတစ်ယောက်နဲ့ လူးလိမ့်ဖို့အဆင်သင့်ဖြစ်နေချိန်တိုင်း နဉ်ရှုပေါ်လာကာ သူ့ကို ချုပ်တည်းထားဖို့ မနားမနေတတွတ်တွတ်ပြောတတ်သည်။
"ရှင် ချုပ်တည်းထားရမယ်၊ ရှင် ထုတ်လွှတ်မယ့်ဟာက ရှင့်စွမ်းအားအရင်းအမြစ်ပဲ။ ရှင် ချုပ်တည်းထားရမယ်..."
"ရှင် ထပ်ပြီးpa-pa-paလို့မရတော့ဘူး၊ ရှင်paလိုက်တာနဲ့ အစောတုန်းကကြိုးစားမှုတွေအားလုံး အလကားဖြစ်ကုန်မှာ..."
"ရှင်က ယောက်ျားဟုတ်လား၊ မဟုတ်ဘူးလား? သူတို့အောက်ပိုင်းကို မထိန်းချုပ်နိုင်တဲ့ဘယ်သူမဆို အရှုံးသမားပဲ၊ ရှင် အရှုံးသမားဖြစ်ချင်လို့လား?..."
သူ တက်ကြွနေတုန်း နဉ်ရှုပေါ်လာလိုက်တဲ့အချိန်တိုင်း သူမက အဲ့စကားတွေကို တတွတ်တွတ်ပြောနေတတ်လေသည်မို့ ကုန်းဝူမေ့မှာ သူ ရူးသွားဖို့တဲတဲကလေးပဲလိုတော့သည်ဟု ခံစားနေရလေ၏။ သူ့မှာ ဒီမိန်းမရဲ့လည်ပင်းကို ချိုးပစ်ချင်စိတ်တို့ အကြိမ်ပေါင်းမရေမတွက်နိုင်လောက်အောင်ပေါ်လာသော်ငြား ဒီမိန်းမက သူ့အတွင်းဒဏ်ရာကို ကုသပေးနိုင်တယ်ဆိုတဲ့အတွေးနဲ့ ပြန်ထိန်းထားရသည်။
တစ်ခါတစ်ရံမှာတော့ သူက တစ်ချိန်လုံးထောင်မတ်နေသည့်သူ့ညီလေးနှင့် တစ်နေ့တာကိုဖြတ်ကျော်ရကာ သူ့ကိုယ်သူချုပ်တည်းနေရပြီး ထုတ်လွှတ်လို့မရဖြစ်နေသည်။ အချိန်အတော်ကြာသည်အထိ ဤသို့ဖြစ်နေပြီးနောက်တွင်တော့ သူ့မျက်နှာက ကိုယ့်ကိုကိုယ်ချုပ်တည်းနေရမှုကြောင့် အစိမ်းရောင်လုံးဝပြောင်းနေပြီဖြစ်၏။ ဝက်ခြံတွေက ကုန်းဝူမေ့ရဲ့မေးထက်မှာစထွက်လာပြီး သူ့ဟော်မုန်းတွေ ဟန်ချက်ပျက်တော့မည်ကို ညွှန်ပြနေသည်။ ထပ်ပြောရမည်ဆိုလျှင် သူ့ညီလေးထောင်မတ်နေလျက်နှင့် လမ်းလျှောက်နေသည့်သူ့ပုံစံက အင်မတန်ကို့ရို့ကားယားဖြစ်နေလို့နေသည်။
နဉ်ရှုသည်လည်း အတော်လေးခံစားရသည်ပါပဲ။ သူမ သူ့ကို ဘယ်လောက်ကြာကြာလှည့်စားထားနိုင်မလဲဆိုတာ သူမ မသိပေ။ ကုန်းဝူမေ့ရဲ့အတွင်းဒဏ်ရာထဖောက်လာတဲ့အချိန်တိုင်း သူမက သူ့ကို ရေခဲရေချိုးဇလုံထဲပစ်ချကာ သူ့ဆေးထဲ အကြောအားပျော့ဆေးတွေရောထည့်သည်။ မဟုတ်ပါက သူ ခက်ထန်လာသည့်ခဏမှာတင် သူမ သေသွားလောက်ပေပြီ။
ကုန်းဝူမေ့က သူ့အတွင်းဒဏ်ရာထလာချိန်တိုင်း ကြောက်ဖို့ကောင်းသည်။ သူမလုပ်နိုင်သမျှက ဆေးတွေလောင်းထည့်တာ၊ ဆေးတွေပိုလောင်းထည့်တာသာဖြစ်၏။ ဆေးပန်ကန်တိုင်းမှာ အကြောအားပျော့ဆေးမှုန့်တွေပါသည်။ သူ့အတွင်းဒဏ်ရာထလာချိန်မှာ ကုန်းဝူမေ့သာ သူ့အတွင်းအားကိုမလှည့်ပတ်နိုင်ပါက ချီစွမ်းအားမတည်မငြိမ်ဖြစ်တဲ့လက္ခဏာတွေလည်း အတော်လေးလျော့ကျသွားတတ်သည်ကို သူမ သတိပြုမိထားသည်လေ။ သို့သော်လည်း အရိုးရှင်းဆုံးပြောရမည်ဆိုလျှင်တော့ သူမက ကုန်းဝူမေ့တစ်ယောက် ခက်ထန်ရမည်ကိုပင် ပင်ပန်းလွန်းသွားသည်အထိဖြစ်အောင်လုပ်နေခြင်းဖြစ်၏။
ဒါပေါ့၊ ဒီကိစ္စတွေလုပ်နေတဲ့အတောအတွင်း သူမမှာ သူမ ဘာလုပ်နေတယ်ဆိုတာကို သိသည့်အလား ယုံကြည်မှုရှိသည့်အမူအရာကိုလည်း ထိန်းထားရပါသေးသည်။ သို့သော်လည်း အမှန်ကတော့ ကုန်းဝူမေ့ရဲ့အတွင်းဒဏ်ရာတွေကိုကုသဖို့ တစ်နည်းသာရှိသည် — သူ့သိုင်းကျင့်စဉ်တွေကို ဖျက်ဆီးပစ်လိုက်ဖို့။ သို့သော်လည်း နဉ်ရှုမှာ သူ့ကို ထိုအကြောင်းမပြောရဲပါလေ၊ အကြောင်းမူ သူမပြောလိုက်ပါက သူက သူမကို အရင်ဆုံးဇီဝိန်ချုပ်ပေးမှာမို့ဖြစ်၏။
...
Zawgyi
______________
Advertisement
နဉ်ရှု : "ဟား၊ ဟား၊ ဟား။"
ကုန်းဝူမေ့ : ...
...
Advertisement
- In Serial39 Chapters
Monsters of Terra: A Compendium
Demons, Dragons, ghouls, and gheists. The monsters of Terra are many. I, Nicholas Wolfram shall tell you all about them in the hopes you may avoid the fate of some of my students. Read on, lest a lack of knowledge be your undoing. These monsters are based on those found in The Alchemist Series.
8 244 - In Serial9 Chapters
Many Minded
Synopsis: Issa Pyxis, Spacer orphan and illegal heretic, graduated from living on the streets to running with a gang years ago, but now it looks like that’s all going to change. Her inheritance, more specifically who—or what—she is, is catching up with her, and on a planet with the Emperor’s inquisitors slinking around in every shadow, nowhere is safe and no one can be trusted. What will she do? A cyberpunk story about identity, loneliness, covert infiltration, evil dystopias, and much more! Features: - Cyborgs and cyberpunk galore - This is indented to be somewhat “rational” and “hard” Sci-Fi story - Original Fiction however parts of my worldbuilding are inspired by other Sci-Fi stories (duh) Rationale: The future is cool, AIs are kickass, and questions about consciousness are simultaneously existential and yet unanswered. To me, this story is a vehicle for exploring these topics, and also, I wanted to write a story where the protagonist was unafraid of themselves and where their self is more like a git-repo than a meat computer. Disclaimer: This story primarily takes place in what we’d describe as a “cyberpunk dystopia” with some extra technocracy, autocracy, and religious fervor thrown into the mix, so there will be some “grittiness” in this story. Caveat emptor. Also, [insert your favorite boilerplate “views expressed” disclaimer here]. I shouldn’t need to say this, but the main character and other characters in my story can be wrong on occasion (gasp!) and the way they view the world isn’t always objective truth (if such a thing even exists) nor do their views and opinions necessarily reflect the views of me, the author. Cover art by me! [participant in the Royal Road Writathon challenge]
8 87 - In Serial18 Chapters
Skillmaster : Haven
Skillmaster : Haven Thrust into a position not of his choosing, the cloned intelligence of James Carter must travel through the virtual reality world of Haven, following a quest given to him by the prime god and creator of this new world.. The quest ? To gain access to a virtual log off button which will allow him to log off to his virtual real life Skillmaster : Haven now to be renamed as Skillhaven Alpha
8 198 - In Serial30 Chapters
World Shatter
Henry Miller always dreamt of being teleported to a fantasy world but he never expected that a fantasy world would be brought to him. On that day, the earth cracked open letting loose monsters and magical beasts onto the surface. A stroke of misfortune causes Henry to be incapable of leveling, and in turn, he is forced to become stronger through the power of exercise mixed with a fiery resolve and unparalleled regenerative powers. This isn't a story of candy and roses, but one of pain, struggling, and a strong reliance on community to work together in order to survive. Out of the ruins of shattered earth, many will rise to the top and many will fall at the feet of others, but there are very few truly strong enough to protect others, and of those few even less will willingly choose to do so. Therefore it is Henry's duty to carry that torch and be someone who can bear that responsibility. Through light and darkness, Henry will remain as the pin that holds together the World Shatter.
8 137 - In Serial11 Chapters
The Dark Crystal: Sifan Charms
Set two years before the events of Age of Resistance, this tale centers around Tavra & Onica's adventures with Sifan captain, Athyra. A strong, beautiful, weathered Gelfling, full of charm and sledgehammer wit. After fleeing from her Vapran roots, she was taken in by the Sifa at a young age and is now captain of a samaudren, leading a band of haggard pirates who are about to set sail on a heroic quest. But first, she needs a strong warrior and a fardreamer. When Onica catches word of this, she sends for Tavra to join her on this adventure. Yet in the shadows of the seas, a secret revolution whispers, and both may soon find themselves in the middle of a world far too large.
8 81 - In Serial86 Chapters
The Light of Elysium
Book 1 (complete) - Veterinary student Elle wants to travel, but she doesn't plan on getting pulled into a magical kingdom by a unicorn. Thrust into an adventure in a land filled with dragons, men of fire and shapeshifters, she makes new friends and has a chance at love. But not everything in Elysium is benevolent, particularly the beautiful but deadly dark elves! Haunted by her past, she has to find the strength to face the challenges thrown her way, including navigating royal politics. Each step of her journey draws her inexorably closer to secret of the Light of Elysium.PG13 - some scenes may be disturbing but not graphic.Highest rankings - 16 in Fantasy, 4 in Adventure and 1 in High Fantasy.Cover by @crookedaydreamer
8 129