《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 124
Advertisement
Unicode
တရားမျှတမှုပြယုဂ်
_________
ကုန်းဝူမေ့ မိန်းမတွေကိုညှင်းပန်းတာက သူပျော်ရွှင်ဖို့အတွက်ဖြစ်သည်။ ချီစွမ်းအားမတည်မငြိမ်ဖြစ်တယ်ဆိုတဲ့ဇာတ်ကွက်က ဒီလိုမှသာ သူ မိန်းမတွေနဲ့လူးလိမ့်ရမှာဖြစ်၏။ သို့သော်လည်း ဒါက သူ့အတွင်းဒဏ်ရာတွေကိုကုသနိုင်ပြီး အရမ်းကိုနှစ်သက်ဖို့ကောင်းတာမို့ ပြီးပြည့်စုံသည်။
ကုတင်ပေါ်မှာထိုင်နေတဲ့ ကုန်းဝူမေ့ရဲ့မျက်နှာက အနည်းငယ်နီရဲနေဆဲဖြစ်၏။ နဉ်ရှုပြောတာကိုကြားတဲ့အခါ သူက လတ်တလောခံစားထားရတဲ့ပီတိကြောင့် အနည်းငယ်မိန်းမောနေသောမျက်ဝန်းများဖြင့် သူမကိုကြည့်လာ၏။
"မင်း အဲ့မိန်းမကို မနာလိုလို့ပြောနေတာလား?"
"ကိုယ် သူနဲ့ရှိနေတာကို မင်း မနာလိုဖြစ်နေတာလား? ကိုယ်က မင်းကိုဂရုမစိုက်တာကို မပျော်မရွှင်ဖြစ်နေတာလား?"
ကုန်းဝူမေ့က နဉ်ရှုကိုအကဲခတ်ရင်း မေးကိုပွတ်သည်။
နဉ်ရှု မျက်လုံးလှန်လိုက်မိသည်။ သူမ ဘာမှမခံစားရဘဲ ရယ်တောင်ရယ်ချင်နေသေးတယ်။
"ကျွန်မကို မလုပ်ဘဲ လွှတ်ပေးထားတဲ့ ရှင့်ရဲ့အကြင်နာတရားအတွက် ကျေးဇူးပဲ။"
"ကျွတ် ကျွတ် ကျွတ်..."
ကုန်းဝူမေ့က မေးကိုမော့၏။
"ပြောမယ်ဆို မင်းကလည်း အတော်လေးလှတာပဲ။ ဒီအဆုံးမဲ့နန်းတော်မှာ မင်းနဲ့ယှဉ်နိုင်တဲ့မိန်းမ မရှိဘူး၊ ဒါပေမယ့် မင်း ပါးစပ်ဟလိုက်တာနဲ့ မင်းရဲ့အော်ရာကပျက်စီးသွားရောပဲ။ မင်းက မင်းရဲ့အလှနဲ့လိုက်ဖက်ညီအောင် သိမ်မွေ့ခံ့ညားပြီး နူးညံ့သင့်တယ်လို့ မထင်ဘူးလား? ဒါပေမယ့် မင်းရဲ့အပြင်ပန်းရုပ်ရည်က မင်းရဲ့အကျင့်စရိုက်နဲ့ လုံးဝတခြားစီပဲ။ မိန်းမလှလေးတွေက မိန်းမလှလေးတွေလိုပဲနေသင့်တာကို။"
နဉ်ရှုက သူမမျက်နှာကိုပွတ်လိုက်သည်။
"မိန်းမလှလေးတွေက သူတို့ဘာလုပ်လုပ်ခွင့်လွှတ်ခံရတယ်။ ကျွန်မက လှတယ်၊ ဒါကြောင့် မောက်မာတယ်။ ကျွန်မက ဆွဲဆောင်မှုရှိတယ်၊ ဒါကြောင့်မို့ ခေါင်းမာတယ်လေ။ ကျွန်မကြိုက်တာ ကျွန်မလုပ်မှာပဲ။"
ကုန်းဝူမေ့က ဟက်ဟက်ပက်ပက်ရယ်မောလေ၏။
"ကိုယ် မင်းအကျင့်ကို သဘောကျတယ်။"
ထိုအချိန်တွင် နဉ်ရှုမှာတော့ ဒီမိန်းမလိုလှတဲ့ယောက်ျားကို ဝိုင်းလုပ်ဖို့ ယောက်ျားအုပ်ကြီးရှာပေးချင်နေလေ၏။
ကုန်းဝူမေ့က ရိသဲ့သဲ့ဟန်နဲ့ ပြန်လှဲချလိုက်သည်။ သူ့ရဲ့ပိုးသားလိုအနက်ရောင်ဆံနွယ်တွေက ကုတင်ထက်မှာဝဲဖြာကျနေရင်း သူ့ရဲ့ထက်မြပြီးကျက်သရေရှိတဲ့မျက်နှာကို ထင်းနေစေ၏။ ဒါက မယုံနိုင်လောက်အောင်ကိုလှပလွန်းသည်။ သူက သူမဆီလက်ဆန့်ပေးကာဆို၏။
"အခု ကိုယ့်သွေးကြောကိုစမ်းတော့မလား? အမှန်အတိုင်းပြောရရင် မင်းကိုတွေ့ပြီးတော့ ကိုယ် အဲ့မိန်းမတွေနဲ့ထပ်မအိပ်ချင်တော့ဘူး။ မင်းနဲ့ယှဉ်ရင် သူတို့က တကယ်ကိုရုပ်ဆိုးလွန်းတယ်။"
နဉ်ရှုက မတုန့်ပြန်ပေ၊ သူပြောတဲ့စကားတိုင်းကို ဘာမှမဟုတ်သလိုဆက်ဆံဖို့ သူမ ဆုံးဖြတ်ထားပြီးဖြစ်သည်။ သူမက သူ့လက်ကောက်ဝတ်ပေါ်မှာ သူမရဲ့လက်ကိုတင်လိုက်ကာ သူ့သွေးကြောကို သေချာစစ်ဆေးသည်။
ကုန်းဝူမေ့က သူမရဲ့မျက်နှာကိုအကဲခတ်ဖို့ မေးကိုမော့သည်။ ထို့နောက် သူက နဉ်ရှုမျက်နှာဆီ လေပူတစ်ချို့ကိုမှုတ်ထုတ်၏။
"မင်းက တကယ်ကို ကြည့်လေလှလေပဲ။ ကိုယ်တောင်မှ မင်းရဲ့အလှကြောင့် စိတ်လှုပ်ရှားမိတယ်။"
နဉ်ရှုက သူရှူထုတ်လိုက်တဲ့လေကို ယပ်ခတ်ကာဖယ်ထုတ်လိုက်ပြီး စိတ်ရှုပ်စွာဆို၏။
"ရှင့်ကိုယ်နံ့က နံတယ်လို့ ကျွန်မ ရှင့်ကိုမပြောခဲ့ဘူးလား? ရှင်က ဘာလို့ လူတွေဆီ လေမှုတ်ထုတ်ရတာ အရမ်းကြိုက်နေရတာလဲ? ကောင်းကောင်းဆိုးဆိုး၊ သူတို့က အဲ့အနံ့ကို သည်းခံနိုင်လားဆိုတာတော့ စဉ်းစားပေးသင့်တာပေါ့!"
ထို့နောက် သူမက သူ့လက်ကောက်ဝတ်ကိုလွှတ်ပေးလိုက်သည်။ ကုန်းဝူမေ့က သူမကိုပျင်းတွဲ့စွာကြည့်ကာမေး၏။
"ဘယ်လိုနေလဲ? ကုလို့ရနိုင်လား?"
"ဒါပေါ့၊ ကုလို့ရတယ်၊ ဒါပေမယ့် ရှင် ကျွန်မစကားကို နားထောင်ရမယ်။"
နဉ်ရှုက အလွန်လေးနက်သည့်အမူအရာဖြင့်ပြန်ဖြေသည်။
"ရှင့်ရောဂါကို ကုပြီးသွားရင် ချီစွမ်းအားမတည်မငြိမ်ဖြစ်တာကြောင့်ဖြစ်လာတဲ့ ရှင့်အတွင်းဒဏ်ရာတွေပျောက်သွားမယ့်အပြင် ရှင့်သိုင်းပညာကလည်း ခုန်ပေါက်ပြီးတိုးတက်လာဦးမှာ။ ပြီးတော့ ရှင် မိန်းမတွေနဲ့ နေ့တိုင်းအိပ်ဖို့လည်းမလိုတော့ဘူး။ ရှင် ရောဂါပျောက်ချင်တာ သေချာလား?"
ကုန်းဝူမေ့က ထထိုင်သည်။ သည်တစ်ကြိမ်တွင်တော့ သူမကိုကြည့်နေသည့်သူ့အကြည့်တို့်က လေးနက်နေပေ၏။
"တကယ်ပဲ ကုလို့ရတယ်ပေါ့? မင်းဆရာတောင် မကုနိုင်တာကို မင်းက ဘယ်လိုလုပ်ကုနိုင်မှာလဲ?"
"ကျွန်မဆရာက ရှင့်ကို မကုပေးချင်တာ အသိသာကြီးပဲဟာ။ ဆရာက သိုင်းလောကမှာ ဂုဏ်သတင်းကြီးမားပြီး ဖြောင့်မတ်တဲ့သူပဲ။ သူက ရှင့်လိုမျိုး မျက်တောင်တစ်ချက်မခတ်ဘဲလူသတ်နိုင်တဲ့သူနဲ့ မဆက်ဆံချင်တာ အသေအချာပဲ။"
နဉ်ရှုပြောသည့်အတိုင်း နတ်ဆေးသမားတော်မှာ အမှန်ပင် တရားမျှတမှု၏ပြယုဂ်ဖြစ်ပေ၏။
ကုန်းဝူမေ့က ဟက်ဟက်ပက်ပက်ရယ်သည်။
"အဲ့ရေခဲတုံးက အဲ့လိုဖြစ်စရာအကြောင်းကိုမရှိတာ။ ဂုဏ်သတင်းကြီးမားတယ်? ဖြောင့်မတ်မှန်ကန်တယ်? ခွီး။ မိန်းမလှလေး၊ မင်း ကိုယ်ရယ်အောင် တမင်များလုပ်နေတာလား?"
"ဟား၊ လောလောဆယ်တော့ ကိုယ် မင်းကိုယုံလိုက်ပါ့မယ်။ တစ်ခုခုဖြစ်လို့ကတော့ ကိုယ် မင်းကို ချက်ချင်းအဓမ္မကျင့်ပြီး သတ်ပစ်မယ်။ ပြီးရင်တော့ ကိုယ် မင်းကို အရေစုတ်ပြီး မပျက်စီးအောင်ဂရုတစိုက်ထိန်းသိမ်းထားပေးပါ့မယ်။"
ကုန်းဝူမေ့က ဒါတွေအားလုံးကို သူ့ရဲ့ဆွဲဆောင်မှုရှိတဲ့အသံနဲ့ ပေါ့ပါးစွာပြောလာခြင်းဖြစ်၏။ သူ့ရဲ့ လှပတဲ့ရုပ်ရည်တွေပေါင်းထည့်လိုက်တဲ့အခါမှာတော့ သူက တကယ်ပင် ပန်းစားတဲ့အမျိုးသားချောချောနဲ့တူလေသည်။
နဉ်ရှုက အပြုံးလေးဖြင့်ဆိုသည်။
"ရှင် ကျွန်မညွှန်ကြားတာတွေကိုလိုက်နာသရွေ့ အခြေအနေကောင်းလာမှာပါ။ ကောင်းမလာရင် ကျွန်မ ကိုယ့်ကိုကိုယ်သတ်သေပစ်လိုက်မယ်၊ ရှင် ဒုက္ခခံစရာမလိုပါဘူး။"
"မိန်းမလှလေး၊ ကိုယ်က ဘယ်လိုလုပ် မင်းကိုသေခိုင်းနိုင်မှာလဲ?".
ကုန်းဝူမေ့က သူမမျက်နှာကိုပွတ်သပ်ဖို့ လက်ဆန့်လိုက်သော်လည်း နဉ်ရှုက ခြေတစ်လှမ်းပြန်ဆုတ်ကာ ရှောင်လိုက်သည်။
"ရှင်ကဖြင့် ရှင့်ပစ္စည်းကိုထိပြီး လက်တောင်မဆေးရသေးဘူး။ သမားတော်တစ်ယောက်အနေနဲ့ သန့်ရှင်းမှုကိုပိုဂရုစိုက်ဖို့ ကျွန်မ ရှင့်ကို အကြံပေးလိုက်ပါရဲ့။"
ကုန်းဝူမေ့ : ...
...
Zawgyi
တရားမ်ွတမႈျပယုဂ္
_________
ကုန္းဝူေမ့ မိန္းမေတြကိုၫွင္းပန္းတာက သူေပ်ာ္ရႊင္ဖို႔အတြက္ျဖစ္သည္။ ခ်ီစြမ္းအားမတည္မၿငိမ္ျဖစ္တယ္ဆိုတဲ့ဇာတ္ကြက္က ဒီလိုမွသာ သူ မိန္းမေတြနဲ႔လူးလိမ့္ရမွာျဖစ္၏။ သို႔ေသာ္လည္း ဒါက သူ႔အတြင္းဒဏ္ရာေတြကိုကုသႏိုင္ၿပီး အရမ္းကိုႏွစ္သက္ဖို႔ေကာင္းတာမို႔ ၿပီးျပၫ့္စံုသည္။
Advertisement
ကုတင္ေပၚမွာထိုင္ေနတဲ့ ကုန္းဝူေမ့ရဲ့မ်က္ႏွာက အနည္းငယ္နီရဲေနဆဲျဖစ္၏။ နဉ္ရႈေျပာတာကိုၾကားတဲ့အခါ သူက လတ္တေလာခံစားထားရတဲ့ပီတိေၾကာင့္ အနည္းငယ္မိန္းေမာေနေသာမ်က္ဝန္းမ်ားျဖင့္ သူမကိုၾကၫ့္လာ၏။
"မင္း အဲ့မိန္းမကို မနာလိုလို႔ေျပာေနတာလား?"
"ကိုယ္ သူနဲ႔ရိွေနတာကို မင္း မနာလိုျဖစ္ေနတာလား? ကိုယ္က မင္းကိုဂရုမစိုက္တာကို မေပ်ာ္မရႊင္ျဖစ္ေနတာလား?"
ကုန္းဝူေမ့က နဉ္ရႈကိုအကဲခတ္ရင္း ေမးကိုပြတ္သည္။
နဉ္ရႈ မ်က္လံုးလွန္လိုက္မိသည္။ သူမ ဘာမွမခံစားရဘဲ ရယ္ေတာင္ရယ္ခ်င္ေနေသးတယ္။
"ကြၽန္မကို မလုပ္ဘဲ လႊတ္ေပးထားတဲ့ ရွင့္ရဲ့အၾကင္နာတရားအတြက္ ေက်းဇူးပဲ။"
"ကြၽတ္ ကြၽတ္ ကြၽတ္..."
ကုန္းဝူေမ့က ေမးကိုေမာ့၏။
"ေျပာမယ္ဆို မင္းကလည္း အေတာ္ေလးလွတာပဲ။ ဒီအဆံုးမဲ့နန္းေတာ္မွာ မင္းနဲ႔ယွဉ္ႏိုင္တဲ့မိန္းမ မရိွဘူး၊ ဒါေပမယ့္ မင္း ပါးစပ္ဟလိုက္တာနဲ႔ မင္းရဲ့ေအာ္ရာကပ်က္စီးသြားေရာပဲ။ မင္းက မင္းရဲ့အလွနဲ႔လိုက္ဖက္ညီေအာင္ သိမ္ေမြ့ခံ့ညားၿပီး ႏူးညံ့သင့္တယ္လို႔ မထင္ဘူးလား? ဒါေပမယ့္ မင္းရဲ့အျပင္ပန္းရုပ္ရည္က မင္းရဲ့အက်င့္စရိုက္နဲ႔ လံုးဝတျခားစီပဲ။ မိန္းမလွေလးေတြက မိန္းမလွေလးေတြလိုပဲေနသင့္တာကို။"
နဉ္ရႈက သူမမ်က္ႏွာကိုပြတ္လိုက္သည္။
"မိန္းမလွေလးေတြက သူတို႔ဘာလုပ္လုပ္ခြင့္လႊတ္ခံရတယ္။ ကြၽန္မက လွတယ္၊ ဒါေၾကာင့္ ေမာက္မာတယ္။ ကြၽန္မက ဆြဲေဆာင္မႈရိွတယ္၊ ဒါေၾကာင့္မို႔ ေခါင္းမာတယ္ေလ။ ကြၽန္မႀကိဳက္တာ ကြၽန္မလုပ္မွာပဲ။"
ကုန္းဝူေမ့က ဟက္ဟက္ပက္ပက္ရယ္ေမာေလ၏။
"ကိုယ္ မင္းအက်င့္ကို သေဘာက်တယ္။"
ထိုအခ်ိန္တြင္ နဉ္ရႈမွာေတာ့ ဒီမိန္းမလိုလွတဲ့ေယာက္်ားကို ဝိုင္းလုပ္ဖို႔ ေယာက္်ားအုပ္ႀကီးရွာေပးခ်င္ေနေလ၏။
ကုန္းဝူေမ့က ရိသဲ့သဲ့ဟန္နဲ႔ ျပန္လွဲခ်လိုက္သည္။ သူ႔ရဲ့ပိုးသားလိုအနက္ေရာင္ဆံႏြယ္ေတြက ကုတင္ထက္မွာဝဲျဖာက်ေနရင္း သူ႔ရဲ့ထက္ျမၿပီးက်က္သေရရိွတဲ့မ်က္ႏွာကို ထင္းေနေစ၏။ ဒါက မယံုႏိုင္ေလာက္ေအာင္ကိုလွပလြန္းသည္။ သူက သူမဆီလက္ဆန႔္ေပးကာဆို၏။
"အခု ကိုယ့္ေသြးေၾကာကိုစမ္းေတာ့မလား? အမွန္အတိုင္းေျပာရရင္ မင္းကိုေတြ့ၿပီးေတာ့ ကိုယ္ အဲ့မိန္းမေတြနဲ႔ထပ္မအိပ္ခ်င္ေတာ့ဘူး။ မင္းနဲ႔ယွဉ္ရင္ သူတို႔က တကယ္ကိုရုပ္ဆိုးလြန္းတယ္။"
နဉ္ရႈက မတုန႔္ျပန္ေပ၊ သူေျပာတဲ့စကားတိုင္းကို ဘာမွမဟုတ္သလိုဆက္ဆံဖို႔ သူမ ဆံုးျဖတ္ထားၿပီးျဖစ္သည္။ သူမက သူ႔လက္ေကာက္ဝတ္ေပၚမွာ သူမရဲ့လက္ကိုတင္လိုက္ကာ သူ႔ေသြးေၾကာကို ေသခ်ာစစ္ေဆးသည္။
ကုန္းဝူေမ့က သူမရဲ့မ်က္ႏွာကိုအကဲခတ္ဖို႔ ေမးကိုေမာ့သည္။ ထို႔ေနာက္ သူက နဉ္ရႈမ်က္ႏွာဆီ ေလပူတစ္ခ်ိဳ႕ကိုမႈတ္ထုတ္၏။
"မင္းက တကယ္ကို ၾကၫ့္ေလလွေလပဲ။ ကိုယ္ေတာင္မွ မင္းရဲ့အလွေၾကာင့္ စိတ္လႈပ္ရွားမိတယ္။"
နဉ္ရႈက သူရႉထုတ္လိုက္တဲ့ေလကို ယပ္ခတ္ကာဖယ္ထုတ္လိုက္ၿပီး စိတ္ရႈပ္စြာဆို၏။
"ရွင့္ကိုယ္နံ႔က နံတယ္လို႔ ကြၽန္မ ရွင့္ကိုမေျပာခဲ့ဘူးလား? ရွင္က ဘာလို႔ လူေတြဆီ ေလမႈတ္ထုတ္ရတာ အရမ္းႀကိဳက္ေနရတာလဲ? ေကာင္းေကာင္းဆိုးဆိုး၊ သူတို႔က အဲ့အနံ႔ကို သည္းခံႏိုင္လားဆိုတာေတာ့ စဉ္းစားေပးသင့္တာေပါ့!"
ထို႔ေနာက္ သူမက သူ႔လက္ေကာက္ဝတ္ကိုလႊတ္ေပးလိုက္သည္။ ကုန္းဝူေမ့က သူမကိုပ်င္းတြဲ႔စြာၾကၫ့္ကာေမး၏။
"ဘယ္လိုေနလဲ? ကုလို႔ရႏိုင္လား?"
"ဒါေပါ့၊ ကုလို႔ရတယ္၊ ဒါေပမယ့္ ရွင္ ကြၽန္မစကားကို နားေထာင္ရမယ္။"
နဉ္ရႈက အလြန္ေလးနက္သၫ့္အမူအရာျဖင့္ျပန္ေျဖသည္။
"ရွင့္ေရာဂါကို ကုၿပီးသြားရင္ ခ်ီစြမ္းအားမတည္မၿငိမ္ျဖစ္တာေၾကာင့္ျဖစ္လာတဲ့ ရွင့္အတြင္းဒဏ္ရာေတြေပ်ာက္သြားမယ့္အျပင္ ရွင့္သိုင္းပညာကလည္း ခုန္ေပါက္ၿပီးတိုးတက္လာဦးမွာ။ ၿပီးေတာ့ ရွင္ မိန္းမေတြနဲ႔ ေန့တိုင္းအိပ္ဖို႔လည္းမလိုေတာ့ဘူး။ ရွင္ ေရာဂါေပ်ာက္ခ်င္တာ ေသခ်ာလား?"
ကုန္းဝူေမ့က ထထိုင္သည္။ သည္တစ္ႀကိမ္တြင္ေတာ့ သူမကိုၾကၫ့္ေနသၫ့္သူ႔အၾကၫ့္တို႔္က ေလးနက္ေနေပ၏။
"တကယ္ပဲ ကုလို႔ရတယ္ေပါ့? မင္းဆရာေတာင္ မကုႏိုင္တာကို မင္းက ဘယ္လိုလုပ္ကုႏိုင္မွာလဲ?"
"ကြၽန္မဆရာက ရွင့္ကို မကုေပးခ်င္တာ အသိသာႀကီးပဲဟာ။ ဆရာက သိုင္းေလာကမွာ ဂုဏ္သတင္းႀကီးမားၿပီး ေျဖာင့္မတ္တဲ့သူပဲ။ သူက ရွင့္လိုမ်ိဳး မ်က္ေတာင္တစ္ခ်က္မခတ္ဘဲလူသတ္ႏိုင္တဲ့သူနဲ႔ မဆက္ဆံခ်င္တာ အေသအခ်ာပဲ။"
နဉ္ရႈေျပာသၫ့္အတိုင္း နတ္ေဆးသမားေတာ္မွာ အမွန္ပင္ တရားမ်ွတမႈ၏ျပယုဂ္ျဖစ္ေပ၏။
ကုန္းဝူေမ့က ဟက္ဟက္ပက္ပက္ရယ္သည္။
"အဲ့ေရခဲတံုးက အဲ့လိုျဖစ္စရာအေၾကာင္းကိုမရိွတာ။ ဂုဏ္သတင္းႀကီးမားတယ္? ေျဖာင့္မတ္မွန္ကန္တယ္? ခြီး။ မိန္းမလွေလး၊ မင္း ကိုယ္ရယ္ေအာင္ တမင္မ်ားလုပ္ေနတာလား?"
"ဟား၊ ေလာေလာဆယ္ေတာ့ ကိုယ္ မင္းကိုယံုလိုက္ပါ့မယ္။ တစ္ခုခုျဖစ္လို႔ကေတာ့ ကိုယ္ မင္းကို ခ်က္ခ်င္းအဓမၼက်င့္ၿပီး သတ္ပစ္မယ္။ ၿပီးရင္ေတာ့ ကိုယ္ မင္းကို အေရစုတ္ၿပီး မပ်က္စီးေအာင္ဂရုတစိုက္ထိန္းသိမ္းထားေပးပါ့မယ္။"
ကုန္းဝူေမ့က ဒါေတြအားလံုးကို သူ႔ရဲ့ဆြဲေဆာင္မႈရိွတဲ့အသံနဲ႔ ေပါ့ပါးစြာေျပာလာျခင္းျဖစ္၏။ သူ႔ရဲ့ လွပတဲ့ရုပ္ရည္ေတြေပါင္းထၫ့္လိုက္တဲ့အခါမွာေတာ့ သူက တကယ္ပင္ ပန္းစားတဲ့အမ်ိဳးသားေခ်ာေခ်ာနဲ႔တူေလသည္။
နဉ္ရႈက အၿပံဳးေလးျဖင့္ဆိုသည္။
"ရွင္ ကြၽန္မၫႊန္ၾကားတာေတြကိုလိုက္နာသေရြ့ အေျခအေနေကာင္းလာမွာပါ။ ေကာင္းမလာရင္ ကြၽန္မ ကိုယ့္ကိုကိုယ္သတ္ေသပစ္လိုက္မယ္၊ ရွင္ ဒုကၡခံစရာမလိုပါဘူး။"
"မိန္းမလွေလး၊ ကိုယ္က ဘယ္လိုလုပ္ မင္းကိုေသခိုင္းႏိုင္မွာလဲ?".
ကုန္းဝူေမ့က သူမမ်က္ႏွာကိုပြတ္သပ္ဖို႔ လက္ဆန႔္လိုက္ေသာ္လည္း နဉ္ရႈက ေျခတစ္လွမ္းျပန္ဆုတ္ကာ ေရွာင္လိုက္သည္။
"ရွင္ကျဖင့္ ရွင့္ပစၥည္းကိုထိၿပီး လက္ေတာင္မေဆးရေသးဘူး။ သမားေတာ္တစ္ေယာက္အေနနဲ႔ သန႔္ရွင္းမႈကိုပိုဂရုစိုက္ဖို႔ ကြၽန္မ ရွင့္ကို အႀကံေပးလိုက္ပါရဲ့။"
ကုန္းဝူေမ့ : ...
...
Advertisement
- In Serial143 Chapters
Pieces of Sonder
Freya Evenkey is the shaman of Safka. Her mundane life includes helping townsfolk and exorcising demons. Until one day she almost loses her life during a routine house call. After picking up a mysterious item she discovers there is more to her world than she ever thought before! Some call it a game, or is it a curse? Author's Note: This is a litrpg story that focuses more on adventure than stats. No harem, no romance. *On Hiatus until March 18th 2022 Release Schedule: every Monday and Friday at 9 pm ET Special thanks to aphin123 for the awesome book cover! ©2020 MintyMintyMilkTea. All rights reserved. This story is also being published on Webnovel and Scribblehub.
8 212 - In Serial50 Chapters
A Lonely Tree
Have you ever wondered how wonders are made? Thought about the stories behind a flying mountain, a desolate castle, or an underwater labyrinth; all filled to the brim with monsters, traps and treasure? This is the story of a lonely tree using everything at its disposal to live long enough to become one of the greats. [participant in the Royal Road Writathon challenge]
8 282 - In Serial33 Chapters
The Death Simulation
Please note that there is no sexual content in normal chapters except for chapter 7 which has moaning only. Chapters with nsfw will have [NSFW] listed in front of them A boy and two of his friends find themselves selected to be punished in the place of his last generations for the disturbance the rebellion of two cities has caused. The punishment was that 20,000 children aged 10 - 16 years of age had to enter a simulation type MMORPG where they would have to kill 10 bosses to exit. If you die in the simulation, you die in real life. 300 days, to clear the simulation. 10 bosses. He enters the simulation and forms the strongest guild, will he be able to clear the simulation?
8 151 - In Serial6 Chapters
The PictoStory Short Stories
A bunch of short stories from the daily Scribble PictoStory contests. I'll try to provide the picture when I can. Enjoy! Scribble Group
8 128 - In Serial7 Chapters
The Collector
Thousands of years ego mankind used to be protected by The Guardians. Then they decided it would be fun to make some monsters, and most people liked it, cause the gods protected them, and they liked this new kind of entertainment. And then The Guardians decided it would be fun to start killing each other. Or so the legends say. The legends and The Eternal King, how claims to be a Guardian himself. Some people even believe that. Immortality. Godly powers. Knowledge beyond any sage. It would be good if he really was a Guardian, cause it was too much power for a man. Even if he did a lot of good for the people, and his whims were not as horrifying, as those of his predecessors, it was still not so easy to stay calm when he was getting his moods. Some people challenged him. Some tried to assassinate him. Despite their greed, their noble intentions, or whatever other reasons they had, The King was as immortal as ever. He survived fire and lighting. Blades and poisons. And then the gods decided to have some fun, and poke a stick into what was left of The Guardians.
8 115 - In Serial29 Chapters
The motion of a dream
Poem collection of 3 am thoughts on a rainy night.
8 164

