《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 119
Advertisement
Unicode
ရှင့်ကိုယ်ကနံတယ်
_________________
ကုန်းဝူမေ့ရဲ့မျက်နှာအမူအရာက အနည်းငယ်မှုန်မှိုင်းလျက်ရှိတာကိုတွေ့လိုက်ရသည်မို့ နဉ်ရှု သူ့ကိုရန်စနေတာကိုရပ်လိုက်သည်။ ခဏမျှငြိမ်သက်သွားပြီးနောက် ကုန်းဝူမေ့ကဆို၏။
"ဒါကြောင့်မို့ပဲ မင်းက အရမ်းလည်းလှပြီးသန့်စင်တဲ့ယင်ခန္ဓာကိုယ်ပါရှိတဲ့အချက်က ကိုယ့်အတွက်တော့ တကယ်ကိုကျေနပ်အံ့သြဖို့ကောင်းနေတာပေါ့။"
နဉ်ရှုက ထီမထင်ဟန်ဖြင့်ရယ်ကာ မျက်လုံးမှိတ်လိုက်ပြီး သူ့ကိုလျစ်လျူရှုလိုက်လေတော့၏။ ဒီတစ်ခါတော့ တစ်ယောက်ယောက်ကိုတွန်းချဖို့က အဲ့လောက်လွယ်ကူမနေဘူးဆိုတာ သူသိရလိမ့်မယ်။ အခု ဒီသခင်မကြီးမှာ သူ့ကို အထက်ကောင်းကင်ဘုံပို့ဖို့အထိလုံလောက်တဲ့အဆိပ်တွေရှိနေပြီ!
နတ်ဆိုးဂိုဏ်းက ခုခံကာကွယ်ဖို့လွယ်ကူတဲ့ ချောက်ကမ်းပါးတစ်ခုထက်မှာရှိသည်။ သူတို့က တောင်တစ်ဝက်ကို လမ်းတွေဖောက်ထားပြီး ဂူတွေထဲမှာနေထိုင်ကြသည်။ သူတို့က ကြွက်တွေလို ဂူထဲမှာနေနေကြပေမယ့် ကုန်းဝူမေ့ကတော့ သူနေတဲ့နေရာကို အဆုံးမဲ့နန်းတော်ဟုခေါ်ရဲသေး၏။ ဒါက တကယ်ကိုအရှက်မဲ့လွန်းတာပဲ။
နဉ်ရှုက ရထားလုံးထဲမှဆင်းကာ တောင်ကိုမော့ကြည့်လိုက်ပြီးနောက် စိတ်ပျက်မှုတို့ဖြင့်စုတ်သပ်၏။ ကုန်းဝူမေ့က သတိထားမိကာမေးသည်။
"ဒါဘယ်လိုအမူအရာမျိုးလဲ? မင်းက ကိုယ့်ရဲ့အဆုံးမဲ့နန်းတော်ကို အထင်သေးနေတာလား?"
"ဒီတော့ ရှင်ကလည်း လူတွေက ရှင့်ရဲ့နတ်ဆိုးဂိုဏ်းကို မကြိုက်မှန်းသိလို့ ဒီနေရာမှာပုန်းနေခဲ့တာပေါ့။"
နဉ်ရှုက စိတ်ပျက်ဟန်ဖြင့် နှုတ်ခမ်းတို့ကိုကွေး၏။
"သမာသမတ်ဂိုဏ်းတွေက ဒီလောက်များတဲ့မိန်းမတွေကို ပြန်ပေးဆွဲလို့ဆိုပြီး ရှင့်ကိုတိုက်ခိုက်မှာ မစိုးရိမ်ဘူးလား?"
ကုန်းဝူမေ့က အေးစက်စွာရယ်သည်။
"ဘာအရေးလဲ? ဘယ်သူကများ ကိုယ့်ဂိုဏ်းကို တိုက်ခိုက်ဖို့ကြိုးစားရဲလဲဆိုတာ ကိုယ်တကယ်သိချင်မိရဲ့။"
သူမတို့တွေက ကြိုးတံတားတစ်ခုဆီရောက်တဲ့အထိ လမ်းလျှောက်လာကြသည်။ ကုန်းဝူမေ့ကပြောသည်။
"ဒီတံတားကိုကျော်ပြီးရင် ကိုယ့်နန်းတော်ကိုရောက်ပြီ။"
နဉ်ရှုမှာ ကြိုးတံတားကိုစူးစိုက်ကြည့်နေမိပြီး ခက်ခက်ခဲခဲတံတွေးမြိုချလိုက်ရသည်။ ဒီတံတားက ဘယ်လိုကြီးလဲ? ဒါက ကလေးလက်မောင်းလောက်ပဲတုတ်တဲ့ သံကြိုးကြီးပဲ။ သာမန်လူတွေကတော့ အဲ့ပေါ်မှာ ဘယ်လိုနည်းနဲ့မှလျှောက်နိုင်မှာမဟုတ်ဘူး။
ထို့အတွက် သူမကမေးသည်။
"ကျွန်မ ဘယ်လိုသွားရမလဲ? ဒီပေါ်မှာ လမ်းလျှောက်ရမယ်လို့တော့ လာမပြောနဲ့။ ရှင် လျှောက်လုပ်နေဦးမယ်ဆိုရင် ကျွန်မ ပြန်သွားတော့မယ်။"
ကုန်းဝူမေ့က လက်ဆန့်ထုတ်ကာ နဉ်ရှုရဲ့ခါးကိုဖက်လိုက်ပြီးနောက် သူမကို သူ့လက်မောင်းတွေအောက်သိမ်းပွေ့လျက် သံကြိုးပေါ်တက်လိုက်လေ၏။
သံကြိုးလှုပ်ခတ်သွားတာကို နဉ်ရှုတွေ့လိုက်ရသည်။ ပြီးနောက် သူမအောက်က အဆုံးမရှိမြူတွေဆိုင်းနေတဲ့ချောက်နက်ကြီးက သူမမြင်ကွင်းထဲဝင်ရောက်လာသည်မို့ နဉ်ရှု အော်လိုက်မိတော့သည်။
"ဘုရားရေ..."
ကုန်းဝူမေ့က သူ့အတွင်းအားကိုလှည့်ပတ်ကာ တစ်ဖက်ကိုကူးဖို့ သံကြိုးပေါ်တက်လိုက်သည်။ ထို့နောက် သူက နဉ်ရှုကို သူ့လက်မောင်းတွေကြားဆွဲခေါ်ကာ ညှို့ငင်စွာဆို၏။
"ကြောက်စရာမလိုပါဘူး မိန်းမလှလေးရဲ့။ ကိုယ်က ဘယ်လိုလုပ်ပြီး မင်းကိုတစ်ခုခုဖြစ်ခွင့်ပေးနိုင်မှာလဲ?"
နဉ်ရှုက သူ့ကိုကြည့်ကာပြောသည်။
"လွှတ်စမ်းပါ။ ရှင် ကျွန်မကို ဒီလောက်ကြီးတင်းတင်းကြပ်ကြပ်ဆက်ဖက်ထားရင် ရှင့်သွေးကြောတွေပေါက်ထွက်ကုန်တော့မယ်။"
ကုန်းဝူမေ့က မျက်ခုံးပင့်ကာ မကောင်းဆိုးရွားဆန်စွာဆိုသည်။
"မိန်းမလှလေးတစ်ယောက်ရဲ့အထက်မှာနေပြီး သေရတာဆို တန်ပါတယ်လေ။"
"ရှင် တကယ်ကြီး တန်တယ်လို့ထင်တယ်ပေါ့?"
နဉ်ရှုက သူ့ကို အမူအရာကင်းမဲ့စွာကြည့်၏။ ကုန်းဝူမေ့က ဖြည်းညင်းစွာဖြင့် အနားကိုပိုတိုးကပ်လာသည်။
"ဒါပေါ့။ မင်းအထက်မှာနေရတဲ့သာယာမှုနဲ့ဆို ကိုယ် တကယ်ကိုသေဖို့ဆန္ဒရှိပါတယ်လေ။"
"ကျွန်မ ရှင့်ကို ဘယ်နှခါတောင်ပြောခဲ့ပြီးပြီလဲ? ရှင့်ကိုယ်ကနံတယ်။ ဘာလို့ စကားပြောဖို့ ဒီလောက်နီးနီးကို အမြဲကပ်လာရတာလဲ? ရွံစရာကောင်းတယ်၊ ရှင် သိရဲ့လား? ရှင် ခဏခဏဝမ်းချုပ်တတ်တာလား? ရှင့်အနံ့က အရမ်းနံတာပဲ။ ချီစွမ်းအင်တွေ မတည်မငြိမ်ဖြစ်တာက ရှင့်ရဲ့တစ်ခုတည်းသောပြသနာမဟုတ်ဘဲ ရှင့်အစာခြေစနစ်မှာပါ ပြသနာရှိနေပုံပဲ။ ရှင့်ကိုယ်က နံတယ်ဆိုတာ အရင်က ဘယ်သူမှမပြောဖူးလို့လား?"
နဉ်ရှုက ရွံရှာသည့်အမူအရာဖြင့် နောက်ကိုခြေတစ်လှမ်းဆုတ်သည်။
ကုန်းဝူမေ့ရဲ့မျက်နှာက ခဏမျှရှုံ့မဲ့သွားသော်လည်း မကြာမီမှာပင် သူက ထပ်ပြုံးလိုက်လေ၏။ သူက လက်ဆန့်ထုတ်ကာဖြင့် နဉ်ရှုရဲ့ဆံချည်မျှင်လေးတွေကို သူ့လက်ညှိုးတစ်ဝိုက်မှာ အသာအယာရစ်လှည့်လိုက်ပြီး နူးညံ့စွာဆို၏။
"မင်းက ကိုယ့်ကို ဒီလိုပုံစံမျိုးနဲ့ပြောတဲ့ ပထမဆုံးမိန်းမပဲ။ ကိုယ် အရင်ကပြန်ပေးဆွဲလာတဲ့မိန်းမတွေအားလုံးက သနားညှာတာပေးဖို့ ငိုယိုတောင်းပန်ရင်တောင်းပန်၊ မဟုတ်ရင်လည်း ကိုယ့်ရုပ်ရည်ကိုစွဲလန်းသွားပြီး ကိုယ့်ကိုနာခံဖို့ဆန္ဒရှိကြတယ်။ ဒါပေမယ့် မင်းကတော့ ကိုယ့်ကို တကယ်ပဲလှောင်ပြောင်ရဲတယ်။ ကိုယ် မင်းကိုသတ်မှာမကြောက်ဘူးလား?"
နဉ်ရှုကခေါင်းခါသည်။
"ကျွန်မက သမားတော်တစ်ယောက်ပဲ၊ ကျွန်မပြောတာတွေအားလုံးက အမှန်တရားတွေ။ ကျွန်မ ရှင့်ကိုပြောလိုက်ပါဦးမယ်၊ လောလောဆယ် ရှင့်ကျန်းမာရေးက ကျွန်မရဲ့တာဝန်ပဲ။ အရင်က ရှင့်ကိုယ်ကအနံ့ဆိုးတွေထွက်နေတယ်ဆိုတာကို မသိတဲ့အကြောင်းက လူတိုင်းက ရှင့်ကိုပြောပြဖို့ ကြောက်လွန်းနေလို့ဖြစ်နိုင်တယ်။ အဆုံးသတ်ကျတော့လည်း ရှင်က ရှင်စိတ်ရှုပ်လာတဲ့အခါတိုင်း လူသတ်တတ်တဲ့ အကြင်နာတရားမရှိတဲ့နတ်ဆိုးဂိုဏ်းချုပ်ပဲလေ။"
"ကိုယ် မင်းကိုမသတ်နိုင်ဘူးဆိုတာကိုသိနေလို့ ရိုင်းစိုင်းနေတာလား?"
ကုန်းဝူမေ့က သူကစားနေသည့် ဆံခြည်မျှင်ကို ရုတ်ချည်းဆွဲနှုတ်လိုက်သည်။ နဉ်ရှုမှာ နာကျင်မှုကြောင့်အော်မိရ၏။
"ယီး၊ နာတယ်ဟဲ့!"
"ရှင် ကျွန်မကိုသတ်လို့မရဘူးဆိုတာ ကျွန်မ သေချာပေါက်သိတာပေါ့။ ရှင် ရှင့်အတွင်းဒဏ်ရာတွေကို ဆက်ပြီးထိန်းချုပ်မထားနိုင်တော့လို့ပဲ ကျွန်မဆရာကိုလာရှာတာလေ။"
နဉ်ရှုက နာကျင်မှုသက်သာသွားစေရန်အလို့ငှာ သူမခေါင်းကိုပွတ်နေ၏။
...
Zawgyi
ရှင့်ကိုယ်ကနံတယ်
_________________
Advertisement
ထို့အတွက် သူမကမေးသည်။
"ဘုရားရေ..."
နဉ်ရှုကခေါင်းခါသည်။
"ယီး၊ နာတယ်ဟဲ့!"
...
Advertisement
- In Serial383 Chapters
The New World
An AI calling itself Schema has assimilated earth into its system. As a consequence, everyone gained access to status screens, power-ups, and skills. This AI turned these concepts from fiction to fact. It's easy to become intoxicated with leveling up and becoming stronger. To some, it's too good to be true like living out a dream. For Daniel, however, it's closer to a nightmare. He's in a bit of a predicament. Cracks in our dimensional fabric have unleashed terrifying beasts from dark, abyssal places. Schema organizes these cracks into dungeons, giving the native species of the planet a chance to fight back. Daniel finds himself trapped in one of these dungeons. Not long after, he discovers there's only one way out. Kill or be killed. (Note: I am currently editing the story and I'm uploading those edits. It will take time to do this, so if you find a huge shift in the story's formatting, that's why. I'm steadily hammering away at it, but it's going to take time. Thanks for your understanding, if you're offering it.) This is a lit-RPG inspired by the Fallout series of games and the Legend of Randidly Ghosthound. Schedule: 2-3 releases a week of around 3,000 words. I have other fictions! *They're of questionable quality* Here's Monsters Dwell in Men If you want to support me and maybe see other content, check out my patreon: Patreon Here's my Youtube Channel as well, Monsoon117
8 224 - In Serial26 Chapters
Tales of Regventus Book Two: Keene
Max has claimed the title of king. As Ansel and Griffa work to prepare Max for the future, the powers in Aurumist continue on with their dangerous plans. Ansel struggles with his feelings for Griffa while trying to keep both Max and her safe. As Griffa goes through her own troubles, she has to decide if she will become who she was meant to be. The war for the kingdom hasn't begun, but the danger is growing. Book 2 of Tales of Regventus Series. See Book One: Adalwen first
8 188 - In Serial15 Chapters
The Dragonborn Comes: A Self Insert
A 17 year-old wastrel falls asleep after a gaming session and wakes up as an orphan, finding himself in a world that he believed to be fiction. He'll face his fears, embrace his shortcomings, and maybe come out of the other side as something more. A moral procrastinator's journey to find his place in a world filled with magic and fraught with danger.Slow-paced story with an SI OC. Enjoy!--------------------------------------------------------------------------UPDATE SCHEDULE:One chapter of 3-5k words per week.--------------------------------------------------------------------------DISCLAIMER:Barring my own OCs (Original Characters), I do not own any of the characters in this story nor do I own the rights to the ‘Harry Potter’ and ‘The Elder Scrolls’ series. I am but a lowly fan, expressing his love for the stories that he grew up with.
8 155 - In Serial20 Chapters
LA YOUTUBER IMAGINES
IMAGINES ABOUT:Sam Golbach Colby Brock Jake Webber Corbin Reinhardt Jc Caylen Crawford Collins Kian Lawley Kevin Langue Christian SeaveySTARTED : 3 Feb. 2021DISCONTINUED
8 178 - In Serial13 Chapters
protected || book 2 of 'she's a dixon'
turns out you're never protected BOOK 2 OF SHE'S A DIXON SERIESseason 2 of the walking dead{completed}{carl grimes fanfiction}{daryl dixon fanfiction}{daryl dixon's daughter}{the walking dead fanfiction}{all credit goes to amc. i just own reagan}
8 197 - In Serial6 Chapters
Paw Patrol and Pup Star
Paw patrol and pupstar collide
8 150